3

Background color
Font
Font size
Line height

"အခုလိုက်ချင်လား ကျွန်တော့်အိမ်ကို "

ဆိုဖာပေါ်မှာထိုင်နေရင်းဆောင်းဟွန်းဟာခပ်ဆဆမေးလာသည်။

အဖြေပြန်မပြုမိပါပဲ ဂျေးအသာငြိမ်နေလိုက်သည်။
အမှန်တိုင်းပြောရရင် ဆောင်းဟွန်းရဲ့အိမ်ဆီသူမသွားချင်ပါ။
အကြောင်းပြချက်ရယ်လို့မရှိသော်ငြား စိတ်ကတကယ်ကိုမသွားချင်။

"အင်း အားနာလိုက်တာ ငါမင်းအိမ်မလိုက်ချင်သေးဘူး "

လေသံခပ်လေးလေးဖြင့်အဖြေပြုမိတော့ ဆောင်းဟွန်းဟာ သူ့ဆီခေါင်းလှည့်လာရင်း ခပ်တွေတွေစိုက်ကြည့်သည်။

ထိုအကြည့်တွေမှာ အလိုမကျဟန်ရော စိတ်ဆိုးနေဟန်ပါမတွေ့ရ။
ဆောင်းဟွန်းရဲ့ပုံစံအတိုင်း အကြည့်တွေကလည်းရိုးရိုးစင်းစင်း။
ဆောင်းဟွန်းရဲ့စိတ်ထဲဘာရှိနေတယ်ဆိုတာကိုဂျေးမသိနိုင်တဲ့အပြင်မခန့်မှန်းနိုင်။
နားမလည်နိုင်ပါ။ဆောင်းဟွန်းကိုဂျေးနားမလည်နိုင်သေးပါ။

"ရတယ် ကျွန်တော်ပဲသွားလိုက်ပါ့မယ်။ကိစ္စမရှိပါဘူး "

အေးဆေးစွာပဲဆောင်းဟွန်းဟာပြန်တုံ့ပြန်လာသည်။

ဒီလိုအေးဆေးပြနေလေတော့ ဂျေးပိုအားနာမိရ၏။
ဒါပေမဲ့လည်း သူတကယ်မလိုက်ချင်တာမို့ ဘာမှထပ်မပြောတော့။



တက္ကစီပေါ်လိုက်ပါသွားတဲ့ဆောင်းဟွန်းကိုဂျေးတစ်ချက်ကြည့်လိုက်မိရင်း...

မရိုးနိုင်တဲ့သူ့ရဲ့အလုပ်တွေဆီမှာပဲ ဂျေး
ခေါင်းနှစ်ပစ်လိုက်တော့ ဆောင်းဟွန်းအကြောင်းတောင် မေ့မေ့ပျောက်ပျောက်။


•••••


"ဂျေးက နေမကောင်းတာလား "

အဖေ့ရဲ့အမေးစကားကိုဆောင်းဟွန်းဘယ်လိုသင့်တော်မယ့်အဖြေမျိုးနှင့်ပြန်တုံ့ရပါ့မလဲ။

"မဟုတ်ဘူး အဖေ သူ့အလုပ်ကဒီနေ့မပြီးရင်မရလို့မလိုက်လာတာပါ "

အသားတုံးတွေကိုပါးစပ်ထဲအသာအယာသွတ်သွင်းနေတဲ့အဖေက ဆောင်းဟွန်းကို ခပ်လေးလေးကြည့်လာသည်။

"အင်း "

ပုဝါစကိုနှုတ်ခမ်းနားတေ့ကာ သုတ်နေရင်း ဆောင်းဟွန်းရင်ထဲ ကလှိုင်းကဆန်ဖြစ်ရသည်။
ဆောင်းဟွန်းနားရွက်ဖျားတွေထပ်နီလာပြန်၏။
ဒါဟာစိတ်တွေမတည်ငြိမ်ရင်ဖြစ်နေကျလက္ခဏာ။

အမေကတစ်ချက်တစ်ချက်သူ့ဆီကြည့်လာသော်လည်း ဘာစကားမှမပြောလာ။

ဆောင်းဟွန်းအစားအသောက်ကိုသာအာရုံစိုက်စားလိုက်ရင်း...

ခပ်ကျယ်ကျယ်ထမင်းစားခန်းကဇွန်းသံခရင်းသံကလွဲရင် တိတ်ဆိတ်လျက်။

"ကျွန်တော် ဒါဆိုပြန်တော့မယ်။ကောင်းကောင်းနေရစ်ခဲ့ပါ "

အဖေနဲ့အမေကိုနှုတ်ဆက်တော့ အသာအယာသူ့အားပြန်ပြုံးကြသည်။

ခပ်ကျယ်ကျယ်ခြံဝန်းထဲကဆောင်းဟွန်းထွက်လာလိုက်ရင်း အသင့်ခေါ်ထားတဲ့တက္ကစီပေါ်ဝင်တက်လိုက်သည်။

ရာသီဥတုဟာမပူသော်ငြားဆောင်းဟွန်းစိတ်ထဲပူနေသလိုခံစားရ၏။
ကားပြတင်းကိုတစ်ဝက်လောက်ဖွင့်လိုက်ရင်း ခပ်အေးအေးလေညှင်းတို့ကိုအသာအယာရှုရှိုက်မိသည်။

ညမီးရောင်အောက်မှာ လူတွေကပျားပန်းခတ်များပြားနေတုန်း။
ဆိုးလ်မြို့လယ်ခေါင်က ည၉နာရီကျော်နေသည့်တိုင်အစည်အကားမပျက်။

အဖေတို့အိမ်နှင့်ဆောင်းဟွန်းတို့အိမ်ဟာအနည်းငယ်လှမ်းတာမို့ တက္ကစီကိုခပ်ကြာကြာစီးနေရသည်။

ကုတ်ညိုညိုထဲကပစ္စည်းကိုအသာအယာထုတ်ယူရင်း ဆောင်းဟွန်းထိုအရာကိုလက်ချောင်းတွေနှင့်ခပ်ဖွဖွထိလိုက်မိသည်။

ဓာတ်ပုံတစ်ခု။
၇နှစ်၈နှစ်အရွယ်ကလေးလေးတစ်ယောက်ရဲ့ပုံ။


••••••

အိမ်တံခါးကိုအသာတွန်းဖွင့်လိုက်ရင်း ဆောင်းဟွန်းဝင်လာလိုက်သည်။

ဧည့်ခန်းထောင့်ကနေရာဆီအကြည့်ရောက်မိတော့ တစ်နေ့လုံးရေလောင်းပေးဖို့မေ့နေခဲ့တဲ့ ပန်းတွေကသူ့ကိုစောင့်ကြိုသည်။

ရုတ်တရက် ဆိုဖာဆီကတွေ့လိုက်ရတဲ့အရာကြောင့် ဆောင်းဟွန်းအနည်းငယ်လန့်သွားမိ၏။

ဆိုဖာပေါ်မှာအိပ်နေပါတဲ့ဂျေး။

ပက်လက်လှန်ကာပစ်စလက်ခတ်လှဲလျောင်းနေတာမို့ မြင်ကွင်းကနည်းနည်းတော့ မထော်မနန်းဖြစ်နေသည်။

ဆိုဖာရဲ့အောက်ဘေးဖက်မှာခေါက်ဆွဲဘူးအကုန်တွေ၊
ကော်ဖီခွက်နှင့်ဘီယာဘူးခွံတွေကသုံးလေးဘူး။

ဆောင်းဟွန်းအမှိုက်တွေကိုအရင်သိမ်းလိုက်ရင်း ဘေးမှာပျံ့ကျဲနေတဲ့ဖိုင်တွေကိုလည်းအသာအယာစီပေးလိုက်သည်။

ဖွင့်လျက်သားLaptopကိုပိတ်ပေးလိုက်ရင်းအိပ်ပျော်နေတဲ့ဂျေးကိုအိပ်ခန်းဆီရွှေ့ပေးဖို့ပြင်သည်။

နှိုးပြီးမှ အခန်းထဲဝင်အိပ်ခိုင်းလည်းရပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသူကိုအအိပ်မပျက်စေချင်ပါ။

ခါးကနေအသာအယာဆွဲမရင်း ကိုယ်တစ်ခုလုံးကို ပခုံးပေါ်ခပ်ဖြည်းဖြည်းထမ်းတင်လိုက်၏။
အအိပ်ပျက်မှာစိုးတာမို့ ဆောင်းဟွန်းတကယ်ကိုခပ်ဖြည်းဖြည်းလှုပ်ရှားလိုက်သည်။


လေးမယ်ဆိုတာသိပေမဲ့ ခြေလှမ်းတွေစလှမ်းတော့မှပိုခက်ခဲမှန်းဆောင်းဟွန်းသိလိုက်ရ၏။
ခုနကဂျေးအားဆောင်းဟွန်းပခုံးပေါ်ထမ်းတင်ထားသည်မှန်သော်လည်း ရပ်နေခဲ့တာမို့ သိပ်သတိမထားမိ။

ခြေလှမ်းတွေကိုအိပ်ခန်းဆီဦးတည်နေရင်း ဆောင်းဟွန်းနဖူးမှာချွေးစတွေဝေ့သိီလာသည်။

အအိပ်မဆတ်တတ်သည့်ဂျေးက ဆောင်းဟွန်းရဲ့ပခုံးထက်မှာအိပ်မောကျလျက်။

ဂျေးအားကုတင်ပေါ်ခက်ခက်ခဲခဲချပေးလိုက်ရင်း ဆောင်းဟွန်းနဖူးမှာဝေ့သီနေတဲ့ချွေးစတွေကိုအသာအယာပွတ်သုတ်လိုက်၏။

ဆောင်းဟွန်းစောင်ကိုအသာလွှမ်းပေးလိုက်ရင်း အိပ်မောကျနေသည့်မျက်နှာအားစေ့စေ့ကြည့်မိသည်။

ခပ်အုပ်အုပ်ဆံပင်တို့က မျက်လုံးတွေကိုပါဖုံးနေစေသည်။ဆံစတွေကိုဆောင်းဟွန်းခပ်ဖွဖွထိကာပြင်ဆင်ပေးလိုက်၏။

ခဏတာကုတင်ထက်ကမျက်နှာအားဆောင်းဟွန်းငေးနေမိပြီးမှ နိုးသွားမှာစိုးတာမို့ တိတ်တိတ်ကလေးအခန်းထဲမှထွက်လာလိုက်သည်။

မီးဖိုခန်းဆီဝင်လာတော့ ဘေစင်ဆီမှာအပုံလိုက်ရှိနေတဲ့ပန်းကန်တွေကဆောင်းဟွန်းအားစောင့်ကြိုပြန်သည်။

ကုတ်ကိုချွတ်ကာ ရှပ်ဖြူဖြူရဲ့လက်မောင်းကိုဆောင်းဟွန်းပင့်တင်လိုက်ရင်း ပန်းကန်ဆေးရန်လက်အိတ်ဝတ်လိုက်ပါ၏။



••••••••

နားထဲမှာရေကျသံလိုလိုအသံကိုကြားလိုက်ရတာမို့ ဂျေးအိပ်နေရာမှနိုးသွားတော့သည်။

ခြုံထားတဲ့စောင်ကိုကန်ထုတ်လိုက်ရင်းဘေးဘီဝဲယာကြည့်မိတော့ သူကအခန်းထဲမှာ။
အခန်းဆီဘယ်လိုရောက်နေခဲ့တာပါလိမ့်။
ဆောင်းဟွန်းကပဲပို့ထားပေးတာဖြစ်ရမည်။

ကုတင်ဘေးစားပွဲကနာရီကိုကြည့်မိတော့ ည12နာရီတောင်ကျော်လုလု။
ဒီအချိန်ကျမှ ရေချိုးပြန်ပြီ ဒီကောင်လေး။

ဂျေးစိတ်ထဲအလိုမကျသလိုဖြစ်မိသည်။
ဆောင်းဝင်စပင်မကတော့ပဲ လုံးဝဆောင်းရာသီကြီးဖြစ်နေပြီကို ဆောင်းဟွန်းဟာမဆင်မခြင်။

ရေချိုးခန်းတံခါးဖွင့်သံကိုကြားလိုက်ရတာမို့ ဂျေးလည်းအိပ်ရာထက်မှအသာအယာထရပ်လိုက်တော့သည်။

ရေစက်တွေတွဲလွဲခိုနေတဲ့ဆောင်းဟွန်းဟာ ကြည့်လို့တော့ကောင်းပါသည်။
Bathrobeအညိုနဲ့တောင် လိုက်လိုက်ဖက်ဖက်။

"အာ ခင်ဗျားနိုးနေပြီကိုး ဗိုက်ဆာလား ဘာစားမလဲဟင် ကျွန်တော်ဘာလုပ်ပေးရမလဲ "

တဘက်ကိုဆွဲယူရင်း စိုရွှဲနေဦးမည့်ဆံပင်တွေကိုဒီတစ်ခေါက်တော့ဂျေးသုတ်ပေးဖို့အစီအစဥ်မရှိပါ။
အိပ်ချိန်ဟာကပြောင်းကပြန်ဖြစ်သွားတာမို့ ခေါင်းထဲနောက်ကျိကျိ။

"မင်းခေါင်းကိုအရင်ပြောင်အောင်သုတ်လိုက် နောက်မှပြောကြတာပေါ့။ငါမျက်နှာသစ်ဦးမယ်"

ရေချိုးခန်းဆီဝင်သွားတဲ့ဂျေးနောက်ကျောကိုကြည့်ရင်း ဆောင်းဟွန်းခဏငိုင်သွားမိသည်။

ပြောတဲ့အတိုင်းခေါင်းကိုပြောင်အောင်သုတ်ရင်း အဝတ်အစားကိုလည်းနွေးနွေးထွေးထွေးရှိမည့်အဝတ်အစားကိုသာဆောင်းဟွန်းလဲလှယ်လိုက်၏။

ဂျေးအခန်းထဲကပြန်းထွက်လာတော့ မီးဖိုထဲကိုသာတန်းတန်းမတ်မတ်ဝင်သွားလိုက်၏။

ဆောင်းဟွန်းဟာ မီးဖိုထဲမှာတကုပ်ကုပ် နှင့်ဘာတွေမှန်းမသိလုပ်နေပြန်၏။

ခုံရှည်ကိုအသာဆွဲယူရင်းဂျေးထိုင်လိုက်တော့ ဆောင်းဟွန်းဟာဂျေးဆီအကြည့်ရောက်လာသည်။

ကိုက်နေတဲ့ခေါင်းကိုဂျေးအသာဖိကိုင်ထားလိုက်ရင်း...

"သံပရာရည်ဖျော်ထားတယ် ခင်ဗျားအတွက်"

ဖန်ခွက်ကြည်ကြည်ကိုဂျေးရှေ့ချပေးရင်း ဆောင်းဟွန်းကပြောလာသည်။

သံပရာရည်ခွက်ကိုဆွဲယူရင်း ဂျေးသောက်လိုက်၏။
အရမ်းကြီးချိုမနေတဲ့ ချိုချိုချဥ်ချဥ်အရသာကလျှာဖျားအားအသင့်စောင့်ကြိုသည်။

"ဘာစားဦးမလဲ "

ကော်ဖီဖျော်နေပုံရတဲ့ဆောင်းဟွန်းဟာ ဂျေးအားစေ့စေ့ကြည့်ရင်းမေးလာသည်။

"တော်ပြီ ငါမဆာပါဘူး။ပြန်အိပ်ရင်တော့ငါအဆင်မပြေဘူးထင်တယ် "

သံပရာရည်ကိုတစ်ငုံငုံရင်းဂျေးပြန်ပြောလိုက်၏။

"အင်းးး ကျွန်တော်လည်းစာတမ်းပြင်ရမှာမို့ မအိပ်ဖြစ်ဘူးဗျ "

" စာအုပ်.... "

"ဗျာ "

"မင်းရဲ့စာအုပ်တွေငါဖတ်ကြည့်မယ်လို့ "

ဂျေးခပ်ဆတ်ဆတ်ပြန်ပြောလိုက်တော့ ဆောင်းဟွန်းကနားမလည်သလိုလုပ်နေ၏။
သဘောပေါက်သွားခါမှ ခပ်ဟဟရယ်ပြန်သည်။

စိတ်ဝင်စားစရာကောင်းလောက်မည့်စာအုပ်မျိုးကိုဆောင်းဟွန်းစာကြည့်ခန်းထဲကသွားထုတ်ယူလာလိုက်သည်။
ဆိုဖာပေါ်မှာထိုင်နေတဲ့ ဂျေးကမျက်စိတဆုံးဆောင်းဟွန်းအားလိုက်ကြည့်နေပြန်၏။

"ရော့ဗျာ "

မထူမပါးစာအုပ်နှစ်အုပ်ကိုဂျေးရှေ့အသာချပေးလိုက်သည်။

စာတမ်းအတွက်လိုအပ်သည်များကိုလည်းဆောင်းဟွန်းယူလာပြီးဖြစ်တာမို့ စလုပ်ဖို့ပြင်ရသည်။

ဆိုဖာအောက်ကအမွှေးပွအခင်းပေါ်ဆောင်းဟွန်းထိုင်ချလိုက်ရင်း ပြင်ဖို့လိုနေတဲ့စာတမ်းဆီမှာသာစိတ်နှစ်ထားလိုက်တော့၏။

ခပ်ကြာကြာခန္ဓာကိုယ်နှင့်ဦးနှောက်အားဆောင်းဟွန်းအလုပ်ပေးထားလိုက်ရင်း။

အတော်ကြာကြာစိတ်နှစ်ထားပြီးကာမှ ဂျေးကိုသတိရသည်။

တစ်ဖက်ဆိုဖာဆီအကြည့်ရောက်မိတော့ ဂျေးကဆောင်းဟွန်းအားစေ့စေ့လိုက်ကြည့်နေတာကိုတွေ့ရ၏။

"ဘာလို့လဲ စာအုပ်ကပျင်းစရာကောင်းလို့လား "

"မဟုတ်ပါဘူး မင်းကိုမျက်မှန်နဲ့တစ်ခါမှမတွေ့ဖူးတာမို့ကြည့်နေတာပါ "

ဂျေးရဲ့စကားကြောင့်ဆောင်းဟွန်းဟာခေါင်းတညိမ့်ညိမ့်။

ဖတ်လက်စစာအုပ်ကိုဂျေးအသာချထားလိုက်ရင်း ဆောင်းဟွန်းထိုင်နေတဲ့ အမွှေးပွခင်းနားကိုတိုးကပ်သွားလိုက်သည်။


"မင်းကငါ့ထက်၅နှစ်တောင်ငယ်တာဆို "

"အင်း အဲဒါကခင်ဗျားအတွက်ပြဿနာရှိလား"

သူ့စကားကြောင့် ဂျေးဟာမျက်ခုံးအသာပင့်လို့...

"မရှိပါဘူး မင်းကငါ့နာမည်လည်းမခေါ်တဲ့အပြင် တစ်ချိန်လုံးခင်ဗျား ခင်ဗျားနဲ့လုပ်နေတော့ အဲဒါကနည်းနည်းအဆင်မပြေဘူးလားလို့ "

စာတမ်းတွေကိုအသာပစ်ချရင်း ဆောင်းဟွန်း ဂျေးရဲ့စကားကိုပဲအာရုံစိုက်နားထောင်နေလိုက်၏။

"ခင်ဗျားကိုကျွန်တော်ကဘယ်လိုခေါ်ရင်ကောင်းမလဲ "

"အင်းးး ငါကမင်းအစ်ကိုအရွယ်ဆိုတော့ အစ်ကိုလို့ခေါ်ရင်လည်းခေါ်"

ဂျေးရဲ့စကားကြောင့်ဆောင်းဟွန်းအသာမျက်မှောင်ကြုံ့မိသည်။

"မခေါ်ချင်ပါဘူး ခင်ဗျားကကျွန်တော့်အစ်ကိုမှမဟုတ်တာ ဒီတိုင်း ဂျေးလို့ပဲခေါ်ပါ့မယ် "

တကယ်ပဲဆောင်းဟွန်းဟာဘယ်လိုလေးပါလိမ့်။

ဂျေးကိုဆက်မကြည့်နေတော့တဲ့ ဆောင်းဟွန်းဟာသူ့စာတမ်းတွေဆီသာပြန်ရောက်သွားတော့သည်။


••••••


မျက်စိရှေ့ကကြီးမားလှတဲ့အဆောက်အဦးကြီးကိုကြည့်ရင်း ဆောင်းဟွန်းစိတ်ထဲခပ်တွေတွေ ။

ဆောင်းဟွန်းအခုရောက်နေတာက ဂျေးရဲ့အလုပ်ခွင်ဆီ။

မှန်ဘောင်တွေနှင့်တံခါးကိုအသာတွန်းဖွင့်လိုက်တော့ ကိုယ့်နည်းကိုယ့်ဟန်လှုပ်ရှားပြေးလွှားနေကြတဲ့ လူအရွယ်မျိုးစုံကိုဆောင်းဟွန်းတွေ့ရသည်။

လက်ထဲကခပ်ပူပူဖြစ်နေတဲ့ပစ္စည်းကိုဂရုတစိုက်ကိုင်ထားရင်း 3လွှာကိုရောက်မည့်ဓာတ်လှေကားရှိရာဆီသွားလိုက်သည်။

သူ့ကိုမျက်မှန်းတမ်းမိပုံပေါ်နေတဲ့ တချို့သောလူတွေကတော့ အသာအယာကိုယ်တွေကိုရို့ရင်းသူ့အားနှုတ်ဆက်လာကြ၏။

ဓာတ်လှေကားထဲမှာလိုက်ပါလာသူက ဆောင်းဟွန်းတစ်ယောက်တည်းသာ။

3လွှာကိုအရောက်မှာတော့ မိုးပြာရောင်ဆန်ချင်သည့်နံရံကြီးတွေနှင့် လူသွားလမ်းခပ်ကျယ်ကျယ်ကိုအရင်ဆုံးတွေ့ရသည်။

အခန်းတွေဟာသိပ်ပြီးမရှုပ်ထွေးတာမို့ ခပ်ကြီးကြီးအခန်းတံခါးရှေ့မှာဆောင်းဟွန်းရပ်လျက်က အခန်းတံခါးကိုခေါက်ဖို့ပြင်လိုက်သည်။

အခန်းအပြင်ကနေရာမှာရှိနေတဲ့ အတွင်းရေးမှုးဖြစ်ဟန်တူသည့်အမျိုးသမီးက သူရောက်နေကြောင်းအထဲကိုသွားအကြောင်းကြားပေးမည့်ပုံ။

ဆောင်းဟွန်းထိုအမျိုးသမီးအားလက်အသာကာပြလိုက်ရင်း အခန်းတံခါးကိုတဒေါက်ဒေါက်ခေါက်ကာ အထဲကိုတုံ့ဆိုင်းခြင်းမရှိဝင်သွားလိုက်သည်။



"ငါက နင့်ကိုမတွေ့ရတာတအားကြာသွားတော့ စပိန်ကိုအပြီးပြန်သွားပြီထင်နေတာ"

ဝင်ဝင်ချင်းကြားလိုက်ရတဲ့ခပ်ရွှင်ရွှင်အသံကြောင့် ဆောင်းဟွန်းခြေလှမ်းတို့အနည်းငယ်တုံ့ဆိုင်းသွားမိသည်။

"ဂျေး "

မတိုးမကျယ်အသံ​ဖြင့်ဆောင်းဟွန်းခပ်ဆဆခေါ်တော့ ဂျေးဟာရုတ်တရက်သူ့ကိုမြင်လိုက်ရတာမို့ အံ့သြသွားဟန်။

ဘေးမှာရှိနေတဲ့တစ်စုံတစ်ယောက်ဆီဆောင်းဟွန်းအကြည့်ရောက်မိသည်။

အမျိုးသမီးတစ်ယောက်။
ထိုသူက ဆောင်းဟွန်းကိုခပ်တွေတွေစိုက်ကြည့်လျက်။

"ကျွန်တော်လာတယ် ဒီမှာခင်ဗျားအတွက်ထင်းရှူးစေ့ဆန်ပြုတ်လည်းပါလာတယ် စားမယ်မလားဟင် "

လက်ထဲကဘူးကိုအသာမြှောက်ပြရင်း ဆောင်းဟွန်းပြောလိုက်သည်။

"အာ ဆောင်းဟွန်း ငါက ဒီမှာ ဂျီဟေးနဲ့နေ့လည်စာအတူစားမလို့ အင်းးးး မင်းရောလိုက်ခဲ့မလား "

​ဂျေးက တွန့်ဆုတ်စွာပြောလာသည်။

"ရတယ် ဂျေး ငါနဲ့နောက်မှပေါ့။အမျိုးသားကိုအချိန်ပေးလိုက်ပါ။ငါပြန်မယ် "

ခပ်ညိုညိုSuitကိုဝတ်ထားတဲ့အမျိုးသမီးက အသာထရပ်ရင်း ပြုံးကာပြောလာသည်။

"ဒါဆို ဆောင်းဟွန်းရှိီ ခွင့်ပြုပါဦး "

ခေါင်းအသာညွတ်ရင်းနှုတ်ဆက်လေတဲ့အမျိုးသမီးကို ဆောင်းဟွန်းလည်းအလိုက်သင့်နှုတ်ဆက်လိုက်၏။

ဂျေးဆီဆောင်းဟွန်းအကြည့်ရောက်မိပြန်တော့ လည်ပင်းဖြူဖြူကိုအသာပွတ်သပ်နေသည်။


"ဆောင်းဟွန်း ဒီနေ့က ပိတ်ရက်လည်းမဟုတ်ဘူးလေ မင်းကဘယ်လိုရောက်လာတာတုန်း "

ဆန်ပြုတ်ထည့်ထားတဲ့ဘူးကိုအသာပြင်ဆင်ကာဆောင်းဟွန်းဂျေးအတွက်ထည့်ပေးလိုက်သည်။

"ဂျေးရဲ့အလုပ်ခွင်ကိုဒီအတောအတွင်းတစ်ခါမှမလာခဲ့ဖူးလို့ ကျွန်တော်လာခဲ့တာပါ။အတန်းတွေကလည်းနေ့လည်ပိုင်းလွတ်နေတာမို့ "

"အင်း "

"သိပ်မပူတော့တာမို့ အခုချက်ချင်းစားလို့ရပြီ "

ဆန်ပြုတ်ဘူးကိုအသာဖွဖွမှုတ်ရင်းဆောင်းဟွန်းဟာပြောလာပြန်သည်။

သူ့အပေါ် ကလေးပေါက်စနလိုဂရုစိုက်ပေးနေတဲ့ ဆောင်းဟွန်းကဂျေးအတွက်တော့ အခုထိအနည်းငယ်ထူးဆန်းတုန်းပါပဲ ။

"အင်း အရသာရှိလိုက်တာ။မင်းကမစားဘူးလား "

ထင်းရှူးစေ့ဆန်ပြုတ်ကိုအသာခပ်သောက်ရင်း ဆောင်းဟွန်းကိုအမေးရှိလိုက်သည်။

ဆိုဖာညိုပေါ်ခြေချိတ်ထိုင်နေပါတဲ့ဆောင်းဟွန်းဟာ ခေါင်းအသာယမ်းပြလာရင်း....

ဂျေးကသာ တစ်လုတ်ပြီးတစ်လုတ်စားနေပါသော်ငြား ဆောင်းဟွန်းဟာတော့ ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေပုံရ၏။

အလုပ်များနေရင်လည်း ဘာလို့လာခဲ့သလဲလေ။

"ဒီညတော့ ငါတို့ညစာအပြင်မှာထွက်စားရအောင် ဆောင်းဟွန်း "

ဖုန်းကိုအသာပိတ်ချလိုက်ရင်း ဆောင်းဟွန်းကဂျေးကိုခပ်စေ့စေ့ကြည့်လာသည်။

"ဂျေးစားချင်ရင်သဘောပါပဲ "

အကြည့်ချင်းကြုံဆုံသွားတဲ့အခိုက်မှာတော့ ဆောင်းဟွန်းရဲ့မျက်ဝန်းညိုတွေထဲမှာအရိပ်အယောင်တချို့ဖြတ်ပြေးသွားသယောင်။

တဆက်တည်းထပ်ပြီးမြင်လိုက်ရတာက ဆောင်းဟွန်းနားရွက်ဖျားတွေထပ်နီနေပြန်သည်။

နီနေမည်မှန်းသိနေတဲ့သူ့နားရွက်တွေကိုအသာထိကိုင်ရင်းဆောင်းဟွန်းစိတ်မှာမကျေမနပ်။

ဆန်ပြုတ်အပေါ်မှာသာအာရုံရှိနေတော့သည့် ဂျေးကိုမျက်စိထောင့်ကနေဆောင်းဟွန်းအသာအယာကြည့်လိုက်ပါရင်း...

နားထောင်မကောင်းတဲ့သူ့ခံစားချက်တွေရဲ့အသံကိုလည်းဆောင်းဟွန်းပြန်ကြားနေရသည်။





You are reading the story above: TeenFic.Net