‘’မင်းလက်ထဲက ပန်းတွေ ကိုယ့်ပေး ကို သယ်ခဲ့မယ် ‘’
‘’ ဟင်အင်း..ရတယ် ရေတွေနဲ့ မလို့ အကျီပေကုန်မယ် ၊ ဘယ်လို့ ရောက်လာတာလဲ.... ‘’
’’ ပေးပါ..အကျီပေလဲ ခဏနေ ချောင်းမှာရေသွားချိုးမလို့.၊ကိုဟိန်းတို့နဲ့ လာတာ ဟိုကောင်တွေလည်းပါတယ်....’’
သူက မလှမ်းမကမ်းမှာ ရပ်နေတဲ့ ငွေလက်ထဲက ပန်းတွေကို ယူသွားပြီး ရှေ့က ထွက်သွား၏။ ငွေ သူနောက်က လိုက်သွားလိုက်၏ အိမ်နားရောက်တော့ လေးထွန်းနဲ့ စကားကောင်းနေတဲ့ ကိုဟိန်းနဲ့ သူ့သူငယ်ချင်းတွေကို တွေ့လိုက်ရ၏၊
ကိုဟိန်းက သူလက်ထဲက ပန်းတွေကို လှမ်းယူရင်း ငွေကို …
‘’မမငွေ..ကျနော် အကိုတို့ကို ချောင်းခေါ်သွားရင်း ခြံထဲ အလည်ခေါ်လာတာ... ‘
‘’ ချောင်းသွားပြီး အပျိုလေးတွေ မြင်အောင် အထာသွားပေးကြမလို့ပေါ့.... ‘’
’’မဟုတ်ပါဘူး မမငွေရဲ့… ‘’
‘’ ငွေခြံက အကျယ်ကြီးဘဲ ပန်းတွေနဲ့ ဆိုတော့ သာသာယာယာရှိတယ်.... ‘’
အောင်ထွန်းအမေးကို သူမက ......
’’ အရမ်းမကျယ်ပါဘူး ၂ဧကလောက်ဘဲရှိတာ ပန်းတွေ မြင်ရင် စိတ်ချမ်းသာလို့ ပန်းဘဲစိုက်ဖြစ်တယ်၊ ပြီးတော့ ပန်းရောင်းစားတယ်လေ ဟင်း..ဟင်း...’’
’’ ဦးလေးစိုက်ခင်း ဘယ်ဘက်မှာလဲ ဦးလေးလယ်မှာရော ပန်းတွေဘဲလား...’’
’’ ဖေဖေလယ်က ဟိုတောင်ဘက်မှာ ၊ ဖေဖေက စပါး၊ ပဲ..ပြောင်းစိုက်တယ်.၊အဌားဘဲ ချစိုက်တာ၊ နောက်ရက် ဖေဖေတို့ ခြံထဲသွားလည်ကြလေ၊ အဲမှာ ပိုသာယာတယ်.. ၊အသီးအနှံအစုံလည်း စိုက်ထားတယ်၊ နောက်ပြီး ဆန်စက်လည်း သွားကြည့်လိုရတယ်၊ ကိုဟိန်းကို လိုက်ပို့ခိုင်းလိုက်၊ ချောင်းသွားဖို့ နောက်ကျနေမယ် သွားကြတော့လေ...
ကိုဟိန်းရေ …‘’
’’ လာပြီး မမငွေ... ‘’
‘’ချောင်းသွားဖို့ နောက်ကျတော့မယ် နေမဝင်ခင် ခေါ်သွားလိုက်၊ ဆိုင်ကယ် သေချာ စီးသွားကြအုန်း... ‘’
သူမလေးက မြတ်ဘုန်းတို့ကို နှင်ထုတ်နေပြီး ဖြစ်သည်.။ မြတ်ဘုန်း သူမကို
ခပ်စူးစူးစိုက်ကြည့်ပြီး မေးလိုက်တာက..........
‘’မင်းဘာနဲ့ပြန်မှာလဲ.၊ တယောက်တည်းပြန်မှာလား’’
‘’ ဆိုင်ကယ်နဲ့ပြန်မှာ၊ ယုယုတို့ ဟိုဘက်ရွာက အပြန် ဝင်ခေါ်လိမ့်မယ် သူတို့နဲ့ ပြန်မှာ ... ‘’
‘’ဒါဆိုလဲ ပြီးရော သူတို့လာတာနဲ့ အိမ်စောစောပြန် ဆိုင်ကယ်သေချာစီး’’’
အမလေး ရှည်လိုက်တာ မိချောင်းသားရယ်၊ ဆိုင်ကယ်စီးလာတာ ၁၀နှစ် ၁၁နှစ် လောက်ကို မကတော့ဘူး၊ သေချာစီးလာလုပ်နေသေးတယ် ခြံနဲ့ အိမ်ကလည်း ပြန်နေကြကို သူပြန်ပြောရင်း ရှည်ပြီး အနှောက်အသွားမလွှတ် စကားတွေ ကြားနေရမှာဆိုလို....
‘’ ဟုတ်ကဲ့ ‘’
’’လိမ္မာတယ် ကို သွားတော့မယ်... ‘’
ဒီလူနဲ့တော့နော်.. ၊ မပြောကို မပြောချင်ဘူး.ဟွန်း..၊ ငွေ သူ့ကို မျက်စောင်းရွယ်ကာ ကြည်တော့ သူက ငွေ့ကို လက်ပြကာ ခြံထဲကနေ ထွက်သွားလေတော့သည်
-
-
-
-
-
မြတ်ဘုန်းတို့ချောင်းရောက်တော့ နေလုံးကြီးက ချောင်းအနောက်ကနေ ဝင်တော့မည်ဖြစ်သဖြင့် ညနေရူခင်းက တော်တော်လှပေသည်။ သောင်ပြင် အကျယ်ကြီးပေါ်တွင် ကလေးတွေက ချောင်းထဲ သူတပြန့် ကိုယ့်တပြန် ဒိုင်ဘင်ထိုးချကြ တချို့က ဘောလုံးကန်နေကြ၏ ။တချို့က ခြင်ခတ်နေပြီး တချို့က ရေချိုးနေကြ၏ တချို့ကအဝတ်လျှော်နေကြသည်... ယောကျာ်းလေးတွေ အများစု ဖြစ်သည်.။
ခပ်လှမ်းလှမ်းမှာ သစ်သားတံတားလေးရှိကာ ထိုတံတားပေါ်မှာ မိန်ကလေးတွေ အလုပ်ပြန်ကြ စိုက်ခင်းတွေဆီက ပြန်ကြ၊ယောကျာ်းလေးတွေက ကိုယ့်သဘောကျတဲ့ ကောင်မလေးဖြတ်သွားရင်း သီချင်းဆိုကာ ဖိုသံပေးကြလေသည်... ဒီမြင်ကွင်းက ဒီလို့ရွာမှာသာ ရတတ် တဲ့ မြင်ကွင်းမျိုးပင် ဖြစ်သည်... မြတ်ဘုန်းတို့လည်း ချောင်းရေချိုး ပြန်လာခဲ့ လေတော့သည်။
မြတ်ဘုန်းတို့ အိမ်ရောက်တော့ ထမင်းစားကာ လူကြီးတွေနဲ့ စကားခဏ ပြော ကာ ချောင်းရေချိုးလိုက်ရလို့ အညောင်းပြေကာ စောစော အိပ်လိုက်ကြလေတော့သည် .....
............
နောက်ရက်တွေ လူကြီးတွေက အလှူနီးလာသည်နှင့်အမျှ အလုပ်ရူပ်နေကြ သလောက် မြတ်ဘုန်းတို့ တစ်စုကတော့ လက်ဖက်ရည်ဆိုင်ထိုင်လိုက် ဘိလိယက်ခုံ သွားလိုက် ချောင်းရေသွား ချိုးလိုက်... တခါတလေ ငွေတို့ ဆန်စက်သွားလည်လိုက်. ... ကိုဟိန်းတို့အိမ် လိုက်လည်နဲ့ အလုပ်ရူပ်နေ၏
ရန်နိုင်နဲ့ အောင်ထွန်းကတော့ ဒယ်ဒီကားဒရိုက်ဘာ Araphat တစ်စီးနဲ့လာ တော့ သိပ်လိုက်မပို့ရဘဲ အား နေကြလေ၏ မြတ်ဘုန်းက ကိုယ့်ကား မဟုတ်ရင် မမောင်းပေ... မြတ်ဘုန်းက သူများကားမောင်းပေးရရင်လည်း အမောင်းကြမ်းသည့်ဆိုကာ ဒယ်ဒီက မမောင်းခိုင်းပေ... အထူးသဖြင့် ရန်နိုင် မောင်းပို့ပေးတဲ့ကားကို လူကြီးတွေက သဘောကျလေသည်.. နောက် ရန်နိုင်က လူကြီးတွေနဲ့ ဆက်ဆံရေးပြေပြစ်လေသည်...ယုတ်စွအဆုံး ငွေဖေဖေပင်၊မြတ်ဘုန်းနဲ့ဆို မေးတစ်ခွန်း ဖြေတစ်ခွန်း ရန်နိုင်နဲ့ဆို လေဘေကို ဖြောင့်လို့ ပင်..
ငွေကတော့ ခုရက်ပိုင်း အိမ်စောင့်ပေးနေရသဖြင့် ခြံထဲလဲမသွားနိုင်ပေ နက်ဖြန်ဆို ဖေဖေအမျိုးတွေနဲ့ မေမေ အမဝမ်းကွဲတွေ ဖိုးဖိုးကွန်း အမျိုးတွေ ဘိုးဒီပ သူငယ်ချင်းတွေ လာကြမည်ဖြစ်သဖြင့် ဧည့်သည်တွေ တည်းဖို့ခိုးဖို့ စီစဉ်ပေးရအုန်းမည်...ကျွေးဖို့မွေးဖို့တော့ ဒေါ်ဒေါ်သောင်းတို့ဘဲ အပ်ထား လိုက်သည်။ ဒေါ်ဒေါ်သောင်း တို့က အလှူ.မဂ်လာဆောင် မွေးနေ့ ဘာညာ လိုက်ချက်ပေးတဲ့ အဖွဲဖြစ်ကာ သူလူနဲ့ သူပစ္စည်းနဲ့သူလာကာ ကျွေးတာ မွေးတာ သိမ်းတာဆည်းတာက အစ သူလူနဲ့သူလုပ်သွားသည်.. ဘာမှ အလှူရှင်က လှည့်စရာမလိုပေ...ချက်တာ ပြုတ်တာလည်း စေတနာပါကာသန့်ရှင်းပေးသည်... ငွေတို့ဆို တခုခု အလှူလုပ်လို့ ကျွေးစရာရှိရင် ဒေါ်ဒေါ် သောင်းဘဲ ခေါ်လိုက်တော့သည်.... ဧည့်သည်တွေလည်း မနက်ဖြန် ရောက် မည်ဖြစ်သဖြင့် ဒေါ်ဒေါ်သောင်းတို့လာ မနက်ဖြန်လာမည်... အိမ်မှာ နဲနဲ လူများနေမည်ဖြစ်သည်... ဟိုဘက်အိမ်က ဒေါ်ဒေါ်ကြီးက သူအိမ်မှာ
ဒေါ်ဒေါ်သောင်းတို့ကို ခေါ်ထားမည်ဖြစ်ပြီး သူအိမ်မှာဘဲချက်ကြမည်ဖြစ်သည်
-
-
-
-
-
နေခင်း ထမင်းစားပြီး မြတ်ဘုန်းတို့ သူငယ်ချင်းတစ်စု မန်းကျည်းပင်ကြီး အောက် ထိုင်ကာ ယုယုဧည့်ခံတဲ့ လက်ဖက်သုတ်နဲ့ရေနွေးကြမ်းကို သောက် ကာ ယုယုနဲ့ စကားစမြည်ပြောနေ၏ သူမကတော့ အိမ်အဖီးလေးထဲ ထိုင်ကာစာရင်းစာအုပ်တွေနဲ့ အလုပ်ရူပ်နေ၏ သူမစားပွဲခုံးအောက်တွင် သူမအချစ် တော် ခွေးလေးနှစ်ကောင်ဖြစ်တဲ့ မိညိုနဲ့အောင်နက်က ဝပ်နေ၏
ရန်နိုင်က ယုယုကို....
‘’ ယုယု ဒီမကျည်းပင် သက်တမ်းမနည်းတော့ဘူးနော်.... မန်းကျည်းချိုလား မန်းကျည်းချဉ်လား... ‘’
‘’ ဟုတ်တယ် ... ဒီအပင်သက်တမ်း တရာလောက်ရှိမယ်ထင်တယ်.... ကတောင် ကပါတော့မလား မသိဘူး ဖွားမေနဲ့ ဖိုးကွန်းတို့ လက်ထပ်ပြီး ဒီအိမ်လေးကို ပြောင်းလာတော့ ဒီမန်းကျည်းပင်က သက်တမ်းရင့်နေပြီးတဲ့
ဖွားမေတောင် အခု အသက် ၈၀ကျော်နေပြီးလေ... ဒီတပင်က အချို.. ဟိုတပင်က အချဉ် ‘’
’’ ဒီလို့ သက်တမ်းရင့် အပင်တွေ မခုတ်ပစ်ဘဲ ထိမ်းသိမ်းထားတာ ဝမ်းသာ စရာ တချို့နယ်တွေမှာ အပင်တွေကို လမ်းနဲ့မလွှတ်လို့ ခုတ်ပစ်ရတာနဲ့ ပိုက်ဆံရလို့ ခုတ်ပစ်ရတာနဲ့ သိပ်နှမြောဖို့ကောင်းတယ်... သစ်ပင်တစ်ပင် ဖြစ်ဖို့ လွယ်တာမဟုတ်ဘူးလေ ဒါကို သိပြီး ထိမ်းသိမ်းသင့်တယ်.... ‘’
’’ ဟုတ်တယ် အကို ၊ယုယုတို့က တောင်သူလယ်သမား မျိုးရိုးမလို့လည်း မသိဘူး သစ်ပင်တန်းဖိုးကို သိတယ်.၊နွေဆိုသိပ်သိသာတာ သစ်ပင် မရှိရင် ပူလောင်နေတာဘဲ သစ်ပင်က အရိပ်လည်းပေးတာ စားဖို့လည်းပေးတယ်မန်းကျည်းပင်က အရိပ်လည်းရတယ်.. မန်းကျည်းရွက်နုထွက်ရင် သုပ်စားလို့ ရတယ်... မန်းကျည်းရွက်ကို အချဉ်တည်ထားပြီး နှစ်ချီစားလို့ရတယ် အသီးကျတော့ ဒီတိုင်းစားစား ဟင်းထဲ ထည့်ထည့်စားစား ဘယ်လောက် လူတွေအတွက် အကျိုးပေးလဲ .... “
’’ ဟုတ်တယ် ယုယုရဲ့ ရာသီဉတုတွေ ဖေါက်ပြန်ကုန်တာလည်း သစ်ပင်တွေမရှိလို့ဘဲ.... သစ်ပင်တွေရှိရင် တော်ရုံ ရာသီဉတုဒဏ်ကို ခံနိုင်တယ်ရယ်...’’
ယုယုနဲ့ရန်နိုင်က စကားကောင်းနေသလို့ မြတ်ဘုန်းတို့ ၃ယောက်ကလည်း ရန်ကုန်မှာ ကျန်ခဲ့တဲ့ အလုပ်တွေကို ဆိုင်ရာတွေဆီ ဖုန်းဆက်ညွှန်းကြားနေရ၏ ထိုအချိန် ခြံထဲကို ဆိုင်ကယ်တစ်စီး ဝင်လာလေ၏ ထိုဆိုင်ကယ်သမားကတော့ ပြည်ဖြိုးဆိုတဲ့ ယုယု သူငယ်ချင်းဖြစ်၏ယုယုက ပြည်ဖြိုးကို လက်ပြလိုက်ကာ...
’’ ဟဲ့ ပြည်ဖြိုး လာ ဒီကို ငါနင်ကို ဒီက အကိုတွေနဲ့ မိတ်ဆက်ပေးမယ်... ’’
ထိုပြည်ဖြိုးဆိုတဲ့ ကောင်လေးက သူတို့ရှိရာဆီ လျှောက်လာလိုက်၏ သူတို့ နား ရောက်တော့ ....
‘’ အကိုတို့ ဒါယုယုသူ့ငယ်ချင်း ပြည်ဖြိုးမောင်တဲ့ ‘’
’’ ပြည်ဖြိုး ဒီအကိုတွေက ရန်ကုန်ကလေ ဒီအကိုက ကိုရန်နိုင်,ကိုအောင်ထွန်း, ကိုဖြိုးသုတတဲ့ .ဒီအကိုက အလှူရှင်မိသားစုကလေ ကိုမြတ်ဘုန်းမော်တဲ့...’’
’’ ဟုတ်ကဲ့ အကိုတို့ တွေ့ရတာ ဝမ်းသာပါတယ်... ကျနော်က ပြည်ဖြိုး မောင်ပါ... ယုယုတို့နဲ့က ဆွေမျိုးတွေလိုပါဘဲ ‘’
အားလုံးကခေါင်းညိတ်ကာ အသိမှတ်ပြုကြလေတော့သည်....
မြတ်ဘုန်းက.........
’’ အလှူလာခဲ့ပါအုန်း... ဖိတ်ပါတယ်ဗျာ့... ’’
‘’ ဟုတ်ကဲ့ အကို ကျနော်လာမှာပါ... ‘’
ပြည်ဖြိုးက ယုယုဘက်ကို လှည့်၍.....
‘’ ယုယု နင်သက်လယ်တို့ဆီ သွားမယ်ဆို့ လုပ်တော့လေ နေမစောင်းခင် ပြန်လို့ရအောင် အခု သွားကြရအောင်..... ‘’
’’ ဟင်းအင်း..ငါပျင်းသွားပြီဟ နောက်ရက်မှာဘဲ သွားကြရအောင် ‘’
’’ဟာ..၊ ငါ့နောက်ရက် မအားတော့ဘူး ....အခု သွားရအောင် ... ‘
‘’ဟင်အင်း..နင်မအားရင် နေလေ ငါဘာသာ သွားမှာပေါ့...”
‘’ ပြီးရော ဒါဆို ငါကို ဘာလို့လာခေါ်ခိုင်းရတာလဲ... ငါမှာ မအားတဲ့ ကြားထဲ ထလာရတာဟ ...’’
’’ နင်မအားရင် မလာနဲ့လေ နင်အားလား လို့ ငါမေးတော့ အားတယ်ဆို့လို့ ငါခေါ်တာလေ... နင်မအားရင် ပြန်တော့... တကယ်ပါဘဲ ‘’
ပြည်ဖြိုးနဲ့ ယုယု မလှမ်းမကမ်းမှာ ဖြစ်နေတဲ့ ကိစ္စကို မြတ်ဘုန်းတို့ ကြားနေ ပေမဲ့ တခြားအကြောင်းအရာကို ပြောနေကြကာ မကြားဟန် မသိဟန်ဆောင် နေကြ၏ ပြည်ဖြိုးက ငွေကို နှုတ်ဆက်ကာ ဆိုင်ကယ် အကြမ်းမောင်း၍ ပြန်သွားလေ၏ငွေက ယုယုကို မေးငေါ့ပြတော့ ယုယုက ငွေကို ပခုံးတွန့်ပြလိုက်လေ၏
ငွေ မှတ်ချက်ပြုမိတာတော့.... ဒီကောင်မလေး မီးကို မကစားသင့်ပေ.
-
‘’အံ့တီ ငွေ ‘’
‘’တီတီ ငွေ ... တွေး ကြီးပါအုန်း တွေးချောက်လို့ ‘’
မြတ်ဘုန်းတို့ ခြံရှေ့က အသံသေးသေးလေးတွေကြောင့် လှမ်းကြည့် လိုက် တော့ လူကြီးလူကောင်း ၃ယောက် သူမ နာမည်ခေါ်ကာ သူမဆီ အလည် လာကြလေသည်....
’’ ဟယ်..၊ ဘုတ်ဘုတ်တို့ လာ..လာ..လာကြ ကလေးတို့ တီငွေ မိညိုကို ထိန်းထားတယ် မကိုက်ဘူးရယ် လာကြ လာကြ....’’
ခြံထဲဝင်လာတဲ့ ကလေးတွေက အကြီးမလေးက ၅နှစ်လောက်ရှိပြီး အလတ်မလေးက ၄နှစ်လောက်ရှိကာ အငယ်ကောင်လေးက ၃နှစ်သာသာရှိပေမည်...မိန်းကလေးနှစ်ယောက်က ရှင်မီးအကျီလေးနဲ့ စကပ်ကလေးတွေ ဝတ်ထားကာ၊ အငယ်လေးကတော့ သူအဖေစွပ်ကျယ်ဝတ်လာတာဖြစ်မည် ။စွပ်ကျယ်က ခြေမျက်စိရောက်နေပြီး အားလုံးမျက်နှာမှာတော့ ပဲကြီးအိုးထဲ ကျလာသလား အောက်မေ့ရအောင် သနပ်ခါးအဖွေးသားနဲ့ မြတ်ဘုန်းတို့ သူမအိမ်နေစဉ်တလျှောက် သူမဆီအများဆုံးလာတာ ကလေးတွေရယ်.. သူမ အတိုးချထားတဲ့ မိန်းမအချိုရယ် ဖြစ်ကာ သူမက သူငယ်ချင်းလည်း များများ စားစား ရှိပုံမရပေ။ သူမခြံထဲ သွားလိုက် သူမ အဖေ စာရင်းကူးလိုက်ဘဲ လုပ်တာတွေ့ရ၏
ငွေကကလေးတွေကို လှမ်းခေါ်လိုက်တော့ သူတို့ကို ကွက်ကွက်ကြည့်ကြည့် ကြည့်ကာ တွန်းဆုတ်တွန်းဆုတ်နဲ့ သူမအနားသွားကြ၏
’’ ဘုတ်ဘုတ်နဲ့ကဲပို....သနပ်ခါးတွေ အဖွေးသားနဲ့ပါလား အိမ်က သနပ်ခါး တွေ ကျန်သေးရဲ့လား.... တီတီငွေဆီက ဘာလာ ညာစားကြတာလဲ ‘’
ကလေးအကြီးမလေးက လက်လေးပိုက်ကာ....
‘’ တီငွေခေါ်ထားလို့ပါ ချားမ .... ‘’
’’ ဟင်း ဟင်း အဲတာ ဖေဖေဆန်စက်က မမငွေအချစ်တော်လေးတွေလေ
လာညာစားနေကြ... အလယ်လေးတွေ ‘’
ယုယုက သူတို့ဘက် လှည့်ကြည့်ကာ ပြောလိုက်၏ ငွေက ကလေးတွေကို သူမအနားရောက်တာနဲ့ ..
’’ အေးအေးရေ ဟို့နေ့က ဈေးကဝယ်လာတဲ့ အထုတ်ကလေး ယူလာ ပေးပါအုန်း မနက်က လုပ်ထားတဲ့ ကောက်ညှင်းထုတ်တွေပါ ယူလာခဲ့ ပေးပါ မမငွေဆီကို .. ‘’
သူမက ကလေးတွေကို ထိုင်ခိုင်းကာ ဂရုတစိုက် မုန့်ကြွေးနေ၏ ပြုံးပြုံးပြီး ကလေးတွေနဲ့ ဘာတွေ ပြောနေကြလဲမသိ.... သူမက တော်ရုံ ပြုံးခဲပါသည် ကလေးတွေနဲ့ကြတော့ ပြုံးနေတာပင် ... ဒီလောက် ကလေးချစ်တတ်ရင် နောက်ကြ
မြတ်ဘုန်းကလေးတွေကို မွေးပြီး ချစ်ခိုင်းအုန်းမယ်.. ၊
ဟုစိတ်ထဲက ကြုံးဝါးလိုက်ရင်းးးးး
**************** ****************** ***************
အပိုင်း( ၁၀ ) ဆက်ရန်
စာကတော့ စစ်လိုက်တာဘဲ၊ပထမဆုံး စရေးတဲ့fic ဖြစ်လို့ လိုအပ်ချက်များကော စာလုံးပေါင်းအမှားများရောကို သည်းခံဖတ်ပေးကြပါရှင့်
လိုအပ်ချက်များကိုလည်း ပြောပြပေးလို့ရပါတယ်ရှင့်၊
ဖတ်ပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်
ကျန်းမာရွှင်လန်းကြပါစေရှင့်....
#With Love
#Author:Pann Mohn
#ပန်းမိုရ်
#မြတ်ဘုန်းမော်+ငွေမှုန်းခင်
You are reading the story above: TeenFic.Net