ရိပေါ် တအိမ်လုံးဗြောင်းဆန်နေအောင်သောင်းကျန်းပြီးနောက်
သူလိုချင်တာမရသည့်အတွက် ချက်ချင်း ကွိုင်ရှစ်ဆီဖုန်းဆက်တော့သည်။
"ဟဲလို..."
"ဟဲလို ကွိုင်ရှစ် မင်း... မင်း ငါ့ကိုတိုက်နေကျ အအေးတစ်ဗူးလောက်
ငါ့ဆီလာပို့စမ်းပါ ငါအခု အဲ့အချိုရည်သောက်ရမှဖြစ်မယ် "
"ဟမ် !!! အခုချက်ချင်းလား"
"အင်း မြန်မြန်လာခဲ့ !!!"
ကွိုင်ရှစ်လဲ ဖုန်းချသွားတာနဲ့ စားပွဲပေါ်က ဆေးပုလင်းလေးကိုတချက်ကြည့်ကာ သက်ပြင်းချမိတော့သည်။ ထို့နောက် အမည်မသိဖုန်းနံပါတ်လေးတစ်ခုကိုနှိပ်လိုက်ပြီး ဖုန်းအဝင်callသံ တတီတီကို စိတ်လှုပ်ရှားစွာနားထောင်နေမိ ၏။
"ဟဲလို..."
"ဟဲလို ကျုပ် ဆီကို ရိပေါ် အခုပဲဆက်သွယ်လာတယ်
သူကဆေးခတ်ထားတဲ့အအေးကို လိုချင်နေတယ်တဲ့"
မုချန် တစ်ယောက် ကွိုင်ရှစ်ရဲ့အပြောကြောင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။
"မင်းဆီမှာ ဆေးကျန်သေးတယ်မဟုတ်လား "
"အင်း! "
"သွားပေးလိုက်လေ"
"ခဗျား...!!! ကျစ် ဒါတွေက မကောင်းတဲ့ဆေးတွေမှန်း ကျုပ်သိတယ်နော်
ခဗျားသူ့ကိုဘာလုပ်ဖို့ကြံနေတာလဲ ဟမ်!!!"
"ဒါတွေကို မင်းသိသိရက်နဲ့လုပ်ခဲ့တာပဲလေ
မင်းရွေးချယ်တဲ့လမ်းမဟူတ်ဘူးလား
မင်းဘက်က ငါ့ကို မေးခွန်းထုတ်စရာမလိုဘူး "
ကွိုင်ရှစ်လဲ ထိုလူ့ဆီက ငွေတွေယူထားတာမို့ ဒေါသတွေမျိုချကာ
အံကြိတ်သည်းခံလိုက်တော့သည်။
.......................
ရှောင်ကျန့် အိမ်ပြန်ရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်ငြိမ်သက်နေတာကြောင့် တစ်ခုခုဖြစ်နေပြီမှန်းရိပ်မိလိုက်သည်။
ရှောင်ကျန့် ဧည့်ခန်းရှေ့ရောက်တော့ ဆိုဖာပေါ်မှာ ပတ်တီးအဖွေးစားနဲ့
ပြစ်စလတ်ခတ်ထိုင်နေတဲ့ ရိပေါ်ကိုမြင်သွားပြီး စိတ်ပူသွားကာ အပြေးရောက်သွားတော့သည်။
"ရိ...ရိပေါ် !!!"
ရိပေါ်က မျက်ဝန်းတွေ မှေးဆင်းနေပြီး အားမရှိတဲ့လူလို့ပျော့ခွေနေ၏။
"ဘယ်သူလဲ...ကွိုင်ရှစ် မင်းလား...ငါမှာတဲ့အအေးဘူးပါလာ လား"
ရိပေါ်ကဘာမှမမြင်နိုင်တော့ပဲ ရှောင်ကျန့် ကိုယ်တလျောက်
အနှံ့အစပ်လိုက်ရှာလေသည်။
ရှောင်ကျန့်လဲ ရုတ်တရက်ကြောင်နေပြီးမှ သူ့ ကိုယ်တလျောက်
လျောက်စမ်းနေတဲ့ ရိပေါ်ရဲ့ လက်တွေကို
သေချာဆွဲကိုင်လိုက်ပြီး မျက်လုံးချင်းစုံစေကာ
"ရိပေါ်...ရိပေါ် ကောလေ..သေချာကြည့်ပါဦး ကောပါ"
"ကော...ကောလား...ကောကျွန်တော် အအေးသောက်ချင်တယ်
ကျွန်တော့်ကိုအအေးတိုက်ပါ "
"အအေး? ဘာအအေးလဲ "
"ကော...ကွိုင်ရှစ် သူ သူကျွန်တော့်ကို တိုက်တဲ့အအေး "
ရှောင်ကျန့် တွေဝေသွားရသည်။ ရိပေါ်ပုံစံက ပုံမှန်မဟုတ်တာလဲ သတိထားမိပြီး တအိမ်လုံးကို မျက်လုံးဝေ့ကြည့်လိုက်တော့လဲ
အကွယ်အသီးသီးမှာ ရပ်နေကြတဲ့ အိမ်တော်ထိန်းနဲ့
အိမ်ကအလုပ်သမားတချိူ့ကိုမြင်လိုက်ရသည်။
ရှောင်ကျန့် ရိပေါ်ကိုခဏထားခဲ့ကာ အိမ်တော်ထိန်းအနားတိုးကပ်သွားပြီး
"ဦးလေး ကျွန်တော်မလာခင် အိမ်မှာဘာတွေဖြစ်သွားတာလဲ"
"ရှောင်ကျန့်က မျက်မှောင်ကုတ်ကာ တိတိကျကျမေးလာတော့
အိမ်တော်ထိန်းဆိုသူက မျက်နှာမကောင်းစွာ ရှောင်လွှဲသွား၏။"
"ပါးရော ဘယ်ရောက်နေလဲ"
ရှောင်ကျန့်က နောက်ထပ်အမေးတစ်ခုကိုထပ်တိူးသည်။
အိမ်တော်ထိန်းက ငြိမ်သက်နေဆဲ
ထိုအချိန်မှာပဲ အိမ်ရှေ့က ကားသံကြားကာခြံထဲ ဝင်လာတဲ့အသံပါ ကြားလိုက်ရသည်။
ကွိုင်ရှစ်ကာ ကားပေါ်ကဆင်းတာနဲ့ အိမ်ထဲဝင်ဖို့လုပ်တော့
ရှောင်ကျန့်က လှမ်းတားကာ
"မင်းကဘယ်သူလဲ ဘာလာလုပ်တာလဲ"
"ကျွန်တော်...ကျွန်တော်က ရိပေါ်ရဲ့သူငယ်ချင်းပါ သူတောင်းတဲ့အအေးဘူးလာပို့ပေးတာ"
အအေးဘူးဆိုတဲ့အသံကြားတာနဲ့ ရိပေါ်က ယိုင်တိယိုင်တိုင် ထလာကာ
"ကွိုင်ရှစ် မင်းရောက်ပြီလား...ဘယ်မှာလဲ ပေး"
ရိပေါ်အသံက အက်ကွဲနေကာ လိုချင်ရမက်တွေလဲ ပါနေသည်။
သူ့ပုံစံက အရူးလိုပဲ အခုရယ်လိုက်အခုငိုလိုက်ပုံစံမျိုး
ကွိုင်ရှစ်ပေးလိုက်တဲ့အအေးဘူးကို သောက်ပြီးနောက်မှာတော့ ရိပေါ်က ခုနကလိုမဟုတ်တော့ မျက်ဝန်းတွေလဲ ပြူးကျယ်လာပြီး
မျက်ခမ်းစပ်တွေလဲ ရဲလာခဲ့သည်။ ထို့နောက် ခုနက ယိုင်တိယိုင်နဲ့ခြေလှမ်းတွေဟာ အခုတော့ အပေါ်ထပ်တက်သွားတဲ့လှေခါးတွေပေါ်မှာသန်သန်မာမာ
ရှောင်ကျန့် ရိပေါ်ကိုအသေအချာလိုက်ကြည့်နေပြီးနောက်
ကွိုင်ရှစ်ဘက်လှည့်ကာ
"မင်းသူ့ကိုဘာတွေပေးလိုက်တာလဲ"
"အအေး... အအေးဘူးပါ "
ရှောင်ကျန့်က မယုံသလို စိုက်ကြည့်လိုက်တော့
ကွိုင်ရှစ်လဲ မလုံမလဲဖြစ်ကာ
"အားလုံးလဲ မြင်လိုက်တာပဲလေ ကျွန်တော်သူ့ကိုအအေးဘူးပဲပေးလိုက်တာ"
ရှောင်ကျန့်လဲ ဘယ်လိုမေးမေးငြင်းနေမယ်ဆိူတာသိတော့
အလျော့ပေးလိုက်ကာ
"ဒီအချိန်ကြီးတောင်ရောက်လာပေးတော့ ကျေးဇူးတင်ရမှာပဲ မင်းကို"
"ရ...ရပါတယ် ကျွန်တော်ပြန်တော့မယ်"
ထို့နောက် ကွိုင်ရှစ်ပြန်သွားပြီး ရှောင်ကျန့်က အပေါ်ထပ်ရိပေါ်အခန်းဆီဦးတည်လိုက်သည်။
"ရိပေါ်...ရိပေါ်...ကောပါ တံခါးဖွင့် ကော မင်းကိုမေးစရာရှိတယ်"
ရိပေါ်က တံခါးဖွင့်ပေးလိုက်တော့ ရှောင်ကျန့်က
ရိပေါ်ရဲ့လက်က ပတ်တီးကိုဆွဲယူကြည့်လိုက်သည်။
ရိပေါ်ကအတင်းပြန်ရုန်းလိုက်ပြီး
"အခုမှစိတ်ပူတက်ချင်ယောင်ဆောင်မနေနဲ့...!!!"
"ဘာ..."
"အဟက်...ဇနီးလောင်းလေးက ဆွဲထားလိူ့ ရောက်မလာတာလား
ကျုပ်ဒီလောက်ဖြစ်နေတာတောင်မှလေ"
"မင်း!!!
အခု ဘယ်သူက ဘယ်သူ့ကိုအပြစ်ပြန်ပြောနေတာလဲ!!!
မင်းသာ ငါ့စကားကိုနားထောင်ပြိး ဆိုင်ကယ်စီးမပြိုင်တော့ရင်
မင်းသာ အေးဆေးနေခဲ့ရင် အခုလိုဖြစ်လာမှမဟုတ်ဘူး ဝမ်ရိပေါ်!!!"
"ခဗျားမှာ အပြစ်မရှိသလိုမျိုး ကျုပ်ကိုလာအော်မနေနဲ့!!!"
"ဝမ်ရိပေါ် မင်းကိုငါ့စကားနားထောင်ဖို့ပြောနေတာ!!!"
"ခဗျားကရော ကျုပ်ပြောတဲ့စကားကိုဘယ်တုန်းကများ
ဂရုတစိုက်နားထောင်ပေးခဲ့ဖူးလို့လဲ!!!
ကျုပ်သဘောမတူတဲ့ လက်ထပ်ပွဲကိုဇွတ်လုပ်ချင်နေတာပဲလေ
ရှောင်ကျန့်လဲ ရိပေါ်ရဲ့စကားလုံးတွေအောက်
ဒေါသမျက်ရည်များကျလာကာ သူတပြန်ကိုယ်တပြန်အော်နေမိသညိ။
"ဝမ်ရိပေါ် မင်းဒီလောက်မိုက်ရိုင်း နေရလား!!!"
"ခဗျားကရော ဘယ်လောက်များရိုးသားနေလို့လဲ!!!
ကျုပ်အပေါ်မှာ သံယောဇဥ်ရှိချင်ယောင်ဆောင်ပြီး
တသက်လုံးဟန်ဆောင်နေခဲ့တာလေ
ဒီနေ့တော့ အဲ့မျက်နှာဖုံးက ကွာကျသွားပြီ "
"ရိပေါ်...ရိပေါ်မင်းတကယ်ပဲ..."
ရှောင်ကျန့် သူ့ရင်ထဲ စို့နစ်လာက ဘာစကားမှ ပြောမလာတော့ပေ
မျက်ရည်များသာစကားလူံးတွေအစား တသွင်သွင်စီးကျနေရသည်။
"ခဗျားက သိပ်ကိုဟန်ဆောင်ကောင်းတာပဲရှောင်ကျန့်
ကျုပ် ဒီနေ့ထပ်ထိ ထင်ယောင်ထင်မှားဖြစ်နေမိတူန်း
ကျုပ်ဘက်က ခဗျားကိုလိူအပ်သလိုမျိုး ခဗျားလဲ ကျုပ်ကိုလိူအပ်နေခဲ့မယ်လို့ထင်နေခဲ့တာ ကျုပ်ဆိုင်ကယ် မတော်တဆမှောက်ဖြစ်သွားတာက ကံကောင်းသွားတယ်ထင်တယ် ခဗျားရဲ့ ဟန်ဆောင်မျက်နှာဖုံးကိုခွာချလိုက်နိုင်တယ်လေ"
ရိပေါ်က ရှောင်ကျန့်မျက်နှာကိုစူးစိုက်ကြည့်ကာ မျက်ရည်များကျလာပြီး
"အနည်းဆုံးတော့ ကျုပ်ဘာပဲဖြစ်ဖြစ် ခဗျားက ကျုပ်ဘေးကိုအပြေးရောက်လာမယ်လို့ထင်ခဲ့တာ
အမြဲတမ်း ကျုပ်အနားမှာခဗျားရှိနေမယ်လို့ထင်ခဲ့တာ
အဟက်...ကြည့်ရတာ ကျုပ်ထင်ယောင်ထင်မှားဖြစ်ခဲ့ပုံပါပဲ "
"တော်တော့ ရိပေါ် မင်းစကားတွေဒီထပ်လွန်မလာခင်တော်လိုက်တော့
ငါရောက်မလာတာ မေလင်းကြောင့်မဟုတ်ဘူး"
"ခဗျားအခုထိ အဲ့မိန်းမဘက်ကနေ ကာကွယ်ပေးနေတူန်းပဲ"
"ဝမ်ရိပေါ်!!!"
"အဲ့မိန်းမကို တကယ်မုန်းတယ်
ကျုပ်မရနိုင်တာတွေအားလုံး သူ ရနေလို့ "
"ကျစ် ငါပြောပြီးပြီလေ ဒီကိစ္စမေလင်းနဲ့မဆိုင်ဘူးလို့...."
"ဒါဆိုပြောလေ ခဗျားဘာကြောင့် ရောက်မလာရတာလဲဆိုတဲ့
အကြောင်းအရင်း"
"ရိပေါ်...မင်းဘာလို့ဒီလောက် ကလေးဆန်ရတာလဲ ဟမ်!!!"
"ဟုတ်တယ် ကလေးဆန်တယ် ပြီးတော့
ဘာမှလဲ ဖြစ်ဖြစ်မြောက်မြောက်မရှိဘူး ပြီးတော့ ခဗျားရဲ့ဇနီးလောင်း လောက်လဲမတော်ဘူးလေ
"ကျစ် ဘာလို့မဆိုင်တာတွေပြောနေရတာလဲရိပေါ် မင်း မေလင်းအပေါ်မှာဘာတွေမကျေမနပ်ဖြစ်နေတာလဲ "
"ဘာလို့လဲဆိုတော့ ကျုပ်ကခဗျားကို....!!! "
"သခင်လေးရှောင်"
ရိပေါ်စကားမဆုံးခင်မှာပဲ အခန်းအပြင်ကနေ အိမ်တော်ထိန်းရဲ့အသံကိုကြားလိုက်ရသည်။
"ဘာကိစ္စရှိလို့လဲဦးလေး"
"သခင်လေးကို သခင်ကြီးဝမ်ခေါ်နေပါတယ်"
"ကောင်းပြီ ကျွန်တော်ဆင်းလာခဲ့မယ်"
အိမ်တော်ထိန်းက ခေါင်းငုံ့အရိုအသေပေးကာ ထွက်သွားတော့
ရှောင်ကျန့် ရိပေါ်ဆီအကြည့်ပြန်ပို့ကာ
"ဒီနေ့တော့ မင်းခံစားချက်တွေရှုပ်ထွေးနေပုံပဲ မနက်ဖြန်မှ အေးဆေးစကားပြောကြမယ် နားလိုက်တော့..."
ရှောင်ကျန့်လှည့်ထွက်သွားဖို့လူပ်တော့ ရိပေါ်က
"အဲ့မင်္ဂလာပွဲကိုဆက်လုပ်ဖို့ စိတ်ကူး ထားရင်
ကျုပ်ကို တသက်လုံး မျက်နှာချင်းဆိုင်ဖို့မစဥ်းစားနဲ့!!!"
ရှောင်ကျန့် စိတ်ပျက်တဲ့ အကြည့်တချက်ပိူ့ရင်း
ရိပေါ်အခန်းထဲမှထွက်လာခဲ့လိုက်တော့သည်။
..........................
"ပါး...ကျွန်တော့်ကိုခေါ်တယ်ဆို"
"သားရှောင်... ဝင်လာခဲ့လေ"
"ပါး...ဝမ်လေးက..."
"ပါးသိတယ် သူမူမမှန်တော့တာကို"
ရှောင်ကျန့်စကားမဆုံးခင် ပါးကဖြတ်ပြောလာတယ်
ပြီးတော့စိတ်ပျက်နေသလိုမျက်နှာထားနဲ့
"မင်းမရောက်ခင်က တအိမ်လုံးသောင်းကျန်းထားတယ်
ပြီးတော့ အအေးသောက်ချင်တယ်ဆိုပြီး တအိမ်လုံးအနှံ့
အအေးဘူးလိုက်ရှာတယ် ပေးလိုက်ပြန်ရင်လဲ တငုံလောက်သောက်ပြီး
သူလိုချင်တဲ့အရသာမဟုတ်ဘူးဆိုပြီး ပြသာနာရှာတယ်
နောက်ဆုံး ပါးသူ့ကိုဆူငေါက်လိုက်တော့
ပါးကိုမကောင်းတဲ့စကားတွေနဲ့တုန့်ပြန်တယ်
တအိမ်လုံးကရှိသမျှလူတွေလဲ သူဒေါသကြောင့် မလှုပ်ရဲ ကြဘူး
ပါးသိတယ် ရိပေါ်ကဘယ်လောက်ဆိုးဆိုး
ဒီလောက်ရိုင်းတဲ့ကလေးတော့မဟုတ်ဘူး
ဒီတစ်ခေါက်သူစိတ်အလိုမကျတာက ကလေးတစ်ယောက်လိုချင်တာမရလို့ ဂျစ်နေတဲ့ပုံစံမျိုးမဟုတ်ဘူး သားရှောင်
သားရဲတစ်ကောင် ဆာလောင်လို့သောင်းကျန်းနေတဲ့ပုံစံမျိုး ဟူးးးး "
ပါးက စကားအများကြီးပြောပြီးတော့ မောသွားသလိူပုံစံနဲ့သက်ပြင်းတစ်ချက်ချတယ် ပြီးတော့သူ့စကားကိုဆက်ပြောတယ်
"ရိပေါ်က အရင်နဲ့မတူတော့ဘူး ပါးသူ့ကိုမထိန်းနိုင်တော့ဘူးထင်တယ်
သူနဲ့စကားဆက်မများနိုင်တော့လို့ ရှောင်ထွက်လာရတဲ့အထိပဲ
သူသောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာကို
အခန်းထဲကနေပဲ နားစွင့်နေနိုင်တော့တယ် "
ရှောင်ကျန့်လဲ ပါးပြောတဲ့ စကားတွေ ကြားပြီးမှ ပိုလို့စိတ်မောသွားရသည်။
သူလဲပဲ ဒီကောင်လေးကိုထိန်းနိုင်ပါတော့မလားမသေချာတော့ပြီလေ...
You are reading the story above: TeenFic.Net