အပိုင်း(၅)

Background color
Font
Font size
Line height


’’ ဟိုလေ မငွေ စိတ်မရှိနဲ့နော် မငွေ ကျနော်ထက်ငယ်မယ်ထင်လို့ပါ... မငွေ အသက်ဘယ်လောက်ရှိပြီးလဲ...’’

ဖြိုးသုတ အမေးကို ငွေက ......

‘’ ငွေက ၂၆ ရှိပြီး ရယ် .... ‘’

‘’ ဟင်း ... ဒါဆို ကျနော်ထက် ၂ နှစ်ငယ်တယ်...ဒီကောင်တွေထက် ၁နှစ် တောင် ငယ်တယ်....ဒီကောင်တွေ အားလုံးက ၂၇ ကျနော်က ၂၈ .....’’

‘’ဪ ငွေက ငွေထက် ငယ်ကြမယ်ထင်နေတယ်...ဒါဆို ငွေကို ငွေလို့ဘဲခေါ်လေ ... ငွေလည်း အကိုလို့ ပြန်ခေါ်မယ်လေ... ‘’

‘’ မခေါ်နဲ့  ...... ‘’

ရုတ်တရုက် မြတ်ဘုန်းက ထအော်တော့ ငွေက ကိုယ်ရင်ဘတ် ကိုယ့်ဖိကာ အမယ်လေး တောင် တမိ၏ ....

‘’ အမယ်လေး! ’’

’’ နာမည် ထည့်ခေါ်.... ကိုဖြိုး လို့ခေါ်..... သူကို ကိုအောင်ထွန်းလို့  ရန်နိုင်ကို ဒေါက်တာလို့ခေါ် “

အားလုံးက မြတ်ဘုန်းကို အံ့ဩကာ ဝိုင်းကြနေကြ၏မြတ်ဘုန်းလည်း လည်ပင်းကို ပွတ်သတ်ရင်း.......

" အဲလို့ခေါ်တာ အဆင်ပြေမယ်လေ "

" အား..ဟုတ်တယ် ကျနော်တို့အားလုံးက ငွေတို့ ယုယတို့ထက် အသက်ကြီးကြတော့ အဲလို့ခေါ်တာ အဆင်ပြေတယ်လေနော်...."

ဖြိုးသုတလည်း ဖာ_ဖာ_ထေထေ အမြန်ထပြောရလေတော့သည်။ရန်နိုင်နဲ့ အောင်ထွန်းတို့က ခေါင်းညိတ်ထောက်ခံလိုက်ကြ၏ ဟူး..ဒီကောင် မြတ်ဘုန်း ကတော့လေ ပြဿနာဘဲ ဘာတွေ ထ..ထ.ပြောမှန်းမသိဘူး ဒီကောင်ကို သေချာမေးမြန်းရတော့မယ် ၊ဖြိုးသုတ စိတ်ထဲ‌ တွေးရင်း....

ယုယက  .....

"ဒါဆို ကိုမြတ်ဘုန်းမော်ကို ဘယ်လို့ခေါ်ရမလဲ ကိုမြတ်၊ ကိုဘုန်းလား၊ဒါမှာမဟုတ် ကိုမော်လား ..”

" ရတယ် အဆင်ပြေသလို့ခေါ် ..."

ထိုအခါ ရန်နိုင်က.........

" အကိုတို့က ငယ်သူငယ်ချင်း‌တွေဆိုတော့ တယောက်နဲ့တယောက် ခေါ်ကြရင် င ထည့်ခေါ်တယ်။ အခုကြီးလာတော့ လူရှေ့ဆို င ထည့်မခေါ်ကြပေမဲ့ အချင်းချင်းဘဲ ရှိရင်တော့ င ထည့်ခေါ်တုန်းဘဲ၊ အဲတော့မြတ်ဘုန်းကို ငဘုန်း၊ ကိုဘုန်း လို့ခေါ်ပေါ့ "

"ဟုတ်ကဲ့ ကိုရန် ..... အယ် ကိုရန်လို့ ခေါ်မယ်နော် .... အဆင်ပြေတယ် မလား...."

ယုယုရှေ့က ဆရာဝန် ကိုရန်ကိုအကဲခတ် ကြည့်မိတော့ .... အရပ်က ကိုဘုန်းလောက် မရှည်... သိပ်ပုနေတာမျိုးလည်း မဟုတ်ဘူး ...၅ပေ ၆လောက်တော့ ရှိမယ်....  သူတို့ထဲမှာ ကိုဘုန်းက အရပ်အရှည်ဆုံးဖြစ်ကာကျန်သုံးယောက်က အရပ် မတိမ်းမယိမ်းလေးတွေ ဖြစ်သည်... ကိုရန်အသားအရည်က မဖြူမညို လေပင် နောက် ဆံပင်အလယ်ခွဲကေနဲ့...မျက်နှာက သွယ်ကာ မျက်လုံးမျက်ခုံးက သာမန် ပုံစံပင် နှာခေါင်းပေါ်ပြီး နှုတ်ခမ်း မထူမပါးနဲ့  မျက်မှန် တပ်ထားကာ ဆရာဝန် ရုပ်တော့ ပေါက်လေသည်။သူတို့အားလုံးထဲမှာ ကိုဘုန်းနဲ့ ကိုဖြိုးက အသာဖြူကြပြီး ကျန်နှစ်ယောက်က အသားအရည်လတ်သည်။

နာမည်ကိစ္စပြီးတော့..မြတ်ဘုန်းတို့ အလုပ်အကြောင်း....ရွာအကြောင်း ... မြို့ အကြောင်းရောက်တက်ရာရာ အကြောင်းအစုံ ပြောကြပေမဲ့....သူမက သိပ်စကား မပြောဘဲ နားထောင်သူ သပ်သပ်သာလုပ်လေသည်...ယုယုကတော့ ဆရာမ ပီပီ စကားပြောနိုင်ပါပေသည်... ခဏအကြာ ယုယုရော...ငွေရော သူတို့ကို နှုတ်ဆက်ကာ အိမ်ပေါ်တက်သွားကြ လေတော့သည်။ သူတို့လည်း စကားဆက်ပြောနေပြီး ညနက်မှာ အပေါ်တက် အိပ်ကြလေသည်....
-
-
-
-
-
ညက ညနက်မှာ အိပ်သဖြင့် မနက် ၆ နာရီထိုး မာမီလာနှိုးမှာ ထကြလေ၏ ရေချိုး.မျက်နှာသစ် အကျီလဲကာ မနက်စာ စားဖို့ အောက်ဆင်းလာကြတော့
မနက်စာ ဝိုင်းမှာ ယုယုရယ် ...ကောင်မလေး ၂ယောက်ဘဲရှိ၏ သူမကိုတော့
မြတ်ဘုန်း မတွေ့ပေ..

ယုယုက...

‘’ အကိုတို့ လာကြ မနက်စာ ဆီထမင်းနဲ့ ငါးခြောက်ကြော် ကော်ဖီ လုပ်ထားတယ်.... စားဖို့ အဆင်ပြေတယ်မလား.... “

‘’ ပြေပါတယ်... ဒါနဲ့ ဒီနေ့ ကျောင်းမသွားရဘူးလား.... ‘’

မြတ်ဘုန်း မေးလဲ မေး စားပွဲမှာထိုင်ကာ မနက်စာ စားဖို့ ပြင်လိုက်လေ၏

မြတ်ဘုန်းအမေးကို ယုယုက...

’’ ဟုတ် ခွင့်ယူထားတာ ကိုဘုန်း .... ‘’

ယုယက ဖျော်ထားတဲ့ ကော်ဖီတွေကို ကော်ဖီခွက်တွေထဲ လိုက် ထည့်ပေး နေ၏

‘’ အကိုတို့ကော်ဖီ သောက်ရတာ အဆင်ပြေရဲ့လား ၊အချိုကြိုက်လား ၊ အခါး ကြိုက်လား မသိလို့၊ မမငွေကတော့ ပုံမှန်အတိုင်း ဖျော်ပေးခဲ့တယ် တဲ့၊ အခါးကြိုက်ရင် ကော်ဖီရည် ထပ်ထည့်ပေးမယ်.... ‘’

သူမက သူတို့အတွက် မနက်စာ ပြင်ပေးခဲ့တာပေါ့... မြတ်ဘုန်း ကိုယ်ကိုကိုယ့်
သတိမထားမိဘဲ ပြုံးလိုက်လေတော့သည်။

’’ သောက်ရတာ အဆင်ပြေပါတယ်... ငွေ အပြင်သွားတာလား ယုယု ... ‘’

အောင်ထွန်းအမေးကို သူမက ....

’’ဟုတ်တယ် အကိုထွန်း မနက် ပန်းဖေါက်သည်တွေ ယူမယ်ဆို့လို စိုက်ခင်းထဲ သွားတယ် .. ခဏနေ ဘုန်းကြီးကျောင်းသွားဖို့ ပြန်လာလိမ့်မယ် ထင်တယ် .... ‘’

မာမီ မြတ်ဘုန်းတို့ စားနေတဲ့ နောက်ဖေး ဝင်လာရင်း.............

‘’  သားတို့ ...ခဏနေ ဘုန်းကြီးကျောင်း သွားရအောင် ၊ စားပြီး အကျီလဲ ပြီးရင် အောက်ဆင်း လာခဲ့ ကြ.... ‘’

’’ ဟုတ်ကဲ့ မာမီ ‘’
’’ ဟုတ်ကဲ့ အန်တီ ‘’
‘’ ဟုတ်ကဲ့ အန်တီ ‘’
’’ ဟုတ်ကဲ့ အန်တီ ‘’

မာမီက မြတ်ဘုန်းတို့ကို ပြောပြီး အိမ်ရှေ့ပြန်ထွက်သွား၏ သူတို့လည်း စားပြီး ၍ အပေါ်တက်ကာ အကျီလဲပြင်ဆင်ပြီး... ဆင်းလာခဲ့ကြလေတော့သည်..
-
-
-
-
-

ဘုန်းကြီးကျောင်းသို့ မြတ်ဘုန်းတို့ ကားနှစ်စီးဖြင့် သွားဖို့ ပြင်ကြလေ၏ရှေ့ကားတွင် ဒယ်ဒီ,ဖိုးဖိုး, ဦးလေး ဦးခင်အောင် (ငွေ ဖေဖေ)ဖြိုးသုတနဲ့ အောင်ထူး ရန်နိုင်က ကားမောင်းကာ သွားကြလေ၏ နောက်ကားတွင် မြတ်ဘုန်းမော်က ကားမောင်းပြီး မာမီ,ဖွားမေ,အန်တီဖြူ နဲ့  ယုယခင်ကရှေ့မှာထိုင်ကာ ဘုန်းကြီးကျောင်းသို့ သွားကြလေ၏ သူမကတော့ မြတ်ဘုန်းတို့ ဘုန်းကြီးကျောင်းသွားတဲ့ အထိ မတွေ့ရပေ။

ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းထိုင်ဆရာတော်ကို ဦးချ ရှိခိုး ကန် တော့ကြလေ၏ ဆရာတော်နဲ့ ဖိုးဖိုးတို့ အလှူကိစ္စ တိုင်ပင်ကြ၏ နောက်တပတ်မှာ ရေစက်ချ အလှူလုပ်မည် ဖြစ်သည်။ ဘုန်းဘုန်းနဲ့ လူကြီးတွေ အလှူအတွက်  စကားပြောနေတုန်း မြတ်ဘုန်းတို့ သူငယ်ချင်းတွေကျောင်းအောက်သို့ ဆင်းကာ ဘုန်းကြီးကျောင်းဝင်ထဲ လှည့်ကြည့်ကြလေသည်။

ဘုန်းကြီးကျောင်းသည် အတော်ကျယ်ဝန်းပြီး သုံးထပ်စာသင်ဆောင် ၂ဆောင်

အဆောင်တွေလည်း အတော်များလေသည်... တိတ်ဆိတ်ငြိမ်သက်နေလေ၏ကြာပန်းတွေ ရှိတဲ့ ရေကန်ကြီးလည်း ရှိ၏ ကြာကန် အလယ်တွင် တံတား ထိုးထားတဲ့ ရှင်ဉပရတ္တကျောင်းဆောင်ရှိလေ၏ ရေကန်ဘေးတွင် ထုံးသဃ်န်းကပ်ထားတဲ့ စေတီလေးတစ်ဆူ ရှိ၏ထိုစေတီရင်ပြင်တော်ပေါ်တွင်ယောကျာ်း လေး... မိန်းကလေးတွေ ရင်ပြင်သန့်ရှင်းလုပ်နေကြ၏ မြတ်ဘုန်းတို့ စေတီ ပေါ်  ကြည့်လိုက်တော့ ထိုအထဲတွင် သူမကို တွေ့လိုက်တော့သည်။ သူတို့လဲစေတီရင်ပြင်ပေါ် တက်လာခဲ့ကြလေသည်....

ဒီနေ့ သူမက အဖြူခံ ပါတိတ်ဝမ်းဆက် ခါးတို့ ရင်စေ့လေးဝတ်ထားကာပခုံးတဖက်ပေါ် တွင် တက်တင်းတဘက်လေး  တင်ထားကာ ဆံပင်တလွှာကို ဖဲပြားလေးကလစ်ကလေးနဲ့ ညှပ်ထားကာ ကျန်တလွှာကို ဒီအတိုင်းချထား လေ၏ မျက်နှာမှာလည်း ပါးကွက်လေး ကွက်ထားသေး၏ ရွှေတွေကတော့ ရိုးရာမပျက် ဝတ်ဆင်ထားလေ၏..တကယ်ရွှေရင်အေးပင်...သူမက သူတို့ကို လှမ်းပြုံးပြနေလေ၏

အောင်ထွန်းက သူမကို လှမ်းနှုတ်ဆက်လိုက်၏

‘’ညီမငွေက ဒီရောက်နေတာလား ၊ မနက်က ခြံထဲသွားတယ်ဆို့ အိမ်မှာလည်း မတွေ့လို့ ..... ‘’

’’ ဟုတ်တယ်...ငွေ မနက်က ခြံထဲသွားရင်း အပြန် ဒီနေ့က ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်ရမဲ့ အလှည့်လေ ...ဒါကြောင့်... မေမေတို့ ကျောင်းပေါ်မယ် မလား ‘’

’’ ဟုတ်တယ် .....ကျနော်တို့ လုပ်ကူးရမလား ကုသိုလ်ရတာပေါ့  ‘’

‘’ ဒီမှာက လူများတော့ ပြီးပြီး အကိုရဲ့  ကျောင်းပေါ်ဘုရားပန်းလှဲဖို့ဘဲ ကျန်တာ .... ဟိုနားက အပင်တွေ နားမှာ သွားထိုင်နေကြ... မေမေတို့က ကြာအုန်းမဲ့ သဘောရှိတယ်.... ‘’

‘’ ဟုတ်ကဲ့ ညီမငွေ ‘’

သူမပြတဲ့ဆီမှာ သူတို့တဖွဲ့လုံး သွားထိုင်နေကြ၏ သစ်ရိပ်ဝါးရိပ် ဘုရားရိပ် တရားရိပ်ဆိုတော့ အေးချမ်းနေလေ၏ နောက်ပြီး.ရွှေရင်အေးလေး ရှိတာလဲပါတာပေါ့လေ.... သူမနဲ့ ကလေးမလေး တစ်သိုက် ဘုရားပန်းအိုးတွေကို သယ်ကာ သူတို့နဲ့ ခပ်လှမ်းလှမ်းက အုတ်ကန်လေးဆီမှာ ဘုရားပန်း ထိုးနေကြ၏

မြတ်ဘုန်း သူမကို လှမ်းကြည့်လိုက်စဉ်မှာဘဲ သူမတို့ အဖွဲ့က ကောင်မလေးများ သူတို့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ အချင်းချင်းတွက်ထိုးနေကြ၏သူမကတော့ ဘာတွေ သဘောကျနေသည်မသိ ပြုံး ပြုံးနဲ့.....

’’ ဟဲ့ ကောင်မတွေ .... ငါကို လှမ်းကြည်တယ်တော့ အဆင်ကြီးက ကြွေချင်စရာကြီး.... ဟီး.... ဟီးးးး ....’’

’’ ကောင်မရေ ဟီးလားထမနေနဲ့.... ဟိုက နင်ကို ဒီလောက်အသားမဲရသလားဆိုပြီး ကြည့်တာ နေမယ်... ‘’

‘’ ဟယ် ... ငါ အဲလောက် မမဲပါဘူးဟယ်....မဲတာမဟုတ်ဘူး ညိုတာပါဟ ‘’

‘’ ဟယ်... ထပ်ကြည့်တယ်တော့  သူ ငါတို့အဖွဲ့ထဲက တယောက်ကို ကြွေတာ နဲ့ တူတယ်.... ငါ အထာပေး လိုက်မယ် ‘’

‘’ ဟဲ့..ဟုတ်ပါ့ အသားကလည်း ဖြူတယ်တော့ six pack တွေပါလား မသိ ဘူးတော့ လက်မောင်းကြွက်သားတွေကိုလည်း ကိုင်ကြည့်ချင်လိုက်တာငါတော့ ကိုကြီး team ထဲ ခုန်ချလိုက်ပြီး ကောင်မတို့ရေ ‘’

‘’ အမေရေ...အမေ သားမက်လောင်းလေး တွေ့ ပြီး.. သမီး သူကို့ ရချင်တယ် အမေ ရယ်...’’

‘’ ကောင်မတို့ရေ ရွပိုးထမနေနဲ ဟိုက လန့်ပြီး အလှူမလုပ်ဘဲ ပြန်ပြေးသွား မယ်...’’

‘’ မမငွေ .... မမငွေ အဲဒီ ကိုကြီးတွေက .... ရန်ကုန်ကဆို...’’

‘’ ဟင်း ... အင်း .... ‘’

’’ မမငွေ ဟို ကိုကြီးတွေထဲ ကလေ  ဘယ်တယောက်က အလှုုရှင်ရဲ့သားလဲ ဟင် ‘’

‘’ ဪ .... အင်း.... အရပ်ရှည်ရှည်နဲ့ တယောက်လေ.... ‘’

’’ဟယ်...အဲဒီကိုကြီးလား ပိုးပုဆိုးနီညိုလေးနဲ့တော့ သူများသားကို အားကိုးချင်လိုက်တာ.... ‘’

’’ ဟယ်... ဘေးက အညိုစင်လေးတွေလည်း ချောပါတယ်..ဟဲ့.... သိမ့် နင်အကြိုက် အညိုစင်လေးတွေ .....‘’

‘’ အေးဟယ်.... ကိုကြီးတွေကိုတော့ ကြွေသွားပြီတော့ ...’’

’’ သီသီရေ ... ဟိုအသားဖြူဖြူနဲ့ ဟိုကိုကြီးလောက် အရပ်မရှည်တဲ့ တယောက် လေ MRTV 4 ကလာတဲ့ ထိုင်းဇာတ်လမ်းတွဲထဲက မင်းသားနဲ့တူလိုက်တာတော့ .... ‘’

‘’ အိခိုင်ကောင်မ ညီး ကြိုက်တိုင်း ထိုင်းမင်းသားနဲ့တူတယ် လုပ်နေပြန်ပါပြီ ‘’

’’ ဟဲ့... အားလုံးထဲမှာ ဘယ် ကိုကြီး အချောဆုံးလဲရွေးမယ်...ငါက အရပ်ရှည်ရှည်နဲ့ ဘော်ဒီမိုက်တဲ့ ကိုကြီးဘဲ... “

‘’ ငါလည်း .... အဲကိုကြီးဘဲ.... ‘’
‘’ ငါရောဘဲ ဟယ်.... ‘’
‘’ ငါကတော့ အညိုစင် မျက်မှန်လေးဘဲ...’’
‘’ ငါကတော့ ငါရဲ့ထိုင်းမင်းသားဘဲ....’’

ငွေကတော့ မိန်းကလေးများ၏ ထုံးစံအတိုင်း မိန်းကလေးအုပ်စုတောင့်တာနဲ့ ယောကျာ်းလေးတွေ တွေ့ရင်း ကြွပ်ကြွပ်ညံနေကြတာက ထုံးစံပါဘဲလေ....ငွေကတော့ ပြုံးရုံသာ ပြုံးနေလိုက်တော့၏ သူတို့ပြောတဲ့ အရပ်ရှည်ရှည် ဘော်ဒီမိုက်တဲ့ ကိုကြီးက ယုယုနဲ့လာစေ့စပ်ပေးတာ ဖြစ်ကြောင်း၊အလွန်တရာ မြှားပွေကြောင်းတွေကိုတော့ ကလေးမလေးတွေကို အထွေး အထူ မပြောပြတော့ပေ...

ငွေ သူတို့အုပ်စုကို လှမ်းကြည့်လိုက်တော့...အားလုံးဟာ ရှပ်လက်ရှည်ဖြူနဲ့ ပုဆိုးတွေနဲ့ဖြစ်နေပေမဲ့ သူကတော့ ရှပ်လက်ရှည်ကို တထောင့်ဆစ်ထိ ခေါက် ထားကာ ပိုးပုဆိုးနီညိုရင့်ရင့်လေးနဲ့ ဆံပင်တွေကို ဂျယ်လိမ်းကာ ဖီးသင်းထား လေ၏ မနေ့က မြင်နေကြ ဘောင်းဘီနဲ့ မဟုတ်တော့ တော်တော်ကြည့် ကောင်းနေ၏...အားလုံးက သပ်ရပ်စွာ ဝတ်စားထားကြပေမဲ့ သူကိုက ကောင်မလေးတွေ မကြည့်ကြည့်အောင် ပဲများလာတာနေမှာပေါ့ ဟင့်....

ငွေ သူကို့လှမ်းကြည့်နေတုန်း သူက ငွေရှိရာဘက်ကို လှမ်းအကြည့်နဲ့ အကြည့်ချင်းဆုံ သွားကာ.ငွေကို စူးစူးစိုက်စိုက် ကြည့်နေတဲ့ သူအကြည့်တွေကြောင့် ငွေမြန်မြန်ဘဲ အကြည့်လွှဲလိုက်ကာ ဘုရားပန်းအိုးများကို ယူကာ ကျောင်းပေါ်သို့ တက်သွားလိုက် လေတော့သည်။
-
-
-
-
-
ငွေတို့တွေ  ဆရာတော်ဆွမ်းစားချိန် နီးတာကြောင့် ဘုန်းကြီးကျောင်းက ပြန်ဖို့လုပ် ကြ၏ ဖေဖေတို့ ကားက အရင် ထွက်သွားပြီးဖြစ်လေသည်... ကိုအောင်ထွန်းနဲ့ သူက ကားနားမှာ ရပ်နေကာ ယုယုနဲ့ ဖွားမေက ကားပေါ်တက်နေပြီး ဖြစ်သည်....မေမေက ငွေကို လှမ်းမေးလိုက်၏

‘’ သမီးငွေ.... ဆိုင်ကယ်ရော ..... ‘’

‘’ ဟိုမှာ မေမေ ..... ‘’

အရိပ်ရ မန်းကျည်ပင်အောက်မှာ ထိုးထားတဲ့ငွေရဲ့ Scoopy 110 scooter Honda ဆိုင်ကယ်လေးကို ထိုးပြလိုက်လေတော့သည်....

ထိုအချိန် ငွေတို့နားကို မြတ်ဘုန်းလျှောက်လာပြီး...

‘’ အန်တီ ကျနော် ငွေနဲ့ ဆိုင်ကယ်စီးပြီး ပြန်ပါရစေဗျာ့.... ‘’

‘’ဟင်း ‘’

**************** ****************** *************** 
အပိုင်း(၆) ဆက်ရန်

စာကတော့ စစ်လိုက်တာဘဲ၊ပထမဆုံး စရေးတဲ့fic ဖြစ်လို့ လိုအပ်ချက်‌များ‌ကော စာလုံးပေါင်းအမှားများရောကို သည်းခံဖတ်ပေးကြပါရှင့်

လိုအပ်ချက်များကိုလည်း ပြောပြပေးလို့ရပါတယ်ရှင့်၊

ဖတ်ပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်

ကျန်းမာရွှင်လန်းကြပါစေရှင့်....

#With Love

#Author:Pann Mohn

#ပန်းမိုရ်

#မြတ်ဘုန်းမော်+ငွေမှုန်းခင်


You are reading the story above: TeenFic.Net