Part(3): Unicode

Background color
Font
Font size
Line height

      ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူမ အသက် ၂၄ ပြည့်ပြီးနောက်ပိုင်း ၂ လအတွင်း ဖြစ်ပျက်ခဲ့ချည်းသာ ဖြစ်၏။ သူမ၏ မမျှော်လင့်ထားသော လက်ထပ်မှုကို သူမသည် တစ်နည်းအားဖြင့် ဖြည့်တွေးရမည်ဆိုလျှင် သူမသည် အသက် ၂၅ အထိ အမှတ်အသားမရှိပါက နိုင်ငံတော်မှ စီစဉ်ပေးသော လက်ထပ်ထိမ်းမြားခြင်းကို ပြုရတော့မည်ဖြစ်ပေသည်။

    အိုမီဂါများသည် အရွယ်စရောက်သည့်အချိန်မှ စ၍ အသက် ၂၅ နှစ်အတွင်း လက်ထပ်ထိမ်းမြားမှုကို ပြုကိုပြုရမည်ဖြစ်သည်။ အိုမီဂါများ၏ Heat ကာလအတွက် နိုင်ငံတော်က ကာကွယ်ပေးထားနိုင်သည့်ကာလသည် ထိုကာလအတွင်း၌သာ အကျုံးဝင်သည်။ အမှတ်အသားမရှိသည့် အိုမီဂါများကို  ဗဟိုလူမှုကာကွယ်ရေးဌာနမှ Heat ကာလအတွင်း အနားယူနိုင်ရန်အတွက် ဌာနများဖွဲ့စည်းထားသည်။ OCEP( Omega Center for Estrus Period ) ဌာနတွင် Heat ကာလသို့ ရောက်နေသော အိုမီဂါများကို ကာကွယ်ပေးရန် တည်ဆောက်ထားရှိပြီး သူတို့သည် Estrus ကာလသို့ ရောက်ခါနီးနေသော အိုမီဂါများကို လက်ထပ်မှတ်ပုံတင်မရှိသေးခင်အထိ ထို‌အပိုင်းအခြားတွင် နေခွင့်ပြုသည်။ ထိုဌာနများထားရှိခြင်းသည် အိုမီဂါများအား လက်လွတ်စပယ် အမှတ်အသားပေးခံရခြင်းမှ ကာကွယ်ရန်နှင့် တရားမဝင်တားဆေးများကြောင့် အိုမီဂါများ၏ သန္ဓေပျက်ဆီးမှုများကို လျှော့ချရန်ဖြစ်သည်။

    ပုံမှန်အားဖြင့် အယ်လ်ဖာများသည် အရွယ်ရောက်စ၌ ကြင်ဖက်ကို လိုက်ရှာတတ်သောကြောင့် သူတို့သည် အားနည်းသော အိုမီဂါများကို အနိုင်ကျင့်မှုများ မကြာခဏဖြစ်ပြီးနောက် ဗဟိုလူမှုကာကွယ်ရေးက ထိုကိစ္စကို ပြင်းထန်စွာ အရေးယူလာတော့သည်။ ဘီတာများသည်သာ အမှတ်အသားပေးခြင်းနှင့် ပေးခံရခြင်းမရှိနိုင်သည့်အတွက် မည်သည့်အကာအကွယ်မှ မရရှိကြပေ။ ထို့ကြောင့် ချန်ကီထံတွင်လည်း ကာကွယ်ရမည့် နည်းလမ်းများကို သိနှင့်နေခြင်း မရှိပေ။

    ချန်ကီသည် အသက် ၂၄ နှစ်အထိ ဘီတာကဲ့သို့နေထိုင်ခဲ့ခြင်းကြောင့် သူမအတွက် ထိုစင်တာများသည် အသုံးမဝင်ခဲ့ချေ။ သူမသည် ထိုစင်တာများကို တစ်ကြိမ်တစ်ခါမှ မရောက်ဖူးတာကြောင့် အိုမီဂါနှင့်ပတ်သက်သော အသိပညာများလည်းမရှိတာကြောင့် ပထမဆုံး Estrus ကာလသို့ ရောက်သောအခါတွင် မိုလန်၏ အမှတ်အသားပေးခြင်းကို ခံလိုက်ရသည်။  သူ၏ သူငယ်ချင်းများဖြစ်သော ဆွန်ယာနှင့်လီဂရင်းက ဘီတာနှင့်အယ်လ်ဖာများဖြစ်နေခြင်းက သူမကို အိုမီဂါသဘာဝနှင့် ပိုမိုဝေး‌ကွာစေခဲ့သည်။

    သူတို့သည် ထိုအပန်းဖြေအိမ်ရာတွင် ရက်သတ္တပတ် တစ်ပတ်ခန့်နေခဲ့ပြီးနောက် သူတို့သည် မြို့တော်သို့ ပြန်ရန်ဖြစ်လာသည်။ မိုလန်ကိုယ်တိုင်ကလည်း တက္ကသိုလ်ကျောင်းသူ ဖြစ်နေဆဲဖြစ်ကာ ချန်ကီသည် ကျောင်းတွင်အချိန်ပိုင်းသင်ကြားသူဖြစ်နေဆဲဖြစ်တာကြောင့် သူမက ခွင့်ရက်ရှည်ယူရန် မဖြစ်နိုင်ပေ။ ထို့အပြင် သူမသည် အပြင်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေတာကြောင့် သူမက အချိန်များစွာ ပျက်ကွက်ပါက ထိုအလုပ်အတွင် မကောင်းပေ။ မိုလန်ကလည်း  သူမ၏ ကျောင်းလုပ်ငန်းများကို ဆက်လုပ်ရမည်က ရှိသေးတာကြောင့် သူသည် ချန်ကီကို ခေါ်ကာ မြို့တော်ကို ပြန်လာခဲ့သည်။  

    မြို့တော်သို့ ရောက်သောအခါတွင် ချန်ကီသည် မိုလန်၏ အိမ်သို့ လိုက်နေရန် ဖြစ်လာသည်။ မိုလန်၏အိမ်သည် မြို့တော်၏ လူကုံထံများသော နေသော ရပ်ကွက်အတွင်းတည်ရှိသည်။ ထိုရပ်ကွက်ထဲရှိ အိမ်များသည် ဒီဇိုင်းသေသပ်လှပကာ သာမန်မြို့ပြနှင့်တသီးတခြားတည်း တည်ရှိလေသည်။  ကြွယ်ဝသူတို့၏ ပိုင်ဆိုင်သူများက ဟာသတစ်ခုမဟုတ်ကြပေ။ သူတို့သည် သာမန်အခြေခံလူတန်းစားများ စိတ်ပင်မကူးလောက်သော ငွေပမာဏများဖြင့် သူတို့၏ နေထိုင်ရာပတ်ဝန်းကျင်ကို ခြယ်စီထားကြသည်။

    ချန်ကီသည် မိုလန်နှင့်အတူလာရင်း သူမသည် ထိုနေရာများကို ပါးစပ်အဟောင်းသားဖြင့် ငေးမောကြည့်ရှုကာ လိုက်ပါလာခဲ့သည်။ သူမ ယခင်က အင်တာနက်ပေါ်တွင်သာ မြင်ဖူးခဲ့ရသမျှကို မျက်မြင်ကိုယ်တွေ့မြင်ရသောအခါတွင် သူမ၏ အိမ်မက်များ အကောင်အထည်ပေါ်လာသကဲ့သို့ပင် ခံစားရလေသည်။ conservative area အတွင်း ရှိနေသော အိမ်များသည်တစ်အိမ်နှင့် တစ်အိမ် ကွဲပြားခြားနားခြင်း သိပ်မရှိကြပေ။ ထိုနေရာသည်  မြို့ပြထိန်းသိမ်းရေးဇုန်တစ်ခုအတွင်းဖြစ်တာကြောင့် စံအိမ်ကြီးများသည် အများကြီး ၃ ထပ်ထိသာ စောင့်ခွင့်ရှိကြသောကြောင့် ထိုအိမ်များသည် ထပ်မံပေါင်းထည့်လိုသော အထပ်များကို မြေအောက်တွင် တည်ဆောက်ထားကြသည်။

    အိမ်တော်၏ တံခါးတွင် အိမ်တော်ထိန်းဖြစ်ဟန်တူသော ဘီတာ အသက်ကြီးကြီးအဘွားကြီးတစ်ဦးက စောင့်နေကာ မိုလန်ကားရပ်လိုက်သည်နှင့် တံခါးကို လာရောက်ဖွင့်ပေးလေသည် ။ ဂရုတစိုက်သေသေသပ်သပ်အပြုအမူများက နှစ်လကြာရှည် လေ့ကျင့်ယူထားသည့်နှယ် တိကျလွန်းလှသည်။ အနက်နှင့်မီးခိုးရောင်ရောနေသော ဆံကေသာကို ပိပြားစွာဖီးသင်ထားပြီးတော့ အိုမင်းရင့်ရော်နေသော မျက်နှာက တည်ကြည်ခန့်ညားလျက် ရှိပြီးတော့ မိုလန့်ကို ကြိုဆိုသောမျက်နှာထားအောက်က တကယ့်မျက်နှာ့အစစ်ကိုပင် မတွေ့နိုင်လောက်အောင်ပင် ဖြစ်ရသည်။

    မိုလန်ကို လာကြိုကြသည် မသိလျှင် တော်ဝင်မင်းသားတစ်ပါးကို လာကြိုသည့်နှယ် ဝန်ထမ်းများက ဘေးတစ်ဖက်စီတွင် ရပ်တန်းကာ စောင့်နေကြသည်။ တူညီဝတ်စုံကို ဆင်ယင်ထားသော သူတို့အားလုံးသည် အတက်အကျကင်းမဲ့သော မျက်နှာထားတို့ဖြင့် မိုလန့်ကို စောင့်နေကြရသည်။ ချန်ကီသည် သူမ ယခင်က တီဗီဖန်သားပြင်ပေါ်၌ မြင်ဖူးခဲ့ရသည်တို့ကို အပြင်လက်တွေ့လောက၌ တွေ့မြင်ရသောအခါတွင် အထူးအဆန်းပင် ဖြစ်နေလေသည်။ အမှန်တကယ်ကိုပင် လူကုံထံများသည် အဆောင်အယောင်၊ ပကာသနများကို မက်ကြသူများ ဖြစ်လေသည်။

မိုလန် ကားပေါ်က ဆင်းသည်နှင့် သူတို့အားလုံးက ညီညာစွာ ဦးညွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။ ရုပ်ရှင်ဆန်ဆန်မြင်ကွင်းကြောင့် ချန်ကီ၏ မျက်ခုံးအစုံက မြင့်တက်သွားလေသည်။ ချန်ကီသည်လည်း သူမ၏ ဝတုတ်တုတ်ခန္ဓာကိုယ်ကို ကားပေါ်ကနေ သယ်ထုတ်ကာ မြေပေါ်သို့ ဆင်းလိုက်သည်။

" သခင်မလေး ပြန်လာတာကို ကြိုဆိုပါတယ် " အိမ်တော်ထိန်းက ပြောလိုက်သည်။ မိုလန်သည် သူတို့ကို မမြင်သကဲ့သို့ပင် စိတ်တွင် မှတ်ထားကာ အိမ်တော်ထိန်းဖွင့်ပေးသာ တံခါးအတွင်းသို့ ဝင်သွားစဉ် အိမ်တော်ထိန်းကို ပြောလိုက်သည်။

"သူမက ငါ့ဇနီး ချန်ကီ ၊ မစ္စရှန်နန်(Shannan)သူ့ကို သိသင့်တာတွေ သင်ပေးလိုက်ပါဦး "

မိုလန်သည် ထိုသို့ ပြောဆိုပြီးနောက် အိမ်ထဲသို့ ဝင်သွားလေသည်။ မိုလန်၏ ပြောစကားကြောင့် ဝန်ထမ်းအစေခံများအားလုံးက သူမကို မယုံကြည်ကြည်နိုင်စွာ ကြည့်နေကြသည်။  အရွယ်ရောက်အယ်လ်ဖာတစ်ဦးသည် တစ်နေ့တွင်တော့ ဘုရားရှင်အလိုကျပင် အိမ်တော်သို့ ဇနီးသည်အိုမီဂါတစ်ဦးကို ခေါ်လာမည်က မှန်ပေမဲ့လည်း ခေါ်လာသော သူကို သူမတို့အကုန်လုံးက မယုံကြည်နိုင်ကြပေ။  Dominant Alphaဖြစ်ရခြင်း၏ ဖြစ်တည်မှုက ဟာသမဟုတ်တာကြောင့် လိုက်ဖက်မည့် အိုမီဂါလေးသည်လည်း ပြည့်စုံကုံလုံကာ ပြစ်မျိုးမှဲ့မထင် ဖြစ်နေမည်ဖြစ်ပေမဲ့လည်း ချန်ကီကား ထိုသတ်မှတ်ချက်များ ရှိမနေချေ။

    အိုမီဂါဟုပင် ဆိုဖွယ်မရှိသော ဝတုတ်ကာ ရုပ်ဆိုးသည့် လူတစ်ယောက်ကို သခင်မလေး မိုလန်နှုတ်ဖျားကသာ "သူမက ငါ့ရဲ့ဇနီးသည်" ဟု မိတ်မဆက်ပေးခဲ့လျှင် သူတို့အားလုံးက ယုံကြည်နိုင်မည်ပင် မဟုတ်ချေ။ မစ္စရှန်နန်သည် အံ့အားသင့်မှုကြောင့် သူမ၏ မျက်ခုံးများ အနည်းငယ် ပင့်သွားရုံမှအပါး မည်သည့်တုန့်ပြန်မှုမျိုးကိုမှ မထုတ်ပြပေ။ သူမက အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး ချန်ကီကို နှုတ်ဆက်လိုက်သည်။

"လေဒီ ချန်ကီ မင်္ဂလာနံနက်ခင်းပါ၊ အိမ်တော်ကို ရောက်လာပြီဆိုတော့ ကျွန်မ မိတ်ဆက်ပါရစေ၊ ကျွန်မက အိမ်တော်ထိန်း ရှန်နန်ပါ၊ ဒီအိမ်နဲ့ပတ်သက်နေသမျှကို စီမံခန့်ခွဲနေရသူပါ၊ ကျွန်မ ဒီအိမ်နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို လိုက်လံရှင်းပြပါ့မယ်၊ မရှင်းပြခင် လေဒီချန်ကီ ကျွန်မကို ဧည့်ခန်းမှာ တစ်ခဏ စောင့်စေချင်ပါတယ် "

အိမ်တော်ထိန်းသည် သူမအား ကြိုဆိုသည်ဟု ဆိုနေသော်လည်း အလိုအလျောက်ခံစားနိုင်‌သော ဆဌမအာရုံအရ အိမ်တော်ထိန်းသည် သူမကို ကြိုဆိုလိုခြင်းအလျဉ်းမရှိသည်ကို သိပေမဲ့လည်း သူမက သူ၏ တာဝန်များကို ဆောင်ရွက်ရန်ပျက်ကွက်ခြင်းမရှိပေ။ ချန်ကီသည် သူမအား ယဉ်ကျေးစွာ တုန့်ပြန်လိုက်သည်။

"ဟုတ်ကဲ့ပါ " ချန်ကီသည် အိမ်ထဲသို့ သူ့ဘာသာ တံခါးကို တွန်းဖွင့်လျက် ဝင်သွားသည်။ ကြမ်းပြင်မှအစ အရာအားလုံးက ပြောင်လက်နေသည်က "Sparkling bling Bling "ပင် ဖြစ်နေတော့သည် ။ လျှောက်လမ်းတစ်လျှောက် ခင်းကျင်းထားသော အနီရောင် ကော်ဇော်ကပင် စိုမြနေကာ ပတ္တမြားကျောက်မျက်ကဲ့သို့ စိုရွနေလေသည်။ သူမသည် ဧည့်ခန်းနေရာသို့ ထိုင်လိုက်သောအခါတွင် သူက ဆိုဖာအသားများသည် နိုင်းမိကျောင်းသားရေဖြင့် ပြုလုပ်ထားသော အကောင်းစားများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။နာရီဝက်ခန့်ကြာသောအခါတွင် မစ္စရှန်နန်က ပြန်ရောက်လာပြီး သူမသည် ချန်ကီကို အိမ်၏ နေအိမ်ဖွဲ့စည်းတည်ဆောက်ပုံနှင့်ပတ်သက်၍ အကြမ်းဖျင်းလိုက်ရှင်းပြသည်။

ဤအိမ်သည် မိုလန် မွေးရပ်မြေသို့ ပြန်လာတော့မှ ဝယ်ယူထားသော အိမ်ဖြစ်ကာ စတုရန်းပေ ၁၀၉၈၂ ကျယ်ဝန်းသော ခြံဝန်းကြီးဖြစ်ကာ ယခင်က ဟောလိဝုဒ်စတားတစ်ဦး၏အိမ်ကို ဝယ်ယူလိုက်သည်ဟု ဆိုသည်။ ခြံဝင်း၏ နေရာတော်တော်များများတွင် မိုးမခပင်တွေ စိုက်ပျိုးထားကာ လမ်းလျှောက်ရန် လမ်းကြောင်းများကို သေချာစွာပြုလုပ်ထားသည်။ သုံးထပ်စံအိမ်နှင့် အနီးကပ်ဆုံးတွင် တည်ရှိသည်က ချန်ပီယန်ရှစ် တင်းနစ်ကွင်းဖြစ်ကာ မိုလန်၏ အကြိုက်ဆုံးတွေထဲက တစ်ခုက တင်းနစ်ကစားရခြင်းဖြစ်သည်။ မနက်တိုင်းတင်းနစ်ကစားလေ့ရှိကာ ထိုတင်းနစ်ကွင်းသည် မိုလန်၏ စာကြည့်ခန်းနှင့် တည့်တည့်ဖြစ်သည်။ မိုလန်က စာရေးသည့်နေ့များတွင် ထိုတင်းနစ်ကွင်းမှ လှမ်းကြည့်လျှင် ထိုအခန်းကို မီးလင်းနေတတ်သည်ဟု ပြောသည်။ သို့သော်လည်း အိမ်တော်၏သုံးထပ်မြောက်အထပ်သည် မိုလန်မှ တစ်ပါး တခြားသောသူများ တက်ခွင့်မရှိသော အထပ်ဖြစ်တာကြောင့် မည်သည်တို့ရှိမည်ကိုတော့ တိတိကျကျသိနိုင်မည်မဟုတ်ပေ။

   ဒုတိယအထပ်တွင် အိပ်ခန်း ၅ ခန်းရှိပြီး မြေအောက်ထပ်တွင် တစ်ခန်းရှိသည်။ မြေအောက်ခန်းတွင် Gym ခန်းမ၊ ရေကူးကန်တို့ရှိကာ မိုလန်မရှိသည့်နေ့ရက်များတွင် ချန်ကီအသုံးပြုနိုင်ကြောင်း ပြောလေသည်။ အိမ်တော်ထဲတွင် သက်တောင့်သက်သာနေထိုင်နေသောလည်း အိမ်မကြီး မဟုတ်သော တခြားအိမ်ငယ်လေးတစ်ခုကို သခင်မလေး မိုလန်၏ ဖိတ်ကြားခြင်းမရှိဘဲ မသွားမိစေရန်သတိပေးလေသည်။ ချန်ကီသည် မသိသင့်သည်တို့ကို  မသိတာက အကောင်းဆုံးဟု တွေးမိတာကြောင့် သူမက မေးခွန်းထပ်မမေးတော့ဘဲ လက်ခံလိုက်သည်။  ချန်ကီသည် မစ္စရှန်နန်၏ နောက်သို့လိုက်ပါရင်း သူမသည် နန်းတော်ထဲသို့ ရောက်နေသော တောတွင်းသူလေးလိုပင် လိုက်ကြည့်နေမိသည်။

  ချန်ကီသည် အိမ်ကို လိုက်ပတ်ကြည့်ရှုပြီးနောက်တွင် သူသည် သက်ပြင်းအသာချမိသည်။ ချမ်းသာကြွယ်ဝရသည့် ဘဝက တကယ့်ကို ကောင်းမွန်လှသည်။နေရာထိုင်ခင်း၊ အစားအအသောက်၊အသုံးအဆောင် မည်သည့်အရာမဆို ကောင်းပေ့ဆိုသည့်အရာများကို ပိုင်ဆိုင်နိုင်သည်။ မိုမိသားစု၏ ကြွယ်ဝမှုက ပြက်လုံးထုတ်စရာပင် မဟုတ်ချေ၊ သို့သော်လည်း သူမ မြင်နေရသည့်အရာရာတိုင်းက သူမနှင့် မည်သည့်ပတ်သက်မှုမျိုးမှ ရှိမနေသည်က ဝမ်းနည်းဖွယ်ကောင်းလှသည်။ ချန်ကီသည် မစ္စရှန်နန်၏ နောက်ကနေ လိုက်နေရင်း နေရောင်ကြောင့် မြေပြင်တွင်အရိပ်ပေါ်နေသော သူမ၏ အရိပ်ကြောင့် ပိုလို့ပင် စိတ်ထိခိုက်သွားသည်။

   တခြားသော သူများ၏ အရိပ်များကို ကြည့်လိုက်လျှင် ဦးခေါင်း၊ပခုံး၊ခါး၊တင်ပါးအစရှိသော နေရာများကို တွေ့နိုင်သော်လည်း သူမ၏အရိပ်ကမူ ဦးခေါင်းနှင့် ခန္ဓာသာပါလေသည်။ ဝဖိုင့်ဖိုင့် ၊ ပုံပန်းမကျသော ခန္ဓာကြောင့် သူမပင်လျှင် မနှစ်သက်သည်ဖြစ်ရာ မိုလန်ဆိုလျှင် ပြောမနေနှင့်တော့။

   သူမတို့ အိမ်တွင်းသို့ ပြန်ရောက်သောအခါတွင် ဧည့်ခန်းတွင် မိုလန်နှင့်အတူ အသက်ကြီးကြီး လေဒီတစ်ဦးနှင့် ရှေ့နေဖြစ်ဟန်တူသော အမျိုးသားတစ်ဦးကို တွေ့ရလေသည်။ မိုလန်၏ မျက်နှာကတော့ ထုံးစံအတိုင်း မျက်ခုံးနှစ်ခု တွန့်ချိုးပြီးတော့ အလိုမကျဟန်ဖြင့် သူမကို စောင့်နေရသည်ကို မနှစ်မြို့ပုံရသည်။ ရှည်လျားဖြောင့်တန်းသော ခြေတံရှည်များကို လိမ်ယှက်ကာ ဆိုဖာကို မှီလျက် ထိုင်နေသည့်ပုံက ကျော့မော့ခန့်ညားကာ အယ်လ်ဖာတစ်ဦး၏ တောက်ပသော အရောင်အဝါများကြောင့် ပတ်ဝန်းကျင်ကို မှေးမှိန်သွားစေသယောင်ထင်ရသည်။ အရောင်ဖျော့ဖျော့ မျက်ဝန်းများက အရာရာတိုင်းကို မုန်းတီးနေသကဲ့သို့ ကြည့်နေပါသော်လည်း သူမ၏ အယ်လ်ဖာက တကယ်ကို ချောမောသည်ကို ချန်ကီ ဝန်ခံရပေမည်။ သူမ၏ ဖြစ်တည်မှုကို မဖော်ပြလျှင်တောင်မှ သူမ၏ တည်ရှိမှုက တဖက်သားကို လွှမ်းမိုးနိုင်သော သူမျိုးဖြစ်သည်က Dolminant Alpha ပီသစွာပင် ဖြစ်သည်။ ငယ်ရွယ်သော ဆယ်ကျော်သက်လေး ဖြစ်သော်လည်း အယ်လ်ဖာတစ်ယောက်၏ ရင့်ကျက်မှုတို့ရှိနေသည်။

" အဲနားမှာ ဘယ်လောက်ကြာကြာရပ်မယ်စိတ်ကူးထားသလဲ ? "

မိုလန်က ချန်ကီကို ပြောလိုက်သည်။ ထိုအခါမှ ချန်ကီက အမြန်လာကာ သူမက ဆိုဖာတွင် ထိုင်ရန် မထိုင်ရန် တွေဝေနေတာကြောင့် ထိုင်လိုက်ထလိုက်ဖြစ်နေတာကြောင့် မိုလန်က "ထိုင် " ဟု ပြောလိုက်မှ ချန်ကီက ထိုင်လိုက်သည်။

" ငါရဲ့ ဇနီးသည်အဖြစ်နဲ့ မင်းမှာ ပိုအသေးစိတ်ကျတဲ့ ဥပဒေဆိုင်ရာ အခြင်းအရာတွေကို ရှေ့နေဆမ်(Sam)က မင်းကို ကူညီပေးလိမ့်မယ်။ လေဒီချားလ်(Cherl) က မင်းကို ကူညီပေးလိမ့်မယ် ၊ မင်းအနေနဲ့ ကောင်းမွန်စွာ ပူးပေါင်းလိမ့်မယ်လို့ ငါ ယုံကြည်တယ် "

ချန်ကီသည် ရှေ့နေဆမ်ကို တစ်ချက်ကြည့်လိုက်သောအခါတွင် ရှေ့နေ့ဆမ်က သူမကို ပြုံးလျက် ခေါင်းညိမ့်ပြသည်။လေဒီချားလ်ကမူ သူမကို ရည်မွန်စွာ ပြုံးပြလေသည်။

" ဟုတ်ကဲ့ပါ "

" ဒါဆိုရင် မင်းအနေနဲ့ သူတို့နဲ့ နောက်တစ်ကြိမ်တွေ့ပြီးတော့ သေသေချာချာဆွေးနွေးဖို့ ငါ စီစဉ်ပေးမယ်၊  ငါ အလုပ်ကိစ္စနဲ့ မအားလပ်သေးတော့ ဒီနေ့ အဆင်မပြေနိုင်တော့ဘူး။ ပဏာမ သတ်မှတ်ချက်အနေနဲ့ မင်းရဲ့ လက်ထပ်ကြေးကို တစ်သန်းပေးမယ်တွေးထားတယ် ၊ မင်း အနေနဲ့ လိုအပ်တာတွေကို ငါ့ဆီကို တိုက်ရိုက်လာပြောနိုင်သလို အိမ်တော်ထိန်းကနေ တစ်ဆင့်လည်း ပြောနိုင်တယ်။ မင်းအနေနဲ့ ဖြောင့်မတ်လျှို့ဝှက်ရည်မွန်ပြီး နားလည်တတ်တဲ့ အိုမီဂါမိခင်ကောင်းတစ်ယောက် ဖြစ်လာမယ်လို့ ငါ မျှော်လင့်ပါတယ် "

  မိုလန်သည် သူမပြောဆိုချင်သည်ကို တိုက်ရိုက်ဆိုသွားသည်။ အိုမီဂါမိခင်ကောင်း တစ်ယောက်။ မိုလန်၏ တစ်ခုတည်းသော ရည်ရွယ်ချက်က ကျန်းမာသန်စွမ်းသော အယ်လ်ဖာကလေးတွေကို အမြန်ဆုံးမွေးဖွားပေးစေရန် ဖြစ်သည်။ ချန်ကီသည် မိုလန့်အပေါ်တွင် ကောင်းမွန်သော စိတ်ထားများ ဖြစ်ပေါ်လာပါသော်လည်း ထိုစိတ်ကလေးမှာ ချက်ချင်းပင် ရွံ့မုန်းသော အနေအထားကို ပြောင်းလဲသွားလေသည်။

" ကျွန်မက လက်ထပ်ကြေးကို တစ်သန်း ရမှာက တကယ်လား  ? "

တစ်သန်းဆိုသော ပမာဏသည် သူမတို့လို ဘီတာတွေအတွက် မိုးပေါ်က ကျလာသော ငွေပမာဏပင်  မဟုတ်ပေလော။ သူမက ဘီတာတစ်ဦးကဲ့သို့နေထိုင်ခဲ့စဉ်က နှစ်စဉ် ဘီတာတစ်ဦး၏ အမြင့်ဆုံးဝင်ငွေသည် ဆယ်သန်းသာ ဖြစ်တာကြောင့် သူမက အိုမီဂါဖြစ်လာသည်နှင့် ဤမျှ ဝင်ငွေရသည်က ထီဆုကြီး ပေါက်သကဲ့သို့ပင်  ဖြစ်လေသည်။ 

" ဟုတ်တယ်။ ကိုယ်ဝန်ဆောင်တဲ့ကာလကို ရောက်ရင် ပိုတိုးပေးမှာပါ " မိုလန်က ချန်ကီ၏ ပိုက်ဆံကြောင့် အလွန်အမင်း ပျော်ရွှင်နေပုံရတဲ့ မျက်နှာကြောင့် သူမက ရွံရှာစွာ အကြည့်လွှဲကာ ထွက်လာခဲ့သည်။

   ချန်ကီသည် တစ်လကို တစ်သန်းရမည်ဆိုသော စကားသာ နားထဲ တလည်လည်ဖြစ်နေပြီးတော့ သူမက ပျော်ရွှင်နေတော့သည်။  သူမသည် အိမ်တော်ထိန်းနောက်ကနေ လိုက်လာရင်း သူမနေရမည့်အခန်းရှေ့သို့ ရောက်သောအခါတွင် မစ္စရှန်နန်က သူမကို သတိပေးလာသည်။

" မင်းက သခင်မလေး မိုလန်ရဲ့ ဇနီးသည်တစ်ဦးဖြစ်လာပေမဲ့ မင်းအနေနဲ့ သူမရဲ့ ဒေါသပုံချစရာ  ဖြစ်မလာအောင် ဂရုစိုက်ဖို့ ကောင်းပါတယ် "

ချန်ကီက အိမ်တော်ထိန်းပြောသည်ကို နားမလည်ပေမဲ့ သူက ခပ်မြန်မြန်ပင် ခေါင်းညိမ့်လိုက်သည်။

သို့သော်လည်း နောက်တစ်နေ့ မနက်မိုးလင်းချိန်တွင် သူမသည် ထိုစကားကို နားလည်လိုက်သည်။
  
   သူမ မနက်စာကို ပြင်ဆင်ပြီးနောက် သူမ၏ လုပ်ဆောင်ရမည့်ဝတ္တရားများ စာရင်းကို ပြန်ကြည့်လိုက်သည်။

" ခင်ပွန်းသည် အယ်လ်ဖာ၏ ယူနီ‌ဖောင်းကို အဆင်သင့်ပြင်ပေးရန် ။ "

ချန်ကီသည် သူမ၏ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကို ထိုအထစ်ပေါင်း ၂၀၀ အတိရှိသော လှေကားကို ပြေးတက်ကာ မိုလန်၏ အခန်းသို့  ပြေးရလေသည်။

မိုလန်၏ အိပ်ခန်းသည် တင်းနစ်ကွင်းကို လှမ်းမြင်ရသည်။ မနက်စောစော တင်းနစ်ရိုက်နေသော မိုလန်သည် တင်းနစ်ဘောလုံးများကို အလိုအလျောက်ပစ်ပေးသော Launcher မှ ဘောလုံးများကို ရိုက်နေစဉ် ငှက်တစ်ကောင်က သူမ ဘေးက ဖြတ်သွားတာကြောင့် သူမက ဘောလုံးကို သတိမထားမိလိုက်တာကြောင့် ထိုတင်းနစ်ဘောလုံးက သူမကို ထိမှန်လေသည်။ မိုလန်က စက်ကို ပြန်ညှိကာ နောက်တစ်ကြိမ် ပြန်ရိုက်သော်လည်း သူမကို ဘောလုံးကို ထိမှန်အောင် မရိုက်နိုင်ဘဲ လွဲချော်သွားလေသည်။ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် ..... ခုနှစ်ကြိမ် ရှစ်ကြိမ်မျှ လွဲချော်ပြီးနောက် မိုလန်က ရပ်လိုက်သည်။

  ချန်ကီက မိုလန် ဘာဆက်လုပ်မည်ကို စိတ်ဝင်စားစွာ ကြည့်နေစဉ် မိုလန် ပြုလုပ်လိုက်သော အပြုအမူကြောင့် ချန်ကီ မယုံနိုင်အောင် ဖြစ်သွားလေသည်။ မိုလန်သည် ထိုတင်းနစ်ရိုက်တံဖြင့် ထိုLauncher ကို ပျက်ဆီးသည်အထိ ရိုက်ကာ ဖျက်ဆီးလိုက်သည်။

Launcher ကို ဖျက်ဆီးနေသော မိုလန်ကို ချန်ကီသည် ပါးစပ်အဟောင်းသားဖြင့် မှင်သက်စွာ ကြည့်နေမိလေသည်။

ဧကန္တ သူမရဲ့  အယ်လ်ဖာဆီမှာ စိတ်ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေ ရှိနေတာတော့ မဟုတ်ရပါဘူးနော် ....။

To be continued....






You are reading the story above: TeenFic.Net