EP // 16

Background color
Font
Font size
Line height

Q. မကြာခင်သွားရတော့မယ့် EX ROOM ကိုလျှောက်ထားခဲ့ပါသလား?
    

Wonwoo : ကျွန်တော်လျှောက်ခဲ့ပါတယ်
   

Dokyeom : မလျှောက်ဖြစ်ခဲ့ပါဘူး
     

Seungkwan : မလျှောက်ခဲ့ပါဘူး

-

EX ROOM ရဲ့ နောက်ထပ်ပါဝင်ရောက်ရှိသူ - Wonwoo

  


"EX ROOM မှကြိုဆိုပါတယ်

သည်ဒီနေရာမှာ သင်နဲ့EXရဲ့ ပြီးဆုံးခဲ့တဲ့ အမှတ်တရများကို ပြန်လည်ကြည့်နိုင်ပါတယ်
ပထမဆုံးအခန်းမှာတော့ အတိတ်ကအမှတ်တရ
ဒုတိယအခန်းမှာတော့ လက်ရှိစိတ်သဘောထားခံစားချက်ကို ဝင်ကြည့်နိုင်ပါတယ်
အခုပဲ တံခါးဖွင့်ပြီး ဝင်သွားနိုင်ပါတယ်"

     
 

   
 

ပါဝင်သူတွေအားလုံးထဲမှာမှအတုံ့ဆိုင်းဆုံးဟုပြောရမည်။Wonwoo ထိုစာကိုဖတ်ပြီး မိနစ်ပိုင်းလောက် ထိုနေရာမှာတင် ရပ်နေလေ၏။ဘာကြောင့်မှန်းတော့မသိသော်လည်း ခဏလောက်ရပ်နေပြီးမှ သက်ပြင်းရှည်ရှည်တစ်ချက်ချကာ ပထမခန်းသို့ဦးတည်လေသည်။
   
    

ပထမအခန်းထဲသို့ရောက်သော်။ Wonwoo တစ်ယောက်မြင်တွေ့နေရတာတွေကိုသိပ်မယုံကြည်နိုင်။မျက်မှန်မည်းအောက်က မျက်လုံးများဟာ ပေကလပ်ပေကလပ်ဖြင့် စာတိုရွက်လေးတစ်ရွက်ချင်းစီကိုငြင်ငြင်သာသာကိုင်ရင်းသေချာဖတ်လေသည်။

 

               
                      
            
             
                          

"အားနာပေမယ့်လေ အဲ့တာကျွန်တော်တို့ဘက်ကမှာထားတာထင်ပါတယ်နော်deliveryလေးက မှားချပေးသွားတာလား ဘာလားသိပေမယ့် ကျွန်တော်တို့မှာထားတဲ့ဟာလို့ထင်တယ် သေချာလေး ကိုယ့်ဟာဟုတ်မဟုတ် အတည်ပြုကြည့်ပေးနိုင်လားဗျာ့"





           
       
    
                 
 

                       

"Hyung နာမည်က Jeon Wonwoo ပါတွေ့တာဝမ်းသာပါတယ် ပထမဆုံးတွေ့တာက နည်းနည်းတော့ယောက်ဂယက်လေးတွေရှိပေမယ့်လည်း တွေ့တာဝမ်းသာပါတယ်"
            
                          
 

  



    
   
                
        

"‌တစ်ခါမှမေးဘူးသေးလို့ မေးကြည့်ချင်လို့ပါ Hyungက အလုပ်လက်မဲ့လားဟင် ဘာလို့ ကျွန်တော်တို့ တက္ကသိုလ်နားမှာ ခဏခဏတွေ့နေရတာလဲဟင်"




    
       
                      
                           
                   

"ကလေးမုန့်ပေးကြိုက်သလိုဖြစ်သွားလားတော့သိပေမယ့် Dokyeomလေး အခုHyungဝယ်ကျွေးတဲ့ပီဇာစားပြီးသွားပြီဆိုတော့ Hyungရဲ့ဖွင့်ပြောတာကိုငြင်းလို့မရတော့ဘူးနော်"

    
            
                    
                          
                       

"မွေးနေ့မှာပျော်ရွှင်ပါစေ ကျွန်တော့်ရဲ့Hyung.. မွေးနေ့ကိုဆုတောင်းပေးမယ်ဆိုရင်တော့ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နေနိုင်စေပြီး ကျွန်တော့်ကိုည်းဒီ့ထက်မကအများကြီး ပိုချစ်ပေးနိုင်ပါစေကျွန်တော်..ကျွန်တော်... ကျွန်တော်ကလည်းအများကြီးချစ်ပါတယ်လို့ အား! ရှက်လိုက်တာ"








     
                          
                
"Dokyeomie က Hyung ရဲ့ ဘာမှရှိတဲ့ဘဝထဲကိုဝင်လာပေးလို့ Hyungကတောင်အများကြီးကျေးဇူးတင်တာပေါ့.. ဖော်ပြတတ်တဲ့အချစ်မျိုးမဟုတ်တောင် Hyungက Dokyeomieကိုပြောပြတတ်လောက်အောင်အထိနှစ်သက်တယ်သဘောကျတယ်ချစ်တယ်ဒီစကားတွေကို ခဏခဏပြောလည်း Hyungရဲ့အချစ်ကဘယ်တော့မှ လျော့သွားမှာတော့မဟုတ်ဘူး.. နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့ Dokyeomieလေးကို ကျွန်တော်မျိုးWonwoo ကြီးက အများကြီးမြတ်နိုးတယ်..."







    
        

                     
        
"ကျွန်တော်ကဗျာစာဂျပိုးသာမဟုတ်တာကျွန်တော့်မေဂျာမှာတော့နာမည်ကြီးပါတယ်နော် Hyungကိုချစ်လို့သာ Hyungအဖြေတောင်းတုန်းကလွယ်လွယ်လက်ခံလိုက်တာဘာမဟုတ်တဲ့ နာမည်တောင်သိတဲ့သူလာပြောတဲ့ရည်းစားစကားကိုလက်ခံပါ့လားဟင်! ပြီးတော့ သဝန်တိုတယ်ဆိုလည်း သဝန်တိုတယ်ပေါ့ ဘာလို့သဝန်တိုတတ်သလိုပုံစံလုပ်ပြီး တစ်ရက်လုံးရည်းစားကထားသွားခံတဲ့အတိုင်းတစ်ယောက်တည်း နှုတ်ခမ်းကြီးဆူလိုက်သက်ပြင်းတွေချလိုက်နဲ့ မအီမသာဖြစ်နေရတာလဲလို့.."







     
                    

"Hyungလည်း တကယ်နိုင်ဘူး ရုပ်ရှင်ရုံမှာလူအများကြီးရှိတာကို ကောက်နမ်းသွားတယ် လူဆိုး တကယ်ကောင်းလိုက်တာ ဟွန့်! ကျွန်တော့်ရဲ့ first kiss လေးကို လူအများကြီးအရှေ့မှာ ရှက်လိုက်တာ.."





      
     
    
     

         
"ကိုကိုလို့ခေါ်ကြည့်ပါလား မုန့်ဝယ်ကျွေးမယ်လေ"







                 
               
            
"သွား ဒီHyungလူကြီးကတော့ ဒီလိုတာကြိုက်ပါဘူးဆို အား ရှက်လိုက်တာ တော်ပြီ စကားလာပြောနဲ့တော့"









               
                
                
"Hyungက မင်းဝမ်းနည်းရင်နားခိုနိုင်တဲ့နေရာလေးတစ်နေရာပဲဖြစ်ချင်တာHyungကိုဆို ပင်ပန်းတာမှန်သမျှ ပွင့်ပွင့်လင်းလင်းပြောပြရင် Hyungက ပိုလို့တောင်သဘောကျသေးတယ် အော်.. Dokyeomieလေးရဲ့ဒီလိုပြောပြနိုင်တဲ့နေရာလေးကငါဖြစ်နေပဲလား ဆိုပြီးတော့ဒီနေရာမှာHyungမဟုတ်ပဲ အခြားတစ်ယောက်သာဆို ဝမ်းနည်းမိမယ်ထင်တယ် အဲ့တာလို့ Hyungဖြစ်နေလို့တော်သေးတာပဲဆိုပြီး အတွေးဝင်တယ်"







   

        
   
"ကျွန်တော်က Hyungဘေးနားမှာရှိနေရင် အလိုလိုစိတ်အေးချမ်းပြီးပေါ့ပါးတယ် လွတ်လွတ်လပ်လပ်ရှိတယ်လို့လည်းခံစားတယ်.."




     
          

                                

"Wonwoo Hyung..ဒီလိုကြီးတကယ်အဆုံးသတ်ချင်ပါဘူး.. ဒါပေမယ့် Hyungဘာလို့အခုလော ကျွန်တော့်စာတွေသိပ်ဖတ်တာလဲ.. Hyungဘာလို့အခုလောကျွန်တော့်ကိုလျစ်လျူရူ့နေတာလဲ.. Hyungဘာလို့အခုလောကျွန်တော့်စကားတွေသိပ်နားမထောင်တာလဲ.. ကျွန်တော် စိတ်ထင်တယ်လို့ထင်ခဲ့ပေမယ့် သတိထားပြီးကြည့်မိတော့ Hyungကျွန်တော့်ကိုချစ်တော့သလိုပဲအစ..အစ အစကတော့ Hyungကနဂိုကတည်းကအနေအေးတဲ့သူပဲ အနေအေးတဲ့သူပါ ဆိုပြီးခေါင်းထဲရိုက်သွင်းခဲ့တာမှန်ပေမယ့် ဒီလိုကတော့ဖြစ်နိုင်တော့ဘူးထင်တယ်Hyungသိသိသာသာကျွန်တော့်ကိုအရေးပေးတော့ဘူး ဒါက ကျွန်တော်တို့နှစ်ယောက်ကြားမှာ အချစ်ဆိုတာပျောက်ကွယ်သွားလို့ပဲထင်တယ်.. ကျွန်တော်တို့ လမ်းခွဲကြရအောင်"



Wonwooကတော့ဒီစာတွေကိုဖတ်ပြီးနောင်တရနေမိသည်ကတော့အမှန်ပေ။အတိတ်ကကိုယ့်ကိုယ်ကိုလည်း အားမရဖြစ်ခဲ့သည်.. သူကအဲ့အချိန်မှာ စိတ်ဇဝေဇဝါမဖြစ်ပဲ ဆွဲထားနိုင်ခဲ့ရင် ဒီလို Ex change ဆိုတဲ့ အစီအစဉ်မှာ EX‌အနေနဲ့ တွေ့စရာမကြောင်းကားမရှိ၏။ဆွဲထားနိုင်ခဲ့ရင် ယခုအချိန်ထိ သူ့အပိုင်လေးဖြစ်နေပြီး ဆွဲထားနိုင်ခဲ့ရင် ဒီ3နှစ်လုံးလုံး သူ့မှာ မတွေ့ရက်ခဲ့တဲ့မျက်နှာလေးကို လွမ်းနေစရာအကြောင်းမရှိဘူးလေ။

      

Wonwooသူ့စိတ်ကိုသူပြန်လည်ပြင်ဆင်ပြီး တင်းမှိတ်ကာ ဓာတ်ပုံလေးတွေကိုသေချာ‌ကြည့်လေသည်။ပုံတွေကတော့...

       

ဟန်မြစ်ပန်းခြံမှာပထမဆုံးတွေ့တုန်းကအဖွဲ့နှစ်ဖွဲ့စုထားတဲ့အဖွဲ့လိုက်ပုံလေးပင် သို့သော်ထူးခြားနေသည်က တောက်ပစွာပြုံးနေသည့်ကလေးရယ် ပျော်ရွှင်စွာငေးနေမိသည့်သူရယ်

               

ဓာတ်ပုံမေဂျာကပီပီ ကင်မရာကြီးတစ်ကိုင်ကိုင်နဲ့ Wonwoo က သူများမေဂျာရှေ့က သူငယ်ချင်းတွေနဲ့Dokyeom စကားပြောနေတာကို အမှတ်မထင်တွေ့ပြီး‌ရိုက်လိုက်တဲ့ပုံ
  
  
         

ရည်းစားဖြစ်ပြီးဒုတိယနေ့မှာတင် အတန်းတောင်လစ်ပြီး ဒိတ်တုန်းက ပုံတွေ
   
    
     

ကိုရီးယားနန်းတွင်းဝတ်စုံနဲ့နှစ်ယောက်သားသန့်သန့်ပြန့်ပြန့် Halloween cosplay ခဲ့ကြတုန်းကပုံတွေ
       
            

       
                    
Wonwooရိုက်ပေးထားတဲ့ဘာဝနှင့်တွဲလျက်လိုက်ဖက်စွာနေသည့် Dokyeom ရဲ့တစ်ဦးတည်းပုံတွေ

            
         

Wonwoo ရဲ့ကိုယ်ပိုင် studio အသေးလေးကို ပထမဆုံးမြင်တုန်းက Dokyeomရဲ့ reaction လေးကို Wonwoo ရဲ့မသိစိတ်ကနေအလိုလိုရိုက်မိသွားတုန်းကပုံ

           
                

ရက်တစ်ရာပြည့်တုန်းက Dokyeom က Wonwoo ကိုရေးပေးထားတဲ့ အလုံးတစ်ရာရှိတဲ့ ချစ်ကြောင်းတွေချည်းရေးထည့်ထားသောစာရွက်လေးကို ရိုက်ထားသည့်ပုံ

             
              

သူများတွေအတွက်တော့ဘာမှမဟုတ်လောက်ပေမယ့် သူတို့အတွက်တော့အများကြီးအဖိုးတန်တဲ့ နေ့စဉ်ဘဝကိုရိုးရိုးရှင်း‌ရှင်းဖြတ်သန်းနေရင်း ရုတ်တရက်ရိုက်လိုက်သည့်ပုံတွေ

        
             

ပင်လယ်ရှေ့မှာ Dokyeom က Wonwoo ရဲ့ပါးလေးကိုနမ်းပေးနေသည့်ပုံ

         

                  

တစ်ခန်းလုံးကိုပတ်ကြည့်ပြီးတော့ Wonwoo သူ့မျက်မှန်သူခဏချွတ်ကာ မျက်မှန်အောက်က၊ပါးပြင်ပေါ်က မျက်ရည်များကိုသုတ်လိုက်တော့သည်။တောက်လျောက်မျက်ရည်ကျလာသည့်ပုံလိုမျိုး မျက်လုံးများမှာလည်း နီနီရဲရဲလေးပင်။

    
ဒုတိယအခန်းသို့ရောက်သော် ဖန်သားပြင်ပေါ်ကပွင့်လာသည့် ဗီဒီယို။

Q. EX နဲ့ပထမဆုံးတွေ့ဖြစ်ပြီး တွဲဖြစ်ခဲ့တဲ့အကြောင်းက?
   

Seokmin : ကျွန်တော်နဲ့Wonwoo Hyung က ဟန်မြစ်မှာတွေ့ခဲ့တာပါကျွန်တော်က ကျွန်တော့်သူငယ်ချင်းနဲ့ကျွန်တော်လာပြီး သူကလဲသူ့သူငယ်ချင်းနဲ့သူလာတာပေါ့ဟန်မြစ်မှာ Delivery မှာစားကြတာ နှစ်ယောက်သား မှာတဲ့ဆိုင်ကလဲ အတူတူ မှာတဲ့မုန့်အရေအတွက်နဲ့အတူတူ ဖြစ်နေတာ ဒါပေမယ့် လာပို့တဲ့ Deliveryသမားလေးမှာ ပါလာတဲ့ပို့စရာက တစ်ထုတ်ပဲရယ် ပြီးတော့ မုန့်လက်ခံသူရဲ့စာရွက်ကပျောက်ကျကျန်ခဲ့တော့ ဘယ်သူ့မုန့်မှန်းသဲကွဲဖြစ်ခဲ့တာအဲ့တာနဲ့ကျွန်တော့်ဟာ သူ့ဟာနဲ့လုကြတာပေါ့ နောက်ဆုံးတော့ ကျွန်တော်နိုင်သွားပါတယ် Hyung ကအလျော့ပေးလိုက်တာပြီးမှ နောက်ထပ်ရောက်လာတဲ့ Deliveryကမှ ကျွန်တော်တို့နာမည်နဲ့မှာထားတဲ့မုန့်ဖြစ်နေတာ အဲ့တာလို့ ကျွန်တော်ကပဲအများကြီးတောင်းပန်ခဲ့တာပေါ့ ကပ်ကပ်လန်အောင်ရန်ဖြစ်ခဲ့လို့..
    

Wonwoo : Dokyeomie နဲ့ ကျွန်တော်နဲ့ ပထမဆုံးစစတွေ့ခြင်းက ရန်ဖြစ်တာနဲ့ခဲ့တာပေါ့တကယ်တော့ ကျွန်တော်တို့မုန့်က မှာထားတာ လွန်ခဲ့တဲ့မိနစ်သုံးဆယ်လောက်ကတည်းကရယ်ကျွန်တော်တို့ဟာမှန်ပေမယ့် Dokyeomie ရန်ဖြစ်တာ ချစ်ဖို့ကောင်းလွန်းလို့ ကျွန်တော်ကပဲ လက်လျော့ပေးခဲ့တာပေါ့ဘယ်လိုပဲဖြစ်ဖြစ် Dokyeomieကလဲမှာထားခဲ့တာဆိုတော့ ကျွန်တော်တို့ကနောက်တစ်ထုတ်ကို ယူလိုက်လို့ရမလို့

   
Seokmin : နောက်ကျမှသိလိုက်တာက Hyungကမှာထားတာကြာပြီတဲ့လေအဲ့တာ အားနာတာနဲ့ သူငယ်ချင်းနှစ်ဝိုင်းလုံးပေါင်းပြီး မုန့်တွေလဲအများကြီးဝယ်ကျွေးလိုက်တာပေါ့အဲ့ကနေစပြီး ကျွန်တော်က Hyung ကိုကိုသဘောကျခဲ့တာပါ
     

Q. EX အကြောင်း မကြာခဏတွေးဖြစ်လား?

Seokmin :

You are reading the story above: TeenFic.Net