" တစ်ယောက်ယောက်က အပြင်သွားဖို့ ခေါ်တယ်ဆိုရင် ဘယ်လိုဝတ်ဆင်သွားရမလဲ ? " ချန်ကီသည် ဂရုချက်ထဲသို့ ပို့လိုက်သည်။
ဂရုချက်ထဲတွင် များသောအားဖြင့် ဆွန်ယာကသာ အများဆုံးပြောလေ့ရှိသည်။ ချန်ကီသည် အမြဲတစေ အချိန်ပိုင်းအလုပ်များဖြင့် ရှုပ်နေတတ်တာကြောင့် ညနက်မှသာ စာဝင်ဖတ်လေ့ရှိသည်။ ဆွန်ယာကမူ မနက်နိုးထသည်မှ ညအိပ်ယာဝင်သည်အဆုံး မြင်မြင်သမျှ အလုံးစုံကို မှတ်တမ်းတင်ကာ ဂရုချက်ထဲသို့ ပို့လေ့ရှိသည်။ အင်တာနက်မှာ တွေ့သည့် ဟာသပို့စ်များ၊ သူ ဈေးဝယ်ထွက်သည့်ဆိုင်များ၊ ဘတ်စ်ကားမှတ်တိုင်တွင် တွေ့လိုက်ရသော လူများ၏တီးတိုးစကားများကအစ အကုန်ကို ပြန်လည် မျှဝေတတ်သည်။ ထို့အရာများကို လီဂရင်းကသာ ဒိုင်ခံဖြေရလေ့ရှိသည်။
ဂရုချက်ထဲတွင် စကားပြောခဲသော ချန်ကီက ထို့သို့အကြံတောင်းလိုက်သောအခါတွင် ဆွန်ယာသည် အိမ်သို့ လိုက်မလာရုံသာ ကျန်တော့သည်။
ဘယ်သွားမှာလဲ ? ဒိတ်လား ? ကျောင်းက တစ်ယောက်နဲ့လား ? အရပ်ရှည်လား ? ချမ်းသာလား ? ဂရုစိုက်တတ်လား ? တစ်ဦးတည်းသော သားလား ? အလုပ်လုပ်နေလား? ရာသီခွင်က ဘာလဲ ? အလံစိမ်းလား ?
စသော မေးခွန်းများစွာကို ဆက်တိုက်ပို့လာလေသည်။ များပြားလှသော မေးခွန်းများကြောင့် ချန်ကီသည်ပင် ခဏလောက် မည်သို့တုန့်ပြန်ရမည်ကို မသိဖြစ်သွားလေသည်။
" ဒိတ်မဟုတ်ပါဘူး။ ဒီတိုင်း အပြင်သွားဖို့ ပြောလာလို့ပါ "
" ငါ အခုချက်ချင်းတောင် နင့်အိမ်ကို ပြေးလာချင်တယ်" ဆွန်ယာ၏တက်ကြွနေမှုကို အတိုင်းသားခံစားလိုက်ရသည်။
သို့သော်လည်း ချန်ကီက မိုလန်အိမ်မှာနေတာကြောင့် မဖြစ်နိုင်ပေ။ သူက မည်သို့ငြင်းဆိုရမည်ကို မသိသေးသော်လည်း ဆွန်ယာက ချက်ချင်းပင် ဗီဒီယိုကောလ်ခေါ်လာခဲ့သည်။ ချန်ကီ ကပျာကယာဖြစ်သွားလေသည်။ မကိုင်၍လည်း မဖြစ်တာကြောင့် သူက ကိုင်လိုက်ရသည်။
" နင် အိမ်ပြောင်းနေနေတာလား ? "
" မဟုတ်ပါဘူး။ ဒီတိုင်း နည်းနည်းပြုပြင်ထားတာ " ချန်ကီက သင့်တင်လျောက်ပတ်အောင်ဖြေလိုက်သည်။ပြီးနောက် ချန်ကီသည် သူမထံတွင် ရှိသောလှပတင့်သင့်သော ဝတ်စုံများကိုပြသသော်လည်း ထိုအရာများသည် ဘာမှမထူးခြားသော သာမန်ကျကျများသာဖြစ်ပြီး နောက်ဆုံးတွင် သူတို့သည် အဆင်ပြေနိုင်လောက်သည်ဟု ယူဆရသော အဝတ်တစ်စုံကို ရွေးချယ်ယူလိုက်သည်။ ဆွန်ယာသည် သူ့အား အပိုထပ်ဆောင်းအနည်းငယ်လောက် ပိုပြောပြီးချိန်တွင် နောက်တစ်ရက်၌ကျောင်းတက်ရန်ရှိသေးတာကြောင့် သူတို့သည် စကားပြောဆိုမှုကို ရပ်နားလိုက်သည်။
ချန်ကီသည် သူမရွေးထားသော ဝတ်စုံများကို ကြည့်ကာ နောက်တစ်ခါကျရင် အင်္ကျီကောင်းကောင်းလေးတွေဝယ်ဦးမှပဲလို့ တွေးမိသည်။ သူ့အဝတ်တွေကများသောအားဖြင့် အပေခံသည့် ရိုးရိုးပုံစံများသာ။ ချန်ကီသည် သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်လိုက်သည်။
သာမန်လူများထက် သိသိသာသာပိုဝနေတဲ့ခန္ဓာနဲ့ သာမန်နဲ့မထူးခြားတဲ့ မျက်နှာထားနဲ့ ဆွဲဆောင်မှုလည်း မရှိတဲ့သူတစ်ယောက်။ တစ်ခါတရံမှာ လမ်းမပေါ် မတော်တဆအားဖြင့် အိုမီဂါလေးများကို တွေ့လိုက်လျှင် ကျစ်လျစ်လှပသောခန္ဓာလေးများပိုင်ဆိုင်ထားကြသည်။ သင်းပျံ့နေသော ဖယ်ရိုမုန်းများလည်း ဝေ့သီနေတတ်ပြီး ပြစ်မျိုးမှဲ့မထင်လှပသော မျက်နှာသေးသေးလေးများ။ ထို့အပြင် အပြိုင်အဆိုင် လုကြသည်အထိ ပြိုင်ဆိုင်ပြီးမှ ချစ်ခွင့်ပန်ခံရသည့်အခွင့်အရေးများနှင့် တင့်တယ်စွာ လက်ထပ်ပေါင်းသင်းကြသော လက်ထပ်ပွဲများ။
ခေတ်သစ်လူ့အဖွဲ့အစည်းသည် လူတိုင်းကိုတန်းတူညီစွာ ဆက်ဆံကာ ခွဲခြားမှုများမရှိစေရဟု ထုတ်ပြန်ထားသော်လည်း ကောင်းမွန်သော လှပသောအရာများကိုသာ ကြိုက်နှစ်သက်သည်ဆိုသော သဘောကား ပျောက်ပျက်သွားခြင်းမှ မဟုတ်တာ။ မည်သည့်ခေတ်စနစ်ကိုပင် ရောက်ပါစေ လှပသောသူများက တစ်ပန်းသာသည်ဆိုသည်က လက်မခံနိုင်စရာမှ မဟုတ်ပဲ၊
ချန်ကီသည် သူမပိုင်ဆိုင်သော ပုံတုံးတုံးနဲ့ အဝတ်များကို ကြည့်ကာ လှပသော အင်္ကျီများကို တပ်မက်မိသော်လည်း သူ မသိမ်ငယ်ဝံ့ပါချေ။ အမှတ်တံဆိပ်ပင်မပါသော တီရှပ်များကိုလည်း နှစ်သက်ချင်ယောင်ဆောင်ရမည်။ အဘယ်ကြောင့်ဆိုသော် သူ့ဆီတွင် အထက်တန်းပင် မအောင်သေးသော ညီငယ်လေးရှိသည်။ တခြားသော အရွယ်မမယ်သေးသော ကလေးများကိုလည်း ပညာသင်ပေးရဦးမည်။ ထို့အပြင် အခုတိုင် ကုတင်ပေါ်မှာ မလှုပ်နိုင်သော လူနာလည်း စောင့်နေသေးသည်။ ထိုအရာများအတွက် သူ ငွေကိုနည်းနည်းလေးတောင် အလေအလွင့်မဖြစ်ရဲပါချေ။
သူသာ ငွေကို ကျစ်ကျစ်ပါအောင် မစုထားနိုင်ပါက သူ့အားမှီခိုနေသော ကလေးများအတွက် နေစရာမထားနိုင်တော့တဲ့အခါ သူ ဘယ်လိုလုပ်ရမလဲ။ သူကတော့ လမ်းဘေးမှာပဲ ထိုးအိပ်အိပ် ၊ သူတစ်ပါးစံအိမ်၏အောက်ခြေအခန်းလေးမှာပဲ နေရပါစေ ပြသနာမရှိပေမဲ့ သူ့ကလေးတွေကတော့ မဖြစ်ဘူးလေ၊
ချန်ကီသည် မှန်ကနေ အကြည့်ကို ခွာကာ စာကြည့်စားပွဲတွင် ပြန်ထိုင်လိုက်သည်။ မလှတာ ပြသနာမရှိပေမဲ့ သူ၏ပညာရေးရလာဒ်များကျဆင်းသွားပါက သူ့အားထောက်ပံ့နေသော ပညသင်စရိတ်များ ရပ်တန့်သွားနိုင်သည်။ ထိုအခါတွင် သူသည် သူ၏ကလေးများကို ဆက်လက်ထောက်ပံ့ထားနိုင်ရန် ခက်ခဲပေလိမ့်မည်။ထို့ကြောင့် စာကို အာရုံစိုက်ရမည်။
.............
" ဒါတွေက ဘာလဲ ? ဒါကရော ဘာလဲ ? " ပရော်ဖက်ဆာ လော့ရန်သည် ချန်ကီတင်ထားသော အဆိုင်းမန့်ကို မှင်နီဖြင့် အမှားများဝှိုက်ပြကာ ပြောနေလေသည်။ ဆရာ့ရုံးခန်းတစ်ခုလုံးသည် လေထုအခြေအနေက နိမ့်ကျနေလေသည်။ ဒီတစ်ခေါက်နဲ့ဆိုလျှင် ချန်ကီ၏ တင်ပြမှုကို ပရော်ဖက်ဆာက ငြင်းပယ်နေသည်က ၃ကြိမ်မြောက်ရှိလေပြီ။
" ဒါလား ထိပ်တန်းကျောင်းသားရဲ့တင်ပြချက်လား ? ဒါကိုသာ တခြားကျောင်းက သူတွေက သိသွားရင် ကျောင်းအတွက် အရှက်ရစေတာပဲ၊ မစ်ချန်ကီ ကိုယ့်ရဲ့ အဆင့်ရလာဒ်ကို လေးစားပါဦး။ မင်းရဲ့တင်ပြချက်က တအားကို ညံ့လွန်းတယ်။ ငါ ဖတ်ချင်စိတ်တောင် မရှိတော့ဘူး "
ပရော်ဖက်ဆာ၏ပြင်းထန်သော မှတ်ချက်များကြောင့် အဖွဲ့ဝင်ကျောင်းသားများလည်း ငြိမ်သက်ကာ ကုပ်နေလေသည်။
" ကျွန်မတောင်းပန်ပါတယ်။ ကျွန်မ ကောင်းအောင် ထပ်ပြင်ပေးပါ့မယ် "
" ငါ့ကို မတောင်းပန်နဲ့၊ မင်းရဲ့ အဖွဲ့သားတွေကို တောင်းပန်လိုက် ၊ မင်းကြောင့် သူတို့ရဲ့ အကဲဖြတ်ရလာဒ်တွေ ကျဆင်းလာရင် မင်း တာဝန်ယူနိုင်သလား ?? မင်းရဲ့လက်အောက်က အဖွဲ့သားတွေ တင်ပြချက်တွေအကုန် မင်းထက်ကောင်းတယ်၊ အဖွဲ့ခေါင်းဆောင်က သိက္ခာကျစေတာပဲ "
ချန်ကီသည် သူမ၏အဖွဲ့ဝင်များဖက်ကို လှည့်ကာ တောင်းပန်ပါတယ်ဟု ပြောလိုက်သည်။ ကျန်သော အဖွဲ့ဝင်များက နေရခက်စွာဖြင့် ပရော်ဖက်ဆာ၏အကဲဖြတ်ချိန်ကို ခက်ခက်ခဲခဲ ဖြတ်သန်းလိုက်ရသည်။ အမှန်သာဆို သူတို့၏တင်ပြချက်များက ချန်ကီမှ ကူညီထားခြင်းဖြစ်သည်။ အကြောင်းပြချက်က ရှင်းနေလေသည်။
ချန်ကီမှ ပရော်ဖက်ဆာကို မကျေနပ်အောင် လုပ်ထားတာ တစ်ခုခုရှိနေလေသည်။ ပြသနာက အမှန်တကယ်သာ ရှိနေရင် သူတို့လည်း ဝင်မပါချေ။ လူတိုင်းက တက္ကသိုလ်ကို လာရသည့်ရည်ရွယ်ချက်က ဘွဲ့တစ်ခုယူရန်သာဖြစ်ပြီး သူရဲကောင်းလုပ်ရန်မဟုတ်ချေ။ ချန်ကီက သူ့တို့ကို ကူညီထားသည်က မှန်သော်လည်း သူတို့သည် နောက်တစ်ခါဆိုလျှင် ချန်ကီအဖွဲ့တွင် မပါတော့ရန် ဆုံးဖြတ်လိုက်သည်။
ထိုအဖြစ်အပျက်ကို ပရော်ဖက်ဆာရုံးခန်းဘေးကနေ ဖြတ်သွားသော ဟယ်ဒရီဆန်တို့က မြင်သွားလေသည်။
" ဝိုးး ဟိုက်ပါကြီး အဆူခံနေရပါလား ရှားပါးဖြစ်စဉ်ပဲ၊ မှတ်တမ်းတင်ထားဦးမှပဲ"ဟုဆိုကာ ဖုန်းထုတ်ကာ ဗီဒီယိုရိုက်ကာ ပြန်ကြည့်ရင်းရယ်မောရင်း ဖြတ်သွားလေသည်။ ချန်ကီကတော့ လုံးဝမသိလိုက်ပါချေ။
ဟူးးးးး ချန်ကီသည် တင်ပြချက် စာရွက်များကို သယ်လာပြီး နောက်တစ်ကြိမ် ထပ်လုပ်ရန်အတွက် အားယူနေစဉ် သက်ပြင်းသာချမိသည်။ ပရော်ဖက်ဆာက သူ့ကို တမင်ပြသနာတွေရှာထားသည်ဟု ဆိုရလောက်အောင်လည်း သူနဲ့ပရော်ဖက်ဆာက အခုမှတွေ့ဖူးတာဆိုတော့ ဖြစ်နိုင်တာက သူ့တင်ပြချက်တွေက တကယ်ဆိုးနေတာဖြစ်နိုင်သည်။ ချန်ကီသည် နောက်တစ်ကြိမ်တင်ပြချက်ကို ပြန်ရေးဖို့ လုပ်ချိန်တွင် ဆွန်ယာဆီမှ မက်ဆေ့က ရောက်လာသည်။
" ဟေး ကြည့်လိုက်ဦး၊ ငါ ဒီနေ့ လီဂရင်းနဲ့ လက်သည်းအလှပြင်ဆိုင်ကို သွားတာ ဘယ့်သူ့ကို တွေ့လိုက်ရတယ်ထင်လို့လဲ ? ကျောင်းဖိုရမ်ရဲ့ နတ်ဘုရားကြီးကို တွေ့လိုက်တာလေ ၊ မိုလန်ပေါ့ ၊ သူက စီလင်းဝေလာ အလှပြင်ဆိုင်လာတာကို လိုက်လာပေးတာနဲ့တူတယ်။ အရမ်းကို ရိုမန်တစ်ဆန်တာပဲ..."
ဟူသော မက်ဆေ့နှင့်အတူ ပူးတွဲဓာတ်ပုံများကို ပေးပို့ခဲ့သည်။
ချန်ကီသည် ဖုန်းစခရင်ကို အကြောင်းမဲ့စိုက်ကြည့်နေမိသည်။ မနေ့ညက သူ့ကို အပြင်သွားဖို့ လာခေါ်ခဲ့ပေမဲ့လည်း မနက်က အလျင်စလို အပြင်ထွက်သွားတဲ့ မိုလန်ကြောင့် သူက အရေးကြီးကိစ္စရှိသည်ဟု ထင်တာကြောင့် သူက ဘာမှမပြောခဲ့ပေ။ ထိုအစား ဂရုတစိုက်သွားရန်သာ မှာခဲ့သည်။
ချန်ကီသည် ဖုန်းကို ခပ်မြန်မြန်ပိတ်လိုက်သည်။ ရင်ထဲစို့တက်လာသော မအီမသာခံစားချက်ကို သက်သာစေလိုစေငြား ချန်ကီသည် စာကိုသာ ငုံ့လုပ်နေမိသည်။ စိတ်ထဲကနေ တီးတိုးရေရွတ်နေရင်းပေါ့.
" သူက စာချုပ်အရ လက်ထပ်ထားတဲ့ခင်ပွန်းသည်သက်သက်ပါပဲ။
သူက စာချုပ်အရ လက်ထပ်ထားတဲ့ခင်ပွန်းသည်သက်သက်ပါပဲ။
သူက စာချုပ်အရ လက်ထပ်ထားတဲ့ခင်ပွန်းသည်သက်သက်ပါပဲ။ "
ဆက်ရန်။
" တစ္ေယာက္ေယာက္က အျပင္သြားဖို႔ ေခၚတယ္ဆိုရင္ ဘယ္လိုဝတ္ဆင္သြားရမလဲ ? " ခ်န္ကီသည္ ဂ႐ုခ်က္ထဲသို႔ ပို႔လိုက္သည္။
ဂ႐ုခ်က္ထဲတြင္ မ်ားေသာအားျဖင့္ ဆြန္ယာကသာ အမ်ားဆုံးေျပာေလ့ရွိသည္။ ခ်န္ကီသည္ အၿမဲတေစ အခ်ိန္ပိုင္းအလုပ္မ်ားျဖင့္ ရႈပ္ေနတတ္တာေၾကာင့္ ညနက္မွသာ စာဝင္ဖတ္ေလ့ရွိသည္။ ဆြန္ယာကမူ မနက္ႏိုးထသည္မွ ညအိပ္ယာဝင္သည္အဆုံး ျမင္ျမင္သမွ် အလုံးစုံကို မွတ္တမ္းတင္ကာ ဂ႐ုခ်က္ထဲသို႔ ပို႔ေလ့ရွိသည္။ အင္တာနက္မွာ ေတြ႕သည့္ ဟာသပို႔စ္မ်ား၊ သူ ေဈးဝယ္ထြက္သည့္ဆိုင္မ်ား၊ ဘတ္စ္ကားမွတ္တိုင္တြင္ ေတြ႕လိုက္ရေသာ လူမ်ား၏တီးတိုးစကားမ်ားကအစ အကုန္ကို ျပန္လည္ မွ်ေဝတတ္သည္။ ထို႔အရာမ်ားကို လီဂရင္းကသာ ဒိုင္ခံေျဖရေလ့ရွိသည္။
ဂ႐ုခ်က္ထဲတြင္ စကားေျပာခဲေသာ ခ်န္ကီက ထို႔သို႔အႀကံေတာင္းလိုက္ေသာအခါတြင္ ဆြန္ယာသည္ အိမ္သို႔ လိုက္မလာ႐ုံသာ က်န္ေတာ့သည္။
ဘယ္သြားမွာလဲ ? ဒိတ္လား ? ေက်ာင္းက တစ္ေယာက္နဲ႔လား ? အရပ္ရွည္လား ? ခ်မ္းသာလား ? ဂ႐ုစိုက္တတ္လား ? တစ္ဦးတည္းေသာ သားလား ? အလုပ္လုပ္ေနလား? ရာသီခြင္က ဘာလဲ ? အလံစိမ္းလား ?
စေသာ ေမးခြန္းမ်ားစြာကို ဆက္တိုက္ပို႔လာေလသည္။ မ်ားျပားလွေသာ ေမးခြန္းမ်ားေၾကာင့္ ခ်န္ကီသည္ပင္ ခဏေလာက္ မည္သို႔တုန႔္ျပန္ရမည္ကို မသိျဖစ္သြားေလသည္။
" ဒိတ္မဟုတ္ပါဘူး။ ဒီတိုင္း အျပင္သြားဖို႔ ေျပာလာလို႔ပါ "
" ငါ အခုခ်က္ခ်င္းေတာင္ နင့္အိမ္ကို ေျပးလာခ်င္တယ္" ဆြန္ယာ၏တက္ႂကြေနမႈကို အတိုင္းသားခံစားလိုက္ရသည္။
သို႔ေသာ္လည္း ခ်န္ကီက မိုလန္အိမ္မွာေနတာေၾကာင့္ မျဖစ္ႏိုင္ေပ။ သူက မည္သို႔ျငင္းဆိုရမည္ကို မသိေသးေသာ္လည္း ဆြန္ယာက ခ်က္ခ်င္းပင္ ဗီဒီယိုေကာလ္ေခၚလာခဲ့သည္။ ခ်န္ကီ ကပ်ာကယာျဖစ္သြားေလသည္။ မကိုင္၍လည္း မျဖစ္တာေၾကာင့္ သူက ကိုင္လိုက္ရသည္။
" နင္ အိမ္ေျပာင္းေနေနတာလား ? "
" မဟုတ္ပါဘူး။ ဒီတိုင္း နည္းနည္းျပဳျပင္ထားတာ " ခ်န္ကီက သင့္တင္ေလ်ာက္ပတ္ေအာင္ေျဖလိုက္သည္။ၿပီးေနာက္ ခ်န္ကီသည္ သူမထံတြင္ ရွိေသာလွပတင့္သင့္ေသာ ဝတ္စုံမ်ားကိုျပသေသာ္လည္း ထိုအရာမ်ားသည္ ဘာမွမထူးျခားေသာ သာမန္က်က်မ်ားသာျဖစ္ၿပီး ေနာက္ဆုံးတြင္ သူတို႔သည္ အဆင္ေျပႏိုင္ေလာက္သည္ဟု ယူဆရေသာ အဝတ္တစ္စုံကို ေ႐ြးခ်ယ္ယူလိုက္သည္။ ဆြန္ယာသည္ သူ႔အား အပိုထပ္ေဆာင္းအနည္းငယ္ေလာက္ ပိုေျပာၿပီးခ်ိန္တြင္ ေနာက္တစ္ရက္၌ေက်ာင္းတက္ရန္ရွိေသးတာေၾကာင့္ သူတို႔သည္ စကားေျပာဆိုမႈကို ရပ္နားလိုက္သည္။
ခ်န္ကီသည္ သူမေ႐ြးထားေသာ ဝတ္စုံမ်ားကို ၾကည့္ကာ ေနာက္တစ္ခါက်ရင္ အက်ႌေကာင္းေကာင္းေလးေတြဝယ္ဦးမွပဲလို႔ ေတြးမိသည္။ သူ႔အဝတ္ေတြကမ်ားေသာအားျဖင့္ အေပခံသည့္ ႐ိုး႐ိုးပုံစံမ်ားသာ။ ခ်န္ကီသည္ သူ႔ကိုယ္သူ မွန္ထဲတြင္ ၾကည့္လိုက္သည္။
သာမန္လူမ်ားထက္ သိသိသာသာပိုဝေနတဲ့ခႏၶာနဲ႔ သာမန္နဲ႔မထူးျခားတဲ့ မ်က္ႏွာထားနဲ႔ ဆြဲေဆာင္မႈလည္း မရွိတဲ့သူတစ္ေယာက္။ တစ္ခါတရံမွာ လမ္းမေပၚ မေတာ္တဆအားျဖင့္ အိုမီဂါေလးမ်ားကို ေတြ႕လိုက္လွ်င္ က်စ္လ်စ္လွပေသာခႏၶာေလးမ်ားပိုင္ဆိုင္ထားၾကသည္။ သင္းပ်ံ႕ေနေသာ ဖယ္႐ိုမုန္းမ်ားလည္း ေဝ့သီေနတတ္ၿပီး ျပစ္မ်ိဳးမွဲ႔မထင္လွပေသာ မ်က္ႏွာေသးေသးေလးမ်ား။ ထို႔အျပင္ အၿပိဳင္အဆိုင္ လုၾကသည္အထိ ၿပိဳင္ဆိုင္ၿပီးမွ ခ်စ္ခြင့္ပန္ခံရသည့္အခြင့္အေရးမ်ားႏွင့္ တင့္တယ္စြာ လက္ထပ္ေပါင္းသင္းၾကေသာ လက္ထပ္ပြဲမ်ား။
ေခတ္သစ္လူ႔အဖြဲ႕အစည္းသည္ လူတိုင္းကိုတန္းတူညီစြာ ဆက္ဆံကာ ခြဲျခားမႈမ်ားမရွိေစရဟု ထုတ္ျပန္ထားေသာ္လည္း ေကာင္းမြန္ေသာ လွပေသာအရာမ်ားကိုသာ ႀကိဳက္ႏွစ္သက္သည္ဆိုေသာ သေဘာကား ေပ်ာက္ပ်က္သြားျခင္းမွ မဟုတ္တာ။ မည္သည့္ေခတ္စနစ္ကိုပင္ ေရာက္ပါေစ လွပေသာသူမ်ားက တစ္ပန္းသာသည္ဆိုသည္က လက္မခံႏိုင္စရာမွ မဟုတ္ပဲ၊
ခ်န္ကီသည္ သူမပိုင္ဆိုင္ေသာ ပုံတုံးတုံးနဲ႔ အဝတ္မ်ားကို ၾကည့္ကာ လွပေသာ အက်ႌမ်ားကို တပ္မက္မိေသာ္လည္း သူ မသိမ္ငယ္ဝံ့ပါေခ်။ အမွတ္တံဆိပ္ပင္မပါေသာ တီရွပ္မ်ားကိုလည္း ႏွစ္သက္ခ်င္ေယာင္ေဆာင္ရမည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူ႔ဆီတြင္ အထက္တန္းပင္ မေအာင္ေသးေသာ ညီငယ္ေလးရွိသည္။ တျခားေသာ အ႐ြယ္မမယ္ေသးေသာ ကေလးမ်ားကိုလည္း ပညာသင္ေပးရဦးမည္။ ထို႔အျပင္ အခုတိုင္ ကုတင္ေပၚမွာ မလႈပ္ႏိုင္ေသာ လူနာလည္း ေစာင့္ေနေသးသည္။ ထိုအရာမ်ားအတြက္ သူ ေငြကိုနည္းနည္းေလးေတာင္ အေလအလြင့္မျဖစ္ရဲပါေခ်။
သူသာ ေငြကို က်စ္က်စ္ပါေအာင္ မစုထားႏိုင္ပါက သူ႔အားမွီခိုေနေသာ ကေလးမ်ားအတြက္ ေနစရာမထားႏိုင္ေတာ့တဲ့အခါ သူ ဘယ္လိုလုပ္ရမလဲ။ သူကေတာ့ လမ္းေဘးမွာပဲ ထိုးအိပ္အိပ္ ၊ သူတစ္ပါးစံအိမ္၏ေအာက္ေျခအခန္းေလးမွာပဲ ေနရပါေစ ျပသနာမရွိေပမဲ့ သူ႔ကေလးေတြကေတာ့ မျဖစ္ဘူးေလ၊
ခ်န္ကီသည္ မွန္ကေန အၾကည့္ကို ခြာကာ စာၾကည့္စားပြဲတြင္ ျပန္ထိုင္လိုက္သည္။ မလွတာ ျပသနာမရွိေပမဲ့ သူ၏ပညာေရးရလာဒ္မ်ားက်ဆင္းသြားပါက သူ႔အားေထာက္ပံ့ေနေသာ ပညသင္စရိတ္မ်ား ရပ္တန႔္သြားႏိုင္သည္။ ထိုအခါတြင္ သူသည္ သူ၏ကေလးမ်ားကို ဆက္လက္ေထာက္ပံ့ထားႏိုင္ရန္ ခက္ခဲေပလိမ့္မည္။ထို႔ေၾကာင့္ စာကို အာ႐ုံစိုက္ရမည္။
.............
" ဒါေတြက ဘာလဲ ? ဒါကေရာ ဘာလဲ ? " ပေရာ္ဖက္ဆာ ေလာ့ရန္သည္ ခ်န္ကီတင္ထားေသာ အဆိုင္းမန႔္ကို မွင္နီျဖင့္ အမွားမ်ားဝႈိက္ျပကာ ေျပာေနေလသည္။ ဆရာ့႐ုံးခန္းတစ္ခုလုံးသည္ ေလထုအေျခအေနက နိမ့္က်ေနေလသည္။ ဒီတစ္ေခါက္နဲ႔ဆိုလွ်င္ ခ်န္ကီ၏ တင္ျပမႈကို ပေရာ္ဖက္ဆာက ျငင္းပယ္ေနသည္က ၃ႀကိမ္ေျမာက္ရွိေလၿပီ။
" ဒါလား ထိပ္တန္းေက်ာင္းသားရဲ႕တင္ျပခ်က္လား ? ဒါကိုသာ တျခားေက်ာင္းက သူေတြက သိသြားရင္ ေက်ာင္းအတြက္ အရွက္ရေစတာပဲ၊ မစ္ခ်န္ကီ ကိုယ့္ရဲ႕ အဆင့္ရလာဒ္ကို ေလးစားပါဦး။ မင္းရဲ႕တင္ျပခ်က္က တအားကို ညံ့လြန္းတယ္။ ငါ ဖတ္ခ်င္စိတ္ေတာင္ မရွိေတာ့ဘူး "
ပေရာ္ဖက္ဆာ၏ျပင္းထန္ေသာ မွတ္ခ်က္မ်ားေၾကာင့္ အဖြဲ႕ဝင္ေက်ာင္းသားမ်ားလည္း ၿငိမ္သက္ကာ ကုပ္ေနေလသည္။
" ကြၽန္မေတာင္းပန္ပါတယ္။ ကြၽန္မ ေကာင္းေအာင္ ထပ္ျပင္ေပးပါ့မယ္ "
" ငါ့ကို မေတာင္းပန္နဲ႔၊ မင္းရဲ႕ အဖြဲ႕သားေတြကို ေတာင္းပန္လိုက္ ၊ မင္းေၾကာင့္ သူတို႔ရဲ႕ အကဲျဖတ္ရလာဒ္ေတြ က်ဆင္းလာရင္ မင္း တာဝန္ယူႏိုင္သလား ?? မင္းရဲ႕လက္ေအာက္က အဖြဲ႕သားေတြ တင္ျပခ်က္ေတြအကုန္ မင္းထက္ေကာင္းတယ္၊ အဖြဲ႕ေခါင္းေဆာင္က သိကၡာက်ေစတာပဲ "
ခ်န္ကီသည္ သူမ၏အဖြဲ႕ဝင္မ်ားဖက္ကို လွည့္ကာ ေတာင္းပန္ပါတယ္ဟု ေျပာလိုက္သည္။ က်န္ေသာ အဖြဲ႕ဝင္မ်ားက ေနရခက္စြာျဖင့္ ပေရာ္ဖက္ဆာ၏အကဲျဖတ္ခ်ိန္ကို ခက္ခက္ခဲခဲ ျဖတ္သန္းလိုက္ရသည္။ အမွန္သာဆို သူတို႔၏တင္ျပခ်က္မ်ားက ခ်န္ကီမွ ကူညီထားျခင္းျဖစ္သည္။ အေၾကာင္းျပခ်က္က ရွင္းေနေလသည္။
ခ်န္ကီမွ ပေရာ္ဖက္ဆာကို မေက်နပ္ေအာင္ လုပ္ထားတာ တစ္ခုခုရွိေနေလသည္။ ျပသနာက အမွန္တကယ္သာ ရွိေနရင္ သူတို႔လည္း ဝင္မပါေခ်။ လူတိုင္းက တကၠသိုလ္ကို လာရသည့္ရည္႐ြယ္ခ်က္က ဘြဲ႕တစ္ခုယူရန္သာျဖစ္ၿပီး သူရဲေကာင္းလုပ္ရန္မဟုတ္ေခ်။ ခ်န္ကီက သူ႔တို႔ကို ကူညီထားသည္က မွန္ေသာ္လည္း သူတို႔သည္ ေနာက္တစ္ခါဆိုလွ်င္ ခ်န္ကီအဖြဲ႕တြင္ မပါေတာ့ရန္ ဆုံးျဖတ္လိုက္သည္။
ထိုအျဖစ္အပ်က္ကို ပေရာ္ဖက္ဆာ႐ုံးခန္းေဘးကေန ျဖတ္သြားေသာ ဟယ္ဒရီဆန္တို႔က ျမင္သြားေလသည္။
" ဝိုးး ဟိုက္ပါႀကီး အဆူခံေနရပါလား ရွားပါးျဖစ္စဥ္ပဲ၊ မွတ္တမ္းတင္ထားဦးမွပဲ"ဟုဆိုကာ ဖုန္းထုတ္ကာ ဗီဒီယို႐ိုက္ကာ ျပန္ၾကည့္ရင္းရယ္ေမာရင္း ျဖတ္သြားေလသည္။ ခ်န္ကီကေတာ့ လုံးဝမသိလိုက္ပါေခ်။
ဟူးးးးး ခ်န္ကီသည္ တင္ျပခ်က္ စာ႐ြက္မ်ားကို သယ္လာၿပီး ေနာက္တစ္ႀကိမ္ ထပ္လုပ္ရန္အတြက္ အားယူေနစဥ္ သက္ျပင္းသာခ်မိသည္။ ပေရာ္ဖက္ဆာက သူ႔ကို တမင္ျပသနာေတြရွာထားသည္ဟု ဆိုရေလာက္ေအာင္လည္း သူနဲ႔ပေရာ္ဖက္ဆာက အခုမွေတြ႕ဖူးတာဆိုေတာ့ ျဖစ္ႏိုင္တာက သူ႔တင္ျပခ်က္ေတြက တကယ္ဆိုးေနတာျဖစ္ႏိုင္သည္။ ခ်န္ကီသည္ ေနာက္တစ္ႀကိမ္တင္ျပခ်က္ကို ျပန္ေရးဖို႔ လုပ္ခ်ိန္တြင္ ဆြန္ယာဆီမွ မက္ေဆ့က ေရာက္လာသည္။
" ေဟး ၾကည့္လိုက္ဦး၊ ငါ ဒီေန႔ လီဂရင္းနဲ႔ လက္သည္းအလွျပင္ဆိုင္ကို သြားတာ ဘယ့္သူ႔ကို ေတြ႕လိုက္ရတယ္ထင္လို႔လဲ ? ေက်ာင္းဖိုရမ္ရဲ႕ နတ္ဘုရားႀကီးကို ေတြ႕လိုက္တာေလ ၊ မိုလန္ေပါ့ ၊ သူက စီလင္းေဝလာ အလွျပင္ဆိုင္လာတာကို လိုက္လာေပးတာနဲ႔တူတယ္။ အရမ္းကို ႐ိုမန္တစ္ဆန္တာပဲ..."
ဟူေသာ မက္ေဆ့ႏွင့္အတူ ပူးတြဲဓာတ္ပုံမ်ားကို ေပးပို႔ခဲ့သည္။
ခ်န္ကီသည္ ဖုန္းစခရင္ကို အေၾကာင္းမဲ့စိုက္ၾကည့္ေနမိသည္။ မေန႔ညက သူ႔ကို အျပင္သြားဖို႔ လာေခၚခဲ့ေပမဲ့လည္း မနက္က အလ်င္စလို အျပင္ထြက္သြားတဲ့ မိုလန္ေၾကာင့္ သူက အေရးႀကီးကိစၥရွိသည္ဟု ထင္တာေၾကာင့္ သူက ဘာမွမေျပာခဲ့ေပ။ ထိုအစား ဂ႐ုတစိုက္သြားရန္သာ မွာခဲ့သည္။
ခ်န္ကီသည္ ဖုန္းကို ခပ္ျမန္ျမန္ပိတ္လိုက္သည္။ ရင္ထဲစို႔တက္လာေသာ မအီမသာခံစားခ်က္ကို သက္သာေစလိုေစျငား ခ်န္ကီသည္ စာကိုသာ ငုံ႔လုပ္ေနမိသည္။ စိတ္ထဲကေန တီးတိုးေရ႐ြတ္ေနရင္းေပါ့.
" သူက စာခ်ဳပ္အရ လက္ထပ္ထားတဲ့ခင္ပြန္းသည္သက္သက္ပါပဲ။
သူက စာခ်ဳပ္အရ လက္ထပ္ထားတဲ့ခင္ပြန္းသည္သက္သက္ပါပဲ။
သူက စာခ်ဳပ္အရ လက္ထပ္ထားတဲ့ခင္ပြန္းသည္သက္သက္ပါပဲ။ "
ဆက္ရန္။
You are reading the story above: TeenFic.Net