💕 38 Final 💕
Background color
Font
Font size
Line height
Zaw
"အစ်မအွန်းနာ!!!!"
_____________
နန်းတော်ထဲရှိ လသာဆောင်ထဲတွင် စာအုပ်တစ်အုပ်အား အသည်းအသန်ဖတ်နေသော ယောင်ဟို ​ကွောငျ့ လေ့ကျင့်ရေးကွင်းဆင်းပြီးလို့ ပြန်လာသော ဒုန်ဂျူးမှ သုန်မုန်စွာကြည့်နေသည်။
"အမလေး!!!!!"
"ကိုနော်..."
_____________
"...."
"တကယ်လား..."
"တကယ်ပေါ့..."
"ဘယ်လိုလဲ မေ့သွားပြီ..."
"အော်...ဒီလိုလား ရတယ်လေ..."
"နောက်တစ်ခေါက်..."
"ယောက်ျား....ယောက်ျား..."
ပြွတ်...ပြွတ်...ပြွတ်..."
"ဟင်..ကိုကို..သိနေတာလား.."
"ရှက်လိုက်တာနော်.... "
___________
14.1.2021
Khine Lay
Uni
"အစ်မအွန်းနာ!!!!"
သောက်လက်စခွက်ပင် အောက်သို့ 'ဘုတ်' ခနဲ ပြုတ်ကျသွားသည်။ လှည့်မကြည့်လဲ ဒီအသံကိုသိနေသော အွန်းနာမျက်နှာက ငိုမဲ့မဲ့နှင့်...
ဂိုယောင်းကလွဲပြီး အားလုံးက လှမ်းခေါ်သော ကောင်မလေးကိုကြည့်ပြီး ဘာပြောရမှန်းတောင် မသိကြပေ...
"ထင်သားပဲ မီနမ်ကလေ အစ်မအွန်းနာဒီမှာရှိမှန်းသိလို့ကိုလာတာ...." အွန်းနာဘေး အတင်းတိုးဝှေ့ထိုင်ကာ မီနမ်တစ်ယောက် လိုက်ကပ်နေသည်။
"အော်..ဒါက အစ်မအွန်းနာ သူငယ်ချင်းတွေလား တွေ့ရတာဝမ်းသာပါတယ် ညီမနာမည်က မီနမ်ပါ။" မီနမ်၏ တရင်းတနှီးနှုတ်ဆက်မှုကြောင့် အားလုံးလဲ အလိုက်သင့်လဲ ပြန်နှုတ်ဆက်ကြသည်။ အွန်းနာကတော့ ငိုမဲ့မဲ့နှင့်။
"စားစရာတွေက ဒါပဲလား မီနမ်ထပ်ပြင်ပေးမယ် ခဏလေးပဲစောင့်နော်...." ပြောပြီးပြီးချင်း စားဖိုဆောင်ဘက်သို့ ပြေးထွက်သွားသော မီနမ်ကိုကြည့်ရင်း ယွန်းဂျီမှ
"ဟဲ့အဲ့တာဘယ်သူလဲ ငယ်သေးပုံပဲနော်...."
"ဘယ်သူကမှာလဲ ဒီကိုမကြာသေးခင်ကမှ ပြောင်းလာတဲ့ ကုန်သည်ကြီးရဲ့သမီးပေါ့။ သူက ဒီကအွန်းနာကို သဘောကျနေတာ..." ဂိုယောင်းရှင်းပြလိုက်တော့မှ အားလုံးက ပြုံးစိစိနှင့်.....
"ကောင်မလေးက ချစ်စရာလေးပါ ခင်ဖို့ကောင်းမဲ့ပုံပဲနော်...ဟုတ်တယ်မှတ်လား ကို.." ယောင်ဟိုက အွန်းနာပုံစံကိုကြည့်ရင်း စချင်လာတာတောင့် ဒုန်ဂျူး ကိုပါ စစ်ကူခေါ်နေသည်။
"ဟုတ်တာပေါ့ ငယ်ရယ်...ကြည့်ရတာ ညီမအွန်းနာနဲ့ လိုက်တယ်နော်..."
"ဟုတ်တာပေါ့ ကိုရဲ့..." အတိုင်အဖော်ညီနေသော နှစ်ယောက်သားကြောင့် အွန်းနာပို၍ပင် ငိုချင်လာသည်။
မီနမ့်ကို အွန်းနာတို့က တစ်ခုကူညီဖူးပြီး အဲ့အထဲက အဲ့ကောင်မလေးက အွန်းနာနောက်တစ်ကောက်ကောက်။ ဂိုယောင်းမှာတော့ တစ်ချိန်က အွန်းနာ အစ်မဆူအာအားလိုက်ပုံနှင့် တူနေသေးလို့ စလိုက်နောက်လိုက်သေး။
အွန်းနာဘက်ကတော့ အရင်အတိတ်ဟောင်းကို မေ့မရတာကြောင့် ဒီကောင်မလေးကို မစဥ်းစားချင်သေး....မီနမ့်လုပ်ရပ်တွေက တစ်ချိန်က မိမိ၏လုပ်ရပ်တွေနဲ့တော့ အတော်တူသည်။
အရမ်းလိုက်ကပ်နေတာမို့ တစ်ခါတစ်လေ စိတ်ရှုပ်ပင်မဲ့ ဒီခံစားချက်ကို နားလည်တာမို့ ဘာမှတော့မပြောချင်။ မိမိအားအရမ်းသဲသဲလှုပ်နေတာကြောင့် စိတ်တော့အနည်းငယ်ရှုပ်ပြီး သူမကိုတွေ့တာနဲ့ ငိုချင်စိတ်တဖွားဖွား....
ခဏအကြာ နောက်လိုက်လူတွေပါမကျန် ဗန်းကြီးဗန်းငယ်တွေနဲ့ ရောက်ချလာပြီး သရေစာမုန့်တွေ အစုံနှင့်ပြန်ရောက်လာသော မီနမ်....
အားလုံးက ပြူးကြောင်ကြောင်နဲ့ အံ့သြနေကြပင်မဲ့ ဂိုယောင်းကတော့ ဖြစ်နေကျသလိုလိုပင်....
*အစ်မအွန်းနာ အတိတ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ခုလက်ရှိအချိန်ကိုတော့ မီနမ်နဲ့ပဲ ပျော်ရွှင်စွာ ကုန်ဆုံးစေရမယ်....ဘယ်လောက်နှင်နှင် ထွက်သွားမှာ မဟုတ်ဘူး.....*
_____________
နန်းတော်ထဲရှိ လသာဆောင်ထဲတွင် စာအုပ်တစ်အုပ်အား အသည်းအသန်ဖတ်နေသော ယောင်ဟို ​ကြောင့် လေ့ကျင့်ရေးကွင်းဆင်းပြီးလို့ ပြန်လာသော ဒုန်ဂျူးမှ သုန်မုန်စွာကြည့်နေသည်။
မိမိရောက်တဲ့အထိ မိမိအပေါ် အာရုံမရောက်လာသေးသော ငယ်ကြောင့် သိချင်တာနဲ့ အနောက်ဘက်ကနေ တိတ်တိတ်လေးချည်းကပ်သွားလိုက်သည်။ အနောက်ကနေ ဖတ်နေသော စာအုပ်ကိုခိုးကြည့်လိုက်တော့....
ဒုန်ဂျူးမှာ စွံ့အမှုပေါင်း တစ်သောင်းမက ဖြစ်သွားသည်။
"အတွေ့အကြုံရအောင် လေ့လာတာလား..."
"အမလေး!!!!!"
ဂျောင်ယောင်ဟိုလန့်ဖြန့်ကာ စာအုပ်ကိုပိတ်ပြီး လက်ဖဝါးနှစ်ဖက်ကို ပွတ်ကာ
"ကို...ကိုကလဲ ဘာတွေပြောနေတာလဲ.... ငယ်က... ဘာလုပ်လို့လဲ..."
"ဟာ...ဘာလုပ်လို့လဲတဲ့လား...အဲ့တာဆို အဲ့စာအုပ်က ဘာစာအုပ်လဲ...."
"အဲ့...အဲ့တာ....ဟို...ကျန်းမာရေး...လမ်းညွှန်စာအုပ်...ဟုတ်တယ် ကျန်းမာအောင် ပြုမူနေထိုင်ရတဲ့ နည်းလမ်းတွေ....ဟုတ်တယ် အဲ့တာ ဖတ်နေတာ..." ပါးစပ်ထဲရှိရာ အရောင်ရောင် အမှားမှားပြောနေသော ယောင်ဟို့ကို စချင်တာနဲ့
"ကိုလဲ အဲ့စာအုပ်ကိုသိတယ်...ခေါင်စဥ်က..... 'လိင်တူချစ်ရည်လူး'....ဆိုလား..." မေးကိုလက်ညှိုးလေးနဲ့ထောက်ကာ ပြောနေသော ဒုန်ဂျူးကြောင့် ယောင်ဟိုလဲ ရှက်ရှက်နှင့်
"ကို..ကိုကလဲ သိနေရင်လဲ ဘာလို့မေးနေသေးတာလဲ.."
"ဟားးးငယ်ကလဲ အဲ့စာအုပ်တွေ ဖတ်စရာလိုလို့လား ကိုတစ်ယောက်လုံးရှိနေတာ ကို့ကိုမေးပေါ့ ကိုကလက်တွေ့တောင် သင်ကြားပေးဦးမှာ..."
"ကိုနော်..."
"ခုသင်မလား လာ..လာ..သွားမယ်..." ထိုင်နေသော ယောင်ဟို့ကို စွေ့ခနဲ ပွေ့ချီလိုက်ပြီး အဆောင်တွင်းထဲသို့ ပြေးဝင်သွားသော ဒုန်ဂျူးကိုကြည့်ရင်း အထိန်းတော်တွေလဲ ပြုံးစိစိနဲ့ကျန်ခဲ့သည်။
"ကို..ခုချက်ချင်း လွှတ်နော်..."
ချီပွေ့ခံလိုက်ရသောကောင်လေးကတော့ ရှက်ရှက်နဲ့ရင်ဘက်ကိုအတင်းထုလွှတ်နေပင်မဲ့ ဖြုံပေါ်မပေါ်သော သူကတော့ အိပ်ယာပေါ်ရောက်သွားသည့်တိုင်အောင် ပြုံးစိစိနှင့်...
ယောင်ဟို့ကို အိပ်ယာပေါ်အသာလေးချကာ အပေါ်ကနေအုပ်မိုးပြီး
"ငယ်...ကိုလေ ငယ့်ကို အရမ်းချစ်တယ်သိလား တစ်သက်လုံးငယ့်အနားမှာပဲ နေပြီး စောင့်ရှောက်ပေးမှာ...ငယ်က ကို့အနားမှာနေပေးရုံပဲ...."
မျက်နှာလေးရဲနေသော ယောင်ဟိုကလဲ ချစ်ရသူဒုန်ဂျူး၏စကားကြောင့် အတိုင်းမသိပျော်သွားကာ
"ငယ်...ငယ်လဲ ကို့ကိုအရမ်းချစ်တယ်သိလား။ ကိုကနှင်ရင်တောင် ငယ်က ကို့နားကထွက်မသွားဘူး...မခွဲနိုင်ဘူး...ကို...."
ဘဝမှာ အခတ်အခဲကို ရဲဝံ့စွာရင်ဆိုင်နိုင်ဖို့ပဲ....ကြိုတွေးပြီး ပြင်ဆင်ထားကာ ရင်ဆိုင်လိုက်ပါ ရှောင်ပြေးနေဖို့မလိုဘူး။အချိန်တန်ရင် ကိုယ့်ကြိုးစားမှုက ကိုယ့်ကိုအဖြေပေးလိမ့်မယ်..........
_____________
"ကိုကို....ကိုကို.....ဟာ.... မထူးဘူးပေါ့"
"မထူးဘူးး..." မထူးကြောင်း သတိပြန်ပေးနေသောမင်ဝူကြောင့် ယွန်းဂျီရယ်ချင်နေပင်မဲ့ အောင့်ထားနေရသည်။
ယွန်းဂျီစာမေးပွဲဖြေပြီးလို့ အဆောင်ပြန်ရန် အထုပ်အပိုးပြင်ဖို့ အဆောင်သို့ပြန်လာပင်မဲ့ လမ်းတွင်ကိုယ့်ထက်အတန်းငယ်ကောင်လေးတစ်ယောက်နဲ့ ဆုံတာမို့ စကားပြောနေလိုက်သည်။
ကိုယ်နဲ့ခင်တဲ့သူလဲ ဖြစ်တာကြောင့် မပြန်မီ နှုတ်ဆက်စကားပြောရင်း အချိန်နဲနဲကြာသွားသည်။ နောက်ကျနေပြီမို့ စကားစဖြတ်ကာ အဆောင်သို့ပြန်လာတော့ ကိုကိုက အထုပ်တွေနဲ့ မိမိအား စောင့်နေတာတွေ့တော့ အံ့သြသွားသည်။
ကိုကိုက ဒီနေ့အလုပ်ကိစ္စကြောင့် လာကြိုလို့မရဘူးဆိုကာ မိမိအားပြောထားသည်မှတ်လား။ အဲ့တာကြောင့်လဲ ကိုယ်ကအေးဆေးနေကာ ပြန်လာလိုက်သည်။
ကိုကိုကရောက်ရောက်ချင်းမိမိအား စကားမပြောပဲ အထုပ်တွေဆွဲကာ ထွက်သွားတာကြောင့် မိမိလဲအနောက်က အမှီလိုက်ရသည်။
အိမ်ရောက်တဲ့အထိ စကားမပြောပဲ ဆူပုတ်နေသေးသောသူအား ယွန်းဂျီမှာ ထိုင်ချော့နေရသည်။
"ကိုကိုကလဲ ဘာဖြစ်လို့လဲ အကောင်ပေါက်ကိုပြောလေ....."
"...."
ဒီလိုချော့လို့မရမှန်းသိတော့ နောက်ဆုံးလက်နက်ကို ယွန်းဂျီထုတ်သုံးရတော့မည်...
"ယောက်ျား...." ချွဲချွဲပစ်ပစ်အသံလေးကြောင့် ကျောတွေပါ ယားကျိကျိဖြစ်လာသော မင်ဝူ....
"ယောက်ျားရေ.....နေဗျာ....မလာလဲ!!!" ချော့ရင်း စိတ်ပေါက်ပေါက်နဲ့ ထအော်သောယွန်းဂျီကြောင့် မင်ဝူလဲ အနားသို့ အပြေးသွားလိုက်ပြီး
"ဟီးးအကောင်ပေါက်ကလဲ စိတ်ကြီးပဲ..."
"ကြီးကြီးပဲ ခေါ်နေတာ ထူးမှမထူးတာ ဘာဖြစ်မှန်းလဲမသိဘူး..."
"ဟိုလေ...ခုနလို... နောက်တစ်ခေါက်လောက်..." ပါးစပ်ပေါ် လက်ညှိုးလေးတင်ကာ ခွင့်တောင်းနေသော မင်ဝူ...
"မခေါ်ဘူး ခေါ်စေချင်ရင် စိတ်ဆိုးရတဲ့အကြောင်းပြောပြ..."
"အင်းပါ..ပြောပြမယ်...ကိုကိုက အကောင်ပေါက်လာတာကြာနေလို့ စိတ်ပူပြီးလိုက်လာတာ...သူက ကောင်လေးတစ်ယောက်နဲ့ ရယ်မောပြီး စကားတွေပြောနေတာ ဘေးလူတွေတောင် မြင်ရဲ့လားမသိ..."
တွေ့ပါပြီ နောက်ဆုံးတော့ ကိုကိုက မိမိအားသဝန်တိုနေတာ...
"ဟားးးအဲ့တာလား အဲ့တာ ညီတစ်ယောက်လိုခင်ရတဲ့သူပါကိုကိုရာ...ဘာလဲ ကိုကိုက အကောင်ပေါက်ကို မယုံဘူးလား။"
"အကောင်ပေါက်ကို ယုံတယ် ဟိုကောင်လေးကိုမယုံတာ..."
"စိတ်ချပါကိုကိုရာ အကောင်ပေါက်ကလေ ဟောဒီ့က ကိုကို့ကိုပဲ ကမ္ဘာကြီးထင်တာ...."
"တကယ်လား..."
"တကယ်ပေါ့..."
"အဲ့တာဆို...ခုနလိုပြန်ခေါ်...." ယွန်းဂျီလဲစချင်တာကြောင့်
"ဘယ်လိုလဲ မေ့သွားပြီ..."
"အော်...ဒီလိုလား ရတယ်လေ..."
"ဟား..ဟား..ကို..ကို...ကိုကိုရေ...ယား...ယားတယ်လို့ ဟီးးး ..."
မင်ဝူ ယွန်းဂျီကိုချုပ်ကာ ကလိထိုးနေတာကြောင့် ယွန်းဂျီမဟန်သာတော့
"အဲ့တာဆို ခုနလိုပြန်ခေါ်..."
"ခေါ်..ခေါ်မယ်...ဟူး...ယောက်ျား..လို့..."
"နောက်တစ်ခေါက်..."
"ယောက်ျား....ယောက်ျား..."
"အိုက်ယား...ချစ်ဖို့ကောင်းလိုက်တာ။ ကိုကိုကလေ အကောင်ပေါက်ကို အရမ်းချစ်တာသိလား
ပြွတ်...ပြွတ်...ပြွတ်..."
ယွန်းဂျီ မျက်နှာလေးအနှံ့အား အဆက်မပြတ် မင်ဝူနမ်းရှုက်နေမိသည်။ ဒီကောင်လေးကို မိမိအရမ်းချစ်သည် အရာရာတိုင်းနဲ့လဲ လဲလှယ်နိုင်သည်။
"ဟီးးး အကောင်ပေါက်ကလဲ ကိုကို့ကိုချစ်တာယုံ..."
"ယုံတာပေါ့ ဘာလို့ဆို...မိန်းကလေးလို ဝတ်လာထဲက သဘောပေါက်နေတာ..." မင်ဝူ့စကားကြောင့် ယွန်းဂျီလန့်ဖြန့်သွားပြီး
"ဟင်..ကိုကို..သိနေတာလား.."
"မသိဘဲနေမလား အရူးလေးရဲ့ ဒီအသံ ဒီမျက်နှာက ကိုကိုမေ့မှမရတာ..."
"ရှက်လိုက်တာနော်.... "
"ခုမရှက်နဲ့ဦး ဒီထက်ရှက်ရမှာကို ကိုကိုက ခုလုပ်မယ်..."
"ဟာ..ဖယ်နော်..ဟာ နှာဗူးကြီး..." မင်ဝူလဲ ယွန်းဂျီအပေါ်အုပ်မိုးကာ ပျော်ရွှင်စရာလေးကို ဖန်တီးယူလိုက်သည်.....
ဘယ်အရာတွေကြောင့်နဲ့မှ ကိုကို့အကောင်ပေါက်လေးကို လက်မလွှတ်ဖူး.....
ကိုကို့ကို ချစ်ထဲက အကောင်ပေါက်ကလဲ လက်လွှတ်ဖို့ မတွေးထားဖူးဘူး.....
မဖြစ်နိုင်ဘူးလို့ တွေးထားတဲ့သူကိုမှ တကယ်ချစ်မိနေသူ... ဒါက တကယ်ချစ်မိရင်ရော ကိုယ့်ကိုယ်ကို လိမ်လို့ ရပါ့မလား.....
___________
14.1.2021
Khine Lay
နောက်ဆုံးတော့ ပြီးသွားပါပြီ😭
ခိုင်လေးရဲ့ မရေးတတ်ရေးတတ် ဖန်တီးထားတာလေးကို ခုလိုဖတ်ပေးလို့ တကယ်ကျေးဇူးတင်ပါတယ်။ Voteပေးတဲ့ ဒါဒါလေးတွေကော Silent ဒါဒါလေးတွေကော အားလုံးကို ခိုင်လေးက ချစ်လဲချစ်တယ် ကျေးဇူးလဲတင်ပါတယ်လို့💙💙💙💙💙💙💙
You are reading the story above: TeenFic.Net