💜34💜

Background color
Font
Font size
Line height


<zawgyi>


နိုးနိုးချင်း ချမ်းစိမ့်စိမ့်ဖြစ်နေသည်ကို ကုသဖို့ရာ မီးဖိုချောင်ဆီ တန်းတန်းမတ်မတ်လျှောက်လှမ်း၍ ရေခဲသေတ္တာထဲမှ ဝိုင်ပုလင်းအား လှမ်းယူလိုက်သော Dolly…။

**ဟတ်ချိုး**

နှာခေါင်းဝတွင် ပြူတစ်တစ်ဖြစ်နေသည့်နှာရည်စက် ထွက်ကျမလာခင် လက်တစ်ဖက်ဖြင့် အမြန်ပိတ်တုန်း လက်ထဲမှ ဝိုင်ပုလင်းအား ဆွဲယူခံလိုက်ရ၏။

“Dolly ရေ… နင်သောက်ရမှာ ဒါ!”

လက်ဖဝါးထဲ ဆေးတစ်တောင့်ထည့်ပေးရင်း ရယ်ကြဲကြဲလုပ်နေသူ June ကို ရှုံ့တွသွားသော မျက်နှာပေးဖြင့် ချက်ချင်းတုံ့ပြန်လိုက်၏။


“Yah! ပူတာလေး သောက်လိုက်ရမှ သက်သာမှာလေဟာ”

“မသောက်ရပါဘူးနော်! ဟိုနေ့ညကတင် ငါတို့အတူသောက်ကြသေးတယ် မေ့နေပြီလား! ခဏခဏမသောက်နဲ့… လိမ္မာပါတယ်… နော်… သဲလေး”


“ဟွန့်”

ဘဝင်မကျစွာဖြင့် နှဖူးပြင်ပေါ်ဝဲကျနေသည့် ဆံမြိတ်တို့ကို မှုတ်တင်လိုက်သည်က June ကို အနားကပ်လာအောင် ဆွဲဆောင်လိုက်သည့်အလား…။ မိမိ၏ဆံမြိတ်အား အသည်းအသန်လာလှန်နေသော June ၏ လက်ကို ခပ်ချေချေပဲ ပုတ်ချပစ်လိုက်သည်။

“ဘာလဲ?!”

ပေစောင်းစောင်းကြည့်လျက် နောက်တစ်လှမ်းဆုတ်လိုက်သည့်တိုင် အလွတ်မပေးဘဲ အတင်းပြန်ဆွဲ၍ နောက်တစ်ခါသေချာပြန်ဖြဲကြည့်တဲ့ June…။


“နင့်နှဖူးမှာ ဘာဖြစ်တာလဲ?”


June ၏ ကျယ်လောင်သောအသံက Hani နှင့် Christ တို့ကိုပါ လက်ယပ်ခေါ်လိုက်သလိုလို…။ ချက်ချင်းပဲအနားရောက်လာ၍ နှဖူးကို ဖြဲရဲကြည့်နေကြသည့် မိန်းကလေးတစ်စုကို သူမ မျက်ဖြူလှန်၍ ပြန်ဆိုက်ကြည့်မိသည်မှာ Christ မှန်လာမပြခင်အထိ…။


‘အယ်! ဘာလို့ နီနေတာပါလိမ့်’


မျက်နှာရှေ့ထိုးကပ်လာသည့် မှန်အား Dolly ဆွဲယူကြည့်လိုက်တော့ အမှန်တကယ်ကိုပဲ တစ်ခုခုနှင့် ဆောင့်မိထားသလို သွေးချေဥနေသည့်အကွက်လေးက နှဖူးမှာ အထင်းသား…။ သူမ မှန်တစ်ချပ်နှင့် အလုပ်ရှုပ်နေချိန် တစ်ဖက်တွင်တော့ အကြိတ်အနယ် ဆွေးနွေးနေကြသည့် Christ တို့သုံးယောက်…။

သူမဘက်ပြန်လှည့်လာချိန်မှာ လက်ပိုက်ထားကြလျက်သား ထိုသုံးယောက်၏ မသင်္ကာအကြည့်များက မသိရင် သူမပဲ တစ်ခုခု ခိုးဝှက်ထားသည့်အလား…။



“နင်… တစ်ခုခုနဲ့ ဆောင့်မိထားတာလား?”



သူတို့ထဲမှ Hani က အရင်ဆုံးမေးလာ၏။



“မဟုတ်ဘူး”


တရားခံစစ်မေးနေသည့်လေသံကို မကြိုက်သဖြင့် သူမ မျက်မှောင်ကြုံ့ကာ ဖြေလိုက်တော့ ပြုံးဖြီးဖြီး ပြောလာသည်က Christ…။

“ဟီး… Dolly Baby! ဒါဆိုရင် ယူ့ဟာက hickey ပဲဖြစ်ရမယ်… ဟုတ်တယ်ဟုတ်!? အဟင်းဟင်း”

“ဘယ်လို?!”

သူမ ပိုလို့တောင် မျက်မှောင်ကြုံ့လိုက်မိသေး…။

“Jimin Oppa လက်ချက်မလား?”


“ဘယ်လို!... နင်တို့တော့ ဘာမဟုတ်တာတွေလျှောက်…”

အစွမ်းကုန် ငြင်းမလို့ဟန်ပြင်ပေမယ့် ညက Jimin ရဲ့ အပြုအမူတွေကို တစ်ခုချင်းပြန်မြင်ယောင်လာချိန်မှာ ဆက်မငြင်းနိုင်တော့ဘူးပဲ…။

ညက နှဖူးကို ပေးတဲ့အနမ်းက ဆစ်ခနဲဆစ်ခနဲခံစားရတာက ဒါကြောင့်ကိုး…။ သူရယ်လိုက်တာလည်း ဒါကြောင့်ကိုး…။

သူမရဲ့တိတ်တိတ်နေခြင်းက တစ်ဖက်က သူငယ်ချင်းတွေကို မိုးမွှန်အောင် စနောက်ကြဖို့ အခွင့်အရေးပေးထားလိုက်သလိုမို့ ထိုအချိန်အခါကောင်းအား ဘယ်သူမှ အလွတ်မပေးကြ…။

“တိတ်​နေ​တော့ ဟုတ်​နေတယ်ထင်တယ်! Wow… Baby Dolly ရေ… အဆန်းကြီးဟ! နှဖူးပေါ်က hickey ကို ငါအခုမှမြင်ဖူးတော့တယ်ဟာ!”

“နှဖူးလိုနေရာကို ဒီလောက်ဖြစ်သွားအောင် ဘယ်လောက်တောင် အားနဲ့စုပ်လိုက်လို့ပါလိမ့်!? ငါတို့ရဲ့ Jimin Oppa ကတော့… ဝေါင်း… မလွယ်ဘူး”

“အင်း… နှဖူးတောင် ဒီလောက်ဆိုရင် နုတဲ့နေရာလေးတွေဆို… Ekk… မတွေးရဲဘူး… အဟိ”


“တော်ကြပါတော့!!!”



နားရှက်လာသဖြင့် ထအော်လိုက်ပေမယ့် ရဲတွတ်နေတဲ့ သူမရဲ့ပုံစံက သူငယ်ချင်းတွေအတွက် စချင်စရာ ပိုဖြစ်နေလေတော့ ရပ်မသွားကြဘဲ ပိုလို့တောင် ဆိုးလာလေရဲ့…။


“နင် မဟုတ်မှလွဲရော… မနေ့က မိုးရေထဲမှာ အချစ်ဇာတ်လမ်းလေးဖြစ်ခဲ့တာလား? ဒါဆိုရင်တော့ ဒီတစ်နေရာထဲတော့ မဟုတ်လောက်ဘူး! နင်… … … တခြားနေရာတွေမှာလည်း ရှိဦးမယ်မလား?”



မနေ့က မိုးတွေစိုပြီးပြန်လာတာကို သိနေတဲ့ Hani ရဲ့ စကားအဆုံးတွင် တစ်ကိုယ်လုံးကို ဟိုလှန်ဒီလှန်လုပ်လာကြသည့် ထိုသုံးယောက်ကို မခုခံနိုင်တော့တဲ့အဆုံး ထွက်ပြေးရတော့တဲ့ သူမ… အခန်းထဲမှ ထွက်လာသည့် Jaeun နှင့် တိုက်မိ၏။

သူမကို အခန်းထဲဆွဲခေါ်သွားသည့် Jaeun မျက်နှာကတော့ ကျန်ခဲ့တဲ့ သုံးယောက်နှင့်မတူ… တစ်ခုခုကို ရှုပ်ထွေးနေသည့် ပုံစံပေါက်၏။



“အရုပ်မ! နင့်ကိုငါ တစ်ခုမေးမယ်… ငါ့ကို မှန်မှန်ဖြေ”

ပုံမှန်ထက်ပို၍ တင်းမာနေသော အသံဖြင့်မေးလာသည့် Jaeun ကြောင့် Dolly မှာ ထိုင်နေရတာတောင် နည်းနည်း အနေကျုံ့လာသလိုလို…။ ဘာမှမမေးဘဲ သေချာ အကဲခတ်နေသည်က အသက်ရှူရတာတောင် ခက်လာစေသည်။

“ဘာလဲ Jaeun ရယ်… ငါတောင် ကြောက်လာပြီ အဟင့်”

ကြောင်ပေါက်လေးလို မျက်လုံးရွဲလေးဖြင့် အောက်နှုတ်ခမ်းလေးထော်ကာ ဖြေလာသည့် Dolly ကြောင့် မေးရမည့် Jaeun မှာလည်း မေးလိုက်ပြီးမှ တစ်ခုခုမှားယွင်းသွားမှာ စိုးရိမ်လာမိပြန်သည်။ တစ်ညလုံး စဉ်းစားပြီး ဆုံးဖြတ်ပြီး ဖြစ်ပေမယ့် အခုတော့ အချည်းနှီးသာ…။

ဘာကိုမှ သတိထားမိတဲ့ပုံ ပေါ်မနေတဲ့ Dolly ကိုသူမ ဘယ်ကစပြောရမှန်း မသိ…။ ကာယကံရှင်တောင် လုံးဝမသိတဲ့ကိစ္စကို အဆက်အစပ်မရှိဘဲ ပြောပြဖို့ကျတော့လည်း Jaeun အနေနဲ့ အခက်သား…။



‘နင့်ဘဝမှာ Jimin အပြင် အခြားရွေးချယ်စရာ အကြီးကြီး ရှိလာခဲ့ရင် နင်ဘယ်လိုလုပ်မလဲ?’


မေးလိုက်ချင်ပေမယ့် အခုလောလောဆယ်တော့ Jaeun မသိချင်ယောင်ဆောင်နေဖို့သာ ရွေးချယ်လိုက်သည်။



“ဘာမှ မဟုတ်တော့ပါဘူး”

💜L💜B💜L💜


ဖုန်းကိုင်ရင်း သုတ်သုတ်ပြာပြာဖြတ်လျှောက်သွားသည့် Jimin ကို Hoseok လည်ပြန်လိုက်ကြည့်ရင်း အဝတ်လဲခန်းတံခါးအဖွင့်…

**ဟတ်ချိုး**

ရှေ့တည့်တည့်မှာ နှာချေလိုက်သည့် Jungkook…။

“လန့်တာကွာ! ဘယ်လိုဖြစ်တာလဲ Jungkook ရေ… မင်းနှာချေနေတာ မနက်ကတည်းက! နေမကောင်းဖြစ်ချင်နေလို့လား? ဘယ်လိုဖြစ်တာလဲ?”

“V Hyung လေဗျာ! ညက အဖျားတက်တယ်လေ… အဲ့ဒါ… ဟတ်… ဟတ်ချိုး!”


Hoseok လည်း Taehyung ကို တစ်ချက်လှမ်းကြည့်လိုက်တော့ ဟိုက မျက်စိနည်းနည်းစင်းနေတာကလွဲလို့ Jungkook လို နှပ်ချေးထွက်မနေဘူး…။



“သြော် အဲ့လို?! ဒါဆိုလည်း Taehyung ဖျားတာဆို ဘာလို့မင်းကဖြစ်နေတာလဲ?”

“ကျွန်တော်ပြောတာ ဆုံးအောင်နားထောင်ပါဦး…။ ဖျားနေတဲ့ဟာ ကျွန်တော့်ကို တစ်ညလုံး အတင်းဖက်အိပ်နေတော့ ကူးပြီပေါ့ဗျ”

Jungkook တစ်ယောက် မနေ့ညက ရေအကြာကြီးစိမ်ချိုးတဲ့ သူ့အမှားသူတော့ မမြင်ဘူး…။ လက်ပိုက်ကြည့်နေသော Taehyung ကို တရားခံသဖွယ် လက်ညိုးလေးထိုးကာထိုးကာ Hoseok အား နှုတ်ခမ်းလေးစူပြီး တိုင်တောနေသော Jungkook ပုံစံက အငယ်ဆုံးလေးပီသလှသည်။ Taehyung ကလည်း ယုန်ပေါက်လေးပြောချင်ရာပြော ချစ်ဖို့ကောင်းလွန်းနေသဖြင့် ဘာမှဝင်မပြောဘဲ ရယ်သာရယ်နေ၏။


“ဖက်အိပ်ရုံနဲ့ ကူးနိုင်ဘူးထင်တယ်… ဟိဟိ”


မျက်ခုံးနှစ်ဖက်ပင့်ကာ မျက်နှာနားကပ်၍ စနောက်လိုက်သော Hoseok အား ထပ်ရှင်းမပြတော့ဘဲ ဗြန်းခနဲရိုက်ကာ ထွက်သွားသော Jungkook…။ အစ်ကိုတွေကို လက်စွမ်းပြလိုက်ရရင်တော့ မျက်နှာလေးက ဖြီးလို့ပေါ့…။

-

-

-

ဖျားနေတာမို့ ကုမ္ပဏီရောက်လာတဲ့ Dolly ကတော့ Mask နဲ့ပေါ့…။ Jimin ညွှန်တဲ့ အခန်းထဲ ဝင်လာခဲ့ပေမယ့် Jimin ကို မတွေ့ရဘဲ ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ မန်ဘာအချို့ရယ် အခြားလူတွေအများကြီးရယ် စုရုံးပြီး အလုပ်ရှုပ်နေကြတာမို့ အခန်းမှားဝင်လာပြီအထင်နဲ့ နောက်ပြန်လှည့်လိုက်တုန်း…

“အချစ်ရေ…”

ပြန်လှည့်ကြည့်လိုက်တော့ သူမ ကို အဝတ်လဲခန်းထဲမှ ထွက်လာကြိုတဲ့ Jimin က တကယ့် မင်းသားလေးတစ်ပါးသဖွယ် သပ်ရပ်လှပနေသည်။

ဒီနေ့ သူတို့ Love Yourself Tour အတွက် ဝတ်စုံတွေ အစမ်းဝတ်ကြည့်တဲ့နေ့ဆိုတာ သူမ မေ့နေခဲ့တာပဲ…။

တဖျပ်ဖျပ်လက်နေတဲ့ အနက်ရောင်ပိတ်သားပေါ်မှာ ရွှေကြိုးလေးတွေ အလှဆင်ထားတဲ့ ဝတ်စုံလေးနဲ့ သူက သိပ်လှနေတာ…။

မိတ်ကပ်အပြည့်ခြယ်သထားတာမို့ အပြစ်အနာအဆာမရှိ ပြောစရာမလိုအောင်ကို ပြည့်စုံလွန်းလှသည်။ ဒီကောင်လေးက မိမိချစ်သူပါဆိုတာ တစ်ခါတစ်လေဆို ယုံဖို့အခက်သား…။

Mask အုပ်ထားသဖြင့် သူမကို သူမြင်နိုင်မှာမဟုတ်ဘူးဆိုပေမယ့် သူမ အပြုံးအကြီးကြီးဖြင့် စီးကြိုလိုက်ပါသည်။


“ရောက်ပြီလား ဘေဘီ? ဖျားနေတယ်ဆို သက်သာရဲ့လား?”

“ဟီး… ဟုတ်… စိတ်ပူနဲ့”

“ကို့ ARMY လေးကို အရင်ဆုံးပြချင်လို့ အထဲခေါ်လိုက်တာ! ဘယ်လိုလဲ? ကို ကြည့်ကောင်းလား?”

“ဒါပေါ့… Dolly မျက်လုံးထဲမှာတော့ Oppa က WWH ပဲ… အားလုံးထဲမှာ Dolly ရဲ့ Oppa က အခန့်ဆုံး”

တစ်ပတ်လှည့်ပြီး ကြွားနေသော Jimin ကို သူမ လက်မနှစ်ဖက်လုံး ထောင်ပြပြီး အသိအမှတ်ပြုလိုက်သည်။
သူမ အဖြေကို ကျေနပ်လှသည့် Jimin က ပါးစပ်ရှေ့လက်သေးသေးလေးဖြင့် ပိတ်ကာရင်း ရှက်ပြုံးလေးနဲ့ ရယ်ပြုံးနေသလောက် မလှမ်းမကမ်းမှ Seokjin ကတော့ မျက်ထောင့်နီကြီးဖြင့်သာ ကြည့်နေသည်ကို သူမ မမြင်မိ…။

“ကို့အရုပ်မလေးက စကားတွေသိပ်တတ်!”

Jimin က သူမရဲ့ ဆံပင်ကို ချစ်စနိုးနှင့် ထိုးဖွလိုက်တာမို့ နှဖူးက ခပ်ရေးရေးကျန်နေသေးသည့် အနီကွက်မြင်သွားမှာစိုးသဖြင့် ဆံပင်ကို ခပ်မြန်မြန်ပြန်ဆွဲဖိအုပ်လိုက်သည့်သူမ…။

ဒါပေမယ့် သူမရဲ့ လက်ကိုအသာဖယ်၍ သူ marking ပေးခဲ့သည့် နေရာလေးကို ရှုစားတော်မူနေသည့် Jimin မျက်နှာက ဝင်းပနေရောပဲ…။ ပါးစပ်တောင် စိမထားနိုင်ရှာဘူး…။


**မွက်**


ဦးခေါင်းလေးကိုဆွဲယူကာ ထိုနေရာအား လျှပ်တစ်ပြက်အနမ်းပေးလိုက်သည့်သူ…။

“Oppa! လူတွေရှိတယ်ဆို!!!”

သူမ မျက်လုံးပြူးပြ၍ လေသံဖြင့် ပြောလိုက်သည်။ ဒါပေမယ့် သူမ ပြောမယ့်စကားကို သူက ကြိုတင်ခန့်မှန်းပြီးနေသည့် အလား… ခပ်ပြုံးပြုံးပဲ…။


“လူတွေမရှိရင်ရော… ကိုကြိုက်သလောက်ပေးလို့ရလား?”


“အယ်!”


“Hmmm… ဒါဆိုရင်တော့ ဒီလောက်နဲ့ပဲကျေနပ်လိုက်မယ်…။ လူတွေမရှိတဲ့ အခါကျမှတွေ့မယ်နော် ဘေဘီ”


ပြုံးစိစိလုပ်ရင်း လေသံဖြင့် ပြန်တုန့်ပြန်လာသည့် သူ့ကို တစ်ခုခုချေပမလို့ ပါးစပ်ဟရုံရှိသေး…။

**Jimin ရေ… အင်္ကျီက အဆင်ပြေလား? ဘယ်နေရာ ပြင်ချင်သေးလဲ?**

ဒီဇိုင်နာအစ်မလည်း ကြားဝင်ဖို့ အချိန်ကိုစောင့်နေရင်း စိတ်မရှည်တော့ပုံရသည်။ အတင်းကြီးဝင်ပြောလာသဖြင့် သူမ ရှောင်ပေးမလို့လုပ်တော့ လက်ကိုဆွဲကိုင်ထားတဲ့ Jimin ကြောင့် ဘယ်မှသွားမရ…။

Jimin တစ်ဖက်မှ ဒီဇိုင်နာအစ်မနှင့် လိုအပ်ချက်များ ညှိနှိုင်းနေချိန်… အတွင်းခန်းထဲမှ ထွက်လာသည့် Taehyung နှင့် Jungkook တို့…။ သူမဘက်သို့ တစ်ချက်လှမ်းကြည့်လာသည့် Taehyung နှင့် မျက်လုံးချင်းဆုံသွားချိန်ခဏ ပြုံးယောင်သွားသည့် သူ့နှုတ်ခမ်းတို့က သူမ အမြင်မှားသွားခြင်းလား…။

သူ့ကို ခဏငေးစိုက်ကြည့်နေတော့ ဘောင်းဘီအိတ်ကပ်တစ်ဖက်ထဲ လက်ထည့်၍ မတ်တပ်ရပ်ရင်း ဒီဇိုင်နာအစ်မကြယ်သီးတပ်ပေးတာကို ငြိမ်ခံနေသည့်သူ…။

မိုးရေထဲလျှောက်ဆော့နေတာ နှစ်ယောက်မှာ သူမတောင် ဖျားနေတာ သူရော အဆင်ပြေရဲ့လား…။ မိုးရေဆိုမှ မနေ့ညကတည်းက စိတ်ထဲရောက်နေပြီး စဉ်းစားလို့မထွက်တဲ့ ကိစ္စက သူမကို ကလိကလိဖြစ်စေသည်မို့ အခွင့်သာရင် တဲ့တိုးပဲ သူမတို့ အရင်က ရင်းနှီးခဲ့ဖူးသလားလို့ မေးကြည့်လိုက်ရမလား…။

ထိုစဉ်…

**ဟတ်ချိုး**

Taehyung ထံတွင် အာရုံရောက်နေလို့ပဲလား သူချေလိုက်တာနဲ့ နှာခေါင်းယားလာတဲ့ သူမပါ ရှေ့ဆင့်နောက်ဆင့် နှာထချေလိုက်မိ၏။

**ဟတ်ချိုး**


“ဟာကွာ… မင်းတို့တွေလုပ်တာနဲ့ အကုန်ကူးကုန်တော့မယ်ဟေး!!! ရော့… ရော့… နင်ဖို့”


ခုနကတည်းက Taehyung ကိုယ်အပူချိန်ကို စမ်းမိသဖြင့် ဆေးသွားယူပြီး ပြန်ရောက်လာတဲ့ Yoongi က သူမ ထံ ဆေးတစ်လုံးပေး၏။ Jimin ပြောဖူးသလိုပဲ Yoongi က ပုံမှန်ဆို ဂရုမစိုက်တတ်သလို နေပေမယ့် တကယ်တမ်းကျ အဖေတစ်ယောက်လို…။

သူမ လှမ်းယူကာ ကျေးဇူးတင်စကားပြောလိုက်တော့ Taehyung နှင့် Jungkook တို့ထံ လျှောက်သွားရင်းလည်း ပွစိပွစိ ပြောသွားသေး၏။

“ဒီနေ့ ဘယ်လိုဖြစ်နေကြတာလဲ? Pre-recording ရှိပါတယ်ဆိုမှ! ဂရုစိုက်ကြပါဟ”


အဖိုးအိုလေးလိုပြုမူနေသည့် Yoongi ၏ အမူအရာ နှင့် အသံကြောင့် Jimin က ရယ်နေရင်းမှ…

“Pre-recording ဆိုမှ… ကို ပြောဖို့မေ့နေတာ… ခဏနေ ကိုတို့ SBS ကို သွားရတော့မယ်…။ နောက်ကျမှာဆိုတော့ အချစ် ပြန်နှင့်လိုက်နော်!”

သူမ ပြုံးပြီး ခေါင်းညိမ့်ပြလိုက်၏။

ဒါပေမယ့် အဲ့လိုကျလည်း မဟုတ်ပြန်…။ မနေ့ညက စိတ်ပူပန်ရသည့် အဖြစ်အပျက်ကို ပြန်ခံစားမိသွားတဲ့ Jimin က လက်ကို ပြန်ဖမ်းကိုင်လာ၏။

“အာ… တစ်ယောက်တည်း မပြန်နဲ့! ကို တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းမယ်”

“Oppa ကလဲ… နေပါစေ…။ Jaeun ရဲ့ ဆိုင်ကိုဝင်ပြီး သူနဲ့တူတူပြန်လိုက်မယ်”

သိပ်ခွင့်မပြုချင်ပေမယ့် သူ့လက်မောင်းအား တွယ်ချိတ်ကာ ချွဲနေသည့် သူမကို သူနိုင်မည်တဲ့လား…။ အချွဲခံရသဖြင့် ကျေနပ်စွာပြုံး၍ သူမ ပါးတစ်ဖက်ကိုသာ ဖွဖွလေးပုတ်ရင်း ခွင့်ပြုလိုက်ရလေသည်။


“ဒါဆို ကို စိတ်ချပါရ​စေနော်”

💜L💜B💜L💜


Pre-recording အပြီး မန်ဘာတွေ နှစ်ယောက်တစ်စီးဖြင့် အိမ်ပြန်ရောက်လာကြ၏။

တွဲဖက်မရှိ မန်နေဂျာနှင့် နှစ်ယောက်တည်းတစ်စီး ပြန်လာရသည့် Jimin… တိုက်အောက်သို့အရောက်… နာရီကို ဖျပ်ခနဲ ငုံ့ကြည့်လိုက်မိတော့ ခါတိုင်းထက်စောနေသေးတာမို့ ခေါင်းထဲရောက်လာသည့် အတွေးလေးတစ်ခု…။

ထိုအတွေးကို မြင်ယောင်ကြည့်ရင်း ပုံဖော်ကြည့်ရင်း တဖြည်းဖြည်းပြုံးလာသည့် သူ့နှုတ်ခမ်းတို့…။ အကြိမ်ကြိမ်ကခုန်လာပြီးမို့ ပင်ပန်းနေပေမယ့် ထိုအတွေးလေးတစ်ခုက ပင်ပန်းနွမ်းနယ်မှုတို့အား ယူပစ်လိုက်သလို…။


“Jimin ရေ… အပေါ်တက် နားတော့လေ… ဘာလုပ်နေတာလဲ?”


မသွားသေးဘဲ ရပ်နေသည့် သူ့ကို မန်နေဂျာက လှမ်းပြောလိုက်သည်နှင့် လှည့်ပြုံးပြလိုက်ပုံက အဓိပ္ပာယ်ပါနေသည်မို့ Sejin တံတွေးမြိုချလိုက်မိသွားသည်။


“Manager-Nim…”


“ဘာလဲ… ဘာလဲ! မဟုတ်တာတွေ မပြောနဲ့… မတောင်းဆိုနဲ့… မကြားချင်ဘူး”

“သြော်! အဲ့လိုမဟုတ်ပါဘူး…။ ကျွန်တော့်ကို ဒီကားနဲ့ သွားစရာလေး တစ်ခုရှိလို့”

“ဟေ… ဒီအချိန်ကြီး ဘယ်သွားမလို့လဲ? ဒီကားက ကုမ္ပဏီကားမှန်း သိသာနေတာကြီးနော်!”


“အာ… ဒါဆိုဟိုကားရော?”


အနောက်မှထိုးဆိုက်ရပ်လာသည့် ကားအား လက်ညိုးထိုးပြလိုက်စဉ် ကားပေါ်မှ ဆင်းလာသည့် Namjoon နှင့် Jungkook…။ ကားဆိုက်တာနဲ့ Namjoon က အပေါ်တက်သွားပေမယ့် Jungkook ကတော့ သူရှိရာသို့လက်ညိုးထိုးနေသည့် Jimin အား မျက်လုံးကလေးပြူးကာ ကြည့်ရင်း ကျန်နေခဲ့၏။

“အဲ့ကားကတော့ ရပါတယ်”

အချိန်တွေမပုပ်စေချင်သဖြင့် မန်နေဂျာရဲ့ ခွင့်ပြုချက်ကိုရသည်နှင့် သူတို့ ၇ယောက်စီးနေကျကားမဟုတ်သည့် အနက်ရောင် အံစာတုံးကားဆီသို့ Jimin ပြေးသွားလိုက်ပြီး…

“ကျွန်တော်ပဲ မောင်းသွားလိုက်မယ်”

ကားပေါ်တွင် အသင့်ရှိသော ဒရိုင်ဘာအား ဆင်းစေရန် Jimin တံခါးဖွင့်ပေးလိုက်သည်။

ကားပေါ်မှ ဒရိုင်ဘာဆင်းလာသည်ကိုမြင်လိုက်ရာ မန်နေဂျာ Sejin လည်း စိတ်ပူပူနှင့် ကားနားပြေးလာရတော့၏။

“Jimin… Jimin… မင်းမောင်းမလို့လား? မင်းက လိုင်စင်မရသေးဘူးလေ…။ သွားချင်ရင် ဒရိုင်ဘာခေါ်သွား… ဒါမှမဟုတ်လည်း ငါလိုက်ပို့မယ်”

“Manager-Nim… ဒီအချိန်ကြီး ဘယ်သူမှ မဖမ်းပါဘူး… တစ်ခုခုဆိုလည်း ကျွန်တော်တို့ မန်နေဂျာကြီး တစ်ယောက်လုံးရှိတာပဲဟာ”

“ဟာကွာ… ဒါထက် မင်းက ကားကြီးမောင်းဖို့ အဆင်ပြေလို့လား?”

“Manager-Nim… ကျွန်တော်ကို အထင်မသေးပါနဲ့…။ ကျွန်တော် ကားမမောင်းတတ်တာ မဟုတ်ပါဘူးဗျ! အချိန်မရှိလို့ လိုင်စင်ပဲ မလုပ်ရသေးတာပါ…။ ပြီးတော့ ကားကြီးဖြစ်ဖြစ် ကားသေးဖြစ်ဖြစ် လီဗာနင်းရင်ရှေ့ရောက်ပြီး ဘရိတ်နင်းရင်ရပ်သွားမှာပဲလေ… ဟုတ်တယ်မလား JK?”

စစ်ကူခေါ်သည့်အနေနဲ့ ကျောပိုးအိတ်အမည်းလေးကို ရင်ဘတ်ရှေ့လွယ်ကာ ရပ်နေသည့် Jungkook အား လှမ်းကြည့်လိုက်၏။


“အွာန်? သြော်… ဟုတ်”


လျှပ်တပြက်မေးခွန်းကြောင့် ကြောင်အမ်းအမ်းဖြစ်သွားတဲ့ Jungkook ထံမှအဖြေရသည်နှင့် ကားစက်နှိုး လိုက်သည့် Jimin…။

“စိတ်မပူနဲ့… ကျွန်​တော်သွားပြီ”

ဘာမှမတတ်နိုင်ဘဲ ကျန်ခဲ့ရသည့် မန်နေဂျာ Sejin… Jungkook အားလှမ်းကြည့်လိုက်တော့ နှာ​ခေါင်း​လေးတွန့်ရှုံ့သွားသည်အထိ ရယ်ပြနေသည့် Jungkook…။

“Jimin Hyung က ကားစမောင်းတုန်းက ကြောက်တယ်ဆိုလို့ ကျွန်တော် အဲ့လိုသင်ပေးထားတာ… ဟီးဟီး”

“မင်းတို့ ညီအစ်ကိုနှစ်ယောက်ကတော့ကွာ…”


💜L💜B💜L💜



ခုတင်ပေါ်တွင် ခါတိုင်းလို အိပ်မပျော်နိုင်ဘဲ ဟိုလှိမ့်ဒီလှိမ့်ဖြင့် တွေးတောနေသည့် Dolly…။ ပြုံးရယ်နေသည့် ကောင်လေးရဲ့ ပုံရိပ်ကို ခေါင်းထဲက ထုတ်မပစ်နိုင်သေး…။ ထိုကောင်လေးကျောခိုင်းသွားတာကို မြင်လိုက်ရတုန်းက သူမရင်ထဲ ဟာခနဲဖြစ်သွားသည့် ခံစားချက်ကြီးကလည်း သူမကို ထိုကောင်လေးအကြောင်း မတွေးဘဲမနေနိုင်ဖြစ်စေသည်။

“ဟူးးးး… ခေါင်းကိုက်လိုက်တာ”

နာရီကိုလှမ်းကြည့်လိုက်တော့ 01:01…။

**Rrrr… Rrrr… Rrrr…**

‘Jimin Oppa?!’

အချိန်မတော်ဆို စာသာပို့ထားလေ့ရှိသည့် Jimin က ဖုန်းခေါ်နေသဖြင့် အထူးအဆန်းဖြင့် ဖုန်းကောက်ကိုင်လိုက်သည်။

“ဟယ်လို…”

**ဟူးး… တော်သေးတာပေါ့… မအိပ်သေးလို့**

“ဘာဖြစ်လို့လဲ Oppa?”

**အရုပ်မလေးရေ… အိမ်ရှေ့ခဏထွက်ခဲ့**

“အခု?”

**အင်း… အခု… မြန်မြန်! မြန်မြန်!**

Jimin က အလောကြီးနေသဖြင့် မှန်တောင်မကြည့်နိုင် အမြန်ပြေးထွက်သွားသည်တွင် ကွန်ပြူတာစားပွဲခုံစောင်းကို အားနှင့် ဝင်တိုက်မိ၏။

**ဒုန်း**

“အ့”

အတော်ရွေ့သွားသော ခုံကြီးထံမှ ထွက်လာတဲ့ အသံက တိတ်ဆိတ်နေသည့် ဧည့်ခန်းထဲ ဗုန်းပေါက်သွားသည့်အလား…။ ထိုအသံကြောင့်ပဲ ရုန်းရင်းဆန်ခတ် အခန်းတစ်ခန်းထဲမှ ဝုန်းခနဲ ပြေးထွက်လာကြသည့် သူငယ်ချင်းများ…။

သူတို့မသိအောင် အသာလေးထွက်မလို့ပါဆိုမှ ခုတော့တည့်တည့်ကြီးကိုမိသွားတာမို့ သူမ သွားစိပြလိုက်၏။

“ဟီးဟီး”

“ချီး… လန့်လိုက်တာ အရုပ်မရယ်… ငါက ဘာများဖြစ်တာလဲလို့ ရင်ထဲ ဒိန်းခနဲပဲ”

“ဟီးဟီး”

“နင်က ဒီအချိန်ကြီးဘယ်လဲ?”

“အဲ့ဒါ…”

**Rrrr… Rrrr… Rrrr**

လက်ထဲမှ ထမြည်လာသည့်ဖုန်းပေါ်မှ နာမည်ကြောင့် အဖြေက ရှင်းသွား၏။

“အံမယ်… ဒီအချိန်ကြီး Date လား? ဒါဆိုရင်တော့ Hickey က နှဖူးပေါ်မှာတင် ရှိမှာ မဟုတ်တော့ဘူး… အဟင်းးး”

ပြောနေရင်း သူတို့အကြည့်က တဖြည်းဖြည်းအောက်ဆင်းလာသဖြင့် ထအော်လိုက်သည့် Dolly…။

“CHRIST!!!”

“OKAY… Okay… ငါက စတာပါဟ… ငါတို့ Jimin လေး အကြာကြီးစောင့်နေရဦးမယ် သွားတော့… အဟင့်… မနာလိုလိုက်တာ”

သွားခွင့်ပေးနေတုန်း ခပ်သွက်သွက်သွားလိုက်မယ်ဆိုပြန်တော့ အနောက်ကနေ ပြန်လှမ်းဆွဲထားပြန်တဲ့ Christ…။ သူမကို ဆွဲထားလျက် အနောက်က သုံးယောက်အား တိုးတိုးလေး လှည့်ပြော၏။

“ဟဲ့… ငါတို့သူ့ကို ဟိုဒင်းဟိုဟာ သင်ပေးလိုက်သင့်လား?”

“S€x Edu…?”

Christ က Dolly မကြားအောင် သွယ်ဝိုက်ပြောပေမယ့် အရိပ်ပြလို့ အကောင်မမြင်လိုက်မိတဲ့ Hani ထံမှ ရှင်းရှင်းလင်းလင်းကြားလိုက်ရတဲ့ စကားစုကြောင့် မျက်နှာတစ်ခုလုံးရဲတက်သွားသည့် Dolly ရှက်ရှက်နှင့် ဒေါသပါ ထောင်းခနဲထွက်သွား၏။

သူမ Jimin ကို တစ်ခါမှ အဲလောက်ထိ မတွေးခဲ့ဖူးသလို Jimin ကလည်း သူမကိုဆို တစ်ခါတစ်လေ လျှောက်စနောက်တတ်တာကလွဲလို့ ကလေးလေးတစ်ယောက်လို ဆက်ဆံသည်မှာ သူမ အသိ…။ သူမတို့ရဲ့ ဖြူစင်မှုကို စကားတစ်ခွန်းတည်းနဲ့ အရောင်ဆိုးပစ်လိုက်သော သူငယ်ချင်းများကို အမှုန့်သာကြိတ်ပစ်လိုက်ချင်သည်။ 

“CHRIST!!! လွှတ်စမ်း နင်ငါ့ကို ဘယ်လိုထင်နေတာလဲ?”

“ဟဲ့… Baby… နင်ကလည်း ကလေးမဟုတ်သလို Jimin Oppa ကလည်း ယောက်ျားပဲလေ”


“အယ်?.. ?.. ?”


သူမကလေးမဟုတ်တာနဲ့ Jimin ယောက်ျားဖြစ်တာက ဘယ်လိုဆက်စပ်သွားလည်း သူမ နားမလည်…။

ထိုခဏတွင် ဒေါသအရှိန်သတ်ပြီး ခေါင်းထဲတွင် question mark များဖြင့်ပြည့်နှက်လာ၏။


နောက်ဆုံး စဉ်းစားမရတဲ့ အဆုံး…


“ဘာပဲဖြစ်ဖြစ် ငါတို့က ရိုးသားတယ်”

“…………………”

ရိုးသားပါကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့ပြောနေသော Dolly ကို ကြည့်ပြီး အားမလိုအားမရဖြစ်မိကြသည့် သူငယ်ချင်းများ…။

‘Idiot! နေရာချင်းသာလဲလို့ရရင် ခုချိန်ဆို… အဟင်းး… Jimin ဘက်ကမစရင်တောင် ငါက စပစ်လိုက်မှာ… ခုတော့… ဟင်းးးး’

Christ စိတ်ထဲမှာ ရေရွတ်မိတဲ့အတိုင်း ကျန်တဲ့လူတွေပါ ရေရွတ်နေမိကြလိမ့်မည်မှာ အသေအချာပဲ…။

အခွင့်အရေးမယူတတ်တဲ့ သူငယ်ချင်းကြောင့် Fan တစ်ယောက်အနေနှင့် မိမိတို့ အိုင်ဒေါကို စိတ်ချရတာတော့ အမှန်…။ အကယ်၍များ Jimin သာ မိမိတို့နဲ့တွဲမိရင် ခုချိန်လောက်ဆို Jimin ရစရာရှိမှာကို မဟုတ်တော့ဘူးပဲ…။

ဒါပေမယ့် Jimin ကို သူမတို့ရဲ့ အသည်းကျော်ဆိုတာကို ဖယ်လိုက်ရင် သူလည်း ယောက်ျားလေးတစ်ယောက်ပဲ…။

ဒါကြောင့် Dolly ရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ တကယ်လို့များ ယောက်ျားလေးဘက်က စလာခဲ့သည်ရှိသော် သူမတို့ သူငယ်ချင်းကို အူတူတူ အတတ မဖြစ်စေချင်သလို ပေါက်တတ်ကရတွေဖြစ်လာမှာလည်း မလိုလား…။

ဗဟုသုတ မရှိသည့် သူငယ်ချင်းကို စိတ်ပူရမှာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ တာဝန်မဟုတ်ပါလား…။ သူမတို့က ဟိုးအရင်ကတည်းက အတွေ့အကြုံတွေအရ သိနေတာဆိုပေမယ့် Dolly ကျတော့ သူမတို့နဲ့မတူဘူး…။

“Situation ဆိုတာ ပြောလို့ရမလားဟဲ့! Especially… ခုလို ယောက်ျားလေးတစ်ယောက်က ညဘက်ကြီးတွေ့ဖို့ပြောရင် ဒါမှမဟုတ် ခရီးအတူသွားဖို့ပြောရင်… … … အင်းးး… နင်က အဲ့ဒီအကြောင်းတွေ ဘာမှမသိတော့…”

“သိတယ်... သိတယ် ရပြီမလား?”

ဟိုမှာ Jimin ကစောင့်နေပါပြီဆိုမှ သွားခါနီး အရစ်ရှည်နေသဖြင့် Dolly ကြားဖြတ်ပြောလိုက်၏။

မဟုတ်ကဟုတ်ကတွေ သင်ပို့ပြောဆိုနေမှာကိုလည်း ရှက်လို့ နားထောင်မနေနိုင်ဘူးလေ…။ သူမကတော့ ပြီးပြီးရော ပြောလိုက်ပေမယ့် တစ်အိမ်လုံးကတော့ သြချသွား၏။

“နင်က? သိတယ်? ဘယ်လိုသိတာလဲ?”

“နင်တို့ကြည့်နေတာ ငါမြင်…”

မပြောသင့်တာ ပြောမိသွားသဖြင့် အောက်နှုတ်ခမ်းဖိကိုက်ကာ အရှိန်သတ်လိုက်ပေမယ့် June က သူခိုးလူမိသွားသလို ပြုမူနေတဲ့သူမဆီ တိုးကပ်လာနေပြီ…။ မလုံမလဲ အနောက်ဆုတ်လိုက်တော့ အနောက်ကနေ

You are reading the story above: TeenFic.Net