💗 11 💗

Background color
Font
Font size
Line height

Zaw

စာအုပ္ေတြဝယ္လာရင္း ေတာ္ေတာ္မ်ားမ်ားလမ္းေလွ်ာက္လိုက္ရတာေၾကာင့္ မင္ဝူလဲ ပင္ပန္းသြားၿပီး မိမိအခန္းထဲသို႔သာ တစ္ခါထဲဝင္လွဲဖို႔ ဆုံးျဖတ္လိုက္သည္။

ညဘက္ေကာင္းကင္ႀကီးေပၚရွိ လ ေလးကလဲတစ္ဝက္သာ ထြန္းလင္းေနတာသည္။ အိပ္ခန္းထဲသို႔ မင္ဝူလဲ လေရာင္ေဖ်ာ့ေဖ်ာ့အား အားကိုးၿပီး ဝင္လွဲလိုက္သည္။

အိပ္ေပ်ာ္လုစဲစဲအခ်ိန္တြင္ မိမိေဘးနားမွ လူတစ္ေယာက္၏ အသက္ရႉသံဖ်င္းဖ်င္းေလးေၾကာင့္ မင္ဝူမွာ အိပ္ခ်င္ေသာစိတ္မ်ားေတာင္ ေပ်ာက္လုမတတ္ျဖစ္သြားသည္။

"ငါၾကားေနရတာ အသက္ရႉသံပါ။ ဒီအိမ္မွာ ငါတစ္ေယာက္ထဲပဲ ရွိတာမဟုတ္ဘူးလား။" လေရာင္ေပ်ာ့ေပ်ာ့ေလးအား အားျပဳၿပီး ေဘးဘက္သို႔ၾကည့္လိုက္ေတာ့

နိမ့္ခ်ည္ျမင့္ခ်ည္တဲ့ ျဖစ္ေနေသာအရာတစ္ခု။ လန့္ျဖန့္ၿပီး ေဘးနားရွိ မီးအိမ္အား မီးညွိလိုက္ၿပီး ေဘးဘက္သို႔ၾကည့္လိုက္ေတာ့ မိမိအား ေက်ာေပးကာ အိပ္ေနေသာလူတစ္ေယာက္....

မီးအိမ္ေလးအား ထိုလူ႕မ်က္ႏွာနားတိုးၾကည့္လိုက္ေတာ့မွ.....
"အေကာင္ေပါက္..... သူ..သူက ဘယ္လိုျဖစ္ၿပီး ဒီအိမ္ေရာက္ေနတာလဲ။"

အိပ္ေပ်ာ္ေနသည္မွာ ေတာ္ေတာ္ႏွစ္ခ်ိဳက္ေနသည္မို႔ မင္ဝူလဲ ႏွိုးဖို႔အားနာသြားသည္။ မီးအိမ္ေလးအားေရွ႕ထားၿပီး အေကာင္ေပါက္ရဲ႕မ်က္ႏွာကို ခုမွေသခ်ာၾကည့္မိသည္။

ေပ်ပ်စ္ေသာႏွာဖူးျပင္ေလးရယ္၊ မမွိန္မေဖ်ာ့မ်က္ခုံးေလးရယ္၊ ရွည္လ်ားေကာ့ဆင္းေနေသာ မ်က္ေတာင္ေလးရယ္ မိန္းကေလးေတာင္အရႈံးေပးရတယ္။

မို႔ၿပီးရဲေနတဲ့ပါးႏွစ္ဖက္ေလးက တကယ္အသည္းယားစရာ။ ခြၽန္ၿပီး အနီေရာင္ေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းပါးေလးကလဲ တကယ္ဆြဲေဆာင္မႈရွိသည္။ ၾကည့္ရင္း သေတြးေတြၿမိဳခ်မိျခင္းေၾကာင့္ မင္ဝူ မိမိကိုယ္ကိုလန့္သြားသည္။ ေရဆာသလိုလိုလဲ ျဖစ္လာတာေၾကာင့္ အေကာင္ေပါက္ဆီက အၾကည့္အျမန္လႊဲလိုက္သည္။

ခုခ်ိန္မွ ဘာထျဖစ္မွန္းမသိေသာ မိမိရင္ဖက္ကိုဖိရင္း သျပင္းခ်မိေသး။ ေလကိုႏွာေခါင္းေပါက္ကေန ျပင္းျပင္းရႉၿပီး ပါးစပ္ကေနမႈတ္ထုတ္မိေနသည္။

မ်က္ႏွာကို မီးေရာင္ထိုးေသာေၾကာင့္ မ်က္ေမွာင္ေလးႀကဳံသြားေသာ အေကာင္ေပါက္ကိုၾကည့္ရင္း ၿပဳံးမိျပန္ေသးသည္။

ဘာလို႔အိမ္ေပၚေရာက္ေနလဲေတာ့ အမွန္ပင္မသိ။ အေကာင္ေပါက္ပုံစံကလဲ လူဆိုး႐ုပ္ေပါက္ဖို႔ေနေနသာသာ ကေလးသာသာ႐ုပ္မို႔ မင္ဝူလဲ ေဘးတြင္သာ ဝင္လွဲ၍ အိပ္လိုက္သည္။

မနက္က်မွပဲ ေမးေတာ့မယ္..........
_________________
"မင္းသားးးး...ကြၽန္ေတာ္ သတ္ေတာ္ေစာင့္ဂ်န္ပါ။" အထိန္းေတာ္ႀကီးက မင္းသားေလးနိုးထဲက အမူးေျပေစရန္ အမူးေျပဟင္းရည္လာပို႔ေသာ္လဲ အဝင္မခံေသာမင္းသားေၾကာင့္ ႀကံရာမရအဆုံး ဒုန္ဂ်ဴးကိုသာ ေခၚလိုက္ျခင္းျဖစ္သည္။

"မင္းသား ေခါင္းကိုက္ေနမွာဆိုးလို႔ အမူးေျပဟင္းရည္ေလးေတာ့ ေသာက္လိုက္ပါေနာ္..." ခုဆိုရင္ ဒုန္ဂ်ဴးရဲ႕ သတ္ေတာ္ေစာင့္ရာထူးကေန ကေလးထိန္းရာထူးသို႔ပင္ ေျပာင္းရမလိုလို။

"မင္းသားးး..... "
"ဝင္ခဲ့။" အေဆာင္ထဲကေန ျပတ္သာသားစကားသံေၾကာင့္ အထိန္းေတာ္ႀကီးသာမက ေဘးက ရန္ေ႐ႊေတာ္အခ်ိဳ႕မွာ ကိုယ္ေလးေတြေတာင္မတ္သြားသည္။

ဒုန္ဂ်ဴးလဲ ဟင္းရည္ထည့္ထားေသာ ဗန္းေလးကိုင္ၿပီး တံခါးကိုအသာအယာဖြင့္ကာ ဝင္သြားလိုက္သည္။ မိမိအားေက်ာေပးကာ အိပ္ေနေသာ မင္းသားေလးေၾကာင့္ ဒုန္ဂ်ဴးစိတ္ပူသြားသည္။

"မင္းသား ဟင္းရည္ေလးေသာက္ၿပီးမွ ျပန္အိပ္ပါလား။" ေစာင္ကိုသာေခါင္းမွီးၿခဳံထားေသာ မင္းသားေယာင္ဟို နဲနဲေလးေတာင္မလႈပ္။

"မင္းသားဝမ္းနည္းစရာရွိမယ္ဆိုလဲေျပာေလ.... ကြၽန္ေတာ္နားေထာင္ေပးနိုင္ပါတယ္။"
ေစာင္ပုံထဲကေန မိမိဘက္သို႔ မ်က္ႏွာမူလာေသာမင္းသားေၾကာင့္ မိမိေျပာတာ အရာဝင္သြားမွန္း ဒုန္ဂ်ဴးသိေတာ့သည္။

အိပ္ယာေပၚကေန ထထိုင္လိုက္ၿပီး လက္ႏွစ္ဖက္ဆန့္ထုတ္ကာ ဟင္းရည္ေတာင္းေနေသာေၾကာင့္ ဒုန္ဂ်ဴးလဲ အလိုက္တသိ လွမ္းေပးလိုက္သည္။

ဟင္းရည္ကို ကုန္ေအာင္ေမာ့ေသာက္ၿပီးေတာ့မွ ေယာင္ဟိုလဲ
"ငါစိတ္မေကာင္းဘူး။"

ေယာင္ဟိုမ်က္ႏွာညွိုးငယ္ေနတာေၾကာင့္ ဒုန္ဂ်ဴးလဲ
"ေျပာျပေလ ကြၽန္ေတာ္မ်ိဳးနားေထာင္ေပးမွာေပါ့။"

"ခမည္းေတာ္က မယ္ေတာ့္ကို မခ်စ္ဖူး...." မ်က္ႏွာေလးက ညွိုးငယ္သြားၿပီး ငိုသံတိတိေလးေၾကာင့္ ဒုန္ဂ်ဴးလဲ
"မင္းသားအထင္လြဲတာေနမွာပါ။ မိဖုရားႀကီး ဇာပနတုန္းကလဲ မင္းႀကီးက ေသခ်ာက်င္းပခဲ့ေပးတာပဲ။"

"ငါေျပာခ်င္တာ အဲ့လိုမဟုတ္ဘူး။ ခမည္းေတာ္က မယ္ေတာ္ရွိစဥ္တုန္းက မယ္ေတာ့္ကိုေကာ ငါ့ကိုေကာ ဂ႐ုစိုက္ပါတယ္။ ဒါပင္မဲ့ ခမည္းေတာ္ရင္ထဲမွာ မယ္ေတာ္မဟုတ္တဲ့ အျခားသူတစ္ဦးရွိေနတယ္။"

"မင္းသားအထင္လြဲတာေနမွာပါ။"
"ငါအထင္မလြဲဘူး။ ငါဒီကိစၥကိုသိတာၾကာပါၿပီ။ ညက အိပ္မက္ထဲ မယ္ေတာ္ကလာေျပာတယ္။ ခမည္းေတာ္တကယ္ခ်စ္တဲ့ မိန္းကေလးတစ္ေယာက္ရွိတယ္တဲ့။

အိပ္မက္မက္လို႔ ခုကိစၥကိုေျပာေနတာမဟုတ္ဘူးေနာ္။ ငါဒီကိစၥကိုသိတာၾကာေနၿပီ။"
မ်က္ႏွာေလးက ညွိုးငယ္စြာေျပာလာေတာ့ ဒုန္ဂ်ဴးလဲ စကားလမ္းေၾကာင္းကို အျမန္လႊဲဖို႔လုပ္လိုက္ရေတာ့သည္။

ဒါမွ မင္းသားေယာင္ဟို စိတ္သက္သာရာရမွာေလ။ ေတာ္ေသးတယ္ ခုေတာ့ ျပန္အိပ္ဦးမယ္ဆိုၿပီး လွဲအိပ္သြားသည္။ ဒီေန႕အဖို႔ေတာ့ မင္းသားေယာင္ဟို စိတ္အေျခအေနမေကာင္းတာ အေသအခ်ာပဲမို႔ ဒုန္ဂ်ဴးလဲ မင္းသားအေဆာင္တြင္သာ ထိုင္ေစာင့္ေပးေနလိုက္သည္။
_____________

ျပတင္းေပါက္ကေန ထိုးလာေသာ ေနအလင္းေရာင္ေၾကာင့္ ဆက္မအိပ္နိုင္ေအာင္ မင္ဝူတစ္ေယာက္နိုးလာသည္။

ေနာက္ေတာ့ မိမိ လက္တစ္ဖက္၏နာက်င္မႈေၾကာင့္ ေဘးဘက္ကိုၾကည့္လိုက္ေတာ့ အေကာင္ေပါက္!! မိမိ၏ လက္ေမာင္းအားေခါင္းဦးသေဘာထားၿပီး အိပ္ေနေလရဲ႕။

ဘယ္ခ်ိန္ထဲက ခုလိုျဖစ္သြားလဲဆိုတာ မိမိလဲ မသိေပ။ မင္ဝူနဲနဲေလးလႈပ္ၿပီး လက္တစ္ဖက္အား ထုတ္ဖို႔လုပ္ေသာအခါ 'အင္းးး' ဆိုၿပီး သံရွည္ဆြဲကာ မင္ဝူရင္ခြင္ထဲကို ပိုတိုးၿပီးအိပ္ေလသည္။

ယြန္းဂ်ီရဲ႕လုပ္ရပ္ေၾကာင့္ မင္ဝူတစ္ကိုယ္လုံးေတာင့္သြားသည္။ နိုးလဲမနိုးေစခ်င္ေသာေၾကာင့္ ေနာက္ဆုံးမင္ဝူပဲ အၾကပ္ရိုက္ေလရဲ႕။

ႀကံရာမရတဲ့အဆုံး ဒီအတိုင္းသာ ၿငိမ္ေနမိလိုက္သည္။

ေနေရာင္ဆူးဆူးေၾကာင့္ ဆက္မအိပ္နိုင္တဲ့အဆုံး မင္ဝူဒီအတိုင္းသာ အေကာင္ေပါက္ကို ၾကည့္ေနမိလိုက္သည္။

"ဟင့္... အင္းး" အလိုမက်စြာ မ်က္ခုံးေလးႏွစ္ဖက္အား ထိလုမတတ္တြန္းခ်ိဳးၿပီး မ်က္လုံးကိုႀကိဳးစားကာ ဖြင့္ၾကည့္လိုက္ေတာ့ မိမိအားေသခ်ာစိုက္ၾကည့္ေနေသာ လူတစ္ေယာက္.....

ယြန္းဂ်ီလဲ လန့္ျဖန့္ကာ ထလိုက္ၿပီး
"အားးး ဘယ္...ဘယ္လိုျဖစ္ၿပီးေတာ့.... ဒီမွာဘာလာလုပ္ေနတာလဲ!!" ေျပာလဲေျပာ လက္ကလဲ တစ္ကိုယ္လုံးမွ အဝတ္အစားမ်ားကို ပိုလုံေအာင္ဖုံးေနေသးးး။

ယြန္းဂ်ီရဲ႕ လုပ္ရပ္ေၾကာင့္ မင္ဝူလဲ ရယ္ခ်င္သြားသည္။ အျပင္ပိုင္းမွာေတာ့

"ဟင္... ခဏေလး တိုးတိုးေျပာပါ။ အဲ့စကားက ငါေမးရမွာမဟုတ္ဖူးလား။"
"ဟာ... ဒါကြၽန္ေတာ့္ေနဖို႔အိမ္ေလ.... "

"ဒါက အမတ္ႀကီးလီအိမ္မဟုတ္ဖူးလား။ ငါက စာသင္ရမွာမို႔ ဒီမွာေနကမွာ။" မင္ဝူ႕စကားေၾကာင့္ ယြန္းဂ်ီလဲ စဥ္းစားမိၿပီး

"အာ.... အမတ္ႀကီးလီက ကြၽန္ေတာ့္အေဖေလ... ဒါနဲ႕ ကိုကိုက စာသင္ေပးမဲ့သူဆိုတာလား။"
"ဟုတ္တာေပါ့ အေကာင္ေပါက္က ငါကသင္ေပးရမဲ့သူေပါ့။"

"ဟြန့္... ေတာ္ေသးတယ္။" ယြန္းဂ်ီရဲ႕ ႏႈတ္ခမ္းေလးဆူၿပီးအေျပာေၾကာင့္ မင္ဝူလဲ ၿပဳံးမိၿပီး
"ဘာလို႔။"

"ေဖေဖေျပာပုံအရ ကြၽန္ေတာ္ထင္တာက စာက်ပိဳးဆိုေတာ့ ႐ုပ္အိုမယ္ထင္တာ။ ဟီးး ခုက်ေတာ့လဲ ေခ်ာတဲ့လူတစ္ေယာက္ဆိုေတာ့ မဆိုးပါဘူးေလ။ "

"ဟင္ စာလုပ္တာ အဲ့တာေတြနဲ႕ဆိုင္လို႔လား။"
"ဟာ..ဆိုင္တာေပါ့။ စာက နဂိုထဲက စိတ္မဝင္စားရတဲ့အထဲ သင္တဲ့လူကပါ ႐ုပ္ဆိုးရင္ စာကိုၾကည့္ခ်င္စိတ္ေတာင္ ရွိမွာမဟုတ္ဖူး။ ခုကေတာ့ ဘာပဲျဖစ္ျဖစ္ ေတာ္ေသးတာေပါ့။"

ယြန္းဂ်ီရဲ႕ အံ့မခမ္းစကားေၾကာင့္ မင္ဝူလဲ မရယ္ဘဲမေနနိုင္ျဖစ္ေလသည္။
"ဟားး အေကာင္ေပါက္ရာ... ဟားး"

"ယြန္းဂ်ီေလးေရ...." ေနာက္ေတာ့ အိမ္ေရွ႕က ေခၚသံၾကားလို႔ထြက္ၾကည့္လိုက္ေတာ့ ယြန္းဂ်ီအိမ္က ထမင္းခ်က္ အေဒၚႀကီးျဖစ္ေနသည္။

လက္ထဲမွာေတာ့ မနက္စာလာပို႔ပုံရသည္။ ႏွစ္ေယာက္သားလဲ မ်က္ႏွာသစ္လိုက္ၿပီး လာပို႔ေသာ မနက္စာကို ေအးေအးေဆးေဆးစားလိုက္ၾကသည္။
______________

"ခမည္းေတာ္..... "
"အင္းးး အဆင္သင့္ျဖစ္ၿပီဆိုလဲ ဂ႐ုစိုက္ၿပီးသြား။"

ဒီမနက္က ေတာင္ပိုင္းတိုင္းျပည္ကို မင္းသားေယာင္ဟိုတို႔ သြားရေတာ့မွာ။ အမွန္ဆို ေယာင္ဟိုက မင္းႀကီးအား ေမးစရာရွိေသာ္လဲ ဖခင္၏ စကားေၾကာင့္ ျပန္မေျပာေတာ့ဘဲ လွည့္ျပန္ထြက္လာခဲ့လိုက္သည္။

ျမင္းေပၚေရာက္သည္အထိ မိမိအားလိုက္ပို႔ေသာသာသည္ မယ္ေတာ္ႀကီး( ေယာင္ဟို၏ အဖြား) သာျဖစ္သည္။ မယ္ေတာ္ႀကီးအားႏႈတ္ဆက္ၿပီး ခရီးဦးတည္ရာဆီသို႔သာ ေယာင္ဟို စိတ္ႏွစ္လိုက္သည္။

မနက္ထဲက မ်က္ႏွာမေကာင္းေသာ မင္းသားေယာင္ဟိုကို ဒုန္ဂ်ဴးအကဲခတ္မိသည္။ အေၾကာင္းအရင္းမွာလဲ လြန္ခဲ့တဲ့ေန႕တုန္းကေျပာျပတဲ့ အေၾကာင္းပဲဆိုတာသိတာမို႔ ဒုန္ဂ်ဴးလဲ ထက္မေမးေတာ့ေပ။

မင္းႀကီးသည္ မိဖုရားအား ေမတၱာရွိသည္ဟူေသာ ကိစၥကို မင္းသားေယာင္ဟိုကိုလဲ ယုံၾကည္ေစခ်င္သည္။
_______________
7.12.2020
Khine Lay

Uni

စာအုပ်တွေဝယ်လာရင်း တော်တော်များများလမ်းလျှောက်လိုက်ရတာကြောင့် မင်ဝူလဲ ပင်ပန်းသွားပြီး မိမိအခန်းထဲသို့သာ တစ်ခါထဲဝင်လှဲဖို့ ဆုံးဖြတ်လိုက်သည်။

ညဘက်ကောင်းကင်ကြီးပေါ်ရှိ လ လေးကလဲတစ်ဝက်သာ ထွန်းလင်းနေတာသည်။ အိပ်ခန်းထဲသို့ မင်ဝူလဲ လရောင်ဖျော့ဖျော့အား အားကိုးပြီး ဝင်လှဲလိုက်သည်။

အိပ်ပျော်လုစဲစဲအချိန်တွင် မိမိဘေးနားမှ လူတစ်ယောက်၏ အသက်ရှူသံဖျင်းဖျင်းလေးကြောင့် မင်ဝူမှာ အိပ်ချင်သောစိတ်များတောင် ပျောက်လုမတတ်ဖြစ်သွားသည်။

"ငါကြားနေရတာ အသက်ရှူသံပါ။ ဒီအိမ်မှာ ငါတစ်ယောက်ထဲပဲ ရှိတာမဟုတ်ဘူးလား။" လရောင်ပျော့ပျော့လေးအား အားပြုပြီး ဘေးဘက်သို့ကြည့်လိုက်တော့

နိမ့်ချည်မြင့်ချည်တဲ့ ဖြစ်နေသောအရာတစ်ခု။ လန့်ဖြန့်ပြီး ဘေးနားရှိ မီးအိမ်အား မီးညှိလိုက်ပြီး ဘေးဘက်သို့ကြည့်လိုက်တော့ မိမိအား ကျောပေးကာ အိပ်နေသောလူတစ်ယောက်....

မီးအိမ်လေးအား ထိုလူ့မျက်နှာနားတိုးကြည့်လိုက်တော့မှ.....
"အကောင်ပေါက်..... သူ..သူက ဘယ်လိုဖြစ်ပြီး ဒီအိမ်ရောက်နေတာလဲ။"

အိပ်ပျော်နေသည်မှာ တော်တော်နှစ်ချိုက်နေသည်မို့ မင်ဝူလဲ နှိုးဖို့အားနာသွားသည်။ မီးအိမ်လေးအားရှေ့ထားပြီး အကောင်ပေါက်ရဲ့မျက်နှာကို ခုမှသေချာကြည့်မိသည်။

ပျေပျစ်သောနှာဖူးပြင်လေးရယ်၊ မမှိန်မဖျော့မျက်ခုံးလေးရယ်၊ ရှည်လျားကော့ဆင်းနေသော မျက်တောင်လေးရယ် မိန်းကလေးတောင်အရှုံးပေးရတယ်။

မို့ပြီးရဲနေတဲ့ပါးနှစ်ဖက်လေးက တကယ်အသည်းယားစရာ။ ချွန်ပြီး အနီရောင်ဖျော့ဖျော့နှုတ်ခမ်းပါးလေးကလဲ တကယ်ဆွဲဆောင်မှုရှိသည်။ ကြည့်ရင်း သတွေးတွေမြိုချမိခြင်းကြောင့် မင်ဝူ မိမိကိုယ်ကိုလန့်သွားသည်။ ရေဆာသလိုလိုလဲ ဖြစ်လာတာကြောင့် အကောင်ပေါက်ဆီက အကြည့်အမြန်လွှဲလိုက်သည်။

ခုချိန်မှ ဘာထဖြစ်မှန်းမသိသော မိမိရင်ဖက်ကိုဖိရင်း သပြင်းချမိသေး။ လေကိုနှာခေါင်းပေါက်ကနေ ပြင်းပြင်းရှူပြီး ပါးစပ်ကနေမှုတ်ထုတ်မိနေသည်။

မျက်နှာကို မီးရောင်ထိုးသောကြောင့် မျက်မှောင်လေးကြုံသွားသော အကောင်ပေါက်ကိုကြည့်ရင်း ပြုံးမိပြန်သေးသည်။

ဘာလို့အိမ်ပေါ်ရောက်နေလဲတော့ အမှန်ပင်မသိ။ အကောင်ပေါက်ပုံစံကလဲ လူဆိုးရုပ်ပေါက်ဖို့နေနေသာသာ ကလေးသာသာရုပ်မို့ မင်ဝူလဲ ဘေးတွင်သာ ဝင်လှဲ၍ အိပ်လိုက်သည်။

မနက်ကျမှပဲ မေးတော့မယ်..........
_________________
"မင်းသားးးး...ကျွန်တော် သတ်တော်စောင့်ဂျန်ပါ။" အထိန်းတော်ကြီးက မင်းသားလေးနိုးထဲက အမူးပြေစေရန် အမူးပြေဟင်းရည်လာပို့သော်လဲ အဝင်မခံသောမင်းသားကြောင့် ကြံရာမရအဆုံး ဒုန်ဂျူးကိုသာ ခေါ်လိုက်ခြင်းဖြစ်သည်။

"မင်းသား ခေါင်းကိုက်နေမှာဆိုးလို့ အမူးပြေဟင်းရည်လေးတော့ သောက်လိုက်ပါနော်..." ခုဆိုရင် ဒုန်ဂျူးရဲ့ သတ်တော်စောင့်ရာထူးကနေ ကလေးထိန်းရာထူးသို့ပင် ပြောင်းရမလိုလို။

"မင်းသားးး..... "
"ဝင်ခဲ့။" အဆောင်ထဲကနေ ပြတ်သာသားစကားသံကြောင့် အထိန်းတော်ကြီးသာမက ဘေးက ရန်ရွှေတော်အချို့မှာ ကိုယ်လေးတွေတောင်မတ်သွားသည်။

ဒုန်ဂျူးလဲ ဟင်းရည်ထည့်ထားသော ဗန်းလေးကိုင်ပြီး တံခါးကိုအသာအယာဖွင့်ကာ ဝင်သွားလိုက်သည်။ မိမိအားကျောပေးကာ အိပ်နေသော မင်းသားလေးကြောင့် ဒုန်ဂျူးစိတ်ပူသွားသည်။

"မင်းသား ဟင်းရည်လေးသောက်ပြီးမှ ပြန်အိပ်ပါလား။" စောင်ကိုသာခေါင်းမှီးခြုံထားသော မင်းသားယောင်ဟို နဲနဲလေးတောင်မလှုပ်။

"မင်းသားဝမ်းနည်းစရာရှိမယ်ဆိုလဲပြောလေ.... ကျွန်တော်နားထောင်ပေးနိုင်ပါတယ်။"
စောင်ပုံထဲကနေ မိမိဘက်သို့ မျက်နှာမူလာသောမင်းသားကြောင့် မိမိပြောတာ အရာဝင်သွားမှန်း ဒုန်ဂျူးသိတော့သည်။

အိပ်ယာပေါ်ကနေ ထထိုင်လိုက်ပြီး လက်နှစ်ဖက်ဆန့်ထုတ်ကာ ဟင်းရည်တောင်းနေသောကြောင့် ဒုန်ဂျူးလဲ အလိုက်တသိ လှမ်းပေးလိုက်သည်။

ဟင်းရည်ကို ကုန်အောင်မော့သောက်ပြီးတော့မှ ယောင်ဟိုလဲ
"ငါစိတ်မကောင်းဘူး။"

ယောင်ဟိုမျက်နှာညှိုးငယ်နေတာကြောင့် ဒုန်ဂျူးလဲ
"ပြောပြလေ ကျွန်တော်မျိုးနားထောင်ပေးမှာပေါ့။"

"ခမည်းတော်က မယ်တော့်ကို မချစ်ဖူး...." မျက်နှာလေးက ညှိုးငယ်သွားပြီး ငိုသံတိတိလေးကြောင့် ဒုန်ဂျူးလဲ
"မင်းသားအထင်လွဲတာနေမှာပါ။ မိဖုရားကြီး ဇာပနတုန်းကလဲ မင်းကြီးက သေချာကျင်းပခဲ့ပေးတာပဲ။"

"ငါပြောချင်တာ အဲ့လိုမဟုတ်ဘူး။ ခမည်းတော်က မယ်တော်ရှိစဥ်တုန်းက မယ်တော့်ကိုကော ငါ့ကိုကော ဂရုစိုက်ပါတယ်။ ဒါပင်မဲ့ ခမည်းတော်ရင်ထဲမှာ မယ်တော်မဟုတ်တဲ့ အခြားသူတစ်ဦးရှိနေတယ်။"

"မင်းသားအထင်လွဲတာနေမှာပါ။"
"ငါအထင်မလွဲဘူး။ ငါဒီကိစ္စကိုသိတာကြာပါပြီ။ ညက အိပ်မက်ထဲ မယ်တော်ကလာပြောတယ်။ ခမည်းတော်တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ရှိတယ်တဲ့။

အိပ်မက်မက်လို့ ခုကိစ္စကိုပြောနေတာမဟုတ်ဘူးနော်။ ငါဒီကိစ္စကိုသိတာကြာနေပြီ။"
မျက်နှာလေးက ညှိုးငယ်စွာပြောလာတော့ ဒုန်ဂျူးလဲ စကားလမ်းကြောင်းကို အမြန်လွှဲဖို့လုပ်လိုက်ရတော့သည်။

ဒါမှ မင်းသားယောင်ဟို စိတ်သက်သာရာရမှာလေ။ တော်သေးတယ် ခုတော့ ပြန်အိပ်ဦးမယ်ဆိုပြီး လှဲအိပ်သွားသည်။ ဒီနေ့အဖို့တော့ မင်းသားယောင်ဟို စိတ်အခြေအနေမကောင်းတာ အသေအချာပဲမို့ ဒုန်ဂျူးလဲ မင်းသားအဆောင်တွင်သာ ထိုင်စောင့်ပေးနေလိုက်သည်။
_____________

ပြတင်းပေါက်ကနေ ထိုးလာသော နေအလင်းရောင်ကြောင့် ဆက်မအိပ်နိုင်အောင် မင်ဝူတစ်ယောက်နိုးလာသည်။

နောက်တော့ မိမိ လက်တစ်ဖက်၏နာကျင်မှုကြောင့် ဘေးဘက်ကိုကြည့်လိုက်တော့ အကောင်ပေါက်!! မိမိ၏ လက်မောင်းအားခေါင်းဦးသဘောထားပြီး အိပ်နေလေရဲ့။

ဘယ်ချိန်ထဲက ခုလိုဖြစ်သွားလဲဆိုတာ မိမိလဲ မသိပေ။ မင်ဝူနဲနဲလေးလှုပ်ပြီး လက်တစ်ဖက်အား ထုတ်ဖို့လုပ်သောအခါ 'အင်းးး' ဆိုပြီး သံရှည်ဆွဲကာ မင်ဝူရင်ခွင်ထဲကို ပိုတိုးပြီးအိပ်လေသည်။

ယွန်းဂျီရဲ့လုပ်ရပ်ကြောင့် မင်ဝူတစ်ကိုယ်လုံးတောင့်သွားသည်။ နိုးလဲမနိုးစေချင်သောကြောင့် နောက်ဆုံးမင်ဝူပဲ အကြပ်ရိုက်လေရဲ့။

ကြံရာမရတဲ့အဆုံး ဒီအတိုင်းသာ ငြိမ်နေမိလိုက်သည်။

နေရောင်ဆူးဆူးကြောင့် ဆက်မအိပ်နိုင်တဲ့အဆုံး မင်ဝူဒီအတိုင်းသာ အကောင်ပေါက်ကို ကြည့်နေမိလိုက်သည်။

"ဟင့်... အင်းး" အလိုမကျစွာ မျက်ခုံးလေးနှစ်ဖက်အား ထိလုမတတ်တွန်းချိုးပြီး မျက်လုံးကိုကြိုးစားကာ ဖွင့်ကြည့်လိုက်တော့ မိမိအားသေချာစိုက်ကြည့်နေသော လူတစ်ယောက်.....

ယွန်းဂျီလဲ လန့်ဖြန့်ကာ ထလိုက်ပြီး
"အားးး ဘယ်...ဘယ်လိုဖြစ်ပြီးတော့.... ဒီမှာဘာလာလုပ်နေတာလဲ!!" ပြောလဲပြော လက်ကလဲ တစ်ကိုယ်လုံးမှ အဝတ်အစားများကို ပိုလုံအောင်ဖုံးနေသေးးး။

ယွန်းဂျီရဲ့ လုပ်ရပ်ကြောင့် မင်ဝူလဲ ရယ်ချင်သွားသည်။ အပြင်ပိုင်းမှာတော့

"ဟင်... ခဏလေး တိုးတိုးပြောပါ။ အဲ့စကားက ငါမေးရမှာမဟုတ်ဖူးလား။"
"ဟာ... ဒါကျွန်တော့်နေဖို့အိမ်လေ.... "

"ဒါက အမတ်ကြီးလီအိမ်မဟုတ်ဖူးလား။ ငါက စာသင်ရမှာမို့ ဒီမှာနေကမှာ။" မင်ဝူ့စကားကြောင့် ယွန်းဂျီလဲ စဥ်းစားမိပြီး

"အာ.... အမတ်ကြီးလီက ကျွန်တော့်အဖေလေ... ဒါနဲ့ ကိုကိုက စာသင်ပေးမဲ့သူဆိုတာလား။"
"ဟုတ်တာပေါ့ အကောင်ပေါက်က ငါကသင်ပေးရမဲ့သူပေါ့။"

"ဟွန့်... တော်သေးတယ်။" ယွန်းဂျီရဲ့ နှုတ်ခမ်းလေးဆူပြီးအပြောကြောင့် မင်ဝူလဲ ပြုံးမိပြီး
"ဘာလို့။"

"ဖေဖေပြောပုံအရ ကျွန်တော်ထင်တာက စာကျပိုးဆိုတော့ ရုပ်အိုမယ်ထင်တာ။ ဟီးး ခုကျတော့လဲ ချောတဲ့လူတစ်ယောက်ဆိုတော့ မဆိုးပါဘူးလေ။ "

"ဟင် စာလုပ်တာ အဲ့တာတွေနဲ့ဆိုင်လို့လား။"
"ဟာ..ဆိုင်တာပေါ့။ စာက နဂိုထဲက စိတ်မဝင်စားရတဲ့အထဲ သင်တဲ့လူကပါ ရုပ်ဆိုးရင် စာကိုကြည့်ချင်စိတ်တောင် ရှိမှာမဟုတ်ဖူး။ ခုကတော့ ဘာပဲဖြစ်ဖြစ် တော်သေးတာပေါ့။"

ယွန်းဂျီရဲ့ အံ့မခမ်းစကားကြောင့် မင်ဝူလဲ မရယ်ဘဲမနေနိုင်ဖြစ်လေသည်။
"ဟားး အကောင်ပေါက်ရာ... ဟားး"

"ယွန်းဂျီလေးရေ...." နောက်တော့ အိမ်ရှေ့က ခေါ်သံကြားလို့ထွက်ကြည့်လိုက်တော့ ယွန်းဂျီအိမ်က ထမင်းချက် အဒေါ်ကြီးဖြစ်နေသည်။

လက်ထဲမှာတော့ မနက်စာလာပို့ပုံရသည်။ နှစ်ယောက်သားလဲ မျက်နှာသစ်လိုက်ပြီး လာပို့သော မနက်စာကို အေးအေးဆေးဆေးစားလိုက်ကြသည်။
______________

"ခမည်းတော်..... "
"အင်းးး အဆင်သင့်ဖြစ်ပြီဆိုလဲ ဂရုစိုက်ပြီးသွား။"

ဒီမနက်က တောင်ပိုင်းတိုင်းပြည်ကို မင်းသားယောင်ဟိုတို့ သွားရတော့မှာ။ အမှန်ဆို ယောင်ဟိုက မင်းကြီးအား မေးစရာရှိသော်လဲ ဖခင်၏ စကားကြောင့် ပြန်မပြောတော့ဘဲ လှည့်ပြန်ထွက်လာခဲ့လိုက်သည်။

မြင်းပေါ်ရောက်သည်အထိ မိမိအားလိုက်ပို့သောသာသည် မယ်တော်ကြီး( ယောင်ဟို၏ အဖွား) သာဖြစ်သည်။ မယ်တော်ကြီးအားနှုတ်ဆက်ပြီး ခရီးဦးတည်ရာဆီသို့သာ ယောင်ဟို စိတ်နှစ်လိုက်သည်။

မနက်ထဲက မျက်နှာမကောင်းသော မင်းသားယောင်ဟိုကို ဒုန်ဂျူးအကဲခတ်မိသည်။ အကြောင်းအရင်းမှာလဲ လွန်ခဲ့တဲ့နေ့တုန်းကပြောပြတဲ့ အကြောင်းပဲဆိုတာသိတာမို့ ဒုန်ဂျူးလဲ ထက်မမေးတော့ပေ။

မင်းကြီးသည် မိဖုရားအား မေတ္တာရှိသည်ဟူသော ကိစ္စကို မင်းသားယောင်ဟိုကိုလဲ ယုံကြည်စေချင်သည်။
_______________
7.12.2020
Khine Lay

You are reading the story above: TeenFic.Net