💜44💜

Background color
Font
Font size
Line height

<zawgyi>



‘ဟင်?!’


အမှတ်မထင် Taehyung ရှိရာဘက် သူမ လှည့်ကြည့်မိတော့ ခြံထဲတွင် ခွေးပေါက်လေးတစ်ကောင်အား တယုတယ ချီပွေ့ထားသောသူ…။ သူ့နှုတ်ခမ်းထက်တွင် သူမ မသိစိတ်ထဲက တောင့်တနေခဲ့သောအရာ…။

‘သူ… သူပြုံးနေတယ်?!’

သတိမထားမိဘဲ လိုက်ပြုံးမိတဲ့သူမနဲ့ သူမအကြည့်ကိုလှမ်းမြင်လိုက်သည်နှင့် ကျောခိုင်းသွားပြီး ခွေးကလေးကိုလည်း ပြန်လွှတ်ပေးလိုက်တဲ့သူ…။ ကျောခိုင်းမသွားခင် အပြုံးလေးပျောက်ကွယ်သွားတာကို သူမ သတိထားမိလိုက်သည်။

‘အယ်!? အဲ့ဒါဘာသဘောလဲ? ငါ့ကိုတွေ့လို့ အဲ့လိုဖြစ်သွားတာလား?’

အသည်းယားတယ်… ကသိကအောင့်ဖြစ်တယ်… စိတ်တိုတယ်… ဝမ်းနည်းတယ်… အမည်တပ်မရတဲ့ ခံစားချက်ပေါင်းစုံ ရောထွေးနေတာပဲ…။ သူ့ကိုတကယ်ကြီး နားမလည်နိုင်ဘူး…။ စိတ်ထဲ ဘာကိုအလိုမကျဖြစ်နေမှန်း မသိ… သူ့ရဲ့အေးတိအေးစက်ကျောပြင်အား ပေါက်ထွက်မတတ် စူးစိုက်ကြည့်ရင်း မျက်မှောင်သာကြုံ့ထားမိသည်။

“အချစ်ရေ…”

ရုတ်တရက်သူမကိုဆွဲလှည့်လိုက်တဲ့ Jimin နဲ့ မျက်နှာချင်းဆိုင်သွားတဲ့သူမ…။ မျက်မှောင်ကြုံ့လျက်သား… မျက်နှာကလည်း မကြည်လင်…။

“ဟင်… မျက်နှာလည်း မကောင်းပါလား? ဘာဖြစ်လို့လဲ?”

Jimin ရဲ့ဂရုဏာမျက်ဝန်းက ခါတိုင်းလိုပင် သူမကို စိတ်သက်သာရာရစေသည်။ သူ့ဆီက လုံလောက်တာထက်ပိုတဲ့ အကြင်နာတွေရနေတာ ဘာထပ်လိုဦးမှာလဲ…။ သူတစ်ယောက်ရှိရုံတင် ဘဝကြီးကပြည့်စုံနေပြီ…။ ဘယ်သူ့ကိုမှ အာရုံစိုက်နေစရာမလိုဘူး…။

‘Kim Taehyung ရှင့်ဟာရှင် ဖြစ်ချင်ရာဖြစ်! တစ်ယောက်တည်း အဲ့မှာ ချေနေလိုက်! ဂရုမစိုက်တော့ဘူး!! လုံးဝပဲ!!!’

သူမ အပြုံးအကျယ်ကြီးပြုံးရင်း ပြုတ်ထွက်မတတ်ခေါင်းရမ်းခါပစ်လိုက်၏။

‘Kim Taehyung သွားစမ်း! ထွက်စမ်း! … … အမယ်လေးမူးလိုက်တာ!’

နားထင်သွေးကြောတွေ တဒုတ်ဒုတ်ဖြစ်လာလို့ ရပ်လိုက်ချိန် သူမရဲ့ခေါင်းကို ခပ်ဖွဖွလေးပုတ်ပေးလာတဲ့သူ…။

“ဟားဟား… ဖြည်းဖြည်းသက်သာလုပ်ပါ အရုပ်မလေးရယ်… ကျိုးကုန်ပါဦးမယ်”

“ဟီးးး”

“ခရီးပန်းနေပြီမလား!? ကိုတို့အခန်းထဲသွားစို့”

သူဆွဲခေါ်ရာနောက် ထလိုက်သွားရင်း သုံးလေးလှမ်းလောက်လှမ်းအပြီး အရှေ့ကဦးဆောင်နေသည့် သူ့ခြေလှမ်းတို့ရပ်တန့်သွားသဖြင့် သူမလည်းရပ်လိုက်၏။ Luggage များကျန်ခဲ့လေသလားစစ်ကြည့်လိုက်တော့ သူရောသူမရော ကိုယ့် Luggage ကိုယ်ဆွဲလာကြတာပဲ…။

သူမအာရုံ Luggage ဆီရောက်နေစဉ် နောက်လှည့်မကြည့်တဲ့သူ့ဆီမှ စကားသံတိုးတိုးလေး…။

“ချစ်တယ်”

‘အယ်?! ချစ်တယ်လို့ပြောလိုက်တာလား? အဆုံးမရှိအစမရှိ?!’

ရုတ်တရက်မို့ နားကြားများမှားတာလားလို့ ခဏကြောင်တောင်တောင်ဖြစ်သွား၏။ မှားစရာတော့ အကြောင်းမရှိ… တိုး၍ညင်သာပေမယ့် ရှင်းရှင်းလင်းလင်းပဲ…။

“Oppa ကိုလည်း Dolly က သိပ်သိပ်ချစ်!”

အားတက်သရော ပြန်ဖြေလိုက်တဲ့သူမအဖြေကို ကျေနပ်သွားသည်ပဲလား… အသံထွက်ရယ်လိုက်တဲ့သူ…။ ခြေပြန်မလှမ်းခင် သူမရဲ့လက်ကို ပို၍တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာသဖြင့် သူမလည်း ညီမျှသောအားနှင့် ပြန်၍ဆုပ်ကိုင်လိုက်၏။




💜L💜B💜L💜




“ရေး!!! တစ်ကွ… တစ်! Hobi တဲ့ဟ… ဟဟားး!!!”

ကံကောင်းသူတို့ ဟစ်ကြွေးနေချိန် အကြိုကစားပွဲတွင် ဘိတ်ချီးရလို့ ခြံအဝနားမှာ ယောင်လည်လည်လုပ်နေသူနှစ်ဦး… Jungkook နှင့် Seokjin တို့…။ သူတို့အလှည့်က ဝေးသေးတော့ အေးရာအေးကြောင်း စကားစမြည်ပြောနေကြလေ၏။

“Jungkook လေးရေ… မင်း Taehyung ပါလာအောင် ဘယ်လိုသိမ်းသွင်းလိုက်တာလဲ?”

“အဲ့ဒါက အဲ့လိုရှိတယ် Hyung!”

“အင်း?”

“အဲဒီတော့… ဟိုဟာက ဟိုလိုပေါ့! ခိခိ”

“ရား!”

လုံးဝငြင်းဆန်နေသည့် Taehyung ဘယ်လိုစိတ်ပျောင်းသွားတယ်ဆိုတာ အစ်ကိုကြီးကသိချင်ပေမယ့် အငယ်လေးက ဟိုကွေ့ဒီပတ်…။ အစကသိချင်ရုံဆိုပေမယ့် မပြောလေ ကလိကလိနဲ့ပိုသိချင်လာလေ အငယ်လေးက ပိုပြောင်လို့ကောင်းလေ…။

“ဒါတွေက Hyung ကိုပြောပြလည်း ဉာဏ်မှီမှာ မဟုတ်…”

ထိုစဉ် ခြံရှေ့မှဖြတ်သွားသော ဒရိုက်ဘာကို လှမ်းမြင်လိုက်သဖြင့် စကားအစဖြတ်ပြီး ပြေးလိုက်သွားသော Jungkook နောက်တွင် အစ်ကိုကြီးမှာ စွေ့စွေ့ခုန်ပြီးကျန်ခဲ့လေ၏။

“ရားးး… Jeon Jungkook!!!! မင်းကဒီအစ်ကိုကြီးကို မခန့်တာလားကွ! ဝေး!”

“ခိခိ… ခဏစောင့်ပြန်လာခဲ့မယ်”



Flashback~



ဟိုဆွဲဒီဆွဲမှီရာဆွဲလိုက် စကားပြောလိုက်လုပ်ရင်း တဖြည်းဖြည်း ကားနဲ့ ဝေးဝေးသွားသော Seokjin နှင့် Taehyung…။

“ကျွန်တော်တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်လို့ပါ…။ Hyung တို့ဘာသာပဲ ပျော်ပျော်ပါးပါးသွားလိုက်ကြပါတော့”

Dolly အရှေ့ Taehyung လူလုံးပြမနေချင်တာကလည်း မပြချင်တာပဲဆိုပေမယ့် အဲ့ဒါထက်… သူမ Jimin နဲ့အတူရှိနေတာကို သူဘယ်လိုစိတ်နဲ့ ကြည့်နေနိုင်မှာလဲ…။

“အခုလိုကံအကြောင်းဖန်လို့ ၇ယောက်အတူခရီးထွက်ခွင့်ကြုံတာဆိုပေမယ့် မင်းမပါမှတော့ ငါတို့ခရီးက အဓိပ္ပာယ်မရှိတော့ဘူးပေါ့ကွာ…။ ဟူး… ဘယ်တတ်နိုင်ပါ့မလဲ…။ မင်းဘက်ကလည်းအဲ့လိုဆိုတော့ ငါအတင်းအကြပ်မလုပ်ချင်ပါဘူး…။ အေးပါအေးပါ… ဂရုစိုက်ဦး”

တစ်ယောက်တည်း ဒရမ်မာချိုးနေသည့် Seokjin ကို ပြုံးပြုံးကြီးစောင့်ကြည့်နေတဲ့ Jungkook က အဆုံးတွင်…

“Hyung ကျွန်တော်နဲ့ V Hyung ကို အချိန်ခဏပေး!”

“သိပ်မကြာစေနဲ့နော်! နေထွက်လာရင် ငါတို့သွားရတာ ကြပ်လိမ့်မယ်”

Seokjin လှည့်ထွက်သွားသည်နှင့် Jungkook တစ်ခွန်းသာပြော၏။

“V Hyung… ဒီလိုနှောက်ယှက်ဖို့ အခွင့်အရေးက နှစ်ခါမရဘူးနော်! ဟီးဟီး… ကျွန်တော်ကတော့ အတွဲလိုက်ချောင်းတော့မယ်… သွားပြီတာ့တာ!!”

Seokjin အနောက်ပြေးလိုက်သွားသော Jungkook ကိုကြည့်ရင်း ‘နှောက်ယှက်ခွင့်…’ ဆိုတဲ့ စကားရဲ့အနောက်မှာ Taehyung တွေဝေသွားတာ…။

သူ့ကို လုံးဝမေ့သွားအောင် Jimin နဲ့ သူမကို နီးစပ်နေစေချင်သည်။ ဒါပေမယ့် စိတ်ရဲ့ အနက်ဆုံးတစ်နေရာက အတွေးကတော့ ထိုသို့မဟုတ်…။ မမှီမှာစိုးလို့ ပြေးလိုက်ပြီး Jungkook လက်ကိုလှမ်းဆွဲလိုက်မိတဲ့သူ…။

“လိုက်မယ်”

“ဟေ!”

Jungkook ကတော့ အကြံပိုင်သူအထာနဲ့… Seokjin ကတော့ တအံ့တသြ…။



Flashback END~




💜L💜B💜L💜




Dolly အခန်းထဲဝင်သွားချိန်ထိ အပြင်ဘက်တွင်ငုတ်တုတ်မေ့နေသည့် Jimin…။ ဘေးကပ်လျက်နှစ်ခန်းကြောင့် ဆွံ့အနေ၏။ ရှေးခေတ်အိမ်လေးတစ်လုံးလို သစ်သားဖြင့်ဆောက်ထားတဲ့ ဒီအိမ်ထဲမှာ မျက်နှာကျက်က နိမ့်နိမ့်လေး… ထို့အပြင် တစ်ခန်းနဲ့တစ်ခန်းခြားထားသည်က သစ်သားတစ်ပြားစာသာရှိလိမ့်မည်…။ မော်ဒန်အသုံးအဆောင်တွေ အကုန်သုံးထားပေမယ့် အခန်းဖွဲ့စည်းပုံကျ ရှေးပြုလွန်းနေသည်။

အိမ်ရဲ့ဖွဲ့စည်းထားပုံက လွဲတော့လွဲနေပြီ။

ဒီအိမ်ဆောက်တုန်းက Architect ရဲ့အတွေးကို သိချင်မိသည်။ မျက်နှာချင်းဆိုင်မှာရှိနေတဲ့ Bath & WC နဲ့ မီးဖိုချောင်ကတောင် တော်တော်ကျယ်နေတဲ့ အခြေအနေမှာ အိပ်ခန်းသုံးခန်းကို ဘယ်လိုစိတ်ကူးနဲ့များ ဒီလောက်ပူးကပ်ထားရသလဲ…။ မိသားစုအပျော်ခရီးထွက်လာတာဆိုရင်တော့ ဒါကနွေးထွေးတဲ့ ဖီလင်လေးခံစားရစေမှာ… ဆိုပေမယ့် အခုကတော့ ဆန့်ကျင်ဘက်ပဲ…။

‘ငါဘာကိစ္စ Jungkook ပြောတာ နားထောင်ပြီးလိုက်ခဲ့မိပါလိမ့်! အခုထွက်ပြေးရင်မှီဦးမလား?!’

**ရေး!!! တစ်ကွ… တစ်! Hobi တဲ့ဟ… ဟဟားး!!!**

အိမ်ရှေ့မှာ အော်နေတဲ့ Hoseok အသံကို ဒီကနေအတိုင်းသား ပီပီသသကြားနေရသည်။ သူတို့တတွေ ဘေးနှစ်ခန်းမှာနေကြမည်ကို တွေးမိရုံနဲ့ကို ကြက်သီးထသွားတာ ဖြန်းခနဲ…။ အခြားကိစ္စတွေ မတွေးနဲ့ဦး… ကောင်းကောင်းတောင် အိပ်ရပါ့မလား စိုးရိမ်စရာ…။

‘ဘဝဆိုတာ ထင်မထားတာတွေဖြစ်တတ်ပါလား!’

သက်ပြင်းတွေချရင်း တလှုပ်လှုပ်နဲ့ အခန်းပတ်ကြည့်နေသည့် Dolly ကို ငေးကြည့်နေတဲ့ Jimin…။

ခုအခြေအနေက အိပ်မက်ကလေးနဲ့ လားလားမျှမသက်ဆိုင်…။ ဒါပေမယ့် သူမနဲ့အတူရှိနေရရင် ကျေနပ်ပါပြီလေ…။ အိပ်မက်ကလေးကတော့ အချစ်ရဲ့ Bonus လေးပေါ့…။

အရှေ့ကအာပြဲစိန်တွေရောက်မလာခင် Slide တံခါးကို အမြန်ဆွဲပိတ်လိုက်ပြီးနောက် သူမကို ပြေးဖက်ကာ မွေ့ရာပေါ်ပစ်လှဲချလိုက်သည်။

သူ့ရဲ့ ရုတ်တရက်အပြုအမူကြောင့် ကြောင်သွားတဲ့သူမ… သူ့ရင်ခွင်ထဲက ခေါင်းမော့ကြည့်လိုက်တော့ မျက်လုံးမှိတ်လျက်သား ပြုံးနေသည့်သူ…။

“ခဏအိပ်ရအောင် ဘေဘီ!”

“အယ်? အခု ချက်ချင်းကြီးလား?”

“Hmm”

သူမ၏နှဖူးကို နှုတ်ခမ်းလေးနှင့် ထိရုံမျှနမ်းကာ တင်းနေအောင်ဖက်ထားလိုက်ပြီးမှ တစ်ခုခုသတိရသွားသည့်ပုံစံဖြင့် အလန့်တကြားထဖြစ်ပြန်တဲ့သူ…။

“ခဏလေး! မအိပ်ခင်…”

“မအိပ်ခင်?”

“Hmm? ဒီလောက်မြန်မြန် မေ့သွားပြီလား ဘေဘီ… ကိုပြင်ဆင်ထားလို့ ပြောတယ်လေ!”

သူမနှဖူးပေါ် ဝဲကျနေသည့်ဆံပင်များကို တစ်ချောင်းချင်းသပ်တင်ပေးနေရာမှ အဆုံးတွင်ခပ်ညစ်ညစ်ပြုံးပြတဲ့ သူ့ကြောင့် တံတွေးမြိုချလိုက်မိသည်။

“အဲ့ဒါ ဘာဖြစ်လဲ?”

ဘာမှမဖြေဘဲ သူမ၏မေးကိုထိန်းမော့လိုက်တဲ့သူ…။ သူ့ရဲ့ပြုံးယောင်သမ်းနေတဲ့ နှုတ်ခမ်းလေး တဖြည်းဖြည်းနီးကပ်လာစဉ်…

**ဒုန်းးး**

တံခါးကို တစ်ခုခုနဲ့လာရိုက်သံကြောင့် တန့်သွားသည့်သူနှင့် တံခါးဆီချာခနဲခေါင်းလည်ကြည့်မိသည့်သူမ…။

**Yahh Jeon Jungkook ဒီအစ်ကိုကြီးတစ်ယောက်တည်းရှိတာကို ၂ယောက်အိပ် Master Bed Room လေးမှာတော့ ပေးအိပ်သင့်တယ်မလား!? လာ… အခန်းလဲပေး**

**ခစ်ခစ်ခစ် မရဘူးလေ ဘရို… ကိုယ့်ကံနဲ့ကိုယ်ပဲ! Hyung က ကျွန်တော့်ထက်အရင် နံပါတ်ရွေးခွင့်ရတာကို အဲ့အခန်းကျတာတော့ မတတ်နိုင်! ဟက်ဟက်**

**အပြင်က Hyung-nim ရော အထဲက Jeon Jungkook ရော… ငါအိပ်တော့မလို့ တိုးတိုးနေကြဟေးးး**

အထုပ်တွေချရင်း တစ်ယောက်တစ်ပေါက် ဆူညံနေသံများကြောင့် Jimin စိတ်အေးလက်အေးအနမ်းလေးလည်း ဖလှယ်လို့ရမယ်မထင်တော့…။ ကိုယ့်မှာလည်း ကား​ပေါ်ကတည်းကပြဿနာကြီးနဲ့...။ ထိုထဲ သူမကိုဆွဲထည့်ဖို့ မဖြစ်နိုင်တော့တာ သေချာသွားတဲ့အခြေအနေမှာ ကိုယ့်ကိစ္စကိုယ်ရှင်းရုံသာရှိတော့သည်။

“အချစ်ရေ! ကို Toilet ခဏဝင်လိုက်ဦးမယ်”

“အယ်? သြော်… ဟုတ်ဟုတ်”

မြန်ဆန်လွန်းတဲ့အပြောင်းအလဲတွေကို လိုက်မမီနိုင်တဲ့သူမတစ်ယောက်… Jimin ထသွားသည်နှင့် သူမပါအတူ ငေါက်ခနဲထထိုင်ကာ ခေါင်းကုတ်လိုက် လည်ပင်းကုတ်လိုက်လုပ်ရင်းကျန်နေခဲ့၏။

ဘာလုပ်ရမလဲစဉ်းစားနေရင်း Luggage တွေ့တော့ အားရပါးရဆွဲဖွင့်လိုက်ရာ အထဲမှာမှောင်မည်းနေတာပဲရယ်…။ အပေါ်ဆုံးတွင် ဇာပုဝါလေးလိုအရာတစ်ခု…။ သေချာထုတ်ကြည့်တော့ ပုဝါလည်းမဟုတ်…။ ခါးပတ်လိုကြိုးလေးကပါလေးသည်။

“အမ်… ဒါဘာကြီးလဲ?”

အဲ့ဒါလေးကို ဘေးချပြီး ထပ်ထုတ်ကြည့်လိုက်တော့ ဘရာလိုလိုအရာတစ်ခု…။ ဒါပေမယ့်သေချာကြည့်တော့ ဂါဝန်လိုလို…။ နောက်တစ်ခုထပ်ထုတ်ကြည့်တော့ သားရေလိုပြောင်လက်လက်ဂါဝန်…။ ဂါဝန်လို့လည်း ပြောလို့မရပြန်ဘူး…။

‘ဒါက ဘေးနှစ်ဖက်မပါတော့ ငါက ဘယ်လိုသွားဝတ်ရမလဲ?’

တစ်ခုပြီးတစ်ခုထုတ်ကြည့်ရင်း ဒေါသာခွီးလာမိသည်။ တချို့ဟာတွေဆို ဘယ်ဟာအရှေ့ ဘယ်ဟာအနောက်မှန်းတောင် မသဲကွဲ…။ ညဝတ်အင်္ကျီလို့ထင်ရလောက်တဲ့ဟာတွေကလည်း အပေါ်နှစ်လုံးပြူးလည်းမလုံသလို အောက်ကိုလည်း လုံလုံလောက်လောက်ဖုံးမပေး…။ ကြိုးလေးတစ်ချောင်းသာပါတဲ့ ဘောင်းဘီကို ဘယ်သူကညဝတ်အိပ်မှာတဲ့လဲ…။

“ဝတ်မနေပါနဲ့တော့လား?”

ထုတ်ရင်း...

ထုတ်ရင်း...

ကုန်သာကုန်သွားတယ် ၀တ်လို့ရတာ တစ်ခုတစ်​လေ​လေး​တောင် မ​တွေ့...။

“ဒါပဲလား?????”

အိတ်မှာ အံဝှက်တွေဘာတွေများရှိမလား နှိုက်ကြည့်တယ်…။ တကယ်ကြီးကို ဒါအကုန်ပဲ…။ ခရီးထွက်လာတာ ဝတ်စရာတောင်မရှိတဲ့ဘဝ…။ ဒါအိမ်က​ ၄​ယောက်ထဲက ဘယ်သူလုပ်ကြံလိုက်တာလဲ…။

'ဒါ​တွေထည့်​ပေးလိုက်​တော့ ငါက ဒါတွေဝတ်ပြီး ဘာလုပ်နေရမှာလဲ'

ထိုစဉ်…

**အအား**

ရေချိုးခန်းထဲက Jimin အသံကြောင့် တံခါးနားအမြန်ထသွားလိုက်တဲ့သူမ…။

**ဒေါက်ဒေါက်**

“Oppa ဘာဖြစ်တာလဲ?”

“Aish… အဲ့ဒါ… … …ဘာမှမဟုတ်ဘူးဘေဘီ”

တကယ်ဆို Toilet ထဲသာ ဝင်သွားတာ… ရေဆွဲချသံလည်း မကြားမိသေး…။ တစ်ခုခုဖြစ်နေတာများလား…။

“ဒါနဲ့ Oppa ကြာနေပြီ… အဆင်ပြေရဲ့လား? ဗိုက်နာလို့လား?”

စိတ်ပူပူနဲ့ အခန်းတံခါးရှေ့ရပ်ပြီး ပွစိပွစိလုပ်နေတုန်း ပြန်ထွက်လာတဲ့ Jimin က ဘာမှမဖြစ်သလို သူမ၏ ဆံပင်များကို ထိုးဖွတော့သည်။

“ကဲ ဘာမှမဖြစ်ပါဘူးဆို ဒီကလေးမလေး တော်တော်စကားများ…”

အသံတိတ်သွားတဲ့သူ့အကြည့်က ပွင့်လျက်သား Luggage ၏အပြင်တွင် အပုံလိုက်သော မဟုတ်ကဟုတ်က အဝတ်များအားထံတွင်…။

‘အမယ်လေး… ဂွမ်းပါပြီ’

အမြန်သွား၍ Luggage ထဲ စုပြုံထိုးထည့်ပြီး အဖုံးပေါ်ထိုင်ချပစ်လိုက်သည့် သူမ… မလုံမလဲဖြင့် Jimin ကို သွားစိပြလိုက်၏။

“ဟီး”

“ရေချိုးတော့မလို့လား?”

“မဟုတ်ပါဘူး!”

“အင်း… အဲဒါဆို ခဏအိပ်ရအောင်… ကိုပင်ပန်းတယ်… နားချင်ပြီ”

သူက မွေ့ရာပေါ် အရုပ်ကြိုးပြတ် ဘုန်းခနဲပစ်လှဲချလိုက်ပြီး မျက်လုံးမှိတ်လျက်သားပဲ လက်မောင်းကိုပုတ်ပြနေသဖြင့် အမြန်သူ့လက်မောင်းပေါ်ခေါင်းအုံး၍ နေရာဝင်ယူလိုက်သည်။ ထို့နောက်သူမကို ပိုက်ထွေးလာသည့်သူ့ရင်ခွင်က ကမ္ဘာပေါ်မှာအနွေးထွေးဆုံးမို့ ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ အချိန်အများကြီးမလိုအပ်…။

တိတ်ဆိတ်နေသည့် အခန်းနှစ်ခန်း၏ ဘေးအခန်းထဲတွင် ကမ္ဘာပျက်နေသော ကံဆိုးသူမောင်ရှင် ၃ယောက်… Seokjin… Namjoon နှင့် Taehyung…။

နှစ်ယောက်ခန်းမှာ ကျန်သုံးယောက်နေကြတာ ပြဿနာမဟုတ်ပေမယ့် တစ်ယောက်အခန်းမှာ သူတို့သုံးယောက်အိပ်ရမှာကတော့ မဟာပြဿနာကြီး…။

တစ်ယောက်အိပ်အခန်းထဲ အရင်ရောက်တဲ့ Namjoon နှင့် Taehyung က တစ်ယောက်အိပ်ထက်ကြီးတဲ့ မွေ့ရာမှာအဆင်ပြေနေပေမယ့် နောက်ဆုံးမှ ရောက်လာတဲ့ Seokjin ခမျာတော့ အောက်မှာ စောင်နဲ့အိပ်ရမယ့်အဖြစ်…။

“Namjoon Hyung ကျွန်တော် အိပ်ရင် Hyung ကို ဖက်ထားလို့မရဘူးလား?”

အတူအိပ်ခွင့်ကြုံတိုင်း Taehyung ရဲ့ဆွဲလားရမ်းလား အလုပ်ခံရတဲ့ Memory အချို့ကြောင့် တွန့်တက်သွားသည့် Namjoon… အလိုလို ခေါင်းကြီးပဲခါပြလိုက်မိသည်။

“ကျွန်တော်ဖက်ရုံလေးပဲ ဖက်ထားမှာပါ”

“ရွံစရာကြီးကွာ… ကိုယ့်ဟာကိုယ်ခေါင်းအုံးဖက်အိပ်စမ်းပါ”

“ဒါဆို အနည်းဆုံးတော့… လက်ကလေးကိုင်ထားမယ်လေ”

“……………”

“အခန်းထဲမှာ ငါကအကြီးဆုံးဆိုတော့ မွေ့ရာလေးပေါ် နေလို့မရဘူးလား?! ဟီးဟီးဟီး”

တိုးတိုးတိုးတိုးနဲ့ ဆွေးနွေးနေကြတဲ့ နှစ်ယောက်အကြား မျက်နှာချိုသွေးကာ ဝင်ပြောလိုက်တဲ့ အစ်ကိုကြီး Seokjin ကြောင့် Namjoon ၏ မျက်လုံးအရောင်လက်သွား၏။ တစ်ချက်ခုတ်နှစ်ချက်ပြတ်…။ အစ်ကိုကြီးကို ဦးစားပေးရာလည်းရောက်မယ်… Taehyung လက်ကလည်းလွတ်မယ်…။

“နေလေ Hyung!”





💜L💜B💜L💜





အလယ်ခန်းထဲတွင် အရင်ဆုံးနိုးလာသည့် Dolly… မျက်လုံးဖွင့်လိုက်တာနဲ့ တန်းမြင်ရသည်က ခြေနှစ်ချောင်းကြားထဲ လက်ထည့်ကာ ကွေးကွေးလေး အိပ်ပျော်နေတဲ့ Jimin…။ အိပ်တုန်းကတော့ သူ့ကို ဖက်ထားခဲ့ပေမယ့် နိုးတော့ ဖက်ထားတာက ခေါင်းအုံးဖြစ်နေ၏။ တစ်လုံးကိုလည်း အုံးထားသေးတော့ သူ့မှာ ခေါင်းအုံးမရှိနေ…။

သူ မနိုးအောင် အသာလေး သူ့ခေါင်းအောက် ခေါင်းအုံးတစ်လုံးထားပေးပြီးနောက် သူ့ကို သေချာထိုင်ကြည့်နေမိသည်။

Idol ဆိုပေမယ့် အိပ်နေချိန်ကျတော့လည်း မို့အစ်နေသောမျက်ခွံလေးတွေ… ခြောက်သွေ့သောနှုတ်ခမ်းနှင့် မိမိတို့လိုပဲ အသက်ရှူနေသည့် သာမန်လူသားလေးတစ်ယောက်ပါပဲ…။

ဒါပေမယ့် ဒီမြင်ကွင်းက သူမ၏ သူငယ်ချင်းတွေအတွက် အလှမ်းဝေးသောအိပ်မက်တစ်ခုဖြစ်ခဲ့သည် မဟုတ်ပါလား…။ စင်ပေါ်မှာ အားမာန်အပြည့်နဲ့ ခုန်ပေါက်နေတဲ့ Jimin နဲ့ အခုမိမိအရှေ့ကကောင်လေးက ကို နှိုင်းယှဉ်မြင်ယောင်ကြည့်ရင်း ပြုံးလိုက်မိသည်။

“Oppa!… ခုချိန်ထိ သေချာမပြောမိတာရှိတယ်…။ အရာအားလုံးအတွက် တကယ် တကယ်… တကယ့်ကို ကျေးဇူးတင်ပါတယ်”

Jimin ရဲ့ ပါးမို့မို့လေးထဲ နှုတ်ခမ်းတစ်စုံလုံး နစ်ဝင်သွားတဲ့အထိ ဖိနမ်းလိုက်တော့ ဘယ်အချိန်ကတည်းက နိုးနေလဲမသိ… ရုတ်တရက်မျက်လုံးပွင့်လာတဲ့သူ့ရဲ့ ဆွဲဖက်လှည့်ခြင်း ခံလိုက်ရသဖြင့် မိမိမှာ သူ့အပေါ်တွင် မှောက်လျက်သားလေး…။

“ကျေးဇူးတင်ရင်…”

နိုးခါစမို့ လည်ချောင်းသံပါနေတဲ့ သူ့အသံက တစ်မျိုးလေးပဲ…။ ယောက်ျားဆန်ဆန် ဆွဲဆောင်မှုရှိတဲ့အသံမျိုး…။

“အာဘွားပေး!”

မျက်လုံးမှိတ်ပြီး သူ့နှုတ်ခမ်းလုံးလုံးလေးကို စုပြီးစူပြနေ၏။ ထိုနှုတ်ခမ်းလေးပေါ်သို့ ခပ်ဖွဖွလေးနမ်းလိုက်တော့…

“အဲ့လောက်နဲ့မရပါဘူး”

ပြန်စောင်းချလိုက်တဲ့သူ့ကြောင့် ဘေးကိုပြန်လျောကျသွားသည်နှင့် မိမိပါးပေါ်တွင် သူ့ရဲ့အိစက်သောလက်ဖဝါး၏ အထိအတွေ့…။

“ကိုပြောတဲ့ အာဘွားဆိုတာ အဲ့လိုမဟုတ်ဘူး”

မိမိနှုတ်ခမ်းပေါ်ဖိကပ်လာတာ သူဆိုပေမယ့် သူ့နှုတ်ခမ်းဖူးဖူးလေးထဲ နစ်ဝင်သွားသည်က မိမိနှုတ်ခမ်းတစ်စုံ…။

“အသံမထွက်နဲ့နော် ဘေဘီ! ဘေးအခန်းမှာ လူတွေရှိတယ်”

နှုတ်ခမ်းချင်းပွတ်တိုက်ရုံမျှ အသံတိုးတိုးအေးအေးဖြင့်တစ်လုံးချင်း ပြောနေသည့်သူက စကားဆုံးသည်နှင့် ဆတ်ခနဲလှမ်းဟပ်လိုက်ရာ မိမိနှုတ်ခမ်းတစ်ခုလုံး သူ့နှုတ်ခမ်းများကြားတွင် ပျောက်ဆုံးသွား၏။

မိမိအား တွယ်နှောင်ထားသည့်သူ့လက်များက သူနဲ့နီးသထက်နီးအောင် ဆွဲယူနေချိန် အနမ်းများသည်လည်း ပို၍နက်ရှိုင်းပြင်းထန်လာ၏။

မိမိရဲ့ ကျောပြင် နှင့် လည်တိုင်တို့တွင် ပွတ်သပ်နေသည့် သူ့အထိအတွေ့များက ညင်သာသော်လည်း အနမ်းများတွင်တော့ ညင်သာမှုမရှိ…။

အသက်ရှုချင်၍ မိမိကနှုတ်ခမ်းဘေးစောင်းလိုက်လျှင် ဝေးကွာခွင့်မပေးနိုင်သည့်သူက ဘေးလိုက်စောင်းကာ ဖမ်းငုံလိုက်၏။ မိမိက အနောက်နည်းနည်းဆုတ်လိုက်ပြန်ရင် အရှေ့ကိုကိုင်းလာတဲ့သူ့ထံတွင် ပြန်မိသွားပြန်၏။ 

နှုတ်ခမ်းချင်းစုပ်ယူသံများနှင့် အသက်ရှူသံများက သူများတွေ ကြားရလောက်အောင်ထိတော့ မကျယ်ဘူးထင်ရပေမယ့် မိမိတို့နှစ်ယောက်လုံးရဲ့နားထဲတော့ ကျယ်လောင်စွာကြားနေရသည်။

Jimin ရဲ့အနမ်းတို့ ပိုပြီးစိပ်လာချိန်တွင် အသက်ရှူမရတော့သဖြင့် ခေါင်းကိုနောက်လှန်ချလိုက်တော့ မှီရာလည်ပင်းဇောင်းကို ဖမ်းစုပ်လိုက်တဲ့သူ…။

တစ်ကိုယ်လုံးရှိန်းခနဲဖြစ်သွားသည့် ခံစားချက်ကြီးကြောင့် ထအော်မိတော့မလိုဖြစ်သွားတာကို နှုတ်ခမ်းကိုတင်းတင်းစိကာ ထိန်းလိုက်နိုင်ပေမယ့် အထိမခံနိုင်သည့်ထိုနေရာတစ်ဝိုက်ကိုမှ ခုလိုဆက်တိုက်ရွစိရွစိနဲ့ အနမ်းပေးခံနေရရင် ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မယ်ဆိုတာ မိမိအာမမခံနိုင်…။

အသည်းတအေးအေးနဲ့ တစ်ကိုယ်လုံးအတွင်းထဲထိလှိုက်ပြီး တွန့်လိန်နေသည့်ခံစားချက်အပြင် အခြားရောထွေးလာသည်က မိမိအမည်မတပ်တတ်သည့် ခံစားချက်တစ်မျိုး…။ ထိုနှစ်မျိုးရောသွားဒဏ်ကြောင့် အဆင်ပြေမနေတော့…။

သတိပေးတဲ့အနေနဲ့ သူ့ရင်ဘတ်ကို ဖိတွန်းပါတယ်ဆိုမှ ပိုနီးကပ်လာပြီး နားရွက်နားအထိပါနယ်ချဲ့လာတဲ့သူ…။ ဒါကြောင့် နှုတ်ခမ်းနှစ်လွှာကို ဖိကိုက်ထားတဲ့ကြားမှ အသံလွတ်ထွက်သွားတော့ မတားတဲ့အပြင် ထပ်တူညီတဲ့အသံကိုပြန်ပေးတဲ့သူက ရုတ်တရက် မိမိအပေါ်မှဖိအုပ်လိုက်ပြီး မိမိနှုတ်ခမ်းကို တစ်ဖန်အငမ်းမရနမ်းရှိုက်လာ၏။

သူအသက်ရှူထုတ်လိုက်တဲ့လေနွေးနွေးများက သူမကို လာလာရိုက်ခတ်နေချိန် သူမ၏နားရွက်ဘေးတွင်ရှိသည့်သူ့လက်တို့က အောက်မှ မွေ့ရာအခင်းအား ကျစ်ကျစ်ပါအောင်ဆုပ်ချေထား၏။ 

ဒါပေမယ့် ရုတ်တရက်ပဲ အနမ်းတို့ကို ချိုးဖျက်လိုက်တဲ့သူ…။ မိမိမျက်လုံးဖွင့်လိုက်တော့ ပါးစပ်နှင့် အသက်ရှူနေသည့် သူ့နှုတ်ခမ်းတို့က နိုးခါစကလိုမဟုတ်ဘဲ နီရဲနေသလို မျက်နှာတစ်ခုလုံးလည်း နီမြန်းနေပြီ…။

“ခဏ!”

ဘယ်သွားတာလဲလှမ်းကြည့်လိုက်​တော့ Toilet ထဲ​ပြေးဝင်သွားတာ တန်း​နေတာပဲ...။

'ဟင်! တစ်ချိန်လုံး အိမ်သာပဲတက်​နေတာပဲ'

နမ်း​နေရာက​နေ ချက်ချင်းကြီးရပ်ပစ်လိုက်တာ ဗိုက်နာလာလို့ ဒါမှမဟုတ်ရှူး​ပေါက်ချင်လာလို့ တဲ့လား...။

"ခွီးးး"

အထဲမှာ Jimin ဘာဖြစ်​နေလဲမသိ​ပေမယ့် အပြင်မှာ​တော့ သူမ ကိုယ့်အ​တွေးနှင့်ကိုယ် အူတက်​နေ​လေသည်။



💜L💜B💜L💜

Unedited
2020-06-20
===========================

Highlight 1

Highlight 2

Highlight 3

===========================

<unicode>


အိပ်ခန်းလုဖို့အတွက် အကြိုဂိမ်းကစားရန် မန်ဘာတွေခြံထဲသို့ ထွက်သွားကြစဉ် အခန်းရပြီးသား Jimin နှင့် Dolly တို့ကတော့ အေးအေးဆေးဆေး ထိုင်လျက်သာကျန်နေခဲ့၏။
ထိုအချိန် အခန်းထဲမှ အရင်ဆုံးငေါက်ခနဲထထွက်သွားသော Taehyung နှင့် Namjoon တို့ Dolly ထိုင်နေသည့်အရှေ့မှ ကပ်၍ ဖြတ်လျှောက်သွားစဉ်…

‘ဟင်?!’

သူတို့နှစ်ဦးထံမှ သူမ နှစ်သက်သည့်ရနံ့လေး အမှတ်တမဲ့ရလိုက်သလိုလို…။ နှာခေါင်းဝမှ ဖြတ်သွားရုံမျှဆိုတော့ ဘယ်သူဘယ်ဝါဆီကပါရယ်လို့ သေချာအနံ့ခံဖို့လောက်ထိ အချိန်မလုံလောက်…။ ဒီအချိန်မှာ အသေချာဆုံးက Jimin အနားတိုးကပ်လိုက်ရင် ထိုရနံ့လေးက တိတိကျကျပြတ်ပြတ်သားသား…။
လေနဲ့ပါသွားပြီး အနံ့က အခန်းထဲလျှောက်ပျံ့နေတာများလား…။

အမှတ်မထင် Taehyung ရှိရာဘက် သူမ လှည့်ကြည့်မိတော့

You are reading the story above: TeenFic.Net