စာဖတ်သူများအားလုံး မင်္ဂလာပါရှင့်

Background color
Font
Font size
Line height


သည့်နေ့က စာတင်တာ တလ ပြည့်တဲ့နေ့ပါ ။ ပြီးခဲ့တဲ့ ဖေဖဝါရီလ ၂ ရက်နေ့ သည်နေ့လို တနင်္ဂနွေနေ့ညဘဲ wettpad မှာ မြတ်ဘုန်းမော်တို့ကို စတင်ခဲ့ တယ် ၊ စာတင်ခြင်းတာဘဲ သိတာ , ဘယ်လို့ တင်ရမှန်းလဲ မသိဘူး ။ အဲတာကို  ဆရာမ Hlaing Lay က wappad မှာ စာတင်နည်း ပြပေးလို့ ၊ အခုဆို အဆင်ပြေပြေ တင်နိုင်ခဲ့တယ် ။ အဲ့ညက ဘယ်ဂရုမှာလဲ မရှယ်ရသေးဘဲ တင်လိုက်တာ မနက်ရောက်တော့ reader 13 ယောက် လာဖတ်တယ် ၊ နှင်းမှာတော့ အဲဒီ reader 13 ယောက် လာဖတ်တာကို ပျော်မဆုံးဘူး ၊ အဲဒီ reader လေးတွေ ခုထိဖတ်နေသေးလား , ဒါမှမဟုတ် drop သွားပြီးလား အရမ်းသိချင်တယ် ... ဒါက တပိုင်းပါ ၊

အခုဆိုစာတင် တလပြည့်မှာ 7.39k reads နဲ့ 364 Votes 115 followers နဲ့ပါ၊အဲ့တာက ဘာမှာ မဟုတ်ဘူး ဆိုတာ သိပါတယ် .. နှင်း အတွက်ကတော့ အားဆေးလည်း ဖြစ်တယ် ၊ အောင်မြင်မူတခုလဲ ဖြစ်တယ်...

နောက်တခုပြောချင်တာကတော့ မြတ်ဘုန်းမော်တို့က ဇာတ်တဝက်ရောက် နေပါပြီ ၊ ဖတ်ရတာ အဆင်ပြေရဲ့လား ၊ အကြံပေးကြပါဆိုတော့ ဘယ်သူမှာ ဘာမှာလဲ မပြောကြဘူး ၊ နှင်းက ကံကောင်းတယ်ထင်တယ် ၊အရမ်းဝေဖန် မခံရဘူး ၊ တမျိုးအားရှိတာပေါ့ ...

နောက်တခုက အပြီးထိ တင်ပေးပါလား လို့ ပြောကြတယ် .. တခြားသာသာတွေက ဖုန်းနဲ့ဘဲ စာရိုက်ပြီး တင်ကြတယ်ပြောတယ် ၊ နှင်းကတော့ ဖုန်းနဲ့ စာရိုက်ရင်း အခန်းတခန်းရဲ့ Plot တခုကို အနည်းဆုံး ၄နာရီ ကြာတာတောင်  မပြီးဘူး ၊ စာရိုက်နှေးတာလား မသိဘူး , ဇာတ်လမ်းက ရှေ့ကို မရောက်တော့ဘူး ၊ ဒါနဲ့ စာအုပ်မှာ ရေးချ ပြီးရင် စာရိုက် အဲ့လို့ လုပ်ပြီး စာ တင်တာပါ ၊ စာကို သူများရိုက်ခိုင်းလို့လည်း မရဘူး စာရိုက်နေ ရင်း လိုတိုး ၊ ပိုလျှော့က လုပ်‌ သေးတာမို့ပါ ။ ဒါက အကုန်တင်မပေးနိုင်တဲ့ အခက်အခဲကို ပြောတာပါ ၊  နောက်ပြီး စာလုံးသတ်ပုံ တွေလည်း မြင်သမျှ ပြင်တာဘဲ အမှားပါတာတွေလည်း ရှိတယ်မလား ၊ သည်းခံပေးနော် ၊ စာကျော် သွားတာတွေလည်း ရှိမှာပေါ့ ... အတတ်နိုင်ဆုံး တော့ စစ်ပြီး တင်လိုက်တာပါဘဲ .. အဲ့လို့ ဖြစ်သွားခဲ့ရင်းလည်း မီရာနဲလ် နော်

နောက်ပြီး နာမည်ကိစ္စပါ .. အရင်က pann mohn ဆိုတဲ့ နာမည်နဲ့ တင်ရာကနေ အခု Hnin pann mho နာမည်နဲ့ တင်ဖြစ်နေတာပါ ။ နောက်ဆို အဲ့ဒီနာမည်ဘဲ သုံးတော့မယ့် အကြာင်းလေးလည်း အသိပေးရင်း …

သည်နေ့က စာတင်တာ တလပြည့်တဲ့နေ့လည်း ဖြစ်တဲ့အတွက် အခုထိ စောင့်ဖတ်ပေးကြတဲ့ readerတယောက်ခြင်းစီတိုင်းကိုရော၊ Vote ပေးကြတဲ တဦးတယောက်စီတိုင်းကိုရော ၊ Followers အယောက်တိုင်းရော ၊ နောက်ပြီး ‘s reading  list လေးတွေ ထည့်ပေးကြတဲ့ သူတိုင်းကိုရော ၊ ဆရာမ Hlaing Lay ရော ၊ ကိုယ့်ကိုရော ကျေးဇူးတင်ပါတယ် ... ဒါက စာတင် တလပြည့်အတွက် ကျေးဇူးတင်လွှာပါ ..

မြတ်ဘုန်းမော်တို့ အစအဆုံးပြီးရင် ရှယ်ပါလန်နဲ့ ကျေးဇူးတင်အုန်းမှာမို့ ....

With Love
Hnin Pann Mho

Conversation က စကားကြောရှည်လို့တဲ့ 😁(စာလုံးရေးများလို့ တင်မရလို့ ဒီမှာ တင်လိုက်ပါတယ်)


You are reading the story above: TeenFic.Net