Part(6): Unicode + Zawgyi

Background color
Font
Font size
Line height

မြို့တော်၏ နာမည်ကြီး တရုတ်အော်ပရာပြဇာတ်ရုံရှေ့တွင် Benzကားတစ်စီး ရပ်နေသည်။

     ယနေ့တွင် တရုတ်ပြည်၏နာမည်ကြီး အော်ပရာသီဆိုသူ ရှောင်းချောင်၏ ဖျော်ဖြေပွဲရှိသည့်အတွက်ကြောင့် ပြဇာတ်ရုံသို့ လာရောက်နေကြသော ကားများက ပြဇာတ်ရုံအတွင်းသို့ ဝင်ထွက်သွားလာနေကြသည်။ အထက်တန်းလွှာမှ သူဌေးတစ်ဦး၏ ဖိတ်ကြားချက်ဖြင့် ကျင်းပသော ပွဲဖြစ်တာကြောင့် လာရောက်သူများက နိုင်ငံ၏ ဒိတ်ဒိတ်ကြဲ သူဌေးများသာ ဖြစ်လေသည်။ ပြဇာတ်ရုံပြင်ပတွင် တူညီသော ယူနီဖောင်းဝတ်လုံခြုံရေးများက တင်းကြပ်စွာစောင့်ကြပ်နေကာ ပွဲတစ်ခုလုံးကို စောင့်ကြည့်နေကြသည်။

   ထိုအချိန်၌ မိုလန်သည် ကားပေါ်တွင် ထိုင်နေလျက် သူမသည် စီလင်း ဝေလာကို စောင့်နေခဲ့သည်။ စီလင်း၏ ဝါသနာမှာ အရှေ့တိုင်း ခေတ်ဟောင်းသီချင်းများကို နားထောင်ရခြင်း ဖြစ်သည့်အတွက် မိုလန်သည် စီလင်း သူမ၏မွေးရပ်မြေသို့ ရောက်နေတုန်း နာမည်ကြီး အော်ပရာအဆိုတော်ကို အဆက်အသွယ်များနှင့် ရှာကာ တခြားသူဌေးများနှင့် ပူပေါင်း၍ ယနေ့ပွဲကို စီစဉ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မိုလန်သည် ပုံမှန်အနက်ရောင်အ၀တ်အစားထက် ပိုထူးခြားသော တရုတ်ယဉ်ကျေးမှုကို နှီးနွယ်ချုပ်လုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ အေဒီ 1368 မှ 1644 ခုနှစ်အထိ ကြာမြင့်ခဲ့သော ဟန်တရုတ်မင်းဆက်နောက် အုပ်ချုပ်ခဲ့သော မင်မင်းဆက်ကို အစွဲပြုကာ ခေတ်မီဆန်းသစ်သော ပုံစံဖြင့်  Ming အနက်ရောင် ၀တ်စုံအင်္ကျီသည် ရိုးရာမန်ဒရင်ကော်လာ၊ ရွှေအနားကွပ်၊ ပန်ကိုးကြိုးများကို ပေါင်းစပ်ချုပ်လုပ်ထားသည်။ ထို့ပြင် ဘယ်ဖက်ရင်ဖက်နေရာ၌ လှပစွာ ရွှေခြည်ထိုးထားသော ရွှေနဂါးရုပ်ကြောင့် လူငယ်လေး၏ ချောမောသော ရုပ်သွင်ကို ပိုမိုတောက်ပြောင်စေခဲ့သည်။ မိုမိသားစု၏ အယ်လ်ဖာသမီးပျိုသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် အရွယ်ရောက်ကြီးပြင်းနေလေပြီ ဖြစ်လေသည်။

" မိုလေး ၊ ကျွန်မ ရောက်နေပြီ။  ရှင် ဘယ်မှာလဲ ? "
စီလင်းဆီမှ မက်ဆေ့ကို လက်ခံရရှိသောအခါတွင် မိုလန်သည် စိတ်လှုပ်ရှားစွာ ကားထဲမှ ထွက်လာခဲ့သည်။ ငယ်ချစ်ဦးကို နောက်တစ်ကြိမ်ပြန်တွေ့ခွင့်ရသည်က သူမကို နတ်ဘုရားက ချီးမြောက်ခြင်း မည်လေသည်။ မိုလန်သည် ပြင်သစ်ရေမွှေးကို နားရွက်အနောက်နှင့် လက်ကောက်ဝတ်နေရာတွင် ဖြန်းလိုက်ပြီးနောက် သူမသည် စီလင်းကို တွေ့ရန် ပြဇာတ်ရုံဝင်ပေါက်သို့ လာခဲ့လေသည်။

   ပြဇာတ်ရုံ၏ ဝင်ပေါက်တွင် နတ်ဘုရားမလေးတစ်ဦးလို လှပစွာ ရပ်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။လက်နှစ်ဖက်နှင့် ပခုံ'အထက်အထိ ပျိုနီပန်းများဖြင့် အလှဆင်ထားသော ဝိုင်နီရောင် ချောင်ဆမ်ဝတ်စုံအကြပ်ကို ဝတ်ဆင်ထားသော မိန်းမပျိုလေးသည် သဘာဝတရား၏ လက်ဆောင်ကို ကြီးကျယ်စွာ ပိုင်ဆိုင်ထားသူဖြစ်လေသည်။ ကြိုးကြာလေးလို သွယ်ပျောင်းလှပသော ကောက်ကြောင်းနှင့် ပြစ်မျိုးမှဲ့မထင် လှပလွန်းသော အိုမီဂါမလေးသည် ပြဇာတ်ရုံ၏၏လှေကားများကို တစ်ထစ်ချင်း  နင်းတက်လာသောအခါတွင် ဖြတ်သွားသော လူတိုင်းက လည်ပြန်ငေးနေရသည်။ နဂါးနှင့် ဖီးနစ်ပုံစံထွင်းထားသော ရွှေလက်ဝတ်ရတနာအချို့ကို ပေါင်းစပ်ဝတ်ဆင်ထားခြင်းဖြင့် သူမ၏ ချောင်ဆန်ပုံစံကို ပိုမိုနန်းဆန်သွားစေတာကြောင့် အယ်လ်ဖာများက သူမကို အပိုင်သိမ်းလိုကြမည်က မလွဲဖြစ်လေသည်။

" ရှင် ကျွန်မကို အကြာကြီး စောင့်လိုက်ရတာလား ? "
စီလင်းက အနားကို ရောက်သောအခါတွင် မေးလာသည်။

" ကိုယ်လည်း ခနကပဲ ရောက်လာတာ " မိုလန်က သူ့လက်မောင်းကို စီလင်းချိတ်စေရန် လက်မောင်းကို အသာယမ်းလိုက်သောအခါတွင် စီလင်းသည် မိုလန်၏ လက်ကို အသာချိတ်လိုက်သည်။ ပြီးနောက် သူတို့သည် လက်ချင်းချိတ်လျက် ပြဇာတ်ရုံထဲသို့ ဝင်သွားကြလေသည်။

" မိုမိသားစုက တကယ့်ကို လက်သွက်တာပဲ ။ ငါ အခုလေးတင် ကြိုးကြာမလေးကို တွေ့တာလေ ။ မိုလန်က လက်ဦးသွားပြီတဲ့လား? "

" အိုက်ယိုး ကိုယ့်လူ ၊ ခင်ဗျားကိုယ် ခင်ဗျား မိုသခင်မလေး ထင်နေသလား ? အဲကလေးမက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လေသလဲ ? အခုတောင် ဒီလိုဖြစ်နေရင် နောက်ကျ မိုမိသားစုဆက်ခံသူဖြစ်သွားရင် သူ့လက်က လွတ်မယ်မထင်ဘူး။  ကျွန်တော်တော့ သူ့ဆီ မြန်မြန်လေး ခိုဝင်မှပဲ "

မိုလန်နှင့် စီလင်းတို့ ပြဇာတ်ရုံထဲသို့ ဝင်လာသောအခါတွင် ဘေးမှ စကားသံများကို ကြားလိုက်ရသည်။

" လူတွေက ရှင့်ကို တအားအထင်ကြီးကြတာပဲနော် "စီလင်းက ပြောလေသည်။

" တခြားသူတွေ အထင်ကြီးလေးစားးကြတာထက် စီလင်းဆီက အကောင်းမြင်ခံရဖို့ကသာ ကိုယ့်အတွက် ပိုအရေးကြီးတာပါ " မိုလန်က စီလင်ချိတ်ထားသော လက်ကို ဆုပ်ကိုင်လိုက်ရင်းပြန်ဖြေလိုက်သည်။ ပြဇာတ်ရုံထဲသို့ရောက်သောအခါတွင် ယနေ့ပွဲ၏ အဆိုရှင်ဖြစ်သော ရှောင်းချောင်က မိတ်ဆွေများနှင့် လိုက်လံနှုတ်ဆက်နေသည်နှင့် တိုးလေသည်။ မိုလန်သည် စီလင်းကို လက်ချိတ်လျက် ရှောင်းချောင်ကို နှုတ်ဆက်ရန် သွားလိုက်သည်။

" အိုး မိုသခင်မလေးရောက်လာပါပြီလား ၊ ဘေးက တစ်ယောက်ကို ကျွန်မမှန်းကြည့်ရသလောက်ဆိုရင် ဒီနေ့ပွဲရဲ့ အကြောင်းအရင်းများလား ? "ရှောင်းချောင်က အလွန်ချစ်ခင်ဖွယ်ဆိုလေသည်။ မိုလန်သည် သဘောကျစွာဖြင့်"  ဟုတ်ပါတယ်။ စီလင်းက မစ်စ်ရှောင်းကို အရမ်းသဘောကျတာလေ  သူအခု ကျွန်မမွေးရပ်မြေဆီကို ရောက်လာတော့ ကျွန်မက သူ့ကို လက်ဆောင်ကြီးကြီးတစ်ခု  ပြင်ဆင်ပေးချင်ခဲ့တာ။ မစ်စ်ရှောင်းကို ဖိတ်ရဖို့ ကျွန်မ အဆကအသွယ်တွေ အများကြီး သုံးလိုက်ရတယ်"

"အဲလိုတွေ မပြောပါနဲ့ရှင်၊ ကျွန်မလည်း မိုသခင်မလေးနဲ့ တစ်ခေါက်လောက် တွေ့ဖူးချင်နေတာ။ ဖိတ်ကြားပေးတဲ့ အတွက် သိပ်ဝမ်းသာတာပါပဲရှင် "

" ကျွန်မက စီလင်း ဝေလာပါ ။  မစ်စ်ရှောင်းရြ့ ပရိသတ်ပါ၊ အရမ်းကို လေးစားအားကျရတဲ့ တေးသံရှင်ပါ၊ အပြင်မှာ တွေ့ရတာကို တကယ့်ကို ပျော်မိပါတယ်" စီလင်း ဝေလာက ရှောင်းချောင်ကို နှုတ်ဆက်လိုက်သည်။

"  တွေ့ရတာ ဝမ်းသာပါတယ်။ မစ်စ်စီလင်း  မိုသခင်မလေးနဲ့ အရမ်းကို လိုက်ဖက်တာပါပဲ။ ဒါနဲ့ ဒီနေ့ဝတ်စုံက  မန်ဒရင်းမွန်ရိုးဝတ်စုံမလား ? အရမ်းကို ထင်းနေတာပါပဲ"

စီလင်းက အံ့အားသင့်သွားဟန်နဲ့ ကျေနပ်သွားပုံရပြီးတော့ " ဒီဇိုင်နာမင်ရဲ့လက်ရာပေါ့၊ ဒီနေ့ပွဲကို တက်ရောက်ဖို့ 1950 နှင့် 1960 ခုနှစ်များအတွင်းက ပုံစံမျိုးဖန်တီးချင်တယ်ဆိုတာနဲ့ အထင်ကရ အမေရိကန် သရုပ်ဆောင်၊ မော်ဒယ်နှင့် အဆိုတော် Marilyn Monroeကို မှီငြမ်းပြီး ဖန်တီးထားတာလေ ၊ မစ်စ်ရှောင်းက အရမ်းကိုနှံ့စပ်တာပဲ၊ ကျွန်မဖြင့် သဘောကျပြီးရင်း သဘောကျတာပါပဲရှင် "

ပြီးနောက် စီလင်းက ရှောင်းချောင်နှင့် ဆက်လက်စကားဖောင်ဖွဲ့ကာ ပြောနေကြလေသည်။

Beep Beep! မိုလန်၏ ဖုန်းက မြည်လာသောအခါတွင် သူမက ခေါ်ဆိုသူကို တွေ့သောအခါတွင် " ကျွန်မ စကားသွားပြောလိုက်ပါဦးမယ်  " ဟု ပြောလျက် ထွက်လာခဲ့သည်။

" အိမ်တော်ထိန်းရှန်နန် ၊ဘာကိစ္စရှိလို့ ဖုန်းဆက်လိုက်တာလဲ "

"  မစ္စချန်ကီက အခုအချိန်ထိ ပြန်မလာသေးပါဘူး "

" ဘာ !! အဲကိစ္စပြောဖို့အတွက် ငါ့ကို ဖုန်းဆက်တာလား ၊ သူ ပြန်လာတာ မလာတာ ငါ့ဆီ ပြောဖို့ လိုလို့လား ?

" မစ္စချန်ကီက အိမ်ကို ၆ နာရီနောက်ဆုံးထားပြီး ပြန်ရမှာပါ။ သူမက အိမ်ထောင်ရှင် အိုမီဂါဇနီးသည်ဖြစ်နေတာကြောင့် အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းထားဖို့ လိုပါတယ် ။ "

မိုလန်က နာရီကို ကြည့်လိုက်သောအခါတွင် ည ၁၀နာရီပင် ရှိနေပြီဖြစ်လေသည်။ လောကမှာ သူအမုန်းဆုံးက စည်းကမ်းဖောက်ဖျက်သူများနှင့် ပြောဆိုရ ခက်ခဲသူများဖြစ်လေသည်။ သူမက ယခုအချိန်တွင် စီလင်းနှင့် တွေ့ရဦးမည်ဖြစ်တာကြောင့် ပြန်ရန်လည်း မဖြစ်နိုင်ပေ။ မိုလန်သည် ထိုနားလည်မှုမရှိသော အိုမီဂါဇနီးသည်ကြောင့် ပျော်ရွှင်နေသည်များပင် ပျက်လုနီးပါး စိတ်ပျက်သွားရလေသည်။

" ကျွန်မ ကြည့်လုပ်လိုက်မယ် ၊ အိမ်တော်ထိန်းရှန်နန်က သူ အိမ်ပြန်လာရင် ကြည့်စီစဉ်ထားလိုက် ! "မိုလန်က ဖုန်းချလိုက်ပြီးနောက် သူက ချန်ကီဆီသို့ ဖုန်းဆက်ရန် ဖုန်းနံပါတ်ကို ရှာလိုက်သည်။

"အာ ဟုတ်သားပဲ ၊ ငါ သူ့နံပါတ်ကို မမှတ်ထားဘူး "

မိုလန်က သူမ၏ အတွင်းရေးမှူးဆီကို ခေါ်လိုက်သည်။ အဲရစ်သည် ပြဇာတ်ရုံရှေ့တွင် စောင့်ကြပ်ပေးနေသည်ဖြစ်ရာ မိုလန်ခေါ်သည်နှင့် ချက်ချင်း ပြေးလာခဲ့သည်။ မိုလန်သည် သူမ၏ ပျော်ရွှင်စရာ အချိန်ကို နှောင့်ယှက်နေသည်ဖြစ်ရာ အတွင်းရေးမှူးကို ‌ရောက်သည်နှင့် ဖြောင်းခနဲမြည်အောင် ရိုက်ချ၍ အသံနိမ့်နိမ့်ဖြင့်

"အတွင်းရေးမှူးအဲရစ်  ချန်ကီကို သေချာမစောင့်ကြည့်ထားဘူးလား ? အိမ်က အိုမီဂါက အခုအချိန်ထိ ပြန်မရောက်သေးတာ အိမ်သိက္ခာကျတဲ့အပြုအမူပဲ ၊ အတွင်းရေးမှူး အဲရစ်က ‌တာဝန်ကို ကျေပွန်အောင် မဆောင်ရွက်ဘူးလား ? ဒီကိစ္စသာ ပြန့်သွားရင် ဘယ်လောက်တောင် ဆုံးရှုံးရမလဲဆိုတာ အတွင်းရေးမှူးအဲရစ် မသိတာလား !  "

"တောင်းပန်ပါတယ် ၊ ကျွန်တော် မစ္စချန်ကီကို အခုပဲ ရှာလိုက်ပါ့မယ် "

အဲရစ်သည် မိုလန်ကို ခေါင်းငုံ့ကာ နှုတ်ဆက်ခဲ့ပြီးနောက် သူသည် ချန်ကီကို အမြန်ပင်ခြေရာခံရန် ထွက်လာခဲ့သည်။

"အတော်နှောင့်ယှက်တဲ့ လူတွေပဲ "
မိုလန်က ဖုန်းပိတ်လိုက်ပြီးတော့ စီလင်းနှင့်အတူ အော်ပရာသီချင်း နားဆင်ရန် ပြဇာတ်ရုံထဲသို့ ဝင်လာခဲ့သည်။

ထိုအချိန်တွင် မိုလန်နှင့် အတွင်းရေးမှူးအဲရစ်တို့ စကားပြောနေကြသော ဝင်ပေါက်တံခါးနောက်တွင် လူတစ်ယောက်ရှိနေခဲ့သည်။ ထိုသူသည်လည်း မန်ဒရင်းsuit ကို ဝတ်ဆင်ထား၍ မြင့်မားတောင့်ဖြောင့်သော အသွင်နှင့် အယ်လ်ဖာတစ်ယောက်ဖြစ်ပြီး မှောင်ရိပ်ကျနေသောကြောင့် မျက်နှာကို မမြင်ရချေ။ မိုလန်တို့ထွက်သွားသောအခါတွင် ထိုသူက ထွက်လာ၍
"မစ္စမို ဒီလောက်ထိ ဖုံးကွယ်ထားရတဲ့ ချန်ကီဆိုတာ ဘယ်သူလေးပါလိမ့် ၊ မိုလန် မင်းဆီမှာ ရှိတဲ့ လျှို့ဝှက်လေးကို ငါ စိတ်ဝင်စားနေပြီ "ဟု ဆိုကာ အဓိပ္ပါယ်တစ်မျိုးပါဝင်သော စကားကို ဆိုပြီး ပြဇာတ်ရုံထဲသို့ ဝင်သွားလေသည်။

To be continued.....



ၿမိဳ႕ေတာ္၏ နာမည္ႀကီး တ႐ုတ္ေအာ္ပရာျပဇာတ္႐ုံေရွ႕တြင္ Benzကားတစ္စီး ရပ္ေနသည္။

     ယေန႔တြင္ တ႐ုတ္ျပည္၏နာမည္ႀကီး ေအာ္ပရာသီဆိုသူ ေရွာင္းေခ်ာင္၏ ေဖ်ာ္ေျဖပြဲရွိသည့္အတြက္ေၾကာင့္ ျပဇာတ္႐ုံသို႔ လာေရာက္ေနၾကေသာ ကားမ်ားက ျပဇာတ္႐ုံအတြင္းသို႔ ဝင္ထြက္သြားလာေနၾကသည္။ အထက္တန္းလႊာမွ သူေဌးတစ္ဦး၏ ဖိတ္ၾကားခ်က္ျဖင့္ က်င္းပေသာ ပြဲျဖစ္တာေၾကာင့္ လာေရာက္သူမ်ားက ႏိုင္ငံ၏ ဒိတ္ဒိတ္ႀကဲ သူေဌးမ်ားသာ ျဖစ္ေလသည္။ ျပဇာတ္႐ုံျပင္ပတြင္ တူညီေသာ ယူနီေဖာင္းဝတ္လုံၿခဳံေရးမ်ားက တင္းၾကပ္စြာေစာင့္ၾကပ္ေနကာ ပြဲတစ္ခုလုံးကို ေစာင့္ၾကည့္ေနၾကသည္။

   ထိုအခ်ိန္၌ မိုလန္သည္ ကားေပၚတြင္ ထိုင္ေနလ်က္ သူမသည္ စီလင္း ေဝလာကို ေစာင့္ေနခဲ့သည္။ စီလင္း၏ ဝါသနာမွာ အေရွ႕တိုင္း ေခတ္ေဟာင္းသီခ်င္းမ်ားကို နားေထာင္ရျခင္း ျဖစ္သည့္အတြက္ မိုလန္သည္ စီလင္း သူမ၏ေမြးရပ္ေျမသို႔ ေရာက္ေနတုန္း နာမည္ႀကီး ေအာ္ပရာအဆိုေတာ္ကို အဆက္အသြယ္မ်ားႏွင့္ ရွာကာ တျခားသူေဌးမ်ားႏွင့္ ပူေပါင္း၍ ယေန႔ပြဲကို စီစဥ္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ မိုလန္သည္ ပုံမွန္အနက္ေရာင္အ၀တ္အစားထက္ ပိုထူးျခားေသာ တ႐ုတ္ယဥ္ေက်းမႈကို ႏွီးႏြယ္ခ်ဳပ္လုပ္ထားေသာ ဝတ္စုံကို ဝတ္ဆင္ထားသည္။ ေအဒီ 1368 မွ 1644 ခုႏွစ္အထိ ၾကာျမင့္ခဲ့ေသာ ဟန္တ႐ုတ္မင္းဆက္ေနာက္ အုပ္ခ်ဳပ္ခဲ့ေသာ မင္မင္းဆက္ကို အစြဲျပဳကာ ေခတ္မီဆန္းသစ္ေသာ ပုံစံျဖင့္  Ming အနက္ေရာင္ ၀တ္စုံအက်ႌသည္ ႐ိုးရာမန္ဒရင္ေကာ္လာ၊ ေ႐ႊအနားကြပ္၊ ပန္ကိုးႀကိဳးမ်ားကို ေပါင္းစပ္ခ်ဳပ္လုပ္ထားသည္။ ထို႔ျပင္ ဘယ္ဖက္ရင္ဖက္ေနရာ၌ လွပစြာ ေ႐ႊျခည္ထိုးထားေသာ ေ႐ႊနဂါး႐ုပ္ေၾကာင့္ လူငယ္ေလး၏ ေခ်ာေမာေသာ ႐ုပ္သြင္ကို ပိုမိုေတာက္ေျပာင္ေစခဲ့သည္။ မိုမိသားစု၏ အယ္လ္ဖာသမီးပ်ိဳသည္ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ပင္ အ႐ြယ္ေရာက္ႀကီးျပင္းေနေလၿပီ ျဖစ္ေလသည္။

" မိုေလး ၊ ကြၽန္မ ေရာက္ေနၿပီ။  ရွင္ ဘယ္မွာလဲ ? "
စီလင္းဆီမွ မက္ေဆ့ကို လက္ခံရရွိေသာအခါတြင္ မိုလန္သည္ စိတ္လႈပ္ရွားစြာ ကားထဲမွ ထြက္လာခဲ့သည္။ ငယ္ခ်စ္ဦးကို ေနာက္တစ္ႀကိမ္ျပန္ေတြ႕ခြင့္ရသည္က သူမကို နတ္ဘုရားက ခ်ီးေျမာက္ျခင္း မည္ေလသည္။ မိုလန္သည္ ျပင္သစ္ေရေမႊးကို နား႐ြက္အေနာက္ႏွင့္ လက္ေကာက္ဝတ္ေနရာတြင္ ျဖန္းလိုက္ၿပီးေနာက္ သူမသည္ စီလင္းကို ေတြ႕ရန္ ျပဇာတ္႐ုံဝင္ေပါက္သို႔ လာခဲ့ေလသည္။

   ျပဇာတ္႐ုံ၏ ဝင္ေပါက္တြင္ နတ္ဘုရားမေလးတစ္ဦးလို လွပစြာ ရပ္ေနေသာ အမ်ိဳးသမီးတစ္ဦးကို ျမင္လိုက္ရသည္။လက္ႏွစ္ဖက္ႏွင့္ ပခုံ'အထက္အထိ ပ်ိဳနီပန္းမ်ားျဖင့္ အလွဆင္ထားေသာ ဝိုင္နီေရာင္ ေခ်ာင္ဆမ္ဝတ္စုံအၾကပ္ကို ဝတ္ဆင္ထားေသာ မိန္းမပ်ိဳေလးသည္ သဘာဝတရား၏ လက္ေဆာင္ကို ႀကီးက်ယ္စြာ ပိုင္ဆိုင္ထားသူျဖစ္ေလသည္။ ႀကိဳးၾကာေလးလို သြယ္ေပ်ာင္းလွပေသာ ေကာက္ေၾကာင္းႏွင့္ ျပစ္မ်ိဳးမွဲ႔မထင္ လွပလြန္းေသာ အိုမီဂါမေလးသည္ ျပဇာတ္႐ုံ၏၏ေလွကားမ်ားကို တစ္ထစ္ခ်င္း  နင္းတက္လာေသာအခါတြင္ ျဖတ္သြားေသာ လူတိုင္းက လည္ျပန္ေငးေနရသည္။ နဂါးႏွင့္ ဖီးနစ္ပုံစံထြင္းထားေသာ ေ႐ႊလက္ဝတ္ရတနာအခ်ိဳ႕ကို ေပါင္းစပ္ဝတ္ဆင္ထားျခင္းျဖင့္ သူမ၏ ေခ်ာင္ဆန္ပုံစံကို ပိုမိုနန္းဆန္သြားေစတာေၾကာင့္ အယ္လ္ဖာမ်ားက သူမကို အပိုင္သိမ္းလိုၾကမည္က မလြဲျဖစ္ေလသည္။

" ရွင္ ကြၽန္မကို အၾကာႀကီး ေစာင့္လိုက္ရတာလား ? "
စီလင္းက အနားကို ေရာက္ေသာအခါတြင္ ေမးလာသည္။

" ကိုယ္လည္း ခနကပဲ ေရာက္လာတာ " မိုလန္က သူ႔လက္ေမာင္းကို စီလင္းခ်ိတ္ေစရန္ လက္ေမာင္းကို အသာယမ္းလိုက္ေသာအခါတြင္ စီလင္းသည္ မိုလန္၏ လက္ကို အသာခ်ိတ္လိုက္သည္။ ၿပီးေနာက္ သူတို႔သည္ လက္ခ်င္းခ်ိတ္လ်က္ ျပဇာတ္႐ုံထဲသို႔ ဝင္သြားၾကေလသည္။

" မိုမိသားစုက တကယ့္ကို လက္သြက္တာပဲ ။ ငါ အခုေလးတင္ ႀကိဳးၾကာမေလးကို ေတြ႕တာေလ ။ မိုလန္က လက္ဦးသြားၿပီတဲ့လား? "

" အိုက္ယိုး ကိုယ့္လူ ၊ ခင္ဗ်ားကိုယ္ ခင္ဗ်ား မိုသခင္မေလး ထင္ေနသလား ? အဲကေလးမက ဘယ္ေလာက္ေတာင္ ေၾကာက္စရာေကာင္းလိုက္ေလသလဲ ? အခုေတာင္ ဒီလိုျဖစ္ေနရင္ ေနာက္က် မိုမိသားစုဆက္ခံသူျဖစ္သြားရင္ သူ႔လက္က လြတ္မယ္မထင္ဘူး။  ကြၽန္ေတာ္ေတာ့ သူ႔ဆီ ျမန္ျမန္ေလး ခိုဝင္မွပဲ "

မိုလန္ႏွင့္ စီလင္းတို႔ ျပဇာတ္႐ုံထဲသို႔ ဝင္လာေသာအခါတြင္ ေဘးမွ စကားသံမ်ားကို ၾကားလိုက္ရသည္။

" လူေတြက ရွင့္ကို တအားအထင္ႀကီးၾကတာပဲေနာ္ "စီလင္းက ေျပာေလသည္။

" တျခားသူေတြ အထင္ႀကီးေလးစားးၾကတာထက္ စီလင္းဆီက အေကာင္းျမင္ခံရဖို႔ကသာ ကိုယ့္အတြက္ ပိုအေရးႀကီးတာပါ " မိုလန္က စီလင္ခ်ိတ္ထားေသာ လက္ကို ဆုပ္ကိုင္လိုက္ရင္းျပန္ေျဖလိုက္သည္။ ျပဇာတ္႐ုံထဲသို႔ေရာက္ေသာအခါတြင္ ယေန႔ပြဲ၏ အဆိုရွင္ျဖစ္ေသာ ေရွာင္းေခ်ာင္က မိတ္ေဆြမ်ားႏွင့္ လိုက္လံႏႈတ္ဆက္ေနသည္ႏွင့္ တိုးေလသည္။ မိုလန္သည္ စီလင္းကို လက္ခ်ိတ္လ်က္ ေရွာင္းေခ်ာင္ကို ႏႈတ္ဆက္ရန္ သြားလိုက္သည္။

" အိုး မိုသခင္မေလးေရာက္လာပါၿပီလား ၊ ေဘးက တစ္ေယာက္ကို ကြၽန္မမွန္းၾကည့္ရသေလာက္ဆိုရင္ ဒီေန႔ပြဲရဲ႕ အေၾကာင္းအရင္းမ်ားလား ? "ေရွာင္းေခ်ာင္က အလြန္ခ်စ္ခင္ဖြယ္ဆိုေလသည္။ မိုလန္သည္ သေဘာက်စြာျဖင့္"  ဟုတ္ပါတယ္။ စီလင္းက မစ္စ္ေရွာင္းကို အရမ္းသေဘာက်တာေလ  သူအခု ကြၽန္မေမြးရပ္ေျမဆီကို ေရာက္လာေတာ့ ကြၽန္မက သူ႔ကို လက္ေဆာင္ႀကီးႀကီးတစ္ခု  ျပင္ဆင္ေပးခ်င္ခဲ့တာ။ မစ္စ္ေရွာင္းကို ဖိတ္ရဖို႔ ကြၽန္မ အဆကအသြယ္ေတြ အမ်ားႀကီး သုံးလိုက္ရတယ္"

"အဲလိုေတြ မေျပာပါနဲ႔ရွင္၊ ကြၽန္မလည္း မိုသခင္မေလးနဲ႔ တစ္ေခါက္ေလာက္ ေတြ႕ဖူးခ်င္ေနတာ။ ဖိတ္ၾကားေပးတဲ့ အတြက္ သိပ္ဝမ္းသာတာပါပဲရွင္ "

" ကြၽန္မက စီလင္း ေဝလာပါ ။  မစ္စ္ေရွာင္းျရ႕ ပရိသတ္ပါ၊ အရမ္းကို ေလးစားအားက်ရတဲ့ ေတးသံရွင္ပါ၊ အျပင္မွာ ေတြ႕ရတာကို တကယ့္ကို ေပ်ာ္မိပါတယ္" စီလင္း ေဝလာက ေရွာင္းေခ်ာင္ကို ႏႈတ္ဆက္လိုက္သည္။

"  ေတြ႕ရတာ ဝမ္းသာပါတယ္။ မစ္စ္စီလင္း  မိုသခင္မေလးနဲ႔ အရမ္းကို လိုက္ဖက္တာပါပဲ။ ဒါနဲ႔ ဒီေန႔ဝတ္စုံက  မန္ဒရင္းမြန္႐ိုးဝတ္စုံမလား ? အရမ္းကို ထင္းေနတာပါပဲ"

စီလင္းက အံ့အားသင့္သြားဟန္နဲ႔ ေက်နပ္သြားပုံရၿပီးေတာ့ " ဒီဇိုင္နာမင္ရဲ႕လက္ရာေပါ့၊ ဒီေန႔ပြဲကို တက္ေရာက္ဖို႔ 1950 ႏွင့္ 1960 ခုႏွစ္မ်ားအတြင္းက ပုံစံမ်ိဳးဖန္တီးခ်င္တယ္ဆိုတာနဲ႔ အထင္ကရ အေမရိကန္ သ႐ုပ္ေဆာင္၊ ေမာ္ဒယ္ႏွင့္ အဆိုေတာ္ Marilyn Monroeကို မွီျငမ္းၿပီး ဖန္တီးထားတာေလ ၊ မစ္စ္ေရွာင္းက အရမ္းကိုႏွံ႔စပ္တာပဲ၊ ကြၽန္မျဖင့္ သေဘာက်ၿပီးရင္း သေဘာက်တာပါပဲရွင္ "

ၿပီးေနာက္ စီလင္းက ေရွာင္းေခ်ာင္ႏွင့္ ဆက္လက္စကားေဖာင္ဖြဲ႕ကာ ေျပာေနၾကေလသည္။

Beep Beep! မိုလန္၏ ဖုန္းက ျမည္လာေသာအခါတြင္ သူမက ေခၚဆိုသူကို ေတြ႕ေသာအခါတြင္ " ကြၽန္မ စကားသြားေျပာလိုက္ပါဦးမယ္  " ဟု ေျပာလ်က္ ထြက္လာခဲ့သည္။

" အိမ္ေတာ္ထိန္းရွန္နန္ ၊ဘာကိစၥရွိလို႔ ဖုန္းဆက္လိုက္တာလဲ "

"  မစၥခ်န္ကီက အခုအခ်ိန္ထိ ျပန္မလာေသးပါဘူး "

" ဘာ !! အဲကိစၥေျပာဖို႔အတြက္ ငါ့ကို ဖုန္းဆက္တာလား ၊ သူ ျပန္လာတာ မလာတာ ငါ့ဆီ ေျပာဖို႔ လိုလို႔လား ?

" မစၥခ်န္ကီက အိမ္ကို ၆ နာရီေနာက္ဆုံးထားၿပီး ျပန္ရမွာပါ။ သူမက အိမ္ေထာင္ရွင္ အိုမီဂါဇနီးသည္ျဖစ္ေနတာေၾကာင့္ အိမ္ေတာ္ရဲ႕ ဂုဏ္သိကၡာကို ထိန္းထားဖို႔ လိုပါတယ္ ။ "

မိုလန္က နာရီကို ၾကည့္လိုက္ေသာအခါတြင္ ည ၁၀နာရီပင္ ရွိေနၿပီျဖစ္ေလသည္။ ေလာကမွာ သူအမုန္းဆုံးက စည္းကမ္းေဖာက္ဖ်က္သူမ်ားႏွင့္ ေျပာဆိုရ ခက္ခဲသူမ်ားျဖစ္ေလသည္။ သူမက ယခုအခ်ိန္တြင္ စီလင္းႏွင့္ ေတြ႕ရဦးမည္ျဖစ္တာေၾကာင့္ ျပန္ရန္လည္း မျဖစ္ႏိုင္ေပ။ မိုလန္သည္ ထိုနားလည္မႈမရွိေသာ အိုမီဂါဇနီးသည္ေၾကာင့္ ေပ်ာ္႐ႊင္ေနသည္မ်ားပင္ ပ်က္လုနီးပါး စိတ္ပ်က္သြားရေလသည္။

" ကြၽန္မ ၾကည့္လုပ္လိုက္မယ္ ၊ အိမ္ေတာ္ထိန္းရွန္နန္က သူ အိမ္ျပန္လာရင္ ၾကည့္စီစဥ္ထားလိုက္ ! "မိုလန္က ဖုန္းခ်လိုက္ၿပီးေနာက္ သူက ခ်န္ကီဆီသို႔ ဖုန္းဆက္ရန္ ဖုန္းနံပါတ္ကို ရွာလိုက္သည္။

"အာ ဟုတ္သားပဲ ၊ ငါ သူ႔နံပါတ္ကို မမွတ္ထားဘူး "

မိုလန္က သူမ၏ အတြင္းေရးမႉးဆီကို ေခၚလိုက္သည္။ အဲရစ္သည္ ျပဇာတ္႐ုံေရွ႕တြင္ ေစာင့္ၾကပ္ေပးေနသည္ျဖစ္ရာ မိုလန္ေခၚသည္ႏွင့္ ခ်က္ခ်င္း ေျပးလာခဲ့သည္။ မိုလန္သည္ သူမ၏ ေပ်ာ္႐ႊင္စရာ အခ်ိန္ကို ေႏွာင့္ယွက္ေနသည္ျဖစ္ရာ အတြင္းေရးမႉးကို ‌ေရာက္သည္ႏွင့္ ေျဖာင္းခနဲျမည္ေအာင္ ႐ိုက္ခ်၍ အသံနိမ့္နိမ့္ျဖင့္

"အတြင္းေရးမႉးအဲရစ္  ခ်န္ကီကို ေသခ်ာမေစာင့္ၾကည့္ထားဘူးလား ? အိမ္က အိုမီဂါက အခုအခ်ိန္ထိ ျပန္မေရာက္ေသးတာ အိမ္သိကၡာက်တဲ့အျပဳအမူပဲ ၊ အတြင္းေရးမႉး အဲရစ္က ‌တာဝန္ကို ေက်ပြန္ေအာင္ မေဆာင္႐ြက္ဘူးလား ? ဒီကိစၥသာ ျပန႔္သြားရင္ ဘယ္ေလာက္ေတာင္ ဆုံးရႈံးရမလဲဆိုတာ အတြင္းေရးမႉးအဲရစ္ မသိတာလား !  "

"ေတာင္းပန္ပါတယ္ ၊ ကြၽန္ေတာ္ မစၥခ်န္ကီကို အခုပဲ ရွာလိုက္ပါ့မယ္ "

အဲရစ္သည္ မိုလန္ကို ေခါင္းငုံ႔ကာ ႏႈတ္ဆက္ခဲ့ၿပီးေနာက္ သူသည္ ခ်န္ကီကို အျမန္ပင္ေျခရာခံရန္ ထြက္လာခဲ့သည္။

"အေတာ္ေႏွာင့္ယွက္တဲ့ လူေတြပဲ "
မိုလန္က ဖုန္းပိတ္လိုက္ၿပီးေတာ့ စီလင္းႏွင့္အတူ ေအာ္ပရာသီခ်င္း နားဆင္ရန္ ျပဇာတ္႐ုံထဲသို႔ ဝင္လာခဲ့သည္။

ထိုအခ်ိန္တြင္ မိုလန္ႏွင့္ အတြင္းေရးမႉးအဲရစ္တို႔ စကားေျပာေနၾကေသာ ဝင္ေပါက္တံခါးေနာက္တြင္ လူတစ္ေယာက္ရွိေနခဲ့သည္။ ထိုသူသည္လည္း မန္ဒရင္းsuit ကို ဝတ္ဆင္ထား၍ ျမင့္မားေတာင့္ေျဖာင့္ေသာ အသြင္ႏွင့္ အယ္လ္ဖာတစ္ေယာက္ျဖစ္ၿပီး ေမွာင္ရိပ္က်ေနေသာေၾကာင့္ မ်က္ႏွာကို မျမင္ရေခ်။ မိုလန္တို႔ထြက္သြားေသာအခါတြင္ ထိုသူက ထြက္လာ၍
"မစၥမို ဒီေလာက္ထိ ဖုံးကြယ္ထားရတဲ့ ခ်န္ကီဆိုတာ ဘယ္သူေလးပါလိမ့္ ၊ မိုလန္ မင္းဆီမွာ ရွိတဲ့ လွ်ိဳ႕ဝွက္ေလးကို ငါ စိတ္ဝင္စားေနၿပီ "ဟု ဆိုကာ အဓိပၸါယ္တစ္မ်ိဳးပါဝင္ေသာ စကားကို ဆိုၿပီး ျပဇာတ္႐ုံထဲသို႔ ဝင္သြားေလသည္။

To be continued.....


You are reading the story above: TeenFic.Net