Part (2) : Unicode

Background color
Font
Font size
Line height


   ချန်ကီသည် မိုလန်နှင့် တခြားသောသူများကို နားမလည်နိုင်စွာ ကြည့်နေမိသည်။ သူမသည် ယခင်က ဘီတာတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ခဲ့ခြင်းကြောင့်လား မသိပေမဲ့ အဘယ်ကြောင့် လောက၏စည်းမျဉ်းများကို အိုမီဂါများက မဖြစ်မနေလိုက်နာရန်လိုအပ်ပါသနည်း။ အယ်လ်ဖာများ၏ စည်းကမ်းဖောက်ခြင်းကို လျစ်လျူပြုကာ အပြစ်များကို သူမတို့အပေါ်သာ လွှဲချရခြင်းကို နားမလည်နိုင်စွာဖြစ်နေစဉ် ချန်ကီ့အမေဖြစ်သူက ချန်ကီအနားလာကာ သူ့ကို လူမမြင်အောင် ဆိတ်ဆွဲလျက် တိုးတိုးပြောလေသည်။

"နင် လူကြီးတွေကို မျက်နှာ ပျက်အောင် လုပ်ချင်နေတာလားဟမ် ! အိုမီဂါဖြစ်ပြီးတော့ ကလန်ကဆန်လုပ်ချင်သေးတာလား ? နင့်ဆီမှာ အရှက်တရားဆိုတာ ရှိသေးရဲ့လားဟမ် ! "

"ဘာလို့ သမီးက လိုက်နာရမှာလဲဆိုနေမှ ! "

" နင် မိသားစုကို မျက်နှာပျက်အောင် လုပ်ရမှ ကျေနပ်မှာလားဟမ် ! မြန်မြန်ဖြေပေးလိုက်စမ်း၊ နင်နော် အဟင်း ဟင်း " ချန်ကီ့အမေဖြစ်သူက ချန်ကီ၏ ဝဖိုင့်ဖိုင့်လက်မောင်းကို နာကျင်အောင် ညှစ်ပြီးနောက် သူမက သူမနေရာတွင် ပြန်ထိုင်လိုက်သည်။

မိုလန်ကတော့ လက်ထပ်ပွဲကို လေးစားမှုမရှိစွာပင် လေချွတ်လိုက်ပြီး ချန်ကီကို စနောက်လိုက်သည်။
" ဖားပြုတ်လေး ဒီတစ်ခါတော့ ကောင်းကောင်းဖြေနော် "

လက်ထပ်မင်္ဂလာပွဲက စိတ်ပျက်စရာကောင်းစွာ၊ အနှောင့်အယှက်ဖြစ်ရစွာနှင့် ပြီးဆုံးသွားလေသည်။ လက်ထပ်ပွဲပြီးဆုံးသည်နှင့် မိုလန်မိသားစုက ချန်ကီ့အမေ့ကို သုညတွေအများကြီးစီတန်းနေ‌သော ချက်လက်မှတ်တစ်ခုပေးကာ ပြန်ပို့လိုက်သည်။ ထိုအခါက သူ့မိသားစုနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းပင် ဖြစ်သည်။

ကိစ္စအဝဝပြီးသွားချိန်၌ နေ့လယ်အချိန်ပင် ရှိနေလေပြီ ဖြစ်သည်။ မိုလန်က ချန်ကီကို အတူခေါ်သွားရန် မလိုလားပေမဲ့ မိုလန့်အမေနှင့်အဖွား‌ကြောင့် မိုလန်က သူမကို ထိုအပန်းဖြေစခန်းကို ရောက်စ၌ မူလထားရှိသော အိမ်ကိုအတူ‌ပြန်လာခဲ့သည်။ မိုလန်၏အမေဖြစ်သူ ဟယ်လ်စီယွန် (Halcyon ) က ရှေ့ခန်းတွင် ထိုင်ကာ မိုလန်၏ အဖွားဖြစ်သူ အန်နီမွန်(Anemone) က ချန်ကီနှင့်အတူ ကားနောက်ဖက်တွင်ထိုင်နေကြလေသည်။ ကားအတွင်း မည်သူကမှ စကားမပြောကြတာကြောင့် လေထုအခြေအနေက အတော်ကိုပင် ကသိကအောက်ဖြစ်ဖွယ်ကောင်းလှသည်။ ချန်ကီက သူမ၏ ဝတုတ်သော ခန္ဓာကိုယ်ကြောင့် ကားနောက်ပိုင်းတွင် ထိုင်ရသည်က သက်တောင့်သပ်သာမဖြစ်ပေ။ ထို့အပြင် အသက်ကြီးကြီးအဖွားလည်း ရှိနေသေးတာကြောင့် သူမက တစ်ဖက်လူနဲ့မထိမိစေရန် ကိုယ်ကို အတတ်နိုက်ဆုံးကျုံ့ကာ ထိုင်နေလေသည်။

သူမ အခုရောက်နေသည်က မိုလန်မိသားစုပိုင် အပန်းဖြေအိမ်ရာဆိုသည်ကလွဲရင် သူမ ဘာမှ မသိပေ။ သူမ ကျောင်းတက်နေသည့်ကိစ္စကလည်း မည်သို့ဖြစ်နေမည်မသိ။ သူမ သူငယ်ချင်းများကလည်း စိတ်ပူနေကြမည်က မလွဲ ။ သူမ၏အလုပ်ရှင်ကလည်း သူမကို စိတ်ဆိုးနေလောက်ပြီ။ ချန်ကီတစ်ယောက် စိတ်ထဲ စိုးရိမ်ပူပန်မှုတွေ များပြားနေစဉ် သူတို့မူလတည်းခိုခဲ့သော ဗီလာကို ရောက်လာခဲ့သည်။ ကားရပ်သောအခါတွင်လည်း ချန်ကီက ကားပေါ်ကနေ အလျင်အမြန်ဆင်းလိုက်သည်။ သူမအနေဖြင့် ထိုမိသားစုနှင့် ပတ်သက်လိုစိတ်မရှိသည်က ထင်ရှားသည်။ သူမအနေဖြင့် ထိုမိသားစုသည် အကြမ်းဖက်ရာဇဝတ်ကောင်ကို အားပေးသော မိသားစုတစ်ခုထက်ပိုမနေချေ။

"အထဲကို မဝင်ဘဲ ဘာလုပ်နေတာလဲ !! " တံခါးနားမှာ ရပ်နေတဲ့ချန်ကီကို မြင်တဲ့အခါ မိုလန်က စိတ်မရှည်စွာ အော်ငေါက်ပစ်လိုက်သည်။ ထိုအခါတွင် ချန်ကီက တစ်ကိုယ်လုံးတုန်သွားအောင် လန့်သွားပေမဲ့ သူမက အိမ်ထဲကို ခပ်မြန်မြန်ဝင်ကာ အိမ်ထဲ ဘာလုပ်ရမည်မသိဘဲ ကြောင်တောင်တောင်ရပ်နေမိသည်။

မိုလန်ကမူ ထိုဖက်တီးမကို တစ်စက်ကလေးတောင် ကြည့်မရဘဲ သူမက ခုံမှာ ဝင်ထိုင်လိုက်သည်။ အဖွားဖြစ်သူ အန်နီမွန်ကမူ ချန်ကီကို ဧည့်ခန်းထဲလာဖို့ ခေါ်လိုက်သည်။ ချန်ကီက လွတ်နေသော ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်ရန် ပြင်လိုက်စဉ် မိုလန်က စိတ်မရှည်စွာဖြင့်
"မင်းမှာ ထိုင်ခွင့်မရှိဘူး‌ဆိုတာ မသိဘူးလား ! မင်းတို့အိမ်က အိုမီဂါတစ်ကောင်ကို ဘယ်လိုပျိုးထောင်ခဲ့တာလဲ ! " ဟု အော်ငေါက်ပြောဆိုလိုက်သည်။

ချန်ကီသည် သူမအား အသားလွတ်ငေါက်ငမ်းနေသော ထိုအယ်လ်ဖာကို ကြည့်ကာ စိတ်ထဲတွင် မကျေနပ်သော်လည်း မူလကတည်းက အားနည်းသောအိုမီဂါဖြစ်သည်က တစ်ကြောင်း ၊ မိမိနှင့်မရင်းနှီးသော ပတ်ဝန်းကျင်၌ရှိနေကြသည်က တစ်ကြောင်း သူမသည် ‌ထိုနေရာတွင်သာ ငြိမ်ငြိမ်လေးရပ်နေရသည်။

သိပ်မကြာခင်၌ မိုလန်၏ အမေဖြစ်သူ ဟယ်လ်စီယွန်ရောက်ရှိလာ၍ သူမ၏လက်ထဲတွင်လည်း များစွာသော စာရွက်များယူလာသည်။ သူမသည် အလွန်တရာလှပသော အိုမီဂါအမျိုးသမီးဖြစ်ကာ တော်ဝင်အမျိုးအနွယ်တစ်ခုမှ ဖြစ်တာကြောင့် သူမ၏ ဂုဏ်ကျက်သရေနှင့် ဩဇာအာဏာသည် အယ်လ်ဖာများကဲ့သို့ပင် ကျော်ကြားစွာ ဖြစ်တည်လေသည်။ ထိုအမျိုးသမီးသည်အဖွားအန်နီမွန်အား ထိုစာရွက်စာတမ်းများကို ပြသသောအခါတွင် အဖွားအန်နီမွန်က ကျေနပ်စွာ ခေါင်းညိမ့်ပြလေသည်။
ပြီးနောက်
"မိုလန် မင်း လာမယ့်နှစ်မှာ ကလေးတစ်ယောက်ရအောင် ယူရမယ် " ဟု ဟယ်လ်စီယွန်က ပြောလေသည်။

"ကလေးယူရမယ် ? ကျွန်မကလေ ? ဒီအိုမီဂါနဲ့ ကလေးလေ ? " မိုလန်က ဒေါသကြီးစွာ ပြန်ပြောလေသည်။

"ဟုတ်တယ်။ သူမကို ဆေးစစ်ကြည့်ပြီးပြီ၊ သူမက Submissive Omega ဖြစ်တာကြောင့် သူမမွေးလာမယ့်ကလေးတွေအကုန်လုံးက အယ်လ်ဖာတွေပဲ ဖြစ်နိုင်တယ်။ ပြီးတော့ သူမဆီမှာက ကောင်းမွန်တဲ့ သန္ဓေတည်နိုင်စွမ်းရှိတာကြောင့် သူမက ‌ကလေးတွေကို မွေးဖွားပေးဖို့ သင့်တော်တယ် ။ အဲတာကြောင့် ဖြစ်နိုင်ရင် သူမနဲ့ကလေးအမြန်ဆုံး ယူရမယ် "

ဟယ်လ်စီယွန်၏စကားအဆုံး၌ မိုလန်က ထိုင်ရာမှထကာ ဟက်ဟက်ပက်ပက်ရယ်မောရင်း ချန်ကီ့အနားကို လျှောက်လာသည်။ ပြီးနောက် ချန်ကီကို ခြေအစခေါင်းအဆုံးကြည့်ကာ ချန်ကီ၏ ဖောင်းကားတုတ်နေသော လက်မောင်းကြီးတွေကို ကိုင်ပြရင်း သူ့အမေကို ပြန်ပြောလေသည်။

" အမေက သူမနဲ့ငါ့ကို ကလေးယူခိုင်းစေချင်တာလား ? သူမကို ကြည့်စမ်းပါဦး ။ အမေစိတ်မပူဘူးလား ? သူမ မွေးလာမယ့် ကလေးတွေက အယ်လ်ဖာတွေအစား ဝက်တွေ၊ဖားပြုတ်တွေ ဖြစ်နေမှာကိုလေ ! "

ဟယ်လ်စီယွန်က သူ့သမီးဖြစ်သူကို ကြည့်ကာ စိတ်လျှော့လိုက်ပြိး အသံနိမ့်နိမ့်ဖြင့် " မတတ်နိုင်ဘူးလေ ၊ ဘယ်သူက မင်းကို အဲလိုအိုမီဂါကို အမှတ်အသားပြုခိုင်းခဲ့လို့လဲ ! မင်းဘာသာ အဲလိုလူကို အမှတ်အသားပြုခဲ့ပြီးတော့များ ! ဟိုမျိုးမစစ်ကောင် မိုရှန်းသာ ဒီအကြောင်းကိုသာ သိသွားကြည့်ပါလား ! မင်းရဲ့ ဒီဇနီးထက် ပိုအရှက်ရစရာက ရှိဦးမတဲ့လား! အဲဒီအစား မိုမိသားစုအိမ်တော်ကို အယ်လ်ဖာတွေ အပြည့်ဖြည့်ထားတာက ပိုမကောင်းဘူးလား ! "

မိုရှန်းဆိုသည်က မစ္စတာမို၏ ပထမဇနီးက သားဖြစ်ကာ မစ္စတာမိုက ဆိုးသွမ်းသော မိုလန်ထက် လိမ္မာရေးခြားရှိသော မိုရှန်းကို ပိုနှစ်သက်သည်။ ကံကောင်းသည်က မိုရှန်းက အမျိုးသားဘီတာဖြစ်နေတာကြောင့် မိုလန်က မည်မျှပင် ဆိုးသွမ်းနေပါစေ မစ္စတာမိုသည် မိုလန်ကို ချစ်ခင်နှစ်သက်သည်။ မိုရှန်းသည် လွန်ခဲ့သော နှစ်က အင်အားကြီးမိသားစုမှ အယ်လ်ဖာကို လက်ထပ်ခဲ့တာကြောင့် ဟယ်လ်စီယွန်က စိုးရိမ်လာသည်။ ဘီတာနှင့် အယ်လ်ဖာတို့အကြား ကလေးမွေးဖွားနိုင်မှုက နည်းပါးသော်လည်း မရနိုင်သည်မျိုးမဟုတ်ချေ။ ထို့အပြင် မိုရှန်း၏ အယ်လ်ဖာကလည်း မိုလန်လိုမျိုး Dominant Alpha ဖြစ်နေသေးသည်။

ဒီလိုအရှုပ်အထွေးတွေကြားထဲ ဆိုးသွမ်းသော သမီးဖြစ်သူက မည်သည်က မသိသော အိုမီဂါကို အမှတ်အသားလုပ်လာခဲ့သေးသည်။ သည်အကြောင်းကို ဟယ်လ်စီယွန်သိစကဆို မူးမေ့လဲမတတ်ပင် ဖြစ်သွားရလေသည်။ သူကိုယ်တိုင် သမီးဖြစ်သူကို ဤမျှ ဆိုးသွမ်းအောင် ထားခဲ့ရပါ့မလားဆိုပြီး နောင်တတွေ ရခဲ့သည်။ သို့ပေမဲ့ ကံကောင်းသည်က ထိုကောင်မလေးသည် Submissive Omegaဖြစ်‌နေခဲ့သည်။Submissive Omega များသည် အယ်လ်ဖာများကိုသာ မွေးနိုင်ချေရှိသော အိုမီဂါများဖြစ်တာကြောင့် အကယ်၍များ မိုလန်၌ အယ်လ်ဖာမျိုးဆက်များရှိပါက နောင်အနာဂတ်တွင် မိုရှန်းကို စိတ်ပူရတော့မည် မဟုတ်ချေ။

မိုလန်က သူ၏ အခုလေးတင်လက်ထပ်ထားပြီးသော ဇနီးကို ကြည့်ကာ ဘဝ၌ ပထမဆုံးအကြိမ် စိတ်ပျက်ခြင်းနှင့် အရှက်ရခြင်းတို့ကို ခံစားရခဲ့သည်။ သူမအနေဖြင့် ချန်ကီကို အနိုင်ကျင့်ချင်တဲ့စိတ်ကြောင့် ထိုကဲ့သို့ပြုလုပ်ခဲ့သည်ဖြစ်ပေမဲ့ အဘယ်ကြောင့် သူမကိုယ်တိုင် အမှတ်အသားပင် လုပ်မိသည်ကို မသိတော့ချေ။ ထိုညက ချန်ကီက ထိုနေရာမှ ရှိနေသည်ကပင် မှားနေခဲ့ခြင်းဖြစ်သည်။ ချန်ကီသာ ရှိမနေဘူးဆိုရင် ၊ သူမကို ကျောင်းမှာလည်း အရှက်ရအောင် မလုပ်ခဲ့ဘူးဆိုရင် အခုလိုဖြစ်လာမည် မဟုတ်ချေ။ အားလုံးက ချန်ကီ့အမှားသာ ဖြစ်သည်။

" မင်း ဘာလို့ ဘီတာတစ်ယောက် ဒါမှ မဟုတ် ဝက်တစ်ကောင် ဖြစ်မနေတာလဲဆိုတာ ငါ တကယ်အံ့ဩမိတယ် သိလား ! "မိုလန်က ချန်ကီကို စက်ဆုပ်စွာ ပြောလေသည်။

" ကျွန်မလည်း ရှင်တို့လို မေတ္တာတရားမရှိတဲ့လူတွေကို မြင်နေရတာ ရင်ထဲက နာလွန်းလို့ အံ့ဩမိတယ် သိရဲ့လား " ချန်ကီက သူမအား ရက်ရက်စက်စက် ပြောနေသော မိုလန်ကို စိတ်နာစွာ ပြန်ပြောလိုက်သည်။

မိုလန်က ချန်ကီ့ကို ဖြောင်းခနဲ မြည်အောင် ချလိုက်တာကြောင့် ချန်ကီက ကြမ်းပြင်ပေါ် ပုံပုံလေး လဲကျသွားသည်။
" မင်းကများ ! ဒီယဉ်ကျေးမှု မရှိတဲ့ အိုမီဂါအစုတ်ကတော့လေ ! မင်း အိမ်က မင်းကို ဘယ်လိုသင်ထားတာလဲ ! အယ်လ်ဖာတွေကို လေးစားရမယ်ဆိုတာ မသိလေသလား ! "

မိုလန်က တကယ့်ကို ဒေါသကြီးတတ်ပြီး စိတ်ရော ကိုယ်ပါကြမ်းတမ်းတတ်ကြောင့် သူမက စိတ်တိုလာတိုင်း အနားက လူတွေကို ရိုက်နှက်တတ်သည်။ ဟယ်လ်စီယွန်က ချန်ကီ့ကို ရိုက်နှက်နေတဲ့ မိုလန်ကို တားလိုက်သည်။

"စီလင်းက သိပ်မကြာခင်မှာပဲ မြို့တော်မှာ တော်ဝင်မင်းသမီးမွေးနေ့ကြောင့် လာမယ်ပြောတယ်။ မင်း အဲကိစ္စကို ခေါင်းထဲ ထည့်ထားဦး ! ပြသနာ ရှာနေတာကို ရပ်ထားလိုက်တော့ ! အခုအချိန်မှာ အကောင်းဆုံးက အယ်လ်ဖာတွေကို မွေးဖို့ တွေးထားလိုက် ။ နောက်တစ်ခါ ပြသနာတွေဖန်တီးဦးမယ်ဆိုရင် မိုရှန်းဆိုတဲ့ဘီတာနောက်မှာ ရပ်ချင်ရဲ့လားဆို တွေးထားပါဦး "

ဟယ်လ်စီယွန်က သူမ၏သမီးဖြစ်သူက ယခင်က နူးနူးညံ့ညံ့ဆက်ဆံခဲ့သမျှ အခုတော့ သူမက တင်းကြပ်ရတော့မည်ဖြစ်သည်။ ပြီးနောက် ဟယ်လ်စီယွန်က သူမက အန်နီမွန်ကို ပြန်ပို့ရန် ပြန်သောအခါတွင် အိမ်တွင် မိုလန်နှင့် ချန်ကီသာ ကျန်ခဲ့လေသည်။ မိုလန်က သူ့အမေပြန်သောအခါတွင် စီလင်း ဝေလာ ( Celine Willah ) ကို ဆက်သွယ်ရန် ဖုန်းဖွင့်လိုက်သည်။

စီလင်း ဝေလာသည် မိုလန် အရွယ်ရောက်စအရွယ်ကပင် နှစ်သက်ခဲ့ရသော အိုမီဂါအလှပဂေးလေးတစ်ဦးဖြစ်သည်။ အယ်လ်ဖာများသည် အသက် ၁၂ မှ စကာ ၁၆ အတွင်း အရွယ်ရောက်စပြုကာ ထိုအရွယ်၌ ကြင်ဖက်ရှာရန် သင့်တော်နေပြီဖြစ်သည်။ မိုလန်သည် ၁၈ နှစ်အရွယ် Dominant Alpha တစ်ယောက်ဖြစ်တာကြောင့် သူမ၏ ရုပ်ရည်က ဆယ်ကျော်သက်စအရွယ်ကပင် ချောမော့တင့်တယ်ခန့်ညားလေသည်။ အယ်လ်ဖာအမျိုးသမီးများသည် အယ်လ်ဖာအမျိုးသားများနှင့် များစွာကွာခြားခြင်း မရှိချေ။ သူတို့သည် အယ်လ်ဖာအမျိုးသားများကဲ့သို့ပင် မြင့်မားသောအရပ်၊၊ အက်ရှဩသော အသံနှင့် သန်မာသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများရှိကြသည်။ မိုလန်သည်လည်း ဆယ်ကျော်သက်အရွယ်ကပင် အရွယ်ရောက်အိုမီဂါများထက်ပိုမြင့်သော မိန်းကလေးတစ်ဦးဖြစ်လေသည်။

ဂန္ထဝင်တေးများကို သီဆိုသော စီလင်း ဝေလာသည် ထိုအချိန်က မိုလန်နှင့်အတူ အနုပညာကျောင်းတက်နေသည့် ကျောင်းနေဖက်ဖြစ်သည်။ကျောင်း၏မြက်ကလေး စီလင်း ဝေလာသည် မိုမိသားစု၏ အယ်လ်ဖာ မိုလန်ကို ထိုစဉ်ကတည်းကပင် အရေးပေးဆက်ဆံပေမဲ့ သူမသည် မိုလန်၏ချစ်ရေးဆိုမှုကို လက်လည်း မခံခဲ့သလို ငြင်းလည်းမငြင်းခဲ့ပေ။ မိုလန်သည် မိုမိသားစု၏ပိုင်ဆိုင်မှုကို လက်လွှဲရပြီးချိန်တွင် စီလင်း ဝေလာကို လက်ထပ်ရန် ကတိထားခဲ့သည်။

မိုလန်သည် စီလင်းကို ဆက်သွယ်ဖို့ကြိုးစားနေစဉ် သူမက ချန်ကီ့ကို ပြောလေသည်။
" ငါ့အတွက် ညစာပြင်ထား "
မိုလန်က ရိုက်ထားတာကြောင့် တိတ်တဆိတ်မျက်ရည်ကျနေသော ချန်ကီက မျက်ရည်များသုတ်ကာ မိုလန်ကို မဝံ့မရဲဖြင့် ပြန်မေးရလေသည်။

" ညစာကို ဘယ်လိုပြင်ရမှာလဲဟင် ? "

အိုမီဂါများက ငယ်စဉ်ကတည်းက အိမ်ထောင်မှုများကို သင်ထားတတ်နှင့်ပြီး ဖြစ်ပေမဲ့ သူမက ဘီတာလိုကြီးပြင်းလာတာကြောင့် သူမက မည်သို့မည်ပုံလုပ်ရမည်ကို မသိချေ။ သူက အရိုးအသားဆုံးဖြင့် မေးလိုက်ပေမဲ့လည်း မိုလန့်ဆီက ဆူပူကြိမ်းမောင်းမှုနှင့်ရိုက်နှက်ခံရမည်ကို စိုးရိမ်နေသေးသည်။

"ကျစ် မင်း သောက်သုံးကျတာ ဘာရှိသေးလဲ ! ငါ့မျက်စိရှေ့ကနေ ထွက်သွားစမ်း ! " မိုလန်က သူ၏ကောင်းမွန်နေသော စိတ်အခြေအနေကို ထိုရုပ်ဆိုးဆိုးဇနီးကြောင့် မပျက်စေချင်တာကြောင့် ချန်ကီ့ကို ထွက်သွားခိုင်းသည်။

ချန်ကီ့သည် မည်မျှပင် ဘီတာကဲ့သို့နေခဲ့ရပါစေ သူမက အိုမီဂါဖြစ်နေသေးတာကြောင့် အယ်လ်ဖာတစ်ဦးဖြစ်သော မိုလန်၏ အော်ငေါက်မှုက သူမကို ကြောက်ရွံ့စေသည်။ ချန်ကီသည် မီးဖိုချောင်ထဲသို့ ဝင်ကာ သူမက မည်သို့မည်ပုံလုပ်ရမည်ကို တွေးမရဖြစ်နေစဉ် အိမ်တော်ထိန်းက ရောက်လာကာ သူမအား ဒီနေ့ညအတွက် ညစာပြင်ဆင်ထားပြီးဖြစ်တာကြောင့် သခင်မလေး မိုလန်ကို အဖော်ပြုစားပေးရုံသာ ရှိသည်ဟု ပြောတာကြောင့် ချန်ကီက စိတ်သက်သာရာ ရလေသည်။ ချန်ကီက ထပ်မံ၍ သူ မြို့တော်ဆီ မည်သို့ ပြန်ရမည်ကို အိမ်တော်ထိန်းကို မေးသောအခါတွင် အိမ်တော်ထိန်းက သခင်မလေးမိုလန်ကိုသာ တိုက်ရိုက်မေးရန် ပြောသောအခါတွင် ချန်ကီတစ်ဦးတည်းသာ ညစာစားပွဲတွင် အထီးကျန်စွာ စောင့်နေရလေသည်။

တစ်ခဏအကြာ၌ မိုလန်သည် စီလင်းနှင့် တယ်လီဖုန်းပြောပြီးဖြစ်တာကြောင့် သူမက တိတ်ဆိတ်စွာ စားသောက်ခြင်းကို ပြုလုပ်လေသည်။ မိုလန် စားသောက်ပြီးသောအခါတွင် ချန်ကီက သူရောက်စက ကနဦးအခန်းသို့ ပြန်အိပ်ရန် ပြင်လိုက်သည်။ ထိုအခါတွင် မိုလန်က သူမကို စိတ်မရှည်စွာဖြင့်

" အဲတာ ဘယ်သွားမယ် ကြံနေတာလဲ ! မင်းရဲ့ အိမ်ထောင်ဖက်ကို ဘယ်လိုပြုစုရမယ်ဆို မသိတတ်တာလား ! လာခဲ့စမ်း ! " မိုလန်က သူမ၏ အင်္ကျီကြယ်သီးကို ဖြုတ်နေရင်း ပြောလေသည်။

ချန်ကီက ကြောက်ရွံ့မှုကြောင့် တုန်ရီနေပေမဲ့ သူမက ငြင်းဆန်ဖို့လည်း မရဲတာကြောင့် တိတ်ဆိတ်စွာပင် ကုတင်ပေါ်၌ လှဲလျောင်းပေးလိုက်သည်။

" မင်း ဘာသောက်သံမှ မထွက်နဲ့ ! " ဟုဆိုကာ မိုလန်က အခန်းမီးကို ပိတ်လိုက်ပြီးနောက် သူမအား နူးညံ့ညင်သာခြင်း အလျဉ်းမရှိဘဲ မျိုးဆက်ပွားဖို့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့သည်။

အမှောင်ယံထဲဝယ် ချန်ကီသည် တိတ်တဆိတ် မျက်ရည်ကျခဲ့ပြီး သူမက ဘုရားသခင်ကို ဆုတောင်းခဲ့သည်။

သူမအား ကယ်တင်ပေးရန် ။

To be continued.....

# ဒီနေရာမှာ how to မင်္ဂလာဦးကို သိတဲ့သူက သိပါလိမ့်မယ်။ မသိတဲ့သူအတွက် Female Alpha has အတံ 😗 ။

Female omegaverse ကိုလေ တခြားသူတွေ ရေးထားတာရှိရင် တစ်ချက်လောက် ညွှန်းပေးကြပါ။ တချို့အသုံးအနှုန်းတွေကျ ဘယ်လိုရေးရမယ်မသိလို့ ဖတ်ကြချင်လို့ပါ (⁠っ⁠˘̩⁠╭⁠╮⁠˘̩⁠)။


















You are reading the story above: TeenFic.Net