Ep_13

Background color
Font
Font size
Line height

Zawgyi

" ငါ့အမ်ိဳးသမီးနဲ႔ကြာရွင္းလိုက္ၿပီ ေရွာင္းက်န္႔ "

ဟန္ဖုန္ယြီစကားေၾကာင့္ေရွာင္းက်န္႔မွာေကာ္ဖီခြက္ေလးကိုင္ထားရင္း ​အံ့ဩသြားရသည္။ဘယ္လိုျဖစ္တာပါလဲ?ဟန္ဖုန္ယြီကသူ႔အမ်ိဳးသမီးကိုအရမ္းခ်စ္တာေလ။သူ႔အမ်ိဳးသမီးတစ္ခြန္းဆိုတစ္ခြန္းေလ၊ဟန္ဖုန္ယြီလိုလူမ်ိဳးက?အခုက်မွ ဘယ္လိုျပႆနာျဖစ္လို႔ ကြာရွင္းလိုက္တာမ်ားလဲ?ေရွာင္းက်န္႔ကေမးမို႔ရိွေသး ေရွာင္းက်န္႔ကိုဖက္ကာ ငိုလာတဲ့ဟန္ဖုန္ယြီေၾကာင့္ ေရွာင္းက်န္႔ စိတ္မေကာင္း။

" မင္းခ်စ္တယ္မလား ခ်စ္ရင္လက္လႊတ္မခံနဲ႔ေလ ဟန္ဖုန္ယြီ "

လံုးဝမခ်စ္ဘူး။ပါးရဲ့စီးပြားေရးအေျခအေနေၾကာင့္သာမခ်စ္တဲ့အမ်ိဳးသမီးကိုလက္ထပ္ၿပီးအတူေပါင္းသင္းေနထိုင္လာရတာ။အခုသူအရမ္းလႊတ္ခ်ခ်င္လာလို႔လႊတ္ခ်လိုက္မိတာ။တကယ္တမ္းက် သူခ်စ္တာ အျခားတစ္ေယာက္ကိုပဲ။

" ငါမခ်စ္ဘူး ေရွာင္း။စီးပြားေရးေၾကာင့္လက္ထပ္လိုက္တာ။ငါ ငါတကယ္တမ္းခ်စ္တာအျခားတစ္ေယာက္ကိုခ်စ္တာ "

ဟင္အျခားတစ္ေယာက္တဲ့လား။

ဘယ္သူလဲလို႔ေမးခြန္းထုတ္ခါနီးစားပြဲေပၚေခါင္းေမွာက္ၿပီးအိပ္ေပ်ာ္သြားတဲ့ဟန္ဖုန္ယြီေၾကာင့္ ေရွာင္းက်န္႔ သက္ျပင္းခ်ကာ ဟန္ဖုန္ယြီေနဖို႔အတြက္ အခန္းပိုသက္သက္ကို ႀကိဳၿပီးေတာ့သန္႔ရွင္းထားရတယ္။အထက္တန္းေက်ာင္းစတက္တည္းက ဟန္ဖုန္ယြီကပဲအၿမဲကူညီလာေပးတာအခုခ်ိန္ထိပဲ။အခုဟန္ဖုယြီက ႏွစ္ရက္သံုးရက္ေလာက္အိမ္မွာေနရပါေစဟု လာေျပာေတာ့ ေရွာင္းက်န္႔က လက္ခံလိုက္တယ္။ဒီတစ္ခါသူကျပန္ၿပီးေတာ့ဟန္ဖုန္ယြီကိုကူညီေပးရမယ္ေလ ဟုတ္တယ္မလား။

~~~~~~~~~

Flashback

တကယ္ေတာ့ဟန္ဖုန္ယြီဆိုတာက တခ်ိန္ကေရွာင္းက်န္႔ရဲ့အခ်စ္ဉီးျဖစ္ခဲ့သည္ဆိုတာမမွားေပ။အထက္တန္းေက်ာင္းကို စေျပာင္းလာတည္းကေရွာင္းက်န္႔အၿမဲအႏိုင္က်င့္ခံရတယ္၊ေက်ာင္းကသူေတြတိုင္းကိုယ္နဲ႔မေပါင္းခ်င္။အၿမဲတမ္းတစ္ေယာက္တည္းခ်န္ထားၾကတယ္။

သို႔ေသာ္လည္း ေရွာင္းက်န္႔တို႔ကဂရုမစိုက္။သူတို႔မေပါင္းခ်င္လည္း ေနေပါ့။အဓိကစာကိုအာရံုစိုက္ထားၿပီး အမွတ္ေကာင္းေကာင္းနဲ႔တကၠသိုလ္တက္ႏိုင္ဖို႔ပဲရည္မွန္းထားတာ။ဒါ ဒါေပမယ့္တစ္ခါတစ္ေလက်လည္း သူငယ္ခ်င္းလိုခ်င္မိတယ္။သူမ်ားေတြေပ်ာ္တာေနရင္ သူလည္း အဲ့လိုလိုက္ေပ်ာ္ခ်င္တယ္။စားပြဲခံုကစာအုပ္ေလးကိုၿမဲေနေအာင္ဆုပ္ကိုင္ထားရင္း ေငးၾကည့္ေနတဲ့အခ်ိန္မွာ ေရွာင္းက်န္႔ကိုပဲႏို႔ဘူးေလးေပးလာေသာသူအား ေမာ့ၾကည့္လိုက္ေတာ့ အတန္းထဲမွာအၿမဲအိပ္ေနတဲ့တစ္ေယာက္ျဖစ္ေနသည္။

ပ ပထမဆံုးအႀကိမ္ေက်ာင္းကသူတစ္ေယာက္က ပဲႏို႔ဘူးလာေပးေတာ့အရမ္းေပ်ာ္သြားရတယ္။မ်က္မွန္ဝိုင္းေလးကိုပင့္ရင္း စကားစခါနီး ထိုသူကအရင္ဉီးဆံုးျမန္ျမန္စေျပာလာတယ္။

" ငါနာမည္ကဟန္ဖုန္ယြီ သူငယ္ခ်င္းလုပ္ၾကရေအာင္။ "

သူလိုအရႈံးသမားကိုသူငယ္ခ်င္းလုပ္ဖို႔ပထမဆံုးေျပာလာတဲ့ဟန္ဖုန္ယြီေၾကာင့္ စိတ္လႈပ္ရွားလာတယ္။ဟန္ဖုန္ယြီကေက်ာင္းမွာအရမ္းခ်မ္းသာၿပီးနာမည္အရမ္းႀကီးတာ၊အၿမဲတမ္းတစ္ေယာက္တည္းေနတက္တဲ့အေခ်ကိုယ္ေတာ္ႀကီးက သူငယ္ခ်င္းလုပ္ဖို႔ စကားစေျပာေတာ့ တကယ္ေၾကာင္အသြားရတယ္။

" ဟင္ ငါ ငါကအရႈံးသမားေလ "

" အရႈံးသမားလည္းဘာျဖစ္လဲ? ငါမင္းနဲ႔သူငယ္ခ်င္းျဖစ္ခ်င္တယ္ ဟုတ္ၿပီလား က်န္တာေတြဘာမွဂရုမစိုက္ဘူး မင္း ငါနဲ႔ သူငယ္ခ်င္းလုပ္ခ်င္ရင္ ငါ့လက္ကိုျပန္တြဲလိုက္ "

တကယ္ပဲသူလိုအရႈံးသမားနဲ႔သူငယ္ခ်င္းလုပ္ခ်င္တာတဲ့လား။ဘာလို႔လဲ အေၾကာင္းျပခ်က္က။အေျဖရွာရက္ခက္တဲ့ေမးခြန္းေတြကို စိတ္ထဲကေနအႀကိမ္အႀကိမ္ေမးခြန္းထုတ္ေနရင္း ဟန္ဖုန္ယြီကမ္းလွမ္းလာတဲ့လက္ကို ျပန္လည္၍ဆုပ္ကိုင္လိုက္မိသား။

~~~~~~~~

တံခါးကိုတဘုန္းဘုန္းထုေနတဲ့သူေၾကာင့္ ေရွာင္း
က်န္႔ရဲ့ေက်ာင္းသားဘဝကအေတြးေတြကေပ်ာက္သြားကာ လက္ရိွကိုျပန္ေရာက္သြားတယ္။အသိစိတ္ျပန္ကပ္ကာ တံခါးသြားဖြင့္ေပးလိုက္မိေတာ့ ဝမ္ရိေပၚႀကီးျဖစ္ေနတယ္။

ဝမ္ရိေပၚသာ ~~~~ သူ႔အိမ္ထဲမွာအိပ္ေနတဲ့ဟန္ဖုန္ယြီကိုျမင္သြားရင္ျပႆနာရွာအံုးမွာကိုသိလို႔ ေရွာင္း
က်န္႔က အိမ္ထဲကေနထြက္ကာ ဝမ္ရိေပၚလက္ကိုအတင္းဆြဲကာအျပင္ဘက္ေခၚသြားလိုက္တယ္။အိမ္ထဲကိုအဝင္မခံပဲလူကိုအတင္းလက္ဆြဲၿပီးအျပင္ဘက္ေခၚထုတ္တဲ့ေရွာင္းက်န္႔ေၾကာင့္ ရိေပၚစိတ္ထဲမသကၤာ။

အိမ္ထဲမွာတစ္ေယာက္ေယာက္မ်ားဖြက္ထားလို႔လား?မဟုတ္မွလြဲ ဟို ဟိုေကာင္ဟန္ဖုန္ယြီပဲလား။

" ေရွာင္းက်န္႔ ခင္ဗ်ား ကြၽန္ေတာ္အေပၚသစၥေဖာက္တာလား ဟမ္ မရဘူးေနာ္ အဲ့ေကာင္နဲ႔အခုျဖတ္ ျဖတ္ !! ကြၽန္ေတာ္ႏွစ္ခါမေျပာခ်င္ဘူးေနာ္ မဟုတ္ရင္အဲ့ေကာင္ကိုဒီတိုင္းမထားဘူးေနာ္ ! "

ေျပာခ်င္ရာေတြပဲတစ္ေယာက္တည္းပဲေျပာေနတဲ့ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န္႔ကေျခဖ်ားေထာက္ကာ ရိေပၚရဲ့ပါးေဖာင္းေဖာင္းႏွစ္ဖက္ကို လက္ႏွစ္ဖက္ျဖင့္အသာေလးဖ်စ္ညစ္ကာကိုင္ထားရင္း ေျပာလိုက္သည္။

" ceo ဝမ္ ဘာေတြေျပာေနတာလဲအသိစိတ္ကပ္ပါအံုး! "

ေရွာင္းက်န္႔ရဲ့လက္ႏွစ္ဖက္ကိုရိေပၚကပုတ္ထုတ္လိုက္ကာ နက္ခ္တိုင္ကိုေျဖေလ်ွာ့ရင္း ျပန္ေျပာလိုက္တယ္။

" အသိစိတ္ကပ္ရမယ္ဟုတ္လား? ခင္ဗ်ားကခင္ဗ်ားေကာင္ကိုအိမ္ထဲမွာဖြတ္ထားတာကို ကြၽန္ေတာ္သိမွာဆိုးလို႔ အခုလိုအျပင္ကိုေခၚထုတ္တာ ကြၽန္ေတာ္သိတယ္ အဟက္ ! "

အမွန္တိုင္းေျပာမွရေတာ့မယ္။မဟုတ္ရင္ဝမ္ရိေပၚကမၿပီးႏိုင္ေတာ့ဘူး။လူကိုလာလာၿပီးျပႆနာရွာေနတာ။ဝမ္ရိေပၚကအၿမဲအိမ္မွာျပႆနာရွာတဲ့အခါက်ရင္ ေဘးအခန္းကလူေတြကအၿမဲျမဲလာ​တိုင္ေျပာၾကတာမနည္းေတာ့ဘူး။သူလည္းအေျပာမခံခ်င္ေတာ့လို႔ ဝမ္ရိေပၚကိုအျပင္ေခၚထုတ္သြားတာေလ။အဲ့တာကို ဝမ္ရိေပၚက သူ​ထင္ခ်င္ရာေတြေလ်ွာက္ထင္ၿပီးေလ်ွာက္ေျပာေနေတာ့ ေျဖရွင္းမွရေတာ့မယ္။

" ဟုတ္တယ္ ဟန္ဖုန္ယြီကသူ႔အမ်ိဳးသမီးနဲ႔ကြာရွင္းထားလို႔ ခဏငါ့အိမ္မွာလာေနတာ "

" အဲ့ေကာင္ကခင္ဗ်ားဆီခ်ဉ္းကပ္ေနတာေလ က်ဳပ္ေျပာသားပဲ အဲ့ေကာင္ကခင္ဗ်ားကိုသူငယ္ခ်င္းလိုသေဘာထားတာမဟုတ္ဘူး?ခင္ဗ်ား လိုက္ခဲ့ ဒီမွာမေနနဲ႔ သူ႔ကိုအဲ့မွာတစ္ေယာက္တည္းထား "

" ဝမ္ရိေပၚ ငါမလိုက္ႏိုင္ဘူး အတင္းက်ပ္လာမေခၚနဲ႔ ငါကမင္းခိုင္းသလိုလုပ္ရေအာင္မင္းရဲ့အရုပ္မဟုတ္ အြန္႔ "

ပါးကိုဖ်စ္ညစ္ကာႏႈတ္ခမ္းကိုအတင္းနမ္းရိႈက္လာတဲ့ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န္႔မွာ ရိေပၚလက္ထဲကေနရုန္းေနဆဲ။ခြန္းအားခ်င္းမမ်ွေတာ့ သူရုန္းလည္းအပိုပဲ။အသက္ရႈပ္က်ပ္ေလာက္ေအာင္အထိနမ္းလာေတာ့ ေရွာင္းက်န္႔က ရိေပၚရဲ့ရင္ဘတ္ကို လက္ျဖင့္တဘုန္းဘုန္းရိုက္ထုမိသား!! ဝမ္ရိေပၚကမလႊတ္ေပးတဲ့အျပင္ ခါးကိုပါဖက္လာေတာ့ ေရွာင္းက်န္႔ဆက္ကာပိုရုန္းေနမိ။

" ခင္ဗ်ားကို က်ဳပ္ဝယ္မယ္ အဲ့ေကာင္ဆီမသြားနဲ႔ ခင္ဗ်ားဘယ္ေလာက္တန္လဲဆိုတာ က်ဳပ္ကိုေျပာ က်ဳပ္ ဝယ္မယ္ "

ေျဖာင္းခနဲ ရိေပၚပါးကိုရိုက္လာတဲ့ေရွာင္းက်န္႔။ထို႔ေနာက္ ေရွာင္းက်န္႔ကမ်က္ရည္ေတြက်လ်ွက္ ​ျပန္ေျပာလာတယ္။

" မင္းလိုလူမ်ိဳးနဲ႔ေတြ့မိတဲ့အတြက္တကယ္ေနာင္တရတယ္ ဝမ္ရိေပၚ။ "

ဝမ္ရိေပၚ မင္းကတကယ္မေကာင္းတဲ့ေကာင္။အၿမဲတမ္းငါ့အေပၚခ်ဳပ္ခ်ယ္ၿပီးအၿမဲလူကိုဝမ္းနည္းေအာင္အႏိုင္က်င့္တယ္။သူ႔ကိုသိကၡာေတြက်ဆင္းတဲ့အထိေငြစကားေျပာတယ္။ဝမ္ရိေပၚေရ႔ွအၿမဲေရာက္ရင္ ကိုယ္ကိုယ့္ကိုယ္တန္ဖိုးမရိွေတာ့တဲ့လူတစ္ေယာက္လိုအၿမဲထင္ေနရတာ။

ရည္းစားဘဝေရာ၊အိမ္ေထာင္ဘဝမွာေရာ လူကိုအၿမဲငိုေအာင္ပဲခဏခဏလုပ္တာ။ဝမ္ရိေပၚနဲ႔စေတြ့ၿပီးတည္းကစိတ္ခ်မ္းသာမႈကိုမရိွခဲ့တဲ့အျပင္၊စိတ္နာေအာင္အၿမဲလုပ္တယ္။သူလိုခ်င္ခဲ့တာသာယာတဲ့မိသားစုဘဝေလးပဲ။ဒါေပမယ့္ ဝမ္ရိေပၚကေတာ့နာက်င္မႈေတြနဲ႔မ်က္ရည္က်ေအာင္အၿမဲေပးခဲ့တယ္။ကြာရွင္းၿပီးလို႔ပထမဆံုးအႀကိမ္ဝမ္ရိေပၚနဲ႔ေတြ့ခဲ့ေပမယ့္ ဝမ္ရိေပၚအေပၚစိတ္ျပတ္သားႏိုင္တဲ့ကိုယ္ကိုယ့္ကိုယ္ေတာ့ ေက်နပ္ကာအားရမိတယ္။

" ေရွာင္းက်န္႔ ေရွာင္းက်န္႔ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ! "

ေတာင္းပန္ေၾကာင္းေအာ္ေျပာေပမယ့္ေရွာင္းက်န္႔ကဂရုမစိုက္ပဲအိမ္ထဲျပန္ဝင္သြားေတာ့ ရိေပၚေတာက္ေခါက္ကာ စိတ္ပ်က္ပ်က္ျဖင့္ အိမ္ကိုပဲကားေမာင္းကာလွည့္ျပန္ခဲ့ရေတာ့တယ္။

~~~~~~~~

" အာ မီမီကေတာ္လိုက္တာ ! "

ထမင္းေတြကိုပလုတ္ပေလာင္းစားေနတဲ့ဝမ္ခ်င္းခ်င္းေလးေၾကာင့္ ဝမ္ခ်င့္ယိမွာေက်နပ္မိတယ္။ခါတိုင္းဆိုသမီးေလးကိုထမင္းေကြၽးရင္နည္းနည္းပဲစားတာ။ဒီေန့မွ သမီးကထမင္းေတြသူဘာသာအမ်ားႀကီးေကာက္စားေတာ့ လံုးဝအံ့ဩသြားရတယ္။ဝမ္ခ်င္းခ်င္းေလးကတကယ္က်သူ႔ဟာနဲ႔သူလိမၼာပါတယ္။အလိုက္လည္းသိေတာ့အိမ္ကလူတိုင္းရဲ့အသည္းေက်ာ္​ေလးျဖစ္ေနတာ။

" ဟာ ဉီးဉီးဝမ္ ျပန္လာၿပီ ဉီးဉီးဝမ္ ဒီေန့ မီးမီးကိုကစားကြင္းလိုက္~~ "

ဝမ္ေလးကေဒါသတစ္ႀကီးအိမ္ထဲဝင္လာေတာ့ သမီးျဖစ္သူဝမ္ခ်င္းခ်င္းေတာင္မွ စကားေျပာေနရာကေနဆက္ေတာင္မေျပာရဲေတာ့ေပ။အိမ္အေပၚကိုတက္သြားတဲ့ဝမ္ေလးကို ၾကည့္ၿပီး ဘာမ်ားျဖစ္တာလဲဆိုၿပီးစဉ္းစားမိတယ္။ေသခ်ာတယ္ ဝမ္ေလးတစ္ခုခုေၾကာင့္အရမ္းေဒါသထြက္လာတာ။အမတစ္ေယာက္ပီပီ ဝမ္ေလးျပႆနာကိုေျဖရွင္းရမွာပဲ။

" ခ်င္းခ်င္း "

" ရွင့္ မားမား "

" မားေလ ဉီးဉီးဝမ္ဆီခဏသြားလိုက္အံုးမယ္ ဟုတ္ၿပီလား ! ထမင္းကုန္ေအာင္စားထားေနာ္ "

ထိုသို႔ေျပာေတာ့ဝမ္ခ်င္းခ်င္းေလးကေခါင္းညိမ့္ျပတယ္။ဝမ္ေလးရိွရာဆီအေပၚတက္သြားလိုက္ကာ ဝမ္ေလးအခန္းတံခါးေပါက္ေရ႔ွရပ္ရင္း တံခါးေခါက္ၿပီးေျပာလိုက္တယ္။

" ဝမ္ေလး က်ဲဝင္ခဲ့လို႔ရမလား။ "

ဝမ္ေလးဘက္ကေျဖသံျပန္မၾကားလာေတာ့ တံခါး

ဖြင့္ကာအခန္းထဲဝင္ၾကည့္လိုက္ေတာ့ ဝမ္ေလးကေမြ့ယာေပၚထိုင္ကာ မ်က္ႏွာကိုလက္ျဖင့္အုပ္ထားေနသည္။ဝမ္ေလးေဘးဝင္ထိုင္ကာ စကားစေျပာလိုက္တယ္။

" ဝမ္ေလးဘာျဖစ္တာလဲဟင္ က်ဲကိုေျပာေပးလို႔ရမလား။ဝမ္ေလးကိုအခုလိုျမင္ရတာကေဟာဒီကက်ဲကစိတ္မခ်မ္းသာလို႔ "

ထိုသို႔ေျပာေတာ့ ဝမ္ေလးကမ်က္ႏွာကိုလက္ျဖင့္အုပ္ထားရာကေနဖယ္လိုက္ကာ သူမဘက္လွည့္ၾကည့္ကာစကားစေျပာလိုက္တယ္။

" မသိဘူးဗ်ာ က်ဲ ကြၽန္ေတာ္ရူးေတာ့မယ္ အဲ့ဒီလူေၾကာင့္ အဲ့ဒီလူကို ကြၽန္ေတာ္ခ်စ္တယ္ အဆံုးရႈံးမခံႏိုင္လို႔ ကြၽန္ေတာ္အနားေရာက္ေအာင္လုပ္ခဲ့တာ က်ဲ!! "

ဟင္ ရူးေတာ့မယ္ အဲ့ဒီလူေၾကာင့္တဲ့လား။ၿပီးေတာ့ ခ်စ္တယ္ဆိုေတာ့ ေသခ်ာေပါက္အဲ့ဒီလူကဝမ္ေလးခ်စ္ရတဲ့သူျဖစ္လိမ့္မယ္။တစ္ခါမွအခ်စ္ေရးေၾကာင္းလာမတိုင္ပင္တက္တဲ့ဝမ္ေလးကအခုမွထုတ္ေျပာလာေတာ့ ဘာေျပာရမွန္းေတာင္မသိ။ဝမ္ေလးရဲ့အမူရာအျပဳမႈကို ၾကည့္ေနရံုတင္ အဲ့ဒီလူကိုဘယ္ေလာက္ခ်စ္လဲဆိုတာသူမျမင္ေနရတယ္။

" ဝမ္ေလးနဲ႔အဲ့ဒီလူကဘာမ်ားျဖစ္ခဲ့လို႔လဲ "

" မသိဘူးဗ်ာ အဲ့ဒီလူကကြၽန္ေတာ္ကိုပဲအၿမဲလူဆိုးလို႔ျမင္တယ္ ကြၽန္ေတာ္တစ္ေယာက္ကပဲမေကာင္းတဲ့ေကာင္ျဖစ္ေနတယ္ "

" သူမႀကိဳက္တာဝမ္ေလးလုပ္လို႔ေနမွာထင္တယ္။ဝမ္ေလးၾကည့္ရတာကဝမ္ေလးရဲ့အခ်စ္ကိုမေဖာ္ျပတက္ဘူးျဖစ္ေနတယ္။ဝမ္ေလးႏူးႏူးညံ့ညံ့ဆက္ဆံလိုက္ပါ ၿပီးေတာ့ သူျမတ္ႏိုးတဲ့အရာေလးပဲျဖစ္ျဖစ္ ဝယ္ေပးလိုက္ အဲ့ခါက တို႔ရဲ့ဝမ္ေလးကဘယ္ေလာက္ေကာင္းတဲ့ေကာင္ေလးလည္းဆိုတာသူျမင္လာမယ္။ဝမ္ေလးကိုမေကာင္းျမင္တဲ့စိတ္ေျပာင္းလဲလာလိမ့္မယ္ က်ဲေျပာသလိုသာလုပ္ၾကည့္  ဝမ္ေလး။ၿပီးေတာ့ ဝမ္ေလးဘယ္သူ႔ကိုပဲခ်စ္ခ်စ္ ဝမ္ေလးဘက္မွာက်ဲအၿမဲရိွတယ္။ "

က်ဲကတကယ္ကိုအမေကာင္းတစ္ေယာက္ပဲ။ရိေပၚအခက္ခဲျဖစ္ေနတဲ့အခ်ိန္ က်ဲကအၿမဲကူညီကာေစာင့္ေရွာက္ေပးတယ္။သူဘယ္ေလာက္ပဲဆိုးသြမ္းပါေစ က်ဲကအနားမွာအၿမဲရိွေပးခဲ့တယ္။ပါးနဲ႔ရန္ျဖစ္လည္းက်ဲကသူ႔ဘက္လိုက္ေျပာေပးတာအႀကိမ္အႀကိမ္အခါအခါပဲ။က်ဲလိုမ်ိဳးစိတ္သေဘာထားေကာင္းတဲ့အမကိုေတာ္ထားရတာက တကယ္ကိုကံေကာင္းလြန္းတယ္။

" ေက်းဇူးပါ က်ဲ "

~~~~~~~~~~

၇နာရီခြဲေလာက္အိမ္ကေနအျမန္ေျပးထြက္လာလိုက္ရတယ္။အလုပ္ကိုေရာက္ေတာ့အလုက္ကလူေတြက ေရွာင္းက်န္႔ကို ၿပံဳးၿပံဳးႀကီးႀကီးၾကည့္ေနေတာ့ စိတ္ထဲတစ္မ်ိဳးႀကီးရယ္။အင္းးးးၾကည့္ရတာေတာ့မေကာင္းတဲ့အေငြ့သက္ရေနၿပီထင္ပါရဲ့။အလုပ္စားပြဲေပၚမွာတင္ထားတဲ့ႏွင္းဆီပန္းစည္းေၾကာင့္ ေရွာင္းက်န္႔​က စဉ္းစားမိတယ္။

ဘယ္သူမ်ား သူ႔စားပြဲေပၚႏွင္းဆီပန္းလာထားတာလဲ? ဟုေတြးကာစဉ္းစားေနစဉ္ ဝမ္ရိေပၚကသူ႔ရံုးခန္းထဲလာဖို႔ဖုန္းဆက္ေခၚေတာ့ ေရွာင္းက်န္႔မွာဝမ္ရိေပၚရံုးခန္းကိုအေျပးလႊာသြားလိုက္ရတယ္။ေကာ္ဖီပါတစ္ခါတည္းေဖ်ာ္ကာ အခန္းထဲဝင္သြားလိုက္မိသည္။

အခန္းထဲမွာဝမ္ရိေပၚက​သူ႔ကိုျမင္ေတာ့ ေျခခ်ိတ္ထိုင္ရာကေန မတ္တပ္ရပ္လာတယ္၊ထို႔ေနာက္ နက္ခ္တိုင္ကိုေျဖေလ်ွာ့ၿပီး ေက်ာေပးရပ္ကာ ရိေပၚကစကားဆိုလာတယ္။

" အတြင္းေရးမႈးေရွာင္း ကြၽန္ေတာ္ေပးထားတဲ့ႏွင္းဆီပန္းကိုႀကိဳက္ရဲ့လား အဟမ္း "

ေအာ္ ႏွင္းဆီပန္းကဝမ္ရိေပၚေပးတာကို။အြန္းးးး ႏွင္းဆီပန္းကိုႀကိဳက္ရဲ့လားဆိုေတာ့ ႀကိဳက္ပါတယ္၊ဒါေပမယ့္ ဝမ္ရိေပၚေပးတာဆိုေတာ့ ႏွင္းဆီပန္းကိုမႀကိဳက္ေတာ့ဘူး။

" အာ ဟုတ္ကဲ့ ကြၽန္ေတာ္အရင္ကႏွင္းဆီပန္းကိုႀကိဳက္ပါတယ္။ဒါေပမယ့္ကြၽန္ေတာ္အခုမႀကိဳက္ေတာ့လို႔ အမိႈက္ပံုးထဲသြန္းလိုက္မိပါတယ္
ceo ဝမ္။ "

ထိုသို႔ေျပာလိုက္ေတာ့ဝမ္ရိေပၚကေက်ာေပးရာကေနရပ္ကာ ေရွာင္းက်န္႔ဘက္ျပန္လွည့္လာ၍ စားပြဲေပၚလက္ေထာက္ကာ အလန္႔တၾကားထပ္ေျပာလာတယ္။

" ဗ်ာ မႀကိဳက္ဘူးတဲ့လား ကြၽန္ေတာ္သိပါတယ္။ကြၽန္ေတာ္ႏွင္းဆီပန္းေပးလို႔ မင္းမႀကိဳက္ဘူးလို႔ေျပာလိုက္တာမလား။ "

အဲ့လိုအမွန္တိုင္းေျပာရင္လည္းဝမ္ရိေပၚကစိတ္ဆိုးအံုးမယ္။

" မ မဟုတ္ပါဘူး အရင္ကႀကိဳက္ခဲ့တာမွန္ေပမယ့္ အခုတကယ္မႀကိဳက္ေတာ့လို႔ပါ "

ဝမ္ရိေပၚကသက္ျပင္းတစ္ခ်က္အရွည္ႀကီးခ်ၿပီးထပ္ေျပာလာတယ္။

" ထားပါ ဒါဆိုအတြင္းေရးမႈးေရွာင္းဘယ္ေနရာသြားခ်င္လဲ ဒါမွမဟုတ္ဘာစားခ်င္လဲ ဘာလိုခ်င္လဲ ကြၽန္ေတာ္ကိုေျပာပါ ကြၽန္ေတာ္ကအကုန္ အတြင္းေရးမႈးေရွာင္းလိုခ်င္တာကိုျဖည့္ဆည္းေပးမွာမို႔ "

ဝမ္ရိေပၚဖ်ားမ်ားဖ်ားေနတာလား၊ဒါမွမဟုတ္ရူးမ်ားရူးသြားတာလား။ဒီေန့မွထူးထူးဆန္းဆန္းလူအေပၚလာၿပီးႏူးႏူးညံ့ညံ့ခ်ိဳခ်ိဳသာသာလာေကာင္းျပေနတာရိုးေတာ့မရိုးဘူး တစ္ခုခုပဲ။သတိထားမွ။

" အာ အခုလိုအကုန္ျဖည့္ဆည္းေပးမွာမို႔လို႔ေျပာေပးတဲ့အတြက္ ceo ဝမ္ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ဒါေပမယ့္စိတ္မေကာင္းစြာျဖင့္ ကြၽန္ေတာ္ျငင္းပါရေစ Ceo ဝမ္။အာ ေျပာစရာမရိွေတာ့ဘူးဆိုရင္ ကြၽန္ေတာ္ကိုသြားခြင့္ျပဳပါအံုး လုပ္စရာေတြရိွေသးလို႔ "

~~~~~~~~

Unicode

" ငါ့အမျိုးသမီးနဲ့ကွာရှင်းလိုက်ပြီ ရှောင်းကျန့် "

ဟန်ဖုန်ယွီစကားကြောင့်ရှောင်းကျန့်မှာကော်ဖီခွက်လေးကိုင်ထားရင်း ​အံ့ဩသွားရသည်။ဘယ်လိုဖြစ်တာပါလဲ?ဟန်ဖုန်ယွီကသူ့အမျိုးသမီးကိုအရမ်းချစ်တာလေ။သူ့အမျိုးသမီးတစ်ခွန်းဆိုတစ်ခွန်းလေ၊ဟန်ဖုန်ယွီလိုလူမျိုးက?အခုကျမှ ဘယ်လိုပြဿနာဖြစ်လို့ ကွာရှင်းလိုက်တာများလဲ?ရှောင်းကျန့်ကမေးမို့ရှိသေး ရှောင်းကျန့်ကိုဖက်ကာ ငိုလာတဲ့ဟန်ဖုန်ယွီကြောင့် ရှောင်းကျန့် စိတ်မကောင်း။

" မင်းချစ်တယ်မလား ချစ်ရင်လက်လွှတ်မခံနဲ့လေ ဟန်ဖုန်ယွီ "

လုံးဝမချစ်ဘူး။ပါးရဲ့စီးပွားရေးအခြေအနေကြောင့်သာမချစ်တဲ့အမျိုးသမီးကိုလက်ထပ်ပြီးအတူပေါင်းသင်းနေထိုင်လာရတာ။အခုသူအရမ်းလွှတ်ချချင်လာလို့လွှတ်ချလိုက်မိတာ။တကယ်တမ်းကျ သူချစ်တာ အခြားတစ်ယောက်ကိုပဲ။

" ငါမချစ်ဘူး ရှောင်း။စီးပွားရေးကြောင့်လက်ထပ်လိုက်တာ။ငါ ငါတကယ်တမ်းချစ်တာအခြားတစ်ယောက်ကိုချစ်တာ "

ဟင်အခြားတစ်ယောက်တဲ့လား။

ဘယ်သူလဲလို့မေးခွန်းထုတ်ခါနီးစားပွဲပေါ်ခေါင်းမှောက်ပြီးအိပ်ပျော်သွားတဲ့ဟန်ဖုန်ယွီကြောင့် ရှောင်းကျန့် သက်ပြင်းချကာ ဟန်ဖုန်ယွီနေဖို့အတွက် အခန်းပိုသက်သက်ကို ကြိုပြီးတော့သန့်ရှင်းထားရတယ်။အထက်တန်းကျောင်းစတက်တည်းက ဟန်ဖုန်ယွီကပဲအမြဲကူညီလာပေးတာအခုချိန်ထိပဲ။အခုဟန်ဖုယွီက နှစ်ရက်သုံးရက်လောက်အိမ်မှာနေရပါစေဟု လာပြောတော့ ရှောင်းကျန့်က လက်ခံလိုက်တယ်။ဒီတစ်ခါသူကပြန်ပြီးတော့ဟန်ဖုန်ယွီကိုကူညီပေးရမယ်လေ ဟုတ်တယ်မလား။

~~~~~~~~~

Flashback

တကယ်တော့ဟန်ဖုန်ယွီဆိုတာက တချိန်ကရှောင်းကျန့်ရဲ့အချစ်ဉီးဖြစ်ခဲ့သည်ဆိုတာမမှားပေ။အထက်တန်းကျောင်းကို စပြောင်းလာတည်းကရှောင်းကျန့်အမြဲအနိုင်ကျင့်ခံရတယ်၊ကျောင်းကသူတွေတိုင်းကိုယ်နဲ့မပေါင်းချင်။အမြဲတမ်းတစ်ယောက်တည်းချန်ထားကြတယ်။

သို့သော်လည်း ရှောင်းကျန့်တို့ကဂရုမစိုက်။သူတို့မပေါင်းချင်လည်း နေပေါ့။အဓိကစာကိုအာရုံစိုက်ထားပြီး အမှတ်ကောင်းကောင်းနဲ့တက္ကသိုလ်တက်နိုင်ဖို့ပဲရည်မှန်းထားတာ။ဒါ ဒါပေမယ့်တစ်ခါတစ်လေကျလည်း သူငယ်ချင်းလိုချင်မိတယ်။သူများတွေပျော်တာနေရင် သူလည်း အဲ့လိုလိုက်ပျော်ချင်တယ်။စားပွဲခုံကစာအုပ်လေးကိုမြဲနေအောင်ဆုပ်ကိုင်ထားရင်း ငေးကြည့်နေတဲ့အချိန်မှာ ရှောင်းကျန့်ကိုပဲနို့ဘူးလေးပေးလာသောသူအား မော့ကြည့်လိုက်တော့ အတန်းထဲမှာအမြဲအိပ်နေတဲ့တစ်ယောက်ဖြစ်နေသည်။

ပ ပထမဆုံးအကြိမ်ကျောင်းကသူတစ်ယောက်က ပဲနို့ဘူးလာပေးတော့အရမ်းပျော်သွားရတယ်။မျက်မှန်ဝိုင်းလေးကိုပင့်ရင်း စကားစခါနီး ထိုသူကအရင်ဉီးဆုံးမြန်မြန်စပြောလာတယ်။

" ငါနာမည်ကဟန်ဖုန်ယွီ သူငယ်ချင်းလုပ်ကြရအောင်။ "

သူလိုအရှုံးသမားကိုသူငယ်ချင်းလုပ်ဖို့ပထမဆုံးပြောလာတဲ့ဟန်ဖုန်ယွီကြောင့် စိတ်လှုပ်ရှားလာတယ်။ဟန်ဖုန်ယွီကကျောင်းမှာအရမ်းချမ်းသာပြီးနာမည်အရမ်းကြီးတာ၊အမြဲတမ်းတစ်ယောက်တည်းနေတက်တဲ့အချေကိုယ်တော်ကြီးက သူငယ်ချင်းလုပ်ဖို့ စကားစပြောတော့ တကယ်ကြောင်အသွားရတယ်။

" ဟင် ငါ ငါကအရှုံးသမားလေ "

" အရှုံးသမားလည်းဘာဖြစ်လဲ? ငါမင်းနဲ့သူငယ်ချင်းဖြစ်ချင်တယ် ဟုတ်ပြီလား ကျန်တာတွေဘာမှဂရုမစိုက်ဘူး မင်း ငါနဲ့ သူငယ်ချင်းလုပ်ချင်ရင် ငါ့လက်ကိုပြန်တွဲလိုက် "

တကယ်ပဲသူလိုအရှုံးသမားနဲ့သူငယ်ချင်းလုပ်ချင်တာတဲ့လား။ဘာလို့လဲ အကြောင်းပြချက်က။အဖြေရှာရက်ခက်တဲ့မေးခွန်းတွေကို စိတ်ထဲကနေအကြိမ်အကြိမ်မေးခွန်းထုတ်နေရင်း ဟန်ဖုန်ယွီကမ်းလှမ်းလာတဲ့လက်ကို ပြန်လည်၍ဆုပ်ကိုင်လိုက်မိသား။

~~~~~~~~

တံခါးကိုတဘုန်းဘုန်းထုနေတဲ့သူကြောင့် ရှောင်း
ကျန့်ရဲ့ကျောင်းသားဘဝကအတွေးတွေကပျောက်သွားကာ လက်ရှိကိုပြန်ရောက်သွားတယ်။အသိစိတ်ပြန်ကပ်ကာ တံခါးသွားဖွင့်ပေးလိုက်မိတော့ ဝမ်ရိပေါ်ကြီးဖြစ်နေတယ်။

ဝမ်ရိပေါ်သာ ~~~~ သူ့အိမ်ထဲမှာအိပ်နေတဲ့ဟန်ဖုန်ယွီကိုမြင်သွားရင်ပြဿနာရှာအုံးမှာကိုသိလို့ ရှောင်း
ကျန့်က အိမ်ထဲကနေထွက်ကာ ဝမ်ရိပေါ်လက်ကိုအတင်းဆွဲကာအပြင်ဘက်ခေါ်သွားလိုက်တယ်။အိမ်ထဲကိုအဝင်မခံပဲလူကိုအတင်းလက်ဆွဲပြီးအပြင်ဘက်ခေါ်ထုတ်တဲ့ရှောင်းကျန့်ကြောင့် ရိပေါ်စိတ်ထဲမသင်္ကာ။

အိမ်ထဲမှာတစ်ယောက်ယောက်များဖွက်ထားလို့လား?မဟုတ်မှလွဲ ဟို ဟိုကောင်ဟန်ဖုန်ယွီပဲလား။

" ရှောင်းကျန့် ခင်ဗျား ကျွန်တော်အပေါ်သစ္စာဖောက်တာလား ဟမ် မရဘူးနော် အဲ့ကောင်နဲ့အခုဖြတ် ဖြတ် !! ကျွန်တော်နှစ်ခါမပြောချင်ဘူးနော် မဟုတ်ရင်အဲ့ကောင်ကိုဒီတိုင်းမထားဘူးနော် ! "

ပြောချင်ရာတွေပဲတစ်ယောက်တည်းပဲပြောနေတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ကခြေဖျားထောက်ကာ ရိပေါ်ရဲ့ပါးဖောင်းဖောင်းနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်အသာလေးဖျစ်ညစ်ကာကိုင်ထားရင်း ပြောလိုက်သည်။

" ceo ဝမ် ဘာတွေပြောနေတာလဲအသိစိတ်ကပ်ပါအုံး! "

ရှောင်းကျန့်ရဲ့လက်နှစ်ဖက်ကိုရိပေါ်ကပုတ်ထုတ်လိုက်ကာ နက်ခ်တိုင်ကိုဖြေလျှော့ရင်း ပြန်ပြောလိုက်တယ်။

" အသိစိတ်ကပ်ရမယ်ဟုတ်လား? ခင်ဗျားကခင်ဗျားကောင်ကိုအိမ်ထဲမှာဖွတ်ထားတာကို ကျွန်တော်သိမှာဆိုးလို့ အခုလိုအပြင်ကိုခေါ်ထုတ်တာ ကျွန်တော်သိတယ် အဟက် ! "

အမှန်တိုင်းပြောမှရတော့မယ်။မဟုတ်ရင်ဝမ်ရိပေါ်ကမပြီးနိုင်တော့ဘူး။လူကိုလာလာပြီးပြဿနာရှာနေတာ။ဝမ်ရိပေါ်ကအမြဲအိမ်မှာပြဿနာရှာတဲ့အခါကျရင် ဘေးအခန်းကလူတွေကအမြဲမြဲလာ​တိုင်ပြောကြတာမနည်းတော့ဘူး။သူလည်းအပြောမခံချင်တော့လို့ ဝမ်ရိပေါ်ကိုအပြင်ခေါ်ထုတ်သွားတာလေ။အဲ့တာကို ဝမ်ရိပေါ်က သူ​ထင်ချင်ရာတွေလျှောက်ထင်ပြီးလျှောက်ပြောနေတော့ ဖြေရှင်းမှရတော့မယ်။

" ဟုတ်တယ် ဟန်ဖုန်ယွီကသူ့အမျိုးသမီးနဲ့ကွာရှင်းထားလို့ ခဏငါ့အိမ်မှာလာနေတာ "

" အဲ့ကောင်ကခင်ဗျားဆီချဉ်းကပ်နေတာလေ ကျုပ်ပြောသားပဲ အဲ့ကောင်ကခင်ဗျားကိုသူငယ်ချင်းလိုသဘောထားတာမဟုတ်ဘူး?ခင်ဗျား လိုက်ခဲ့ ဒီမှာမနေနဲ့ သူ့ကိုအဲ့မှာတစ်ယောက်တည်းထား "

" ဝမ်ရိပေါ် ငါမလိုက်နိုင်ဘူး အတင်းကျပ်လာမခေါ်နဲ့ ငါကမင်းခိုင်းသလိုလုပ်ရအောင်မင်းရဲ့အရုပ်မဟုတ် အွန့် "

ပါးကိုဖျစ်ညစ်ကာနှုတ်ခမ်းကိုအတင်းနမ်းရှိုက်လာတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာ ရိပေါ်လက်ထဲကနေရုန်းနေဆဲ။ခွန်းအားချင်းမမျှတော့ သူရုန်းလည်းအပိုပဲ။အသက်ရှုပ်ကျပ်လောက်အောင်အထိနမ်းလာတော့ ရှောင်းကျန့်က ရိပေါ်ရဲ့ရင်ဘတ်ကို လက်ဖြင့်တဘုန်းဘုန်းရိုက်ထုမိသား!! ဝမ်ရိပေါ်ကမလွှတ်ပေးတဲ့အပြင် ခါးကိုပါဖက်လာတော့ ရှောင်းကျန့်ဆက်ကာပိုရုန်းနေမိ။

" ခင်ဗျားကို ကျုပ်ဝယ်မယ် အဲ့ကောင်ဆီမသွားနဲ့ ခင်ဗျားဘယ်လောက်တန်လဲဆိုတာ ကျုပ်ကိုပြော ကျုပ် ဝယ်မယ် "

ဖြောင်းခနဲ ရိပေါ်ပါးကိုရိုက်လာတဲ့ရှောင်းကျန့်။ထို့နောက် ရှောင်းကျန့်ကမျက်ရည်တွေကျလျှက် ​ပြန်ပြောလာတယ်။

" မင်းလိုလူမျိုးနဲ့တွေ့မိတဲ့အတွက်တကယ်နောင်တရတယ် ဝမ်ရိပေါ်။ "

ဝမ်ရိပေါ် မင်းကတကယ်မကောင်းတဲ့ကောင်။အမြဲတမ်းငါ့အပေါ်ချုပ်ချယ်ပြီးအမြဲလူကိုဝမ်းနည်းအောင်အနိုင်ကျင့်တယ်။သူ့ကိုသိက္ခာတွေကျဆင်းတဲ့အထိငွေစကားပြောတယ်။ဝမ်ရိပေါ်ရှေ့အမြဲရောက်ရင် ကိုယ်ကိုယ့်ကိုယ်တန်ဖိုးမရှိတော့တဲ့လူတစ်ယောက်လိုအမြဲထင်နေရတာ။

ရည်းစားဘဝရော၊အိမ်ထောင်ဘဝမှာရော လူကိုအမြဲငိုအောင်ပဲခဏခဏလုပ်တာ။ဝမ်ရိပေါ်နဲ့စတွေ့ပြီးတည်းကစိတ်ချမ်းသာမှုကိုမရှိခဲ့တဲ့အပြင်၊စိတ်နာအောင်အမြဲလုပ်တယ်။သူလိုချင်ခဲ့တာသာယာတဲ့မိသားစုဘဝလေးပဲ။ဒါပေမယ့် ဝမ်ရိပေါ်ကတော့နာကျင်မှုတွေနဲ့မျက်ရည်ကျအောင်အမြဲပေးခဲ့တယ်။ကွာရှင်းပြီးလို့ပထမဆုံးအကြိမ်ဝမ်ရိပေါ်နဲ့တွေ့ခဲ့ပေမယ့် ဝမ်ရိပေါ်အပေါ်စိတ်ပြတ်သားနိုင်တဲ့ကိုယ်ကိုယ့်ကိုယ်တော့ ကျေနပ်ကာအားရမိတယ်။

" ရှောင်းကျန့် ရှောင်းကျန့် ကျွန်တော် တောင်းပန်ပါတယ် ! "

တောင်းပန်ကြောင်းအော်ပြောပေမယ့်ရှောင်းကျန့်ကဂရုမစိုက်ပဲအိမ်ထဲပြန်ဝင်သွားတော့ ရိပေါ်တောက်ခေါက်ကာ စိတ်ပျက်ပျက်ဖြင့် အိမ်ကိုပဲကားမောင်းကာလှည့်ပြန်ခဲ့ရတော့တယ်။

~~~~~~~~

" အာ မီမီကတော်လိုက်တာ ! "

ထမင်းတွေကိုပလုတ်ပလောင်းစားနေတဲ့ဝမ်ချင်းချင်းလေးကြောင့် ဝမ်ချင့်ယိမှာကျေနပ်မိတယ်။ခါတိုင်းဆိုသမီးလေးကိုထမင်းကျွေးရင်နည်းနည်းပဲစားတာ။ဒီနေ့မှ သမီးကထမင်းတွေသူဘာသာအများကြီးကောက်စားတော့ လုံးဝအံ့ဩသွားရတယ်။ဝမ်ချင်းချင်းလေးကတကယ်ကျသူ့ဟာနဲ့သူလိမ္မာပါတယ်။အလိုက်လည်းသိတော့အိမ်ကလူတိုင်းရဲ့အသည်းကျော်​လေးဖြစ်နေတာ။

" ဟာ ဉီးဉီးဝမ် ပြန်လာပြီ ဉီးဉီးဝမ် ဒီနေ့ မီးမီးကိုကစားကွင်းလိုက်~~ "

ဝမ်လေးကဒေါသတစ်ကြီးအိမ်ထဲဝင်လာတော့ သမီးဖြစ်သူဝမ်ချင်းချင်းတောင်မှ စကားပြောနေရာကနေဆက်တောင်မပြောရဲတော့ပေ။အိမ်အပေါ်ကိုတက်သွားတဲ့ဝမ်လေးကို ကြည့်ပြီး ဘာများဖြစ်တာလဲဆိုပြီးစဉ်းစားမိတယ်။သေချာတယ် ဝမ်လေးတစ်ခုခုကြောင့်အရမ်းဒေါသထွက်လာတာ။အမတစ်ယောက်ပီပီ ဝမ်လေးပြဿနာကိုဖြေရှင်းရမှာပဲ။

" ချင်းချင်း "

" ရှင့် မားမား "

" မားလေ ဉီးဉီးဝမ်ဆီခဏသွားလိုက်အုံးမယ် ဟုတ်ပြီလား ! ထမင်းကုန်အောင်စားထားနော် "

ထိုသို့ပြောတော့ဝမ်ချင်းချင်းလေးကခေါင်းညိမ့်ပြတယ်။ဝမ်လေးရှိရာဆီအပေါ်တက်သွားလိုက်ကာ ဝမ်လေးအခန်းတံခါးပေါက်ရှေ့ရပ်ရင်း တံခါးခေါက်ပြီးပြောလိုက်တယ်။

" ဝမ်လေး ကျဲဝင်ခဲ့လို့ရမလား။ "

ဝမ်လေးဘက်ကဖြေသံပြန်မကြားလာတော့ တံခါး
ဖွင့်ကာအခန်းထဲဝင်ကြည့်လိုက်တော့ ဝမ်လေးကမွေ့ယာပေါ်ထိုင်ကာ မျက်နှာကိုလက်ဖြင့်အုပ်ထားနေသည်။ဝမ်လေးဘေးဝင်ထိုင်ကာ စကားစပြောလိုက်တယ်။

" ဝမ်လေးဘာဖြစ်တာလဲဟင် ကျဲကိုပြောပေးလို့ရမလား။ဝမ်လေးကိုအခုလိုမြင်ရတာကဟောဒီကကျဲကစိတ်မချမ်းသာလို့ "

ထိုသို့ပြောတော့ ဝမ်လေးကမျက်နှာကိုလက်ဖြင့်အုပ်ထားရာကနေဖယ်လိုက်ကာ သူမဘက်လှည့်ကြည့်ကာစကားစပြောလိုက်တယ်။

" မသိဘူးဗျာ ကျဲ ကျွန်တော်ရူးတော့မယ် အဲ့ဒီလူကြောင့် အဲ့ဒီလူကို ကျွန်တော်ချစ်တယ် အဆုံးရှုံးမခံနိုင်လို့ ကျွန်တော်အနားရောက်အောင်လုပ်ခဲ့တာ ကျဲ!! "

ဟင် ရူးတော့မယ် အဲ့ဒီလူကြောင့်တဲ့လား။ပြီးတော့ ချစ်တယ်ဆိုတော့ သေချာပေါက်အဲ့ဒီလူကဝမ်လေးချစ်ရတဲ့သူဖြစ်လိမ့်မယ်။တစ်ခါမှအချစ်ရေးကြောင်းလာမတိုင်ပင်တက်တဲ့ဝမ်လေးကအခုမှထုတ်ပြောလာတော့ ဘာပြောရမှန်းတောင်မသိ။ဝမ်လေးရဲ့အမူရာအပြုမှုကို ကြည့်နေရုံတင် အဲ့ဒီလူကိုဘယ်လောက်ချစ်လဲဆိုတာသူမမြင်နေရတယ်။

" ဝမ်လေးနဲ့အဲ့ဒီလူကဘာများဖြစ်ခဲ့လို့လဲ "

" မသိဘူးဗျာ အဲ့ဒီလူကကျွန်တော်ကိုပဲအမြဲလူဆိုးလို့မြင်တယ် ကျွန်တော်တစ်ယောက်ကပဲမကောင်းတဲ့ကောင်ဖြစ်နေတယ် "

" သူမကြိုက်တာဝမ်လေးလုပ်လို့နေမှာထင်တယ်။ဝမ်လေးကြည့်ရတာကဝမ်လေးရဲ့အချစ်ကိုမဖော်ပြတက်ဘူးဖြစ်နေတယ်။ဝမ်လေးနူးနူးညံ့ညံ့ဆက်ဆံလိုက်ပါ ပြီးတော့ သူမြတ်နိုးတဲ့အရာလေးပဲဖြစ်ဖြစ် ဝယ်ပေးလိုက် အဲ့ခါက တို့ရဲ့ဝမ်လေးကဘယ်လောက်ကောင်းတဲ့ကောင်လေးလည်းဆိုတာသူမြင်လာမယ်။ဝမ်လေးကိုမကောင်းမြင်တဲ့စိတ်ပြောင်းလဲလာလိမ့်မယ် ကျဲပြောသလိုသာလုပ်ကြည့်  ဝမ်လေး။ပြီးတော့ ဝမ်လေးဘယ်သူ့ကိုပဲချစ်ချစ် ဝမ်လေးဘက်မှာကျဲအမြဲရှိတယ်။ "

ကျဲကတကယ်ကိုအမကောင်းတစ်ယောက်ပဲ။ရိပေါ်အခက်ခဲဖြစ်နေတဲ့အချိန် ကျဲကအမြဲကူညီကာစောင့်ရှောက်ပေးတယ်။သူဘယ်လောက်ပဲဆိုးသွမ်းပါစေ ကျဲကအနားမှာအမြဲရှိပေးခဲ့တယ်။ပါးနဲ့ရန်ဖြစ်လည်းကျဲကသူ့ဘက်လိုက်ပြောပေးတာအကြိမ်အကြိမ်အခါအခါပဲ။ကျဲလိုမျိုးစိတ်သဘောထားကောင်းတဲ့အမကိုတော်ထားရတာက တကယ်ကိုကံကောင်းလွန်းတယ်။

" ကျေးဇူးပါ ကျဲ "

~~~~~~~~~~

၇နာရီခွဲလောက်အိမ်ကနေအမြန်ပြေးထွက်လာလိုက်ရတယ်။အလုပ်ကိုရောက်တော့အလုက်ကလူတွေက ရှောင်းကျန့်ကို ပြုံးပြုံးကြီးကြီးကြည့်နေတော့ စိတ်ထဲတစ်မျိုးကြီးရယ်။အင်းးးးကြည့်ရတာတော့မကောင်းတဲ့အငွေ့သက်ရနေပြီထင်ပါရဲ့။အလုပ်စားပွဲပေါ်မှာတင်ထားတဲ့နှင်းဆီပန်းစည်းကြောင့် ရှောင်းကျန့်​က စဉ်းစားမိတယ်။

ဘယ်သူများ သူ့စားပွဲပေါ်နှင်းဆီပန်းလာထားတာလဲ? ဟုတွေးကာစဉ်းစားနေစဉ်

You are reading the story above: TeenFic.Net