Part.26
Background color
Font
Font size
Line height
အခုတစ်လောရွှေနန်းတော်တွင်းတွင်သာမကဂျီယောတစ်နိုင်ငံလုံးကြားထိတ်လန့်ဖွယ်ရာသတင်းတစ်ပုဒ်ပျံလွင့်နေသည်။ထိုသည်က...ဝူဟိုက်နယ်စပ်တိုက်ပွဲတွင်သေလွန်ခဲ့ကြသောစစ်သားတွေရဲ့ဝိဥာဏ်များမကျွတ်မလွတ်ခြောက်လှန့်နေ
ကျခြင်းပင်။မြို့ကြီးဖြစ်သည်အလျှောက်ဂျီယော၏ညဘက်စျေးတန်းများကစည်ကားလှသည်။မီးပုံးများအစီအရီထွန်းထားတဲ့လမ်းမတစ်လျှောက် ပျော်ပွဲစားရုံများ၊အလောင်းကစားဝိုင်းများ၊အရက်ဆိုင်စသောက်ဆိုင်များဖြင့်စည်ကားလျှက်ရှိပြီးစျေးဆိုင်တန်များကြောင့်
လည်းလူတိုးမပေါက်နိုင်။ဒီလဆန်းရက်တွေအတွင်းဝူဟိုက်စစ်ပွဲနဲ့ပတ်သတ်ပြီးသစ္စာဖောက်ကင်မ်ထယ်ယောင်းအားရုံးတင်စစ်ဆေးမည်ဟုမောင်းခတ်ကြေငြာလိုက်သည်နှင့်ထိုသဘာဝလွန်ဖြစ်ရပ်ဆန်းကပေါ်ပေါက်လာခဲ့တော့သည်။
ထိုညများတွင်ဂျီယောမြို့ရိုးခံတပ်အနီးတစ်ဝိုက်မြင်းခွာသံ၊မြင်းဟီသံများကြားရတတ်ပြီးသွားပြေးကြည့်လျှင်ဘယ်သူမှရှိမနေ။မြို့အတွင်းစျေးတန်းများကြားကျင်လည်ကျက်စားတဲ့လမ်းဘေးခွေးတစ်ချို့မှာလည်းညဘက်အချိန်မတော်ကြီးအူတာမှစွဲစွဲင င်ငင်။ထို့ထက်ပိုဆိုးသည်ကအလှည့်ကျကင်းစောင့်ရသည့်အမူ့ထမ်းတွေတစ္ဆေ​ခြောက်ခံရတာဖြစ်ပြီးထိုတစ္ဆေသည်သွေးတွအလိမ်းလိမ်းထပ်နေသည်ဂျီယောစစ်တပ်ဝတ်စုံကိုဝတ်ဆင်ထားပြီးခေါင်းမပါကိုယ်ချည်းသာ။ ထိုခေါင်း
ပြတ်ကြီးဖြင့်ရွာရိုးကိုးပေါက်လျှောက်နေသောတစ္ဆေကိုဟိုနားဒီနားခဏခဏလူတွေမြင်ပါများသောအခါထိတ်လန့်ကြောက်ရွံကျပြီးဘယ်သူမှညဘက်အပြင်မထွက်ရဲကျတော့။လမ်းဘေးတစ်လျှောက်ဆိုင်ခန်းတွေရှေ့ချိတ်ဆွဲထားသည့်မီးပုံးကြီးတွေမှာစျာပနအခင်းအကျင်းတွေအလားညလေအတိုက်တစ်လွင့်လွင့်။
ပြောရရင်...ဂျီယောရွှေမြို့တော်က သရဲခြောက်တဲ့
မကောင်းဆိုးဝါးမြို့တော်ကြီးဖြင့်ရုတ်ချည်းပြောင်းလဲသွားသည်။လူအများကဒါကိုဧကရာဇ်ဆီသတင်းပို့သော်လည်းဘာမှမထူးခြား။ပြန်လည်တရားရုံးတင်ကာစစ်ဆေးမည့်ဝူဟိုက်စစ်ပွဲအမူ့ကြောင့် တိုက်ပွဲအတွင်းသေဆုံးခဲ့ကြသည့်စစ်သည်ဝိဥာဏ်များပြန်လည်နိုးထလာသည်ဟုယုံကြည်ကြသည်။ထိုနယ်ခြားစောင့်တပ်တွေသေလွန်ပြီးသည့်အခါ...မြေကြီးတွင်း
နက်နက်တူးပြီးစုပေါင်းသဂြိုလ်ခံရသလို၊တစ်ချို့ဆူဖြိုးတဲ့အလောင်းတွေကိုလည်းအဆိပ်ပိုးကောင်းတွေရဲ့အစာအဖြစ်ထိုးကျွေးခြင်းခံရသည်
ဟုယုံကြည်လာကျသည်။မကျေနပ်မူ့တွေ၊အမုန်တရားတွေပြည့်နှက်ပြီးသေဆုံးသွားတဲ့
စစ်သည်တို့သည်အငြိူးကြီးတဲ့သရဲတစ္ဆေတွေအဖြစ်ကူးပြောင်းသွားမည်ကိုတော့ပြောစရာမလိုတော့။
ပြည်သူလူထုကိုလှန့်သလိုဖြစ်သွားရပြီးအရင်ဝူဟိုက်စစ်ပွဲအမြင်ပေါ်တွင်လည်းသံသယအနည်းငယ်ဝင်လာသည်။အိမ်တိုင်း၏အိမ်ရှေ့​သစ်တံခါးမကြီးပေါ်တွင်နတ်ဆရာတွေရဲ့အစီအရင်အဆောင်အယောင်များကိုလည်းချိတ်ဆွဲထားကြသည်။ ဂျီယောရဲ့ညဘက်ကအရင်လိုလူသူတွေဆူညံမနေတော့။ညရောက်ပြီဆိုတာနဲ့အိမ်တိုင်းလိုလိုတံခါးပိတ်ဂျိတ်ပဲ။
မကောင်းမူ့လုပ်ထားသူပီပီ...နန်းတွင်းအစီရင်ခံစာတွေထိန်းသိမ်းရေးဌာနကလီဆုန်ယွမ်ကြောက်ဒူးတုန်နေပြီဖြစ်သည်။သူ့အလုပ်က...ခရိုင်၊နယ်ရုံး အဆင့်ဆင့်ကတင်ပြလာတဲ့ အစီရင်ခံစာများကို သိမ်းဆည်းပြီး အချိန်နဲ့တစ်ပြေးညီ ဧကရာဇ်ကိုတင်ပြနေကျ။ဆိုဟီးမားမားဝင်ရူပ်လို့သာတာဝန်တွေလစ်ဟင်းပြီးမဖြစ်သင့်တာတွေဖြစ်ကုန်ရတာ။အဲ့ထဲမှာဘာတွေပါလဲ....အရေးတကြီးစစ်ကူတောင်းစာလားဒါမှမဟုတ်အစာရေစာထောက်ပံခိုင်းစာလား၊ဘာမဆိုဖြစ်နိုင်ပါသည်။
အဲ့နေ့ ကိုလီဆုန်ယွမ်ပြန်မှတ်မိပါသည်။ဒီလိုညကြီး
မိုးချုပ်အချိန်အခါပဲ...သူထမင်းစားသောက်ပြီးအေးဆေးအနားယူနေခိုက်အိမ်ရှေ့ကမြင်းဟီသံခပ်သဲ့သဲ့ကိုကြားရတယ်။သူ့အိမ်စောင့်ကလည်းကသုတ်ကရိုက်အိမ်ထဲပြေးဝင်လာပြီးအိမ်ရှေ့တွင်စစပ်တပ်ဝတ်စုံနဲ့ခြေမြန်စာပို့စစ်သားတစ်ယောက်ရောက်နေကြောင်း သတင်းပို့လာသည်။လီဆုန်ယွမ်..မီးအိမ်ဆွဲကာခပ်မြန်မြန်ထွက်လာခဲ့ပြီး​ခြေမြန်စစ်သားအားသွားရောက်တွေ့ဆုံသည်။မထင်ထားသည်က...စစ်သားတစ်ကိုယ်လုံးသွေးတွေပေကျံကာမျက်နှာဖြူဖွေးစုတ်နေခဲ့သည်။လက်မောင်းမှာမြှားစိုက်ဝင်ထားသည့်ဒဏ်ရာကြီးရှိနေပြီးမနားမနေခရီးဆက်လာရသောကြောင့်
ဒဏ်ရာကိုပိုစွသလိုဖြစ်ပြီးသွေးမတိတ်တော့။
"ဝန်ကြီး....စာ....စာ....."
ဝတ်ရုံအောက်ကြားသေချာထိုးထည့်လာသောစာကိုကမ်းပေးရင်းထိုစစ်သားမှာလီဆုန်ယွမ်လက်ပေါ်တွင်အသက်ပျောက်သွားရသည်။နောက်နေ့မနက်မိုးလင်းမှာပဲ...စောစောစီးစီးနန်းတော်ထဲဝင်ကာအရှင်မင်းကြီးထံဆက်သဖို့ရည်ရွယ်ထားပေမဲ့ကံမကောင်းအကြောင်းမလှစွာပင်...မိဖုရားခေါင်ကြီးကထိုစာကိုတစ်စစီဆွဲ ဖြဲခဲ့တယ်။ထိုစာပါအကြောင်းအရာများကိုမိဖုရားဆိုဟီးကလွဲဘယ်သူမှသိနိုင်မည်မဟုတ်။ဒီအတွက် မိဖုရားကသူ့အားများစွာသောဆုတော်ငွေ၊ရတနာပစ္စည်းများကိုနှုတ်ပိတ်ခအဖြစ်ပေးခဲ့ပြီးမျက်နှာသာလည်းပေးခဲ့
ပြန်သည်။ဒါ့ကြောင့်အနေသာခြေသာတဲ့ဘဝမှာ
လီဆုန်ယွမ်သိသော်ငြားနှုတ်ပိတ်နေခဲ့သည်။
အခု ဒီအချိန်ညနက်ကြီးမှလီဆုန်ယွမ်သည်အိပ်မရ။သေဆုံးသွားသောဖြူဖျော့ဖျော့စစ်သားအလောင်းကိုသာမျက်စိထဲမြင်ယောင်နေမိသည်ကိုလည်းဖျောက်ပစ်မရ။ညတစ္ဆေခြောက်ခံရနေသည်မှာလည်းအခုမှမဟုတ်။ဆယ်စုတာကာလပတ်လုံး  ထို​သေဆုံးသွားတဲ့စစ်သားကောင်လေးကသူ့အားစောင့်ကြည့်နေသလိုခံစားရသည်။အသက်နဲ့ရင်းပြီးသယ်လာခဲ့တဲ့အစီရင်ခံစာက ဧကရာဇ်ထံမရောက်ရှိခဲ့သလိုဝူဟိုက်စစ်ပွဲလည်းကျရူံးခဲသည်ကို...ထိုဝိဥာဏ်စိမ်းသိသော်လီဆုန်ယွမ်ဂုတ်ချိုးအသတ်ခံဖွယ်ရာသာရှိတော့သည်။
ဟီ...ဟီးးးးးး၊ဟီးးးးးးး
အမှောင်ထဲမှာကြားလိုက်ရသောမြင်းဟီးသံကြီး...
လီဆုန်ယွမ်ခများကြောက်လွန်းလို့အိပ်ယာပေါ်ရှုးတွေတောင်ထွက်ကျကုန်ပါပြီ။စောင်ကိုခေါင်းအထိလုံအောင်ခြုံရင်အသံမထွက်ပဲကွေးကွေးလေးနေနေမိသည်။
အရှေ့ခြံပြင်ဘက်ဆီကခွေအူသံအကျယ်ကြီးအပြင်အခန်းတံခါးသည်လည်းကျွီကနဲ ပွင့်လာ၏။
အိမ်ရှေ့စကားပန်းပင်ကြီး၏လေအဝှေ့ရှဲကနဲ
အသံနဲ့အတူ....ဝိဥာဏ်စိမ်း၊အရိပ်တစ္ဆေတွေ
ရောက်လာပြီလား...ရောက်လာပြီလား။
လေမတိုးဘဲအခန်းတံခါးကျွီကနဲပွင့်သွားကယ
ကုတင်နားတိုးလျှောက်လာတဲ့ခြေသံကြောင့်ဇောခြွေးတွေပျံသထက်ပျံလာရပြီးလက်ဖျားခြေဖျားတွေကအစအေးစက်စက်။​ခြေသံက ကုတင်နားရောက်လာသည်ကြောင်အိပ်ယာဘေးနားဝှက်ထားသည့်ဓားရိုးအားစမ်းသပ်မိလိုက်သည်။
သူခြုံထားတဲ့စောင်ကိုလှစ်ကနဲဆွဲလှန်လိုက်တော့၊
မျက်စိစုံမှိတ်ပြီးကြောက်အားလန့်အားထိုတစ္ဆေရှိတဲ့နေရာကိုဓားနဲ့လှမ်းထိုးလိုက်တယ်။
"ဖေ....ဖေဖေ......"
အမှောင်ထုထဲတုန်ရီအက်ကွဲစွာထွက်လာတဲ့အသံကလေးကသူ့သားလီ​ဂျယ်ယောင်းအသံ။ကြမ်း
ပြင်ပေါ်ဘုံးကနဲလဲကျသွားတဲ့အရိပ်မဲကြီးအား
လှမ်းဖမ်းလိုက်ပြီးလရောင်အားကိုနဲ့မျက်နှာကို
ကြည့်မိလိုက်ချိန်....လီဆုန်ယွမ်တစ်ယောက်အတော့်ပင်တုန်လှုပ်သွားရသည်။သူ့သားကလည်ပင်း
ပြတ်ရှဒဏ်ရာကြီးနဲ့...သွေးနီနီပြစ်ပြစ်တွေတစ်စိမ့်
စိမ့်စီးထွက်လျှက်....
"သား....အဖေ  သားကိုလုပ်တာမဟုတ်ပါဘူးကွယ်၊
အဖေသားကိုဒီလောက်ချစ်တာသတ်စရာလား၊
သား....သား....အဖေ့သားကိုမသတ်ပါဘူးကွယ်"
သေအံမူးမူးသူ့သားကအသိပင်မရှိတော့။
"လာကြစမ်း...အားလုံးလာကြ၊ဆေးဆရာအမြန်
သွားပင့်"
ဆူညံပွက်လောရိုက်သံတွေကြောင့်အိမ်တော်
ထိန်းနဲ့အခြားအိမ်စေတွေရောက်ရှိလာကြပြီးအမြန်
သမားတော်သွားပင့်သော်လည်း အသက်ပင်မမှီ
တော့ချေ။
တစ်ကယ်တမ်း...လီဂျယ်ယောင်းမှာဖခင်ဖြစ်သူ
အိပ်မပျော်သည်ကိုသိသည်ကြောင့်အဖော်ပြုပြီး
စကားစမည်ပြောရန်ရောက်လာခြင်းဖြစ်သည်။
အခန်းထဲဝင်ဝင်ခြင်း...ကုတင်ပေါ်စောင်ခြုံပြီးတုန်
ယင်နေသောအဖေ့ကိုမြင်မိသောအခါစိတ်ပူသွား
ပြီးအသံမပေးဘာမပေးမိပြီး စောင်အားဆွဲလှန်မိ
လိုက်သည်။ထိုအချိန် မထင်မှတ်စွာပင်...... အဖေကသူ့လည်ပင်းအားဓားနဲ့စိုက်ထိုးခဲ့သည်။
နောက်ဆုံးကိုယ်လုပ်ခဲ့တဲ့အကုသိုလ်ကိုယ့်ပြန်အကျိုးပေပြီးလူယုတ်မာတစ်ယောက်ကိုယ့်ဇာတ်
ကိုယ်သိမ်းသွားခဲ့ပြီလေ။
မြင်းခွာသံတွေ၊မြင်းဟီသံတွေကဝူဟိုက်နယ်စပ်
စီကနေရပ်ထဲရွာထဲမြို့ထဲထိအမှန်တရားအတွက်
ရောက်နှင့်နေပြီဖြစ်သည်။
မနက်မိုးလင်းသိလိုက်ရတဲ့ အကြောင်းအရာက
စိတ်မချမ်းမြေ့စရာ။ဝမ်းနည်းပူဆွေးမူ့ကိုပြသရန်
ဂျောင်ကုညီလာခံကိုပိတ်သိမ်းလိုက်သည်။ထို့
နောက် ဘာသာရေးဆိုင်ရာနန်းတွင်းဝန်ကြီးကိုလွှတ်ကာအလောင်းမြေကျဖို့ကူညီခဲ့သည်။
အားလုံးပြီးစီးသည်နှင့်ညီလာခံကနေတစ်ဆင့်ဝူ
ရွှယ်နန်းဆောင်သို့သာပြန်လာခဲ့လိုက်သည်။
နန်းဆောင်တံခါးဖွင့်သည်နှင့်ထယ်ယောင်းကဖတ်
လက်စ ကစာအုပ်ကိုချကာပြုံး၍စီးကြိုလာသည်။
အခြားကြင်ယာတော်တွေလိုဖက်လှဲတကင်းပြေးကာစီးကြိုခြင်းမရှိ။ထိုင်ရာကမထဘဲအပြုံးလေး
ဖြင့်ပင်သူ့ကိုရင်အေးစေနိုင်သည်။
"ပြန်လာပြီလား...ဒီနေ့နည်းနည်းစောတယ်"
သစ်တုံးကြီးကအနားရောက်မှထလာကာဂျောင်ကု
၏လေးလံသောအင်္ကျီအဝတ်အစားများကိုကူချွတ်
ပေးလာသည်။ဒီအဆောင်အယောင်အဝတ်အစား
များကိုဘုရင်ငယ်လေးမကြိုက်မှန်းထယ်ယောင်း
သိပြီးသား။အဆောင်တော်အတွင်းမှာနားနားနေနေ
မို့ပေါ့ပေါ့ပါးပါးဝတ်စုံတစ်ထည်ဖြင့်ပြောင်းလဲဝတ်ဆင်စေသည်။
ထယ်ယောင်းသည်လည်းပင်ပန်းလာတဲ့ဧကရာဇ်
အတွက်ရေတစ်ကောင်းထဲကရေအေးတစ်ခွက်ကို
ငဲ့ကာဆက်သလာသည်။ဂျောင်ကုကထိုရေခွက်အားလက်တစ်ဖက်နဲ့လှမ်းယူလိုက်တဲ့အပြင်ပါးတစ်ဖက်ကိုပင်အမောပြေရွတ်ကနဲနမ်းပစ်လိုက်
သည်။
"အခုမှအမောပြေတော့တယ်"
ရေမသောက်ပဲပါးကိုနမ်းကာ အမောပြေကြောင်းပြောလာတဲ့ဧကရာဇ်ငယ်လေးကြောင့်ထယ်ယောင်းရှက်သွေးလေးများရဲကနဲ။သူကခွက်ကိုပြန်
ချကာရှက်စရာအခြေအနေကြီးကရုန်းထွက်မည်
ကြံသောလည်းဂျောင်ကုကတင်းတင်းကျပ်ကျပ်
ပွေ့ဖက်ကာလည်တိုင်နဲ့ပခုံးသားလေးတွေအား
ခေါင်းထိုးနမ်းတော့သည်။တရူံ့ရူံ့နမ်းနေသော
ခေါင်ကြီးကဖယ်ရခက်ပြုရခက်နဲ့။
"မွှေးလိုက်တာ....ထယ်ယောင်းကိုယ်က"
အမြဲရနေကျဂန္ဓာမာန်းရနံဖျော့ဖျော့လေးကဘယ်သူနဲ့မှမတူ။ထယ်ယောင်းတစ်ယောက်ထဲတွင်သာ
ရှိတတ်သည့်ကိုယ်သင်းရနံလေး။နမ်းနေရာမှ
အားမရနိုင်ပဲ စုပ်ယူကိုက်ခဲလိုက်တော့ နာသွား
သည်ထင်အတင်းတွန်းကာရုန်းကန်လာသည်။
"ဒီတိုင်းနမ်းရုံရတဲ့ဟာကို ဘာလို့ကိုက်တာလဲ"
"ချစ်လို့...."
လူပျိုကြီးဘဝနဲ့အရိုးထုတ်လာတဲ့ထယ်ယောင်းက
စစ်မြေပြင်ကတုတ်ဓားလက်နက်တွေနဲ့သာနိးစပ်
ခဲ့ရပြီးဘယ်အပျိုလေးရဲ့ဖဲအင်္ကျီလေးကိုမှမထိ
တွေ့ဖူးခဲ့ပေ။မိမိကတော့ အနောက်နန်းဆောင်
ကြောင့်အတွေအကြုံအနည်းငယ်ရှိပြီးသား။မရှိ
ရင်တောင် အိမ်ရှေ့စံဘဝတုန်းကဒီလိင်ကိစ္စအဝ
ဝကိုစာနဲ့သေချာလေ့လာသင်ကြားပြီးသား။
"ဘာတွေပြုံးနေတတာလဲ..."
လူပျိိုရိုင်းကြီးအားတွေးကာပြုံးနေမိသည်ကြောင့်
ဂျောင်ကုခေါင်းပင်ခါလိုက်မိသည်။ဟိုဟိုဒီဒီ
ညစ်ညမ်းကိစ္စတွေမတွေးချင်လဲမရ။မပိုင်ဆိုင်ရ
တုန်းကအဝေးကငေးကြည့်လျှင်ပင်ကျေနပ်နိုင်
သော်လည်း၊ပိုင်ဆိုင်ပြီးချစ်သူတွေဖြစ်လာသော
အခါလောဘစိတ်ကလေးလည်းတက်လာရပြန်၏။
ဒီလူရဲ့တစ်ကိုယ်လုံးကိုအတွင်းကျကျထိသူအပိုင်
အဖြစ်သတ်မှတ်လိုက်ချင်တာ။
"ခင်ဗျားရည်းစားထားဘူးလားဟင်...ထယ်ယောင်း"
ဂျောင်ကုအမေးကြောင့်ထယ်ယောင်းခေါင်သာ
ခါပြမိလိုက်သည်။အသက်သုံးဆယ်ကျော်ပြီး
အိုတောင်အိုနေပေမဲ့အခုထိရည်းစားဆိုတာဟု
တ်တိပတ်တိမတွဲဖူးခဲ့။
"မိန်းကလေးတွေနဲ့ရောအတွေ့အကြုံရှိလား"
"မရှိဘူး"
သိက္ခာကိုထီပါလိုက်သလိုရှိသောကြောင့်အသဲ
အသက်လေးဆီမှထွက်လာတဲ့အသံကမာဆတ်
ဆတ်။စိတ်ဆိုးသွားတဲ့လူပျိုသိုးကြီးအားတစ်စိမ့်
စိမ့်ထိုင်ကြည်ကာဂျောင်ကုဘယ်လိုအူမြူးနေမှန်း
မသိ။
"ဒါဆို...ဟိုကိစ္စအတွေ့အကြုံမရှိတာသေချာသွားပြီ"
"ဘယ်ကိစ္စ"
"အတူတူနေတဲ့ကိစ္စ"
ဂျောင်ကု...နီတွတ်နေတဲ့ထယ်ယောင်းနာရွက်ဖျား
လေးတွေအားလှမ်းပွတ်မိလိုက်သည်။
"လိုလို့လား...."
"ဟာ...လိုတာပေါ့ဗျ၊အတူနေရင် အတွေ့အကြုံရှိတဲ့
ကျွန်တော်ကဦးဆောင်မယ်နော်"
ထယ်ယောင်းကဒါမျိုးကိစ္စတွေနကန်းတစ်လုံးမှ
မသိ။ဆယ်နှစ်အရွယ်ကတည်းကစစ်တပ်ထဲ
ဝင်ခဲ့ရတဲ့ထယ်ယောင်းမှာတိုင်းရေးပြည်ရေး၊စစ်
ရေးစစ်ရာတွေနဲ့သာအလုပ်ရူပ်နေခဲ့သည်။ယော
ကျာ်းမိန်းမသံဝါသကိစ္စတွေကိုအနည်းငယ်သိထား
ရုံသာ။အဲ့လို့နေရာတွေမှာ...အတွေ့အကြုံမရှိပဲ
ဦးဆောင်နေမဲ့အစားအနောက်ကနေသာလိုက်သင့်ပါသည်။
"အွင်း..သဘော၊မင်းပဲဦးဆောင်"
အကျိုးအကြောင်းသင့်တွေးတောကာပြန်ပြော
လိုက်ပေမဲ့၊ဒီစကားကဧကရာဇ်ငယ်လေးအား
လက်သီးလက်မောင်းတန်းသွားသည်အထိဝမ်းသာ
သွားစေနိုင်တယ်။
"တစ်ကယ်ပြောတာနော်...ယောင်း"
"အွင်..."
"ယောင်းကအသက်ကြီးတော့အဲလိုလုပ်ရမှာကို
ကြောက်နေတာ၊အခု ယောင်းခွင့်ပြုပြီဆိုတော့
ကျွန်တော်ငရဲမကြီးတော့ဘူး"
ကလေးတစ်ယောက်လိုချင်တဲ့မုန့်ကိုရသွားတဲ့ပုံ
မျိုးသွားကြီးဖြီးကာပြောလာတဲ့ဧကရာဇ်ရယ်။
ထယ်ယောင်းလက်တွေကအကျင့်တိုင်းဂျောင်ကု
၏ခေါင်းကိုသွားပုတ်ပုတ်နေမိသည်။ဂျောင်ကု
ကလည်းမရုန်း၊သူခေါင်းပုတ်လိုက်သည်ကိုသဘောကျစွာငြိမ်ခံနေသေးသည်။
"မင်းပျော်ရင်ပြီးတာပါပဲ...."
"ထယ်ယောင်း...ခင်ဗျားရော၊ကျွန်တော်နဲ့နေတာ
မပျော်ဘူးလား"
သူ့ရင်ထဲကအရှိတိုင်းလာတဲ့စကားကိုဘုရင်ငယ်လေးကပြီးပြီးရောပြောသည်ဟုကောက်ချက်ဆွဲသွားသည်ထင်။မျက်နှာချောချောခန့်ခန်းကြီးကချက်ချင်းကိုမှိုင်ကျသွားတော့တာ။
"ကိုယ်ချစ်တဲ့သူနဲ့အတူနေရတာကိုမပျော်တဲ့လူ
ရှိမလား...."
ထုံးစံအတိုင်း ငြိမ်သက်အေးဆေးစွာပြောလာတဲ့
ထယ်ယောင်း။ဘာအမူအယာအထိအတွေ့မှမြူ
ဆွယ်ဖျားယောင်းခြင်းမရှိ၊ရိုးရှင်းလှသည့်ပုံစံ
လေးကကန်ရေပြင်အလားငြိမ်ငြိမ်သက်သက်လေး။
ဂျောင်ကု ထိုငြိမ်သက်အေးဆေးရာရပ်ဝန်းလေးကို
ဖျက်ဆီးချင်လာသည်။
"ခင်ဗျားရော...ကျွန်တော်ကိုချစ်လားဟင်...ထယ်ယောင်း"
"ခဏခဏမမေးနဲ့...ချစ်တယ်"
"ဘယ်လိုအချစ်မျိုးနဲ့ချစ်တာလဲ...တပည့်လေး
လိုလား၊ဒါမှမဟုတ်......ဘယ်လိုမျိုးလဲ"
.ပါးစပ်ကလည်းပေါက်ကရမေးခွန်းတွေမေးနေ
သလို လက်တစ်ဖက်ကလည်းထယ်ယောင်း၏
စင်းသွယ်သောပေါင်လုံးလုံးလေးကိုပွတ်သီးပွတ်
သပ်။
"လင်...လင်ယောကျာ်းလိုမျိုး"
အရှက်မရှိစကားတွေထွက်ကျသွားတဲ့ကိုယ့်ကိုကိုယ်လည်းထယ်ယောင်းနားမလည်နိုင်။သူ့ထက်
ငယ်တဲ့ကောင်လေးတစ်ယောက်အားလင်ယောကျာ်းလိုမျိုးခင်တွယ်ကာချစ်သတဲ့လေ။
ရှက်လွန်းအားကြီးလို့ပျောက်ကွယ်သွားလိုက်ချင်
သော်လည်းမစွမ်းသာတဲ့အခါမျက်နှာအားလက်
ဖဝါးတွေနဲ့ဖုံးအုပ်ကားထားမိလိုက်တယ်။
"အဖိုးကြီးလေးက၊ကိုယ်တော်ကိုအသဲယားအောင်
လုပ်နေတာပဲ"
ဂျောင်ကု မျက်နှာပေါ်ဖုံးအုပ်ကာထားတဲ့ထယ်ယောင်းလက်ကလေးတွေကိုပြန်ဆွဲခွာကာနှုတ်
ခမ်းပါးနုနုလေးအားဖိကပ်နမ်းရူံ့တော့သည်။
အရင်ကနဲ့မတူထယ်ယောင်းနှုတ်ခမ်းတွေကခြောက်သွေ့မနေပဲရေဓာတ်ပြည့်ဝနေသည်ကြောင့်
စိုစိုအိအိလေး။နှုတ်ခမ်းတွေနမ်းရုံမျှအားမရသေး
ဘဲလျှာကိုထိုးသွင်းနမ်းဖို့ကြိုးစားသော်လည်းလူ
ပျိုသိုးကြီးကပါးစပ်ဟပေရမည်ကိုမသိ။အောက်
နှုတ်ခမ်းထောင့်စွန်းလေးကိုကိုက်လိုက်မှသာ
*အ့*ကနဲတစ်ချက်ည ည်းပြီးနှုတ်ခမ်းလေးအား
ဖွင့်ဟပေးလာသည်။ဂျောင်ကုလည်းသူ့လျှာကို
လျှင်မြန်စွာအလုပ်ပေးကာထိုးသွင်းလိုက်ပြီး
ချိုမြိန်မွှေးပျံသောအာခံတွင်းတစ်ခုလုံးကိုစုပ်ယူ
စားသုံးတော့သည်။
Thank You for Reading.
Votes Conments Rlအတွက်ကျေးဇူးပါ။
အမှားပါလည်းခွင့်လွှတ်ပါ။
TaeKook is real for me.
Thinzar
Zawggi
ကျခြင်းပင်။မြို့ကြီးဖြစ်သည်အလျှောက်ဂျီယော၏ညဘက်ဈေးတန်းများကစည်ကားလှသည်။မီးပုံးများအစီအရီထွန်းထားတဲ့လမ်းမတစ်လျှောက် ပျော်ပွဲစားရုံများ၊အလောင်းကစားဝိုင်းများ၊အရက်ဆိုင်စသောက်ဆိုင်များဖြင့်စည်ကားလျှက်ရှိပြီးဈေးဆိုင်တန်များကြောင့်
ပြတ်ကြီးဖြင့်ရွာရိုးကိုးပေါက်လျှောက်နေသောတစ်ဆေကိုဟိုနားဒီနားခဏခဏလူတွေမြင်ပါများသောအခါထိတ်လန့်ကြောက်ရွံကျပြီးဘယ်သူမှညဘက်အပြင်မထွက်ရဲကျတော့။လမ်းဘေးတစ်လျှောက်ဆိုင်ခန်းတွေရှေ့ချိတ်ဆွဲထားသည့်မီးပုံးကြီးတွေမှာဈာပနအခင်းအကျင်းတွေအလားညလေအတိုက်တစ်လွင့်လွင့်။
စစ်သည်တို့သည်အငြိုးကြီးတဲ့သရဲတစ်ဆေတွေအဖြစ်ကူးပြောင်းသွားမည်ကိုတော့ပြောစရာမလိုတော့။
"ဝန်ကြီး....စာ....စာ....."
ဟီ...ဟီးးးးးး၊ဟီးးးးးးး
အသံနဲ့အတူ....ဝိဥာဏ်စိမ်း၊အရိပ်တစ်ဆေတွေ
မျက်စိစုံမှိတ်ပြီးကြောက်အားလန့်အားထိုတစ်ဆေရှိတဲ့နေရာကိုဓားနဲ့လှမ်းထိုးလိုက်တယ်။
"ဖေ....ဖေဖေ......"
စိမ့်စီးထွက်လျှက်....
သွားပင့်"
တော့ချေ။