Chapter4 ရင်းနှီးဖို့

Background color
Font
Font size
Line height

"ငါတို့အရင်က တစ်ယောက်နဲ့တစ်ယောက် သိကြလား''

နှစ်ယောက်ကြားမှာ တိတ်ဆိတ်နေတယ်။ ငါကမတ်တပ်ရပ်နေဆဲဖစ်ပြီး စိတ်ရှုပ်လာတယ်။ ငါတို့ငယ်ငယ်ကတွေ့ဖူးတယ်လို့ ပြောသင့်လား မပြောသင့်ဘူးလား။ khun Samက အမေ့ကို မှတ်မိနိုင်ပေမဲ့ Grade4ပဲရှိသေးတဲ့ ငါ့ကိုတော့မှတ်မိမှာမဟုတ်ဘူး။

ဘယ်လိုလုပ်ရမလဲ။
Tiger ဒီတစ်ကြိမ်တော့ကူညီပါ။ ငါသူမကိုပြောသင့်လား မပြောသင့်ဘူးလား။

"ထားလိုက်ပါတော့ အဲ့တာကအရေးမကြီးပါဘူး''

ငါသူမ မှတ်မိနိုင်မဲ့Tigerအကြောင်းကို ပြောဖို့စဥ်းစားနေတဲ့အချိန်မှာပဲ Khun Samကပြောလာခဲ့တယ်။သူမအသံကကျယ်လာပြီး ငါကတိတ်ဆိတ်နေဆဲဖြစ်တယ်။

ဘာလဲ ဘာကအရေးမကြီးတာလဲ။
အဲ့တာဆိုဘာလို့ ငါ့ဖိုင်ကိုစစ်ပြီး ငါ့ကိုခေါ်သေးတာလဲ။

"မင်းငါ့ဆီရောက်လာတာကို မကြိုက်ဘူး''

"ရှင်?''

"မင်းငါ့အပေါ် ဘာလို့ကောင်းလဲငါမသိဘူး အဲ့တာကငါ့ကို အဆင်မပြေသလို ခံစားရတယ်''

သူမကလက်ကိုပိုက်လိုက်ပြီး ငါ့ကိုသေချာကြည့်လာတယ်။

"ဆေးဝယ်ပေးတာ အိမ်လိုက်ပို့တာတွေက ငါနဲ့ရင်းနှီးတယ်လို့မဆိုလိုဘူးနော် အဲ့တာနားလည်ထား''

"ဟုတ်''

"ငါခေါင်းကိုက်တတ်တဲ့အကြောင်းကို ဘယ်သူ့မှမပြောနဲ့ ဒါပဲ သွားလို့ရပြီ''

မကောင်းတာတစ်ခုခုလုပ်မိသလို ငါတော်တော်လေးမပျော်မရွှင်ဖြစ်နေပြီ။ အခန်းထဲကထွက်ခံနီးမှာပဲ..

"ခနနေအုံး''

"...''

"မနေ့ညက မင်းအိမ်ပြန်ရောက်ရင် ငါ့ကိုဖုန်းဆက်လို့ပြောတယ်လေ ဘာလို့မဆက်တာလဲ''

"mon မခေါ်ရဲဘူး''

ငါအမှန်တိုင်းပြောလိုက်တယ် ။သူမကငါ့ကို နားမလည်သလိုပုံစံနဲ့ ကြည့်လာပြီး..

"ဘာလို့လဲ''

"monက Khun Samနဲ့ရင်းနှီးဖို့ ကြိုးစားတယ်ဆိုပြီး အပြစ်ပြောခံရမှာ ကြောက်လို့''

"...''

"monသွားလို့ရပြီလား Boss? "

ငါတစ်နေ့လုံး စိတ်တိုနေတယ်။ အမြဲပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတဲ့အလုပ်က ဒီနေ့တော့ ကွဲပြားနေပြီး ဝမ်းနည်းမှုနဲ့ အသက်မဝင်မှုတွေ ဖြစ်နေတယ်။ ဒီနေ့တော့ ရေခဲအခန်းကို စိက်ပျက်လက်ပျက်နဲ့ပဲ ကြည့်ဖြစ်တယ်။ အိမ်ပြန်ချိန်ရောက်တော့ ငါမြန်မြန်ပဲရုံးဆင်းလိုက်ပြီး အခန်းထဲမှာတစ်ယောက်ယောက် ဖျားနေသေးလား မဖျားတော့ဘူးလား ဆိုတာကို စိတ်မဝင်စားတော့ဘူး။

ပြီးတော့ နောက်ထပ် အံသြစရာတစ်ခုကရောက်လာတယ်။

"ဟေး!''

"Nop''

Nopကငါ့ကို ရုံးရှေ့မှာစောင့်နေတယ်။ သူက လက်လွဲပြပြီး ငါသူ့ကိုအံ့သြစွာ ကြည့်လိုက်တယ်။

"ဘာဖြစ်နေတာလဲ နင့်ကြည့်ရတာ ဝမ်းနည်းနေသလိုပဲ''

"ဒီတိုင်းပဲပျင်းလို့''

"အလုပ်ကြောင့်လား''

"ဟုတ်မယ်.. နင်ဘာလို့ ဒီရောက်နေတာလဲ အလုပ်စောစောဆင်းလို့လား''

ငါ့အရှေ့က ပြုံးနေတဲ့သူ့ကိုကြည့်ပြီး မေးလိုက်တယ်။

"ဒီနားမှာ ဖောက်သည်နဲ့တွေ့စရာရှိလို့ ငါ့bossကခွင့်ပြုထားတယ် နင့်ရုံးနဲ့နီးမယ်ထင်တာနဲ့ လာတွေ့လိုက်တာ ဒီရုံးက ကြီးပြီးလှတာပဲ''

"အထဲမှာဌားထားတဲ့ ရုံးခန်းတွေအများကြီးရှိတယ်။ ငါ့တို့ရုံးက တစ်ခုလုံးမဟုတ်ဘူး''

"ဒါပေမဲ့ အဲ့တာက တန်ဖိုးကြီးနေတုန်းပဲ''

"ငါbusကားငှားပြီး အိမ်ပြန်တော့မယ်''

"ဒီနေ့နင့်ကို လိုက်ပို့ပေးမဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်...အဲ့တာငါလေ''

ဒီနေ့ တစ်နေ့လုံးမကောင်းတဲ့နေ့ မဟုတ်ဘူးပဲ။ အနည်းဆုံးတော့ သီချင်းနားထောင်ရင်း အထီးကျန်ပြီးအိမ်မပြန်ရတော့ဘူး။ Nopကအိမ်လိုက်ပို့ရင်း စကားပြောပေးပြီး ငါ့အထီးကျန်မှုတွေကို သက်သာစေတယ်။ busကားထဲမှာဆို တိတ်တိတ်ဆိတ်ဆိတ်နေဖို့အရမ်းခက်ပြီး ဟွန်းသံတွေကလဲ နေရာတိုင်းပဲ။

"မနေ့က နင်ပဲအရမ်းပျော်နေပြီးတော့ ဒီနေ့ကျ ဘယ်လိုဖြစ်တာလဲ။ chinese cakeစားမလား ငါနင့်အတွက် ဝယ်လာခဲ့တယ်''

Nopကငါ့အတွက်အမြဲ စဥ်းစားပေးတယ်။ သူက အရမ်းအရသာရှိတဲ့ chinese cakeကို ဖွင့်ပြီးပေးလာတယ်။

"ဒါက အရမ်းကောင်းတယ်''

"အရသာရှိတဲ့အစာစားရင် နင်ပြန်အဆင်ပြေမယ်ဆိုတာသိလို့ ငါဝယ်လာခဲ့တာ''

"ငါစိတ်မကြည်မှန်း နင်ဘယ်လိုသိတာလဲ''

"ဒီလိုပဲ ခန့်မှန်းလိုက်တာပေါ့''

Nopကကျောင်းတုန်းကလိုပဲ ငါ့ကိုအမြဲဂရုစိုက်တယ်။ ငါဘာတွေကြိုက်တယ် မကြိုက်ဘူး ဘယ်လိုလုပ်ရင်ငါအဆင်ပြေတယ်ဆိုတာကအစ သူအကုန်သိတယ်။

"Khun Samဒီနေ့ ငါ့ကို အပြစ်နည်းနည်းပြောတယ်''

"ဘာအကြောင်းကိုလဲ''

"အာ...''

ငါသူ့ကိုပြောပြသင့်လား။ အဲ့တာကကိစ္စသေးသေးလေးဆိုပေမဲ့ Nopကသူမကို သဘောမကျပဲနေလိမ့်မယ်

"ငါ ငါအလုပ်မှာအမှားလုပ်မိလို့ပါ''

"အဲ့တာကဖြစ်သင့်ပါတယ် နင်အမှားလုပ်ရင်ပြောရမှာ သူ​တာဝန်ပဲလေ''

"အင်း''

ငါသူပြောတာကို လက်ခံသလိုခေါင်းငြိမ့်ပြီး ကားတံခါးကနေ အပြင်ကိုကြည့်လိုက်တယ်။ မှောင်နေတဲ့ကောင်းကင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့လမ်းပေါ်က ကားရဲ့မီးက clubထဲကdisco မီးလိုပဲ။

"ဒီအဝါရောင်ကားက တော်တော်မိုက်တာပဲ ''Ford Mustang'' ငါ့အိမ်မက်ကား Bubble beeလေး''

"ဟင်?''

ငါစိတ်ဝင်စားစွာပဲ ဘေးကကားကိုလှန်းကြည့်လိုက်ပြီး

"အဲ့ကားက မျက်လုံးတွေကို ဖမ်းစားနိုင်တာပဲ''

"အရမ်းမိုက်ပြီး အရမ်းစျေးကြီးတယ် တကယ်လို့ ငါ့မှာပိုက်ဆံတွေအများကြီးရှိရင် နင်ခရီးသွားဖို့ ငါမောင်းပေးမယ်''

"Haha နင်ကတကယ်ကို ကြင်နာတာပဲ''

ငါအဲ့ကားကို စိတ်ဝင်စားစွာ ဆက်ကြည့်နေတယ်။ ခနကြာတော့ ထိုအဝါရောင်ကား မှန်က ​ေနှးကွေးစွာကျလာပြီး ကားပိုင်ရှင်ကငါ့ကိုကြည့်လာတယ်။

ဒါပေါ့။ ငါသူမကိုသိတယ်။

"ဘယ်ဘက် စတီယာက အရေးကြီးတယ်''

Nopကဘာမှမသိပဲ ငါ့ဘေးနားကနေ ထိုကားကိုကြည့်ပြီးဆက်ပြောနေတယ်။ ငါသူ့မျက်လုံးတွေကိုကာလိုက်တယ် ဘာလို့လဲဆိုတော့ငါတို့ကဆူညံတဲ့လူတွေဆိုပြီး သူမအပြစ်ပြောမှာဆိုးလို့။ ကားလမ်းခြားနေတာတောင် မှပေါ့။

"အဲ့ကားကိုသွားမကြည့်နဲ့ သူမ ကြိုက်မှာမဟုတ်ဘူး''

"သူဂုဏ်တောင်ယူနေအုံးမယ်။ တကယ်လို့ငါသာ အဲ့ကားကိုပိုင်ရင် အကုန်လုံးကိုလိုက်ပြနေမှာ။.. ကားပိုင်ရှင်ကမိန်းကလေးပဲ ငါဒီကနေသူ့ ရဲ့လှပမှုကို မြင်နေရတယ်''

ဒါပေါ့ သူမကလှတယ် လှရုံတင်မဟုတ်ဘူး လှတာထက်ပိုတယ်။
Ouch! လမ်းပေါ်မှာကားတွေဒီလောက်များတာကို ဘာလို့ငါတို့ကဒီကားကိုပဲကြည့်နေတာလဲ နောက်ပြီး အဝါရောင်ကားပိုင်ရှင်ကလဲ ဘာလို့သူမဖြစ်နေတာလဲ။


You are reading the story above: TeenFic.Net