အပိုင်း ၂၆

Background color
Font
Font size
Line height

အတွင်းရေးမှူးက မိုရာကို ဧည့်ခန်းသို့ ခေါ်သွားလိုက်သည်။ အခန်းထဲ သားကိုမတွေ့တော့ အတွင်းရေးမှူးဖင်လှည့်ပြီး

သား ဘယ်မှာလဲ.. ဘာလို့ဒီကို ခေါ်လာတာလဲ.. သားကို အခုတွေ့ချင်တယ်...

တောင်းပန်ပါတယ်.. ခဏစောင့်ပေးပါ.

မစောင့်နိုင်ဘူး.. အခုချက်ချင်း.. တွေ့ချင်တာ.

မိုရာ ဒေါသတကြီးအော်လိုက်သည်။

တခါးဖက်လှည့်ကြည့်လိုက်တော့ သူဌေးလာပြီ ဆိုတာနှင့် အတွင်းရေးမှူး စိတ်သက်သာရာရသွားတော့သည်။

မိုရာလဲ တခါးဖက်လှည့်ကြည့်လိုက်တော့ လက်တဖက်ကို ေဘာင်းဘီအိပ်ကပ်ထဲ ထည့်ကာ လမ်းလျောက်လာသောအမျိုးသား တယောက် ကို တွေ့လိုက်သည်။

ဘာလို့ ဒီလူက သူ့သားနဲ့ ဒီလောက်တောင်ဆင်ရတာလဲ.. အေးစက်စက်နှင့်လျောက်လာသော ထိုလူကို ကြည့်ပြှီး မိုရာ လန့်သွားသည်။ သူက သားရဲ့ အဖေ လို့ ပြောတာလား..

အေးစက်စက် နှင့် ထိုလူကို ဂရုမစိုက်ပဲ ဝင်လာသည့်လူကို ဒေါသတကြီး ကြည့် လိုက်ပြီး. 

ရှင်လား ကျမသားကိုခေါ်သွားတာ.. သား ဘယ်မှာလဲ..  သားကို ပြန်ပေးပါ

ရှင်းလဲ့ဟန် သူ့ရှေ့က အမျိုးသမီးငယ်လေးကို ဖောက်ထွင်းမတတ် ကြည့်လိုက်သည်။

သူ့အကြည့်အောက်မှာ မိုရာ အမူအရာ မပြောင်းသွားသော်လဲ သူ့စိတ်ထဲမှာ ကြောက်လန့်သွားသည်။

ငါ့သားကို တိတ်တိတ်ပုန်းမွေးရတဲ့ အကြောင်း ပြောပါအုံး.. ဘာရည်ရွယ်ချက်နဲ့ မွေးခဲ့တာလဲ...
အေးစက်စက်နှင့် ရှင်းလဲ့ဟန် မေးလိုက်သည်။

သူ့မေးခွန်းတွေက မိုရာကို တခဏ မှောင်သွားစေသည်။ ခိုးမွေးတာ.... ဒီကလေးက သူ့သားပါလို့ ​ဘယ်သူက ပြောနေလို့လဲ..

ရှင် တွေးတာ များနေပြီ။ သားက ကျမရဲ့သား.. သားက ရှင်နဲ့ ဘာမှ မဆိုင်ဘူး.. သားကို ပြန်ပေးပါ.. မဟုတ်ရင် ကျမ ရဲစခန်းကို ဖုန်းခေါ်ရလိမ့်မယ်.

တော်တော်ရီစရာ ကောင်းတဲ့သူ.. သူ့သားကို ခိုးတယ် ဆိုပဲ

သူ့ အိတ်ထောင်ထဲ ရှိသော စာရွက်ကို ယူပြီး မိုရာကို ကမ်းပေးလိုက်သည်။

ဒါက သားနဲ့ DNA စစ်ထားတဲ့ စာရွက်.. မျက်လုံးဖွင့်ပြီး သေသေချာချာကြည့်ပါ..  သားက ငါနဲ့ ဆိုင်တယ်။

မိုရာ နှလုံး တုန်လှုပ်သွားသည်။ စာရွက်ကို မကြည့်ချင်ပေမဲ့လဲ စာရွက်ကို လှမ်းယူလိုက်ရသည်။ ဘာစာရွက်ပါလိမ့်..ကြည့်လိုက်တော့ DNA ကိုက်ညီကြောင်း စစ်ထားတဲ့ စာရွက်..

မိုရာ လွန်ခဲ့သောငါးနှစ် က ည ကို သတိရသွားသည်။ သူ့ အသံကို ပြန်တွေးကြည့်လိုက်သည်။ ဒီလူလိုပဲ အသံက ေအးစက်စက် သူများကို အထင်သေးတဲ့ အသံမျိုး.. ဒါဆို ဒီလူက ဟို လူယုတ်မာ ပေါ့..

ဒါဆို အဲ့ဒီညက ဒီလူပေါ့.   မိုရာ လက်သီး ခပ်ပြင်းပြင်း ဆုတ်ထားသည်။

အရှေ့က လူ ကို ကြည့်ရင်း တလှမ်းချင်းစီ လျောက်သွားလိုက်သည်။ မိုရာ သူ့ပါးကို ချခါနီး ရှင်းလဲ့ဟန် သူ့လက်ကို ဖမ်းလိုက်သည်။ မိုရာလက်ကို ချိုးလိုက်ချင်သလို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လိုက်သည်။

လွန်ခဲ့သော ငါးနှစ်က ဒေါသ နှင့် သိမ်ငယ်မှုတွေက မိုရာကို မျက်လုံးတွေ နီလာစေသည်အထိ ဒေါသ ထွက်စေသည်။..

လွန်ခဲ့တဲ့ ငါးနှစ်က ရှင်... ရှင်... အဲ့ဒီညက ရှင်... 


You are reading the story above: TeenFic.Net