Part (29)

Background color
Font
Font size
Line height


( Unicode)

     ရွာ၏ ဝတ်ပြုကျောင်းနှင့် မလှမ်းမကမ်းမြေနေရာတွင် ရေကန်တစ်ခုကို  ခြားထားသော မြေပြန့်နေရာရှိသည်။ထိုနေရာသည် ပုံမှန်နေရာထက်ပိုမြင့်သောကုန်းထက်တွင် ရှိလေသည်။ ယနေ့တွင် ရွာလူကြီးသည် နတ်ဆရာတစ်ဦးနှင့်အတူ ချန်ကီအပါအဝင်လူတချို့ဖြင့် ရပ်ကာ ထိုနေရာတွင်ရှိနေလေသည်။ ထိုနေရာတွင် စာကြည့်ဆောင်ကို တည်ဆောက်ရန်အတွက် ပြင်ဆင်နေကြခြင်းပင်ဖြစ်သည်။

" အဲတာဆိုရင် ကျွန်မတို့ အောက်ခြေကို စတူးဖို့လိုအပ်ပါတယ်။  မြေနေရာလွတ်မှာ မြေကြီးက တောင်ပေါ်မှာဆိုပေမဲ့ ရေနဲ့နီးလို့ အောက်ခြေကို များများတူးဖို့ လိုအပ်ပါတယ်။ ကျွန်မပြောတဲ့အနက်အထိ တူးပြီးရင် ရပါပြီ။ မနက်ဖြန်ကို စတင်ဖို့အတွက် ဒီနေ့မနက်ကို ပူဇော်ပသပွဲ လုပ်လို့ရပါပြီ "

ချန်ကီသည် ရွာလူကြီးနှင့် လက်သမားခေါင်းဆောင်တို့နှင့်အတူ ရက်အတော်ကြာတိုင်ပင်ကာ နောက်ဆုံးတွင် စတင်တည်ဆောက်ဖြစ်သည်။ တောင်ပေါ်တွင် တည်ထားသော စာကြည့်ဆောင်ဟောင်းသည် ဆွေးမြေ့နေပြီဖြစ်တာကြောင့် နတ်ဆရာများနှင့် တိုင်ပင်ကာ ရွာလူကြီးက သူမကို ခေါ်ကာ စာကြည့်ဆောင်အသစ်ကို ဆောက်လုပ်ချင်သည်။  နတ်ဆရာက ဆောက်လုပ်ရန်သင့်လျော်သောနေရာလွတ်ကို တွက်ချက်ပြီး ချန်ကီနှင့် လက်သမားဆရာက မြေနေရာကို စစ်ဆေးကြရသည်။ ကျေးလက်တွင် ဖြစ်တာကြောင့် သူတို့ထံတွင် အထောက်အကူပြုပစ္စည်းများစွာ ရှိမနေပေ။ ထို့အပြင် ချန်ကီက စက်မှုတက္ကသိုလ်တွင် ဆောက်လုပ်ရေးပညာကို ခေတ်မီပညာရေးနှင့် သင်ကြားနေဆဲကျောင်းသူဖြစ်တာကြောင့် ရွာလူကြီးက သူမကို ယုံကြည်စွာအကူအညီတောင်းလာခဲ့သည်။

စင်စစ်အားဖြင့် ရွာလေးသည် အလွန်အမင်းကို ဖွံ့ဖြိုးမှုအားနည်းနေဆဲဖြစ်သည်။ ထို့ကြောင့် ရိုးရာနတ်သည် အလွန်အမင်းကို ပူဇော်လေးမြတ်နေဆဲဖြစ်တာကြောင့် ချန်ကီသည် ရွာဓလေ့အတိုင်း ရွာသူကြီးနှင့် ရိုးရာနတ်ပူဇော်ခြင်းကို လုပ်နေလေသည်။ နတ်ဆရာက ချန်ကီကိုလည်း ပါဝင်ခိုင်းခဲ့သည်။

" နေပါဦး ချန်ကီက အိုမီဂါလား ? " နတ်ဆရာက မေးလာခဲ့သည်။ အိုမင်းနေသော နတ်ဆရာသည် မုတ်ဆိတ်အဖြူရောင်အရှည်ကြီးရှိပြီး သူသည် ထိုကျေးလက်တွင် နတ်ဆရာဖြစ်လာသည်က မယ်တော်ပုလဲရှိစဉ်ကတည်းက ဖြစ်သည်။ နတ်ဆရာသည် အနက်ရောင်နှင့် အနီရောင်ရောယှက်နေသော ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်ဝန်းများက အလွန်တရာနက်ရှိုင်းလေသည်။ ချန်ကီသည် နတ်ဆရာအမေးကြောင့် တစ်ချက်ပင် တုန်သွားလေသည်။ 

ကျေးလက်ဒေသတွင် အဆောက်အဦတည်ဆောက်ရာတွင် ရိုးရာအရ အယ်လ်ဖာနှင့် ဘီတာများသာ လုပ်ရသည်။ အိုမီဂါများသည် နူးညံ့သော သဘာဝရှိတာကြောင့် အဆောက်အအုံတစ်ခုကို စတင်ဆောက်ရာတွင် သူတို့ကို မဝင်ခိုင်းပေ။ ကြံ့ခိုင်မှုကို နှောင့်နှေးစေသည်ဟူသော အယူကြောင့်ဖြစ်သည်။ ထို့ကြောင့် အိုမီဂါများသည် အဆောက်အဦကို အလှဆင်သောအခါမှသာ ထိုအဆောက်အဦပေါ်ကို စတက်ရလေသည်။

" မဟုတ်တာ။ ချန်ကီက ဘီတာလေ၊ အဲတာကြောင့်သူက စက်မှုတက္ကသိုလ်ကို ဝင်ခွင့်ရတာပေါ့။ ဘာဖြစ်လို့လဲ နတ်ဆရာ တစ်ခုခုဖြစ်လို့လား" ရွာလူကြီးက  ဝင်ဖြေလိုက်သည်။

" သေချာလို့လား ၊ ပူဇော်တာ မစတင်ခင် သေချာအောင် မေးတာပါ ၊ မဟုတ်ရင် ရေရှည်အတွက် ပြသနာဖြစ်လာမှာကို မလိုလားဘူး "

ချန်ကီသည်  နတ်ဘုရားရှေ့သို့ ဝင်ကာ မထိုင်ခင်သည်အထိ သူသည် တွေဝေနေလေသည်။ သူမသည် ငယ်စဉ်ကတည်းက ဘီတာတစ်ယောက်ကဲ့သို့ ကြီးပြင်းလာသော်လည်း လွန်ခဲ့သောနှစ်မှစ၍ သူမသည် အိုမီဂါဟု ပေါ်လာခဲ့ပြီး ဖယ်ရိုမုန်းများလည်း ပေါ်ထွက်လာသည်။ ထို့အပြင် အိုမီဂါများ၏ လက္ခဏာများ ပေါ်လာခဲ့သော်လည်း မိုလန်နှင့် ကွာရှင်းပြီးနောက် သူမထံမှ ဖယ်ရိုမုန်းများပျောက်သွားခဲ့သည်။ထာဝစဉ်အမှတ်အသားသည် မှိန်ဖျော့လာခဲ့ပြီး အိုမီဂါလက္ခဏာများ ပျောက်ကာ အယ်လ်ဖာများကို ခုခံနိုင်လာပြန်သည်။ သူမသည် မိုလန်နှင့်ရှိစဉ်ကမူ သူမသည် အယ်လ်ဖာများ၏ ဖြစ်တည်မှုကို သိသိသာသာခံစားခဲ့ရသည်။ ထို့ကြောင့် အခုလတ်တလောတွင် သူမသည် မည်သည့်အမျိုးအစားဖြစ်သည်ကို ကွဲကွဲပြားပြား မသိပါချေ။

ချန်ကီသည် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကာ သူမ၏ဖြစ်တည်မှုကို ထုတ်ပြောရန် မဝံ့ရဲဘဲ ဖြစ်နေလေသည်။ သူမသည် အိုမီဂါဖြစ်ကြောင်း ထုတ်ပြောလိုက်ပါက စက်မှုတက္ကသိုလ်ကို လိမ်လည်တက်ရောက်သည့်အတွက် တရားစွဲဆိုခံရနိုင်သည့်အပြင် ဂေဟာကို ဆက်လက်ထိန်းသိမ်းခွင့်ကိုလည်းရတော့မည်မဟုတ်ပါချေ။ ထို့အပြင် သူမကို ရွာထဲက သူများက တခြားသောအိုမီဂါများကဲ့သို့ပင် အလားတူဆက်ဆံလာနိုင်သည်။ 

တွန့်ဆုတ်နေသော  သူမ၏အပြုအမူကြောင့် ရွာသူကြီးက သံသယဝင်လာလေသည်။  မင်္ဂလာအချိန်ကိုကျော်လွန်မည်ကို  တွေးမိကာ နတ်ဆရာ၏အပြုအမူကလည်း စိတ်မရှည်တော့ပေ။ အိုမီဂါတစ်ယောက်က ပူဇော်ပသခြင်းကို ဝင်လုပ်မည်ဆိုလျှင် ရိုးရာအရ မကောင်းမည်ကို သိသော်လည်း သိသိသာသာတားမြစ်ထားခြင်း  မရှိတာကြောင့် ချန်ကီက နတ်ပူဇော်ရာခန်းမကို ဝင်မည်လုပ်ရာ သူမ၏ ပခုံးကို တစ်စုံတစ်ယောက်က လှမ်းကိုင်ကာ တားမြစ်လိုက်သည်။

" ကျွန်မလုပ်ရင်ရော ရလား ? " မိုလန်၏အသံက ချန်ကီ၏နောက်ကျောဖက်မှ ထွက်ပေါ်လာသည်။
ချန်ကီ မော့ကြည့်လိုက်ရာ မိုလန်က ထိုရွာ၏ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကလည်း ချထားသည်ဖြစ်ရာ အမူအရာကင်းမဲ့သော သူမ၏ မျက်နှာကို မြင်လိုက်ရသည်။ နာလန်ထကာစ မျက်နှာက ဖြူလျော့နေလေသည်။  သူမက ချန်ကီကို ကြည့်မလာဘဲ ရှေ့က နတ်ဆရာကို ဆက်ပြောလိုက်သည်။

" သာမန်ဘီတာနဲ့စာရင် အထက်ဆင့်အယ်လ်ဖာတစ်ယောက်နဲ့ လုပ်တာက ပိုကောင်းတဲ့ရွေးချယ်မှုမဟုတ်ဘူးလား "

" သူက ဘယ်သူလဲ " နတ်ဆရာက မေးလာသည်။

" ကျွန်မဧည့်သည်ပါ။ ရွာကို ခဏတဖြုတ်လာနေတဲ့သူပါ။ သူက နေမကောင်းသေးလို့ ကျွန်မ ပြန်ခေါ်သွားပါ့မယ် ၊ ပူဇော်ပွဲလုပ်တာ သူ့ကို ဝင်ပါခိုင်းလို့ အဆင်မပြေပါဘူး" ချန်ကီက ဝင်ဖြေလိုက်သည်။ ချန်ကီက မိုလန်ကို ပြန်ခေါ်သွားချင်ခဲ့သည်။ မိုလန်၏ နောက်ကြောင်းကို  သိသွားလျှင် မလိုလားအပ်သော ပြသနာများကို ရှောင်ရှားလိုခြင်းဖြစ်သည်။ ထပ်ပေါင်းပြောရလျှင် ကျေးလက်၏ ရိုးရာများက တင်းကြပ်တာကြောင့်လည်း ပါသည်။

ရွာလူကြီးကလည်း သဘောတူပုံမရပေ။  ရိုးရာနတ်သည် တင်းကြပ်သော စည်းမျဉ်းများဖြင့် ကာရံထားသော ဓလေ့တစ်ခုဖြစ်ပြီး နတ်ပူဇော်ခြင်းသည် ထိုအဆောက်အဦမြေပေါ်တွင် ရှိနေသေးသရွေ့  တည်ရှိနေမည့် ကိစ္စရပ်ဖြစ်သည်။ ခေတ်စနစ်များပြောင်းလာခဲ့သော်လည်း ကျေးလက်ဒေသမှ လူများ၏ အယူသီးမှုသည် ကြောက်မက်ဖွယ်ဖြစ်ပြီး အကယ်၍များ သူသည် ရွာသူကြီးတစ်ဦးအနေဖြင့် သူစိမ်းတစ်ယောက်ကို ပူဇော်ပသသည့်ပွဲထဲသို့ ပါဝင်ခွင့်ပြုလိုက်မည်ဆိုပါက သူ့ကို စိတ်ဆိုးနိုင်သည်။

သို့သော်လည်း မိုလန်က ပြန်မည့်ပုံမရပေ။ သူက အပေါက်ဝတွင် မြဲမြံစွာ ရပ်နေလေသည်။ ခရမ်းရင့်ရောင် ရိုးရာဝတ်စုံကြောင့် သူမ၏အသွင်က တည်ငြိမ်နေသည့်အပြင် အထက်ဆင့်အယ်လ်ဖာ၏အရှိန်အဝါက လူများအားလုံးကို လွှမ်းမိုးနေလေသည်။

" မင့်နာမည် ဘယ်လိုခေါ်လဲ " နတ်ဆရာက မေးလာသည်။

" မိုလန် "

" အသက်ကရော "

" ဒီနှစ်အတွင်း အသက် ၂၀ ပြည့်မှာပါ "

နတ်ဆရာက မိုလန်ကို ခဏကြာမျှ စူးစိုက်ကြည့်လိုက်ပြီးနောက် နတ်ဘုရားဖက်သို့ ပြန်လှည့်လိုက်သည်။
" သူက ရတယ်" နတ်ဆရာက ပြောလာသည်။

" ဒါပေမဲ့ သူက..." ရွာသူကြီးက ပြောရန်ကြိုးစားလိုက်သော်လည်း  နတ်ဆရာက ပြောလာသည်။

" ပူဇော်ရမည့်အချိန်ကျော်သွားရင် နောက်ထပ် ရက်သတ္တပတ်တွေ ထပ်စောင့်ရလိမ့်မယ်  "

ရွာသူကြီးက နတ်ဆရာအလိုကို မလွန်ဆန်တော့ဘဲ သူက မိုလန်ကို ခွင့်ပြုလိုက်သည်။

မိုလန်သည် ခန်းမထဲသို့ မဝင်မှီတွင် သူ တစ်လျှောက်လုံး ကိုင်ထားခဲ့သော ချန်ကီ၏ ပခုံးကို အသာအယာဖျစ်ညှစ်သွားခဲ့သည်။ စိတ်သက်သာရာရစေရန် နှစ်သိမ့်သည့်သဘောမျိုး ဖြစ်သော်လည်း ချန်ကီသည် အမှန်ပင် စိတ်ပြေလျော့သွားခဲ့သည်။

ချန်ကီသည် အပြင်ဖက်ကနေ ပူဇော်ပွဲကို တိတ်တဆိတ်ရပ်ကြည့်နေခဲ့သည်။ နတ်ဘုရားပူဇော်ခြင်းသည် ရိုးရှင်းစွာပင် ပြင်ဆင်ထားသည်။ အနီရောင် စည်းများကာရံထားသော အလယ်တွင် စားပွဲတစ်ခုချထားပြီး ထိုအပေါ်တွင် နတ်ဘုရားရုပ်ထုကို ထားရှိသည်။ လှူဖွယ်အဖြစ် ပစ္စည်းများတင်ထားပြီး ကမ္ဗည်းတိုင်တစ်ခုကိုလည်း တင်ထားသည်။ နတ်ဆရာသည် သက်ဆိုင်ရာမန္တန်များ ရွတ်ဖတ်ပသနေစဉ် မိုလန်သည် နတ်ဘုရားရှေ့တွင် ဒူးထောက်ကာ လက်များက ရှေ့သို့ ဆန့်တန်း၍ အမွှေးတိုင်များကို ကိုင်ထားလေသည်။ ရေပြင်လို တစ်တန်းတည်း ရှိနေတဲ့ မိုလန်က သူ စတွေ့စဉ်ကနှင့် မတူဘဲ တစ်ခြားတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။

သူနှင့် လက်ထပ်ထားခဲ့သော မိုလန်က ဒေါသကြီးသည်။ ငယ်ရွယ်မှုနှင့် ကြွယ်ဝမှုကြောင့် မောက်မာသည်။ သနားကြင်နာခြင်း မရှိခဲ့ပေ။  တစ်ဖက်သားအပေါ် ငဲ့ညှာခြင်း အလျင်း ရှိမနေဘဲ တစ်ကိုယ်ကောင်းဆန်လေသည်။

ထိုမိုအိမ်တော်က သခင်မလေးနှင့်မတူဘဲ သူ့ရှေ့မှာ ရှိနေသည့် ကာရံထားတဲ့ အခွံများကို ခွာချထားသကဲ့သို့ ပကတိကြည်လင်နေတဲ့ သူက  ဘယ်သူများပါလိမ့်။ 

ချန်ကီသည် အတွေးများစွာဖြင့် ရပ်နေစဉ် မိုလန်ကို ကြည့်လိုက်ရာ မိုလန်ကလည်း သူ့ကို ကြည့်နေသည်ကို တွေ့လိုက်သည်။ မျက်ဝန်းများကလည်း ကြည်လင်နေကာ မှန်သားပါးပါးလေးကဲ့သို့ မျက်ဝန်းများကြောင့် ချန်ကီသည် အကြည့်လွှဲလိုက်ကာ ထွက်လာခဲ့သည်။

ဘာကြောင့်ပဲ ဖြစ်ဖြစ် သူနှင့်မှ မသက်ဆိုင်တော့ဘဲ။ မိုအိမ်တော်က လိုအပ်ချိန်မှာ တစ်ခဏအသုံးချခံရပြီး မလိုအပ်တော့တဲ့အချိန်မှာ စွန့်ပစ်ခံလိုက်ရတဲ့ သူ့ဆီမှာ ချစ်ခြင်းမေတ္တာနှင့် အမုန်းတရားကိုလည်း ပြသခွင့်မရှိပါချေ။ မိုအိမ်တော်က ပေးသော ငွေကိုလည်း ယူပြီးနောက်မှာတော့ သူက ထိုမြင့်မားသောတံတိုင်းများကို နောက်တစ်ကြိမ် မော့ကြည့်ခွင့်လည်း မရှိတော့ပေ။

ချန်ကီသည် ထိုနေရာကနေ ထွက်လာခဲ့ရာ မလှမ်းမကမ်း အုတ်ပုံဟောင်းတစ်ခုထက်တွင် ထိုင်လျက် ခရမ်းရောင်ကန်စွန်းဥကို စားနေသော အာကုမားကို တွေ့လိုက်တာကြောင့် ကလေးငယ်ဆီကို လျှောက်လာခဲ့လေသည်။

" အန်ကယ်လေးက ဘယ်လိုလုပ် ဒီနေရာကို ရောက်လာရတာလဲ၊ အန်ကယ်လေး နေမကောင်းဘူးလေ၊ အာကုမား ရွာထဲကို မခေါ်လာသင့်ဘူးလေ " ချန်ကီက အာကုမားကို မေးလိုက်သည်။ အာကုမားက ခရမ်းရောင်ကန်းစွန်းဥပြုတ်ကို ပလုတ်ပလောင်းစားနေရင်းနဲ့ ချန်ကီကို မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် မော့ကြည့်လာသည်။

ပြီးနောက် ပလုတ်ပလောင်းဖြင့် " အန်ကယ်လေးက ကန်စွန်းဥ တူးပေးတယ်။ ဖွားဖွားက ပြုတ်ပေးထားတာ " ဟု ဆိုကာ သူ့အိတ်ငယ်ထဲမှ လက်ကျန်ကန်စွန်းဥပြုတ်ကို ယူထုတ်ကာ ပေးလာသည်။

သူက ချန်ကီ၏ အမေးကို မကြားလိုက်ပုံရတာကြောင့် ချန်ကီလည်း ဆက်မမေးတော့ဘဲ အာကုမားကို ညစ်ပတ်နေသည်ကို သန့်ရှင်းရန်ခေါ်သွားလိုက်ရသည်။ချန်ကီသည် ပူဇော်ပွဲလုပ်သည့်နေရာသို့ ပြန်လာတော့ လက် ၂ဖက်တွင် မြေကြီးများ ပေကျံနေသော မိုလန်သည် တစ်ယောက်ယောက်ကို လိုက်ရှာနေပုံရလေသည်။မြေနတ်ကိုပူဇော်ရတာကြောင့် မြေကြီးကို ကိုင်ထားရသည်ကြောင့် ဖြစ်လိမ့်မည်။   ခရမ်းရောင် ရိုးရာအင်္ကျီသည် လက်ရှည်နေတာကြောင့် မြေကြီးများ မပေကျံသွားစေရန် မိုလန်က လက်ကိုမြှောက်ထားလေသည်။ မိုလန်က ချန်ကီကို မြင်တော့ မျက်လုံးများက ဝင်းလက်သွားကာ ပြေးလာသည်။

" နတ်ဆရာက ပြောလိုက်တယ်။  ရေကန်က ရေနဲ့ မြေကြီးတွေကို ဆေးချရမယ်တဲ့ "

" အဲတာဆိုလည်း ရေကန်ဆီကို သွားကြတာပေါ့ " တောင်ကုန်းကနေ အနည်းငယ်ဆင်းလိုက်တာနဲ့ ရေကန်ကို ရောက်လေသည်။ မိုလန်အင်္ကျီက ရှည်နေတာကြောင့် ချန်ကီက ကူညီကာ ခေါက်တင်ပေးလိုက်သည်။ ရေကန်ထဲက ရေကို ခပ်ကာ မိုလန်လက်ကို ယူကာ ဆေးချလိုက်သည်။ မြေကြီးများ ပေနေသော လက်သည် သန့်စင်သွားကာ ဖြူဖျော့သော အသားအရေ၏ ခရမ်းရောင်သွေးကြောများက ပေါ်လာလေသည်။

" ရှင် ဒီဝတ်စုံနဲ့ လိုက်ဖက်သားပဲ " ချန်ကီက အမှန်တိုင်း ပြောလိုက်သည်။ ရင့်ကျက်နေတဲ့ အသက် ၂၀ အရွယ်လူငယ်လေးတစ်ယောက်ကဲ့သို့ ခံစားရတာကြောင့်ပင်။

" အဖွားက ပေးထားတာ၊ ဆုံးသွားတဲ့ သူ့သားအဝတ်တွေလို့ ပြောတာပဲ "

" သေသွားတဲ့သူတဲ့ ဝိဉာဉ်တွေ အဝတ်ပေါ်မှာ ကပ်နေမှာကို မကြောက်ဘူးလား ? အဖွားရဲ့ သားက ဘယ်လိုဆုံးသွားလဲဆိုတာကို မသိဘဲ ပေးတာကို မယူသင့်ဘူးလေ ၊ ရှင်လိုချင်ရင် ကျွန်မ ချုပ်ပေးမှာပေါ့ "

" မကြားဖူးဘူးလား  ? စာရေးဆရာတွေမှာ ဘဝ ၂ခုရှိတယ်တဲ့။ တစ်ခုက သာယာပျော်မွေ့တဲ့ အလှနဲ့ဘဝကို သိမ်းထားဖို့ ဖြစ်ပြီး နောက်တစ်ခုက နာကျင်မှုနဲ့ ကံဆိုးမှုကို သိမ်းထားတာတဲ့၊ တကယ်လို့ ဒီဝတ်စုံကြောင့် မကောင်းတာဖြစ်လာရင် ဒုတိယဘဝကို ပေးလိုက်ရုံပဲပေါ့ ၊ အဲဘဝက သေဆုံးပြီးသားဆိုတော့ မကောင်းတာဖြစ်လည်း ဘာမှ ထပ်နာကျင်စရာမရှိဘူးလေ "

" ဒါပေမဲ့ ကျွန်မကတော့ ဘဝတစ်ခုတည်းပဲ ရှိတာလေ၊ ဘာပဲ ဖြစ်ဖြစ်လေ ရိုးရာနတ်တွေဆိုတာ ကြောက်ဖို့ကောင်းတယ်။ နောက်တစ်ခါ ဒီလို မလုပ်နဲ့၊ ကိုးကွယ်ယုံကြည်မှုတွေမှာ အနှောင်အဖွဲ့တွေ ဖြစ်လာရင် ရှင့်ဆီမှာ မကောင်းတာတွေ ကပ်ငြိမှာကို ကျွန်မ မလိုလားဘူး။ ပြီးတော့ ရှင်က နေမကောင်းနေဘူးလေ "

မိုလန်သည် ချန်ကီ၏ လက်များကို ဆုပ်ကိုင်လိုက်သည်။ ထို့ကြောင့် ချန်ကီသည် မိုလန်ကို ကြည့်လိုက်မိသည်။ မိုလန်သည် သူ၏ လက်များကို လက် ၂ဖက်ဖြင့်ဆုပ်ကိုင်လာပြီး " အဆင်ပြေပါတယ်။ ဘာမှမဖြစ်ဘူး၊ ဒါက ပူဇော်ပွဲသေးသေးလေးပါ "

" ဒါပေမဲ့လည်း မမြင်ရတဲ့အရာတွေကို အလေးအနက်မထားတာမျိုး မလုပ်သင့်ဘူးလေ "

" နတ်ဆရာကတောင် ရတယ်လို့ ပြောခဲ့တာပဲလေ၊ မဟုတ်ရင် မင်း ဝင်လုပ်လို့ ရတာလည်း မဟုတ်ဘူးလေ ။ ပြီးသွားတာလည်း ပြီးပြီကို စိတ်ပူနေတာ ရပ်လိုက်တော့ " မိုလန်က ထရပ်လိုက်ပြီး ချန်ကီ၏ စိတ်ဖိစီးနေသော မျက်နှာထားကို မြင်လိုက်သောအခါတွင် သူမသည် လက်တွင် ကျန်နေသော ရေစက်များဖြင့် ချန်ကီ၏ မျက်နှာကို ခါလိုက်သည်။

ချန်ကီက ရှောင်လိုက်သော်လည်း မိုလန်က ရေကို ထပ်ဆွတ်ကာ ထပ်စပြန်လေသည်။
" မလုပ်နဲ့ဆို ရပ်လိုက်နော် " ချန်ကီက ရှောင်လိုက်သော်လည်း မိုလန်က ထပ်စလာပြန်သည်။ မိုလန်က ပြုံးနေပြီး စနောက်ရသည်ကို ပျော်မွေ့နေပုံရလေသည်။

" ရှင်ထပ်စရင် ကျွန်မ စိတ်ဆိုးတော့မှာနော် "ဟု ပြောလိုက်မှ မိုလန်က ရပ်လိုက်သည်။ မိုလန်က ချန်ကီ၏ အနည်းငယ် ဆူပုတ်နေတဲ့ ပါးပြင်ကို လက်ဖြင့် ညှစ်လိုက်ရာ နှုတ်ခမ်းက အရှေ့သို့ အနည်းငယ် ထွက်လာလေသည်။

" အရေးမပါတာတွေအတွက် စိတ်ဖိစီးမနေနဲ့၊ "

" ကျွန်မကိုယ် ကျွန်မမှ မထိန်းချုပ်နိုင်ဘဲ " ချန်ကီက မရည်ရွယ်ဘဲ ပြောထွက်သွားမိသည်။ မိုလန်၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွားခဲ့သည်။ ချန်ကီကိုယ်တိုင်လည်း ထိုသို့ပြောမိမည်ဟု မရည်ရွယ်ခဲ့ပေ။ သူက စကားဆက်ပြောရန် ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့သည်။

" အဲလိုဆိုရင်လည်း အဆင်ပြေပါတယ် "

ချန်ကီသည် မိုလန်၏ဆိုလိုရင်းကို နားမလည်နိုင်လိုက်သေးခင်တွင်ပင် အာကုမားက အဝေးကနေ အသံစူးစူးဖြင့် အော်ကာ ပြေးလာလေသည်။ နေလည်း ဝင်လုပြီဖြစ်တာကြောင့် ချန်ကီသည် မိုလန်တို့နှင့်အတူ ပြန်လာခဲ့သည်။

အာကုမားသည် သူ၏ လက်သေးသေးလေးများဖြင့် တစ်ဖက်တွင် မိုလန်၏ လက်ညှိုးကို ကိုင်ထားပြီး တစ်ဖက်တွင် ချန်ကီ၏ လက်ကို ဆွဲထားသည်။ ကလေးငယ်သည် စိတ်အားတက်ကြွစွာဖြင့် သူ၏နေ့စဉ်ဘဝကို မျှဝေနေပြီး မိုလန်ကတော့ နားထောင်ပေးနေရုံသည်။

ရေကန်ဘေး လူသွားလမ်းပေါ်တွင် ဝင်လုဆဲနေရောင်ကြောင့် အရိပ်များက မြေပြင်သို့ ထင်ဟင်နေသည်။ ကလေးငယ်တစ်ယောက်နှင့် သူတို့ ၂ယောက်၏ အရိပ်က မိသားစုငယ်လေးတစ်ခုနှင့် တူလေသည်။ အကယ်၍များ သူတို့ကသာ သာမန်စုံတွဲများကဲ့သို့ တွေ့ဆုံခဲ့မည်ဖြစ်ဆိုလျှင်  အနာဂတ်တွင် မိသားစုတစ်ခုကို ပိုင်ဆိုင်နိုင်မည်လော။ သို့သော်လည်း ကျေးလက်နှင့် မလိုက်ဖက်သော မိုလန်၏ ကြီးမြတ်သော ပုံရိပ်ကြောင့် ချန်ကီ၏စိတ်ကူးများက လျင်မြန်စွာ လွင့်ပျောက်သွားသည်။ချန်ကီသည် မိုလန်တို့နှင့်အတူ ပြန်လာရင်း မိုလန်ရောက်လာသည့်နေ့မှ ယနေ့အထိကို ရေတွက်ကြည့်သည်။ ရက်ပေါင်း ၁၁ ရက်တိတိကြာမြင့်ခဲ့သော်လည်း မိုအိမ်တော်က အခုထိတိုင် လာမရှာသေးသည်ကို သူ အံ့အားသင့်မိသည်။ မိုမိသားစု၏ ဩဇာမသက်ရောက်နိုင်သည့်အထိ ဟာ့ဒ်ကွန်နန်သည် ခေါင်ဖျားသော အရပ်တစ်ခုဖြစ်မနေခဲ့ချေ။

အာကုမား၏  လက်သေးသေးများကို ဆုပ်ကိုင်ကာ  အေးအေးလူလူ လမ်းလျှောက်နေသည့်မိုလန်ကို ကြည့်ရင်း တွေးမိသည်။

တကယ်ပါပဲ မိုမျိုးဆက် လူငယ်လေးမှာ ဘယ်လိုပြသနာမျိုးတွေ ရှိနေတာပါလိမ့်။

ဆက်ရန်။ ( နောက်တစ်ပိုင်းမှာ မိုလန်အကြောင်း ပါလာပါလိမ့်မယ် )









(Zawgyi)

     ႐ြာ၏ ဝတ္ျပဳေက်ာင္းႏွင့္ မလွမ္းမကမ္းေျမေနရာတြင္ ေရကန္တစ္ခုကို  ျခားထားေသာ ေျမျပန႔္ေနရာရွိသည္။ထိုေနရာသည္ ပုံမွန္ေနရာထက္ပိုျမင့္ေသာကုန္းထက္တြင္ ရွိေလသည္။ ယေန႔တြင္ ႐ြာလူႀကီးသည္ နတ္ဆရာတစ္ဦးႏွင့္အတူ ခ်န္ကီအပါအဝင္လူတခ်ိဳ႕ျဖင့္ ရပ္ကာ ထိုေနရာတြင္ရွိေနေလသည္။ ထိုေနရာတြင္ စာၾကည့္ေဆာင္ကို တည္ေဆာက္ရန္အတြက္ ျပင္ဆင္ေနၾကျခင္းပင္ျဖစ္သည္။

" အဲတာဆိုရင္ ကြၽန္မတို႔ ေအာက္ေျခကို စတူးဖို႔လိုအပ္ပါတယ္။  ေျမေနရာလြတ္မွာ ေျမႀကီးက ေတာင္ေပၚမွာဆိုေပမဲ့ ေရနဲ႔နီးလို႔ ေအာက္ေျခကို မ်ားမ်ားတူးဖို႔ လိုအပ္ပါတယ္။ ကြၽန္မေျပာတဲ့အနက္အထိ တူးၿပီးရင္ ရပါၿပီ။ မနက္ျဖန္ကို စတင္ဖို႔အတြက္ ဒီေန႔မနက္ကို ပူေဇာ္ပသပြဲ လုပ္လို႔ရပါၿပီ "

ခ်န္ကီသည္ ႐ြာလူႀကီးႏွင့္ လက္သမားေခါင္းေဆာင္တို႔ႏွင့္အတူ ရက္အေတာ္ၾကာတိုင္ပင္ကာ ေနာက္ဆုံးတြင္ စတင္တည္ေဆာက္ျဖစ္သည္။ ေတာင္ေပၚတြင္ တည္ထားေသာ စာၾကည့္ေဆာင္ေဟာင္းသည္ ေဆြးေျမ့ေနၿပီျဖစ္တာေၾကာင့္ နတ္ဆရာမ်ားႏွင့္ တိုင္ပင္ကာ ႐ြာလူႀကီးက သူမကို ေခၚကာ စာၾကည့္ေဆာင္အသစ္ကို ေဆာက္လုပ္ခ်င္သည္။  နတ္ဆရာက ေဆာက္လုပ္ရန္သင့္ေလ်ာ္ေသာေနရာလြတ္ကို တြက္ခ်က္ၿပီး ခ်န္ကီႏွင့္ လက္သမားဆရာက ေျမေနရာကို စစ္ေဆးၾကရသည္။ ေက်းလက္တြင္ ျဖစ္တာေၾကာင့္ သူတို႔ထံတြင္ အေထာက္အကူျပဳပစၥည္းမ်ားစြာ ရွိမေနေပ။ ထို႔အျပင္ ခ်န္ကီက စက္မႈတကၠသိုလ္တြင္ ေဆာက္လုပ္ေရးပညာကို ေခတ္မီပညာေရးႏွင့္ သင္ၾကားေနဆဲေက်ာင္းသူျဖစ္တာေၾကာင့္ ႐ြာလူႀကီးက သူမကို ယုံၾကည္စြာအကူအညီေတာင္းလာခဲ့သည္။

စင္စစ္အားျဖင့္ ႐ြာေလးသည္ အလြန္အမင္းကို ဖြံ႕ၿဖိဳးမႈအားနည္းေနဆဲျဖစ္သည္။ ထို႔ေၾကာင့္ ႐ိုးရာနတ္သည္ အလြန္အမင္းကို ပူေဇာ္ေလးျမတ္ေနဆဲျဖစ္တာေၾကာင့္ ခ်န္ကီသည္ ႐ြာဓေလ့အတိုင္း ႐ြာသူႀကီးႏွင့္ ႐ိုးရာနတ္ပူေဇာ္ျခင္းကို လုပ္ေနေလသည္။ နတ္ဆရာက ခ်န္ကီကိုလည္း ပါဝင္ခိုင္းခဲ့သည္။

" ေနပါဦး ခ်န္ကီက အိုမီဂါလား ? " နတ္ဆရာက ေမးလာခဲ့သည္။ အိုမင္းေနေသာ နတ္ဆရာသည္ မုတ္ဆိတ္အျဖဴေရာင္အရွည္ႀကီးရွိၿပီး သူသည္ ထိုေက်းလက္တြင္ နတ္ဆရာျဖစ္လာသည္က မယ္ေတာ္ပုလဲရွိစဥ္ကတည္းက ျဖစ္သည္။ နတ္ဆရာသည္ အနက္ေရာင္ႏွင့္ အနီေရာင္ေရာယွက္ေနေသာ ႐ိုးရာဝတ္စုံကို ဝတ္ဆင္ထားၿပီး သူ၏မ်က္ဝန္းမ်ားက အလြန္တရာနက္ရႈိင္းေလသည္။ ခ်န္ကီသည္ နတ္ဆရာအေမးေၾကာင့္ တစ္ခ်က္ပင္ တုန္သြားေလသည္။ 

ေက်းလက္ေဒသတြင္ အေဆာက္အဦတည္ေဆာက္ရာတြင္ ႐ိုးရာအရ အယ္လ္ဖာႏွင့္ ဘီတာမ်ားသာ လုပ္ရသည္။ အိုမီဂါမ်ားသည္ ႏူးညံ့ေသာ သဘာဝရွိတာေၾကာင့္ အေဆာက္အအုံတစ္ခုကို စတင္ေဆာက္ရာတြင္ သူတို႔ကို မဝင္ခိုင္းေပ။ ႀကံ့ခိုင္မႈကို ေႏွာင့္ေႏွးေစသည္ဟူေသာ အယူေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ အိုမီဂါမ်ားသည္ အေဆာက္အဦကို အလွဆင္ေသာအခါမွသာ ထိုအေဆာက္အဦေပၚကို စတက္ရေလသည္။

" မဟုတ္တာ။ ခ်န္ကီက ဘီတာေလ၊ အဲတာေၾကာင့္သူက စက္မႈတကၠသိုလ္ကို ဝင္ခြင့္ရတာေပါ့။ ဘာျဖစ္လို႔လဲ နတ္ဆရာ တစ္ခုခုျဖစ္လို႔လား" ႐ြာလူႀကီးက  ဝင္ေျဖလိုက္သည္။

" ေသခ်ာလို႔လား ၊ ပူေဇာ္တာ မစတင္ခင္ ေသခ်ာေအာင္ ေမးတာပါ ၊ မဟုတ္ရင္ ေရရွည္အတြက္ ျပသနာျဖစ္လာမွာကို မလိုလားဘူး "

ခ်န္ကီသည္  နတ္ဘုရားေရွ႕သို႔ ဝင္ကာ မထိုင္ခင္သည္အထိ သူသည္ ေတြေဝေနေလသည္။ သူမသည္ ငယ္စဥ္ကတည္းက ဘီတာတစ္ေယာက္ကဲ့သို႔ ႀကီးျပင္းလာေသာ္လည္း လြန္ခဲ့ေသာႏွစ္မွစ၍ သူမသည္ အိုမီဂါဟု ေပၚလာခဲ့ၿပီး ဖယ္႐ိုမုန္းမ်ားလည္း ေပၚထြက္လာသည္။ ထို႔အျပင္ အိုမီဂါမ်ား၏ လကၡဏာမ်ား ေပၚလာခဲ့ေသာ္လည္း မိုလန္ႏွင့္ ကြာရွင္းၿပီးေနာက္ သူမထံမွ ဖယ္႐ိုမုန္းမ်ားေပ်ာက္သြားခဲ့သည္။ထာဝစဥ္အမွတ္အသားသည္ မွိန္ေဖ်ာ့လာခဲ့ၿပီး အိုမီဂါလကၡဏာမ်ား ေပ်ာက္ကာ အယ္လ္ဖာမ်ားကို ခုခံႏိုင္လာျပန္သည္။ သူမသည္ မိုလန္ႏွင့္ရွိစဥ္ကမူ သူမသည္ အယ္လ္ဖာမ်ား၏ ျဖစ္တည္မႈကို သိသိသာသာခံစားခဲ့ရသည္။ ထို႔ေၾကာင့္ အခုလတ္တေလာတြင္ သူမသည္ မည္သည့္အမ်ိဳးအစားျဖစ္သည္ကို ကြဲကြဲျပားျပား မသိပါေခ်။

ခ်န္ကီသည္ တြန႔္ဆုတ္တြန႔္ဆုတ္ျဖစ္ေနကာ သူမ၏ျဖစ္တည္မႈကို ထုတ္ေျပာရန္ မဝံ့ရဲဘဲ ျဖစ္ေနေလသည္။ သူမသည္ အိုမီဂါျဖစ္ေၾကာင္း ထုတ္ေျပာလိုက္ပါက စက္မႈတကၠသိုလ္ကို လိမ္လည္တက္ေရာက္သည့္အတြက္ တရားစြဲဆိုခံရႏိုင္သည့္အျပင္ ေဂဟာကို ဆက္လက္ထိန္းသိမ္းခြင့္ကိုလည္းရေတာ့မည္မဟုတ္ပါေခ်။ ထို႔အျပင္ သူမကို ႐ြာထဲက သူမ်ားက တျခားေသာအိုမီဂါမ်ားကဲ့သို႔ပင္ အလားတူဆက္ဆံလာႏိုင္သည္။ 

တြန႔္ဆုတ္ေနေသာ  သူမ၏အျပဳအမူေၾကာင့္ ႐ြာသူႀကီးက သံသယဝင္လာေလသည္။  မဂၤလာအခ်ိန္ကိုေက်ာ္လြန္မည္ကို  ေတြးမိကာ နတ္ဆရာ၏အျပဳအမူကလည္း စိတ္မရွည္ေတာ့ေပ။ အိုမီဂါတစ္ေယာက္က ပူေဇာ္ပသျခင္းကို ဝင္လုပ္မည္ဆိုလွ်င္ ႐ိုးရာအရ မေကာင္းမည္ကို သိေသာ္လည္း သိသိသာသာတားျမစ္ထားျခင္း  မရွိတာေၾကာင့္ ခ်န္ကီက နတ္ပူေဇာ္ရာခန္းမကို ဝင္မည္လုပ္ရာ သူမ၏ ပခုံးကို တစ္စုံတစ္ေယာက္က လွမ္းကိုင္ကာ တားျမစ္လိုက္သည္။

" ကြၽန္မလုပ္ရင္ေရာ ရလား ? " မိုလန္၏အသံက ခ်န္ကီ၏ေနာက္ေက်ာဖက္မွ ထြက္ေပၚလာသည္။
ခ်န္ကီ ေမာ့ၾကည့္လိုက္ရာ မိုလန္က ထို႐ြာ၏႐ိုးရာဝတ္စုံကို ဝတ္ဆင္ထားၿပီး ဆံပင္ရွည္မ်ားကလည္း ခ်ထားသည္ျဖစ္ရာ အမူအရာကင္းမဲ့ေသာ သူမ၏ မ်က္ႏွာကို ျမင္လိုက္ရသည္။ နာလန္ထကာစ မ်က္ႏွာက ျဖဴေလ်ာ့ေနေလသည္။  သူမက ခ်န္ကီကို ၾကည့္မလာဘဲ ေရွ႕က နတ္ဆရာကို ဆက္ေျပာလိုက္သည္။

" သာမန္ဘီတာနဲ႔စာရင္ အထက္ဆင့္အယ္လ္ဖာတစ္ေယာက္နဲ႔ လုပ္တာက ပိုေကာင္းတဲ့ေ႐ြးခ်ယ္မႈမဟုတ္ဘူးလား "

" သူက ဘယ္သူလဲ " နတ္ဆရာက ေမးလာသည္။

" ကြၽန္မဧည့္သည္ပါ။ ႐ြာကို ခဏတျဖဳတ္လာေနတဲ့သူပါ။ သူက ေနမေကာင္းေသးလို႔ ကြၽန္မ ျပန္ေခၚသြားပါ့မယ္ ၊ ပူေဇာ္ပြဲလုပ္တာ သူ႔ကို ဝင္ပါခိုင္းလို႔ အဆင္မေျပပါဘူး" ခ်န္ကီက ဝင္ေျဖလိုက္သည္။ ခ်န္ကီက မိုလန္ကို ျပန္ေခၚသြားခ်င္ခဲ့သည္။ မိုလန္၏ ေနာက္ေၾကာင္းကို  သိသြားလွ်င္ မလိုလားအပ္ေသာ ျပသနာမ်ားကို ေရွာင္ရွားလိုျခင္းျဖစ္သည္။ ထပ္ေပါင္းေျပာရလွ်င္ ေက်းလက္၏ ႐ိုးရာမ်ားက တင္းၾကပ္တာေၾကာင့္လည္း ပါသည္။

႐ြာလူႀကီးကလည္း သေဘာတူပုံမရေပ။  ႐ိုးရာနတ္သည္ တင္းၾကပ္ေသာ စည္းမ်ဥ္းမ်ားျဖင့္ ကာရံထားေသာ ဓေလ့တစ္ခုျဖစ္ၿပီး နတ္ပူေဇာ္ျခင္းသည္ ထိုအေဆာက္အဦေျမေပၚတြင္ ရွိေနေသးသေ႐ြ႕  တည္ရွိေနမည့္ ကိစၥရပ္ျဖစ္သည္။ ေခတ္စနစ္မ်ားေျပာင္းလာခဲ့ေသာ္လည္း ေက်းလက္ေဒသမွ လူမ်ား၏ အယူသီးမႈသည္ ေၾကာက္မက္ဖြယ္ျဖစ္ၿပီး အကယ္၍မ်ား သူသည္ ႐ြာသူႀကီးတစ္ဦးအေနျဖင့္ သူစိမ္းတစ္ေယာက္ကို ပူေဇာ္ပသသည့္ပြဲထဲသို႔ ပါဝင္ခြင့္ျပဳလိုက္မည္ဆိုပါက သူ႔ကို စိတ္ဆိုးႏိုင္သည္။

သို႔ေသာ္လည္း မိုလန္က ျပန္မည့္ပုံမရေပ။ သူက အေပါက္ဝတြင္ ၿမဲၿမံစြာ ရပ္ေနေလသည္။ ခရမ္းရင့္ေရာင္ ႐ိုးရာဝတ္စုံေၾကာင့္ သူမ၏အသြင္က တည္ၿငိမ္ေနသည့္အျပင္ အထက္ဆင့္အယ္လ္ဖာ၏အရွိန္အဝါက လူမ်ားအားလုံးကို လႊမ္းမိုးေနေလသည္။

" မင့္နာမည္ ဘယ္လိုေခၚလဲ " နတ္ဆရာက ေမးလာသည္။

" မိုလန္ "

" အသက္ကေရာ "

" ဒီႏွစ္အတြင္း အသက္ ၂၀ ျပည့္မွာပါ "

နတ္ဆရာက မိုလန္ကို ခဏၾကာမွ် စူးစိုက္ၾကည့္လိုက္ၿပီးေနာက္ နတ္ဘုရားဖက္သို႔ ျပန္လွည့္လိုက္သည္။
" သူက ရတယ္" နတ္ဆရာက ေျပာလာသည္။

" ဒါေပမဲ့ သူက..." ႐ြာသူႀကီးက ေျပာရန္ႀကိဳးစားလိုက္ေသာ္လည္း  နတ္ဆရာက ေျပာလာသည္။

" ပူေဇာ္ရမည့္အခ်ိန္ေက်ာ္သြားရင္ ေနာက္ထပ္ ရက္သတၱပတ္ေတြ ထပ္ေစာင့္ရလိမ့္မယ္  "

႐ြာသူႀကီးက နတ္ဆရာအလိုကို မလြန္ဆန္ေတာ့ဘဲ သူက မိုလန္ကို ခြင့္ျပဳလိုက္သည္။

မိုလန္သည္ ခန္းမထဲသို႔ မဝင္မွီတြင္ သူ တစ္ေလွ်ာက္လုံး ကိုင္ထားခဲ့ေသာ ခ်န္ကီ၏ ပခုံးကို အသာအယာဖ်စ္ညႇစ္သြားခဲ့သည္။ စိတ္သက္သာရာရေစရန္ ႏွစ္သိမ့္သည့္သေဘာမ်ိဳး ျဖစ္ေသာ္လည္း ခ်န္ကီသည္ အမွန္ပင္ စိတ္ေျပေလ်ာ့သြားခဲ့သည္။

ခ်န္ကီသည္ အျပင္ဖက္ကေန ပူေဇာ္ပြဲကို တိတ္တဆိတ္ရပ္ၾကည့္ေနခဲ့သည္။ နတ္ဘုရားပူေဇာ္ျခင္းသည္ ႐ိုးရွင္းစြာပင္ ျပင္ဆင္ထားသည္။ အနီေရာင္ စည္းမ်ားကာရံထားေသာ အလယ္တြင္ စားပြဲတစ္ခုခ်ထားၿပီး ထိုအေပၚတြင္ နတ္ဘုရား႐ုပ္ထုကို ထားရွိသည္။ လႉဖြယ္အျဖစ္ ပစၥည္းမ်ားတင္ထားၿပီး ကမၺည္းတိုင္တစ္ခုကိုလည္း တင္ထားသည္။ နတ္ဆရာသည္ သက္ဆိုင္ရာမႏၲန္မ်ား ႐ြတ္ဖတ္ပသေနစဥ္ မိုလန္သည္ နတ္ဘုရားေရွ႕တြင္ ဒူးေထာက္ကာ လက္မ်ားက ေရွ႕သို႔ ဆန႔္တန္း၍ အေမႊးတိုင္မ်ားကို ကိုင္ထားေလသည္။ ေရျပင္လို တစ္တန္းတည္း ရွိေနတဲ့ မိုလန္က သူ စေတြ႕စဥ္ကႏွင့္ မတူဘဲ တစ္ျခားတစ္ခုကဲ့သို႔ ခံစားလိုက္ရသည္။

သူႏွင့္ လက္ထပ္ထားခဲ့ေသာ မိုလန္က ေဒါသႀကီးသည္။ ငယ္႐ြယ္မႈႏွင့္ ႂကြယ္ဝမႈေၾကာင့္ ေမာက္မာသည္။ သနားၾကင္နာျခင္း မရွိခဲ့ေပ။  တစ္ဖက္သားအေပၚ ငဲ့ညႇာျခင္း အလ်င္း ရွိမေနဘဲ တစ္ကိုယ္ေကာင္းဆန္ေလသည္။

ထိုမိုအိမ္ေတာ္က သခင္မေလးႏွင့္မတူဘဲ သူ႔ေရွ႕မွာ ရွိေနသည့္ ကာရံထားတဲ့ အခြံမ်ားကို ခြာခ်ထားသကဲ့သို႔ ပကတိၾကည္လင္ေနတဲ့ သူက  ဘယ္သူမ်ားပါလိမ့္။ 

ခ်န္ကီသည္ အေတြးမ်ားစြာျဖင့္ ရပ္ေနစဥ္ မိုလန္ကို ၾကည့္လိုက္ရာ မိုလန္ကလည္း သူ႔ကို ၾကည့္ေနသည္ကို ေတြ႕လိုက္သည္။ မ်က္ဝန္းမ်ားကလည္း ၾကည္လင္ေနကာ မွန္သားပါးပါးေလးကဲ့သို႔ မ်က္ဝန္းမ်ားေၾကာင့္ ခ်န္ကီသည္ အၾကည့္လႊဲလိုက္ကာ ထြက္လာခဲ့သည္။

ဘာေၾကာင့္ပဲ ျဖစ္ျဖစ္ သူႏွင့္မွ မသက္ဆိုင္ေတာ့ဘဲ။ မိုအိမ္ေတာ္က လိုအပ္ခ်ိန္မွာ တစ္ခဏအသုံးခ်ခံရၿပီး မလိုအပ္ေတာ့တဲ့အခ်ိန္မွာ

You are reading the story above: TeenFic.Net