အပိုင်း ၁၂၅

Background color
Font
Font size
Line height

သတိပေးရတဲ့သူက အမြဲ သူပဲ ဖြစ်ခဲ့ရပေမဲ့.. ဘယ်လိုဖြစ်ပြီး ဒီတခေါက်တော့ သူ့က သတိပေးခံရတာတဲ့လဲ.. 

ရှင်းလဲ့ဟန် မျက်နှာ မဲ သွားပြီး 

မင်းကို ချစ်တယ်..???.. မင်းတွေးတာ များသွားပြီ.. 

မိုရာ ချက်ချင်း သာသာယာယာ ရီလိုက်သည်။  

ရှင် ကျမကို မချစ်ဘူး ဆိုတာ သေချာလား.. ကျမက လှလဲလှ စမတ်လဲကျ.. ပြီးတော့ တော်တော်လေး ကို  ဆွဲဆောင်မှုရှိတာလေ.. ဒါပေမဲ့ ရှင် ကျမကို မချစ်ရင် ပိုကောင်းမယ်..မဟုတ်ရင် ရှင်ပဲ နာကျင်ရလိမ့်မယ်.. 

အားလုံး ရဲ့ နှလုံးသားထဲတွင် တော်လှန်သော စိတ် ရှိကြသလို ရှင်းလဲ့ဟန် တယောက် အပါ ဖြစ်သည်။ ဒီလို အမျိုးသမီး တယောက်က သူ့ကို သတိပေးရတယ် ဆိုတာ.. သူ စိတ်လွတ်နေလို့လား.. 

မင်းက စမတ်ကျတယ်..  လှတယ်.. စွဲဆောင်မှု ရှိတယ်.. ဟုတ်လား.. ကိုယ်များ မျက်စိကမ်းနေလာမသိဘူး.. ကိုယ်ကတော့ မမြင်ဘူးရယ်.. 

ရှင်းလဲ့ဟန် က မျက်လုံး အကျယ်ကြီးဖွင့်ပြီး တည့်တည့်ပင် လိမ်လိုက်သည်။ 

အမျိုးသမီးလေးက အသားရောင် ညအိပ်ဝတ်စုံ ဝတ်ထားပြီး ဆံပင်ကိုလဲ စည်းထားလေသည်။ သူ့မျက်နှာက ဘာမှမလိမ်းထားပဲ မျက်နှာပြောင်လေး နဲ့ ဆိုပေမဲ့ တော်တော်လေးလှပြီး ဆွဲဆောင်မှု ရှိနေလေသည်။ 

သူ့စကားကြောင့် မိုရာ နဲနဲလေး စိတ်ဆိုးသွားပေမဲ့.. ထိုလူ သူ့ကို မုန်းနေတယ် ဆိုရင် ... သူ သဘောကျသည်။ ဒါမှ သူက ပိုပြီး လုံခြုံမှာ မဟုတ်ဘူးလား.. 

ကောင်းပါတယ်.. ရှင် စားပြီးပြီလား.. ကျမ ပန်းကန် သွားဆေးတော့မယ်.. 

မိုရာ ပြောပြီးသည်နှင့် ရပ်လိုက်ကာ ပန်းကန် ကို ဆွဲယူ လိုက်သည်။ 

ဟ.. ကိုယ် စားလို့ မပြီးသေးဘူးလေ.. မင်းဘာလောနေတာလဲ.. မင်း အိပ်ငိုက်ရင်လဲ သွားအိပ်တော့ ကိုယ် ဆေးလိုက်ပါ့မယ်.. 

နောက်ဆုံးတော့ ရှင်းလဲ့ဟန် မိုရာ ရည်ရွယ်ချက်ကို နားလည်သွားပြီး မျက်နှာ အုံ့ဆိုင်းသွားသည်။  ဒီမိန်းမ သူ့ကို သက်သက်မဲ့ ငြင်းအောင် လုပ်လိုက်တာပဲ.. 

ကောင်းသားပဲ.. ဒါဆို ရှင်အေးအေးဆေးဆေး စားပြီး ဆေးလိုက်နော်.. ကျမ အရမ်းပင်ပန်းလို့ သွားအိပ်တော့မယ်.. 

မိုရာ ပြောပြီး အခန်းပြန်ကာ သွားတိုက်ပြီး သွားအိပ်တော့သည်။ 

ရှင်းလဲ့ဟန် လဲ စားပြီး သိမ်းပြီးနောက် သူ့အခန်းပြန်ပြီး သွားတိုက်လိုက်သည်။  သူပြန်ရောက်လာပြီး မိုရာ ကြောပြင်လေးကြည့်ကာ .. တွံတွေး မျိုချလိုက်ပြီး ဘေးက ခေါင်းအုံးမှာ ဝင်အိပ်လိုက်သည်။ 

မီးပိတ်အုံးနော်.. 

မိုရာ ပြောလိုက်တော့ ရှင်းလဲ့ဟန် လဲ ဘေးက ခလုပ်ကို လှမ်းပြီး ပိတ်လိုက်သည်။ အခန်းက ရုတ်တရက် မှောင်ကျသွားပြီး အသံလဲ တိတ်ဆိတ်ကာ လူနှစ်ယောက် အသက်ရှုသံကို သာ အတိုင်းသား ကြားနေတော့သည်။ 

မိုရာ ချက်ချင်း မအိပ်ပျော်..  ဘယ်လိုလုပ်ပြီး အိပ်ပျော်နိုင်မှာလဲ.. ဘေးမှာက ရှင်းလဲ့ဟန်.. မိုရာမှာ တကိုယ်လုံး တောင့်တင်းသွားသလို ခံစားလိုက်ရသည်။  

ရှင်းလဲ့ဟန် ခဏလေးတော့ ငြိမ်ငြိမ်လေး အိပ်နေပေမဲ့ ခနနေတော့ သူ ဘေးတစောင်း ပြောင်းလိုက်သည်။ .. သူ ခြေတံရှည်က စောင်ကို ကျော်ခွသွားပြီး မိုရာ့ ခြေသလုံး ကို သွားကန်မိတော့သည်။ 

ရှင်းလဲ့ဟန် မျက်လုံးက စွန်တကောင်ရဲ့ မျက်လုံးလို မဲနက်နေပြီး အမှောင်ထဲမှာ ကျင့်သားရသွားသည်။  မိုရာ ရှောင်လိုက်တာကို တွေ့ပြီး တမင်သက်သက် ခြေထောက်ကို ထပ်ဆန့်လိုက်ကာ.. မိုရာ့ ခြေသလုံးကို ထိမိသွားပြန်သည်။ မိုရာက ဘေးဖက် နောက်နဲနဲ တိုးလိုက်သည်။ အမှောင်ထဲက ရှင်းလဲ့ဟန် နှုတ်ခမ်းထောင့် ကော့တက် သွားတော့သည်။ 

ထိုအချိန် မိုရာ မျက်ခုံးတွေက တွန့်သွားသည်။ ရှင်းလဲ့ဟန် တမင်သက်သက် လုပ်နေမှန်း သူ သိသားပင်။ ထို့အပြင် ရှင်းလဲ့ဟန် က သူ့ကို စိန်ခေါ်ပြီး ထပ်ခါခါ နှောက်ယှက်နေသည်။ 

နောက်ဆုံး ရှင်းလဲ့ဟန် လက်က စည်းကျော်လာသောအခါ.. မိုရာ ဒေါသတကြီး လှည့်ပြီး သတိပေးလိုက်သည်။ 

ရှင် .. မပြီးသေးဘူးလား.. .. ရှင်း ဒီလို ဆက်လုပ်နေရင် ကျမ တခြားအခန်း သွားအိပ်တော့မှာ.. 

ရှင်းလဲ့ဟန်မျက်နှာကို စောင်က တစိတ်တပိုင်း ဖုံးနေသည်။ နောက်တဝက်က မီးအလင်းရောင် နဲနဲလေးအောက်မှာ ထင်းနေသည်။  သူ့မျက်နှာက 3D နှင့် ဆွဲခြယ် ထားသလို ဖြစ်ပြီး သူ့မျက်လုံး က တောက်ပနေပြီး ဆွဲဆောင်မှုကလဲ အပြည့်... 

ရှင်းလဲ့ဟန် နှုတ်ခမ်းကိုက်ပြီး ရုတ်တရက် ကြားက စောင်ကို ကန်ချလိုက်သည်။ 

ဒီလို စောင် နဲ့ ကိုယ် မအိပ်တတ်ဘူး.. 

 ရှင်.. 

ရှင်းလဲ့ဟန် အပေါ်ပိုင်း က မိုရာ နှခေါင်းနားနီးနီးရောက်နေသည်။  အပြင်က အလင်းရောင် ကြောင့် ရှင်းလဲ့ဟန် ကိုယ်ကို တစိတ်တပိုင်း တွေ့နေရပြီး ပိုအန္တရာယ်များနေသလို ပိုပြီးလဲ စွဲစောင်မှု ရှိနေလေသည်။ 

ဒီလိုပဲ အိပ်ရအောင်.. 

ပြောပြီးးသည်နှင့် တမင်သက်သက် မိုရာဖက်ကို ပိုတိုးလာသည်။ အေးစက်သော အမျိုးသား ကိုယ်နံ့နှင့် ရေချိုးပြီးခါစ ရေချိုးဆပ်ပြာနံ့တို့ကြောင့် မိုရာ ပို စိတ်ရှုပ်လာသည်။ ဒီလူရဲ့ ကိုယ်သင်းနံ့က တော်တော်လေး ဆွဲဆောင်မှုရှိတယ်..  

တိတ်ဆိတ်မှုကြီးစိုးနေသော အခန်းတွင်.. မိုရာ ငြိမ်ငြိမ်လေး လဲနေပြီး နောက်ကျောမှ လှုပ်ရှားမှုတွေ နားထောင်နေသည်။  

ရှင်းလဲ့ဟန် ကလဲ အိပ်မပျော်ပေ.. မိုရာ နောက်ကျောပြင်ကို ကြည့်ပြီး လွန်းခဲ့သော ငါးနှစ် က ည ကို သတိမရပဲ မနေနိုင်.. 

မိုရာ ... တကယ်လို့ ကိုယ်မင်းကို ကြိုက်တယ် လို့ ပြောရင်.. မင်းဘယ်လို တုန့်ပြန်မလဲ

ထိုအချိန် နှလုံးသားထဲက ခံစားချက်တွေကို ရှင်လဲ့ဟန် ဖွင့်ပြောလိုက်ချင်သည်၊ 

ကျမပြောတယ်မလား.. ကျမကို မချစ်မိစေနဲ့လို့.. 

တကယ်လို့ ချစ်မိရင်ကော.. 

ရှင့်ကို ပြန်မချစ်ဘူး.. 

ရုတ်တရက် ရှင်းလဲ့ဟန် လက်ကို ထုတ်ပြီး မိုရာကို ဆွဲလိုက်သည်။ 

သေချာလား.. 

မိုရာမှာ တောင့်တင်းသွားပြီး  သူ့ကို လှည့်ကြည့်ကာ.. 

အိပ်တော့.. 

ကိုယ်က တခြားလူ နဲ့ လက်ထပ်ပြီး သားမှာ မိထွေးရ ပြီးရင် အဲ့ဒီ မိထွေးက မင်းမိထွေးက မင်းကို ဆက်ဆံသလိုမျိုး မင်း မြင်ချင်တာလား.. 

မိုရာ စိတ်တွေ လှုပ်ရှားလာသည်။  ဒီစကားတွေက မိုရာ့ အရှိုက်ကို ထိလိုက်သလိုပင်.. သို့ပေမဲ့ အခုချိန်က ဒီခေါင်းစဉ် ဆွေးနွေးလို့  ကောင်းတဲ့ အချိန်မဟုတ်ပေ.. မိုရာ ရှင်းလဲ့ဟန် ကို နဲနဲ တွန်းလိုက်ပြီး 

နောက်မှ ပြောရအောင်.. 

ကောင်းပြီလေ.. ကိုယ် တယောက်ယောက်နဲ့ လက်ထပ်နိုင်အောင် အမြန်ဆုံးကြိုးစားမယ်.. ပြီးရင် သားကို ရှင်းအိပ်တော် ပြန်ခေါ်သွားမယ်.. 

ရှင်းလဲ့ဟန် မိုရာကို ခြိမ်းခြောက်ဖို့ အစီအစဉ်ဆွဲလိုက်သည်။ 

ရှင်..တခြားလူနဲ့ လက်ထပ်ရင်.. သားကို ခေါ်သွားဖို့ တွေးတောင် မတွေးနဲ့.. 

မိုရာ့စကားကြောင့် ရှင်းလဲ့ဟန် နဲနဲ နှုးညံ့သွားသည်။ 

ကိုယ်တို့ တသက်လုံး လက်မထပ်ပဲ နေသွားလို့မှ မရတာ.. 

ဒါက ရှင့်ပြသနာလေ ကျမနဲ့ ဆိုင်မှ မဆိုင်တာ.. 

မင်းကိုယ့်ကို စိတ်ချမ်းသာအောင် ထားရင် ကိုယ် လက်မထပ်ပါဘူး..  

ရှင် .. စကားများလိုက်တာ.. အိပ်တော့ဆို.. 

မိုရာ ခပ်စပ်စပ် ပြောလိုက်သည်။ 

ရှင်းလဲ့ဟန် နှခေါင်း ရှုံ့လိုက်သည်။ ဒီအမျိုးသမီးက စကားပြောလို့တောင် မရဘူးလား.. အမြဲတမ်း မာနတခွဲသားနဲ့ နေတဲ့ ရှင်းသခင်လေးကရော ဘယ်ရောက်သွားလဲ..  ဒီအမျိုးသမီးနဲ့ တွေ့ရင် သူ့မှာ လေအိုးဖြစ်သွားပြီး သူက သူနဲ့တောင်မတူတော့.. 

မိုရာကတော့ တော်တော်လေးကို အိပ်ငိုက်နေပြီ.. ပြီးတော့ သူ့ရဲ့ တွက်ချက်မှုအရ သူ ရာသီ လာဖို့ နီးနေပြီ ဖြစ်သောကြောင့် တော်တော်လေး ပင်ပန်းနေပြီး အိပ်ချင်နေသည်။ 

မိုရာ အိပ်ပျော်သွားသည့်အချိန် ရှင်းလဲ့ဟန် မှာ ခေါင်းကြည်နေတုန်းပင်..မိုရာ ကျောပြင်ကို ကြည့်နေသည့်အချိန် မိုရာ့ အသက်ရှူသံ မှန်မှန် ကြားလိုက်သောကြောင့် မိုရာ အိပ်ပျော်သွားမှန်း သိလိုက်သည်။ 

ကျွတ် .. ဒီအမျိုးသမီးကတော့ သူ့မှာ အကုန်လုံးနီးပါး ချွတ်ပြီး ဆွဲဆောင်တာတောင် .. အေးအေးလူလူ အိပ်နိုင်တယ်တဲ့လား..   သူ့ရဲ့ စွဲဆောင်နိုင်မှုစွမ်းရည်က ကျဆင်းသွားပြီလား.. မိုရာကို ခေါ်ထပြီး မေးလိုက်ချင်ပေမဲ့ သူမှာ အသက်ပြင်းပြင်းသာ ရှူလိုက်ရင်း ဘာမှ လုပ်လို့မရ.. 

မိုရာ့ အသက်ရှူသံကို နားထောင်ပြီး နောက်ကျ ဘာလုပ်မလဲ ဆိုတာ တွေးနေမိသည်။ တခုသေချာတာကတော့... ဒီအမျိုးသမီး သူကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်ရ....ဟို မော်ဖေး အပါ အဝင်ပေါ့.. 

တွေးသွားတွေးလာရင်း ရှင်းလဲ့ဟန် အိပ်ငိုက်လာသည်။ မိုရာကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီး သူ့ဆန္ဒတွေ ချိုးနှိမ်ကာ အိပ်စက်လိုက်ရသည်။ 


You are reading the story above: TeenFic.Net