° 15 °
Background color
Font
Font size
Line height
UNICODE
__________
"ဖြေးဖြေးစား နင်ပြီး သေမယ်…"
ယွန်းဂီနှင့် ဆော့ဂျင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ကာ ဆော့ဂျင်ကတော့
ရေညှိထမင်းလိပ်တွေကို တစ်ခုပြီးတစ်ခု
ပလုတ်ပလောင်း စားနေသလောက်
ယွန်းဂီကတော့ လက်ပိုက်လျက် ခုံကို
မှီကာ လှမ်းကြည့်နေသည်။
"မင်း မစားဘူးလား…"
"မင်းသာ ဝအောင်စား…"
ပါးစပ်ထဲမှာ ပလုတ်ပလောင်းဖြစ်နေသည်ကို
အရင်ဝါးစား မျိုချပြီး ယွန်းဂီကမ်းပေးလာတဲ့
ရေကို မော့သောက်လိုက်သည်။
"ဂျောင်ဂုနဲ့ တွဲနေတာလား…"
"အဟွတ် အဟွတ်…"
ရုတ်တရက်ဆန်သော ယွန်းဂီစကားကြောင့်
ရေတောင် သီးမတက်။
"ဘာ…ဘာတွေပြောနေတာလဲ မရီရဘူး"
ဘယ်လိုတုန့်ပြန်ပြီး ပြောရမှန်းမသိတာကြောင့်
အသက်မပါသော ရီသံဖြင့် ပြန်ပြောမိသည်။
"သိသာနေတာကို…"
"…………"
"မင်း တွဲတာက အကြောင်းမဟုတ်ပါဘူး
အဓိကက မင်းကိုသူ မျက်ရည်ကျအောင်
လုပ်ရင်လဲ ငါသည်းခံမှာမဟုတ်ဘူး…"
ယွန်းဂီ ဂျောင်ဂုကို ကြည့်မရဘူးဆိုတာ
ကျွန်တော်သိပါသည်။ ဒါကြောင့် မောင်နဲ့
တွဲနေသည်ဆိုတာကို တမင်အသိမပေးပဲ
နောက်မှ ပြောမယ်ဆိုပြီး လုပ်ထားပေမဲ့
အကဲခတ်မြန်လွန်းတဲ့ ယွန်းဂီက ကြိုပြီးတော့
သိနေခဲ့တယ် ထင်သည်။
"ငါ…မင်းကို ပြောမလို့ပါပဲ"
"မပြောလဲ ဘာမှမဖြစ်ဘူး ငါက အလိုလို
သိမှာ.…မင်းကလေ ရည်းစားမထားဖူးမှန်း
အရမ်းသိသာတာပဲသိလား ငါကလေ
စပ်စုလွန်းလို့ သိတာမဟုတ်ဘူး မင်းရဲ့
ပုံစံကိုကလေ မူမမှန်တာ…"
"ဟင်…ငါကဘာဖြစ်လို့"
"အေးလေ မင်းပုံစံကိုကလေ ဟိုလိုကွာ
ကျွန်တော် ဂျွန်ဂျောင်ဂုနဲ့ တွဲနေပါပြီဆိုပြီး
နဖူးမှာ စာကပ်ထားသလိုပဲ.…"
"ဟမ်!…"
ယွန်းဂီစကားကြောင့် ကိုယ့်နဖူးကိုယ် ပြန်ပြီး
စမ်းကြည့်ရတဲ့ အဖြစ်။ အဲ့လောက်တောင်မှ
သိသာသွားတာလား ဘာတွေကများ
ဒီလောက်သိသာသွားတာလဲ ညဘက်ဆို
ခိုးခိုးစကားပြောပြီး အပြင်ထွက်ရင်လဲ
ခိုးကြောင်ခိုးဝှက်ထွက်တာပဲ ရှိတာပါ။
"သူက အတည်တွဲတက်တဲ့သူ မဟုတ်တာလဲ
မင်းသိမှာပါ…"
"ဒါကမင်း ထင်တာပါ တကယ်တမ်း
ဂျောင်ဂုက အဲ့လိုပုံပေမဲ့ ငါ့အပေါ်ကို
တကယ်ကောင်းပါတယ်…"
"အခြားသူတွဲခဲ့ဖူးတဲ့ သူတွေကိုလဲ အဲ့လိုမျိုး
ဆက်ဆံခဲ့နိုင်တာပဲ…"
"မဖြစ်နိုင်ပါဘူး သူကအရင်လူတွေကို
အတည်မတွဲဘူး အပျော်သက်သက်ပဲတွဲတာ
ဟိုလို ရည်းစားသဘာဝ လက်တွေဘာတွေ
ကိုင်တာလောက်တောင် ရှိမှာမဟုတ်ဘူး"
"ဒါက မင်းထင်ကြေးလေ ဟျောင့်…"
"စားချင်စိတ်မရှိတော့ဘူး…မင်းဒါတွေ
ပြောဖို့ ဝယ်ကျွေးမယ် ပြောတာလား"
ယွန်းဂီပြောတာတွေက မှားကောင်းလဲ
မှားနိုင်သလို မှန်ကောင်းလဲ မှန်နိုင်ပါသည်။
သို့ပေမဲ့လဲ ဂျောင်ဂုကို ပြောတာကိုလဲ
ဆတ်ဆတ်ထိမခံ ဖြစ်မိပါသည်။
"မဟုတ်ပါဘူး မင်းအတွက်ပါ ငါကလေ
မင်းနဲ့ပေါင်းလာတာလဲကြာပြီ မင်းရဲ့
စိတ်က ဘယ်လိုဘယ်ပုံဆိုတာလဲ ငါသိတယ်
သူကမင်းအတွက် အချစ်ဦး ဖြစ်ကောင်း
ဖြစ်နိုင်တယ် ဒါပေမဲ့ သူ့အတွက်တော့
မင်းက အချစ်ဦး ဖြစ်ချင်မှ ဖြစ်မှာ…"
"…………"
ပါးစပ်ထဲ ထမင်းလိပ်တစ်ခုကို ထိုးထည့်ပြီး
စိတ်မပါသလို ဝါးနေတဲ့ ဆော့ဂျင်ကြောင့်
ယွန်းဂီလဲ သက်ပြင်းလေးသာ တချက်
ချနိုင်တော့သည်။ ဆော့ဂျင်အတွက်
အားကိုးရာလေး အပြင် ကောင်းမွန်တဲ့
အဖော်ဆိုလို့ ယွန်းဂီသာ ရှိသည်လေ။
ဒါတွေဟာ သူ့အတွက် စဉ်းစားပေးပြီး
ပြောတဲ့စကားတွေဆိုတာ သိပေမဲ့
ဂျောင်ဂု နဲ့ပက်သက်ပြီး သူ ပြောတဲ့
စကားတွေက အမှန်ဖြစ်နိုင်တာပဲလေ။
"အေးဆေးစား ငါလဲ လုပ်စရာရှိသေးလို့
သွားအုံးမယ်…အာ…ပိုက်ဆံရှင်းခဲ့မယ်"
"…………"
စိတ်ထဲမှာတော့ နည်းနည်းလေး ကျိန်ဆဲ
မိပါသည်။ ပြောတာတော့ လူကို နင်စေမဲ့
စကားတွေပြောပြီး အခုကျ အေးဆေးစားတဲ့
အနာပေးပြီး ဆေးပေးတဲ့ အချစ်ဆုံး
သူငယ်ချင်း အရင်းကြီးပါ။
ညနေပိုင်းအချိန် စာသင်ဖို့ စိတ်ရောက်မည်
မထင်တော့ပါ။
****  ***  ****
"သောက်အုံးမလား…"
မနက်က သစ်ပင်အောက်မှာပဲ ထိုင်နေရင်း
အကိုင်းကြီးပေါ်မှာ တက်ထိုင်နေတဲ့
ဂျောင်ဂုဆီ စီးကရက်ဘူး လှမ်းပေးရင်း
မေးလိုက်သော ထယ်ဟျောင်း။
"No…"
"ဟ…"
မိုးသာပြိုရင် ပြိုလိမ့်မယ် စီးကရက်စပြီး
သောက်တက်တဲ့အချိန်ကနေ စီးကရက်နဲ့
မဖြတ်နိုင်ပဲ အရူးအမူး စွဲနေအောင်
သောက်ခဲ့တဲ့ သူက အခုတော့ ငြင်းတယ်တဲ့။
"မင်း ဂျွန်ဂျောင်ဂုကော ဟုတ်ရဲ့လား…"
"ဘာလား…"
"ငြင်းလို့လေ…"
"အဟက်…ငြင်းတာများ ငါငြင်းလွှတ်လိုက်တဲ့
မိန်းကလေးတွေမှ တစ်ပုံကြီး…"
"ချီး တကယ်ထူးဆန်းလို့ပါဟ…မင်းက
လာကြိုက်သမျှမိန်းကလေးတွေကိုသာ
ငြင်းရင် ငြင်းမယ် စီးကရက်ကိုတော့ ငြင်းမဲ့
လူမှ မဟုတ်တာ လောကကြီးက
ပြောင်းပြန်တွေ ဖြစ်သွားတာလား နေက
အနောက်ဘက်က ထွက်တော့မယ်…"
"နေမကောင်းလို့လား~…"
"ဟမ်…ငါလား…"
"သူ…"
အနောက်ဘက်ကနေ ခပ်တိုးတိုးပြောတော့
ထယ်ဟျောင်းကို ပြောတယ်ထင်ရင်း
လှည့်မေးကြည့်လိုက်တော့ အရှေ့တည့်တည့်ကို
မေးဆက်ပြသည်။ လှမ်းပြီး ကြည့်လိုက်တော့
မနက်က အဖြူရောင် လူသားလေး။
"အစ်ကိုက ဘာဖြစ်လို့လဲ
နေမကောင်းတာလား…"
"မသိဘူး…"
"ဟ…ဟျောင့်ငါပြောမယ် မင်းလေ
အခြားသူတွေကိုသာ အပျော်ကြံရင်ကြံ
အစ်ကိုတော့ မဖြစ်ဘူးနော်…"
"ကျစ်!…နားငြီးတယ်…"
သစ်ပင် မှ ခပ်နိမ့်နိမ့်နဲ့ ခပ်ခိုင်ခိုင်အကိုင်းမှ
ရုတ်တရက် ခုန်ဆင်းလာပြီး။
"သွားအုံးမယ်…"
"ဟင်…အော် လစ်လစ်"
လွယ်အိတ်ကို ပုခုံးပေါ်မှာ တင်ကာ
လက်တစ်ဖက်တည်းဖြင့် ကိုင်ပြီး
ခပ်သွက်သွက်ဖြင့် လှမ်းသွားသည်။
ဆော့ဂျင်တို့ အခန်းရှေ့ရောက်တော့
လှမ်းပြီး တံခါးခေါက်မလို့ကြံနေရင်း
တံခါးချလက်က မချထားတာကြောင့်
ဆွဲဖွင့်ကာ ဖြေးဖြေးချင်းလှမ်းဝင်သွားသည်။
အိပ်ယာပေါ်မှာ မျက်နှာတခြမ်းကပ်ကာ
ပါးမို့မို့ဖောင်းဖောင်းလေးတွေ အိကနဲ။
အကြည့်တွေအားလုံး ဘယ်ဆီကိုရောက်လို့
ရောက်နေမှန်းလဲမသိပဲ တစ်ယောက်တည်း
အတွေးကမ္ဘာထဲ ရောက်နေသည်။
တစ်ယောက်တည်းအတွေးထဲမှာ
နစ်မြောနေရင်း ဆံပင်ခပ်အုံ့အုံ့တွေကို
တစ်စုံတစ်ယောက်က လာထိတာမို့
ခန္ဓာကိုယ်လေးတစ်ခုလုံး ဆက်ကနဲ
တုန်သွားသည်။
"မောင်!…"
ဂျောင်ဂုကိုမြင်တော့ အလန့်တကြား
လှမ်းခေါ်လိုက်ရင်း ပြူးတူး
ကြောင်တောင်လေးဖြင့်ပင်။ ထိုအပြုအမူကြောင့်
ဂျောင်ဂုရဲ့ မျက်ခုံးတန်းတွေဟာ ရုတ်တရက်
တွန့်ချိုးကုန်ပြီး။
"ဘာတွေဒီလောက်စဉ်းစားနေလို့
လူတစ်ယောက်လုံးလာတာတောင်
မသိရတာလဲ…"
"အာ…မဟုတ်…ဒီအတိုင်း အစာမကြေတာ
ဖြစ်မယ်…"
"ပြီးတော့ တံခါးကို ချလက် မချထားဘူး
ဘယ်လောက်ပဲ အဆောင်ထဲမှာ ဖြစ်နေပါစေ
ချက်တော့ထိုးထားလေ…"
"ငါမေ့သွားလို့…"
"ဘာစားပြီးပြီလဲ…"
"နေ့လည်တုန်းကတော့ ထမင်းလိပ်
စားထားတယ်…"
"ဒါပဲလား…"
"အွန်း…"
"အခုကော မဆာဘူးလား မောင်နဲ့
တစ်ခုခု သွားစားမလား…"
ကိုယ့်မျက်လုံးတွေကို သေချာစိုက်ကြည့်ပြီး
ဒူးတစ်ဖက်ထောက်ကာ ပြောနေသော
ဂျောင်ဂုကြောင့် ရင်ထဲတစ်မျိုးတစ်မည်လေး
ခံစားရလာသည်။
ရုတ်တရက်ဆန်သွားမလားတော့မသိပေမဲ့
မောင့်ရင်ခွင်ထဲ ခဏတာလောက်
ခိုလှုံချင်မိတာကြောင့် အကြောင်းပြချက်မရှိ
ခါးလေးတွေဆီကို တွယ်ဖက်ကာ ရင်ခွင်ထဲ
တိုးဝင်မိသည်။ ကိုယ့်ဘက်က အစီအစဉ်မရှိ
ရုတ်တရက် ဖက်လိုက်တာမှန်ပေမဲ့
ဂျောင်ဂုဘက်ကလဲ ဘာမှထူးဆန်းသွားခြင်း
မရှိပဲ ရင်ခွင်ထဲနစ်နေသည်အထိ ပြန်ပြီး
ဖက်ပေးသည်။
ထိုခံစားမှုလေးကဘာနဲ့မှကို နှိုင်းယှဉ်လို့မရ
ဒီလိုပုံစံလေးနဲ့နေရတဲ့အချိန်လေးကို
ရပ်တန့်လိုက်ချင်မိသည်အထိ။ စွဲဆောင်မှု
ရှိတဲ့ ကိုယ်နံ့လေးကို တစ်ဝကြီး ရှုရှိုက်မိသည်။သို့ပေမဲ့ ဖက်ထားရင်းနဲ့မှ
အတွေးပေါင်းစုံကခေါင်းထဲကို အပြုံလိုက် ဝင်လာသည်။
"မောင်…"
မောင်လို့အစပြုကာ ခေါ်လိုက်တဲ့ ဆော့ဂျင်
ခေါ်သံလေးအဆုံး ကျောပြင်လေးကို
ခပ်ဖွဖွနူးနူးညံ့ညံ့လေး ပွတ်သပ်ပေးတဲ့
ဂျောင်ဂု လက်ကလေးတွေ။
"အင်း…"
"ငါ့ကို ဖက်ရတာ သဘောကျလား…"
"သဘောကျတာပေါ့~…"
"ဒီလိုမျိုး ဖက်ပေးဖူးတာ ငါက မောင့်အတွက်
ပထမဆုံးလား…"
ထိုစကားအဆုံး ကျောပြင်ကို
ပွတ်သပ်ပေးနေတဲ့
မောင့်လက်ကလေးတွေဟာ
ရပ်တန့်သွားသည်။ ထိုအပြုအမူကို
လုံးဝမကြိုက်ပါ တကယ်ဆို မေးရင်
ဟုတ်တာပေါ့ ဆိုပြီး ဖြေရမယ်မဟုတ်လား
ဘာလို့တွန့်ဆုတ်နေခဲ့သည်လဲ။
"အင်း…မင်းကိုပဲ သေသေချာချာ ရင်ထဲ
နစ်နေအောင် ဖက်ပေးဖူးတာ…"
"…………"
မောင်လိမ်နေတာလား ဒါမှမဟုတ်
အမှန်တိုင်းပြောနေတာလားဆိုတာ
ကျွန်တော်လဲမသိနိုင်ပါ။ ကာယကံရှင်ဖြစ်တဲ့ မောင်ကိုယ်တိုင်ကပဲ အသိဆုံးမလား။
"အဝတ်မလဲရသေးဘူးမလား အရင်ဆုံး
နွေးနွေးထွေးထွေး အဝတ်စားလဲပြီးရင်
ထွက်လာခဲ့ မောင် အဆောင်ရှေ့နားမှာ
စောင့်နေမယ်…"
"ဘာလုပ်မလို့လဲ…"
"ချိန်းတွေ့မလို့လေ~…"
လေသံခပ်တိုးတိုးလေးဆိုကာ ခေါင်းလေးကို
ခပ်ဖွဖွလေး နမ်းရှိုက်သည်။
"အွန်း ထွက်လာခဲ့မယ်…"
"နွေးနွေးထွေးထွေး ဝတ်ခဲ့နော် အပြင်မှာ
အေးတယ်…"
"ဝတ်ခဲ့မယ်…"
ထို့နောက်ခပ်ပြေပြေလေး ပြုံးပြကာ
တရွေ့ရွေ့ဖြင့် အခန်းပြင်ကို
ထွက်သွားသည်။
အခန်းပြင်ကို ထွက်သွားသော မောင့်ရဲ့
ကျောပြင်ငယ်လေးကိုပဲ ကြည့်ကာ
ကျန်ခဲ့ရင်း အတွေးပေါင်းများစွာ။ ပုံမှန်ဆို
အတွေးမလွန်တက်ပေမဲ့ မောင်နဲ့တွေ့မှ
အတွေးတွေ ခေါင်းထဲ
ဝင်မဆန့်လောက်သည်ထိများလာခဲ့ပြီ။
****  ***  ****
hoodie ခေါင်းစွပ်အင်္ကျီအညိုရောင်
ထူထူလေးကို ဝတ်ထားလေတော့
ဝက်ဝံပေါက်စလေး တစ်ကောင်လိုပင်။
ခပ်လှုပ်စိလှုပ်စိနဲ့ ထွက်လာပြီးနောက်
ဟိုကြည့်ဒီကြည့်ဖြင့် အဆောင်အပြင်ကို
တရွေ့ရွေ့။ အပြင်ကို ထွက်လာခါနီး
ယွန်းဂီက ကုတင်ပေါ်မှာ ဖုန်းကြည့်နေခဲ့သည်။
ကိုယ့်ကို တစ်ခုခုများ ပြောမလားလို့
ကွက်ကြည့်ကွက်ကြည့်လုပ်နေခဲ့ပေမဲ့
ဘာမှမပြော။ သူနဲ့ကျမှ ကိုယ့်ရဲ့ အဖေကြီး
တစ်ယောက်လို။
ဖုန်းတောင်မယူလာမိပဲ အပြင်သို့
ခပ်လှုပ်စိလှုပ်စိလေး ထွက်လာရင်း
လှမ်းရှာနေမိသည်။ နည်းနည်းလေး
မျက်လုံးကို ကစားကာ ကြည့်လိုက်တော့
ခပ်လှမ်းလှမ်းမှာ နံရံကိုမှီပြီး စီးကရက်
တစ်ဖွှာဖွှာလုပ်နေသူ။ အစကတော့
ူသူလဲ hoodie လေးကိုမှ အမဲရောင်နဲ့
ဂျင်းဘောင်းဘီအကြပ်လေး ဝတ်ထားတာမို့
ကြည့်ကောင်းသားပဲလို့ တွေးမိပေမဲ့
လက်ဖြူဖြူ ရှည်ရှည်ကြားထဲမှာ
ညှပ်ထားတဲ့စီးကရက်ကို တွေ့တာနဲ့
စိတ်တွေဟာအနည်းငယ် အထိမခံလေး ဖြစ်လာသည်။
လပ်သွက်သွက်ကလေး ဖြင့် လှမ်းကာ
ဘောက်ဆက်ဆက်လေးဖြင့် သွားမိတော့။
"မောင်!…"
"ဗျာ…"
"စီးကရက် မသောက်ပါနဲ့ဆိုတာကို ဘာလို့
သောက်နေတာလဲ…"
"တစ်ခုတည်းပါ သိပ်မသောက်ပါဘူး
နည်းနည်းလဲ အေးနေတော့ ပြီးတော့
မင်းလာတာနဲ့ ဆက်မသောက်တော့ဖို့
လုပ်ထားတာပါ…"
"မကြိုက်ဘူး ပြောထားတာကို ဘာလို့
ခဏခဏ ဆက်သောက်နေတာလဲ…"
"…………"
ထိုအခါ နံရံမှာမှီနေရင်း ဆော့ဂျင်အား
ခပ်ရီဝေဝေ အကြည့်တွေဖြင့်ကြည့်ကာ
စီးကရက်ကို ချေပြီး အနီးအနားမှာရှိတဲ့
အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။
ရုတ်တရက် ဆော့ဂျင်မျက်နှာနားကပ်လာကာ
ခေါင်းကို ခပ်စောင်းစောင်းလုပ်လိုက်ပြီး
နှုတ်ခမ်းချင်းထိတွေ့တော့မည့်အနေအထား။
နမ်းခါနီးမှာတင် မျက်နှာလွှဲသွားသော
ဆော့ဂျင်ကြောင့်။
"ဆော့ဂျင်…"
"ဘာလဲ…"
"ဘာလို့ရှောင်တာလဲ…"
"စီးကရက် သောက်ထားတဲ့ နှုတ်ခမ်းတွေကို
မနမ်းချင်ပါဘူး…"
"ဆော့ဂျင်!…"
"ငါပြောထားတယ်လေ မကြိုက်ပါဘူးဆိုတာကို
ဘာလို့ လုပ်တာလဲ…"
"ကျစ်!…မင်းမကြိုက်ရင် မလုပ်တော့ဘူးလို့
ပြောထားတယ်လေ…"
"ဒါဆို ဘာလို့လုပ်လဲ…"
"မင်း လိုက်ခဲ့…"
အနည်းငယ် မလွတ်လပ်တဲ့နေရာမှာ ဖြစ်နေတာမို့
ဆော့ဂျင်လက်ကိုဆွဲကိုင်ကာတစ်နေရာသို့
ခပ်မြန်မြန် ဦးတည်လိုက်သည်။ လမ်းချိုး
တစ်ခု တစ်နေရာသို့ ရောက်လေတော့
ခပ်မှောင်မှောင် လမ်းကြားလေးဆီသို့
ဆွဲခေါ်လာသည်။
"ဟုတ်တယ် မောင်မှားတယ် ဒါပေမဲ့
မောင်က 18 နှစ်ပြည့်ပြီးကတည်းက
သောက်လာတာ စွဲမတက် ဖြစ်တာ
အဲ့ဒါကြောင့် အရမ်းထိန်းရတာ ပြီးတော့
မင်းမကြိုက်ဘူးဆိုလို့ ဖြတ်ဖို့တောင်မှ
လုပ်ခဲ့တာ…အရမ်းစွဲလမ်းတဲ့အရာကို
ဖြတ်တောက်ဖို့က ခက်တယ်လေကွာ
မင်းလဲ သိရဲ့သားနဲ့…"
"ဒါပေမဲ့ ငါ့ရှေ့မှာ မဟုတ်ပဲ အခြားအချိန်
မင်းသောက်လို့ရတယ်လေ…"
"ကျစ်!…အပြင်ထွက်တာအခုမှမို့ လေ
အဆောင်ဝန်းထဲမှာဆိုလဲ မင်းနဲ့ တွေ့ရမှာ
ပေမဲ့ အဆောင်ထဲမှာဆို မင်းနဲ့
လွတ်လွတ်လပ်လပ် တွေ့လို့မရဘူးလေ
အဲ့အခါကျ မောင်ကသောက်ရင် မင်းက
ပိုပြီး ခပ်လှမ်းလှမ်းနေအုံးမယ်…"
"ငါ့အပြစ် ဖြစ်ပြန်ပြီလား…"
"ဆော့ဂျင်ရာ ဘာမဟုတ်တဲ့ ကိစ္စလေးကို
မောင်က မင်းအပြစ်လို့ ပြောနေတာမှ
မဟုတ်တာ…"
"ဒါပေမဲ့ မင်းပြောနေတဲ့ ပုံစံက ငါပဲ
ပြဿနာ ရှာနေသလို…"
"ဟုတ်ပါပြီ မောင်မှားပါတယ်…"
"…………"
"နောက်တစ်ခါ မသောက်တော့ဘူး
တကယ်ပါ ကတိ…"
"…………"
ဘာမှမပြောတော့ပဲ ငြိမ်ကျသွားတဲ့
ဆော့ဂျင်ကြောင့် မျက်နှာလေးကို
ဖြေးဖြေးချင်း ငုံ့ကြည့်မိသည်။
"ဘာဖြစ်ပြန်တာလဲ~…"
"မောင်…"
"…………"
"မင်းရဲ့အချစ်ဦးက ငါမဟုတ်ဘူးမလား"
"…………"
"မောင် ဖြေလေ…"
"မင်းက ကိုယ့်အတွက် ပထမဆုံးပါ…"
"လိမ်တယ်…"
"…………"
"မင်း လိမ်တယ်…ဒါဆို Yeon ဆိုတဲ့
နာမည်ပါတဲ့ တစ်ယောက်နဲ့လဲ
တွဲဖူးမယ်ထင်တယ် မင်းကို နှင်းဖန်ဘောလုံးလေးလဲ ပေးဖူးမယ်ထင်တယ်
မင်းနဲ့လဲ ဂစ်တာတွေအတူ
တီးဖူးမယ်ထင်တယ်
မင်းရဲ့ပထမဆုံးလေး ဖြစ်ရမယ်…"
"ဆော့ဂျင်…"
"မင်းအရမ်းကိုအရူးအမူး စွဲလမ်းမိပြီး
လမ်းခွဲချိန်မှာတောင် သူ့ကိုမမေ့နိုင်သေးလို့
စီးကရက်တွေ အရမ်းသောက်ခဲ့ရပုံ…"
နှုတ်ခမ်းလေးတွေ တုန်ရီစွာဖြင့် အဆက်မပြတ်
ပြောနေရင်း မျက်ဝန်းမှ မျက်ရည်တွေလဲ
အတိုင်းအဆမရှိ ကျဆင်းနေခဲ့သည်။
"ဟုတ်တယ်မလား…မလိမ်စမ်းပါနဲ့"
"မင်းကို ဘယ်သူပြောတာလဲ…"
"ဘယ်သူ့မှမပြောဘူး ကိုယ့်ဘာသာကိုယ်
သိတာ…"
"မဟုတ်ဘူး မင်းဘာသာမင်း သိတာတော့
မဟုတ်လောက်ဘူး ဘယ်သူပြောတာလဲ
ထယ်ဟျောင်းလား…"
"မဆိုင်တဲ့ သူများတွေကို ဆွဲမထည့်စမ်းပါနဲ့
ဘယ်သူ့မှမပြောဘူး ငါကိုယ်တိုင်သိတာ
ဘယ်လိုလဲ အမှန်တွေမလား…"
"မဟုတ်…အဲ့လိုမဟုတ်ဘူး မင်းထင်ထားသလို
မဟုတ်ဘူး"
"မလိမ်စမ်းနဲ့ ဂျောင်ဂု…ဒါဆို မင်းရဲ့
တိုက်ခန်းက အိပ်ခန်းထဲမှာ ရှိနေတဲ့
Yeon နာမည်ပါတဲ့ ဖန်လုံးကကော
တိုက်ဆိုင်တာ ငါအထင်မှားတာလို့ပဲ
ငြင်းအုံးမှာလား…"
မောင်မျက်ဝန်းထက်က မျက်တောင်တွေဟာ
အနည်းငယ် ပုတ်ခက်ပုတ်ခက် ဖြစ်လာသည်။
"မင်း…ငါ့ကိုအပျော်ကြံချင်ရုံလောက်နဲ့
အနားမကပ်ပါနဲ့လား ဘာလို့ဆို…ငါ့ရဲ့…
ငါ့ရဲ့ ပထမဆုံးအရာတွေက မင်းဖြစ်နေလို့"
"မင်း တော်လိုက်တော့ ဘယ်တော့မှ
အပျော်မကြံခဲ့ဘူး…မင်းကို ကစားဖို့လဲ
တွဲခဲ့တာမဟုတ်ဘူး ပြောခဲ့ပြီးသားပဲ
အပျော်ကြံမယ်ဆိုရင် တွေ့တဲ့သူကို
ကောက်တွဲလိုက်ပြီ…မင်းမို့လို့ မင်းဖြစ်နေလို့
တစ်ခါမှ မချစ်ဖူးတဲ့ အချစ်မျိုးတဲ့ မင်းကို
ချစ်တာမို့လို့ တွဲတာ…"
"သူ့ကိုမေ့ဖို့ ငါ့ကိုတွဲတာလို့တော့ မဆိုလိုနဲ့"
"မောင် အဲ့လို မပြောမိပါလား…"
မျက်နှာချင်း မဆိုင်ချင်တော့တာမို့ မျက်နှာကို
တစ်ဖက်လွှဲပြီး မျက်ရည်တွေကို
ခိုးသုတ်မိသည်။ မျက်ရည်တွေထပ်မံ
ကျမလာအောင် လုပ်သော်လဲ မရပေ။
"မင်း အခြားသူနဲ့ နမ်းခဲ့တယ် ဆိုတာတွေ
အခြားသူနဲ့ ဖက်ခဲ့တယ် ဆိုတဲ့အကြောင်းတွေ
တွေးမိတိုင်း ရင်ထဲ တစ်ဆစ်ဆစ်နဲ့
နောက်ပြီး ငါ့ကိုအပျော်တွဲတာလားဆိုပြီး
စဉ်းစားတိုင်းလဲ ရူးမတက်ပဲ…မင်းငါ့ကို
ဘယ်အချိန်ထားသွားမလဲဆိုပြီး
စဉ်းစားတိုင်းလဲ
ရင်ထဲဖြေမဆည်နိုင်ဘူး…အဟင့်…"
"တောင်းပန်ပါတယ်…မင်းကျေနပ်တဲ့အထိ
တောင်းပန်ပါမယ် အပျော်ကြံတယ်ဆိုတဲ့
စကားကို မပြောပါနဲ့လား…ပြီးတော့
မင်းပြောနေတဲ့ တစ်ယောက်ကို မောင်က
မင်းလောက်လဲ မချစ်ဘူး ဒီအတိုင်း
ကလေးအရွယ် သစ်ရွက်လှုပ်တိုင်း
ရင်ခုန်မိတဲ့အရွယ်မှာ ပထမဆုံးအနေနဲ့
စိတ်ကစားမိသွားတဲ့ တစ်ယောက်ပဲ ဒါပေမဲ့
သူက မောင့်အတွက်အဲ့လောက်မှအရေးမပါပဲ
သူ့ကိုရင်ခုန်မိသွားတာမှန်တယ် သူနဲ့
တွဲမိသွားတာမှန်တယ် ဒါပေမဲ့ မောင့်အတွက်
မှားယွင်းမှုပဲ…"
"…………"
"မင်းက စပြီး တွဲတဲ့သူကို အချစ်ဦးဆိုပြီး
သတ်မှတ်တာလား…မောင်ကတော့
အဲ့လိုမျိုး မသတ်မှတ်ဘူး မင်းကိုချစ်မိတဲ့
အချစ်က ဘယ်သူ နဲ့မှ နှိုင်းလို့ကို မရဘူး
ဒါကြောင့် မောင့်အတွက်ဒီလိုချစ်ခြင်းမျိုးနဲ့
ချစ်မိတာက မင်းတစ်ယောက်တည်းပဲမို့
မင်းကို အချစ်ဦးလို့ပဲ သတ်မှတ်တယ်
အချစ်ဦးလဲ မင်းပဲ အချစ်ဆုံးကလဲ မင်းပဲ
အချစ်ဆိုတာကြီးကို အပျော်အပျက်လို
ခံစားနေတဲ့ ဒီကကောင်က မင်းနဲ့တွေ့မှ
ပြောင်းလဲသွားတာ မင်းမှမသိပဲ…"
"…………"
"စီးကရက်တွေစွဲသွားတယ်ဆိုတာ
ခဏတာ မှားယွင်းမှုကြောင့် စမ်းပြီး
သောက်ခဲ့ရင်း သောက်ပါများပြီး စွဲတဲ့
သဘောပဲ…မင်းကဖြတ်ဆိုရင် ဖြတ်မှာပါ
အစတည်းက မင်းမကြိုက်ဘူးဆို ဖြတ်မယ်လို့
ပြောထားပြီးသား…မင်းက တိုက်ခန်းမှာ
တွေ့ခဲ့တယ်ဆိုတာ မောင်အဲ့ဒီတိုက်ခန်းကို
မသွားတာတောင် ကြာပြီ ဒါကြောင့် ဒီလို
အရေးမပါတဲ့ အရာတွေရှိနေသေးမှန်း
မသိခဲ့ဘူး…"
"ဒါဆိုငါ့ကိုဘာလို့ခေါ်သွားလဲ…"
"မင်းကိုမခေါ်သွားခင် ကြိုပြီး သတိထားပြီး
ရှင်းနေမှ မောင့်ကိုယ်မောင် လိပ်ပြာမလုံလို့ပေါ့
အခုက အဲ့လိုအရေးမပါတာတွေရှိနေမှန်း
စိတ်ထဲကိုမရှိတာ…"
"မင်းရှင်းလို့ရတာပဲ…"
"ပြောထားတယ်လေ အဲ့လိုမျိုး ခိုးကြောင်ခိုးဝှက်ကြိုပြီးရှင်းနေတာကမှ
လိပ်ပြာမလုံသလိုခံစားနေရလို့
မဟုတ်ဘူးလား…"
"…………"
မျက်ရည်တွေအဆက်မပြတ် စီးဆင်းနေတဲ့
ဆော့ဂျင်ကို သေချာစိုက်ကြည့်ရင်း။
"မငိုပါနဲ့ကွာ~…"
ပါးပြင်မှ မျက်ရည်တွေကို လက်ကလေးဖြင့်
ခပ်ဖွဖွသုတ်ပေးရင်းဆိုသည်။
"အဟင့်…မင်းကတကယ် လူယုတ်မာ
ငါ့မှာ ငါ့ကိုထားသွားမှာ အမြဲတမ်း
ကြောက်နေခဲ့တာ…"
"မဟုတ်ရပါဘူး ဘယ်သူက ထားသွားမှာလဲ
မထားပါဘူး…"
"မင်းလေ မင်း…"
"မထားပါဘူး…တစ်လောကလုံးက မင်းကို
ထားသွားရင်တောင် ဒီကကောင်က
မထားသွားဘူး…"
"…………"
ပါးပြင်ပေါ်မှာ မခြောက်သေးတဲ့ မျက်ရည်စလေးတွေအပြင် ဆက်တိုက်
ကျဆင်းနေတဲ့ မျက်ရည်လေးတွေ။
ခေတ္တခဏ ငြိမ်သက်သွားပြီးနောက်
တစ်ယောက်မျက်နှာ တစ်ယောက်
လှမ်းကြည့်နေမိသည်။ ဆော့ဂျင်ကို
လှမ်းကြည့်နေတဲ့ အကြည့်တွေဟာ
ခပ်ရီဝေဝေလေး ပြောင်းလဲသွားပြီး။
"မင်းသိလား~…"
"…………"
"မောင်ဘယ်သူ့ကိုမှ မချော့ဖူးဘူး~…"
ခပ်တိုးတိုး သြရှရှ စကားလုံးတွေကိုပြောကာ
နှုတ်ခမ်းလွှာတွေအပေါ်ရောက်ရှိလာတဲ့
နောက်ထပ်နှုတ်ခမ်းလွှာတစ်စုံ။
ဟုတ်ပါသည် စီးကရက်သောက်တဲ့
နှုတ်ခမ်းတွေကိုမကြိုက်ပေမဲ့ တကယ်တမ်း
မောင့်ဘက်က စတင်လိုက်ရင် ကိုယ့်ဘက်ကပါ
အလိုက်သင့် စီးမြော ခံစားမိသည်အထိ။
စွဲလမ်းသည်ထက်ကိုပိုနေသည်လား။
ဘယ်လောက်ပဲ အပြစ်တွေလုပ်ထားပါစေ
ဘယ်လောက်ပဲ ခပ်ဆိုးဆိုးဖြစ်နေပါစေ
မောင့်ဘက်က ယုယမှုလေးတစ်ခု
စတင်လိုက်ပြီဆိုတာနဲ့ စိတ်တွေအကုန်လုံး
ပျော့ကျကုန်သလို။
အထင်မလွဲအောင် မောင်ရှင်းပြနေတဲ့
အချိန်တုန်းက မောင့်မျက်ဝန်းတွေဟာ
စိတ်အားထက်သန်မှုအပြည့်။ ကိုယ့်ကိုကိုယ်တောင် မလုံမလဲဖြစ်မိသည်အထိ
အတ္တလေး ကြီးမိသွားတာ အမှားဖြစ်သွားသည်လားဆိုပြီး။
ဒီလူသားအတွက်က်ိုယ့်ရဲ့အရာရာဟာ
ပထမဆုံးဖြစ်သည်မှု။ ဒီလူသားရဲ့
ယုယမှုတွေ နောက်ပြီး စွဲဆောင်မှုရှိတဲ့
ကိုယ်သင်းနံ့လေး တည်ရှိရာ ရင်ခွင်ကျယ်
နောက်ပြီး စီးကရက်သောက်တတ်တဲ့
နှုတ်ခမ်းပါးလေးတွေ။
မောင်နဲ့ပက်သက်သမျှ အရာအားလုံး
ကိုယ်တစ်ယောက်တည်းသာ
ပိုင်ချင်မိသည်အထိထိုလူသားအပေါ်
အရူးအမူး အတ္တကြီးပါသည်။
-----------------------------------------------
Thanks for read and vote…💙
[A/N]
Him လေးက ခပ်တိုတိုလေးပါလို့
ပြောထားတဲ့အတိုင်း
Final ရောက်ခါနီးပါပြီ…
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ZAWGYI
________
"မင်း မစားဘူးလား…"
"မင်းသာ ဝအောင်စား…"
"အဟွတ် အဟွတ်…"
ရေတောင် သီးမတက်။
"သိသာနေတာကို…"
"…………"
ကျွန်တော်သိပါသည်။ ဒါကြောင့် မောင်နဲ့
သိနေခဲ့တယ် ထင်သည်။
"ဟင်…ငါကဘာဖြစ်လို့"
"ဟမ်!…"
စမ်းကြည့်ရတဲ့ အဖြစ်။ အဲ့လောက်တောင်မှ
မင်းသိမှာပါ…"
တကယ်ကောင်းပါတယ်…"
ဆက်ဆံခဲ့နိုင်တာပဲ…"
"…………"
ချနိုင်တော့သည်။ ဆော့ဂျင်အတွက်
"…………"
မထင်တော့ပါ။
****  ***  ****
"သောက်အုံးမလား…"
"No…"
"ဟ…"
You are reading the story above: TeenFic.Net