အပိုင်း( ၃၀ )

Background color
Font
Font size
Line height


သည့်နေ့ ငွေတို့အိမ်မှာ ဧည်သည့်များ‌ တွေ့ဆုံမဲ့နေဖြစ်သည်... ကိုရန်နိုင် နယ်မပြန်ခင် ထမင်းဖိတ်ကျွေးခြင်းဖြစ်သည်... ကိုရန်နိုင် ၊ ကိုအောင်ထွန်းနဲ့ မစန္ဒီဇော် ၊ ကိုဖြိုးသုတ နဲ့ ဆုသဲကဗျာ ၊ နောက် ကိုမင်းလွင်ဦးနဲ့ ဧကရီမိုးဦး သူ့ သားလေးနှစ်ယောက်ရယ် ကိုဖိတ်ထားလိုက်သည်... ဧက က ငွေကို ကူရန် စောလာမည်ဖြစ်သည်.... မာမီအိမ်က စိုးစိုးကတော့ ငွေကို ကူရန် ငွေတို့ အိမ်ကို မနေ့ ကတည်းက လာအိပ်တာ ဖြစ်သည်....

‘’ ငွေ ဧည်သည့်တွေ ဘာကျွေးမလဲ.... ‘’

‘’ ငွေ အုန်းထမင်းနဲ့ ကြက်သားဟင်း.. ဗလချောင်ကြော်... ချဉ်ပေါင်ရေကြဲ ဟင်းချိုရယ်... အအီပြေအောင် သရက်ချဉ်သုတ်လေး သုတ်မလို့ ...  ကိုရန်နိုင် လည်း နယ်ဘက် သွားနေရတော့ မြန်မာထမင်းဟင်းကောင်းကောင်းလေး စားစေချင်လို့လေ...’’

မောင်က ထမင်းစားခန်းထဲ ဝင်လာကာ မေးခြင်းဖြစ်သည်...

‘’ မောင် City Mart သွားပေးမယ်လေ... ဘာမှာအုန်းမလဲ...’’

‘’ အင်း မုန့်အချို ဘာကျွေးရင် ကောင်းမလဲလို့ .... အုန်းထမင်းကတော့ အီနေမှာဆို့လို့ အုန်းနို့လျှော့ပေးမဲ့ မြန်မာမုန့်အများစုက အုန်းသီးပါတော့ ဘာလုပ်ကျွေးရမလဲလို့... ငွေ လက်ဖက်တော့ နပ်ထားတယ်.. လက်ဖက်နဲ့ ရေနွေးကြမ်းဘဲ ကောင်းမလားလို့... မောင်တို့ အအေးသောက်ချင်း ရင်း....  ဆားငံသီးဖျော်ရည် ဖျော်ပေးရမလားလို့...’’

‘’ အင်း ကောင်းပါတယ်.. အဲဒါဘဲ လုပ်လိုက်ပေါ့.. မောင်ရေခဲ နည်းနည်းထပ် ဝယ်ခဲ့မယ်လေ... ဧကရီ သားလေးတွေအတွက် ရေခဲမုန့် ဝယ်ခဲ့မယ်....’’

‘’ ဟုတ် ကောင်းတယ် မောင် ရေခဲမုန့် ပိုဝယ်ခဲ့ပေးအုန်း...လူကြီးတွေပါ စားချင် စားလို့ရအောင်...’’

‘’ အွန်း အွန်း .’’

တီ ... တီ....တီ

‘’ဧက ထင်တယ်... သူစောလာခဲ့မယ်တဲ့...’’

‘’ မောင် သွား ဖွင့်ပေးလိုက်မယ်... ‘’

‘’ ဟုတ် မောင်’’

မောင်က အိမ်ရှေ့တံခါးသွားဖွင့်နေလေ၏ တံခါးဖွင့်လိုက်တော့ ဧကရီနဲ့ သူ့သား အငယ်လေး ၊ သူမအိမ်က ကောင်မလေးနှစ်ယောက်က အထုပ် ကိုယ်စီ ဆွဲကာ ရပ်နေကြ၏

‘’ ကို မင်းလွင် နောက်မှာ လိုက်လာမှာလား မဧကရီ ... ကောင်ကလေး..လာ… လာ အထဲဝင်ကြအုန်း...’’

‘’ ဟုတ်တယ် ကိုမြတ်ဘုန်းမော် သားကြီးကို ကြိုပြီး လိုက်လာလိုက်မယ်.. ဒီတယောက်ဘဲ ကိုမြတ်ဘုန်းမော်တို့ အိမ်သွားရမယ်ဆို့လို့ ကျောင်းပို့လို့ မရဘူး.... လိုက်ချင်းတာလေ.. အဲကြောင့် စောပါလာတာ..’’

‘’ ဟုတ်လား မင်း ကျောင်းပြေးတယ်ပေါ့.. လာ ဦးဦး ဆီ...’’

‘’ တီတီငွေကို အရင် သွားနှုတ်ဆက် သားရောက်ပြီး ဆိုကြောင်းကို ၊ တကယ် သူ့ ကိုမြတ်ဘုန်းမော်ကို အရမ်းကပ်တယ်... ငွေ အိမ်နောက်ဖေးခန်းမှာမလား’’

‘’ ဟုတ်တယ်... ဝင်သွားလေ...’’

ဧကရီ ကောင်မလေးတွေကို ခေါ်ကာ ငွေရှိရာ ထမင်းစားခန်းထဲ ဝင်လာ လိုက်သည်...
ခဏနေ မြတ်ဘုန်းလည်း ဧကရီသား ရှိန်းလေးကို ပွေ့ချီကာ ငွေတို့ရှိရာ ထမင်းစားခန်း ထဲ ဝင်ခဲ့လိုက်၏

‘’ ငွေရေ မောင် City Mart သွားလိုက်အုန်းမယ်နော်... ဟိုကောင်တွေလည်း ရောက်တော့မယ်လို့ ဖုန်းဆက်တယ်...’’

‘’ မောင် ရေခဲမုန့် မဝယ်နဲ့တော့ ဒီမှာ ဧက ဝယ်လာခဲ့တယ်တဲ့ ရေခဲနည်းနည်း လောက်ဘဲ ဝယ်ခဲ့တော့...’’

‘’ ငွေ စားနေကြ ပေါင်မုန့် ကုန်ပြီးမလား မောင်ဝယ်ခဲ့မယ်နော့်... ဪ မဧကရီ ရှိန်းလေးကို ခေါ်သွားမယ်...’’

‘’ ဟယ် ကိုမြတ်ဘုန်းမော် နိုင်ပါမလား ၊ ရှိန်းက ဟိုရောက်ရင် အရမ်းပူဆာတတ်တာရယ် ....  သား နေခဲ့နော် ဦးဦးက သားကို နိုင်မှာမဟုတ်ဘူး...’’

‘’ ဟင့်အင်း လိုက်မှာ... ဦးဦး သားကို ခေါ်...’’

ဧကရီ သားလေးက သူ့အမေ ခေါ်ထားမှာဆို့လို့ မြတ်ဘုန်းကို လည်ပင်းကနေ အတင်းဖက်ထားလေသည်..

‘’ ရတယ် ကျနော့် ခေါ်သွားလိုက်ပါမယ်.... ‘’

‘’ သား..၊ လိုက်သွားမယ်ဆို ဟိုရောက်ရင်း ဦးဦးကို လျှောက်ပူဆာပြီး မဝယ် ခိုင်းရဘူးနော်... ကြားလား သား..’’

ရှိန်းလေးက ခေါင်းတွင်တွင်ငြိမ့်ကာ မြတ်ဘုန်းမော်နဲ့ ပါသွားလေ၏

‘’ ငွေ..! ကိုမြတ်ဘုန်းမော်က ကလေး ချစ်သားနော်.... သူ့ ကြည့်ရင်း ကလေး မချစ်တတ်ဘူး ထင်နေတာ..’’

‘’ အင်း...၊ ဟုတ်တယ် ငွေလည်း အဲလို့ ထင်တာဘဲ... ဒါပေမဲ့ ရှိန်းလေးကိုတော့
သူ့ စိတ်ရှည်ရှည်နဲ့ ထိန်းသားဘဲ... ရှိန်းက သူ့လည်း ကပ်တယ်လေ..’’

‘’ ငွေတို့ ကလေး မယူသေးဘူးလား ..’’

‘’ အွန်း...၊ တနှစ်ကျော်ရင်တော့ ယူမယ်လို့တော့ တိုင်ပင်ထားတာဘဲ...ကလေးယူမဲ့ အကြောင်းတောင် မောင်နဲ့ မတိုင်ပင်ရသေးဘူး...’’

‘’ အဲတာဆို ယူတော့လေ ငွေ... ယောကျာ်း မသိအောင် ယူပြီး စပရိုက်တိုက်လိုက်ပေါ့ ၊အဲဒါ ပိုရင်ခုန်ရတယ် သိလား... ဧက တုန်းက အဲလို့လုပ်တာ...ဟိ ဟိ..’’

ဧက က ငွေနားကပ်ကာ တိုးတိုးပြောလေသည်... ငွေလည်း မောင်မသိအောင် ကလေးယူဖို့ စဉ်းစားလိုက်သည်... ကလေးရှိတာ မောင်သိရင် ဖြစ်သွားမဲ့ မောင့်ပုံစံကိုလည်း ငွေ ကြည့်ချင်သည်...

‘’ ငွေ သိလား ... ကလေးမွေးရင်း သမီးလေးယူ ၊ ဒါမှာ ခမည်းခမက် တော်ရအောင်. ရှိန်းလေးနဲ့လေ...’’

‘’ ဟယ်….! ဗိုက်တောင် ဘယ်နေမှန်းမသိသေးဘူး...’’

‘’ ဟင်း… ဟင်း…ရှိန်းက သိပုံရတာ ၊ ကိုမြတ်ဘုန်းမော်ကို ယောက္ခထီးတော်ဖို့ အတွက် ခုကတည်းက အရမ်းတွေ ကပ်နေတာကိုး... ‘’

‘’ ဟင်း ဟင်း ဟင်း..’’

မကြာခင် မစန္ဒီဇော် တို့ရောက်လာကြလေသည်... ကိုဖြိုးသုတတို့ကတော့ မရာက်သေးပေ... မစန္ဒီဇော်ကလည်း ဝိုင်းကူနေကြတော့ ချက်တာ ပြုတ်တာ မြန်မြန်ပြီး လေသည်.. နောက်တော့ ကိုဖြိုးသုတနဲ့ ဆုသဲကဗျာ တို့ရောက်လာ လေသည် ဆုဆုက ရောက်တာနဲ့ ထမင်းစားခန်းထဲ ဝင်လာသည်...ဖြိုးသုတ က မောင်တို့နဲ့ ဧည်ခံမှာ ကျန်ခဲ့လေသည်...

‘’ မင်းက ဘာလို့ နောက်ကျနေတာလဲ...’’

‘’ ဟိုမှာလေ သူ့ကို စောင့်နေရလို့... ဒီနေ့ မင်းတို့ဆီ သွားဖို့ကို သင်တန်းတရက် ဖျက်ဆိုတာ မဖျက်ဘူးလေ... အဲဒါကြောင့် နောက်ကျနေတာပေါ့...’’

‘’ မင်းကလည်း ထားလိုက်ပါကွာ သူ့ သင်တန်းအရေးကြီးနေလို့နေမှာပေါ့...’’

‘’ အလှကလည်း ပြင်နေသေးတယ်...’’

‘’ ဟား… ဟား မင်း ကောင်မလေးငယ်ငယ်လေးတွေကို ရည်းစားထားရင်း စိတ်ရှည် ငါ့ကောင်ရ...’’

နောက်တော့ ကိုမင်းလွင်ဦးရောက်လာပြီး မြတ်ဘုန်းမော် အောင်ထွန်းနဲ့ ဖြိုးသုတကို မိတ်ဆက်ပေးလိုက်၏အဓိက ဇာတ်လိုက်ဖြစ်တဲ့ ရန်နိုင်က နောက်ကျမှာ ရောက်လာ၏

‘’ ငွေ..! ရန်နိုင် ရောက်ပြီ...’’

‘’ ဟယ်လို…! ငွေ မတွေ့တာ ကြာပြီနော့် ၊ နေကောင်းတယ်မလား... ပိုလှလာ တယ်..’’

မြတ်ဘုန်းမော် ရန်နိုင်ကို ဆွေ့ကြည့်လိုက်သည်.... ရန်နိုင်ကလည်း ပါးပါ သည်..

‘’ မြတ်ဘုန်းမော် အချစ်ခံနေရလို့နဲ့တူတယ်....’’

‘’ ဟင်း.. ဟင်း.. ဟုတ် ကိုရန်နိုင်လည်း နေကောင်းတယ်နော် ၊ အဆက်သွယ် မလုပ်လို မောင်တို့က စိတ်ပူနေတာ ... ‘’

‘’ ကောင်းတယ် ငွေ... ငွေတို့ အိမ်တောင် ဝင်ခဲ့သေးတယ် ... ဘာမှာ အုန်း မလဲလို့ .. မမှာတော့ဘူးတဲ့ ... အဆက်သွယ်လည်း မပြတ်ကြဘူးဆို...ဒါ ငွေအတွက် ဘုရားပန်းထိုးလို့ရအောင် နှင်းဆီတွေ ဝယ်လာခဲ့တယ်... ပန်းဆိုင် ပိုင်ရှင်ကို ပန်းစည်း ပေးသလို ဖြစ်မှာဆို့လို ဘုရားပန်းအတွက်ဘဲ ဝယ်လာခဲ့ တယ်...’’

‘’ ရပါတယ် ကိုရန်နိုင်ရဲ့....  ဘာမှာ မဝယ်လားလဲ ရတယ်.... ကိုရန်နိုင်နဲ့ အားလုံးဘဲ စားကြတော့မလား ဆာကြပြီလားရှင့်...’’

‘’ ရန်နိုင်နောက်ကျနေတာနဲ့ဘဲ ၊အားလုံးထမင်းစား နောက်ကျတော့မယ် ။ စားကြရအောင်  ငွေ... ပြင်ကြတာပေါ့...’’

ယုယုနဲ့ ကိုရန်နိုင် အကြောင်း ငွေ ရိပ်မိပေမဲ့ ယုယုကလည်း ငွေ့ကို ဘာမှာမပြော မတိုင်ပင်ပေ... ငွေ သိတာတောင်မှာ မေမေနဲ့ ဖုန်းပြောရင်း ကိုရန်နိုင် လာလည်တတ်ပြီး ယုယုနဲ့ တပူးတတွဲတွဲ လည်တတ်ကြောင်း ပြောပြလို့သိတာပင် .... သူများက ကိုယ့်ကို မသိစေချင်လို့ မပြောတာကို ငွေလည်း အတင်းကာရော မမေးဖြစ်ပေ.. ဒါပေမဲ့ မောင့်ကိုတော့ ငွေ မေးကြည့်ရမည်ပင်...

ထို့နေ့က ငွေတို့အိမ်လေး ဧည့်သည့်များဖြင့် ပျော်ပျော်ရွင်ရွင်နဲ့ ထမင်း လက်ဆုံစားဖြစ်ကြပြီး ... သူ့အကြောင်း ကိုယ့်အကြောင်း ကိုယ့်အလုပ် သူ့ အလုပ်တွေ ပြောဖြစ်ကြရင်း စကားတွေ အတော်မသတ်နိုင် ရှိခဲ့လေသည် ...
-
-
-
-

-
ဆိုင်မှာ ပန်းမှာထားတဲ့ အော်ဒါများနဲ့ ငွေအလုပ်ရှုပ်နေတုန်း ဧက ရောက်လာ လေတော့သည်....

‘’ ငွေ...!  အော်ဒါများလား ဧက ကူမယ်လေ..’’

‘’ ပြီးတော့မယ် ဧကရဲ့ ခဏနေ ပန်းမှာထားတဲ့ ကတ်စတာမာ လာယူတော့ မယ်...’’

‘’ အွန်း...၊ နောက်အော်ဒါများရင်း ဧက လာရက် မဟုတ်လဲ လာခဲ့မယ်။ ဧက ကို ခေါ်လေနော်...’’

‘’ အလုပ်က အဲလောက် မများပါဘူး။ ဧက က ကလေးတွေနဲ့ကို ၊ ငွေက ကလေးရှိသေးတာမှာ မဟုတ်တာ ၊နောက် ခတ္တာက အားအရမ်းကိုးရတယ်... သူလေးက ဝါသနာလဲပါတော့ တတ်မြန်တယ်ရယ်... တခါတလေ ယူကျု့ကနေ သူ့ဘာသာ သူ့ လုပ်တာ ဟုတ်လို့... ကတ်စတာမာတွေလည်း ကြိုက်ကြတယ်ရယ်...’’

‘’ အေးနော်.. တော်သေး ခေတ္တာလို ကောင်မလေး ရထားလို့ ၊ နိုမိုဆို ဧကတို့လို အိမ်ထောင်တာဝန်နဲ့အလုပ်ရှုပ်နေတဲ့ သူတွေနဲ့သာ ဆိုင်ဖွင့်ရရင်း ဆိုင်မြန်မြန် ပိတ်သိမ်းရနိုင်တယ်.. ဟင်း ဟင်း...’’

ငွေလည်း ဧက အပြောကြောင့် ပြုံးလိုက်ရင်း အလုပ်မြန်မြန်လက်စ သတ်လိုက်သည်.... ခဏနေ ကတ်စတာမာ လာယူသွားပြီးဖြစ်တာကြောင့် ခေတ္တာနဲ့ ဆိုင်ကို ထားခဲ့ကာ နောက်ခန်းထဲတွင်ရှိသော် ဧကဆီ ဝင်လာခဲ့လိုက်လေသည်....ငွေ အခန်းထဲ ရောက်တော့ ဧကနဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ပြီး ဧကယူ လာတဲ့ ပန်းသစ်တော် စိပ်လေးတွေ စားနေလိုက်သည်..

‘’ ငွေရေ...! ရှင့်ရဲ့ အချစ်ပြိုင်ဘက် ဟန်သွယ်ဆုလေ၊  သူအကြောင်း ကြားပြီ ပြီးလား ...’’

‘’ ဘာအကြောင်းလဲ ဟင် ... ငွေဘာမှာ မသိဘူးရယ်..’’

‘’ ဟယ်..၊ သူ့တို့ဟာကလည်း အရှုပ်သားရယ်...  Sponsor လုတယ် ဆိုလားဘဲ.... တခြားတယောက် Sponsor ကို လုတာတဲ့ ၊ အခု သူလည်း Model လောက ကနေ နားသွားပြီးတဲ့... ‘’

‘’ ဪ ..! ငွေက လိုင်းသုံးရင်း Youtubeကြည့်ရုံ... ဇာတ်ကား ကြည့်ရုံဘဲ သုံးတာရယ်.... Facebookတောင် သိပ်မသုံးမိဘူး... ‘’

‘’ အင်း ဒီသတင်းက အတွင်းသတင်း သိလား၊  ဧက တူမလေး သတင်းလိုက်ရင်း သိလာတာရယ်... သူ့တို့အချင်းချင်း ပြောနေတာ ဧက က ကြားတာ..... သိတယ်မလား ပွဲဆိုတာနဲ့ ဧကတို့က ရှေ့ဆုံးကနေကို စိတ်ဝင်စားတာ... ဟင်း ဟင်း ..’’

ငွေ ဘာမှာ ပြန်မပြောဖြစ်ပါဘူး... လူဆိုတာ ကိုယ့်အကြောင်းနဲ့ ကိုယ့် ၊ကိုယ်ဒုက္ခနဲ့ ကိုယ် ကိုယ့်ရွေးချယ်မူနဲ့ ကိုယ်မလို၊ ဟန်သွယ်ဆုကိုတော့ ငွေ ဉပက္ခာဘဲ ပြုထားလိုက်တယ် ပင် ..

**************** ****************** ***************
အပိုင်း( ၃၁ ) ဆက်ရန်

စာကတော့ စစ်လိုက်တာဘဲ၊ပထမဆုံး စရေးတဲ့fic ဖြစ်လို့ လိုအပ်ချက်‌များ‌ကော စာလုံးပေါင်းအမှားများရောကို သည်းခံဖတ်ပေးကြပါရှင့်
လိုအပ်ချက်များကိုလည်း ပြောပြပေးလို့ရပါတယ်ရှင့်၊
ဖတ်ပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်
ကျန်းမာရွှင်လန်းကြပါစေရှင့်....

#With Love
#Author:HNINN Pann Mho
#နှင်းပန်းမိုရ်
#မြတ်ဘုန်းမော်+ငွေမှုန်းခင်


You are reading the story above: TeenFic.Net