Ep_13

Background color
Font
Font size
Line height
ဝမ်ရိပေါ်ကသူ့ရုံးခန်းထဲလာဖို့ဖုန်းဆက်ခေါ်တော့ ရှောင်းကျန့်မှာဝမ်ရိပေါ်ရုံးခန်းကိုအပြေးလွှာသွားလိုက်ရတယ်။ကော်ဖီပါတစ်ခါတည်းဖျော်ကာ အခန်းထဲဝင်သွားလိုက်မိသည်။

အခန်းထဲမှာဝမ်ရိပေါ်က​သူ့ကိုမြင်တော့ ခြေချိတ်ထိုင်ရာကနေ မတ်တပ်ရပ်လာတယ်၊ထို့နောက် နက်ခ်တိုင်ကိုဖြေလျှော့ပြီး ကျောပေးရပ်ကာ ရိပေါ်ကစကားဆိုလာတယ်။

" အတွင်းရေးမှုးရှောင်း ကျွန်တော်ပေးထားတဲ့နှင်းဆီပန်းကိုကြိုက်ရဲ့လား အဟမ်း "

အော် နှင်းဆီပန်းကဝမ်ရိပေါ်ပေးတာကို။အွန်းးးး နှင်းဆီပန်းကိုကြိုက်ရဲ့လားဆိုတော့ ကြိုက်ပါတယ်၊ဒါပေမယ့် ဝမ်ရိပေါ်ပေးတာဆိုတော့ နှင်းဆီပန်းကိုမကြိုက်တော့ဘူး။

" အာ ဟုတ်ကဲ့ ကျွန်တော်အရင်ကနှင်းဆီပန်းကိုကြိုက်ပါတယ်။ဒါပေမယ့်ကျွန်တော်အခုမကြိုက်တော့လို့ အမှိုက်ပုံးထဲသွန်းလိုက်မိပါတယ်
ceo ဝမ်။ "

ထိုသို့ပြောလိုက်တော့ဝမ်ရိပေါ်ကကျောပေးရာကနေရပ်ကာ ရှောင်းကျန့်ဘက်ပြန်လှည့်လာ၍ စားပွဲပေါ်လက်ထောက်ကာ အလန့်တကြားထပ်ပြောလာတယ်။

" ဗျာ မကြိုက်ဘူးတဲ့လား ကျွန်တော်သိပါတယ်။ကျွန်တော်နှင်းဆီပန်းပေးလို့ မင်းမကြိုက်ဘူးလို့ပြောလိုက်တာမလား။ "

အဲ့လိုအမှန်တိုင်းပြောရင်လည်းဝမ်ရိပေါ်ကစိတ်ဆိုးအုံးမယ်။

" မ မဟုတ်ပါဘူး အရင်ကကြိုက်ခဲ့တာမှန်ပေမယ့် အခုတကယ်မကြိုက်တော့လို့ပါ "

ဝမ်ရိပေါ်ကသက်ပြင်းတစ်ချက်အရှည်ကြီးချပြီးထပ်ပြောလာတယ်။

" ထားပါ ဒါဆိုအတွင်းရေးမှုးရှောင်းဘယ်နေရာသွားချင်လဲ ဒါမှမဟုတ်ဘာစားချင်လဲ ဘာလိုချင်လဲ ကျွန်တော်ကိုပြောပါ ကျွန်တော်ကအကုန် အတွင်းရေးမှုးရှောင်းလိုချင်တာကိုဖြည့်ဆည်းပေးမှာမို့ "

ဝမ်ရိပေါ်ဖျားများဖျားနေတာလား၊ဒါမှမဟုတ်ရူးများရူးသွားတာလား။ဒီနေ့မှထူးထူးဆန်းဆန်းလူအပေါ်လာပြီးနူးနူးညံ့ညံ့ချိုချိုသာသာလာကောင်းပြနေတာရိုးတော့မရိုးဘူး တစ်ခုခုပဲ။သတိထားမှ။

" အာ အခုလိုအကုန်ဖြည့်ဆည်းပေးမှာမို့လို့ပြောပေးတဲ့အတွက် ceo ဝမ်ကျေးဇူးအများကြီးတင်ပါတယ်။ဒါပေမယ့်စိတ်မကောင်းစွာဖြင့် ကျွန်တော်ငြင်းပါရစေ Ceo ဝမ်။အာ ပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော်ကိုသွားခွင့်ပြုပါအုံး လုပ်စရာတွေရှိသေးလို့ "

~~~~~~~~


You are reading the story above: TeenFic.Net