အပိုင်း ( ၂ )

Background color
Font
Font size
Line height

မာမီတို့ကားက အိမ်ရှေ့မှာ သက်တမ်းရင့် မန်းကျည်းပင်ကြီး ၂ပင်ရှိတဲ့ နေရာမှာ ရပ်သွားခဲ့ပါ သည်။ မြတ်ဘုန်းတို့ ကားလည်း  မာမီတို့ကားနောက် မလှမ်းမကမ်းမှာ ရပ် လိုက် သည်။ မာမီတို့လူကြီးတွေ ကားပေါ်က ဆင်းရင်း...မြတ်ဘုန်းလည်း မာမီတို့နဲ့ မလှမ်းမကမ်းမှာ ရပ်နေလိုက်၏

“ ဦးလေး ဒီပ ကြွပါရှင့်....မမမော် ရော အကိုကြီးရော လာပါ လာပါ... ဟိုသားတို့ရောဘဲ ခရီးဝေးလို့ ပမ်းပန်းနေကြရောပေါ့.... “

မြတ်ဘုန်းတို့ကို အိမ်ထဲက ဝဝခန့်ခန့်နဲ့ အန်တီကြီးတယောက်ရယ်..မြန်မာဆန် ဆန်လေးချည်ဝမ်းဆက်လေး ဝတ်ထားသော် အသက်၂၀ ကျော် အရွယ်ရှိ ကောင်မလေး တစ်ယောက်ရယ် ထွက်ကြိုကြ၏ ကောင်မလေးက မျက်နှာမှာ သနပ်ခါးပါးပါးလေးလိမ်းထားပြီး အရပ်မနိမ့်မမြင့်လေးနဲ့ ခါးလောက် ရှိမဲ့ ဆံပင်လေးတွေကို  စုချည်ထား‌ လေ၏…  အင်း သူမက ဘယ်သူလဲ၊ အကြီးမလား၊ အငယ်မလား…

 ’’ မပင်ပန်းပါဘူး သမီးရယ်....မမေ အထဲမှာလား...”

’’ ဟုတ်တယ်...ဦးလေး မေမေအထဲမှာ ဒူးသိပ်မကောင်းလို့ ထွက်မကြိုတာ ပါ..ဒါက သမီးကြီးလေ ငွေမှုန်းခင် လို့ခေါ်ပါတယ်...အငယ်မကတော့ ကျောင်းသွားပါတယ်....ဒီနေ့ ခွင့်မရလို့....... ‘’

’’ အလုပ်ရှိတာ လုပ်ပါစေလေ...ဒီမှာနေအုန်းမှာဘဲ ဉစ္စာ နောက်တွေ့မှာပေါ့... သမီးကြီးတောင် ကြီးလာပြီးဘဲ....မှတ်တောင် မမှတ်မိတော့ဘူး...မော်မော် နင် သားခေါ်မိတ်ဆက်ပေးလိုက် အုန်း.....ငါ အထဲ ဝင်နှင့်မယ်.... ‘’

‘’ ဟုတ်ကဲ့ ဖေဖေ.... ‘’

ဖိုးလေး ဒီပက ငွေကို အားနာနေပုံရသည်....ငွေကတော့ အဲ့ကိစ္စကို စိတ်ထဲတောင် သိပ်မရှိတော့ပေ။

” အကို ...ဖေဖေနဲ့ လိုက်သွားလိုက်.....သား မြတ်ဘုန်း ဒီနားလာအုန်း .....’’

မြတ်ဘုန်း မာမီနား သွားရပ်လိုက်တော့ ..... မာမီက ...

’’ ဖြူနဲ့ သမီး ဒါက အန်တီသားငယ် မြတ်ဘုန်းမော်တဲ့....သား ဒါက အန်တီဖြူ

ဒီသမီးက ငွေမှုန်းခင်  မှတ်ထားအုန်း... “

’’ ဟုတ် ...မင်္ဂလာပါ အန်တီ.... မင်္ဂလာပါဗျာ့... ‘’

မြတ်ဘုန်းလက်အုပ်ချီကာ နှုတ်ဆက်လိုက်၏

’’ အေးပါသားးရယ် ..... မင်္ဂလာပါကွယ်..... ‘’

အန်တီဖြူက အပြုံးလေးနဲ့ မြတ်ဘုန်းကို ပြန်နှုတ်ဆက်လေ၏ အန်တီဖြူ နောက်က တယောက်ကတော့ မြတ်ဘုန်းကို တစ်ချက်ကြည့်ကာ ပြုံးယောင် သန်းရင်း အကြည့်လွှဲသွား၏ မြတ်ဘုန်းသူမကို အကဲခတ် ကြည့်နေမိ၏

သူမအရပ်က မိန်းကလေးတယောက်အတွက် မနိမ့်လွန်းမမြင့်လွန်းပေးမဲ့ မြတ်ဘုန်း ယှဉ်ရင်းတော့  ပခုံးနားလောက်ဘဲရှိမည်။အသားအရည်က အဖြူကြီးမဟုတ်ပေ။ညိုတာလည်း မဟုတ် ဝင်းဝင်းဝါဝါလေးပင်... နဖူးက မကျဉ်လွန်း မကျယ်လွန်း ပြေပြေလေး...မျက်ခုံးမထူးမပါး မျက်လုံး ဝိုင်းဝိုင်းလေးနှင့် နှာခေါင်းထိပ်က လုံးလုံးလေး အထူးခြားဆုံး နှုတ်ခမ်းက ထူထူပြည့်ပြည့် လေးနဲ့ ခြုံကြည့်ရင်း အရမ်းချောလှနေတာမျိုး မဟုတ် ဘဲ....စွဲဆောင်မှုရှိကာ မဟာဆန်တဲ့ အလှမျိုးပင်....အန်တီဖြူက ချောချောခန့်ခန့် ကြီးပင် သူမက အန်တီတူတာ မဟုတ်ဘဲ.... အဖေတူ ဖြစ်မယ်.....

‘’ဒီသုံးယောက်ကတော့ သားသူငယ်ချင်းတွေလေ .... အလှူလာရင်း လိုက်လည် ကြတာ....အောင်ထွန်းလူ...ရန်နိုင်... ဖြိုးသုတ တဲ့ ........ အန်တီနဲ့သမီးကို နှုတ်ဆက်လိုက်ကြ သားတို့...’’

‘’ မင်္ဂလာပါ ‘’ 

’’ မင်္ဂလာပါ ‘’ 

‘’ မင်္ဂလာပါ ‘’ 

မာမီက အားလုံးနဲ့ မိတ်ဆက်ပေးတော့ သူမက အားလုံးကို တစ်ချက် ဝှေ့ ကြည့် ထကာ အသိအမှတ်ပြုသလို ခေါင်းလေးတစ်ချက်ညိမ့်ကာ ပြုံးပြလိုက် ၏ သူမက မြတ်ဘုန်းကို ဒီလောက်ဘဲအသိအမှတ်ပြုတာလား..မြတ်ဘုန်း သူမကို မျက်လုံးမှေးစင်းကာ စိုက်ကြည့်နေလိုက်တော့၏

‘’ လာ...သားတို့ အိမ်ထဲဝင်ပြီး နားကြ....အန်တီသားတို့ နားဖို့အတွက် လုပ်ထားတယ်....မော်လည်းလာ.... ‘’

အန်တီဖြူက အားလုံးကို ခေါ်ကာ အိမ်ထဲဝင်လာလိုက်ကြလေသည်.... အိမ် ထဲတွင် ဖိုးဖိုး ,ဒယ်ဒီ နှင့် ဖွားမေတို့က စကားပြောနေကြ၏... မြတ်ဘုန်း ဝင်လာ တော့ ဖိုးဖိုးက မြတ်ဘုန်းကို....

‘’ ဟေ့ ငါ့မြေးလာ ....  ဖွားဖွားကို လာနှုတ်ဆက်လိုက်အုန်း.... ‘’

‘’ဟုတ် မင်္ဂလာပါ ဖွားဖွား သားက မြတ်ဘုန်းမော်ပါ ခင်ဗျာ့... ‘’

’’ အေး... အေး  မြေးက လူချောဘဲ...ဖွားကြည့်နေတဲ့ ဇာတ်လမ်းတွဲတွေက မင်းသားတွေ အတိုင်းပါဘဲလား.... မော်မော်က မွေးတက်လိုက်တာ.... ‘’

’’ ဟုတ် ဖွားဖွား .... ကျေးဇူးတင်ပါတယ် ဗျာ့... ‘’

‘’ ချော ဆို... ကျနော့်နဲ့တူလို့လေ.... ဟား..ဟား ..... ‘’

ဖိုးဖိုးက အရွှန်းဖေါက်ကာပြောတော့...ဖွားမေက ....

‘’ ဟုတ်ပါဘူး..... မော်မော် တူလို့ပါ ... ‘’

ဖိုးဖိုးဒီပက ဒယ်ဒီအဖေဖြစ်ကာ မာမီက ဒယ်ဒီချွေးမ ဖြစ်သည်။ဖိုးဖိုးက ဆက်၍ ....

‘’နောက်က ဒီကောင်သူငယ်ချင်းတွေ လိုက်လည်ကြတာ ... ‘’

‘’ အေး အေး ကလေးတို့ နားကြအုန်း ပင်ပန်းကြရော့ပေါ့.... ‘’

’’ ဟုတ်ကဲ့ ဖွားဖွား ‘’

’’ ဟုတ်ကဲ့ ဖွားဖွား ‘’

‘’ ဟုတ်ကဲ့ ဖွားဖွား ‘’

‘’ ဖြူဖြူ သမီး ကလေးတွေနားဖို့ခေါ်သွားအုန်း.... ‘’

‘’ ဟုတ် မေမေ ... သမီးငွေ အားလုံး စီစဉ်နေပါတယ်... ‘’

ထိုအချိန် သူမက လှေကားကနေ ဆင်းလာ၏ 

‘’ မေမေ နားဖို့ အဆင့်သင့် ဖြစ်ပါပြီး.... အန်တီတို့ကိုတစ်ခန်း... ဒီက မောင်လေး တွေအတွက် တစ်ခန်း... ဖိုးလေးဒီပကို အောက်ထပ်ကအခန်းပြင်ထားပါတယ်... ‘’

’’ မော်မော် နဲ့ သားတို့ နားရအောင် လာ အပေါ် တက်ကြ... ဉီးလေးတို့ စကားပြော ကြပါစေ... သမီးငွေ ဖွားမေ နဲ့ ဖိုးလေး ကို နေ့လည်စာ စားဖို့ပြင်ပေးလိုက်.... ဖြူ နားပြီးမှာ စားမလား.... သားတို့ရောဘဲ ... ‘’

‘’ မော် ရေချိုးပြီးမှာ စားမယ်... ‘’

‘’ သားတို့လည်း နားပြီးမှာ စားမယ်... အန်တီ ‘’

ရန်နိုင်က ဝင်ပြောလိုက်၏

‘’ အေးအေး သားတို့.... အန်တီတူလေး ခေါ်ထားတယ်.... ခဏနေ လာလိမ့်မယ်... သားတို့ လိုတာ သူကို ပြောလို့ရတယ်ကွယ် ‘’

‘’ မော်တို့လာတာနဲ့ အလုပ်တွေရှုပ်ကုန်ပြီး .... ‘’

’’ မရှုပ်ပါဘူး..... ဒီက ဧည့်သည်မျှော်နေတယ်...နိမို့ဆို ပျင်းလွန်းလို့ ... ဟင်း..ဟင်း’’

‘’ မော် အဖေါ်လုပ်ပေးမယ် စိတ်ချ ‘’

အန်တီဖြူက သူတို့ကို အခန်းတစ်ခန်းထဲ ထည့်ကာ မာမီနဲ့ စကားတစ်ပြော ပြောနဲ့ ပြန်ထွက်သွားလေ၏ မြတ်ဘုန်းတို့လည်း တနေ့ကုန် ကားစီးလာကြ၍

စကားတောင် မပြောနိုင်ကြတော့ဘဲ အိပ်ရာပေါ် ခြေပစ်လက်ပစ် ၄ယောက် သား နားနေလိုက်ကြတော့၏

-

-

-

-

-

* ဒေါက်... ဒေါက်... ဒေါက်... *

’’ အကိုတို့ရေ..... အကိုတို့...’’

တံခါးခေါက်သံကြောင့် မြတ်ဘုန်း မျက်စိဖွင့်ကြည့်တော့ အောင်ထွန်းက တံခါး သွားဖွင့်လိုက်၏ တံခါးအပြင်ဘက်တွက် ၁၇ ..၁၈အရွယ်ကောင်လေးတယောက် က....

’’ အစ်ကိုတို့ နေ့လည့်စာ စားချိန်နီးနေလို့ လာနှိုးတာပါ...ရေအရင်ချိုးမလား... 

ထမင်းအရင် စားမလားဗျာ့ ‘’

’’ အေးကွ ရေအရင်ချိုးမယ်.....ဟျော့တွေ ရေအရင်ချိုးကြမယ်မလား ‘’

အားလုံးက ခေါင်းပြိုင်တူ ညိမ့်လိုက်ကြ၏တဆက်တည်း ကောင်လေးက...

’’ အကိုတို့ ကျနော်က ဟိန်းဇေထွန်းပါ...ကိုဟိန်းလို့ ခေါ်လဲရပါတယ်... ကျနော်က တီလေးဖြူ တူပါ.... အကို တို့ ရေချိုးတာ ရေချိုးခန်းမှာ ချိုးမလား တွင်းမှာ ချိုးမလား.... ‘’

’’ ဟင်... ဘာကွာလို့လဲ ကိုဟိန်း... ‘’

‘’ ရေချိုးခန်းက တယောက်ပြီးမှာ တယောက် ချိုးရမယ်.... တွင်းကြတော့ တပြိုင်တည်း စုချိုးလို့ ရတယ်... ဒါပေမဲ့ တွင်းက အိမ်နောက်ဖက်မှာ အိမ်မကြီးနဲ့ နဲနဲလှမ်းတယ်... ‘’

‘’  ဟျောင့်တွေ.... တွင်းမှာ သွားချိုးရအောင် အတွေ့အကြုံ အသစ်လေး...’’

‘’ အေး သွားမယ်.... ‘’

ကိုဟိန်းက မြတ်ဘုန်းတို့ အားလုံးကို အိမ်နောက်ရေတွင်းဆီသို့ ဦးဆောင် ခေါ်သွားလိုက်သည်။ ဆပ်ပြာ..ခေါင်းလျှောရည်က အစ အဆင့်သင့်ထား ပေးကာ လိုသေးမရှိ မြတ်ဘုန်းတို့ကို အန်တီဖြူတို့က ဂရုစိုက် လေသည်။

*ဗွမ်း*

’’ အေး တွင်းရေက အေးစိမ့်နေတာဘဲ.....ချိုးလို့ကောင်းလိုက်တာ... ကိုဟိန်း ရေက မော်တာနဲ့တင်တာလား ‘’

‘’ ဟုတ်တယ်....အကို... အကို ပုဆိုး ဒီပေး ဒီမှာလှန်းပေးထားမယ် ‘’

မြတ်ဘုန်း တို့ ရေချိုးပြီး အပေါ်တက်လာ လိုက်ကြသည်၊ကိုဟိန်းကတော့ အောက်မှာ ကျန်ခဲ့သည် ။ မြတ်ဘုန်း အင်္ကျီလဲနေတုန်း ရန်နိုင်က တိုးတိုးကပ်ကာ မေးလိုက်တာက ..

‘’ဟျော့ မြတ်ဘုန်း  မင်းနဲ့ သဘောတူထားတာက မငွေမှုန်းခင်ကိုလား... ‘’

ဟိုနှစ်ကောင်ကလား သိပ်မစပ်စုခြင်းရှာဘူး..... ချက်ချင်းကို အနားကပ်လာကြ ၏ ...

’’ အင်း........  နောက်တယောက်လဲ ရှိသေးတယ် ‘’

’’ဪ ... ဆရာမဆိုတဲ့ တယောက်ပေါ့.... ငါတို့ ဆက် အကဲခတ်ရမယ်....

မသိပါဘူး မငွေတို့နဲ့ မိတ်ဆက်ပေးတော့ ဒီကောင် မငွေကို ကြည့်နေတာ မျက်စိကျွတ်ကြမတက်မလို့ မေးကြည့်တာ မငွေကတော့ ဣန္ဒြေရှင် ဘဲ .... တောသူ‌သဌေးမှန်းသိအောင် ရွှေတွေ ဝတ်ထားတာလည်း သီးနေတာဘဲ.. ဘောစိမဘဲ ကွ.... ဟင်း ဟင်း ‘’

’’ ဟိတ်ကောင် တိုးတိုးကွ တယောက်ယောက် ကြားသွားအုန်းမယ်’’

ဖြိုးသုတက အောင်ထူးကို လှမ်းဟန့်နေလိုက်သည်။ ခဏအကြာ တံခါး ခေါက်သံ ကြားလိုက်ရ၏ကိုဟိန်း လာတာဖြစ်ပြီး သူတို့ကို ထမင်းစား လာခေါ် ခြင်းဖြစ်၏ 

ထမင်းစားခန်းရောက်တော့ သူမလေးနဲ့အတူ မာမီကော အန်တီဖြူရော ရှိသည်။သူမကတော့ သူတို့ကို မျက်လုံးတောင် ဆုံမကြည့်ဘဲ ဟင်းတွေ ချပေးနေ၏အန်တီဖြူက ........

’’ သားတို့ လာထိုင်ကြ.... စားတတ်ပါမလား မသိဘူး...ချက်တော့ ထားတာဘဲ ကွယ်....’’

’’ သားတို့ စားတက်ပါတယ် အန်တီဖြူ “

‘’ ဖြူရယ် ဒီလောက်ပြည့်စုံအောင် ချက်ထားတာ သူတို့ စားနိုင်ပါတယ်... ဖေဖေဆို အိမ်မှာ ထမင်းတပန်းကန်ကုန်‌အောင် မနဲစားရတယ်...အခုကြ ထမင်း တောင် ထပ်ထည့်တယ်... အကိုရော အတူတူဘဲ... သမီးငွေရော မစားသေးဘူးလား... ‘’

” မစားသေးဘူး အန်တီမော်... သမီးနောက်မှာ အေးအေးတို့နဲ့ အတူ စားမယ်... သမီး ဖွားမေတို့ကို ရေနွေး သွားဖြည့်ပေးလိုက်အုန်း... လိုတာရှိရင်

အေးအေးနဲ့ ဘုတ်ဆုံရှိတယ်နော် မေမေ ..... ‘’

မြတ်ဘုန်းတို့ကို တချက်တောင် လှမ်းမကြည့်သွားဘူး.... သူမက အန်တီဖြူနဲ့ မာမီကို နှုတ်ဆက်ကာ အိမ်ရှေ့ထွက်သွားလေတော့သည်။ မြတ်ဘုန်း စိတ်ထင့်တာဘဲလား သူမ မျက်နှာ နည်းနည်း တင်းနေသလားလို့.......

**************** ****************** ***************  

အပိုင်း(၃ ) ဆက်ရန်

ဖတ်ပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်

ကျန်းမာရွှင်လန်းကြပါစေရှင့်....

#With Love

#Author:Pann Mohn

#ပန်းမိုရ်

#မြတ်ဘုန်းမော်+ငွေမှုန်းခင်

မနေ့က စာကို တင်ချင်ဇောနဲ့တင်လိုက်တာ စာလုံးပေါင်းမှားနေတာ ‌စာကျော်တာတွေ ရှိပါတယ်၊ အဲဒီအတွက် သည်းခံဖတ်ပေးကြပါရှင့်၊အပိုင်း၂တော့ စာတော့ စစ်လိုက်တာဘဲ ၊ မှားတာရှိရင် ၊ စာကျော်တာရှိရင် ပြောပေးလို့ ရပါတယ် ရှင့် နောက်ပြီး ကျမ ဖုန်းမှာ zawgyi က အဆင်မပြေလို့၊ unicodeနဲ့ဘဲ စာတင်ပါမယ်နော်


You are reading the story above: TeenFic.Net