အပိုင်း ၁၁၄

Background color
Font
Font size
Line height

ရှင်းလဲ့ဟန် အနေနှင့် ဘယ်အကြောင်းအရာမှာဖြစ်ဖြစ် မိုရာ အထင်သေးမှာ လုံး၀မလိုချင်ပေ... မိုရာမျက်စိထဲမှာ သူ အကောင်းဆုံး ဖြစ်ချင်မိသည်။ မော်ဖေးက မိုရာအတွက် ဘယ်တော့မှ မေ့မဲ့သူ မဟုတ်ဘူး ဆိုတာ ဖြစ်နိုင်ပေမဲ.. ရှင်းလဲ့ဟန် အနေနှင့် ထိုလူကို မိုရာရဲ့ နှလုံးသားထဲကနေ ထွက်သွားအောင် ညစ်ထုတ်လိုက်ပြီး သူကသာ မိုရာ့နှလုံးသားမှာ အပြည့်နေရာယူထားချင်သည်။ 

ရှင်းလဲ့ဟန်ကတော့ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိနေသည်။  သူလိုချင်တာတွေအတွက် ဘယ်လိုမှ အရှုံးပေးလို့မဖြစ်ပေ။  

မိုရာ သီချင်းအသစ်အတွက် သံစဉ် ရှာနေရင်း တချက်တချက် မီးဖိုချောင်တံခါးကို လှမ်းကြည့်မိသည်။ မိုရာ သွားပြီး ကြည့်ချင်ပေမဲ့ ရှင်းလဲ့ဟန်က မချက်နိုင်ပဲ သူ ရှက်သွားမှာလဲ စိုးရိမ်မိလေသည်။ မိုရာစောင့်ရင်း စောင့်ရင်း .. ဘာမှ လုပ်ချင်စိတ်မရှိတော့ပေ.. ဒီနေ့ညစာ မစားရတော့မှာလဲတကယ် စိုးရိမ်မိလေသည်။  

ရှင်းလဲ့ဟန်ကို မယုံကြည်တာမဟုတ်သော်လဲ... တခါမှ မချက်ပြုတ်ဖူးတဲ့လူဆီကနေ ဘာများမျှော်လင့်လို့ရပါ့မလဲ...မိုရာတောင်မှ သူ့ချက်ပြုတ်ရေး တိုးတက်လာအောင် နှစ်အကြာကြီး ကြိုးစားခဲ့ရတာလေ.. 

မေမေ ရှုကြည့်ပါအုံး.. .. ဟင်းနံ့ကောင်းလိုက်တာ.. 

ကောင်လေးက ပြောလိုက်သည်။ 

မိုရာ အနံ့ရှုကြည့်ရင်း.. မီးဖိုချောင်ကို ကြည့်လိုက်သည် အနံ့ကြောင့် မိုရာ ပိုပြီး ဗိုက်ဆာလာသလိုပင်.. 

နေပါအုံး နေပါအုံး... 

မီးဖိုချောင်တံခါးပွင့်သွား‌ေတော့ ကောင်လေးက ချက်ချင်းပြေးသွားပြီး မေးလိုက်သည်။

ဖေဖေရေ.. ခုစားလို့ရပြီလား.. 

ရှင်းလဲ့ဟန် က ဟင်းပွဲ နှစ်ပွဲကို ယူပြီး ထွက်လာတော့ မိုရာလဲ မတ်တပ်ရပ်လိုက်သည်။ ဝါး ဒီလူ ဝက်နံရိုး ချိုချဉ် တကယ်ချက်ခဲ့တာပဲ.. .. နောက်ထပ်ဟင်းပွဲတွေကတော့ .. ပန်းကန်ပြားပေါ်.. လှလှပပ စီလာသော ပုဇွန်ကြော်.. ခရမ်းသီး..ခရမ်းချဉ်သီး တို့နှင့် ကြော်ထားသောကြက်ဉ က‌တော့ ကောင်လေးအကြိုက်ပင်.. 

ဟင်းပွဲတွေ ယူလာပြီးနောက် ထမင်း အိုးကော သယ်လာလိုက်သည်။ 

ဒီနေ့ ကိုယ် ဟင်းသုံးမျိုးချက်ထားတယ်.. စားကြည့်.. 

ဒါက ရှင့်ပထမဆုံး ဟုတ်လို့လား.. ရှင် လျောက်ပြောတာမဟုတ်ပါဘူးနော်.. 

ကိုယ့်ပထမဆုံး ချက်တဲ့ ဟင်းလျာတွေပါ.. စားကြည့်.. 

ဖေဖေ.. မေမေ ပြောချင်တာကလေ.. ဖေဖေ အရမ်းကို တော်တာပဲ.. ကြည့်ရုံနဲ့ စားလို့ကောင်းမှာ သေချာနေပြီ.. 

သားပြောတာကို နားထောင်ပြီး ဘေးမှာရပ်နေသော မိုရာကို ကြည့်ပြီး ရှင်းလဲ့ဟန် မေးလိုက်သည်။ 

စားကြည့် ကောင်းလား.. 

မိုရာထိုင်လိုက်တော့ ရှင်းလဲ့ဟန်က ထမင်းခူးပြီး မိုရာကို ကမ်းပေးလိုက်သည်။ မိုရာ ယူပြီး တူနှင့် ဝက်နံရိုးချိုချဉ်ချက်ကို မြည်းကြည့်လိုက်သည်။ ဝါး... စားလို့ကောင်းလိုက်တာ... သူကိုယ်တိုင်ချက်တာထက်ပင် စားလို့ကောင်းနေသည်၊ 

စားလို့ကောင်းလား.. 

ရှင်းလဲ့ဟန် က မိုရာကို ကြည်ပြီး ထပ်မေးလိုက်သည်။ 

မိုရာပြုံးလိုက်ပြီး ခေါင်းငြိမ့်ကာ.. 

စားလို့ကောင်းလိုက်တာ.. တကယ် စားလို့ကောင်းတယ်.. 

ဒါက ချီးကျူးတာမဟုတ်ဘူး.... တကယ် အမှန်ကို ပြောတာ.. 

ဖေဖေ.. တော်လိုက်တာ.. 

ကောင်လေးက သူ့အကြိုက် ကြက်ဉ ကြော်ကို စားပြီး ပြောလိုက်သည်။ 

ရှင်းလဲ့ဟန် အခုမှ သက်ပြင်းချမိတော့သည်။ ပထမ ဆုံး ချက်တဲ့အခေါက်မှာ .. သူ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပေ.. သူ ပြုံးပြီး ကောင်လေးကို ပြောလိုက်သည်၊ 

စားကောင်းရင် များများစား.. 

ဟုတ်ဖေဖေ.. 

ကောင်လေးက ထမင်းတွေ အများကြီး စားလိုက်သည်။ မိုရာ ဝက်သားဖတ် တခုကို ယူပြီး သားကို ထည့်ပေးလိုက်သည်။ ပြီးနောက် ပုဇွန် ကိုလဲ ခွါပေးလိုက်လေသည်။ ဒီနေ့တော့ တော်တော် အဆင်ပြေသည့် တနပ် ပင်၊။ သူ စိတ်ပူခဲ့တာက အလကားပင်.. သူ ရှင်းလဲ့ဟန် စွမ်းဆောင်ရည်ကို အထင်သေးခဲ့တာပဲ.. 

နောက် ကိုယ်အချိန်ရှိရင်.. ထပ်ချက်ကျွေးမယ်.. 

ရှင်းလဲ့ဟန် ချက်ပြုတ်ရေးကို သဘောကျသွားသလိုပင်။ 

ဒါဆို မေမေ နဲ့ သားတော့ တော်တော်လေး ပျော်မှာ.. 

ကောင်လေးက ပြောပြီး သူ့မေမေကို ကြည့်ကာ မေးလိုက်သည်၊ 

မေမေရော.. ဘယ်လိုထင်လဲ.. 

မိုရာ ခေါင်းငြိမ့်ပြီး 

အင်း ... အရမ်းပျော်မှာ.. 

ရှင်းလဲ့ဟန် မိုရာကို ကြည့်လိုက်ပြီး မိုရာက ဟန်ဆောင်ပန်ဆောင်ပြောတာမဟုတ်ပဲ တကယ်ကြီး ပြောနေမှန်း ခံစားလိုက်ရကာ.. ပြုံးလိုက်သည်။ 

မိုရာကို ပျော်အောင်လုပ်သည့်နည်းလမ်း သူတွေ့သွားပြီ... သူ့ကို ချက်ကျွေးဖို့ပင်.. 

စားသောက်ပြီးနောက် မိုရာ ပန်းကန်တွေဆေးလိုက်သည်။ ချက်ပြုတ်ပေးတာနှင့်ပင်.. သူတော်တော်လေး ကောင်းနေပြီ.. မိုရာ ပန်းကန်းဆေးသည့်အချိန် ရှင်းလဲ့ဟန်က သားကို ခေါ်ပြီး သူ့အခန်းဖက်သွားပြီး ဆော့လိုက်သည်။ 

မိုရာ ပန်းကန်ဆေးပြီး ရေချိုးလိုက်သည်။  သားပြန်မလာသေးခင် မိုရာ စာအုပ်ကို ယူပြီး ဖတ်လိုက်သည်။ ကိုးနာရီထိုးခါနီးနေပြီ... မိုရာသားကို အချိန်မှန် အိပ်စေချင်သည်။ 

မိုရာ တံခါးကို ဖွင့်ပြီး ရှင်းလဲ့ဟန် အခန်းဖက် ဝင်သွားလိုက်သည်။ အခန်းထဲ သားအဖ နှစ်ယောက်စလုံးမတွေ့ရ.. ရေချိုးခန်းထဲမှ အသံကြားလိုက်တော့ကြောင့် သားရေချိုးနေတာလို့ သူထင်လိုက်သည်။ 

သားကို ရေမချိုးပေးရတာကြာပြီဆိုတော့ သားကိုယ်လေးကို ကြည့်ချင်လာပြီး ချောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ မိုရာ ရေချိုးခန်းတံခါးနားကို လျောက်သွားလိုက်သည်။ တွန်းဆွဲ တခါးပုံဖြစ်ပြီး သော့မခတ်သောကြောင့်  အလွယ်တကူ တွန်းဖွင့်နိုင်သည်။  မိုရာ သားရေချိုးကန်ထဲမှာ ရှိနေမည်ထင်ပြီး တံခါးဖွင့်လိုက်သည်။ 

မိုရာ ရေချိုးခန်းကို ဖွင့်ပြီး ကြည့်လိုက်တော့ လန့်သွားတော့သည်။ ရေချိုးကန်ထဲမှာ ရှင်းလဲ့ဟန်က အဝတ်မပါပဲ ထိုင်နေပြီး သူ့ရင်ဘတ်က ကြွက်သားတွေ.. သူ့ပုခုံး လိုင်းတွေကလဲ ပြည့်စုံလှပြီး သူ့လက်က ရေချိုးကန်ပေါ်တင်ထားလေသည်။  သူ့ခြေထောက် တွေကလဲ တင်ထားလေသည်။ သူ့ပုံလေးက တော်တော်လေးကို ဆက်ဆီကျနေသည်။ 

သားက သူ့မျက်နှာချင်းဆိုင်ထိုင်နေပြီး လှေလေးနှင့် ကစားနေသည်။ 

တခါးဖွင့်သံကြားလိုက်ပြီး သားအဖ နှစ်ယောက်စလုံး မျက်လုံးပြူးနေသော မိုရာကို တွေ့လိုက်သည်။ 

ဘုရား.. ဒီလူ သားနဲ့ တူတူ ရေချိုးကန်ထဲမှာ.. 

အ.. 

မိုရာ သတိဝင်သွားပြီး.. လက်နှင့် မျက်စိကို ဖုံးလိုက်သည်။  

မေမေ သားတို့ ရေချိုးတာကို လာကြည့်တာလား.. 

ကောင်လေးက ရီရင်း မေးလိုက်သည်။ 

ရှင်းလဲ့ဟန် နှုတ်ခမ်းထောင့်ကော့တက်သွားပြီး ရွတ်နောက်နောက်အပြုံး သူ့မျက်နှာမှာ ပေါ်လာလေသည်။ မိုရာ သူ့ကိုယ်ကို တွေ့သွားတယ် ဆိုရင်တောင် ကိစ္စမရှိ.. သူ့ကိုယ်ကို သူ ယုံကြည်ချက်အပြည့်ရှိလေသည်။ 

သားရေ မြန်မြန်ချိုးတော့ အိပ်ရတော့မယ်.. 

မိုရာ ခပ်မြန်မြန်ပြောပြီးသည်နှင့် ရေချိုးခန်းတံခါးကို မြန်မြန်ပိတ်ကာ အပြေးထွက်သွားတော့သည်။ 

ဘုရား .. သူဘာတွေ တွေ့ခဲ့ပါလိမ့်.. ဘာမှမဝတ်ထားတဲ့ ရှင်းလဲ့ဟန် ကိုယ်ခန္ဓာအားလုံး နီးပါးကို... သူမတွေ့သင့်တဲ့နေရာကို မတွေ့ခဲ့ပေမဲ့.. မိုရာမှာ မျက်စိထဲ မြင်ယောင်သွားပြီးပြီ... 

မိုရာ အခန်းထဲကို အမြန်ဝင်လိုက်သည်။ သူ့နှလုံးသားခုန်သံက မူမမှန်သေးပေ...  သူ နှုတ်ခမ်းကို ကိုက်လိုက်ပြီး .. မျက်စိကို မကျေမနပ် ပွတ်လိုက်သည်။ 

ကိုးနာရီ ဆယ့်ငါးမိနစ်လောက်မှာ အခန်းတံခါးဖွင့်သွားပြီး သားအဖ နှစ်ယောက်ဝင်လာသည်။ ကောင်လေးက ကာတွန်းရုပ် ဝတ်စုံ ဝတ်ထားပြီး ရှင်းလဲ့ဟန်ကတော့ အနက်ရောင် ဖဲသား ညဝတ်စုံ ဝတ်ထားလေသည်။  

သားရေ.. လာ အိပ်ရာပေါ် မြန်မြန်တက်.. 

ကောင်လေးကလဲ အိပ်ရာပေါ် မြန်မြန်တက်လိုက်လေသည်။ ရှင်းလဲ့ဟန် အိပ်ခန်းတံခါးကို ပိတ်လိုက်တော့ မိုရာက မကြိုက်သလိုကြည့်လိုက်သည်။ မိုရာ အကြည့်ကို ကြည့်ပြီး ရှင်းလဲ့ဟန် နားလည်သွားသည်။ မနက်က ဆွေးနွေးမှုကို ညရောက်တော့ မေ့သွားပြီတဲ့လား.. မမှတ်မိသလို ဟန်ဆောင်နေတာလား.. 

တလ အတွက် .. ပြောထားတာတွေ မင်းမေ့သွားတာ မဟုတ်ဘူးမလား.. 

ရှင်းလဲ့ဟန် မိုရာကို သတိပေးလိုက်သည်။ ထိုအချိန်မှ မနက်က ရှဲ့ယန်အတွက် အပေးအယူ ကိစ္စကို မိုရာ သတိရသွားပြီး မျက်နှာရဲခနဲ့ ဖြစ်သွားသည်။ 

ကောင်လေးကလဲ သတိပြုမိသွားပြီး

ဖေဖေလဲ ဒီမှာအိပ်လို့ရတာလား..

သေချာတာပေါ့.. ဖေဖေ မေမေနဲ့ တလ အတူတူ အိပ်လို့ရတယ်.. သားရေ သုံးယောက်တူတူအိပ်မယ်ဆို နဲနဲတော့ ကျပ်မယ်နော်.. 

ရှင်းလဲ့ဟန် သားကို အချက်ပြလိုက်သည်။ 

ဘာမှ မကျပ်ဘူး.. ကျမက နဲနဲပဲ နေရာယူမှာ.. သားလဲ ဒီမှာ တူတူအိပ်မှာ ရှင်က ဟိုဖက်ဘေးမှာအိပ်.. 

မေမေ .. နဲနဲ ကျပ်မှာနော့ .. သားမေမေ့ကို ကန်မိမှာကြောက်တယ်.. သားအခန်းမှာပဲ သွားအိပ်လိုက်မယ်လေ.. မေမေက ဖေဖေနဲ့အိပ်.. 

မရဘူးလေ..မေမေလဲ သားနဲ့ မအိပ်ရတာကြာပြီလေ သားကို ဖက်ပြီး အိပ်ချင်လို့.. 

မိုရာကတော့ သားကို မလွတ်နိုင် သားက သူ့ကို ကာပေးမည့် ထီးတခု လိုပင်.. 

ဟုတ်.. 

ကောင်လေးကလဲ ပျော်ပျော်ရွင်ရွင် မေမေ့ ရင်ခွင်ထဲဝင်ပြီး မိုရာ့ လက်မောင်းကို ဖက်ထားလိုက်သည်။ 

ဖေဖေ သားဘေးမှာအိပ်.. အကျယ်ကြီးပဲ.. 

ရှင်းလဲ့ဟန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီအမျိုးသမီးတော့ ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ သားကို ခေါ်ထားတာနေမှာ.. သို့ပေမဲ့ သူ့အတွက် အချိန်တလတောင် ရှိတယ် ဆိုတော့ တလလုံး မိုရာ သားကို ဖက်ပြီး အိပ်နိုင်မည့်ပုံတော့မပေါ်.. မနက်ဖြန် သားကို အဖိုးအဖွား အိမ်ပို့လိုက်ရင်ကော.... မိုရာ ဘာတတ်နိုင်သေးလဲ.. 

ရှင်းလဲ့ဟန်ဘေးမှာ ဝင်အိပ်လိုက်သည်နှင့် မိုရာလဲ မီးပိတ်လိုက်ကာ တခန်းလုံး အမှောင်ကျသွားလေသည်။ သားလက်လေးတွေက မိုရာမျက်နှာကို လာကိုင်သည်။ သားငယ်ငယ်ကတည်းက မိုရာ မျက်နှာကို ကိုင်ပြီး အိပ်သည့်အကျင့်ရှိလေသည်။ 

ကောင်လေးက သူ့ဖေဖေ ကို သတိရသွားပြီး သူ့လက်လေးနှင့် သူ့ဖေဖေမျက်နှာတဖက် မေမေ့မျက်နှာတဖက် ကိုင်ကာ တော်တော် ပျော်သွားသည်။ 

ရှင်းလဲ့ဟန် ဘေးစောင်းလိုက်ပြီး သားကို ဖက်လိုက်သည်။ သားက မိုရာနှင့်တော်တော်နီးကပ်နေသောကြောင့် သူ့လက်က မိုရာ့ခါးကို ဖက်မိသွားလေသည်။ 

မိုရာ သူ့ကို အသံတိုးတိုးနှင့် သတိပေးလိုက်သည်။ 

အိပ်တော့.. 

ပြောပြီးသည်နှင့် ရှင်းလဲ့ဟန် လက်ကို ပုတ်ထုတ်လိုက်လေသည်။ အမှောင်ထဲမှာ ရှင်းလဲ့ဟန် မျက်နှာ ပြုံးသွားသည်။ သားမအိပ်နိုင်မှာ စိုးသည်နှင့် သူတို့နှစ်ယောက်ဘာမှ ထပ်မလုပ်တော့.. ခနနေတော့ ကောင်လေး အိပ်ပျော်သွားလေသည်။ 

ဆယ်မိနစ်လောက် တိတ်ဆိတ်ပြီးနောက်.. ရှင်းလဲ့ဟန် တိုးတိုးလေး မေးလိုက်သည်။ 

မင်း အိပ်ပျော်သွားပြီလား..

ရှင် ... ဘာမှ မပြောပဲ အိပ်လို့မရဘူးလား..

မိုရာ့ရင်ခွင်ထဲ အိပ်ပျော်နေသော သားကို ရှင်းလဲဟန် ဖက်လိုက်သည်။ ကောင်လေးက လိမ့်ပြီး ရှင်းလဲ့ဟန် ဖက်ရောက်လာသည်။ 


You are reading the story above: TeenFic.Net