🖤 21 🖤

Background color
Font
Font size
Line height

Zaw

ေတာင္ပိုင္းတိုင္းျပည္က ခ်က္ခ်င္းႀကီးျပန္လာေသာ မင္းသားေယာင္ဟိုေၾကာင့္ နန္းေတာ္တစ္ခုလုံး အလုပ္ရႈပ္ကုန္သည္။

ျပန္ေရာက္ေၾကာင္း မင္းႀကီးဆီ ေလွ်ာက္တင္ၿပီးတာႏွင့္ မိမိနန္းေဆာင္ကိုသာျပန္လာနားလိုက္သည္။

"မင္းသား...... စားေတာ္တည္ၿပီးမွ နားလိုက္ပါလား။"
"ငါမစားခ်င္ဘူး.. ျပန္သိမ္းသြားေတာ့..."
ေက်ာေပးကာ အိပ္ေနေသာမင္းသားေၾကာင့္ ဒုန္ဂ်ဴးအက်ပ္ရိုက္ေနၿပီ... ခုထိမနက္စာလဲ ပြဲေတာ္မတည္ရေသးဘူးမွတ္လား။

"မင္းသြားနားေတာ့ ခရီးရွည္သြားထားရတာ...."
"မနားနိုင္ေသးပါဘူး မင္းသား... မင္းသားပြဲေတာ္တည္မွ ကြၽန္ေတာ္မ်ိဳးနားနိုင္မွာပါ။"

ဒုန္ဂ်ဴးစကားေၾကာင့္ အလ်င္အျမန္ေကာက္ထိုင္လိုက္ၿပီး စားပြဲေပၚက အစားအစာမ်ားကို ပလုပ္ပေလာင္းစားေနေသာ ေယာင္ဟို။

"ျဖည္းျဖည္း မင္းသား အစာမေက်ပဲျဖစ္ပါလိမ့္မယ္။"
"မင္းး ျမန္ျမန္နားရေအာင္။" ပလုပ္ပေလာင္းအသံႏွင့္ ျပန္ေျဖလာေသာ ေယာင္ဟို တကယ္ကိုျဖဴစင္သည္။

ေတာင္ပိုင္းဘုရင္၏ လုပ္ရပ္ေၾကာင့္ ရွက္လဲရွက္ စိတ္မေကာင္းျဖစ္ေနေသာ ေယာင္ဟိုကို ဒုန္ဂ်ဴးႏွစ္သိမ့္ခ်င္ပင္မဲ့ အဲ့ဒီညထဲက 'အခုအျဖစ္အပ်က္ေတြ အားလုံးေမ့ေပးပါ။' ဟူေသာ ေယာင္ဟို႔ေတာင္းဆိုခ်က္ေၾကာင့္သာ တစ္ခြန္းမွ ထက္မေျပာျခင္းျဖစ္သည္။

ဒုန္ဂ်ဴးလဲ မင္းသားပြဲေတာ္တည္ၿပီးမွ အျပင္ျပန္ထြက္ကာ အဝတ္အစားလဲၿပီး လြမ္းေနရေသာ ခ်စ္ရသူဆီကို ေတြ႕ဖို႔အေရး သြားရေတာ့သည္။

"အစ္ကိုဒုန္ဂ်ဳး..... အစ္ကို...ဒုန္ဂ်ဴး...." မိမိနာမည္ေခၚသံေၾကာင့္ လမ္းေလွ်ာက္ေနရင္းရပ္လိုက္ၿပီး ေနာက္လွည့္ၾကည့္လိုက္ေတာ့မွ ခ်စ္ရေသာယြန္းဂ်ီ၏ သူငယ္ခ်င္းႏွစ္ေယာက္။

"ဟင္.... မင္းတို႔ပါလား ယြန္းဂ်ီေကာ..."
"ခ..ဏေလးပါ...ေမာလို႔ လမ္းေလွ်ာက္တာျမန္လိုက္တာ မနည္းလိုက္ရတယ္။"

"ေတာင္းပန္ပါတယ္ အြန္းနာ...အစ္ကို အျမန္လိုသြားလို႔..."
"အစ္ကိုဒုန္ဂ်ဳးက ဘယ္သြားမို႔လဲ... "

"ယြန္းဂ်ီအိမ္ကို...." မေတြ႕တာၾကာၿပီျဖစ္တာေၾကာင့္ ယြန္ဂ်ီအေၾကာင္းသိေသးပုံမေပၚေသာ ဒုန္ဂ်ဴးကို ႏွစ္ေယာက္သားေျပာျပမယ္ဆိုကာ ဆိုင္တစ္ဆိုင္ေခၚသြားေလသည္။

"အဲ့တာဆို ယြန္းဂ်ီက လိုက္သြားတာေပါ့။ ဘယ္ေတာ့ေလာက္ျပန္ေရာက္မလဲ..."
"အဲ့တာေတာ့မသိဘူး ကြၽန္ေတာ္တို႔ကိုလဲ ေသခ်ာမေျပာသြားဘူး။ သိပ္မၾကာဘူးလို႔ပဲ ေျပာသြားတာ..."ဂိုေယာင္းအေျပာကို

'ေၾသာ္... 'ဆိုကာ မ်က္ႏွာငယ္သြားေသာ ဒုန္ဂ်ဴးကို ၾကည့္ၿပီး ႏွစ္ေယာက္လုံးသေဘာေပါက္လိုက္သည္။

"အစ္ကိုဒုန္ဂ်ဳး... အြန္းနာ တစ္ခုေလာက္ေမးမယ္ေနာ္။"
"အင္းေမးေလ..."
"ဟို...အ့..."

အြန္းနာေပါင္ကို ဂိုေယာင္းက လိမ္ဆြဲလိုက္ၿပီး မေမးရန္ မ်က္ရိတ္ျပလိုက္တာ ဒုန္ဂ်ဴးျမင္ျဖစ္ေအာင္ ျမင္သြားေတာ့
"ေမးပါေစ ဂိုေယာင္း အစ္ကိုေျဖေပးပါ့မယ္။"

ခြင့္ျပဳခ်က္ရသြားေသာေၾကာင့္ အြန္းနာလဲ အေပ်ာ္ႀကီးေပ်ာ္သြားကာ
"အစ္ကိုဒုန္ဂ်ဴးက ယြန္းဂ်ီကို သေဘာက်ေနတာမွတ္လား..."

အြန္းနာရဲ႕စကားေၾကာင့္ ဒုန္ဂ်ဴးလဲ လန့္သြားကာ
"ဟို..ဟို...."

"ဟိုမေနနဲ႕ေတာ့ အစ္ကိုဒုန္ဂ်ဳး အြန္းနာေျပာသလို ကြၽန္ေတာ္လဲထင္တယ္။" အြန္းနာ စကားအား ဝင္ေထာက္ခံေနေသာ ဂိုေယာင္းေၾကာင့္ပါ ဒုန္ဂ်ဴးအၾကပ္ရိုက္ေနၿပီ.......

"ယြန္းဂ်ီကို မေျပာပါနဲ႕ဦးေနာ္... တစ္ေန႕အစ္ကိုသူ႕ကို ဖြင့္ေျပာမွာပါ... အဲ့မတိုင္ခင္ ျပင္ဆင္ခ်င္ေသးတယ္။ အစ္ကိုတို႔ႏွစ္ေယာက္လုံးက ေယာက္်ားေလးေတြမွတ္လား အဲ့အတြက္ ျဖစ္လာမဲ့ ျပႆနာေတြကို အစ္ကိုအရင္ ျပင္ဆင္ထားခ်င္ေသးတယ္။"

ေတာင္းဆိုေနေသာ ဒုန္ဂ်ဴးရဲ႕ ေလသံေၾကာင့္ အြန္းနာေကာ ဂိုေယာင္းေကာ ေနာက္ဆုံးေတာ့ ႏႈတ္ပိတ္ကာ မသိခ်င္ေယာင္ေဆာင္လိုက္ဖို႔သာ ေ႐ြးခ်ယ္လိုက္သည္။

*အစ္ကို႔ရဲ႕အခ်စ္ေတြက မင္းအေပၚ အဆိပ္မျဖစ္ေစခ်င္ဘူး။ မင္းနားလည္ၿပီး အစ္ကို႔အခ်စ္ကိုသာ လက္ခံေပးရင္ေတာ့ အတိုင္းထက္အလြန္ေပါ့။*
________________
"ေျမးေလးတို႔ ေနာက္က်ရင္လာခဲ့ဦးေနာ္... အဘြားေမွ်ာ္ေနမယ္.... ဆူအာလဲဂ႐ုစိုက္ေနာ္။" ကမ္းေပၚက အဘြားရဲ႕အမွာစကားအား ေလွေပၚတြင္ရပ္ေနေသာ လူသုံးဦးမွ ေခါင္းၿငိမ့္ကာ စိတ္မပူဖို႔ေရာ... ဂ႐ုစိုက္ဖို႔ေရာ ျပန္မွာသြားၾကသည္။

"အစ္ကိုမင္ဝူ ဟိုေရာက္ရင္လဲ ဆူအာ့ကို ဂ႐ုစိုက္ေပးပါေနာ္... အေဒၚ့ဆီမွာပဲဆိုပင္မဲ့ ဆူအာသိတဲ့ခင္တဲ့သူဆိုလို႔ အစ္ကိုမင္ဝူပဲရွိလို႔ပါေနာ္..." မင္ဝူ႕လက္ေမာင္းအားကိုင္ကာ ခြၽဲပ်စ္ေနေသာေလသံႏွင့္ေျပာေနေသာ ဆူအာ့ကို ယြန္းဂ်ီမွာ ကိုင္ေစာင့္ပစ္လိုက္ခ်င္သည္။

(မင္ဝူတို႔ျပန္ေတာ့မယ္လို႔ သိရၿပီးေနာက္ပိုင္း ဆူအာမွာ စိတ္မ်ားပူပန္လာမိသည္။ ဒီေကာင္ေလးနဲ႕ အစ္ကိုမင္ဝူႏွစ္ေယာက္ထဲသာ လႊတ္ထားေလာက္တဲ့အထိ မိမိခြင့္မျပဳနိုင္ေပ။

အိမ္ကလူေတြဘယ္ေလာက္တိုက္တြန္းတြန္း ေဂ်ာင္ဆူးတိုင္းျပည္က မိမိ၏အေဒၚဆိုင္မွာ အလုပ္မကူခဲ့။ အရင္တုန္းက ျငင္းခဲ့သည္ကေတာ့ အစ္ကိုမင္ဝူ႐ြာမွာရွိလို႔ပင္။ အရင္အေျခအေနတိုင္းဆို မလိုက္ပဲေနမွာ ခုကေတာ့ ဒီေကာင္ေလးကိုစာသင္ရတယ္ဆိုတာ သိထားေတာ့ မလိုက္သြားလို႔မျဖစ္။

လႊတ္မထားနိုင္ပါဘူး ဒီေကာင္ေလးက လက္ရဲတယ္..အစ္ကိုမင္ဝူနဲ႕စိတ္မခ်နိဳင္ပါဘူး။)

ေလွေပၚမွာ တစ္ခ်ိန္လုံးမင္ဝူ႕နား ကပ္ေနေသာ ဆူအာမွာ မ်က္စိဆံပင္ေမႊးဆူးလွသည္။ ယြန္းဂ်ီတို႔ကို ဒီလိုဘယ္ေက်ာလို႔ရမလဲ....
"ကိုကို....ကြၽန္ေတာ္ဗိုက္ဆာတယ္...."

အသံေလးအားခြၽဲကာေျပာေနေသာ ယြန္းဂ်ီမွာ ဆူအာ့အတြက္ေတာ့ ေဒါသထြက္စရာ....
"အေကာင္ေပါက္ ဆာေနၿပီလား... ခဏေလးေနာ္။"

အိမ္ထဲက ပါလာေသာမုန့္ေျခာက္အား ထုတ္ကာ ေသခ်ာေလးေကြၽးေနေသာ မင္ဝူ။

ဆူအာလဲ အားက်မခံ
"အစ္ကိုမင္ဝူ... ဆူအာလဲ ဗိုက္ဆာတယ္..." မ်က္စိေလးေပကလပ္နဲ႕ မင္ဝူ႕အားေျပာလာေတာ့
"အိပ္ထဲမွာရွိတယ္... ယူစားလိုက္ေနာ္။"

မိမိအား လွည့္ပင္မၾကည့္ ယြန္းဂ်ီအား မုန့္သာေကြၽးေနေသာ မင္ဝူ႕ေၾကာင့္ ဆူအာေဒါသပါထြက္လာသည္။

ယြန္းဂ်ီကေတာ့ ေအာင္နိုင္သူအၾကည့္မ်ားနဲ႕ ဆူအာ့အား မ်က္ခုံးပင့္ကာ ၾကည့္လိုက္သည္။ မိမိအျပစ္နဲ႕မိမိမို႔လို႔ မုန့္ကိုသာ ဆူေအာင့္ကာစားေနရေသာ ဆူအာ။

ေလေလးတျဖဴးျဖဴးနဲ႕ စားထားသည့္အရိန္ေၾကာင့္ ေနာက္ဆုံးေတာ့ ယြန္းဂ်ီမ်က္လုံးမ်ားဆင္းလာသည္။
"ကိုကို ခဏအိပ္လို႔ရလား။"
"အိပ္ခ်င္အိပ္ေလ အေကာင္ေပါက္..... " မင္ဝူက ေျပာလဲေျပာ ေပါင္ေပၚသို႔ပုတ္ျပလိုက္ၿပီး ေခါင္းအုံးဆိုသည္ ပုံစံလဲျပတာေၾကာင့္ ယြန္းဂ်ီလဲႏွစ္ခါမေတြးေတာ့ဘဲ ဆူအာ့အား ခပ္ၿပဳံးၿပဳံးလွမ္းၾကည့္လိုက္ကာ မင္ဝူ႕ေပါင္ေပၚအိပ္လိုက္သည္။

တစ္ဖက္တြင္ေတာ့ ေဒါသမ်ားအတုံးလိုက္ၿမိဳခ်ေနရေသာ ဆူအာ။
"အစ္ကိုမင္ဝူ ဆူအာေခါင္းမူးလို႔...."

နားထင္အားလက္နဲ႕ဖိကာ မင္ဝူ႕ပုခုံးေပၚမွီဖို႔လုပ္လိုက္ပင္မဲ့ မင္ဝူက အဝတ္ထုပ္အားေရွ႕ထားေပးလိုက္ကာ
"အဲ့မွာလွဲအိပ္လိုက္ ေရာက္ရင္အစ္ကိုႏွိုးမယ္..."

"ဟင္..." ဆူအာ့ရဲ႕ ေသြးနင္ေသာအသံကို အိပ္မေပ်ာ္ေသးေသာ ယြန္းဂ်ီကေကာင္းေကာင္းသိသည္။ ဆူအာလဲဆူေဆာင့္ေဆာင့္နဲ႕ အဝတ္အထုပ္ေပၚေခါင္းအုံးကာ အိပ္၍လိုက္လာခဲ့ရေတာ့သည္။
___________________

"ဒုန္ဂ်ဴး....."
"မွန္လွပါမင္းသား....."

"အျပင္သြားရေအာင္...." ျပန္ေရာက္ထဲက နန္းေဆာင္ထဲသာ ေနေနေသာေယာင္ဟိုသည္ ခုတေလာမွ အရင္လို စကားျပန္ေျပာလာျခင္းျဖစ္သည္။ စိတ္ထိခိုက္ၿပီးရွက္သြားေသာေၾကာင့္ ဒုန္ဂ်ဴးလဲ ေတာ္ေတာ္စိတ္မေကာင္းျဖစ္သြားရသည္။

"ဘာကိစၥရွိလို႔ပါလဲ....."
"ဟင္းးးး ဒီလိုပါပဲ....... " သက္ျပင္းရွည္ခ်ကာ ေျပာလာေသာေယာင္ဟို စိတ္ထဲတစ္ခုခုေတာ့ ျဖစ္ေနတုန္းဆိုတာ ဒုန္ဂ်ဴး ရိတ္မိသည္။

"မသြားပါနဲ႕ဦးလား မင္းသား.... မင္းသားပ်င္းရင္ ကြၽန္ေတာ္နဲ႕ ဓားေရးအတူတူေလ့က်င့္မလား။" ဒုန္ဂ်ဴး ေျပာတာကို ေသခ်ာေလးစဥ္းသားလိုက္ၿပီးေတာ့မွ

"အင္းးး မဆိုးဘူး.... ငါလဲခုတေလာ မေလ့က်င့္တာၾကာေနၿပီ...."
"ဒါဆိုရင္ ဝတ္႐ုံလဲေတာ့ ကြၽန္ေတာ္မ်ိဳး နန္းေဆာင္အျပင္မွာ ေစာင့္ေနပါ့မယ္....."

ေယာင္ဟို႔အားေျပာကာ နန္းေဆာင္အျပင္ဘက္ ဒုန္ဂ်ဴးထြက္ေစာင့္ေနလိုက္သည္။ ဝတ္႐ုံလဲၿပီးလို႔အျပင္ထြက္လာေသာ ေယာင္ဟိုသည္ ၾကည့္ေကာင္းေနသည္ဟု ဒုန္ဂ်ဴး စိတ္ထဲတြင္ မွတ္ခ်က္ေပးေနမိသည္။

ႏွစ္ေယာက္သား ဓားေရးက်င့္တာ ေတာ္ေတာ္အခ်ိန္လဲလင့္လာၿပီးမို႔ ဒုန္ဂ်ဴးလဲ မင္းသားကိုသတိေပးကာ နန္းေဆာင္ကိုျပန္လာခဲ့ၾကသည္။

ေရခ်ိဳးၿပီးလို႔ ေယာင္ဟိုနားေနသည္အထိ အစစအရာရာ လိုက္လုပ္ေပးေနမိသည့္ ဒုန္ဂ်ဴး။ အမွန္ဆို မင္းသားကိုသနားသည္.... မိမိခုတေလာ ေသခ်ာဆန္းစစ္ၾကည့္မွ မင္းႀကီးသည္ ေယာင္ဟို႔အေပၚတာဝန္ေက်တယ္ဆိုတာ ေထာက္ခံပင္မဲ့ တစ္ခ်ိဳ႕ကိစၥေတြမွာ တာဝန္အရသာလုပ္ေပးေနရသည္လို႔ ခံစားမိေနသည္။

မယ္မယ္ႀကီးကေတာ့ မင္းသားအေပၚေျပာစရာမရွိေအာင္ အကုန္ဂ႐ုစိုက္ေပးသည္။ ဒါပင္မဲ့ မင္းသားေလးက ဖခင္ေမတၱာငတ္မြတ္ေနသည္လို႔ ဒုန္ဂ်ဴး ခံစားမိေနသည္။

အိပ္ယာဝင္သည္အထိ အကုန္လိုက္လုပ္ေပးလို႔စိတ္ခ်ကာမွာ နန္းေဆာင္အျပင္သို႔သာ ထြက္လာလိုက္သည္။ နန္းေဆာင္အျပင္တြင္ ရပ္ေနေသာ မင္သားဒုန္ဂ်ဴး၏အထိန္းေတာ္ႏွင့္ေတြ႕ကာ အထိန္းေတာ္ႀကီးက.........
____________
21.12.2020
Khine Lay

Uni

တောင်ပိုင်းတိုင်းပြည်က ချက်ချင်းကြီးပြန်လာသော မင်းသားယောင်ဟိုကြောင့် နန်းတော်တစ်ခုလုံး အလုပ်ရှုပ်ကုန်သည်။

ပြန်ရောက်ကြောင်း မင်းကြီးဆီ လျှောက်တင်ပြီးတာနှင့် မိမိနန်းဆောင်ကိုသာပြန်လာနားလိုက်သည်။

"မင်းသား...... စားတော်တည်ပြီးမှ နားလိုက်ပါလား။"
"ငါမစားချင်ဘူး.. ပြန်သိမ်းသွားတော့..."
ကျောပေးကာ အိပ်နေသောမင်းသားကြောင့် ဒုန်ဂျူးအကျပ်ရိုက်နေပြီ... ခုထိမနက်စာလဲ ပွဲတော်မတည်ရသေးဘူးမှတ်လား။

"မင်းသွားနားတော့ ခရီးရှည်သွားထားရတာ...."
"မနားနိုင်သေးပါဘူး မင်းသား... မင်းသားပွဲတော်တည်မှ ကျွန်တော်မျိုးနားနိုင်မှာပါ။"

ဒုန်ဂျူးစကားကြောင့် အလျင်အမြန်ကောက်ထိုင်လိုက်ပြီး စားပွဲပေါ်က အစားအစာများကို ပလုပ်ပလောင်းစားနေသော ယောင်ဟို။

"ဖြည်းဖြည်း မင်းသား အစာမကျေပဲဖြစ်ပါလိမ့်မယ်။"
"မင်းး မြန်မြန်နားရအောင်။" ပလုပ်ပလောင်းအသံနှင့် ပြန်ဖြေလာသော ယောင်ဟို တကယ်ကိုဖြူစင်သည်။

တောင်ပိုင်းဘုရင်၏ လုပ်ရပ်ကြောင့် ရှက်လဲရှက် စိတ်မကောင်းဖြစ်နေသော ယောင်ဟိုကို ဒုန်ဂျူးနှစ်သိမ့်ချင်ပင်မဲ့ အဲ့ဒီညထဲက 'အခုအဖြစ်အပျက်တွေ အားလုံးမေ့ပေးပါ။' ဟူသော ယောင်ဟို့တောင်းဆိုချက်ကြောင့်သာ တစ်ခွန်းမှ ထက်မပြောခြင်းဖြစ်သည်။

ဒုန်ဂျူးလဲ မင်းသားပွဲတော်တည်ပြီးမှ အပြင်ပြန်ထွက်ကာ အဝတ်အစားလဲပြီး လွမ်းနေရသော ချစ်ရသူဆီကို တွေ့ဖို့အရေး သွားရတော့သည်။

"အစ်ကိုဒုန်ဂျုး..... အစ်ကို...ဒုန်ဂျူး...." မိမိနာမည်ခေါ်သံကြောင့် လမ်းလျှောက်နေရင်းရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်တော့မှ ချစ်ရသောယွန်းဂျီ၏ သူငယ်ချင်းနှစ်ယောက်။

"ဟင်.... မင်းတို့ပါလား ယွန်းဂျီကော..."
"ခ..ဏလေးပါ...မောလို့ လမ်းလျှောက်တာမြန်လိုက်တာ မနည်းလိုက်ရတယ်။"

"တောင်းပန်ပါတယ် အွန်းနာ...အစ်ကို အမြန်လိုသွားလို့..."
"အစ်ကိုဒုန်ဂျုးက ဘယ်သွားမို့လဲ... "

"ယွန်းဂျီအိမ်ကို...." မတွေ့တာကြာပြီဖြစ်တာကြောင့် ယွန်ဂျီအကြောင်းသိသေးပုံမပေါ်သော ဒုန်ဂျူးကို နှစ်ယောက်သားပြောပြမယ်ဆိုကာ ဆိုင်တစ်ဆိုင်ခေါ်သွားလေသည်။

"အဲ့တာဆို ယွန်းဂျီက လိုက်သွားတာပေါ့။ ဘယ်တော့လောက်ပြန်ရောက်မလဲ..."
"အဲ့တာတော့မသိဘူး ကျွန်တော်တို့ကိုလဲ သေချာမပြောသွားဘူး။ သိပ်မကြာဘူးလို့ပဲ ပြောသွားတာ..."ဂိုယောင်းအပြောကို

'သြော်... 'ဆိုကာ မျက်နှာငယ်သွားသော ဒုန်ဂျူးကို ကြည့်ပြီး နှစ်ယောက်လုံးသဘောပေါက်လိုက်သည်။

"အစ်ကိုဒုန်ဂျုး... အွန်းနာ တစ်ခုလောက်မေးမယ်နော်။"
"အင်းမေးလေ..."
"ဟို...အ့..."

အွန်းနာပေါင်ကို ဂိုယောင်းက လိမ်ဆွဲလိုက်ပြီး မမေးရန် မျက်ရိတ်ပြလိုက်တာ ဒုန်ဂျူးမြင်ဖြစ်အောင် မြင်သွားတော့
"မေးပါစေ ဂိုယောင်း အစ်ကိုဖြေပေးပါ့မယ်။"

ခွင့်ပြုချက်ရသွားသောကြောင့် အွန်းနာလဲ အပျော်ကြီးပျော်သွားကာ
"အစ်ကိုဒုန်ဂျူးက ယွန်းဂျီကို သဘောကျနေတာမှတ်လား..."

အွန်းနာရဲ့စကားကြောင့် ဒုန်ဂျူးလဲ လန့်သွားကာ
"ဟို..ဟို...."

"ဟိုမနေနဲ့တော့ အစ်ကိုဒုန်ဂျုး အွန်းနာပြောသလို ကျွန်တော်လဲထင်တယ်။" အွန်းနာ စကားအား ဝင်ထောက်ခံနေသော ဂိုယောင်းကြောင့်ပါ ဒုန်ဂျူးအကြပ်ရိုက်နေပြီ.......

"ယွန်းဂျီကို မပြောပါနဲ့ဦးနော်... တစ်နေ့အစ်ကိုသူ့ကို ဖွင့်ပြောမှာပါ... အဲ့မတိုင်ခင် ပြင်ဆင်ချင်သေးတယ်။ အစ်ကိုတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေမှတ်လား အဲ့အတွက် ဖြစ်လာမဲ့ ပြဿနာတွေကို အစ်ကိုအရင် ပြင်ဆင်ထားချင်သေးတယ်။"

တောင်းဆိုနေသော ဒုန်ဂျူးရဲ့ လေသံကြောင့် အွန်းနာကော ဂိုယောင်းကော နောက်ဆုံးတော့ နှုတ်ပိတ်ကာ မသိချင်ယောင်ဆောင်လိုက်ဖို့သာ ရွေးချယ်လိုက်သည်။

*အစ်ကို့ရဲ့အချစ်တွေက မင်းအပေါ် အဆိပ်မဖြစ်စေချင်ဘူး။ မင်းနားလည်ပြီး အစ်ကို့အချစ်ကိုသာ လက်ခံပေးရင်တော့ အတိုင်းထက်အလွန်ပေါ့။*
________________
"မြေးလေးတို့ နောက်ကျရင်လာခဲ့ဦးနော်... အဘွားမျှော်နေမယ်.... ဆူအာလဲဂရုစိုက်နော်။" ကမ်းပေါ်က အဘွားရဲ့အမှာစကားအား လှေပေါ်တွင်ရပ်နေသော လူသုံးဦးမှ ခေါင်းငြိမ့်ကာ စိတ်မပူဖို့ရော... ဂရုစိုက်ဖို့ရော ပြန်မှာသွားကြသည်။

"အစ်ကိုမင်ဝူ ဟိုရောက်ရင်လဲ ဆူအာ့ကို ဂရုစိုက်ပေးပါနော်... အဒေါ့်ဆီမှာပဲဆိုပင်မဲ့ ဆူအာသိတဲ့ခင်တဲ့သူဆိုလို့ အစ်ကိုမင်ဝူပဲရှိလို့ပါနော်..." မင်ဝူ့လက်မောင်းအားကိုင်ကာ ချွဲပျစ်နေသောလေသံနှင့်ပြောနေသော ဆူအာ့ကို ယွန်းဂျီမှာ ကိုင်စောင့်ပစ်လိုက်ချင်သည်။

(မင်ဝူတို့ပြန်တော့မယ်လို့ သိရပြီးနောက်ပိုင်း ဆူအာမှာ စိတ်များပူပန်လာမိသည်။ ဒီကောင်လေးနဲ့ အစ်ကိုမင်ဝူနှစ်ယောက်ထဲသာ လွှတ်ထားလောက်တဲ့အထိ မိမိခွင့်မပြုနိုင်ပေ။

အိမ်ကလူတွေဘယ်လောက်တိုက်တွန်းတွန်း ဂျောင်ဆူးတိုင်းပြည်က မိမိ၏အဒေါ်ဆိုင်မှာ အလုပ်မကူခဲ့။ အရင်တုန်းက ငြင်းခဲ့သည်ကတော့ အစ်ကိုမင်ဝူရွာမှာရှိလို့ပင်။ အရင်အခြေအနေတိုင်းဆို မလိုက်ပဲနေမှာ ခုကတော့ ဒီကောင်လေးကိုစာသင်ရတယ်ဆိုတာ သိထားတော့ မလိုက်သွားလို့မဖြစ်။

လွှတ်မထားနိုင်ပါဘူး ဒီကောင်လေးက လက်ရဲတယ်..အစ်ကိုမင်ဝူနဲ့စိတ်မချနိုင်ပါဘူး။)

လှေပေါ်မှာ တစ်ချိန်လုံးမင်ဝူ့နား ကပ်နေသော ဆူအာမှာ မျက်စိဆံပင်မွှေးဆူးလှသည်။ ယွန်းဂျီတို့ကို ဒီလိုဘယ်ကျောလို့ရမလဲ....
"ကိုကို....ကျွန်တော်ဗိုက်ဆာတယ်...."

အသံလေးအားချွဲကာပြောနေသော ယွန်းဂျီမှာ ဆူအာ့အတွက်တော့ ဒေါသထွက်စရာ....
"အကောင်ပေါက် ဆာနေပြီလား... ခဏလေးနော်။"

အိမ်ထဲက ပါလာသောမုန့်ခြောက်အား ထုတ်ကာ သေချာလေးကျွေးနေသော မင်ဝူ။

ဆူအာလဲ အားကျမခံ
"အစ်ကိုမင်ဝူ... ဆူအာလဲ ဗိုက်ဆာတယ်..." မျက်စိလေးပေကလပ်နဲ့ မင်ဝူ့အားပြောလာတော့
"အိပ်ထဲမှာရှိတယ်... ယူစားလိုက်နော်။"

မိမိအား လှည့်ပင်မကြည့် ယွန်းဂျီအား မုန့်သာကျွေးနေသော မင်ဝူ့ကြောင့် ဆူအာဒေါသပါထွက်လာသည်။

ယွန်းဂျီကတော့ အောင်နိုင်သူအကြည့်များနဲ့ ဆူအာ့အား မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။ မိမိအပြစ်နဲ့မိမိမို့လို့ မုန့်ကိုသာ ဆူအောင့်ကာစားနေရသော ဆူအာ။

လေလေးတဖြူးဖြူးနဲ့ စားထားသည့်အရိန်ကြောင့် နောက်ဆုံးတော့ ယွန်းဂျီမျက်လုံးများဆင်းလာသည်။
"ကိုကို ခဏအိပ်လို့ရလား။"
"အိပ်ချင်အိပ်လေ အကောင်ပေါက်..... " မင်ဝူက ပြောလဲပြော ပေါင်ပေါ်သို့ပုတ်ပြလိုက်ပြီး ခေါင်းအုံးဆိုသည် ပုံစံလဲပြတာကြောင့် ယွန်းဂျီလဲနှစ်ခါမတွေးတော့ဘဲ ဆူအာ့အား ခပ်ပြုံးပြုံးလှမ်းကြည့်လိုက်ကာ မင်ဝူ့ပေါင်ပေါ်အိပ်လိုက်သည်။

တစ်ဖက်တွင်တော့ ဒေါသများအတုံးလိုက်မြိုချနေရသော ဆူအာ။
"အစ်ကိုမင်ဝူ ဆူအာခေါင်းမူးလို့...."

နားထင်အားလက်နဲ့ဖိကာ မင်ဝူ့ပုခုံးပေါ်မှီဖို့လုပ်လိုက်ပင်မဲ့ မင်ဝူက အဝတ်ထုပ်အားရှေ့ထားပေးလိုက်ကာ
"အဲ့မှာလှဲအိပ်လိုက် ရောက်ရင်အစ်ကိုနှိုးမယ်..."

"ဟင်..." ဆူအာ့ရဲ့ သွေးနင်သောအသံကို အိပ်မပျော်သေးသော ယွန်းဂျီကကောင်းကောင်းသိသည်။ ဆူအာလဲဆူဆောင့်ဆောင့်နဲ့ အဝတ်အထုပ်ပေါ်ခေါင်းအုံးကာ အိပ်၍လိုက်လာခဲ့ရတော့သည်။
___________________

"ဒုန်ဂျူး....."
"မှန်လှပါမင်းသား....."

"အပြင်သွားရအောင်...." ပြန်ရောက်ထဲက နန်းဆောင်ထဲသာ နေနေသောယောင်ဟိုသည် ခုတလောမှ အရင်လို စကားပြန်ပြောလာခြင်းဖြစ်သည်။ စိတ်ထိခိုက်ပြီးရှက်သွားသောကြောင့် ဒုန်ဂျူးလဲ တော်တော်စိတ်မကောင်းဖြစ်သွားရသည်။

"ဘာကိစ္စရှိလို့ပါလဲ....."
"ဟင်းးးး ဒီလိုပါပဲ....... " သက်ပြင်းရှည်ချကာ ပြောလာသောယောင်ဟို စိတ်ထဲတစ်ခုခုတော့ ဖြစ်နေတုန်းဆိုတာ ဒုန်ဂျူး ရိတ်မိသည်။

"မသွားပါနဲ့ဦးလား မင်းသား.... မင်းသားပျင်းရင် ကျွန်တော်နဲ့ ဓားရေးအတူတူလေ့ကျင့်မလား။" ဒုန်ဂျူး ပြောတာကို သေချာလေးစဥ်းသားလိုက်ပြီးတော့မှ

"အင်းးး မဆိုးဘူး.... ငါလဲခုတလော မလေ့ကျင့်တာကြာနေပြီ...."
"ဒါဆိုရင် ဝတ်ရုံလဲတော့ ကျွန်တော်မျိုး နန်းဆောင်အပြင်မှာ စောင့်နေပါ့မယ်....."

ယောင်ဟို့အားပြောကာ နန်းဆောင်အပြင်ဘက် ဒုန်ဂျူးထွက်စောင့်နေလိုက်သည်။ ဝတ်ရုံလဲပြီးလို့အပြင်ထွက်လာသော ယောင်ဟိုသည် ကြည့်ကောင်းနေသည်ဟု ဒုန်ဂျူး စိတ်ထဲတွင် မှတ်ချက်ပေးနေမိသည်။

နှစ်ယောက်သား ဓားရေးကျင့်တာ တော်တော်အချိန်လဲလင့်လာပြီးမို့ ဒုန်ဂျူးလဲ မင်းသားကိုသတိပေးကာ နန်းဆောင်ကိုပြန်လာခဲ့ကြသည်။

ရေချိုးပြီးလို့ ယောင်ဟိုနားနေသည်အထိ အစစအရာရာ လိုက်လုပ်ပေးနေမိသည့် ဒုန်ဂျူး။ အမှန်ဆို မင်းသားကိုသနားသည်.... မိမိခုတလော သေချာဆန်းစစ်ကြည့်မှ မင်းကြီးသည် ယောင်ဟို့အပေါ်တာဝန်ကျေတယ်ဆိုတာ ထောက်ခံပင်မဲ့ တစ်ချို့ကိစ္စတွေမှာ တာဝန်အရသာလုပ်ပေးနေရသည်လို့ ခံစားမိနေသည်။

မယ်မယ်ကြီးကတော့ မင်းသားအပေါ်ပြောစရာမရှိအောင် အကုန်ဂရုစိုက်ပေးသည်။ ဒါပင်မဲ့ မင်းသားလေးက ဖခင်မေတ္တာငတ်မွတ်နေသည်လို့ ဒုန်ဂျူး ခံစားမိနေသည်။

အိပ်ယာဝင်သည်အထိ အကုန်လိုက်လုပ်ပေးလို့စိတ်ချကာမှာ နန်းဆောင်အပြင်သို့သာ ထွက်လာလိုက်သည်။ နန်းဆောင်အပြင်တွင် ရပ်နေသော မင်သားဒုန်ဂျူး၏အထိန်းတော်နှင့်တွေ့ကာ အထိန်းတော်ကြီးက.........
____________
21.12.2020
Khine Lay

You are reading the story above: TeenFic.Net