ကလေးနှင့်စားသောက်ခဲ့ ရုပ်ရှင်ကြည့်ခဲ့သောပျော်ရွင်မှုတို့သည်ခြံဝင်းထဲဝင်လာစဉ်စိုမိုးကားကို ထရကြမ်းထွက်လာတာကြောင့်ဘေးကပ်ရပ်ကာ လမ်းဖယ်ပေးလိုက်သည်။
"ဘယ်လိုဖြစ်တာလည်းစိုမိုး မင်း ရိုင်းလှချည်လား"
သူပြောတာကို စိုးမိုးဘာမှပြန်မပြောခဲ့ အရင်ညနေဘက်ယွန်း ပြန်ရောက်ချိန်ကိုစောင့်၍ သူ့ ဆီမှမုန့်ဖိုးကို
မရရအောင်ကပ်တောင်းနေကျ စိုမိုးခုတော့
မျက်ထောင့်ကြီးနီ၍ ယွန်း ကိုယောင်လို့တောင်မှ
ကြည့်မသွားပါ။ခြံတကားကိုဦးဘသောင်းလာဖွင့်ပေးတော့ အထဲသို့ဝင်လိုက်သည်။
"သမီး...မာမီတို့ဆီလာဦး"
ဧည်ခံကိုကျော်၍ အတွင်းအိမ်ခန်းထဲဝင်မယ်လုပ်သော
ယွန်း ခြေလှမ်းတို့သည်မာမီအသံကြောင့်တုံ့ခနဲ့ရပ်လိုက်သည်။ဘေးကိုငဲ့၍ကြည့်တော့မာမီနဲ့ဒယ်ဒိ ခက်ထန်သောမျက်နှာထားကိုမြင်၍ ရင်ထဲတစ်လှပ်လှပ်အခုန်မြန်လာသည်။ပြသနာတစ်ခုတော့ဖြစ်ပြီဟု စိတ်ထဲတွင်ထင်ကာ တုံနှေးသောခြေလှမ်းအစုံဖြင့်မာမီနှင့်ဘေးတိုက်အနေအထားဆိုဖာမှာဝင်ထိုင်သည်။
"သမီး ဒီနေ့ဘယ်သွားလဲ"
မေးလာသော မာမီလေးသံသည်ခက်ထန်လွန်းသည်ဟုထင်သည်။မာမီကိုပြန်မကြည့်ရဲသော်လည်း မာမီရဲ့စူးရှုတဲ့မျက်ဝန်းအစုံက သူ့ကိုစူးစိုက်စွာကြည့်မှန်း သိနေသည်။
"ဆေးရုံကဘဲ ပြန်လာတာမာမီ"
မျက်နာအောက်ငုံလျှက်ပြန်ဖြေသော ယွန်း လေသံသည်ကိုယ်ကိုယ်တိုင်ပင်ပြန်မကြားရအောင်တိုးငြင်းလေသလားမသိ။
"ဘာပြောတယ်သမီး"
ဟုထက်ကာမေးသော မာမီလေသံကိုပြန်ကြားရသည်။
"ဘယ်မှမသွားပါဘူးပြောတာပါမာမီ"
"မာမီကို မလိမ်နဲ့နော်သမီးဘာတွေလုပ်နေတယ်ဆိုတာ မာမီအကုန်သိပြီပြီ လူကြားလိုမှမကောင်း သမီးကောင်မလေးတစ်ယောက်နဲ့ ရုပ်ရှင်ကြည့်ခဲ့တယ်မဟုတ်လား ပြီးတော့အဲ့ကောင်မလေးနဲ့သမီးက"
မာမီလေသံသည်နားထဲကို ဗုံးတစ်လုံးလို ဝင်ရောက်ပြီး နားစည်များကိုဆောင့်သွားသလို ငုံ့နေသောခေါင်ကို
ဆက်ခနဲမတ်ပြီး
"မဟုတ်ဘူး မာမီ မဟုတ်ဘူး"
"လိမ်တာညာတာ မာမီမကြိုက်ဘူးဆိုတာ သမီးသိ
တယ်နော်"
ခေါင်ကိုညိတ်ပြသည်။ဒယ်ဒိကဆေးလိပ်ပြာခွက်ထဲကို ပြာများခါချနေသည်မှာ ပုံမှန်ထက်ကျယ်လောင်နေသည်ဟုထင်မိသည်။
"လှိုင်းကားနဲ့စသွားတဲ့နေကတည်းကနောက်ယောင်ခံ
လူလွတ်ပြီး စုံစမ်းခိုင်းပြီးသား အဲ့လူက သမီးနဲ့ကောင်မလေးတစ်ယောက်တစ်ပူးတစ်တွဲအမြဲတွေ့တယ်ပြောတယ်အစပိုင်းကသူငယ်ချင်းပါလေဆိုပြီးခွင့်ပြုထားတာ စိုးမိုးပြောမှသိလိုက်ရတယ်မာမီဖြင့်ကြားကြားခြင်းယုံတောင်မယုံနိုင်ဘူး လက်မခံနိုင်တဲ့ကိတ်စတွေ သမီးလုပ်နေတာလား"
"ဆောရီးပါမာမီ သမီး လည်းအခုလိုအခြေအနေတွေရောက်လာမယ်မတွေးမိဘူးပါ ရှက်လည်းရှက်မိပါတယ်သိုပင်မဲ့ရှေ့မျက်နာနောက်ထားပြီး ယွန်း ပြောပရစေ... သူမကိုမြတ်မြတ်နိုးနိုးနဲ့ချစ်တာပါမာမီ"
ထိုင်ရာမှမာမီဝုန်းခနဲ့ ထရပ်လိုက်တယ်
"သမီး ဒီလာက်မိုက်တွင်းနက်မှန်း တကယ်မထင်ထားဘူးငါတော့သမက်မရဘဲချွေးမရတဲ့အဖြစ်လူကြားလို့ကောင်းရဲ့လား"
"နေစမ်းပါဦးကွာ ခုကိစ္စကကသာမန်မဟုတ်ဘူး အဲ့တော့ကိုယ့်သမီးရဲ့အခြေအနေကိုသေသေချာချာ
မေးစမ်းပါရစေဦး"
မာမီမျက်နာ တစ်ဖက်သို့ဆက်ခနဲ လှည့်သွားသည်။ထောက်ထားတဲ့ခါးမှ လက်ကိုလည်းပြန်မချသေး။
"ဒယ်ဒိမွေးထားတဲ့သမီးက မိန်းကလေးချင်းစိတ်ဝင်စားတာလား ဒယ်ဒီမသိခဲ့တာတော့ စိတ်မကောင်းဘူး"
"မဟုတ်ဘူးဒယ်ဒိ သမီး စိတ်ဝင်စားခဲ့တဲ့သူက မိန်းကလေးဖြစ်နေခဲ့တာပါ"
"ဘာ"
"တောင်း...တောင်းပန်ပါတယ်ဒယ်ဒီ"
"ဘယ်သူလည်း ဘာလုပ်သလဲ သူ့မိဘတွေကကောဘယ်
လိုအဆင့်လည်း ဒယ်ဒိကိုမှန်မှန်ပြောစမ်း"
ဒယ်ဒိကအေးဆေးတည်ငြိမ်စွာနဲ့မေးတယ်
"နာမည်က ရွက်နုစိမ်းပါနေတာကမိန်းကလေးအဆောင်မှာ"
ပြောနေသည့်စကားကိုခေတ္တရပ်ပြီးဒယ်ဒိဆီ အကြည့်ရောက်တော့
"ဆက်ပြော"
"ကလေး အဲ့....ရွက်နုက နိုင်ငံခြားကုမ္မဏီမှာ ဘာသာပြန်ဂိုဏ်လုပ်နေတာပါ ဒယ်ဒိ သူမီဘတွေကဘယ်သူဆိုတာတော့ မသိရသေးဘူး"
"သမီးမေးမကြည့်ဘူးလား"
"စကားမစပ်မိလို့မေးမကြည့်မိတာဒယ်ဒိ ဒါပင်မဲ့ သူပုံစံကြည့်ရင်တော့ဒယ်ဒိတို့လိုအသိုင်းအဝိုင်းကလို့ဘဲ ယွန်း ထင်မိပါတယ်"
"ကြားလား ရှင့်သမီးက ဘာမှရေရေရာရာကိုမသိတာအခုလိုခေတ်ပျက်ထဲမှာ ဒီလိုကိတ်စတွေဖန်တီးပြီး ပိုက်ဆံတောင်းတဲ့သူတွေကမှတစ်ပုံကြီး အရှက်တစ်ကွဲဖြစ်ခြင်နေတာရှင်ကြီးသမီးက"
"မဟုတ်ဘူး မာမီ သူ....."
"တိတ်ကြစမ်း သမီးကိတ်စငါဖြေရှင်းမယ်မင်းပါလာရင်ဒေါသကြီးတာနဲ့မဖြစ်သင့်တာတွေဖြစ်ကုန်မယ်
သမီးအဲ့ကောင်မလေးကိုအိမ်ခေါ်လာခဲ့ ဒယ်ဒိ
လက်မခံခြင်ပင်မဲ့ သမီးဆန္နရှိနေတော့ အကဲခတ်
ကြည့်မယ်"
"အို ..ရှင်ပါရှုးနေပြီး"
ဒယ်ဒိစကားကြောင့်ပျော်သွားကာ ခွန်အားတွေအလိုလိုတိုးတက်လာသည်ပင်ထင်ရသည်။မာမီဘက်ကလက်မခံနိုင်သေးပင်မဲ့ ဒယ်ဒီကတော့အနည်းငယ်စစ်ကူရသည်။စိတ်ထဲ မှာတော့စိုးမိုးကို ကျိန်ဆဲနေမိတယ်ဒီကိတ်စဒင်း ကလေးကိုမရလို့ တမြင်ဝင်ညောင့်တာ။အချစ်နဲ့ပတ်သတ်လာရင်တော့မောင်တွေဘာတွေနားမလည်။ဒယ်ဒိတို့ကို အားနာပင်မဲ့လည်း ကိုယ်တိုင်ကကလေးမှကလေးဖြစ်နေတာကြောင့်ကိုယ်ကိုကိုဘဲပြန်အပြစ်တင်ရမည်။ခုချိန်များ မ အပါးမှာကလေးသာရှိနေခဲ့လျှင်.....
*********
မျက်နှာကိုပုတ်ခတ်သွားသောလေကြောင့်အေးစက်သောအထိတွေ့ကိုခံစားရနေရသော်လည်း ပြတင်းပေါက်တံခါးကိုမပိတ်မိ။
ကောင်းကင်ပေါ်ကပြည်လုလုလကို ယွန်း မျက်တောင်မခတ်ငေးစိုက်စွာကြည့်ရင်း ဒိအချိန်ဆိုကလေးတစ်ယောက်အပူအပင်ကင်းစွာအိပ်နေလောက်ပြီဟုထင်ကာ မျက်တောင်တစ်ချက်အခတ်မှာ ပါးပြင်မို့မို့ပေါ်မှာမျက်ရည်တစ်စက်လွင်ကြလာသည်။နံနက်အလင်းရောင်ကိုတွေ့ခြင်လာပြီ ဒါမှအလင်းရောင်နှင့်အတူ ကလေးကိုတွေ့မှပြောခြင်သည့်ရင်ထဲကစကားတွေကိုအတိုးချ၍ပြောမည်ဖြစ်သည်.....
မနက်ရောက်သည့်အထိ တစ်မှေးမှအိပ်လို့မပျော်
ကလေးစောင့်နေကြကားဂိတ်ကို သူ့ထက်ဦးစွာ အရင်ရောက်နေပြီ။
အတန်ကြာ သူမရောက်လာတယ်အဖြူရောင်ရှုပ်အင်းကျီကိုဒူးအထက်ဂျင်းစကပ်လေးထဲထည့်ကာ စမတ်ကျကျဝတ်ဆင်ထားပြီး ယွန်း ကိုလည်းမြင်တော့
"မ....စောလှချည်လား"
"အင်း"
ကားလာတော့ ကားပေါ်အလျင်တက်လိုက်သည်။ကားစီးလာစဉ်တစ်လျှောက်လုံး သုန်ရဲ့ညိုးရော်နေသော မျက်နာထားကို ကလေးကတစ်ချက်ချက်ဝေ့ကြည့်လို့
"ဆေးရုံထဲ ခနနေမှဝင်မယ်ဟိုရှေ့နားမှခနလောက်ထိုင်ပြီးစကားပြောရအောင်ကလေး အလုပ်ချိန်မှီတယ်မလား"
"စိမ်း ကရတယ်မ ဘာဖြစ်နေတာသာပြော တစ်လမ်းလုံးမျက်နာလည်းမကောင်းဘူး"
ဒါနဲ့ဆိုသူမမေးတာတတိယအကြိမ်မြောက်ရှိပြီ။ယွန်း ပြောမည်ပြင်လိုက်သောစကားတို့က လည်ချောင်းဝမှာပင်တစ်ဆို့လို့နေဧ။်။အတန်ကြာမှ.....
"မာမီတို့သိသွားပြီ"
"ရှင်"....
"ကလေးမှတ်မိမလားမသိဘူးမောင်လေးစိုးမိုးကို"
"အင်း"
"သူ မတို့အကြောင့်စုံစမ်းပြီး မာမီတို့ကိုတိုင်တယ်"
"အဓိပ္ပါယ်မရှိဘူး..မ"
"သိပ်ရှိတယ်သူလိုက်ပို့ပြင်တဲ့မိန်းကလေးက မရဲ့ကောင်
မလေးဖြစ်နေလို့ဘဲ"
သက်ပြင်းမောကို တိတ်တခိုးချမိ၏။
"အစက မလဲငယ်ငယ်ကလို မာမီထပြီးများရိုက်မလားလို့ကြောက်နေမိတာ ဒါတောင်ဒယ်ဒီကယ်လို့ မာမီကသိပ်ဒေါသကြီးတာ သူစိတ်ဆိုးပြီဆို ပတ်ဝန်းကျင်ကို ဘာမှမြင်တော့တာမဟုတ်ဘူးသိလား ကိုယ်မှန်တယ်ထင်စွတ်လုပ်တာဘဲ အဲ့လိုမာမီကို အတိုက်အခံတွေလုပ်ပြီး
ကလေးကိုချစ်တာပါလို့ ရဲရဲကြီးပြောလိုက်မိတယ်
ဘယ်ကသတ္တိတွေရလာလည်းမသိဘူးနော်"
ပြုံးဟန်ပါသောမျက်နာထားလေးနဲ့ ယွန်း ပြော
လိုက်သည်။
"ကလေး ဘာဖြစ်နေတာလဲဟင်မပြောတာစိတ်မဝင်
စားသလိုကြီး"
သူ့လက်မောင်းလေးကို လှုပ်ခါလျှက်စိတ်မရှည်စွာမေးလာတဲ့ မကြောင့်..
"မပြောတာ စိတ်မဝင်စားလို့မဟုတ်ပါဘူး စဉ်းစားနေလို့ပါ"
မလှုပ်မယှက်ဖြစ်နေသောသူကိုဘေးတိုက်အနေအထားကြည့်လျှက်မ စကားကြောင့်စိတ်ရှုပ်ထွေးသွားလား ဒါမှမဟုတ်စိုမိုးကိုဘဲမကျေမနပ်ဖြစ်နေသလား ကလေးကိုပြောပြလိုက်တာမှားချေပြီ။အခုချိန်ထိကလေးသည်သူအကြောင်းတစ်ခွန်းမဟသေး သူမနဲ့ချစ်သူစဖြစ်တုန်းကလည်း မိဘတွေဘယ်မှာနေသည်ကိုမေးခဲ့ဘူးသည်။အဲ့တုန်းက သူမကစကားလမ်းကြောင်းလွဲဖယ်မှုကြောင့်စကားပြတ်ကာဆက်မမေးဖြစ်ခဲ့။မေးတဲ့အချိန်တိုင်း သူမမျက်နာပျက်သွားတာကြောင့်ယွန်း ဆက်မမေးခဲ့ပါ။ခု ဒုတိယအကြိမ်ကလေး သက်ပျင်းခိုခိုးချနေတာ ယွန်း မသိဘူးများမှတ်သမလား မသိ။သူမကို ယွန်းသည်မျက်နာတစ်ချက်အညိုးအ
ပျက်မခံအောင်ချစ်ခဲ့သူပါ။
"ကလေး ကိုသိပ်ချစ်တာဘဲ"
"မရယ်..."
ညိုးငယ်သွားတဲ့ သူမမျက်နှာလေးကိုစိုက်ကြည့်မိသည်။
ဒီတစ်ခါအကြည့်တို့သည်တစ်ယောက်နဲ့တစ်ယောက်အားကိုယုံစားလိုစိတ်များ တဖွားဖွားပေါ်လာခဲ့သည်ကို ထုတ်မပြောကြတော့ဘဲ ရင်ထဲမှာသာ သိုဝှက်၍ထားခဲ့၏။............
*******
"ငါသိပ်မှားသွားပြီလား ရတုရေ"
ပြောပြီးခေါင်းအုံးလေပေါ် ပါးပြင်ကိုဖိကပ်လိုက်ကာ ရတုကိုလှမ်းကြည့်လိုက်သည်။
"ဘာကိုလည်းဟ ဘာဖြစ်တာတုန်း"
"မ မိဘတွေသိသွားပြီး "
"ဟမ်...."
"ငါမှားမှန်းသိပါတယ်ဒါပင်မဲ့ မကိုသိပ်ချစ်တယ်သူနဲ့ခွဲရမှာလည်းအကြောက်ဆုံးဘဲ အဲ့ဒီအတွက်
ငါနောက်ကြောင်းကို လိမ်ပြောခဲ့မိတယ်"
"နင်အမ ကို ဒိလိုမညာရက်သင့်ဘူးစိမ်း သူတို့ကအသိုင်းဝိုင်းကြီးထဲဆိုပင်မဲ့ နင့်အပေါ်မမောက်မာခဲ့ဘူးမဟုတ်လား နင်နေ့မကောင်းတဲ့နေကဆို သူခမျာအောက်ကျို့ပြီးအဆောင်နာမည်ကိုလိုက်မေးရှာတာ မျက်နှာအမှုရာကလည်း စိတ်ပူနေမှန်းသိသာလွန်းတယ်ကဲ...ထားပါ အဓိက ကနင့်မိဘနာမည်နဲ့အလုပ်အကိုင်ကိုမေးတော့ ခုနကပြောတဲ့ရုံးချုပ်က အရာရှိနာမည်နဲ့ အဲ့အဘိုးကြီးကကောတကယ်ရှိလို့လား"
ရတုမျက်နှာကိုစေ့စေ့ကြည့်ပြီးမေးလာတော့
"ရှိတာတော့ တကယ်ရှိတယ်အရင်အလုပ်တုန်းက သူတူနဲ့ပတ်သတ်ပြီးခင်ခဲ့ဘူးတာ အဲ့ဒီရုံးချုပ်မှာတော့ ဒုတိယနေရာလောက်မှာ သူ့ရာထူးကရှိတယ်လေ"
"နင်တော်တော်ဆိုးတာဘဲ တစ်နေ့မှာနင်ရဲ့မက ဒိအလိမ်အညာတွေ မသိဘဲနေမလား အဲ့ကြမှနင်ဒီထက်ပိုအရှက်ရလိမ့်မယ်တကယ်ဆိုအရှိကိုအရှိတိုင်းပြောသင့်တာပေါ့ဟ"
"ဟင်အင်း ငါပြောလိုက်လိုမဖြစ်ဘူး ကိုယ်တိုင်ကလည်း
ရှက်တယ်ပြီးတော့...ပြီးတော့ မမိဘတွေအထင်လွဲမှာလည်းကြောက်တယ်"
"အင်းပါ နင်မှန်တယ်ထင်လို့ လုပ်ခဲ့ပြီပြီးရှေ့ရေးကို
စိတ်မကောင်းဖြစ်ရုံကလွဲပြီးဘာတက်နိုင်မှာလည်း ဒါနဲ့ အဲ့အဘိုးကြီးကနင်အဖေပါလို့ပြောတော့ သူဘာဆက်ပြောသေးလဲ"
ရှေ့ဆက်သိချင်စိတ်ကိုမဖုံးဖိနိုင်ဟန်ဖြင့်ရတုဆက်မေးသည်
"အစကတော့ဖေဖေနာမည်ပြောမလိုဘဲ မ စိတ်ပျက်သွားမှာဆိုးလို့ပါးစပ်ကအဲ့အဘိုးနာမည်ကို လွှတ်ခနဲ့ထွက်သွားတာ သူဝမ်းသာသွားပြီး မာမီအထင်လွှဲနေတာသေချာရှင်းပြမယ်တဲ့ ဒီမှာနေလို့မရရင်တောင်အမေရိကားမှာနေကြမယ်တဲ့မ ကအဲ့လိုတွေပြောတာ"
"သူတကယ်ချစ်တာဘေးကငါတောင်ခံစားမိတယ်
ဒါမဲ့ နင်တို့ရှေးရေးကိုတော့ရင်လေးမိတာအမှန်ဘဲဟာ"
"ဘယ်တက်နိုင်မှာလည်း ရတုရယ်ဖြစ်သမျှအကြောင်းအကောင်းပေါ့ ငါ လည်းဘယ်ညာချင်ပါမလည်း ကိုယ်ဘဝကိုယ့်အကြောင်းအမှန်တိုင်းပြောချင်တယ်ဒိလိုအမှန်တိုင်းပြောလိုက်ရင်မိန်းကလေးချင်းကလည်းဖြစ်နေတော့ မ အထင်အမြင်သေးပြီးရှောင်သွားရင်ငါရင်ကွဲမှာ..သူကိုမစွန့်လွှတ်နိုင်ဘူး အဲ့တာကလည်း သူပိုင်ဆိုင်မှုတွေကြောင့်မဟုတ်ဘူး သူကိုသိပ်ချစ်တာ တစ်နေ့မမြင်ရမနေနိုင်လောက်အောင်ကိုချစ်တယ်တက်နိုင်ရင်မျက်စိအောက်ကကို အပျောက်မခံချင်ဘူး အဲ့တာကြောင့်လိမ်ခဲ့မိလိုက်တာ"
မျက်နာသွယ်သွယ်လေးမှာလည်းမျက်ရည်မိုးတွေရွာနေပါပြီ ဒါကို မ မြင်နိုင်ခဲ့ရင်စိမ်း အချစ်ကိုတကယ်ဘဲအသိမှတ်ပြုပေးမလား.........
× × ×
You are reading the story above: TeenFic.Net