Love Equation ❣️

Background color
Font
Font size
Line height

"ဖေဖေ သဘောမတူဘူး လုံးဝပဲ.."

"ဗျာ " "ဗျာ "

ထယ်ယောင်းဖေဖေရဲ့စကားကြောင့် ထယ်ယောင်းရောကလေးပါ သံပြိုင်ထွက်မိသည်အထိ ဒီနေ့ ထယ်ယောင်းအိမ်သို့ကလေးအား ခေါ်ခဲ့သည် အကြောင်းကတော့ သူနဲ့ကလေးကအခြေအနေတခုထိရောက်ပြီးသွားပြီ ဒါကြောင့် ဖေဖေတို့ဆီ သူ့သားသမက်လေးကိုပြရင်း အန်တီဂျောင်ဟယ်ဆီမှာတောင်းပေးဖို့ဖြစ်သည်. မေမေကတော့ ကလေးအားသာအာရုံစိုက်ကြည့်နေသည် ဖေဖေကရုတ်တရက် သဘောမတူကြောင်းဆိုလာသည်ကြောင့် ဘေးမှကလေးမှာ သူ့အားတချက်ကြည့်လာပြီးခေါင်းလေးငုံ့ကာ ကိုယ်ငယ်လေးကိုကျုံ့ထားသည် ထယ်ယောင်းလဲ ကလေးလက်လေးအားဆုပ်ကိုင်လိုက်တော့ ဘယ်လောက်တောင်ကြောက်နေသည်မသိ လက်ဖဝါးလေးမှာအေးစက်လို့..

"ဖေဖေသဘောမတူလဲ ကျနော်တို့ကလင်မယားဖြစ်ပြီးပြီ အဲ့တော့ယူမှာပဲ .."

အဖေဖြစ်သူကိုပင် ခပ်စိမ်းစိမ်းကြည့်ကာဆိုသည့်ထယ်ယောင်း

"ဘာ အေးငါသဘောမတူဘူးကွာ ငါ့သားသမက်လေးကနုနုရွရွလေးနဲ့ မင်းလိုကောင်နဲ့မတန်ဘူး အဲ့ကြောင့်သဘောမတူတာ.."

"ဟင် .."

"ဟာ ဖေဖေဗျာ .."

ဖေဖေစကားကြောင့် ထယ်ယောင်းမှာရီရခက်ငိုရခက်ပင် သားသမက်ဆိုပဲ အဲ့ဆိုသဘောတူသည့်သဘောပေါ့ အဲ့ဒါများ စိတ်ဒုက္ခပေးသေးတယ်ဗျာ ဖေဖေကသိပ်ဆိုးတာပဲ

"ကဲ အကိုရယ် ကလေးတွေကိုစမနေနဲ့တော့သားထယ် မေမေတို့က သားဆန္ဒမဟုတ်လဲ ဒီကလေး နာမည် .."

"ဟို ဂျွန်ဂျောင်ကုပါအန်တီ.."

ခေါင်းငုံ့ထားသောကလေးက မဝံမရဲလေးဖြင့်ပြောလာသည်မို့ သူမလဲကလေးအားကြည့်ကာပြုံးလိုက်သည် ဖြူလုံးလုံးလေးကချစ်ဖို့ကောင်းသည်မို့ သူမမြင်ကတည်းကသားထယ်နှင့်သဘောတူပြီးဖြစ်သည်..

"သားဂျွန်နဲ့သဘောတူပြီးပဲ မဟုတ်လဲ မေမေ့သားကိုတာဝန်မဲ့တဲ့ လုပ်ရပ်မျိုးမလုပ်ခိုင်းပါဘူး.."

ဟုတ်သည် သူများသားပျိုကို ခိုးယူပြီးဆိုမှတော့ သူမတို့ဘက်ကဘယ်သဘောမတူလို့ရမလဲ ပြီးတော့ ကလေးလေးကလဲချစ်စရာလေးဖြစ်ပြီးအနေအထိုင်လေးကစသိမ်မွေ့သည့်ပုံလေးဖြစ်သည် ။

"သားကလဲကလေးကို‌ မေမေတို့သဘောမတူရင်လဲရအောင်ယူမှာပဲ.."

"ကင်မ်ထယ်ယောင်းတော်တော်ဖြစ်နေဟင် .."

"သားအဖတွေတော်တော့ ကြားထဲက သားဂျွန်အနေခက်နေမယ် သားဂျွန်သူတို့သားအဖကအဲ့လိုပဲကွယ် ."

"ဟုတ် ဟုတ် အန်တီ.."

ကလေးအသံလေးမှာတုန်ရီလို့

"မေမေလို့ပဲ ခေါ်ပါကွယ်သားဂျွန်ရဲ့ မေမေတို့ကိုကြောက်နေတာလားကိုက်မစားပါဘူး မေမေတို့က .."

"ဟုတ် မေမေ.."

ရှက်နေတဲ့ကလေးးက လည်ဂုတ်လေးအားပွတ်ကာမေမေအားပြောနေသည်ဒီပုံစံလေးကလဲတမျိုးလေးချစ်ဖို့ကောင်းသည်မို့ ထယ်ယောင်းမှာကလေးအားကြည့်ရင်းပြုံးနေမိသည်ဒါကိုသိသောကလေးကသူ့အားကြည့်လာကာမျက်နှာလေးကလဲ ပန်းရောင်ဘက်သို့သန်းနေသေးသည်။

"မီရေ မင်းသားကိုထယ်စောင်းစောင်း လို့သာနာမည်ပြောင်းလိုက်တော့"

ဖေဖေကထယ်ယောင်းအားကြည့်ကာဆိုလာသည်ဖေဖေတို့ကနေရာတကာကိုပါတယ်

"ဖေဖေဗျာသားကချစ်တတ်တာပါ ဒါနဲ့မေမေ ကလေးက လူနဲနဲကြောက်တတ်လို့ခုလိုလေးဖြစ်နေတာပါ .."

"ဟော မေမေကလဲစတာပါ ကလေးအနေခက်မှာစိုးလို့ သားထယ်တို့ကပိုတယ်နော် .."

"ဒါကတော့ဖအေတူသားပဲဒီလောက်တော့ရှိမှာပေါ့မီရ"

ကင်မ်ထယ်ဆောင်းစကားကြောင့် ထယ်ယောင်းတို့လဲခိုးရီလိုက်သည် မီယောင်း သားဖြစ်သူအားသူဟာလေးအားအထိမခံပိုလွန်းသည့်မို့ပြောလိုက်ခြင်း ဒါကိုကြားမှအခွင့်ကောင်းယူသောလူကြီးအား မျက်စောင်းလေးထိုးလိုက်ပါသည် ကလေးတွေကိုပြောနေရင် ဒီလူကြီးကကဲလွန်းသည်မို့ဖြစ်သည်။

"သားတို့လဲ နားကျလေ မေမေလိုအပ်တာလေးတွေပြင်ဆင်ရအုံးမယ် ..ညနေဘက်သားဂျွန်ကိုလိုက်အပ်ပေးမယ်မဂ်လာရက်ပါတခါတည်းစီစဉ်ကြတာပေါ့ .."

"ဟုတ်မေမေတို့ကောင်းသလိုစီစဉ်လိုက် လာကလေး ကိုယ့်အခန်းကိုသွားကြမယ် .."

ထယ်ယောင်းလဲ ကလေးလက်လေးအားဆွဲရင်းသူ့အခန်းရှိရာဆီသို့ဦးတည်လိုက်သည်။

"မီ မင်းသားအချိုးတွေပြောင်းတာဒါလေးကြောင့်ကို.."

"ဟုတ်မှာ အကိုရယ်ဘယ်လိုပဲဖြစ်ဖြစ် ကလေးးြလဲချစ်စရာလေးပါ မီတော့စိတ်ချမ်းသာတယ်ရှင်.."

"ကိုရောတူတူပါပဲကွာ.."

ဧည့်ခန်းထဲမှာကျန်ခဲ့သော မိဘနှပါးမှာလဲသားအတွက် ဝမ်းသာစွာပြုံးနေမိကြတော့သည်။

"ကိုကို.."

"ဗျား.."

"ကိုကို့မေမေနဲ့ ဖေဖေက သဘောကောင်းကျတယ်နော် ဟီးး ကျနော်ကိုကို့ ဖေဖေသဘောမတူဘူးပြောတော့လန့်သွားတာပဲ .."

"ကိုယ်တို့မိသားစုကခုလိုပဲနေတတ်တာကလေးရဲ့ နောက်ဆို ကလေးလဲသိလာမှာပါ .."

"ဒါနဲ့ကိုကို မေမေတယောက်တည်းကျန်ခဲ့မှာလားဟင် .."

မျက်နှာလေးညှိုးငယ်သွားသောကလေးကိုယ်လေးအားထယ်ယောင်းရင်ခွင်ထဲဆွဲထည့်ရင်း

"အန်တီကအဆင်ပြေမှာပါကလေးရဲ့ ကိုယ်ကကလေးနဲ့လက်ထပ်ပြီးရင် ကိုယ်တို့သီးသန့်လေးနေဖို့ဆုံးဖြတ်ထားတယ် ပြီးတော့မေမေတို့ဆီကို ရော ကလေးမေမေဆီရောကိုကိုတို့ နေတိုင်းသွားကြမယ်လေ .."

"ကိုကို့သဘောပါ.."

"ပြီးတော့ကျန်သေးတယ် .."

"ဟုတ်ကိုကိုပြော.."

"ကိုကိုတို့ ကလေးးတွေအများကြီးမွေးကြမယ် .."

"ကို့ကို့သဘော ဟာ ကိုကို .."

"ဘာလဲကိုကို့နဲ့က‌လေးးတွေမယူချင်ဘူးပေါ့.."

ထယ်ယောင်း ရင်ခွင်ထဲမှအကောင်ပေါက်လေးအား အသဲတယားယားဖြင့် ဖျစ်ညစ်လိုက်သည် ပြီးနောက်ကိုယ်ငယ်လေးပေါ်အုပ်မိုးရင်းက‌ လေးနှဖူးပေါ်လေးကျနေသောဆံနွယ်လေးများအားသပ်တင်ရင်းဆိုလိုက်တော့ ကလေးမျက်နှာလေးမှာ ခရမ်းချဉ်သီးလေးလိုဖြစ်လာသည်။

"အဲ့ဒါ ဟို.."

ကလေးအားစချင်သည်ကြောင့် ကလေးအားအုပ်မိုးထားရာမှအနေအထားပြောင်းကာ တခြားဘက်သို့ မျက်နှာမှုလျက်ထိုင်လိုက်သည်။ထယ်ယောင်းနောက်ပါးမှလက်ဖဝါးသေးသေးလေးဖြင့် သူ့ပုခုံးတို့အား ဆုပ်ကိုင်လာသော ကလေးးဟာ ဝမ်းနည်းသွားသည်ထင်အသံသေးသေးလေးဖြင့် ..

"ကိုကိုက ကလေးတွေချစ်တာလားဟင် .."

"....."

"ကိုကိုလို့ .."

"..."

ဂျောင်ကုလေးအမေးအားပြန်မဖြေသောကိုကို့ကြောင့်ဝမ်းနည်းလာသည်ဂျောင်ကုလေးက ကိုကို့အတွက် ကလေးးတွေမွေးပေးချင်တာပေါ့ ဒါ ဒါပေမဲ့ သူကယောကျာ်းလေးလေ မဖြစ်နိုင်ဘူးလေ ဖြစ်နိုင်ရင်တောင် ရာခိုင်နှုန်းအားဖြင့် တအားနည်းသည်မို့ ဂျောင်ကုက ကိုကို့ကို မတည်နိုင်တဲ့ကတိကိုမပေးချင်တာဖြစ်သည်။

"ကိုကိုဟင့် မေးတာလဲမဖြေဘူး ခုတော့ ဟင့် မချစ်တော့ဘူးမလား .."

"ဟာဘယ်လိုပြောရက်တာလဲ ကလေးရာ ချစ်တာပေါ့ ကို့မှာဒီတယောက်လေးရှိတာ မျက်ရည်လဲရွှဲလို့ အိုက်ဂူးအငိုသန်လေး လာပါအုံးကွာ .."

ထယ်ယောင်းအစကောင်းတော့ ကလေးမှာအော်ငိုနေရပြီဖြစ်သည် မျကိရည်စလေးအားသုတ်ပေးရင်း

"ကိုကိုက ကလေးးတွေချစ်တယ် အထူးအဖြင့် ဒီကလေးးကိုပေါ့ကွာကလေးချစ်လွန်းလို့ ဟောဒီကဂျွန်ဂျောင်ကုဆိုတဲ့ကလေးးကို ရအောင်ယူထားတာပေါ့ကွ.."

"ဟင့် ကိုကိုအကျင့်ပုတ် အဲ့တာနဲ့ လူကိုငိုအောင်လုပ်တယ် .."

"ဟားး ကိုကချစ်လို့ပါဗျာ .."

ထယ်ယောင်းရင်ခွင်ထဲမှကလေးကိုဖက်ရင်းအားပါးတရရယ်မောသည် ရင်ခွင်ထဲမှကောင်လေးမှာလဲ သူ့နီးတူပြုံးရယ်နေပြီမှာအမှန်ဖြစ်သည်။

"ဒါနဲ့ကလေး ကိုကိုတို့ ခုကတည်းက ကလေးလေးတွေရဖို့အားစိုက်ကြရအောင်လေ"

"ဗျာ ကိုကိုဘာကိုပြော..."

ဂျောင်ကုစကားလေးမဆုံးခင်ပဲ ကိုကို့နှုတ်ခမ်းထူထူတွေနှင့်နှုတ်ပိတ်ချင်းခံလိုက်ရသည့် သူ့ရဲ့နှုတ်ခမ်းပါးလေး ပြီးတော့ ကိုကို့ရဲ့ခေါ်ဆောင်ရာအချစ်ပင်လယ်ထဲသို့ဂျောင်ကုလေးလိုက်ပါစီးမျောရင်း နှယောက်အတူ အချစ်ရဲ့အဓိပ္ပာယ်တချို့အားပုံဖော်ခဲ့ကြသည်။

ချစ်ခြင်းတွေထပ်တူကျခြင်းက ဖန်တီးစရာလိုတဲ့ပျော်ရွှင်ခြင်းကိုဖြစ်တည်လာစေတတ်သည်။

.......

ကျယ်ဝန်းလှတဲ့ဘုရားကျောင်းကြီးတခုအလယ် ကတိကဝတ်ပြုရန်နေရာ၌ရပ်စောင့်နေသောကောင်လေးတယောက်စိတ်လှုပ်ရှားမှု့ကြောင့် ရင်ဘတ်တနေရာသို့လက်ဖြင့်ဖိအုပ်ထားသေးသည်ကျန်လက်တဖက်မှာနှင်းဆီပန်းရဲရဲ‌ေလးအားကိုင်ထား‌သည့်ကောင်လေးဟာ အတွင်းရှပ်အဖြူနှင့် အနက်ရောင်suit အပြည့်ကိုဝတ်ဆင်ထားသည်နက်မှောင်သောဆံသားတို့အားပုံစံကျစွာသပ်ထင်သည့်‌သူဟာ မေးရိုးတို့မှာထင်းလို့ခပ်ထူထူနှုပ်ခမ်းတစုံနဲ့ ညို့အားပြင်းတဲ့မျက်ဝန်းညိုတွေကိုပိုင်ဆိုင်ထားသောကောင်လေးက ဟာကွက်မရှိအောင် နတ်ဘုရားတပါးအလား ကြည့်ကောင်းလွန်းနေခဲ့သည်။

ကျွီ~~~

ပွင့်ဟလာသော တံခါးချပ် အလင်းရောင်တခုကိုဆောင်ကျဉ်းလာခြင်းနဲ့အတူ အဖြူရောင် suitအပြည့် ဝတ်ဆင်‌ထားသောနုနုနယ်ကောင်လေးကပင်ပို၍တောက်ပနေသယောင်နားရွယ်နားထိရှည်‌ေန‌ေသာဆံနွယ်‌‌ ကောက်လေးများဖြင့်ပန်းနုရောင်နှုပ်ခမ်းပါးလေးနဲ့အတူဝိုင်းစက်သော မျက်ဝန်းလေးတွေကိုပိုင်ဆိုင်ထားသောကောင်ငယ်လေးမှာလဲချစ်စဖွယ်ကောင်းစွာ ခန်းမအတွင်းသို့ အမေဖြစ်သူရဲ့လက်အားဆွဲကာဝင်ရောက်လာခဲ့သည် ရင်ခုန်လွန်းသည်လားစိတ်လှုပ်ရှားသည်ကြောင့်လားမသိ လက်လေးတွေမှာအေးစက်နေသည်အပြုံးလေးကတော့သူမတူအောင်တောက်ပလျက်ရှိသည်။ အဝေးကလှမ်းကြည့်နေသောကောင်လေးမှာလဲနည်းတူဖြစ်သည်။

ကောင်ငယ်လေးလှမ်းဝင်လာခြင်းနဲ့အတူ ခန်းမအတွင်းလူတချို့မှာလဲကောင်လေးနှယောက်ရဲ့အပျော်တွေဟာကူးစက်သည်ထင်ပါ့ ထိုသူတွေရဲ့အပြုံးဟာလဲ တောက်ပလို့အကြည့်တွေကတော့လှမ်းဝင်လာတဲ့ကောင်လေးစီတွင်သာဖြစ်သည် သိပ်ကိုကြည်နူးစရာ‌ ကောင်းတဲ့အချိန်လေး သတိုးသားကင်မ်ထယ်ယောင်းနဲ့ သတိုးသား ဂျွန်ဂျောင်ကုရဲ့ လက်ထပ်မဂ်လာပွဲလေး အင်းထယ်ယောင်းတို့နှစ်ဖက်မိဘတွေကလည်းသဘောတူသည်မို့ လက်ထပ်ပွဲလေးကိုရိုးရှင်းစွာဘုရားကျောင်းမှာပဲကျင်းပဖြစ်ခြင်းဖြစ်သည် ဘာလို့ဆို သူ့ကလေး လူအရမ်းများရင်မနေတတ်မှာကြောင့်ရော ဆွေမျိုးနီးစပ်နဲ့သူငယ်ချင်းတချို့ကိုသာ ဖိတ်ထားခြင်းဖြစ်သည်။

"သားငယ်လေးကို သားထယ်လက်ထဲထည့်ပေးလိုက်ပြီနော်.."

"ဟုတ်ကဲ့မေမေ ကျနော်လက်ထဲမှာကလေးရဲ့ဆံချည်မျှင်တမျှင်လေးကစသေချာဂရုစိုက်မှာပါ မေမေ .."

သားငယ်လေးအား ထယ်ယောင်းလေးလက်ထဲသို့ ထည့်ပေးရင်းသူမဆိုလိုက်သည် ဒီနေ့ဟာသူမဘဝအတွက်လဲအပျော်ရွှင်ရဆုံးနေ့ရက်ဖြစ်ပေမည် ဘာလို့ဆို သားငယ်လေးအတွက် ကောင်းမွန်တဲ့သူနဲ့တွေဆုံပြီးထိုသူကလဲ သူမသားရဲ့အချစ်နဲ့ထပ်တူကျသည်မို့ ခုချိန်မှာသားငယ်အတွက် နောက်စံတင်းတာမျိုးသူမမှာမရှိတော့ပြီမို့ဖြစ်သည် သားသမက်လေးကမေမေဟုခေါ်လာတော့လဲ သူမစိတ်ထဲကြည်နူးမိပါသေးသည် ဝမ်းသာကြည်နူးသည့်စိတ်ဟာ မျက်ရည်စက်တချို့ပင်ခိုကပ်ပါလာခဲ့သည်။

"ကို့ကလေးးသိပ်လှတယ်.."

ကလေးရဲ့လက်လေးအား ဆွဲကိုင်းရင်း ထယ်ယောင်းကလေး နား နားလေးအားကပ်ခါတိုးလျစွာပြောလိုက်သည်မို့ အရှက်သည်းလေးရဲ့ မျက်နှာမှာရဲသွားသည် ပြီးနောက် သူ့လက်ထဲတွင်‌ကိုင်ထားသော နှင်းဆီရဲရဲလေးအား ကလေးငယ်ရဲ့ဆံနွယ်ကောက်ကောက်လေးကြား ပန်ဆင်ပေးလိုက်သည် ထယ်ယောင်းရဲ့အသဲညှာလေးကခုမှပို၍ပြည့်စုံသွားသယောင် ကို့အပိုင်လေးက သိပ်ကိုမြတ်နိုးဖို့ကောင်းလွန်းသည်။

"အဟင်း သတိုသားလေးတို့တယောက်နဲ့တယောက်ကြည့်လို့ဝကြပြီလားခမျ.."

ကြားထဲမှဖာသာက မနေနိုင်စွာထပြောသည်မို့ နှစ်ယောက်သား ဖာသာအားသွာတန်းလေးတွေပေါ်သည်အထိပြုံးပြလိုက်သည်။

"သတိုးသားကင်မ်ထယ်ယောင်းသည် သတိုးသားဂျွန်ဂျောင်ကုအပေါ် လင်ယောကျာ်းအဖြစ်တသက်စာချစ်ခင်ကြင်နာစွာပေါင်းသင်းပါမည်လား"

"ကျနော်ကင်မ်ထယ်ယောင်းသည် အသက်ထက်မြတ်နိုးစွာတန်ဖိုးထားရသောဂျွန်ဂျောင်ကုအားလင်ယောကျာ်းအဖြစ်ပေါင်းသင်းပါမည်ဘဝရဲ့ကျရောက်လာမည့် ဆိုးခြင်းကောင်းခြင်းလောကဓံအနိမ့်အမြင့်ကိုအတူရင်ဆိုင်ဖြေရှင်းရင်း ဒီလူသားလေးအနားမှာပဲသေတဖန်သက်တဆုံးလက်တွဲမဖြုတ်ပဲအတူနေထိုင်ပေါင်းသင်းပါမည်ဟုကတိပြုပါသည် "

"သတိုးသားဂျွန်ဂျောင်ကုကရောသတိုးသားကင်မ်ထယ်ယောင်းအပေါ်လင်ယောက်ကျာ်းအဖြစ်ပေါင်းသင်းပါမည်လား "

"ကျနော်ဂျွန်ဂျောင်ကုသည်‌ဘဝရဲ့မျှော်လင့်ချက်ရောင်ခြည်လေးကိုကို့ကို သေတဖန်သက်တဆုံးကိုကို့အနားမှာရှိပေးပြီး အဆိုးအကောင်းတွေလဲမျှဝေခံစားရင်း ကိုကို့ဘဝရဲ့ကြင်ဖော်ကောင်း‌အဖြစ် ပေါင်းသင်းပြီးသက်ဆုံးတိုင်ရှိနေပါ့မည်ဟုကတိပြုပါသည်"

တယောက်နဲ့တယောက်မျက်ဝန်းတို့အားကြည့်ရင်း ရင်မှဖြစ်တည်လာသောကတိတို့အားဆိုကြသည်။

"အကြင်သတိုးသားနှစ်ဦး လင်မယားအရာရောက်ပါပြီ တဦးနဲ့တဦး လက်ထပ်လက်စွပ်ဝတ်ဆင်ပေးနိုင်ပါပြီ ..."

ဖာသာရဲ့စကားအဆုံး ထယ်ယောင်းကလေးရဲ့လက်သန်းကြွယ်လေးမှာရွှေရောင်အဆင်းရှိသောလက်စွပ်လေးအားဝတ်ပေးလိုက်သည် ကလေးလက်ဖြူသွယ်သွယ်လေးနဲ့ လက်စွပ်လေးဟာပနံသင့်စွာ ပြီးနောက် လက်ဖြူနုနုလေးအား အနမ်းနုနုလေးချွေလိုက်သည် ပြီးနောက်ကဘေးငယ်ကလဲ သူ့လက်သန်းကြွယ်မှာဝတ်ဆင်ပေးသည်ပြီးနောက် လက်ဖဝါးငယ်လေးအားထယ်ယောင်းအုပ်ကိုင်လိုက်ရင်း အပြုံးကိုယ်စီဖြင့် ချစ်ရသူကိုပိုင်ဆိုင်ခဲ့ရပြီ ထပ်တူညီတဲ့သူတို့နှစ်ယောက်ရဲ့ကြားချစ်ခြင်းဟာ ဘယ်သူခွဲခွဲဝေးကွာသွားမည်မဟုတ်တော့တာကြောင့်ဖြစ်သည်

"အကြင်နာအနမ်းလဲပေးနိုင်ပါပြီ.."

ထပ်တူကြသွားတဲ့နှုပ်ခမ်းတစုံနဲ့အတူ ကောင်လေးနှယောက်ရဲ့ ရင်ခုန်သံတွေဟာလဲ စည်းချက်တို့မညီစွာခုန်နေမည်မှာအမှန်ဖြစ်သည် ခန်းမအတွင်းလူတို့ရဲ့ လက်ခုပ်သံတို့မှာဆူညံလျက်လူနှယောက်ရဲ့ချစ်ခြင်းအားထောပနာပြုကြသည်။ ရင်ခုန်သံတွေထပ်တူကျခဲ့တဲ့အချိန်တွေဟာသိပ်ကို ပျော်စရာကောင်းလွန်းနေခဲ့သည်။

"ကြိုတင်မမြင်နိုင်တဲ့ကံကြမ္မာကရော ကောင်လေးနှယောက်ကြားချစ်ခြင်းတို့အား တည်မြဲဖို့ရာအစဉ်ထာဝရရှိနေပါမည်လား"

......

ဆက်ရန်

မုန်တိုင်းမဟုတ်တဲ့လေပွေလေးထည့်ပေးပါမယ်နော်🤫


You are reading the story above: TeenFic.Net