° 2 °
Background color
Font
Font size
Line height
ZAWGYI
********
ခုနက ချော်လဲတုန်းက အကျီ င်္များ ပေသွားသေးလို့လားဆိုတဲ့စိတ်နှင့်
ဟိုခါ ဒီခါနဲ့ရို့တို့ရှမ်းတန်းလေး ဝင်လျက်။
မထိုင်ကြတာပါလိမ့်။
ခဏကြာလေတော့...
အပေါ်ဝတ်အကျီ င်္လေးကို အိတ်ထဲမှ ထုတ်လိုက်ပြီး ပြတင်းပေါက်လေးကို
ကာထားလိုက်သည်။
လှဲရန်လုပ်လိုက်သည်။
"ဖြုတ်!..."
"အာ...ငါ့နှယ်နော်..."
အကျီ င်္ပြုတ်ကျလာပြီး ခေါင်းတစ်ခုလုံးကို
ဖုံးအုပ်သွားပါလေသည်။ ပထမဆုံးနေ့ကတည်းက
အကျီ င်္ကိုပဲ အပြစ်တင်နေမိသည်။ အကျီ င်္ကို
အကျီ င်္လေးကိုင်ထားလက်စနဲ့ ငေးကြည့်နေမိသည်။
ိဟိုကောင်လေး...
မနက်ကလည်း ဝင်တိုက်မိ။ မနေ့ကလည်း
သူ့ ဆံနွယ်လေးတွေ။ သေချာကြည့်မိရင်
ပယ်ဖျက်တယ်။
တွဲနိုင်တာလဲ။ တကယ့်ကို လက်လန်ပါတယ်
အမလေး...အံ့သြပါ့။
လျှောက်သွားသည်။
လိုက်ရှာသည်။
မတွေးရဲစရာပါပဲလား။
"အမေကြီး!!!!!!!..."
ရောက်နေတာလဲ။
သူကအပြင်မှာဆိုတော့။
"ယောကျာ်းလေးတွေ မကြိုက်တက်ဘူး~..."
"ဟမ်..."
သူဘာတွေပြောနေတာလဲ။ ငါကကော ဘာတွေ
ပြောနေတာလဲ။
"ဖြက်...ဖြက်..."
လှမ်းတင်လိုက်သည်။
မြင်လိုကရသည်။ ကြည့်လိုက်တော့
မြင်ဖူးနေသယောင်။ မဟုတ်မှလွဲကော။
"ဟင်!..."
ပြန်ကြည့်ပြီး။
ရောက်...ရောက်နေတာလဲ"
"........."
တချက်လေးပဲ။
ရပ်တန့်သွားပြီး။
"ဟင်..."
ပြန်ထွက်သွားသည်။
ဘာညာဘာညာနဲ့။ ဘဝင်ရူးပဲ။
***** ***** *****
ဖြစ်သည်အထိ။
ကျက်သရေတုံး ဘဝင်ရူး။ သူ့ ကြိုက်စရာလား
ဖြစ်စရာလားနော်။ တစ်ကမ္ဘာလုံးမှာ
လက်ထပ်လိုက်မယ်။
"အမေလေး!!!!!!..."
"ဟင်ဘာကြီးလဲ ဘာကြီး..."
မသိပါဘူး ဘေးနားကို ဖြူဖြူကြီး ကပ်လာတော့
လန့်သွားတာပဲ။
"လန့်လိုက်တာ မင်းကလည်း အသံလေးဘာလေး
ပေးလေ..."
"ဟမ်...အော် အဲ့လိုလား..."
"ငါ့မှာ ဖြူဖြူကြီး ကပ်လာတော့ ဘာကြီးလဲလို့"
"ဒါနဲ့ ဘာတွေစူပုပ်..."
"ဘာမှမဖြစ်ဘူး...လာမုန့်သွားစားမယ်
ငါတော်တော်ဗိုက်ဆာနေပြီ..."
ယွန်းဂီမေးတာကိုလည်း သေချာမပြောနိုင်ပဲ
မုန့်သွားစားဖို့သာ အာရုံရောက်မိသည်။
ငယ်ငယ်ကတည်းက အကျင့်ပေါ့ ဒေါသထွက်ရင်
မုန့်စား ဝမ်းနည်းရင်မုန့်စား ပျော်ရင်မုန့်စား။
စိတ်ခံစားချက်တစ်ခုက ပြင်းပြင်ထန်ထန်
နေရာဝင်ယူနေပြီဆိုရင် စားလိုက်ရမှ။
ဆူရှီဆိုင်လေးရောက်တော့လည်း ပလုတ်ပလောင်းဖြင့် ဆိုးဆေးအကူမပါပဲ
အနီရောင်ခပ်သန်းသန်းဖြစ်ချင်နေသည့်
ပါးအိအိလေးနှစ်ဖက် ပြည့်ဖောင်းနေသည်အထိ
စားနေသူက ဆော့ဂျင်။
အရှေ့ကနေ ဘာမှမပြောနိုင်ပဲ လက်ပိုက်ပြီး
ဆော့ဂျင်ကို နားမလည်နိုင်စွာဖြင့်
ကြည့်နေသူကတော့ ယွန်းဂီ။
"ဘာတွေဖြစ်လာလို့လဲ..."
"ဘာမှ...လာမမေးနဲ့...စားနေတယ်"
ပါးစပ်ထဲ နေရာလွတ်မကျန်အောင် ထိုးထည့်ပြီး
ပလုတ်ပလောင်းဖြင့် ရအောင် ပြောလိုက်သေးသည်။
"ဘယ်အကောင်လာကြောင်လို့လဲ..."
"အဟွတ်...အဟွတ်..."
ယွန်းဂီပြောလိုက်တဲ့စကားကြောင့် ဝင်သမျှတောင် ပြန်ထွက်ချင်သွားသည်။
"ရား!...ဘယ်အကောင်လဲ...ငါယောကျာ်းလေး"
"သိပါတယ်...ဒါပေမဲ့ မင်းပုံစံက ဘယ်သူမဆို
ကြွေရလောက်တဲ့ ပုံစံမလား...ညစ်ဖျစ်ချင်လောက်အောင်ကွာ...ဟိုလို
ဘယ်လိုပြောရမလဲ"
စိတ်ကတိုလာပါတယ်ဆိုမှ ယွန်းဂီပြောမှပဲ
စိတ်ကပိုပြီး မီးညှိသလို တောက်လာသလို။
"မပြောနဲ့တော့ကွာ...ငါသွားပြီ..."
"အယ်..."
အမြန်အဆန်ပဲ ပါးစပ်ထဲ နေရာလွတ်မကျန်အောင်
ထပ်ထိုးထည့်ပြီး လွယ်အိတ်လွယ်ကာ
ပြန်လာခဲ့တော့သည်။
အဆောင်ပြန်လာခဲ့ရင်း အဆောင်ဝန်း အဝနားမှာ
တစ်ယောက်သောသူကို တွေ့လိုက်ရတာကြောင့်
လှမ်းနေသည့်ခြေလှမ်းများ ရပ်တန့်မိသည်။
ဘဝင်ရူး!!
မတွေ့ချင်ဘူး မတွေ့ချင်ဘူးလို့ ဒီလောက်ထိ
စိတ်ထဲအော်ဟစ်နေတာတောင် တွေ့ဖြစ်အောင်
တွေ့လိုက်သေး။ ငါနော် တစ်နေ့တော့ဒင်းကို
ကျိန်စာတိုက်ပစ်အုံးမယ် မိန်းကလေးတွေက
ဒင်းကို စွဲဆောင်မှု ရှိလို့ကြိုက်နေတာ။
အဲ့ဒီလေတိုက်ရင် တလွင့်လွင့်ဖြစ်နေတဲ့
ဆံပင်တွေ ကျွတ်ပြီး ကတုံးကြီးဖြစ်ပါစေ။
အဆောင်ဝနားမှာ သူမို့ ဆေးလိပ် တမျှားမျှားနဲ့
အဆောင်မှူးကို မကြောက်တာလား။
ဒါမှမဟုတ် ဘဝင်အရူးလွန်ပြီး မာန်တက်နေတာလား။
အဆောင်ဝနားမှာ ဆောင့်ကြောင့်ထိုင်ပြီး
စီးကရက် အေးရာအေးကြောင်းသောက်နေရင်း
ဆော့ဂျင်ကို မြင်လေတော့ တချက်မျက်လုံး
ဝေ့ကြည့်လာသူ။
ဟင်...ငါ့ကို့မြင်သွားပြီ မသိချင်ယောင်ဆောင်မှပဲ။
မသိချင်ယောင်ဆောင်ပြီး မျက်နှာကို
မော်လျက် ဘောက်ဆက်ဘောက်ဆက်နဲ့
ဘေးနားဖြတ်လျှောက်ပြီး အဆောင်ထဲကို
ဝင်သွားသည်။
အဟား...ငါကွ ဘဝင်ရူးနားကို အချေပုံစံနဲ့
ဖြတ်လျှောက်လိုက်တာ လုံးဝ ပြီးပြည့်စုံ။
အခုမှပဲ ရင်ထဲ နည်းနည်းလောက် နေလို့ကောင်းသွားတာမို့ အဆောင်ရောက်ရင်
စိတ်ကိုအနားပေးတဲ့အနေနဲ့ တစ်ရေးလောက်တော့
အိပ်မှပဲ။
***** ***** *****
တစ်ရေးလို့တော့ ပြောခဲ့တာပဲ။ ဒါပေမဲ့
တကယ်တမ်း အိပ်ချလိုက်တာ နောက်တစ်နေ့တောင် ကူးတော့မယ်။
"ဆော့ဂျင်ရေ...ဆော့ဂျင်..."
ဘေးနားကိုလာပြီး အသာလေးလှုပ်နှိုးနေသော
ခံစားမှု။ ယွန်းဂီအသံနဲ့ ကိုယ့်နာမည်ခေါ်သံကို
ကြားလိုက်ပေမဲ့ မထချင်။ အိပ်ရေးလွန်သွားတော့
ခေါင်းတွေလဲ မူးပြီး ဘာမှမလုပ်ချင်ပဲ
တစ်ခါတည်း ဆက်အိပ်လိုက်ချင်သော ခံစားချက်။
ယွန်းဂီကို မျက်လုံးမှိတ်လျက်ဖြင့် ခေါင်းငြိမ့်လိုက်လား ခေါင်းခါလိုက်လားမသိလိုက်ပေမဲ့
ယွန်းဂီလည်း ခနကြာတော့ အနားမှာ မရှိတော့။
တိတိဆိတ်ငြိမ်သက်ခြင်းတို့ ကြီးစိုးသွားတာကြောင့် မျက်လုံးလေးတချက်ဖွင့်ကာ ခေါင်းလေးကို
အသာလေးထောင်ပြီး တံခါးပေါက်ရှိရာဆီသို့
လှမ်းကြည့်မိသည်။
အရမ်းတွေတိတ်ဆိတ်နေပုံအရ အကုန်လုံး
ညစာသွားကြပြီထင်တယ်။ ဒီလိုဆိုတော့လည်း
အားရပါးရ တစ်ယောက်တည်း အေးအေးဆေးဆေး နေလိုက်ပါအုံးမယ်။
အသာအယာလေးဖြင့် အပေါ်မျက်တောင်နှင့်
အောက်မျက်တောင် နုနုလေးတွေ တစ်ခုနှင့်တစ်ခု ပြန်ဆက်နွယ်ခါနီး။
"ဒုန်း!..."
အနည်းငယ် ကျယ်လောင်လှသော အသံတစ်ခုကြောင့် မျက်လုံးတွေဟာ ဆက်ကနဲ
ပြန်ပွင့်လာသည်။ တဆက်တည်း အသံကျယ်ကြောင့် မျက်ခုံးတွေပါ စုကြုံ့ ပြီး
ထထိုင်မိသည်။
ဘယ်သူကြီးပါလိမ့် အပေါ်ထပ်ကပဲနေလိမ့်မယ်
ဘာလဲ ဟိုမနေ့က စပိုက်ဒါမန်းကြီးလား။
အပေါ်ထပ်မှာဆိုလည်း ငြိမ်ငြိမ်မနေဘူး
ဘာတွေလုပ်နေပါလိမ့်။
ကိုယ့်ကုတင်က ပြတင်းပေါက်နားမှာဆိုတော့
စိတ်တိုတိုနဲ့ ပြတင်းပေါက်ကို ဖွင့်ကာ
အပေါ်ကို လှမ်းမော့ကြည့်မိသည်။ သို့ပေမဲ့
လှမ်းမော့ကြည့်လိုက်တာနဲ့မြင်လိုက်ရသော
မြင်ကွင်းတစ်ခုကြောင့် မျက်မှောင်လေးတွေ
စုကြုံ့ထားသည်များ ပြေလျော့သွားသည်။
အပေါ်ထပ်ပြတင်းပေါက်ကနေ ခြေထောက်ရှည်ရှည်သွယ်သွယ်လေးတစ်ခု
ကျနေပြီး သေချာကြည့်လိုက်လေတော့
ဂစ်တာလေး ကိုင်ထားသော တစ်စုံတစ်ယောက်။
အောက်ဘက်ကနေမြင်ရတာမို့ မသဲမကွဲ လက်ချောင်းလေးတွေရယ် နောက်ပြီး
ချထားတဲ့ ခြေထောက်လေးတွေရယ်။
မျက်နှာကတော့ သေသေချာချာမမြင်ရပေ။
"🎵~......"
ရုတ်တရက် ဆိုသလို ဂစ်တာကြိုးစမ်းလိုက်တဲ့
အသံလေးထွက်လာတာကြောင့် ငြိမ်ငြိမ်လေး
ငေးကြည့်နေမိသည်။
အသံလေးက ကြိုးစမ်းလိုက်တဲ့ အသံလေးပေမဲ့
ရင်ထဲပြောပြမတက်အောင် ခံစားမိသည်။
"🎶~...🎵~..."
သူ့ လက်ချောင်းလေးတွေနဲ့ အသာအယာ
နှစ်ချက်လောက် ထပ်စမ်းလိုက်ပြီးနောက်
ငြိမ်ကျသွားသည်။
ထိုသို့ ငြိမ်သက်နေတဲ့ အချိန်အတွင်း
ကိုယ်လည်းမျက်တောင်မခတ်တမ်း
လိုက်ကြည့်နေမိသည်။
"🎶...🎶..."
ငြိမ့်ငြိမ့်ညောင်းညောင်းလေးဖြစ်တဲ့ သံစဉ်လေးကို
စတင်ပြီး ကြားရတာကြောင့် ငြိမ်သက်စွာနှင့်
မြောပါမိသည်။ လက်ချောင်းသွယ်သွယ်လေးတွေနဲ့ အသာအယာ
တီးသွားတာ မှန်ပေမဲ့ ငြိမ့်ညောင်းလှတဲ့
သံစဉ်လေးတွေကို အဆက်မပြတ်ဖန်တီးနေတဲ့
ထိုသူ။
ဘယ်သူများပါလိမ့်။
"🎵........."
နောက်ဆုံးအနေနဲ့ အဆုံးသတ် သံစဉ်လေး
ကြားလိုက်ရပြီး ငြိမ်သွားကာမှ အသိစိတ်တွေ
ပြန်ကပ်မိသည်။ ထိုစဉ်ရုတ်တရက် ပြန်ပြီး
မော့ကြည့်လိုက်လေတော့ ကြက်သီးမွှေးညှင်းတွေပါထသွားသည်။
ထို ဂစ်တာတီးနေသော သူက ကျွန်တော်ရှိရာ
အောက်ကို အသာလေးလှမ်းငုံ့
ကြည့်နေတာကြောင့် ထိုနေရာမှာတင် အတောင့်လိုက်။ နှစ်ယောက်သား အကြည့်ချင်း
ဆုံမိကြပေမဲ့ အကြောင်သား။
ထိုသူ့ မျက်လုံးတွေကို အသေအချာ တပ်အပ်
မြင်လိုက်ရသည်။ ထိုကဲ့သို့ စူးရှရှ တည်တည်ကြည်ကြည် စွဲညို့ယူနေသလို
မျက်ဝန်းတွေ။
မြင်ဖူးနေမိသလား။
ခဏတာ လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားပြီး နောက်မှ
အဆက်အသွယ်ရလာကာ။
"ဂျိန်း!!!..."
"အာ့..."
ရှက်ရှက်နဲ့ ပြတင်းပေါက်ကို အသည်းအသန်
ပိတ်ချလိုက်ပြီး အထဲမှာ မသိသလိုလေး
ပုန်းနေမိသည်။ လက်ကလေးအနည်းငယ်
ညှပ်မိသွားပေမဲ့ နာလို့နာမှန်းတောင် မသိတော့ပေ။
ရှက်လွန်းလို့ တစ်ကိုယ်လုံးပူထူနေပြီး
တွင်းတစ်ခုခုမှာ ပုန်းချင်မိတဲ့ ခံစားချက်။
သူပဲမလား...ဟိုဘဝင်ရူးနေတဲ့ ကောင်လေး။
သွားပါပြီ တွေ့စရာရှား ဆုံစရာရှားလို့
သူနဲ့ပဲ ဆုံနေရလား။ မုန်းပါတယ်ဆိုမှ
မတွေ့ချင်ပါဘူးဆိုမှ ဘာလို့လဲ။
ဒီတစ်ခါ ဆုတောင်းတွေ မပြည့်ခဲ့ဘူး
ထင်ပါတယ်။
-----------------------------------------------------
Thanks For Read And Vote...💙
[A/N]
ထုံးစံအတိုင်း 2 ရက်ခြား
update ဖြစ်ဖို့များပါတယ် ဒါမှမဟုတ်
တစ်ခါတစ်လေ အားလို့ ရေးဖြစ်ရင်
1 ရက်ခြားဖြစ်ချင်ဖြစ်ပါလိမ့်မယ်
အဓိကကတော့ 2 ရက်ခြားထက်တော့
ပိုမကြာလောက်ပါဘူး
မတွေ့ရတာ ကြာပြီနော်...💙
.
.
.
.
.
.
.
.
.
.
.
.
.
.
.
UNICODE
*********
အပြေးတစ်ပိုင်း မဟုတ်ပဲ အပြေးနှစ်ပိုင်းနဲ့
နောက်ဆုံးတော့ ကိုယ့်အခန်းကို ရောက်ရှိခဲ့ပြီ။
အတန်းဝင် ခြေလှမ်းလိုက်တာနဲ့ အတန်းသားအားလုံးရဲ့
မျက်လုံးတွေက ကိုယ့်ဆီကို ရောက်လာတာမို့
ရှက်ကိုးရှက်ကန်း ဖြစ်မိသည်။
ခုနက ချော်လဲတုန်းက အင်္ကျီများ ပေသွားသေးလို့လားဆိုတဲ့စိတ်နှင့်
ဟ်ိုခါ ဒီခါနဲ့ရို့တို့ရှမ်းတန်းလေး ဝင်လျက်။
နေရာလွတ်ကို ရှာလိုက်လေတော့ ပြတင်းပေါက်နဲ့
ကွက်တိနေရာလေးက ခုံမှာ လွတ်နေတော့
ခပ်သွက်သွက်ကလေး လျှောက်သွားလိုက်သည်။
ပြတင်းပေါက်နားက လေလေးတဖြူးဖြူးနဲ့
ဒီလောက် နေလို့ကောင်းတာကိုဘာလို့များ
မထိုင်ကြတာပါလိမ့်။
သူတို့မထိုင်လည်း ငါထိုင်လိုက်ရုံပေါ့။
ခဏကြာလေတော့...
လူတွေဘာလို့ ပြတင်းပေါက်နားမှာ မထိုင်ကြတာလဲဆိုတာ သိရှိသွားခဲ့ပါပြီ။
ပူလိုက်တဲ့နေ မျက်နှာကိုပါ တည့်တည့်ထိုးတာ
ငါ့များကြိုက်နေသလားအောက်မေ့ရတယ်။
ဒီလိုနဲ့မဖြစ်လေတော့...လိုရမယ်ရယူလာတဲ့
အပေါ်ဝတ်အင်္ကျီလေးကို အိတ်ထဲမှ ထုတ်လိုက်ပြီး ပြတင်းပေါက်လေးကို
ကာထားလိုက်သည်။
ဒီလိုမှပဲအေးအေးချမ်းချမ်းလေး စာသင်ရတော့မည်။
ပထမအချိန်သင်ပြီးတော့ အေးရာအေးကြောင်းလေး နားတဲ့အနေနဲ့
ခဏလောက် စားပွဲခုံပေါ်မှာ ခေါင်းချပြီး
လှဲရန်လုပ်လိုက်သည်။
ပါးလေးတွေ အိကနဲ ဖြစ်သည်အထိ ခုံပေါ်မှာ
လှဲချအိပ်မည်လုပ်တုန်း။
"ဖြုတ်!..."
"အာ...ငါ့နှယ်နော်..."
ခေါင်းပေါ်ကို ပြတင်းပေါက်မှာကာထားတဲ့
အင်္ကျီပြုတ်ကျလာပြီး ခေါင်းတစ်ခုလုံးကို
ဖုံးအုပ်သွားပါလေသည်။ ပထမဆုံးနေ့ကတည်းက
အရမ်းတွေကံကောင်းနေတာပဲ။
စိတ်တိုတိုနဲ့ ခေါင်းထောင်ကာ စူပုပ်ပုပ်ဖြင့်
အင်္ကျီကိုပဲ အပြစ်တင်နေမိသည်။ အင်္ကျီကို
ခေါင်းပေါ်က ယူချလိုက်တဲ့အချိန် အပြင်ဘက်ကိုလည်း အကြည့်ရောက်သွားသည်မို့
အင်္ကျီလေးကိုင်ထားလက်စနဲ့ ငေးကြည့်နေမိသည်။
ိဟိုကောင်လေး...
စိတ်ထဲ၌ ထပ်မံထွက်ပေါ်လာတဲ့ ထိုစကားလုံး။
ဒီကောင်လေးကိုမြင်ရတာ ခဏခဏရှိနေသလို
မနက်ကလည်း ဝင်တိုက်မိ။ မနေ့ကလည်း
ဖုန်းကိစ္စ္ဂနဲ့ အထင်လွဲခံထိ။ မတွေ့ဆုံချင်တဲ့
သူနဲ့မှ ဘာလို့ခဏခဏဆုံနေလဲဆိုတာ။
မနီးမဝေးက သစ်ပင်လေးအောက်မှာ
ထိုင်ပြီး ကောင်းကင်ကို ငေးကြည့်နေတဲ့
ထိုကောင်လေး။ မေးရိုးလေးတွေက အဝေးကနေမြင်ရတာတောင် ထင်းနေသလို။
မဆိုသလောက်လေးရှည်လျားကျနေတဲ့
သူ့ဆံနွယ်လေးတွေ။ သေချာကြည့်မိရင်
ဆွဲဆောင်မှု ရှိလွန်းပါတယ်။ ဒီအတိုင်း
အေးချမ်းနေရုံလေးပုံစံ။
ထိုအချိန် ထိုမြင်ကွင်းနား
ကောင်မလေးတစ်ယောက် တရွေ့ရွေ့နဲ့
ရောက်သွားတာကို မြင်လိုက်ရသည်။
ပယ်ဖျက်တယ်...ပယ်ဖျက်တယ် အေးချမ်းတယ်ဆိုတာကို လုံးဝလုံးဝ
ပယ်ဖျက်တယ်။
သေချာကြည့်လေမှပဲ မနက်ကတွေ့တဲ့ ကောင်မလေးနဲ့လည်း မတူပြန်။
ဘာလဲဟ ရည်းစားက ဘယ်နှယောက်တောင်လဲ
ဒီကောင်လေးများလှချည်လား။ ရည်းစားပေါင်း
သောင်းခြောက်ထောင်ကို ဘယ်လိုများ
တွဲနိုင်တာလဲ။ တကယ့်ကို လက်လန်ပါတယ်
ဒါဆို အကုန်လုံးကို အတည်တွဲနေတာလား
ဒါမှမဟုတ် အပျော်တွဲတာလား။
အမလေး...အံ့သြပါ့။
ကြည့်နေတဲ့အချိန်လေး ထိုကောင်လေးလည်း
ထိုင်နေရာမှထပြီး သူ့အရှေ့မှာ ရပ်နေတဲ့
ကောင်မလေးကို လုံးဝ ဂရုမစိုက်ပဲလက်ကို
ဖုန်ခါသလို တချက်နှစ်ချက် ပွတ်လိုက်ပြီး
သူ့ဘောင်းဘီအိတ်ထဲကို လက်နှစ်ဖက်လုံး
ထည့်ပြီး ဘယ်သူ့မှဂရုမစိုက်သလိုပုံစံဖြင့်
လျှောက်သွားသည်။
ထိုကောင်လေး သွားရာနောက်ကို ကောင်မလေးကလည်း တကောက်ကောက်နဲ့
လိုက်ရှာသည်။
ဟ...ဘာတွေလဲ မနက်စောစောစီးစီး
ရုပ်ရှင်ကား ကြည့်လိုက်ရတာလား။
ကိုယ်ကလည်းစပ်စုချင်စိတ်နဲ့မို့ သူတို့သွားတဲ့နေရာကို ပြတင်းပေါက်အပြင်ဘက်
ခေါင်းကြည့်ထွက်ပြီး လိုက်ကြည့်မိသည်။
မြင်ကွင်းကွယ်ရာရောက်သွားပြီမို့ မမြင်ရတော့ပေမဲ့ စပ်စုချင်စိတ်က များနေတာမို့
တကူးတစ်က ခေါင်းကြီးထွက်ပြီး လိုက်ကြည့်မိသည်။
ဟူး...သူနဲ့တွဲတဲ့ ကောင်မလေးတွေဘဝကတော့
မတွေးရဲစရာပါပဲလား။
"ကျုပ်ကိုကြိုက်နေတာလား~..."
"အမေကြီး!!!!!!!..."
ကိုယ်ကြည့်နေတဲ့ဘက်ရဲ့ ဆန့်ကျင်ဘက်ခြမ်းမှ
အသံတစ်ခု ထွက်လာတာမို့ နှလုံးပါပြုတ်ထွက်မတက် ပြတင်းပေါက်ကနေ
အပြင်ကို ပြုတ်ကျတော့မတက် လန့်ဖြန့်မိသည်။
ပြူးတူးပြာတာဖြင့် အသံလားရာကို လှည့်ကြည့်မိလေတော့ ဘောင်းဘီအိတ်နှစ်ဖက်ထဲ
လက်နှစ်ဖက်ထည့်ပြီး ကိုယ်တွေအတန်းအပြင်က
အုတ်နံရံလေးကို ခပ်လျှောလျှောမှီကာ
အရှေ့တည့်တည့်လှည့်ပြီး ရပ်နေသောသူ။
ကိုယ်နဲ့ဆိုရင် သူ့ကို
ဘေးတစ်စောင်းအနေအထားဖြင့် မြင်နေရသည်။ သူအဲ့နားကို ဘယ်တုန်းကတည်းက
ရောက်နေတာလဲ။
အချိန်အတော်ကြာတဲ့ထိ ကြောင်တောင်တောင်လေးဖြင့် လှမ်းကြည့်နေမိသည်။ ကိုယ်က ပြတင်းပေါက်ကနေ လှမ်းကြည့်နေရတာဖြစ်ပြီး
သူကအပြင်မှာဆိုတော့။
"ဟို...ခု...ခုနက ဘာ...ဘာပြောလိုက်တာလဲဟင်"
ကိုယ်ကစပ်စုကောင်းနေတော့ သူပြောလိုက်တာကို
သေချာမကြားမိလိုက်တော့ ထပ်မေးမိခြင်း။
ထိုသို့မေးလိုက်လေတော့ သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်း တစ်ဖက် အနည်းငယ်
ပြေပြေလေး ကွေးညွှတ်သွားသည်ကို
မြင်လိုက်ရသည်။ ဖျက်ကနဲမြင်လိုက်တာမို့
ပါးချိုင့်ယေးယေးလေးတွေပါ မြင်လိုက်သလို
မမြင်လိုက်သလိုနဲ့ မသေချာမရေရာ ဖြစ်နေသည်။
"ယောက်ျားလေးတွေ မကြိုက်တက်ဘူး~..."
"ဟမ်..."
သူဘာတွေပြောနေတာလဲ။ ငါကကော ဘာတွေ
ပြောနေတာလဲ။
"ဖြက်...ဖြက်..."
ထိုအချိန် တစ်လှမ်းချင်းတစ်လှမ်းချင်း ကိုယ့်အနားကို လျှောက်လှမ်းလာတာမို့
ငြိမ်ငြိမ်သက်သက်လေး ငေးကြည့်နေမိသည်။
ဘောင်းဘီအိတ်နှစ်ဖက်ထဲ လက်ထည့်ကာ
တငြိမ့်ငြိမ့်နှင့်လျှောက်လှမ်းလာသူ။
တဖြေးဖြေးနဲ့ ကိုယ့်ပြတင်းပေါက်အနား
နီးလာတာမို့ အနောက်ကို ရုတ်လိုက်မိသည်။
အနားကိုရောက်လေတော့ ကိုယ့်ကိုတချက်
စူးရှတဲ့ မျက်ဝန်းတွေနဲ့ တချက်ဝေ့ကြည့်ပြီး
ပြတင်းပေါက်ဘောင်ပေါ်ကို တစ်စုံတစ်ခု
လှမ်းတင်လိုက်သည်။
ထိုအပြုအမူကြောင့် မျက်ခုံးတန်းလေးတွေ
နည်းနည်းတော့ စုကြုံ့မိသည်။
ဘာကြီးလာတင်သွားတာပါလိမ့်။
သူ့လက်ချောင်းသွယ်သွယ်လေးတွေ
ဖယ်လိုက်တဲ့အချိန်မှာပဲ ကဒ်ကလေးတစ်ခု
မြင်လိုကရသည်။ ကြည့်လိုက်တော့
မြင်ဖူးနေသယောင်။ မဟုတ်မှလွဲကော။
သွားပါပြီ! ကျောင်းသားကဒ်ကြီးပဲ။
"ဟင်!..."
မြင်မြင်ချင်း မျက်လုံးပြူးမျက်ဆံပြူးနဲ့
ထိုကျောင်းသားကဒ်ကို ဖြတ်ကနဲ လှမ်းယူလိုက်မိသည်။ အိုးမလုံအုံပွင့်ဖြင့်
ပြန်ကြည့်ပြီး။
"ဘာ...ဘာလို့... ငါ့...ငါ့ဟာက မင်းဆီကို
ရောက်...ရောက်နေတာလဲ"
"........."
ထိုသို့ မေးလိုက်သော်လည်း ဘာမှပြန်မပြောပဲ
စိုက်ကြည့်နေသည်။ သို့ပေမဲ့ အကြာကြီးမဟုတ်ပါ
တချက်လေးပဲ။
ခနလောက် အကြည့်ဆုံမိသွားပေမဲ့ လှစ်ကနဲ
ပြန်ပြီး မျက်နှာလွှဲသွားကာ လှည့်ထွက်သွားသည်။
သို့ပေမဲ့ ခနတာ သူ့ခြေလှမ်းတွေဟာ
ရပ်တန့်သွားပြီး။
"ပထမဆုံး တွေ့ဆုံမှုတော့ မဟုတ်ဘူးပဲ~..."
"ဟင်..."
ပြောစရာရှိတာ ပြောပြီးသည်နှင့်
ထုံးစံအတိုင်း ကိုယ့်ကိုကျောခိုင်းကာ
ဘောင်းဘီအိတ်ထဲ လက်ကိုပြန်ထည့်ပြီး
ပြန်ထွက်သွားသည်။
ဘယ်လိုလူလဲဟ လူကိုလည်း ကြိုက်နေတာလား
ဘာညာဘာညာနဲ့။ ဘဝင်ရူးပဲ။
အဲ့ဒါထက် ကျောင်းသားကဒ်က အုန်းမုတ်ခွက်ကေနဲ့ ပုံစံကို
သူမြင်သွားပြီလားမသိဘူး ရှက်လိုက်တာ။ ပထမနေ့ကတည်းက
တစ်ခုမှကို အဆင်မပြေဘူး။
နောက်ဘယ်တော့မှ ဘဝင်ရူး မိန်းကလေးတွေ
အသဲကိုလိုက်လိုက်ခွဲနေတဲ့သူနဲ့ မတွေ့ပါစေနဲ့။
***** ***** *****
ကျောင်းဆင်းပြီဆိုတာနဲ့ ဘောက်ဆက်ဘောက်ဆက်ဖြင့် ခေါင်းပေါ်က
ဆံပင်အမွှားလေးတွေကအစ ခုန်ဆွခုန်ဆွ
ဖြစ်သည်အထိ။
ကျက်သရေတုံး ဘဝင်ရူး။ သူ့ကြိုက်စရာလား
ငါ့ရုပ်ကလည်းသူ့ကိုကြိုက်တဲ့ရုပ်ပေါက်နေလို့လား
ဖြစ်စရာလားနော်။ တစ်ကမ္ဘာလုံးမှာ
နောက်ဆုံး အဲ့ဒီဘဝင်ရူး တစ်ယောက်ပဲ
ကျန်တော့မယ် ဆိုရင်တောင် မယူဘူးမယူဘူး
လုံးဝ မရူးဘူး။ သူ့ကိုယူမဲ့အစား ငါးတွေကိုပဲ
လက်ထပ်လိုက်မယ်။
"အမေလေး!!!!!!..."
"ဟင်ဘာကြီးလဲ ဘာကြီး..."
ကိုယ့်အတွေးနဲ့ကိုယ် ဗြာများပြီး စိတ်တိုနေတာကြောင့် ဘေးနားမှာ ယွန်းဂီရောက်နေတာတောင် သတိမထားမိလိုက်။
မသိပါဘူး
You are reading the story above: TeenFic.Net