Life Goes On Part 41

Background color
Font
Font size
Line height

Life Goes On part 41

''ဘာ!!! ပြန်ပြောစမ်း''

အမတ်ချုပ်ကြီး ဒေါသတကြီး အော်ဟစ်သံက ဟိန်းထွက်လာပီ

တင်းမာနေတဲ့ မျက်နာကြောင့် တုတ်တုတ်မျှ မလှုပ်ရဲကြ လက်အောက် အမတ်တွေလည် ထိုင်ရာမုမရွေ့ရဲ့

မနက်ခင်း မုာ မင်းသာယွန်း မြောင်မင်းသမီ ကိုခေါ်ဆောင်သွားခဲ့တဲ့သတင်းစကားကြောင့်

နန်းတွင်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်

အမတ်ချုပ်ကြီး ဒေါသထွက်နေမိခဲ့ပီ

ဘုရင့် ယောက်ခမနေရာယူဖို့ ရည်ရွယ်ကာ မြောင်နိုင်ငံထိသွားကာ မွေးစားသမီးအဖြစ် ပြုစုပျိုးထောင်ပေးခဲ့ပီ လက်ဆောင် ပဏ္ဏာ အမြဲပို့ဆောင်ဆက်သခဲ့ရတာ ခုတော့သဲထဲရေသွန်းသလို ဖြစ်နေခဲ့ပီ

အခွန်အမတ်ထလာပီ

'အမတ်ချုပ်ကြီး ကျနော်မျိုး တစ်ခုပြောချင်ပါတယ်''

''အင်းပြော''

တင်မာတဲ့လေသံကြောင့် ခတ္တခဏတုံဆိုင်သွားကြပီ

''အဆိုးထဲက အကောင်းမဟုတ်ဖူးလား အမတ်ကြီးအုပ်ချုပ်တုန်က ငြိမ်းချမ်းနေတာ အမတ်ကြီးလည်ချမ်းသာတယ် ကျနော်တို့လည်အဆင်ပြေတယ်....''

အခွန်းအမတ်ကို မျက်မှောင်ကုတ် ပီကြည့်လိုက်ကာ

''လိုရင်းပြော''

အမတ်ကြီးစကားသံကြောင့် မရှည်ရဲတော့ပဲ

''မင်းသာယွန်းက ဘုရင် မိဖုရာ လောင်ကိုခိုးယူသွားတာ ဒါပုန်ကန်တာပဲ ဘုရင်နဲ့မင်းသာယွန်းကို ရန်တိုက်ပီ အမတ်ချုပ်ကြီး လိုချင်တာရပီလေ''

အခွန်အမတ်ကြောင့် အမတ်ချုပ်ကြီး မျက်နာ တစ်စုံတစ်ခုကို နာလည်သွားသလိုမျိုး တောက်ပသွားကာ ချက်ချင်း အဝတ်လည်ကာ နန်းတော်ဆီ ထွက်လာခဲ့ပီ

ဆော့ရဲ့စည်းရူံးဟောပြောမူ့ကြောင့် ပြည်သူတွေလည်အမှားအမုန်ကို သိရှိခဲ့ပီ သတင်းစကားတွေစကာလာခဲ့ပီ

ဆော့ အထောက်တော်တွေ သတင်းဖြန့်ဝေပီ ဂျောင်ကု အစီအစဥ်နဲ့ နန်းတွင်းမုာ ဝင်ရောက်ကာ ထယ့်ကိုကူညီနေခဲ့သည်

အမတ်ချုပ်ကြီး လာရာလမ်းမုာ လူတွေရဲ့အကြည့်ကိုခံနေရပီ စိတ်ကမတင်မကျဖြစ်နေခဲ့သည်

တစ်လမ်းလုံး အရှင့်ကိုဘယ်လိုသွေးခွဲရမလည် စဥ်းစားလာတော့ လူတွေရဲ့အကြည့်ကို သိနေပေမဲ့ ဂရုမပြုမိတော့ပေ

ညီလာခံ ခန်းမ

အမတ်ချုပ်ကြီးမျက်နာ ပြုံးသွားပီ နန်းတွင်းတစ်ခုလုံးဝေ့ကြည့်ကာ မကြာခင် ငါကဘုရင်တစ်ပါးဖြစ်တော့မယ် အတွေးနဲ့ပြုံးလိုက်ပီ

ညီလာခံ ခန်းမတံခါးကို ဆွဲဖွင့်လိုက်ချိန်

မပီသေးသော မနက်ခင်းညီလာခံ

ပုလ္လိုင်ပေါ်ထိုင်နေတဲ့ အရှင်မင်းကြီးကို ဂါရဝပြုပီ

''အရှင်မင်းကြီး ခုညီလာခံကျင်းပရမယ့်အချိန်မဟုတ်ပါ''

နောက်ကျမု ညီလာခံဝင်လာပီ အရှေ့မုာရပ်ပြောနေသူကြောင့် ဂျီပြုံးလိုက်ပီ

''အမတ်ချုပ်ကြီး နောက်ကျသကို ကိုယ်တော်ကမလာတော့ဘူးတောင်ထင်နေတာ''

ဘုရင့်စကားကြောင့်

''ကျနော်မျိုးအရှင်မင်းကြီးအတွက် ပူပမ်းနေရလို့ပါ''

''ကိုယ်တော့်အတွက်! ဟုတ်လား လျှောက်တင်စမ်းပါဦး ဘာအရေးများပါလိမ့် ''

''ဦးရီတော် မင်းသာယွန်းမြောင်မင်းသမီ ခေါ်ဆောင်သွားပါပီ အရှင့်ရဲ့မိဖုရာလောင်ကို ခေါ်ဆောင်သွားချင်က စတင်ပုန်ကန်လိုက်တာပါ ''

''ဘာ!!! ကိုယ်တော့်မိဖုရားဖြစ်မယ့်သူ မသိလေရော့လား အမတ်ချုပ်ကြီးက ဒါတောင်မတားဆီနိုင်ဘူးလား ဟမ်း!!!''

ခုံကိုပုတ်ပီ ရပ်လိုက်ကာဒေါသထွက်နေသူကြောင့်

အမတ်ချုပ်ကြီး ဒူးထောက်လိုက်ပီ

''ကျနော်မျိုးကို အခွင့်အရေးပေးပါ မင်းသာယွန်းရဲ့ခေါင်းကိုဖြတ်ယူကာ အရှင့်ဆီ မင်းသမီးနဲ့အတူဆက်သပါ့မယ်''

အမတ်ချုပ်ကြီး စကားအဆုံးမုာ

ဂျီ စာချွန်လွာနဲ့ ကောက်ပေါက်လိုက်ပီ

''ဘာ!!! မောင်မင်းမျက်စိထဲမုာ ကိုယ်တော့်ကို ဘယ်လိုမြင်နေလို့လဲဟင် ပြောစမ်းပါ မြောင်းမင်းသမီးကို ကိုယ်တော်ကထိစရာလား''

အရှင်မင်းကြီး ဒေါသကြောင့် အမတ်ချုပ်ကြီးလည်

''မင်းသာယွန်း နဲ့နောက်လိုက်နောက်ပါတွေကို ကျနော်မျိုးဖမ်းပီဆက်သပါ့မယ် အရှင်မင်းကြီး''

''ကောင်းပီ နန်းတွင်းတပ်မုာရှိတဲ့ မောင်မင်းလူတွေခေါ်သွားပီ ဦးရီတော် နဲ့အတူ နောက်ပါတွေခေါ်လာခဲ့ပါ''

အမတ်ချုပ်ကြီး သူလိုချင်တာကို ရလိုက်ပီမို့ ပြုံးရွှင်းသွားပီ ညီလာခံကနေထွက်ခွာသွားခဲ့ပီ

အမတ်ချုပ်ကြီး ထွက်သွားတာနဲ့ ဂျီ ဂျောင်ကုကို ခေါင်ငြိမ့်ပြလိုက်ပီ

အရှင့်ဆီကအဖြေရတာနဲ့ ဂျောင်ကု ခန်းမနောက်ထဲဝင်သွားကာ အသင့်ရေးထားတဲ့စာကို ခိုလေမုာ ထည့်လိုက်ပီ လှောင်အိမ်ထဲကနေ ပျံလွတ်လိုက်သည်

အမတ်ချုပ်ကြီးရဲ့တင်ပြချက်ကြောင့် ညီလာခံလေးက ဆူပူအပစ်တင်သံတွေနဲ့ ဆူညံပွတ်လောရိုက်နေပီ

မင်းသာယွန်းကို ချက်ချင်း စာကပ်ဖမ်းဝရမ်းထုတ်ဖို့ပြောနေခဲ့ကာ အမတ်တွေ ဆူနေခဲ့ကြသည်

အမတ်တွေ ကြားထဲမုာ ထယ်လည် စိတ်မကောင်းဖြစ်နေခဲ့မိတယ်

တချို့အမတ်တွေက ဟန်ဆောင်နေကြပီ တချို့အမတ်တွေက တကယ်ကိုဒေါသတွေ ထွက်နေခဲ့ကြသည်''

ဆူညံနေတဲ့ အမတ်တွေကို ကြည့်ပီ

''ညီလာခံ ဆင်းမယ်''

အရှင်မင်းကြီး စကားအဆုံးမုာ ပုလ္လင် ပေါ်ကဆင်းလာချိန်

''အရှင်မင်းကြီး သုံးသပ်ပေးပါ''

အမတ်တွေဒူးထောက်ကာ ဝိုင်အော်နေတာကို လစ်လျှိုရူပီ ဂျီထွက်လာခဲ့ပီ စိတ်တွေလေးလံနေမိတယ်

ဂျီ ထွက်လာရင်း နောက်လှည့်ကြည့်ကာ

''ကု သေချာလုပ်ပီပီလား''

''အမိန့်တော်အတိုင်း သေချာလုပ်ဆောင်နေပါတယ် ခုအမတ်ချုပ်ကြီး ခေါ်သွားတဲ့တပ်မုာ ဂျွန်းပါသွားပါတယ် စိတ်ပူတော်မမူပါနဲ့''

''အင်း ဒါကကြိုးတစ်မျှင်ပဲ ချစားမူ့တွေလည် တဖြည်းဖြည်းတင်းကြပ်ရမယ်''

ဂျီ ကန်ရေပြင်ကို ကြည့်ကာ

ခမည်းတော် မင်းကြီး ဦးရီတော်ကို စောင့်ရှောက်ပေးပါ ဂျီစိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းနေမိခဲ့သည်

ဂျွန်း အမတ်ချုပ်ကြီး တပ်နဲ့အတူလိုက်သွားကာ တပ်ထဲက လူတွေကိုစစ်ထုတ်နေခဲ့ကာ အမတ်ချုပ်ကြီးလူတွေကို သေချာလေးမှတ်သားထားကာ တိတ်တဆိတ်စည်းရုံးရေး ဆင်းနေခဲ့သည်

အမတ်ချုပ်ကြီး လူတွေကိုတိတ်တဆိတ် သတ်ဖြတ်ကာ ဂျင်ရဲ့ လူတွေနဲ့အစားထိုးထည့်နေခဲ့ပီ အင့်အားနည်းအောင်ပြုလုပ်နေခဲ့သည်

ဂျင် ဂျွန်းတပ်အတိုင်း ပတ်ကာလိုက်သွားပီ တစ်နေရာတွေ့လိုက် တပ်ဖျောက်လိုက်နဲ့ အမတ်ချုပ်ကြီးရဲ့လူတွေကိုပမ်းအောင်လုပ်နေခဲ့ကြသည်

အမတ်ချုပ်ကြီး မင်းသာယွန်း နောက်လိုက်နေတာ တစ်ပတ်ကျော်လာချိန်ထိ တစ်ဖတ်မုာလွတ်နေပီ သူ့လူတွေပဲကျဆုံးသံကြောင့်ဒေါသထွက်ကာ

သူ့အကြံပြောင်းလိုက်ပိိ

နန်းကိုတိုက်ဖို့ စီစဥ်ကာ အစီအစဥ်တစ်ချို့ ဆွဲလိုက်ပီ သူ့ဆီမုာရှိတဲ့ ကိုယ်ပိုင်တပ်ကို အသုံးပြုကာ နန်းသိမ်းတိုက်ပွဲဆင်ဖို့ စီစဥ်နေခဲ့သည်

မင်းသာယွန်းကြောင့် တပ်အချို့နန်းပြင်ရောက်နေပီ

မြောင်နိုင်ငံကလည် စစ်ခင်းဖို့ပြင်နေပီ နိုင်ငံကို ကာကွယ်ဖို့တပ်တချို့က နယ်စပ်ကိုဆင်းသွားရပီ

ခုအချိန်က အကြောင်းပြချက်အကောင်းဆုံးအချိန် နန်းသိမ်းဖို့အကောင်းဆုံးအချိန်

သူတစ်သက်လုံးစောင့်လာတဲ့အချိန်

မြောင်နိုင်ငံကို ဘုရင့်ခေါင်နဲ့မင်သားယွန်းခေါင်ကိုဆက်သလိုက်ပီ မြောင်မင်းသမီး ကို မိဖုရား ခေါင်ကြီးအဖြစ်တင်မြောက်လိုက်ပီ စစ်ကိုပြေငြိမ်လို့ရသည်

စစ်မီးကိုမွှေးပေးခဲ့တဲ့ မင်းသာယွန်းကို ကျေးဇူးတင်လိုက်မိသည်

အမတ်ချုပ်ကြီး ကြောက်တာတစ်ဖွဲ့ပဲရှိသည်

ကိုယ်ရံတော်တပ်

နန်းသိမ်းဖို့က လွယ်ပေမဲ့ ခုအရှင့်ဘေးမုာရှိတဲ့ ကိုယ်ရံတော် တပ်မုာ သူ့လူနည်းနည်းပဲရှိပီ

အရှင်မင်းကြီ ဘေးနားက ဂျွန်ဂျောင်ကု ကိုအထင်သေးလို့မဖြစ်

အရည်အချင်းကော အစွမ်းအစကော အပြည့်ရှိသည် အထင်သေးလို့မဖြစ် မပေါ့စရဲ ဒါကြောင့်နန်းမသိမ်းခင် ဂျောင်ကုကိုအရင်ဆွဲချဖို့ ကိုယ်ရံတော်တပ်မုာရှိတဲ့ သူ့လူတွေ နဲ့တိုင်ပင်ကာ လစ်ရင်သတ်ပစ်ဖို့ အမိန့်ပေးခဲ့လိုက်သည်

တဖတ်မုာလည် ယွန်းနောက်လိုက်နေသလို ဟန်ဆောင်ကာ လူစုနေခဲ့ပီ

ဂျီ အထောက်တော်တွေဆီက သတင်းတွေ ရယူပီ ဘာမုမဖြစ်သလို နန်းတွင်းကို ပေါ့လျော့စွာ အုပ်ချုပ်နေသလိုမျိုး အားလုံးကိုထင်စေကာ အမတ်ချုပ်ကြီးနန်းသိမ်းပွဲကိုစောင့်နေခဲ့ပီ.....

comesoon

Story by Kaungkin Thwe

Life Goes On part 41

''ဘာ!!! ပြန်ပြောစမ်း''







အခွန်အမတ်ထလာပီ


''အင်းပြော''




''လိုရင်းပြော''








ညီလာခံ ခန်းမ








ဘုရင့်စကားကြောင့်






















''ညီလာခံ ဆင်းမယ်''





''ကု သေချာလုပ်ပီပီလား''


















ကိုယ်ရံတော်တပ်






comesoon
Story by Kaungkin Thwe


You are reading the story above: TeenFic.Net

#life