Love Equation❣️

Background color
Font
Font size
Line height

မရည်ရွယ်ပါပဲ ရလာတဲ့နာကျင်မှု့တချို့ဟာ စိတ်တို့အားအခါခါ ကျိုးကြေတတ်ပါသည်တဲ့လူတယောက်ကိုချစ်မြတ်နိုးမိတယ်ဆိုတာကလေ ထပ်တူကျတဲ့အချစ်မျိုးဆို ပျော်ရွှင်ကြည်နူးရပေမယ့်လို့ တဖက်တည်းကပဲ သဘောကျနေရတာမျိုးဖြစ်ခဲ့လျှင်တော့ နှလုံးသားအစုံအား ပွန်းပဲ့ထိခိုက်နိုင်ပါသည်တဲ့လေ ချစ်မိတဲ့သူကိုယ်တိုင်က တခုတ်တရရှာဖွေမိတဲ့ နာကျင်မှု့လှလှလေးပေါ့‌ လူတွေပြောကြတယ် ချစ်မိတဲ့သူကသာနာကျင်ရတယ် ဆိုတာလေ တကယ်က တဖက်လူအတွက် ကျနော်တို့အချစ်တွေ မလိုအပ်ခဲ့လျှင် ကျနော်တို့ချစ်ရသူဘက်က ဘယ်လောက်တောင် မွန်းကျပ်နေလိမ့်မလဲ တွေးမိပါရဲ့လား အင်း တခါတရံမှာ ကျနော့်ကမ္ဘာကြီးပြိုလဲပျက်စီးပြီးနှလုံးသား‌ေတွ သေလောက်အောင်နာကျင်ကြေမွ‌‌ေနပါ‌ေစချစ်ရသူမမွန်းကျပ်စေဖို့ ကျနော့်စိတ်ဆန္ဒကိုနှလုံးသားထဲမှာပဲ ထာဝရမျိုသိပ်ထားမည်ဖြစ်သည် ။အချစ်ဆိုတာ တဖက်တည်းပဲသတ်ခံရတဲ့နာကျင်မှု့အခိုက်တန့်ဆိုတာလဲ ရှိမြဲဖြစ်သည်

နမ်ဂျွန်းဒီနေ့ ကောင်ငယ်လေးနဲ့ မတွေ့ဖြစ်တာ ကြာသည်ကတ‌ေကြာင်းလွမ်းတဲ့စိတ်ကြောင့်မျက်နှာလေးအားမြင်ချင်မိသည်ကြောင့်ကောင်ငယ်လေးရဲ့တည်ရှိရာ ရပ်ဝန်းသို့ သူထွက်လာခဲ့သည်။ ခုရက်အတွင်း သူဆေးရုံမှာ duty ချိန်တွေဆက်နေသည်မို့ ‌လွမ်းနေမိသောတယောက်‌ေသာသူထံသို့ သူမရောက်ဖြစ်ခဲ့ ဒါကြောင့် ကောင်ငယ်လေး ကြိုက်တတ်သော ငှက်ပျောနို့လေး ကိုပါသူဝယ်ဖြစ်အောင်ဝယ်ခဲ့သေးသည် လွမ်းနေခဲ့ရသောမျက်နှာလေးအားလဲ သူတဝကြီးကြည့်ရအုံးမည်ဖြစ်သည် နမ်ဂျွန်းအတွေးတို့ဖြင့် ပါးချိုင်းများပေါ်သည်အထိ နှစ်ခြိုက်စွာပြုံးနေခဲ့သည်

ကောင်ငယ်လေးရှိရာဆီသို့ သူရောက်တော့ အပြင်မှ သူမြင်လိုက်ရသည့် မြင်ကွင်းဟာသူ့ဝဲဘက်ရင်ဘတ်အား နာကျင်လာသည်ထိပင် စွမ်းဆောင်နိုင်ပါသည်တဲ့လား သူမြတ်နိုးခဲ့ရသောကောင်ငယ်လေးရဲ့ ပါးပြင်လေးအား လူတယောက်ကအနမ်းပေးနေသည် နမ်ဂျွန်းသူမြင်နေရသည်ကို မယုံနိုင်သည်ကြောင့်သူအမြင်မှားနေသည်လားဟူသောစိတ်ဖြင့် မျက်လုံးတို့အားပွတ်သတ်မိသည် သို့သော် သူမြင်နေရသည့်အရာများဟာ တကယ်ပင် မြတ်နိုးရသောသူလေးကပါ ပါးပြင်ထက်ပန်းနုရောင်လေးသန်းကာ ပြုံးရယ်နေသည် ပြီးတော့ ဘေးကသူ အင်းထိုလူဟာ အရင်သူနှင့်ပြဿနာဖြစ်ဖူးသည့်သူ သေချာသည့်အကြောင်းပြချက်ကတော့ ကလေးငယ်ကြောင့်ဖြစ်သည် ထိုအချိန်တွေကတည်းက ထိုလူရဲ့အကြည့်တွေအား နမ်ဂျွန်းဟာရိပ်စားမိခဲ့သည် ခုလိုအခြေနေထိဖြစ်လာမည် လို့တော့သူတကယ်မတွေးထင်မိခဲ့သည်မှာ အမှန် ခုချိန်မှာ နမ်ဂျွန်းဟာ ထိုလူ့ထက်ခြေတလှမ်းနောက်ကျခဲ့ပြီဖြစ်သည် နမ်ဂျွန်းဟာ သူ့စိတ်ကိုအခါခါ ကိုသုံးသတ်ပြီး ကောင်ငယ်လေးအားသူချစ်မိနေခဲ့သည် သို့သော်အဖြူထည်လေးအား အရောင်မဆိုးချင်ခဲ့သည်ကြောင့် သူ့ခံစားချက်တွေကိုမျိုသိပ်ခဲ့သည်

"ဥယျာဉ်မှူးက အမြတ်တနိုးတဲ့စိုက်ပျိုးထားတဲ့ ပန်းလေးကို မခူးရက်သလိုမျိုး တစ့်စိမ့်ကြည့် ရင်းသဘောကျခြင်းမျိုး" crd
မ်ဂျွန်းကကောင်ငယ်လေးအားထိုကဲ့သို့သောချစ်ခြင်းမျိုးနဲ့ပဲငေးကြည့်ချင်ခဲ့တာမျိုးပါ
အချိန်တခုရောက်ရင်တော့ နမ်ဂျွန်း ဘက်ကကောင်ငယ်လေးအားဖွင့်ပြောရန် ကြံရွယ်ခဲ့ပြီးဖြစ်သည်။ သူ့ခံစားချက်များအား ထာဝရမျိုသိပ်ထားရတော့‌မည်ဖြစ်သည် ဘာလို့ဆို ချစ်ရသောသူလေးဟာ ထိုလူကြောင့် ပျော်ရွှင်နေရသည့်မို့ နမ်ဂျွန်းဘက်က သာခြေတလှမ်းနောက်ဆုတ်မည်သူ့စိတ်အလိုကြောင့် ကောင်ငယ်လေးအားမပင်ပန်းစေလိုခြင်းဖြစ်သည် ကောင်ငယ်လေးရဲ့အပြုံးနုနုလေးကြောင့် နမ်းဂျွန်းပါလိုက်ပြုံးနေခဲ့မိသည်မျက်ဝန်းအိမ် တို့ကတော့ မျက်ရည်တချို့စီးကျနေခဲ့သည် သန်မာပါတယ်ဆိုတဲ့ ယောကျာ်းတယောက်ကိုတောင် မျက်ရည်ကျအောင်စွမ်းဆောင်နိုင်သောအရာဟာ အချစ်ဖြစ်သည် ။

ပြုံးရယ်နေသော ကောင်ငယ်လေးနှစ်ယောက်နဲ့ ထိုသူနှယောက်အားငေးကြည့်နေသော ကောင်လေးတယောက် အင်းထိုမြင်ကွင်းလေးဟာလဲ ဘေးမှမြင်ရသူ အဖို့လဲစိတ်ခံစားမှု့တချို့အားလဲ ပေးစွမ်းနိုင်လိမ့်မည်ဖြစ်သည်

နမ်ဂျွန်း ထိုနေရာမှထွက်လာခဲ့သည်သူ့နှလုံးသားလေး နာကျင်နေရသည်မို့ ကောင်ငယ်လေးအား သူရင်မဆိုင်ရဲသည်ကြောင့်ဖြစ်သည်

"ဂျောင်ကုလေး ကိုပြောစရာရှိတယ် "

ထယ်ယောင်း သူအလုပ်လုပ်ဆော့မည်ဖြစ်ကြောင်း ကလေးငယ်အားအသိပေးမည် ဘာလို့ဆိုသူခုလို ကလေးဆီ လာနိုင်တော့မည်မဟုတ်ကြောင်း ပေါက်စလေးအားပြောထားရမည် တဆက်တည်း သူ့ရည်ရွယ်‌ချက်ကိုလဲပြောရမည် နောက်တခု သူမရှိတဲ့အချိန်သူမဟုတ်တဲ့တခြားသူများဖြင့် အချိန်မကုန်စေရန်လဲ တားမြစ်ထားရမည်ဖြစ်သည်။အပိုင်မဟုတ်သေးသည်ကိုတောင် အကဲပိုလွန်းပါသော ကင်မ်ထယ်ယောင်းပါလေ

"အွန်း ထယ်ယောင်းပြော "

"မဟုတ်သေးပါဘူးကွာ .."

ထယ်ယောင်းစိတ်အလိုမကျဟန်ဖြင့် ပြောလိုက်သည် သူ့ပုံစံကြောင့်မျက်လုံးဝိုင်းလေးများပိုင်ရှင်က နားမလည်ဟန်ဖြင့် သူ့အားကြည့်လာသည်မှာ အသည်းယားစရာလေးဖြစ်သည်

"ဘာလို့လဲထယ်ယောင်း ..ကျနော် ဘာမှားသွားလို့လဲ "

"မဟုတ်ဖူး ဂျောင်ကုလေးကို့ကို ထယ်ယောင်းလို့ခေါ်တာ အရင်ကပြဿနာမရှိပေမဲ့ ခု ကိုသိပ်အလိုမကျဘူးကွာ..."

"ဗျာ .."

"ဟုတ်တယ်လေ တခြားပြောင်းခေါ်ပါလား .."

"ဟင် ဘယ်လိုခေါ်ရမှာလဲဟင် .."

မျက်နှာ‌ငယ်လေးဖြင့်မေးလာသော ပေါက်စလေးအား

"အွန်း ကိုကိုလို့ ခေါ် အဲ့လိုခေါ်စေချင်တာ "

"ကိုကို ??မဟုတ်တာ ထယ်ယောင်းကလဲ "

"‌ဘာလို့လဲကွာ မခေါ်ချင်ဘူးလား ရပါတယ်ကိုယ့် ကိုမခေါ်ချင်တဲ့သူကို မတိုက်တွန်းပါဘူး "

ထယ်ယောင်းမျက်နှာလေးငယ်ကာ တမင်ပြောလိုက်ခြင်းဖြစ်သည် ဖြူစင်သောလူရိုးလေးရဲ့စိတ်အားသိသည်ကြောင့် ထယ်ယောင်း မာယာများလိုက်ခြင်းဖြစ်သည်

"ဟို ဗျာကို ..ကိုကိုကလဲ မသင့်တော်ဘူးထင်လို့ပါ.."

ထယ်ယောင်းအား မရဲတရဲဖြင့်ကိုကို လို့ခေါ်လာသော လူရိုးလေးပါလေ

"ဟားး ခုတောင် ခေါ်လိုက်ပြီကို ကွာ နောက်လဲခေါ်ရမယ့်တူကွာခုကတည်းကကြိုခေါ်ထားတာ မသင့်တော်တာမရှိဘူး‌ပါဘူး ပေါက်စလေးရ"

ထယ်ယောင်းပါးနုနုလေးအား မနာအောင် ဆွဲညှစ်ရင်းပြောလိုက်သည်

"ဟမ် ပေါက်စလေး ??"

"အင်း ကိုလေ မင်းလေးကို ချစ်ဖို့ကောင်းလွန်းလို့ နာမည်အမျိုးမျိုးခေါ်နေမိတာ"

ထယ်ယောင်းမှာ အသည်းယားလွန်းသည်ကြောင့် ကလေးအား အမည်အမျိုးမျိုး‌ပေးနေမိသည် အင်းဖြည်းဖြည်းပဲချစ်ဖို့ကောင်းပါကလေးရေ မဟုတ်ရင် ဒီကောင် မင်းချစ်ဖို့ကောင်းမှု့တွေကြားမှာအသက်တိုရလိမ့်မယ် ကွ

"ဟွန်း အူရီးထယ်ယောင်းလေးက ပိုလွန်းပါတယ်နော်..."

နှုတ်ခမ်းလေးဆူကသူ့အား ကလေးလို ဆက်ဆံနေသော ကလေးပေါက်စလေးပါလေ

"ထယ်ယောင်း???"

"ဟို ကိုကိုလို့ပြောတာ .."

ဂျောင်ကု ဘာကြောင့် ထယ်ယောင်းစိတ်အလိုကျနေမိနေပါလိမ့် ဂျောင်ကုခေါင်းသေးသေးလေးမှာ မတွေးနိုင်တော့ပေထယ်ယောင်းမျက်နှာလေးညှိးကြသွားသည်ကို ဂျောင်ကု လေးမကြည့်ရက်သည်မှာ အမှန် မေမေ ပြောသလိုဆို သူထယ်‌ယောင်းအားချစ်မိနေပြီလား

"ထားတော့ ကိုယ်ပေါက်စလေးကိုပြောစရာရှိတယ် ကိုယ် ဖေဖေကုမ္ဗဏီမှာ အလုပ်ဝင်လုပ်တော့မယ် "

"အွန်း.."

"ပြီးတော့ ကိုယ်ပေါက်စလေးဆီကို ခုလိုလာနိုင်မှာမဟုတ်တော့ဘူး "

"အွန်း.."

"ကိုယ် အများကြီးလွမ်းနေရတော့မှာ .."

"အွန်းး.."

"ဟောဗျာ ကိုယ်မလာလေပေါက်စလေးအတွက် ကောင်းလေပဲမလား .."

"အွန်းး"

"ဘာ!!"

ထယ်ယောင်းသူပြောသမျှအား တအွန်းအွန်းလုပ်နေသောကောင်ငယ်လေးကြောင့် စိတ်ကမရှည်တော့ ကိုပြောသမျှကို တအွန်းအွန်းနဲ့ထောက်ခံနေသည့် ကလေးကြောင့် သူ့စိတ်ထဲအလိုမကျတော့အနည်းဆုံး ကိုယ့်ကိုစိတ်ထဲရဇိမယ်ထင်ခဲ့တာ ခုတော့ သူ့ပြောသမျှအား ထောက်ခံနေသော ကလေးကြောင့် ထယ်ယောင်းမှာရွှဲ့ကာမေးလိုက်ခြင်း ဒါတောင် အလိုက်ကန်ဆိုးမသိပါသော အကောင်ပေါက်လေးဟာထောက်ခံနေ‌သေးသည်ကြောင့် ထယ်ယောင်းမှာဒေါသထွက်ရသည်

"ဟာဗျာ လန့်တာ ကိုကိုရာ .."

ရင်ဘတ်လေအားဖိကာ ဆိုလာသောပေါက်စလေး

"ကျနော့်က စတာကိုဗျာ ရုပ်ကြီးကဘာဖြစ်တာလဲဟွန်း ကိုကို ကကျနော့်ကိုမချစ်ဖူးပဲ သိလိုက်ပြီ "

နှုတ်ခမ်းလေးဆူကာ တဖက်သို့လှည့်သွားသော ပေါက်စလေးကြောင့် ထယ်ယောင်းမှာအံ့ဩရသည် ဒီကောင်လေး ခုလိုလေးကလေးဆန်ပြုမူတတ်သေးသည်ကို ထယ်ယောင်း မသိခဲ့ပါလေ သူ့ကို ကျနော်က မချစ်ဖူးဆိုပဲ သူ့အားဘယ်လိုအရည်ပျော်အောင်လုပ်ရမည်လဲသိနှင့်နေသည်လား စိတ်ဆိုးဖို့ကြံရွယ်မိသော သူသာလျှင် ဒီပေါက်စလေးအားချော့ရပေအုံးမည်

"ဟောဗျာ ကိုယ်က ဝမ်းနည်းနေတာကိုကလေးက တအွန်းအွန်းနဲ့ ထောက်ခံနေတာကို နဲနဲစိတ်ဆိုးမိသွားတာပါကွာ ခုကိုစိတ်မဆိုးတော့ပါဘူး ဒီဘက်လေးလှည့်ပါအုံးပေါက်စလေးရာ"

သူတောင်းပန်လိုက်တော့ ဆူပုတ်လေးက မျက်နှာလေးလှည့်လာသည် ပြောသေသည် ဒီတခါတော့ခွင့်လွှတ်လိုက်ပါမယ် တဲ့ ထယ်ယောင်းတို့မပိုင်ရသေးခင်တောင် ခုလိုသဲသဲလှုပ်နေရတာ ဒါလေးကို အပိုင်စား ရလျှင်ဖြင့်ထယ်ယောင်းတို့အဖြစ်ကို မြင်ယောင်မိသေးသည် အင်း ချစ်မိမှတော့ အလိုလိုက်ရတော့မှာဖြစ်သည် ထယ်ယောင်းအတွေးဖြင့် ခေါင်းရမ်းကာ ပြုံးမိသည်

"ဒါ‌နဲ့လေ ကိုကိုမလာတော့ရင် ကျနော် တယောက်တည်း လွမ်းနေရတော့မှာ .."

တွေးစစလေးဖြင့်ပြောနေသော ကလေးပေါက်လေးအား ထယ်ယောင်းချစ်လွန်းလို့ဘယ်လိုလုပ်ရပါ့

"ကိုယ့်ကို တကယ်လွမ်းမှာရောဟုတ်ရဲ့လား ဟမ်"

"ဘာလဲ မယုံဘူးလားကိုကိုက.."

မျက်စောင်းလေးထိုးကာမေးလာသောကလေးကြောင့်

"မဟုတ်ရပါဘူးဗျာ အကြွင်းမဲ့ ယုံပါတယ်ဗျ ကိုယ်ဘာလို့အလုပ်ဝင်မှာလဲ သိလား"

"ဟင် မသိဘူး ဘာလို့လဲ ကိုကို.."

"ဟောဒီက ပေါက်စလေးကို လက်ထပ်ဖို့ပေါ့ ကိုယ်အရင်ကပေါ့တန်တန်ပဲနေခဲ့တာလေ ခုတော့ ကိုယ့်မှာအနာဂတ်လေးရှိလာပြီး အဲ့အနာဂတ်လေးအတွက် ကိုယ်ကြိုးစားရမှာကွ .."

ထယ်ယောင်းမှာ ပေါက်စလေးရဲ့ ခေါင်းလုံးလေးအားပွတ်သတ်ရင်း ပြောလိုက်သည်

ဂျောင်ကု ထယ်ယောင်းအား ငေးကြည့်နေမိသည်တကယ်ကို နူးနူးညံ့ညံ့လေးပင် တဆက်တည်း ဂျောင်ကု ရင်ဘတ်ထဲမှာ ကြည်နူးမှု့လှိုင်းလေးများ ဖြတ်ကာပြေးလျက်ရှိသည် ထယ်ယောင်း ဟာ သူ့ဘဝအတွက် အရွေးချယ်သင့်ဆုံးလူတယောက်ဖြစ်လိမ့်မည် ဒါပေမယ့် ထယ်ယောင်းအချစ်တွေဟာ သူ့လိုလူအတွက်ရော ထိုက်တန်ပါ့မလား

"ဟင် ပေါက်စလေး ဘာလို့ငိုတာလဲကွာ.."

ထယ်ယောင်းပြောမှ ဂျောင်ကုလေးငိုနေမိမှန်းသိသည် ကိုယ်တိုင်တောင်မသိလိုက်ပဲ မျက်ရည်တို့ကျမိပါသည် ဂျောင်ကုလေး မျက်ရည်တို့အား လက်သွယ်သွယ်တို့ဖြင့်သုတ်ပေးနေသော ရှေ့က လူသားဟာအချစ်ခံရဖို့ထိုက်တန်ပါသည် သို့သော်သူနဲ့တော့မဖြစ်နိုင်ပေ .

"ဟင့်အင်း ဒီအတိုင်းပဲ .."

"ဟောဗျာ ကိုယ်စိတ်ပူသွားတာပဲ ကိုယ့်ကြောင့်ကလေးစိတ်ထိခိုက်သွားတာလားလို့ ..."

"မဟုတ်တာ ကိုကိုကလဲ.."

"အွန်းဟုတ်ပါပြီ အစောက ကိုယ်ပြောသလိုပဲ မင်းကကိုယ့်အနာဂတ်မို့ သေချာပေါက်ကိုယ့်ကို မငြင်းလိုက်ပါနဲ့နော် "

နောက်ဆုံးတော့ ထယ်ယောင်းတို့ ဒီဘူတာပဲစိုက်ပါသည် ဟုတ်သည် ထယ်ယောင်းဟာ ဒီလူသားလေးအား အချိန်စက္ကန့်နှင့်အမျှ အချစ်တို့ ပိုလာရသည်မို့အမြန်ပင် သူ့ဒီလူသားရဲ့အချစ်တို့အားပိုင်ဆိုင်ချင်မိသည်

"ကိုကို ကျနော့်ကိုဒီတက်ပိုပြီးလောဘတက်မိအောင် မဆွဲဆောင်ပါနဲ့လားဗျာ"

"ဟင် .ဘာလို့"

ထယ်ယောင်း ကလေးငယ်ရဲ့ စကားအားနားမလည်သည်မို့ မေးလိုက်ခြင်းဖြစ်သည်

"ဟင့်အင်း ဘာမှမဟုတ်ပါဘူး .."

သူ့အမေးအား ယုန်သွားလေးများပေါ်သည်ထိပြုံးကာ ခေါင်းလေးရမ်းပြသည့် ပေါက်စလေးအား ထယ်ယောင်း အသက်ရှုကျပ်သွားသည်ထိ ဖက်ထားချင်မိသည်

"ကိုယ်မင်းကို အရမ်းချစ်တယ်နော်ကိုယ့်အနာဂတ်လေး"

" ကိုယ်ကြိုမှာထားမယ်ကိုယ်မဟုတ်တဲ့ဘယ်သူ့ကိုမှစကားမပြောရဘူးနော် ကိုယ်မကြိုက်ဖူးနော်ပြီးတော့ကိုယ်အချိန်ရသလို ပေါက်စလေးစီ လာမှာမို့ နားလည်လားပေါက်စလေး"

"ကိုကိုကလေ ဆရာကြီးလားအမြင်ကတ်စရာ "

ဂျောင်ကုမှာ အကဲပိုလွန်းနေသော ကိုကို့ အားအမြင်ကတ်မိပါသည် ဒီလူကြီးဟာ သူ့အားဒီလောက်တောင်စိုးမိုးလွန်းသာ်လဲ အင်း ဂျောင်ကုလေးဟာလဲ လိုက်နာဖို့တွေးထားပြီးဖြစ်သည်

"ဆရာကြီးမဟုတ်ဖူး ကိုယ်ချစ်တဲ့သူကိုကိုယ်က‌လွဲရင်။ တခြားသူကြည့်တာတောင် ကိုယ်က ကြိုက်တာမဟုတ်ဖူး အဲ့မျက်လုံးတွေကို ကိုယ်က ဖောက်ထုတ်ပစ်ချင်တာ မင်းလေးသိလား "

"အိုက်ရို့ ကြောက်စရာကြီးထယ်ယောင်းဗျာ .."

သူ့အားကြောက်ပါသည်ဟုပြောကာမျက်လုံးဝိုင်း‌‌ေလးအားပြူးကျယ်ကာ ပုခုံးလေးနှစ်ဖက်အားလက်လေးဖြင့် ကိုင်ကာရွဲ့နေသောပေါက်စလေးအားအသည်းယားလာသည်ကြောင့်ထယ်ယောင်းဟာ အပိုင်မဟုတ်သေးသည့်သက်ဆိုင်သူလေးအား သူ့ရင်ခွင်ကျယ်ထဲဝယ်ထပ်မံထည့်ထားမိပြန်ပါသေးသည် ရင်ခွင်ကျယ်ထဲမှ သက်ဆိုင်သူလေးဟာလဲ ထယ်ယောင်းရဲ့ ခုန်ပေါက်နေသောရင်ခုန်သံများအားအတိုင်းသားကြားနေရပါသည် ထိုနည်းတူ သက်ဆိုင်သူလေးကိုယ်တိုင်လဲ ဝဲဘက်ရင်အုံလေးထဲမှနှလုံးသားလေးဟာ အလိုက်ကမ်းဆိုးမသိစွာဖြင့်စည်းချက်ညီ ခုန်ပေါက်နေမည်ဖြစ်သည်

လူတယောက်ကို တကယ်မြတ်မြတ်နိုးနိုးချစ်မိသွားခဲ့လျှင် ကျနော်တို့ဟာ ချစ်တယ်ဟုသော စကားအားအထပ်ထပ်ခါခါပြောမိသည် အရှက်တရားတွေ မာနတရားတွေမရှိပါပဲလေ ထိုစကားလုံးဟာလဲ ချစ်ရသူတယောက်ထဲအတွက်သာ သီးသန့်ဖြစ်တည်ပါသည်တဲ့ဒီလိုဆိုပြန်တော့ အချစ်ဟာချိုမြိန်မှု့အပေါင်းနဲ့ခညောင်းနေပြန်သေးသည် ...

..........

ဆက်ရန်~~



You are reading the story above: TeenFic.Net