Unicode
ကျောင်းထဲက ကြော်ငြာသင်ပုန်းရှေ့မှာ ကျောင်းသားတွေစုပြုံတိုးနေကြသည်။ စာသင်နှစ်တစ်ခုစပြီဖြစ်လို့ မနက်ခင်းစောစောစီးစီးမှာ ဘယ်အခန်းကျလဲဆိုပြီး တကျိကျိနဲ့ အချင်းချင်းပြောဆိုနေကြသေးသည်။
အခုနှစ်ကအမှတ်နဲ့ခွဲတာမဟုတ်ဘဲ မဲနှိုက်ပြီးထည့်ထားတာတဲ့။ အခန်းနာမည်ကိုတောင် အေ, ဘီ လို့မပေးတော့ဘဲ ၁ , ၂ လို့ပြောင်းတပ်ထားသည်။ မဟုတ်ရင် ကျောင်းသားအချင်းချင်းလည်း သဘောမကျသလို မိဘတွေအချင်းချင်းကလည်းပြိုင်လို့မပြီးကြတော့။ ဒီလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ အမှတ်တွေပေါ်မူတည်ပြီးကျောင်းသားချင်းခွဲခြားဆက်ဆံတာရှိသေးတယ်လား?
ရှိပါသေးတယ်..ဒါပေမယ့် တဖြည်းဖြည်းချင်းတော့ ပြောင်းလဲပေးနေကြပါတယ်တဲ့။ ကျောင်းကသာစနစ်ပြောင်းသွားမယ်။ မိဘတွေကတော့ပြောင်းမှာမဟုတ်ပါဘူး။ တချို့တချို့ပေါ့။
အခုတော့ ဘယ်သူတွေက ဘယ်အခန်းကျပြီး သူငယ်ချင်းတွေပြန်ဆုံကြရဲ့လားဆိုတာကတော့ အထက်တန်းပထမနှစ်ကျောင်းသားတွေကြားထဲမှာ hot ဖြစ်နေသည်။
သူငယ်ချင်းဆိုတာမျိုးကလည်းအရေးကြီးတာကိုး..အတန်းသစ်မှာ သူငယ်ချင်းအသစ်ထပ်ဖွဲ့ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်။ ကံကောင်းရင် သူငယ်ချင်းကောင်းနဲ့တွေ့နိုင်ပေမယ့် ကံဆိုးရင် အနိုင်ကျင့်ခံရနိုင်သေးသည်။
‘ငါ အခန်း ၂ မှာကွ.. မာရှီဟို မင်းကရော’ ဘေးကနေ ဂျီဟူကမေးလိုက်တော့ မာရှီဟိုလည်းဆက်ရှာလိုက်တော့သည်။
‘နေဦး မတွေ့သေးလို့ကွ’ လက်ညှိုးနဲ့ထောက်ပြီးရှာလို့ကလည်းမရ။ အနောက်မှာရောက်နေတော့ အရှေ့က ဂလန်ဂလားနဲ့လူတွေကိုလည်းရှောင်ပြီး ကြည့်နေရသေးသည်။
‘၃၁, ၃၂ တွေ့ပြီ...၃၃ မှာ..ဒီအခန်းထဲမှာ အယောက် ၄၀ ရှိတာပဲ’
‘အင်း ဟုတ်တယ် အခန်း ၁ မှာက ၅၅ ယောက်’
‘တွေ့ကြပြီလား ဟေ့ကောင်တွေ’ ဟင်းမ်ချန်က နှစ်ယောက်ကြားကိုဝင်လာပြီး သူ့လက်မောင်းကို ပခုံးပေါ်တင်လိုက်သည်။ နာမည်နဲ့လိုက်အောင်ကို ဗလတောင့်တောင့်နဲ့ ဟင်းမ်ချန်က တိုက်ကွမ်ဒိုကလပ်က အဖွဲ့ဝင်လည်းဖြစ်နေသေးသည်။ အဖွဲ့ထဲမှာလည်း ဗလအတောင့်ဆုံးနဲ့မသိရင် တက္ကသိုလ်ကျောင်းသားလို့တောင် ထင်ရသည်။
ဂျီဟူကတော့ စာတော်တဲ့ကျောင်းသားမို့ တစ်ခုခုဆိုသူ့ပဲအားကိုးလာခဲ့ရတာ အလယ်တန်းကနေ အထက်တန်းရောက်လာသည်အထိ။ သုံးယောက်လုံးက ငယ်သူငယ်ချင်းတွေမဟုတ်ပေမယ့် အခင်ဆုံးသူငယ်ချင်းအဖွဲ့လို့ပြောလို့ရသည်။ ဝါသနာကတော့ တစ်ယောက်တစ်မျိုး။
ဟင်းမ်ချန်က အားတိုင်း တိုက်ကွမ်ဒိုဆော့နေတတ်သလို ဂျီဟူက အားတိုင်း စုဒိုကု သင်္ချာဉာဏ်စမ်းအကွက်တွေဖြည့်နေတတ်သည်။ မာရှီဟိုကတော့ အားတိုင်း ကနေတတ်တဲ့သူတစ်ယောက်။
‘လာလေ သွားကြမယ် အကုန် အတူတူပဲကို’
အခန်း ၂ ထဲကိုဝင်သွားကြတေ့ာ အကုန်လုံးလိုလိုက နေရာတောင်ယူပြီးနေကြပြီ။ ရှေ့ဆုံးတန်းမှာတော့ ၃ နေရာစာလောက်ချန်ထားပေးကြပြီး အကုန်လုံးက အနောက်မှာပြုံတိုးနေကြသည်။
‘မင်းကတော့ ဒီမှာကျန်ခဲ့လိုက်’ ဟင်းမ် ကဂျီဟူကို ရှေ့ဆုံးတန်းအလယ်ခုံမှာထားခဲ့လိုက်သည်။
နေရာဆက်ရှာရင်းနဲ့ နောက်ဆုံးကရေရင် ၃တန်းမြောက်ကနေရာမှာ မျက်လုံးမကောင်းတဲ့ ဟင်းမ်က ဝင်ထိုင်လိုက်သည်။
မာရှီဟိုက နောက်ဆုံးတန်းမရောက်ခင် တစ်တန်းအလိုက ပြတင်းပေါက်ဘေးနားကခုံမှာထိုင်လိုက်သည်။ သူ့ဘေးနားမှာတစ်ခုံတော့လွတ်နေသေးသည်။ ဘယ်သူလာမှာပါလိမ့်။ သူငယ်ချင်းတွေနဲ့တစ်ခန်းတည်းအတူတူကျပေမယ့် အတူတူထိုင်ရမယ့် ဘေးချင်းကပ်သူငယ်ချင်းဆိုတာကလည်း အရေးကြီးသည်မဟုတ်ပါလား?
အကအသင်းကိုစိတ်ဝင်စားတဲ့သူတွေဆို မာရှီဟို့ကိုသိကြသည်။ ကျောင်းပွဲတိုင်းနဲ့ တခြားပြိုင်ပွဲတွေမှာ ဝင်ကဖူးတဲ့သူမို့ ရုပ်မမြင်ဖူးရင်သာနေမယ် နာမည်တော့ကြားဖူးတယ် ဆိုတဲ့သူမျိုး။ သူ့လိုပဲ နာမည်ကြီးတဲ့သူတစ်ယောက်ရှိသေးသည်။ သူကတော့ အဆိုအသင်းက။ အဆို နဲ့ အက ကအနုပညာနယ်ပယ်ထဲမှာပဲမို့ နီးစပ်သူဟုထင်ရပေမယ့် တကယ်တမ်းကျ အဝေးကြီးဝေးနေသည်။
အတန်းကငယ်နေပြီး စာသင်ချိန်များတဲ့အတွက် အသင်းမှာလေ့ကျင့်ချိန်ဆိုတာနည်းသလို အသင်းတိုင်းအတွက် အခန်းကလည်း မတူတာမို့ တွေ့ဖို့ဆိုတာ ခပ်ရှားရှား။
အခုထိ အဆိုအသင်းကလူတွေနဲ့ သေချာမနှုတ်ဆက်ဖူးသေး။ အတန်းပေါင်းစုံနဲ့စုပြီးဖွဲ့ထားတာဆိုတော့ လူကလည်းများသည်။ ဒါပေမယ့် အတန်းတူ ရွယ်တူတွေထဲမှာတော့ ဂျွန်ခယူဆိုတဲ့ အဆိုအသင်းက ကောင်လေးက နာမည်ကြီးတာမို့ စိတ်ဝင်စားမိသည်။ တစ်ခါလောက်တော့ သေချာနှုတ်ဆက်ပြီး ခင်ချင်မိသား။ သူငယ်ချင်းတွေကပြဖူးတာမို့ သူ့ကိုတော့မြင်ဖူးသည်။ တစ်ခါတလေ ကျောင်းထဲမှာလည်းတွေ့ဖူးသည်။ ဒါပေမယ့် တစ်နှစ်မှ အခန်းမတူခဲ့တာမို့ ရင်းနှီးခွင့်မရခဲ့။ တွေ့တော့လည်း မနှုတ်ဆက်ရဲခဲ့။
စောစောက သူ့နာမည်ကိုလည်းရှာနေတုန်း ဟင်းမ်က သွားကြမယ်ဆိုတာနဲ့ ဂျွန်ခယူ့နာမည်ကိုမရှာလိုက်ရ။
အဲ့တာအရေးမကြီးဘူး..ငါ့ဘေးနားကိုဘယ်သူလာထိုင်မှာလဲ? ကောင်မလေးများလား? ဒါမှမဟုတ် စာလည်းမလုပ် ဆရာ့စကားလည်းနားမထောင်တဲ့ ဖိုက်တာကောင်တွေလား?
အကုန်လုံးရောက်နေကြပြီလား? နေရာကတော့ သူ့ဘေးကတစ်ခုံပဲကျန်တော့သည်။ ခုံအပိုလေးဖြစ်သွားတာထင်သည်။ တစ်ခုံကျော်က ကောင်လေးတစ်ယောက်ကလည်း သူ့ဘေးကခုံအလွတ်ကိုလှမ်းကြည့်ရင်းကနေ မာရှီဟိုနဲ့အကြည့်ချင်းဆုံသွားသည်။
မြင်ပြီးမှတော့ ရယ်ပြလိုက်သည်။ သူကလည်းပြန်ရယ်ပြတာမို့ ပထမဆုံးတစ်ယောက်နဲ့တော့ အိုကေသွားပြီ။
၉ နာရီထိုးဆရာ မလာခင်မှာ အခန်းတံခါးပွင့်ပြီး နောက်ဆုံးကျောင်းသားတစ်ယောက်ကရောက်လာသည်။
‘ဝိုး….’ ဒီအသံတွေက စောစောက မာရှီဟိုတို့ဝင်လာတုန်းကလည်း တိုးတိုးလေးထွက်လာကြသေးသည်။ အခုကနည်းနည်းတော့ပိုကျယ်သည်။
ဘယ်သူပါလိမ့်…
*Oh..shiiiii ဂျွန်ခယူဟ*
ဂျွန်ခယူက ဘယ်နေရာခုံလွတ်မှန်းမသိလို့ရှာနေသည်။ တစ်ခုံတည်းသော အလွတ်လေးကိုတွေ့သွားပြီး ဘေးက လူကိုကြည့်လိုက်သည်။
မာရှီဟိုပဲစိတ်ထင်တာလားမသိ။ ဂျွန်ခယူကသူ့ကိုမြင်ပြီး မျက်လုံးလေး နည်းနည်းပြူးသွားသလိုပဲ…
*မဟုတ်မှလွဲရော..သူကငါ့ကိုသိတာလား? အင်းလေ သိတော့သိမှာပေါ့...အံ့ဩသွားတာနေမယ်*
ဂျွန်ခယူကခုံအလွတ်မှာဝင်ထိုင်ပြီး လွယ်အိတ်ကိုချွတ်လိုက်သည်။ ထို့နောက် ဘေးက မာရှီဟို့ဘက်ကိုလှည့်ကာ လက်တစ်ဖက်ထုတ်လိုက်ပြီး…
‘Annyeong...ငါ ကင်ဂျွန်ခယူပါ..အခုမှပဲ တစ်ခန်းတည်းကျတော့တယ်... မာရှီဟို’
လေအတိုက်မှာ ဘေးကပြတင်းပေါက်ကိုဖြတ်ပြီး သစ်ရွက်လေးတစ်ရွက်က ဝှေ့ပြီးဝင်လာသည်။
ဆောင်းအကုန်နွေဦးရောက်လာပြီဖြစ်တဲ့ မတ်လရဲ့ ပန်းဝါဝါ Sansuyu ပန်းလေးက မာရှီဟိုရဲ့ပခုံးပေါ်မှာတင်သွားသည်။ ဒုတိယထပ်ထဲကအခန်းထဲထိ ဝင်လာရအောင်ကို လေကပြင်းသွားခဲ့တာလား?
‘ပန်းလေးဝင်လာတယ်’ ဂျွန်ခယူက လက်ဆွဲနှုတ်ဆက်ဖို့ပြင်ထားတဲ့သူ့လက်ကို မာရှီဟို့ပခုံးပေါ်က ပန်းလေးဆီလှမ်းလိုက်သည်။
‘ချစ်စရာလေးပဲ’ ဂျွန်ခယူကပဲပြောလိုက်သည်။ ပန်းသေးသေးလေးကို တယုတယနဲ့ကြည့်နေသေးသည်။
‘မင်းနဲ့တူတယ်နော်..သေးသေးလေးနဲ့ချစ်စရာလေး’
‘ဟင်?’
နွေဦးရဲ့ပူနွေးနွေးအငွေ့အသက်လေးတွေလွှမ်းမိုးသွားတဲ့လေထုတစ်ခုက နှစ်ယောက်ကြားမှာ လှလှပပ နေရာယူသွားခဲ့ပါတယ် ~~~~
-------------------- High School Love Story ------------------
မာရှီခယူလေးလာပါပြီ။
ဒါရေးနေရင်း မာရှီဟိုက အက်ပုဒိတ်သွားတာလေ.. ရှယ်ပျော်သွားတာပဲ။
Timing က ကွက်တိကွဆိုပြီး။
မာရှီခယူကိုကျောင်းသားပုံစံနဲ့တစ်ခါမှမရေးဖူးလို့ အခု try ကြည့်မလို့ပါ။
ဘယ်လောက်ထိရှည်မယ်တော့ပြောတတ်ဘူး။ အဲ့တော့ ပြီးကာမှသာပြီးရောပေါ့နော်။
ဟဲဟဲ ဂွတ်နိုက်ပါ အဲဗွီးဝမ်း..
_____________________
Zawgyi
ေက်ာင္းထဲက ေၾကာ္ျငာသင္ပုန္းေရွ႕မွာ ေက်ာင္းသားေတြစုၿပဳံတိုးေနၾကသည္။ စာသင္ႏွစ္တစ္ခုစၿပီျဖစ္လို႔ မနက္ခင္းေစာေစာစီးစီးမွာ ဘယ္အခန္းက်လဲဆိုၿပီး တက်ိက်ိနဲ႕ အခ်င္းခ်င္းေျပာဆိုေနၾကေသးသည္။
အခုႏွစ္ကအမွတ္နဲ႕ခြဲတာမဟုတ္ဘဲ မဲႏွိုက္ၿပီးထည့္ထားတာတဲ့။ အခန္းနာမည္ကိုေတာင္ ေအ, ဘီ လို႔မေပးေတာ့ဘဲ ၁ , ၂ လို႔ေျပာင္းတပ္ထားသည္။ မဟုတ္ရင္ ေက်ာင္းသားအခ်င္းခ်င္းလည္း သေဘာမက်သလို မိဘေတြအခ်င္းခ်င္းကလည္းၿပိဳင္လို႔မၿပီးၾကေတာ့။ ဒီလိုတိုးတက္ေနတဲ့ေခတ္ႀကီးမွာ အမွတ္ေတြေပၚမူတည္ၿပီးေက်ာင္းသားခ်င္းခြဲျခားဆက္ဆံတာရွိေသးတယ္လား?
ရွိပါေသးတယ္..ဒါေပမယ့္ တျဖည္းျဖည္းခ်င္းေတာ့ ေျပာင္းလဲေပးေနၾကပါတယ္တဲ့။ ေက်ာင္းကသာစနစ္ေျပာင္းသြားမယ္။ မိဘေတြကေတာ့ေျပာင္းမွာမဟုတ္ပါဘူး။ တခ်ိဳ႕တခ်ိဳ႕ေပါ့။
အခုေတာ့ ဘယ္သူေတြက ဘယ္အခန္းက်ၿပီး သူငယ္ခ်င္းေတြျပန္ဆုံၾကရဲ႕လားဆိုတာကေတာ့ အထက္တန္းပထမႏွစ္ေက်ာင္းသားေတြၾကားထဲမွာ hot ျဖစ္ေနသည္။
သူငယ္ခ်င္းဆိုတာမ်ိဳးကလည္းအေရးႀကီးတာကိုး..အတန္းသစ္မွာ သူငယ္ခ်င္းအသစ္ထပ္ဖြဲ႕ဖို႔ဆိုတာ လြယ္ကူတဲ့ကိစၥမဟုတ္။ ကံေကာင္းရင္ သူငယ္ခ်င္းေကာင္းနဲ႕ေတြ႕နိုင္ေပမယ့္ ကံဆိုးရင္ အနိုင္က်င့္ခံရနိုင္ေသးသည္။
‘ငါ အခန္း ၂ မွာကြ.. မာရွီဟို မင္းကေရာ’ ေဘးကေန ဂ်ီဟူကေမးလိုက္ေတာ့ မာရွီဟိုလည္းဆက္ရွာလိုက္ေတာ့သည္။
‘ေနဦး မေတြ႕ေသးလို႔ကြ’ လက္ညွိုးနဲ႕ေထာက္ၿပီးရွာလို႔ကလည္းမရ။ အေနာက္မွာေရာက္ေနေတာ့ အေရွ႕က ဂလန္ဂလားနဲ႕လူေတြကိုလည္းေရွာင္ၿပီး ၾကည့္ေနရေသးသည္။
‘၃၁, ၃၂ ေတြ႕ၿပီ...၃၃ မွာ..ဒီအခန္းထဲမွာ အေယာက္ ၄၀ ရွိတာပဲ’
‘အင္း ဟုတ္တယ္ အခန္း ၁ မွာက ၅၅ ေယာက္’
‘ေတြ႕ၾကၿပီလား ေဟ့ေကာင္ေတြ’ ဟင္းမ္ခ်န္က ႏွစ္ေယာက္ၾကားကိုဝင္လာၿပီး သူ႕လက္ေမာင္းကို ပခုံးေပၚတင္လိုက္သည္။ နာမည္နဲ႕လိုက္ေအာင္ကို ဗလေတာင့္ေတာင့္နဲ႕ ဟင္းမ္ခ်န္က တိုက္ကြမ္ဒိုကလပ္က အဖြဲ႕ဝင္လည္းျဖစ္ေနေသးသည္။ အဖြဲ႕ထဲမွာလည္း ဗလအေတာင့္ဆုံးနဲ႕မသိရင္ တကၠသိုလ္ေက်ာင္းသားလို႔ေတာင္ ထင္ရသည္။
ဂ်ီဟူကေတာ့ စာေတာ္တဲ့ေက်ာင္းသားမို႔ တစ္ခုခုဆိုသူ႕ပဲအားကိုးလာခဲ့ရတာ အလယ္တန္းကေန အထက္တန္းေရာက္လာသည္အထိ။ သုံးေယာက္လုံးက ငယ္သူငယ္ခ်င္းေတြမဟုတ္ေပမယ့္ အခင္ဆုံးသူငယ္ခ်င္းအဖြဲ႕လို႔ေျပာလို႔ရသည္။ ဝါသနာကေတာ့ တစ္ေယာက္တစ္မ်ိဳး။
ဟင္းမ္ခ်န္က အားတိုင္း တိုက္ကြမ္ဒိုေဆာ့ေနတတ္သလို ဂ်ီဟူက အားတိုင္း စုဒိုကု သခၤ်ာဉာဏ္စမ္းအကြက္ေတြျဖည့္ေနတတ္သည္။ မာရွီဟိုကေတာ့ အားတိုင္း ကေနတတ္တဲ့သူတစ္ေယာက္။
‘လာေလ သြားၾကမယ္ အကုန္ အတူတူပဲကို’
အခန္း ၂ ထဲကိုဝင္သြားၾကေတ့ာ အကုန္လုံးလိုလိုက ေနရာေတာင္ယူၿပီးေနၾကၿပီ။ ေရွ႕ဆုံးတန္းမွာေတာ့ ၃ ေနရာစာေလာက္ခ်န္ထားေပးၾကၿပီး အကုန္လုံးက အေနာက္မွာၿပဳံတိုးေနၾကသည္။
‘မင္းကေတာ့ ဒီမွာက်န္ခဲ့လိုက္’ ဟင္းမ္ ကဂ်ီဟူကို ေရွ႕ဆုံးတန္းအလယ္ခုံမွာထားခဲ့လိုက္သည္။
ေနရာဆက္ရွာရင္းနဲ႕ ေနာက္ဆုံးကေရရင္ ၃တန္းေျမာက္ကေနရာမွာ မ်က္လုံးမေကာင္းတဲ့ ဟင္းမ္က ဝင္ထိုင္လိုက္သည္။
မာရွီဟိုက ေနာက္ဆုံးတန္းမေရာက္ခင္ တစ္တန္းအလိုက ျပတင္းေပါက္ေဘးနားကခုံမွာထိုင္လိုက္သည္။ သူ႕ေဘးနားမွာတစ္ခုံေတာ့လြတ္ေနေသးသည္။ ဘယ္သူလာမွာပါလိမ့္။ သူငယ္ခ်င္းေတြနဲ႕တစ္ခန္းတည္းအတူတူက်ေပမယ့္ အတူတူထိုင္ရမယ့္ ေဘးခ်င္းကပ္သူငယ္ခ်င္းဆိုတာကလည္း အေရးႀကီးသည္မဟုတ္ပါလား?
အကအသင္းကိုစိတ္ဝင္စားတဲ့သူေတြဆို မာရွီဟို႔ကိုသိၾကသည္။ ေက်ာင္းပြဲတိုင္းနဲ႕ တျခားၿပိဳင္ပြဲေတြမွာ ဝင္ကဖူးတဲ့သူမို႔ ႐ုပ္မျမင္ဖူးရင္သာေနမယ္ နာမည္ေတာ့ၾကားဖူးတယ္ ဆိုတဲ့သူမ်ိဳး။ သူ႕လိုပဲ နာမည္ႀကီးတဲ့သူတစ္ေယာက္ရွိေသးသည္။ သူကေတာ့ အဆိုအသင္းက။ အဆို နဲ႕ အက ကအႏုပညာနယ္ပယ္ထဲမွာပဲမို႔ နီးစပ္သူဟုထင္ရေပမယ့္ တကယ္တမ္းက် အေဝးႀကီးေဝးေနသည္။
အတန္းကငယ္ေနၿပီး စာသင္ခ်ိန္မ်ားတဲ့အတြက္ အသင္းမွာေလ့က်င့္ခ်ိန္ဆိုတာနည္းသလို အသင္းတိုင္းအတြက္ အခန္းကလည္း မတူတာမို႔ ေတြ႕ဖို႔ဆိုတာ ခပ္ရွားရွား။
အခုထိ အဆိုအသင္းကလူေတြနဲ႕ ေသခ်ာမႏႈတ္ဆက္ဖူးေသး။ အတန္းေပါင္းစုံနဲ႕စုၿပီးဖြဲ႕ထားတာဆိုေတာ့ လူကလည္းမ်ားသည္။ ဒါေပမယ့္ အတန္းတူ ႐ြယ္တူေတြထဲမွာေတာ့ ဂြၽန္ခယူဆိုတဲ့ အဆိုအသင္းက ေကာင္ေလးက နာမည္ႀကီးတာမို႔ စိတ္ဝင္စားမိသည္။ တစ္ခါေလာက္ေတာ့ ေသခ်ာႏႈတ္ဆက္ၿပီး ခင္ခ်င္မိသား။ သူငယ္ခ်င္းေတြကျပဖူးတာမို႔ သူ႕ကိုေတာ့ျမင္ဖူးသည္။ တစ္ခါတေလ ေက်ာင္းထဲမွာလည္းေတြ႕ဖူးသည္။ ဒါေပမယ့္ တစ္ႏွစ္မွ အခန္းမတူခဲ့တာမို႔ ရင္းႏွီးခြင့္မရခဲ့။ ေတြ႕ေတာ့လည္း မႏႈတ္ဆက္ရဲခဲ့။
ေစာေစာက သူ႕နာမည္ကိုလည္းရွာေနတုန္း ဟင္းမ္က သြားၾကမယ္ဆိုတာနဲ႕ ဂြၽန္ခယူ႕နာမည္ကိုမရွာလိုက္ရ။
အဲ့တာအေရးမႀကီးဘူး..ငါ့ေဘးနားကိုဘယ္သူလာထိုင္မွာလဲ? ေကာင္မေလးမ်ားလား? ဒါမွမဟုတ္ စာလည္းမလုပ္ ဆရာ့စကားလည္းနားမေထာင္တဲ့ ဖိုက္တာေကာင္ေတြလား?
အကုန္လုံးေရာက္ေနၾကၿပီလား? ေနရာကေတာ့ သူ႕ေဘးကတစ္ခုံပဲက်န္ေတာ့သည္။ ခုံအပိုေလးျဖစ္သြားတာထင္သည္။ တစ္ခုံေက်ာ္က ေကာင္ေလးတစ္ေယာက္ကလည္း သူ႕ေဘးကခုံအလြတ္ကိုလွမ္းၾကည့္ရင္းကေန မာရွီဟိုနဲ႕အၾကည့္ခ်င္းဆုံသြားသည္။
ျမင္ၿပီးမွေတာ့ ရယ္ျပလိုက္သည္။ သူကလည္းျပန္ရယ္ျပတာမို႔ ပထမဆုံးတစ္ေယာက္နဲ႕ေတာ့ အိုေကသြားၿပီ။
၉ နာရီထိုးဆရာ မလာခင္မွာ အခန္းတံခါးပြင့္ၿပီး ေနာက္ဆုံးေက်ာင္းသားတစ္ေယာက္ကေရာက္လာသည္။
‘ဝိုး….’ ဒီအသံေတြက ေစာေစာက မာရွီဟိုတို႔ဝင္လာတုန္းကလည္း တိုးတိုးေလးထြက္လာၾကေသးသည္။ အခုကနည္းနည္းေတာ့ပိုက်ယ္သည္။
ဘယ္သူပါလိမ့္…
*Oh..shiiiii ဂြၽန္ခယူဟ*
ဂြၽန္ခယူက ဘယ္ေနရာခုံလြတ္မွန္းမသိလို႔ရွာေနသည္။ တစ္ခုံတည္းေသာ အလြတ္ေလးကိုေတြ႕သြားၿပီး ေဘးက လူကိုၾကည့္လိုက္သည္။
မာရွီဟိုပဲစိတ္ထင္တာလားမသိ။ ဂြၽန္ခယူကသူ႕ကိုျမင္ၿပီး မ်က္လုံးေလး နည္းနည္းျပဴးသြားသလိုပဲ…
*မဟုတ္မွလြဲေရာ..သူကငါ့ကိုသိတာလား? အင္းေလ သိေတာ့သိမွာေပါ့...အံ့ဩသြားတာေနမယ္*
ဂြၽန္ခယူကခုံအလြတ္မွာဝင္ထိုင္ၿပီး လြယ္အိတ္ကိုခြၽတ္လိုက္သည္။ ထို႔ေနာက္ ေဘးက မာရွီဟို႔ဘက္ကိုလွည့္ကာ လက္တစ္ဖက္ထုတ္လိုက္ၿပီး…
‘Annyeong...ငါ ကင္ဂြၽန္ခယူပါ..အခုမွပဲ တစ္ခန္းတည္းက်ေတာ့တယ္... မာရွီဟို’
ေလအတိုက္မွာ ေဘးကျပတင္းေပါက္ကိုျဖတ္ၿပီး သစ္႐ြက္ေလးတစ္႐ြက္က ေဝွ႕ၿပီးဝင္လာသည္။
ေဆာင္းအကုန္ေႏြဦးေရာက္လာၿပီျဖစ္တဲ့ မတ္လရဲ႕ ပန္းဝါဝါ Sansuyu ပန္းေလးက မာရွီဟိုရဲ႕ပခုံးေပၚမွာတင္သြားသည္။ ဒုတိယထပ္ထဲကအခန္းထဲထိ ဝင္လာရေအာင္ကို ေလကျပင္းသြားခဲ့တာလား?
‘ပန္းေလးဝင္လာတယ္’ ဂြၽန္ခယူက လက္ဆြဲႏႈတ္ဆက္ဖို႔ျပင္ထားတဲ့သူ႕လက္ကို မာရွီဟို႔ပခုံးေပၚက ပန္းေလးဆီလွမ္းလိုက္သည္။
‘ခ်စ္စရာေလးပဲ’ ဂြၽန္ခယူကပဲေျပာလိုက္သည္။ ပန္းေသးေသးေလးကို တယုတယနဲ႕ၾကည့္ေနေသးသည္။
‘မင္းနဲ႕တူတယ္ေနာ္..ေသးေသးေလးနဲ႕ခ်စ္စရာေလး’
‘ဟင္?’
ေႏြဦးရဲ႕ပူေႏြးေႏြးအေငြ႕အသက္ေလးေတြလႊမ္းမိုးသြားတဲ့ေလထုတစ္ခုက ႏွစ္ေယာက္ၾကားမွာ လွလွပပ ေနရာယူသြားခဲ့ပါတယ္ ~~~~
-------------------- High School Love Story ------------------
မာရွီခယူေလးလာပါၿပီ။
ဒါေရးေနရင္း မာရွီဟိုက အက္ပုဒိတ္သြားတာေလ.. ရွယ္ေပ်ာ္သြားတာပဲ။
Timing က ကြက္တိကြဆိုၿပီး။
မာရွီခယူကိုေက်ာင္းသားပုံစံနဲ႕တစ္ခါမွမေရးဖူးလို႔ အခု try ၾကည့္မလို႔ပါ။
ဘယ္ေလာက္ထိရွည္မယ္ေတာ့ေျပာတတ္ဘူး။ အဲ့ေတာ့ ၿပီးကာမွသာၿပီးေရာေပါ့ေနာ္။
ဟဲဟဲ ဂြတ္နိုက္ပါ အဲဗြီးဝမ္း..
You are reading the story above: TeenFic.Net