♡ 1 ♡

Background color
Font
Font size
Line height

[Unicode]

' ကိုကို... ကိုကိုရေ . ကိုကို '

ကျောင်းပိတ်ရက်ဖြစ်တာကြောင့် အိပ်ရေး ဝဝ အိပ်မယ်လို့ တွေးထားမိပေ
မယ့် ခြံထဲကို ဝင်လာနေတဲ့ အသံ စူးစူးလေးကြောင့် ခေါင်းကို တစ်ချက်ရမ်းရင်း ပြုံးလိုက်မိတယ် ..

' ကိုကိုရေ ကိုကိုလို့! '

သူခေါ်နေတာကို ပြန်မထူးမခြင်း အော်ခေါ်နေတဲ့ ကောင်လေးရဲ့ အသံတွေက စိတ်မရှည်တော့တဲ့ ပုံစံ .. မကြာခင် အိပ်ခန်းထဲ ဝင်လာတော့မယ်ဆိုတာကို သိနေတာကြောင့် တမင်ကို အိပ်ချင်ယောင်ဆောင်နေမိတယ် ...

' ကိုကို Jun ဝင်လာပြီနော် '

အသံက နောက်မှ လူကတော့ အရင် အခန်းထဲရောက်နေပြီဆိုတာကို နှာဖျားဝမှာ ရစ်သီနေတဲ့ ပန်းနံ့လေး တစ်နည်းပြောရရင် သူ သုံးနေကြ ဆပ်ပြာနံ့လေးကြောင့် မျက်လုံး ဖွင့်ကြည့်စရာမလိုပဲကို သိနေပါတယ်

' ဟွန်း ကိုကို အိပ်ပုတ် ပြောတော့ဖြင့် Jun ကို စက်ဘီးစီးသင်ပေးမယ်ဆိုပြီး အိပ်နေတာများ သိုးလို့ '

မကျေမနပ် ရေရွတ်နေတဲ့ သူက အခုချိန်ဆိုရင် နှုတ်ခမ်းကို ဘဲပေါက်လို ထော်ထားဦးမှာ ..

' ကိုကိုရေ ထတော့ လို့ဆိုနေ '

' ကိုကို အိပ်ချင်သေးတယ် Jun ရာ ညက နောက်ကျမှ အိပ်ရာဝင်ထားတာမို့လို့ အခုထိ အိပ်ရေး မဝ သေးဖူး '

' ဟာ မရပါဖူးနော် ကိုကို ကတိပေးထားလေ Jun တောင် အိပ်ရာ အစောကြီး ထပြီး ကိုကို့ဆီ လာတာကို ထတော့လို့ဆိုနေ '

လက်ဖောင်းဖောင်းလေးတွေနဲ့ ကျွန်တော့်ကို အိပ်ရာကထအောင် ဆွဲထူနေပေမယ့် ကွာခြားလွန်းတဲ့ ခန္ဓာကိုယ် အရွယ်အစားကြောင့် သူ့မှာ မစွမ်းသာပါ .. မော ဟန်ရှိသွားတဲ့ ကောင်လေးက လိုချင်ရမရတော့ စိတ်တိုနေတဲ့ ပုံစံ...

' ဟား ဟား ဟား Jun ပုံစံက ဘာအကောင်လေးနဲ့ တူနေမှန်းကို မသိဖူး '

' ဘာ အကောင်လေးရမှာလဲ Jun က လူ ပါနော် '

' ဟုတ်လို့လား ကိုကိုထင်တာတော့ Jun က ဘဲပေါက်လေးနဲ့ တူတာပါ '

' ကိုကိုနော် '

' မဟုတ်လို့လား ကြည့် ကြည့် အဲ့ နှုတ်ခမ်းက ဘဲတွေလို ထော်လာပြန်ပြီ '

' ကိုကို နော်! '

တဟားဟား အော်ရယ်မိတော့ သူ့ကို လှောင်နေပါတယ်ဆိုပြီး လိုက်ရိုက်နေတဲ့ ကောင်လေးကြောင့် အိပ်ခန်းထဲ ပတ်ပြေးရင်း ရှောင်နေရသေးတယ် ..
ဒီ ကောင်လေးရှိနေလို့ ကျွန်တော့် ဘ၀ရဲ့ နေ့ရက်တိုင်းကရယ်သံတွေနဲ့ လွှမ်းမိုးနေပါတယ် ..

🌷💜🤍🌷

' ကိုကိုရေ ဘယ်တော့ သင်ပေးမှာလဲလို့ လမ်းလျှောက်နေရတာ Jun ညောင်းလာပြီ '

' ခဏလေးပါ Jun ရယ် ကိုကိုက Jun ကို အရမ်းလှတဲ့ နေရာလေး တစ်ခုကို ခေါ်သွားမလို့ '

' မရောက်သေးဖူးလားလို့ နေက ပူရကြားထဲ အရမ်းတွေ မောလာပြီနော် '

အဘိုးကြီး ပေါက်စလေးလို နောက်ကနေ လိုက်ပါရင်း ပွစိပွစိ လုပ်နေပေမယ့် စိတ်မဆိုးပဲ ..ပြုံးရယ်နေမိတဲ့ ကျွန်တော့် အဖြစ်ပါ .. ဒီ ကောင်လေးကို စတွေ့ထဲကနေ အခု အချိန်အထိ စိတ်ဆိုးရတယ်ဆိုတာ တစ်ခါတစ်လေတောင် မရှိခဲ့ပါဖူး ..

' Jun '

' ဗျာ '

' လာ ကိုကို့ လက်ကိုတွဲထား '

' ဟုတ် '

နူးညံ့ အိစက်လှတဲ့ လက်သေးသေးလေးတွေက ကျွန်တော့် လက်ဖဝါးတွေကြားထဲ နစ်မြုပ်နေတာကို သဘောကျတယ် 💜.

' ဖြေးဖြေးလျှောက်နော် ချော်လဲဦးမယ် '

' မလဲပါဖူး ကိုကို ရှိနေတာပဲကို '

* ကိုကိုရှိနေတာပဲကို * တဲ့ ..ဘာရယ်တော့ မဟုတ်ပေမယ့် ကောင်လေး အဲ့လို ပြောလိုက်တိုင်း ကျွန်တော်ဟာ သူ့အတွက် Hero တစ်ယောက်လို ခံစားရမိတယ် ...

' ကဲ ရောက်ပြီ '

' Wow လှလိုက်တာ အရမ်းလှတာပဲနော် ကိုကို '

မျက်ဝန်းလေးတွေက ပျော်ရွှင်မှုတွေနဲ့ အရောင်တွေလဲ့နေတဲ့ ကောင်လေးကို မြင်ရတော့ ကျွန်တော့်ရင်ထဲမှာလည်း ကျေနပ် ပီတိ ဖြစ်မိတယ် ..
ကျန်ခဲ့တဲ့ တစ်ပတ်က သူငယ်ချင်းတွေနဲ့ အပြင်လျှောက်လည်ရင်း မထင်မှတ်ပဲ ဒီနေရာလေးကို ရောက်လာမိတာပါ .. တောင်ကုန်းမို့မို့လေးရယ် ၊ တောင်ကုန်းပေါ်ကနေ ကြည့်ရင် မြင်ရတဲ့ ပန်းခင်းကြီးရယ်ကို မြင်ရတော့ အရင်ဆုံး သတိရမိတာ Jun ကို ဒီကို ခေါ်လာရမယ် ဆိုတဲ့ အတွေးတစ်ခုသာ ...

' Jun သဘောကျတယ် မဟုတ်လား '

' အင်း အရမ်း အရမ်းကို သဘောကျတယ် '

' ကိုကို သိတာပေါ့ Jun က ဘာတွေကို ကြိုက်တက်တယ်ဆိုတာကို '

' ဟုတ်တယ် ကိုကို ကအတော်ဆုံးပဲ သိလား 😁'

🌷💜🤍🌷

အသင့်ယူလာခဲ့တဲ့ မြက်ဖျာကို ခင်းပြီး နှစ်ယောက်သားလှဲကာ မိုးကောင်းကင်ကို ငေးကြည့်ရင်း ဘာစကားမှ မပြောမိကြဖူး .. တိတ်ဆိတ်နေတဲ့ အခြေအနေကို ဖြိုခွင်းဖို့ စကားစလိုက်မိပေမယ့် ..

' ကိုကို '

' Jun '

နှစ်ယောက်သား ပြိုင်တူခေါ်လိုက်မိတာကြောင့် ရယ်မိကြသေးတယ် ..

' ကိုကို အရင်ပြောလေ '

' ရပါတယ် Jun အရင်ပြော '

' ကိုကိုက နောက်နှစ်ဆို ၁၀ တန်းရောက်ပြီနော် အဲ့ခါကြရင် အန်တီတို့က ကိုကို့ကို ဘော်ဒါဆောင် သွားနေခိုင်းမှာလား ဟင် '

' မနေခိုင်းလောက်ပါဖူး Jun ရဲ့ ကိုကို အိမ်မှာပဲ စာလုပ်လို့ ဖြစ်ပါတယ် '

' မေမေက ပြောတယ် နောက်နှစ်ဆိုရင် ကိုကိုက စာတွေ အရမ်း လုပ်ရတော့မှာတဲ့ Jun က အခုလို ကိုကို့ဆီကို ခဏ ခဏ လာလို့ မရတော့ဖူးလို့ ပြောတယ် '

' မဟုတ်ပါဖူး Jun ရယ် လာလို့ရပါတယ် '

' တကယ်လား? ကိုကို ကတိပေးရမှာနော်? '

' တကယ်ပြောတာ ကတိလည်း ပေးတယ် '

လက်သန်းလေးလေးလေးကို ချိတ်ပြီး ကတိပေးလိုက်တော့ ကျေနပ်သွားသလို မျက်နှာလေးက ပြုံးလို့.. ၈ တန်းအရွယ် ကောင်လေးဆိုပေမယ့် ကလေးလေးတွေလိုပဲ ချစ်စရာကောင်းလိုက်တာ ..

' ကိုကိုက ဘာပြောမလို့လဲ '

' Jun ကိုကို တို့ စတွေ့တုန်းက အချိန်ကို မှတ်မိလား '

' အင်း မှတ်မိတယ် '

' Jun ကလေး ဘဝတုန်းက လုံးလုံးလေးနော် အရမ်း ချစ်ဖို့ ကောင်းတယ် '

' Jun က အခုထိလည်း ချစ်ဖို့ ကောင်းနေတုန်းပါပဲနော် အားနည်းတာက ချစ်စရာကောင်းတာ ဖြစ်နေတာ '

သူ့ ဘက်သူ ယက်ရင်း ပြောတက်တဲ့ လိပ်ကလေးကို နဖူးကို မနာအောင် ခပ်ဖွဖွ ထုမိတော့ သဘောကျစွာ ရယ်မောနေလေရဲ့ ..

💜🌷🤍🌷

Jun နဲ့ စတွေ့ခဲ့တဲ့ ပုံစံက ရိုးရှင်းပါတယ် .. ကျွန်တော် နေတဲ့ အိမ်ရဲ့ မျက်နှာချင်းဆိုင် အိမ်ကို Jun တို့ မိသားစုက ပြောင်းလာတယ် .. လူသစ်တွေ ပြောင်းလာတယ်ဆိုလို့ အိပ်ခန်းထဲက လှမ်းကြည့်မိတော့ ပထမဆုံး သတိထားမိတာက ဝက်ဝံရုပ်ကြီးကို မနိုင့်တနိုင် ပိုက်ပြီး ကားပေါ်က ဆင်းလာတဲ့ ကလေးလေး Jun ...

သူ့ မေမေက ကူသယ်ပေးမယ် ပြောနေပုံရတာကို ဆူပုတ်ပုတ်ရုပ်လေးနဲ့ ငြင်းနေတဲ့ Jun က တကယ်ကို ဂျစ်တူးရုပ်လေး .. မကြာပါဖူး.ငေး​ကြည့်နေရင်းမှာတင် လူရော အရုပ်ရော မှောက်ယက် လဲကျပါရော..
အကြောတင်းလေး Jun က မျက်ရည်တွေကျနေပေမယ့် သူများကလေးတွေလို အော် မငိုခဲ့ဖူး ...

အိမ်နီးချင်းတွေဖြစ်ပြီး လူကြီးတွေကတော့ မိတ်ဆွေ မြန်မြန်ဖြစ်သွားပေမယ့် Jun နဲ့ ရင်းနှီးဖို့က ခက်ခဲ့ပါတယ် .. အငယ် မရှိတဲ့ တစ်ဦးတည်းသော သား ကျွန်တော် က ဒီ ကောင်လေးကို မြင်တိုင်း အသည်းတွေ ယားနေခဲ့တာ .. အချေလေး Jun က ကျွန်တော်က စကားတွေ ပြောနေရင်တောင် သူက ပြောချင်မှ ပြန်ပြောခဲ့တာပါ ..

ကလေး ပီပီ .. အပေါင်းအသင်းမက်တဲ့ Jun နဲ့ ကျွန်တော် ၁ လအကြာမှာပဲ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ် .. * ကိုကို * ဆိုတဲ့ နာမ်စားကိုလည်း သူ တစ်ယောက်ကသာ ကျွန်တော့်ကို စခေါ်ခဲ့ခြင်းဖြစ်ပြီးတော့ သူခေါ်လိုက်တိုင်း သဘောကျနေမိသော ကျွန်တော့် အဖြစ်ဟာလည်း ထူးဆန်းပါတယ် ..

ဘာတွေပဲဖြစ်ဖြစ် ဒီကောင်လေးကိုတော့ ကျွန်တော့်ရဲ့ ညီအရင်းလေး တစ်ယောက်လို အရမ်းချစ်ပါတယ် 💜

' ကိုကို ကိုကို'

' ဟင် Jun ဗိုက်ဆာလို့လား '

' ဟုတ်ပါဖူး ကိုကို ပြောတော့ စက်ဘီးစီး သင်ပေးမယ်ဆို အခုတော့ တစ်ယောက်ထဲ ကောင်းကင်ကို ကြည့်ပြီး ဘာတွေ ပြုံးနေတာလဲ '

' ဘာမှ မဟုတ်ပါဖူး ဘဲပေါက်လေး တစ်ကောင် ရုပ်ဆိုးတဲ့ အကြောင်းတွေ တွေးနေတာ '

' ကိုကိုနော်!😒 '

' စတာပါ စတာပါ လာ ကိုကို သင်ပေးမယ် '

🤍🌷💜🌷

စက်ဘီးစီး သင်ချင်တယ်ဆိုတဲ့ ကောင်လေးက တစ်ခုခုပြောလိုက်ရင်
ဥာဏ်ကောင်းလွန်းစွာနဲ့ ချက်ခြင်း နားလည်တာကြောင့် သင်ရတာ မခက်ခဲခဲ့ပါဖူး ..

စက်ဘီးကို အနောက်က ထိန်းထားကို လွှတ်ပေးလိုက်တော့ ကောင်လေးက ကျွမ်းကျင်စွာ စီးနေပေမယ့် ကျွန်တော် အနောက်မှာ မပါလာတာလဲ သိတော့ တစ်ချက်ယိုင်သွားတာ ဘေးနားက မြက်ခင်းပြင်ပေါ်သို့ လဲကျသွားတော့ ကျွန်တော် အမြန်ပြေးသွားမိတယ် ..

' Jun! ဘယ်နားနာသွားသေးလဲ ဘာဖြစ်သွားသေးလဲ ဟင် '

' အဟဲဟဲ ဘာမှ မဖြစ်ပါဖူး '

တံတောင်ဆစ်နဲ့ ခြေသလုံးနေရာတွေမှာ ပွန်းပဲ့ သွားပေမယ့် Jun ကတော့ ပြုံးရယ်နေခဲ့တာ ..

' ကိုကို စိတ်ပူသွားတာပဲ Jun ရယ် အခုရော ထ နိုင်ရဲ့လား.. တော်ပြီ ဆက်မစီးနဲ့တော့ အိမ်ပြန်ကြမယ် လာ '

' မပြန်ချင်သေးဖူး စီးဦးမှာ စီးတက်မှ ပြန်မယ်လေနော် '

' Jun ရယ် အခုလည်း ပွန်းပဲ့ကုန်ပြီ မဟုတ်လား ဘာလို့ အဲ့လောက်တောင် သင်ချင်နေရတာလဲ '

' ကိုကိုကလည်း မေမေက Jun ကို စီးခိုင်းတာ မဟုတ်ဖူး ကျောင်းမှာ
သူများတွေဆို စီးတက်တယ် Jun လည်း စီးချင်တာပေါ့လို့ နောက်တစ်ခါ မလဲကျစေရဖူးလေနော် နော် '

သနားစရာ မျက်ဝန်းလေးတွေကြောင့် ဆူမယ် တွေးထားသမျှတွေတောင် အကုန် ပျောက်ရှရပါတယ် ...

' သဘောပါကွာ သဘောပါနော် နောက်တစ်ခါ လဲကျရင် ဘာမှ ထပ်မကြားချင်ဖူးနော် ချက်ခြင်း အိမ်ပြန်မယ် ကြားလား '

' ဟုတ် 😁 '

💜🌷💜

မိနစ် ၂၀ လောက် ထပ်ပြီး သင်ပေးပြီးတဲ့ နောက် Jun တစ်ယောက် စက်ဘီး ကောင်းကောင်း စီးတက်သွားပါတယ် ..

' ကိုကိုရေ ! Jun စက်ဘီး စီးနေပြီ တွေ့ရဲ့လား ! '

အဝေးကြီးကနေ ကျွန်တော်ကြားအောင် အော်ပြောနေတဲ့ ကောင်လေး ..
အသံတွေတော့ နာကုန်တော့မှာပဲကွာ ..

' တွေ့တယ် တွေ့တယ်! Jun လေးက အရမ်းတော်တာပဲနော် ! '

အဆိုးလေးက အခုမှ စက်ဘီးစီးတက်တယ် မိုင်ကုန်တွေ နင်းနေလို့ ကျွန်တော့်မှာ ရင်တမမ နဲ့ ကြည့်နေရသေးတယ် .. စိတ်တိုင်းကျ လျှောက်စီးပြီးမှ အနားကို ပြန်ရောက်လာတဲ့ Jun က နေပူရှိန်ကြောင့် မျက်နှာလေးက ရဲလို့ ..

' ကဲ အိမ်ပြန်ကြမယ်နော် '

' ဟုတ် ကိုကို Jun တော်တယ် မဟုတ်လား ဟင် '

' တော်တာပေါ့ Jun လေးက အရမ်းတော်တယ် '

' သင်ပေးတဲ့ ကိုကိုက တော်လို့ Jun လေးကလည်း တော်တာပါ 😁 '

' ဟုတ်ပါပြီ ဗျာ 😊 '

အိမ်အပြန်လမ်းတစ်လျှောက်လုံး နေပူရှိန်က ပြင်းလွန်းလှပေမယ့် စိတ်ထဲမှာတော့ အနည်းငယ် အေးမြနေသလို ခံစားရတာ ဘာကြောင့်ပါလိမ့်...?


မိုးကောင်းကင်က တိမ်တိုက်လေးတွေလိုပဲ Jun လေးရဲ့ အပြုံးက သိပ်ကို ဖြူစင်လွန်းတယ် .. 💜

အဝေးကနေမြင်ရတယ်ဆိုပေမယ့် ကိုကို့ရဲ့ အပြုံးတွေကို မြင်လိုက်တိုင်း Jun လေးရဲ့ စိတ်ထဲမှာ အေးချမ်းသွားရတယ် ကိုကို ..

TBC ..

Vote လေးတွေ တွေ့ရတာ အရမ်း ပျော်ပါတယ် ခင်ဗျ
ကျေးဇူး အများကြီးတင်ပါတယ် 😁💞

ဖတ်ပေးကြတဲ့ ကလေးငယ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျ 💞😚💞

1.3.2022 #Saw ( 1986 words )

××××××××××××

[ Zawgyi ]

' ကိုကို... ကိုကိုေရ . ကိုကို '

ေက်ာင္းပိတ္ရက္ျဖစ္တာေၾကာင့္ အိပ္ေရး ဝဝ အိပ္မယ္လို႔ ေတြးထားမိေပ
မယ့္ ၿခံထဲကို ဝင္လာေနတဲ့ အသံ စူးစူးေလးေၾကာင့္ ေခါင္းကို တစ္ခ်က္ရမ္းရင္း ၿပဳံးလိုက္မိတယ္ ..

' ကိုကိုေရ ကိုကိုလို႔! '

သူေခၚေနတာကို ျပန္မထူးမျခင္း ေအာ္ေခၚေနတဲ့ ေကာင္ေလးရဲ႕ အသံေတြက စိတ္မရွည္ေတာ့တဲ့ ပုံစံ .. မၾကာခင္ အိပ္ခန္းထဲ ဝင္လာေတာ့မယ္ဆိုတာကို သိေနတာေၾကာင့္ တမင္ကို အိပ္ခ်င္ေယာင္ေဆာင္ေနမိတယ္ ...

' ကိုကို Jun ဝင္လာၿပီေနာ္ '

အသံက ေနာက္မွ လူကေတာ့ အရင္ အခန္းထဲေရာက္ေနၿပီဆိုတာကို ႏွာဖ်ားဝမွာ ရစ္သီေနတဲ့ ပန္းနံ႔ေလး တစ္နည္းေျပာရရင္ သူ သုံးေနၾက ဆပ္ျပာနံ႔ေလးေၾကာင့္ မ်က္လုံး ဖြင့္ၾကည့္စရာမလိုပဲကို သိေနပါတယ္

' ဟြန္း ကိုကို အိပ္ပုတ္ ေျပာေတာ့ျဖင့္ Jun ကို စက္ဘီးစီးသင္ေပးမယ္ဆိုၿပီး အိပ္ေနတာမ်ား သိုးလို႔ '

မေက်မနပ္ ေရရြတ္ေနတဲ့ သူက အခုခ်ိန္ဆိုရင္ ႏႈတ္ခမ္းကို ဘဲေပါက္လို ေထာ္ထားဦးမွာ ..

' ကိုကိုေရ ထေတာ့ လို႔ဆိုေန '

' ကိုကို အိပ္ခ်င္ေသးတယ္ Jun ရာ ညက ေနာက္က်မွ အိပ္ရာဝင္ထားတာမို႔လို႔ အခုထိ အိပ္ေရး မဝ ေသးဖူး '

' ဟာ မရပါဖူးေနာ္ ကိုကို ကတိေပးထားေလ Jun ေတာင္ အိပ္ရာ အေစာႀကီး ထၿပီး ကိုကို႔ဆီ လာတာကို ထေတာ့လို႔ဆိုေန '

လက္ေဖာင္းေဖာင္းေလးေတြနဲ႔ ကြၽန္ေတာ့္ကို အိပ္ရာကထေအာင္ ဆြဲထူေနေပမယ့္ ကြာျခားလြန္းတဲ့ ခႏၶာကိုယ္ အရြယ္အစားေၾကာင့္ သူ့မွာ မစြမ္းသာပါ .. ေမာ ဟန္ရွိသြားတဲ့ ေကာင္ေလးက လိုခ်င္ရမရေတာ့ စိတ္တိုေနတဲ့ ပုံစံ...

' ဟား ဟား ဟား Jun ပုံစံက ဘာအေကာင္ေလးနဲ႔ တူေနမွန္းကို မသိဖူး '

' ဘာ အေကာင္ေလးရမွာလဲ Jun က လူ ပါေနာ္ '

' ဟုတ္လို႔လား ကိုကိုထင္တာေတာ့ Jun က ဘဲေပါက္ေလးနဲ႔ တူတာပါ '

' ကိုကိုေနာ္ '

' မဟုတ္လို႔လား ၾကည့္ ၾကည့္ အဲ့ ႏႈတ္ခမ္းက ဘဲေတြလို ေထာ္လာျပန္ၿပီ '

' ကိုကို ေနာ္! '

တဟားဟား ေအာ္ရယ္မိေတာ့ သူ့ကို ေလွာင္ေနပါတယ္ဆိုၿပီး လိုက္႐ိုက္ေနတဲ့ ေကာင္ေလးေၾကာင့္ အိပ္ခန္းထဲ ပတ္ေျပးရင္း ေရွာင္ေနရေသးတယ္ ..
ဒီ ေကာင္ေလးရွိေနလို႔ ကြၽန္ေတာ့္ ဘ၀ရဲ႕ ေန႔ရက္တိုင္းကရယ္သံေတြနဲ႔ လႊမ္းမိုးေနပါတယ္ ..

🌷💜🤍🌷

' ကိုကိုေရ ဘယ္ေတာ့ သင္ေပးမွာလဲလို႔ လမ္းေလွ်ာက္ေနရတာ Jun ေညာင္းလာၿပီ '

' ခဏေလးပါ Jun ရယ္ ကိုကိုက Jun ကို အရမ္းလွတဲ့ ေနရာေလး တစ္ခုကို ေခၚသြားမလို႔ '

' မေရာက္ေသးဖူးလားလို႔ ေနက ပူရၾကားထဲ အရမ္းေတြ ေမာလာၿပီေနာ္ '

အဘိုးႀကီး ေပါက္စေလးလို ေနာက္ကေန လိုက္ပါရင္း ပြစိပြစိ လုပ္ေနေပမယ့္ စိတ္မဆိုးပဲ ..ၿပဳံးရယ္ေနမိတဲ့ ကြၽန္ေတာ့္ အျဖစ္ပါ .. ဒီ ေကာင္ေလးကို စေတြ႕ထဲကေန အခု အခ်ိန္အထိ စိတ္ဆိုးရတယ္ဆိုတာ တစ္ခါတစ္ေလေတာင္ မရွိခဲ့ပါဖူး ..

' Jun '

' ဗ်ာ '

' လာ ကိုကို႔ လက္ကိုတြဲထား '

' ဟုတ္ '

ႏူးညံ့ အိစက္လွတဲ့ လက္ေသးေသးေလးေတြက ကြၽန္ေတာ့္ လက္ဖဝါးေတြၾကားထဲ နစ္ျမဳပ္ေနတာကို သေဘာက်တယ္ 💜.

' ေျဖးေျဖးေလွ်ာက္ေနာ္ ေခ်ာ္လဲဦးမယ္ '

' မလဲပါဖူး ကိုကို ရွိေနတာပဲကို '

* ကိုကိုရွိေနတာပဲကို * တဲ့ ..ဘာရယ္ေတာ့ မဟုတ္ေပမယ့္ ေကာင္ေလး အဲ့လို ေျပာလိုက္တိုင္း ကြၽန္ေတာ္ဟာ သူ့အတြက္ Hero တစ္ေယာက္လို ခံစားရမိတယ္ ...

' ကဲ ေရာက္ၿပီ '

' Wow လွလိုက္တာ အရမ္းလွတာပဲေနာ္ ကိုကို '

မ်က္ဝန္းေလးေတြက ေပ်ာ္ရႊင္မႈေတြနဲ႔ အေရာင္ေတြလဲ့ေနတဲ့ ေကာင္ေလးကို ျမင္ရေတာ့ ကြၽန္ေတာ့္ရင္ထဲမွာလည္း ေက်နပ္ ပီတိ ျဖစ္မိတယ္ ..
က်န္ခဲ့တဲ့ တစ္ပတ္က သူငယ္ခ်င္းေတြနဲ႔ အျပင္ေလွ်ာက္လည္ရင္း မထင္မွတ္ပဲ ဒီေနရာေလးကို ေရာက္လာမိတာပါ .. ေတာင္ကုန္းမို႔မို႔ေလးရယ္ ၊ ေတာင္ကုန္းေပၚကေန ၾကည့္ရင္ ျမင္ရတဲ့ ပန္းခင္းႀကီးရယ္ကို ျမင္ရေတာ့ အရင္ဆုံး သတိရမိတာ Jun ကို ဒီကို ေခၚလာရမယ္ ဆိုတဲ့ အေတြးတစ္ခုသာ ...

' Jun သေဘာက်တယ္ မဟုတ္လား '

' အင္း အရမ္း အရမ္းကို သေဘာက်တယ္ '

' ကိုကို သိတာေပါ႔ Jun က ဘာေတြကို ႀကိဳက္တက္တယ္ဆိုတာကို '

' ဟုတ္တယ္ ကိုကို ကအေတာ္ဆုံးပဲ သိလား 😁'

🌷💜🤍🌷

အသင့္ယူလာခဲ့တဲ့ ျမက္ဖ်ာကို ခင္းၿပီး ႏွစ္ေယာက္သားလွဲကာ မိုးေကာင္းကင္ကို ေငးၾကည့္ရင္း ဘာစကားမွ မေျပာမိၾကဖူး .. တိတ္ဆိတ္ေနတဲ့ အေျခအေနကို ၿဖိဳခြင္းဖို႔ စကားစလိုက္မိေပမယ့္ ..

' ကိုကို '

' Jun '

ႏွစ္ေယာက္သား ၿပိဳင္တူေခၚလိုက္မိတာေၾကာင့္ ရယ္မိၾကေသးတယ္ ..

' ကိုကို အရင္ေျပာေလ '

' ရပါတယ္ Jun အရင္ေျပာ '

' ကိုကိုက ေနာက္ႏွစ္ဆို ၁၀ တန္းေရာက္ၿပီေနာ္ အဲ့ခါၾကရင္ အန္တီတို႔က ကိုကို႔ကို ေဘာ္ဒါေဆာင္ သြားေနခိုင္းမွာလား ဟင္ '

' မေနခိုင္းေလာက္ပါဖူး Jun ရဲ႕ ကိုကို အိမ္မွာပဲ စာလုပ္လို႔ ျဖစ္ပါတယ္ '

' ေမေမက ေျပာတယ္ ေနာက္ႏွစ္ဆိုရင္ ကိုကိုက စာေတြ အရမ္း လုပ္ရေတာ့မွာတဲ့ Jun က အခုလို ကိုကို႔ဆီကို ခဏ ခဏ လာလို႔ မရေတာ့ဖူးလို႔ ေျပာတယ္ '

' မဟုတ္ပါဖူး Jun ရယ္ လာလို႔ရပါတယ္ '

' တကယ္လား? ကိုကို ကတိေပးရမွာေနာ္? '

' တကယ္ေျပာတာ ကတိလည္း ေပးတယ္ '

လက္သန္းေလးေလးေလးကို ခ်ိတ္ၿပီး ကတိေပးလိုက္ေတာ့ ေက်နပ္သြားသလို မ်က္ႏွာေလးက ၿပဳံးလို႔.. ၈ တန္းအရြယ္ ေကာင္ေလးဆိုေပမယ့္ ကေလးေလးေတြလိုပဲ ခ်စ္စရာေကာင္းလိုက္တာ ..

' ကိုကိုက ဘာေျပာမလို႔လဲ '

' Jun ကိုကို တို႔ စေတြ႕တုန္းက အခ်ိန္ကို မွတ္မိလား '

' အင္း မွတ္မိတယ္ '

' Jun ကေလး ဘဝတုန္းက လုံးလုံးေလးေနာ္ အရမ္း ခ်စ္ဖို႔ ေကာင္းတယ္ '

' Jun က အခုထိလည္း ခ်စ္ဖို႔ ေကာင္းေနတုန္းပါပဲေနာ္ အားနည္းတာက ခ်စ္စရာေကာင္းတာ ျဖစ္ေနတာ '

သူ့ ဘက္သူ ယက္ရင္း ေျပာတက္တဲ့ လိပ္ကေလးကို နဖူးကို မနာေအာင္ ခပ္ဖြဖြ ထုမိေတာ့ သေဘာက်စြာ ရယ္ေမာေနေလရဲ႕ ..

💜🌷🤍🌷

Jun နဲ႔ စေတြ႕ခဲ့တဲ့ ပုံစံက ႐ိုးရွင္းပါတယ္ .. ကြၽန္ေတာ္ ေနတဲ့ အိမ္ရဲ႕ မ်က္ႏွာခ်င္းဆိုင္ အိမ္ကို Jun တို႔ မိသားစုက ေျပာင္းလာတယ္ .. လူသစ္ေတြ ေျပာင္းလာတယ္ဆိုလို႔ အိပ္ခန္းထဲက လွမ္းၾကည့္မိေတာ့ ပထမဆုံး သတိထားမိတာက ဝက္ဝံ႐ုပ္ႀကီးကို မႏိုင့္တႏိုင္ ပိုက္ၿပီး ကားေပၚက ဆင္းလာတဲ့ ကေလးေလး Jun ...

သူ့ ေမေမက ကူသယ္ေပးမယ္ ေျပာေနပုံရတာကို ဆူပုတ္ပုတ္႐ုပ္ေလးနဲ႔ ျငင္းေနတဲ့ Jun က တကယ္ကို ဂ်စ္တူး႐ုပ္ေလး .. မၾကာပါဖူး.ေငး​ၾကည့္ေနရင္းမွာတင္ လူေရာ အ႐ုပ္ေရာ ေမွာက္ယက္ လဲက်ပါေရာ..
အေၾကာတင္းေလး Jun က မ်က္ရည္ေတြက်ေနေပမယ့္ သူမ်ားကေလးေတြလို ေအာ္ မငိုခဲ့ဖူး ...

အိမ္နီးခ်င္းေတြျဖစ္ၿပီး လူႀကီးေတြကေတာ့ မိတ္ေဆြ ျမန္ျမန္ျဖစ္သြားေပမယ့္ Jun နဲ႔ ရင္းႏွီးဖို႔က ခက္ခဲ့ပါတယ္ .. အငယ္ မရွိတဲ့ တစ္ဦးတည္းေသာ သား ကြၽန္ေတာ္ က ဒီ ေကာင္ေလးကို ျမင္တိုင္း အသည္းေတြ ယားေနခဲ့တာ .. အေခ်ေလး Jun က ကြၽန္ေတာ္က စကားေတြ ေျပာေနရင္ေတာင္ သူက ေျပာခ်င္မွ ျပန္ေျပာခဲ့တာပါ ..

ကေလး ပီပီ .. အေပါင္းအသင္းမက္တဲ့ Jun နဲ႔ ကြၽန္ေတာ္ ၁ လအၾကာမွာပဲ သူငယ္ခ်င္းေတြ ျဖစ္သြားခဲ့ပါတယ္ .. * ကိုကို * ဆိုတဲ့ နာမ္စားကိုလည္း သူ တစ္ေယာက္ကသာ ကြၽန္ေတာ့္ကို စေခၚခဲ့ျခင္းျဖစ္ၿပီးေတာ့ သူေခၚလိုက္တိုင္း သေဘာက်ေနမိေသာ ကြၽန္ေတာ့္ အျဖစ္ဟာလည္း ထူးဆန္းပါတယ္ ..

ဘာေတြပဲျဖစ္ျဖစ္ ဒီေကာင္ေလးကိုေတာ့ ကြၽန္ေတာ့္ရဲ႕ ညီအရင္းေလး တစ္ေယာက္လို အရမ္းခ်စ္ပါတယ္ 💜

' ကိုကို ကိုကို'

' ဟင္ Jun ဗိုက္ဆာလို႔လား '

' ဟုတ္ပါဖူး ကိုကို ေျပာေတာ့ စက္ဘီးစီး သင္ေပးမယ္ဆို အခုေတာ့ တစ္ေယာက္ထဲ ေကာင္းကင္ကို ၾကည့္ၿပီး ဘာေတြ ၿပဳံးေနတာလဲ '

' ဘာမွ မဟုတ္ပါဖူး ဘဲေပါက္ေလး တစ္ေကာင္ ႐ုပ္ဆိုးတဲ့ အေၾကာင္းေတြ ေတြးေနတာ '

' ကိုကိုေနာ္!😒 '

' စတာပါ စတာပါ လာ ကိုကို သင္ေပးမယ္ '

🤍🌷💜🌷

စက္ဘီးစီး သင္ခ်င္တယ္ဆိုတဲ့ ေကာင္ေလးက တစ္ခုခုေျပာလိုက္ရင္
ဉာဏ္ေကာင္းလြန္းစြာနဲ႔ ခ်က္ျခင္း နားလည္တာေၾကာင့္ သင္ရတာ မခက္ခဲခဲ့ပါဖူး ..

စက္ဘီးကို အေနာက္က ထိန္းထားကို လႊတ္ေပးလိုက္ေတာ့ ေကာင္ေလးက ကြၽမ္းက်င္စြာ စီးေနေပမယ့္ ကြၽန္ေတာ္ အေနာက္မွာ မပါလာတာလဲ သိေတာ့ တစ္ခ်က္ယိုင္သြားတာ ေဘးနားက ျမက္ခင္းျပင္ေပၚသို႔ လဲက်သြားေတာ့ ကြၽန္ေတာ္ အျမန္ေျပးသြားမိတယ္ ..

' Jun! ဘယ္နားနာသြားေသးလဲ ဘာျဖစ္သြားေသးလဲ ဟင္ '

' အဟဲဟဲ ဘာမွ မျဖစ္ပါဖူး '

တံေတာင္ဆစ္နဲ႔ ေျခသလုံးေနရာေတြမွာ ပြန္းပဲ့ သြားေပမယ့္ Jun ကေတာ့ ၿပဳံးရယ္ေနခဲ့တာ ..

' ကိုကို စိတ္ပူသြားတာပဲ Jun ရယ္ အခုေရာ ထ ႏိုင္ရဲ႕လား.. ေတာ္ၿပီ ဆက္မစီးနဲ႔ေတာ့ အိမ္ျပန္ၾကမယ္ လာ '

' မျပန္ခ်င္ေသးဖူး စီးဦးမွာ စီးတက္မွ ျပန္မယ္ေလေနာ္ '

' Jun ရယ္ အခုလည္း ပြန္းပဲ့ကုန္ၿပီ မဟုတ္လား ဘာလို႔ အဲ့ေလာက္ေတာင္ သင္ခ်င္ေနရတာလဲ '

' ကိုကိုကလည္း ေမေမက Jun ကို စီးခိုင္းတာ မဟုတ္ဖူး ေက်ာင္းမွာ
သူမ်ားေတြဆို စီးတက္တယ္ Jun လည္း စီးခ်င္တာေပါ႔လို႔ ေနာက္တစ္ခါ မလဲက်ေစရဖူးေလေနာ္ ေနာ္ '

သနားစရာ မ်က္ဝန္းေလးေတြေၾကာင့္ ဆူမယ္ ေတြးထားသမွ်ေတြေတာင္ အကုန္ ေပ်ာက္ရွရပါတယ္ ...

' သေဘာပါကြာ သေဘာပါေနာ္ ေနာက္တစ္ခါ လဲက်ရင္ ဘာမွ ထပ္မၾကားခ်င္ဖူးေနာ္ ခ်က္ျခင္း အိမ္ျပန္မယ္ ၾကားလား '

' ဟုတ္ 😁 '

💜🌷💜

မိနစ္ ၂၀ ေလာက္ ထပ္ၿပီး သင္ေပးၿပီးတဲ့ ေနာက္ Jun တစ္ေယာက္ စက္ဘီး ေကာင္းေကာင္း စီးတက္သြားပါတယ္ ..

' ကိုကိုေရ ! Jun စက္ဘီး စီးေနၿပီ ေတြ႕ရဲ႕လား ! '

အေဝးႀကီးကေန ကြၽန္ေတာ္ၾကားေအာင္ ေအာ္ေျပာေနတဲ့ ေကာင္ေလး ..
အသံေတြေတာ့ နာကုန္ေတာ့မွာပဲကြာ ..

' ေတြ႕တယ္ ေတြ႕တယ္! Jun ေလးက အရမ္းေတာ္တာပဲေနာ္ ! '

အဆိုးေလးက အခုမွ စက္ဘီးစီးတက္တယ္ မိုင္ကုန္ေတြ နင္းေနလို႔ ကြၽန္ေတာ့္မွာ ရင္တမမ နဲ႔ ၾကည့္ေနရေသးတယ္ .. စိတ္တိုင္းက် ေလွ်ာက္စီးၿပီးမွ အနားကို ျပန္ေရာက္လာတဲ့ Jun က ေနပူရွိန္ေၾကာင့္ မ်က္ႏွာေလးက ရဲလို႔ ..

' ကဲ အိမ္ျပန္ၾကမယ္ေနာ္ '

' ဟုတ္ ကိုကို Jun ေတာ္တယ္ မဟုတ္လား ဟင္ '

' ေတာ္တာေပါ႔ Jun ေလးက အရမ္းေတာ္တယ္ '

' သင္ေပးတဲ့ ကိုကိုက ေတာ္လို႔ Jun ေလးကလည္း ေတာ္တာပါ 😁 '

' ဟုတ္ပါၿပီ ဗ်ာ 😊 '

အိမ္အျပန္လမ္းတစ္ေလွ်ာက္လုံး ေနပူရွိန္က ျပင္းလြန္းလွေပမယ့္ စိတ္ထဲမွာေတာ့ အနည္းငယ္ ေအးျမေနသလို ခံစားရတာ ဘာေၾကာင့္ပါလိမ့္...?


မိုးေကာင္းကင္က တိမ္တိုက္ေလးေတြလိုပဲ Jun ေလးရဲ႕ အၿပဳံးက သိပ္ကို ျဖဴစင္လြန္းတယ္ .. 💜

အေဝးကေနျမင္ရတယ္ဆိုေပမယ့္ ကိုကို႔ရဲ႕ အၿပဳံးေတြကို ျမင္လိုက္တိုင္း Jun ေလးရဲ႕ စိတ္ထဲမွာ ေအးခ်မ္းသြားရတယ္ ကိုကို ..

TBC ..

Vote ေလးေတြ ေတြ႕ရတာ အရမ္း ေပ်ာ္ပါတယ္ ခင္ဗ်
ေက်းဇူး အမ်ားႀကီးတင္ပါတယ္ 😁💞
ဖတ္ေပးၾကတဲ့ ကေလးငယ္ တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးအမ်ားႀကီး တင္ပါတယ္ ခင္ဗ် 💞😚💞

1.3.2022 #Saw ( 1986 words )


You are reading the story above: TeenFic.Net