Background color
Font
Font size
Line height

• ဂျောင်ဝန်းလေး အိပ်ပြီလား?? •

နောက်ဆုံး message ဝင်ထားတဲ့စာက two days ago က..

ဂျောင်ဝန်းစိတ်ထဲ အတွေးတွေ များရသည်။ နေ့တိုင်း ထမင်းစား ၊ ရေသောက်ကအစပြောတတ်တဲ့သူက အခုတော့ စာမလာသတင်းမကြား။ အစ်ကိုဟီဆွန်းကို စကားနည်းနည်းစကြည့်တော့လည်း ဘာမှထွက်မလာ။ ပိတ်ရက်ဆို ဆိုင်လာပြီး လျှောက်လည်ဖို့ မဲဆွယ်တတ်တဲ့သူက အခုများတော့ အရိပ်ယောင်တောင်မတွေ့။ သူက ဂျောင်ဝန်းကို စိတ်မဝင်စားတော့ဘူးလား? အသစ်များရသွားလို့လား? ဘာလို့မှန်းမသိ။ ဂျောင်ဝန်း သူ့အကြောင်းပဲ အမြဲတွေးနေမိပြီး အဲ့လို negative အတွေးတွေကြောင့်လည်း ဝမ်းနည်းနေမိသည်။

"မြောင်ဝန်းရားးး"

ကိုယ့်အတွေးနဲ့ကိုယ် ရှုပ်နေတုန်း အစ်ကိုဟီဆွန်းသံကြားတော့ စာအုပ်စီတာရပ်လိုက်ပြီး counter ဆီပြေးသွားရသည်။

"ဟုတ် အစ်ကို"

"အေး ဒီမှာ လိုတဲ့ပစ္စည်းစာရင်း။ နည်းတော့နည်းပါတယ်။ ဒီနားက mall မှာပဲဝယ်လိုက်လို့ရတယ်"

"အော် ဟုတ်ဟုတ်"

"ဂရုစိုက်သွားဦးနော်"

ခေါင်းညှိမ့်ပြကာ mall ရှိရာသို့ထွက်လာခဲ့သည်။

____________________________________

ပစ္စည်းများက အဆက်အစပ်ရှိတာများသာဖြစ်၍ ထူးထွေရှာနေစရာမလို။ အချိန်တိုအတွင်းမှာ အပြီးဝယ်နိုင်၏။ ပစ္စည်းက အများကြီးမဟုတ်ပေမယ့် နည်းတော့မနည်းပေ။ လက်နှစ်ဖက်ပြည့်ရုံကွက်တိရှိနေပြီး စာအုပ်ထူများပါတာကြောင့် လေးလံမှုကိုခံစားရသည်။ ဟိုလူသာဆို လေးလည်း "မလေးပါဘူး" ဆိုပြီး ပြုံးပြုံး" နဲ့ ဂျောင်ဝန်းနားကပ်လို့ စကားတွေများရင်း အဖော်ပြုပေးနေမှာကို မြင်ယောင်ပြီး ပြုံးမိရင်း တစ်ပြိုင်နက် စိတ်ထဲကပါ ဝမ်းနည်းလာသည်။

အချိုဓာတ်လိုနေပါတယ်လေ။ စတော်ဘယ်ရီကိတ်လေးစားပြီး တစ်နေ့တာအားဖြည့်ရတာပေါ့။

"ဟုတ်ကဲ့ ဘာများမှာမလဲရှင့်?"

ဆိုင်ထဲဝင်သွားသည်နှင့် counter က ကောင်မလေးရဲ့ အသံကိုကြားရသည်။ တစ်ဆက်တည်းမှာပဲ သီချင်းတွေကြားထဲ ရယ်မောသံတစ်ချို့ပါ ပျံလွင့်လို့လာသည်။

ရင်းနှီးနေသောရယ်မောသံ။ သီချင်းသံထက်ကို ကျော်လွန်ပြီး ရယ်မောနေတဲ့အသံ.. ဘယ်နေရာကပါလိမ့်ဆိုပြီး လှည့်ပတ်ရှာကြည့်လိုက်တော့ counter ရှေ့တည့်တည့်က စားပွဲကအသံ။ ရယ်မောနေသူကလည်း ပတ်ဂျုံဆောင်းနင်း။ ကောင်မလေးတစ်​ယောက်နှင့် တူတူထိုင်နေပြီး ပြုံးပျော်ရယ်မောနေလိုက်ပုံများ ပတ်ဝန်းကျင်ကိုတောင် သတိမရတော့သလိုပါပဲလား။ ဂျောင်ဝန်းနှုတ်ခမ်းအားဖိကိုက်မိပြီး ထိုနေရာကိုသာစိုက်ကြည့်နေမိသည်။

ဘာပဲဖြစ်ဖြစ် ငြိမ်တော့ခံမနေနိုင်တာ သေချာပါသည်။ ကိုယ့်နား တပူပူတဆာဆာနဲ့ အမြဲကပ်ပြီး စိတ်ဒုက္ခပေးတုန်းကပေးပြီး အခုမှအဲ့လိုလုပ်လို့ရမတဲ့လား ? ဟွန့် တွေ့မယ် ပတ်ဂျုံဆောင်း.. ခင်ဗျားတွေ့မယ်။

"ကိုကို !!"

ဂျောင်ဝန်း ထိုနေရာမှရပ်နေပြီး ကျယ်လောင်သောအသံဖြင့် လှမ်းအော်လိုက်သည်။ တစ်ဆိုင်လုံးကလူတွေကိုလည်း အားမနာနိုင်။ အမောင်ဂျေဂျေးအာရုံစိုက်လာဖို့ အော်ခေါ်လိုက်၏။

"ဟင် ?! ဂျောင်ဝန်း​လေး?"

မျက်လုံးပြူး ၊ မျက်ဆန်ပြူးဖြင့် ဂျောင်ဝန်းအား ကြည့်မိသော ဂျေဂျေး။ ဂျေဂျေးတကယ်အံ့သြနေမိပါသည်။ အခု ဂျောင်ဝန်းက သူ့ကို "ကိုကို" လို့ခေါ်လိုက်တာလား? ဒီနေ့ အရှေ့အရပ်ကနေ ထွက်ခဲ့တာရောဟုတ်ရဲ့လား? ကမ္ဘာကြီးက 23° မစောင်းတော့ဘူးထင်တယ်။ ဂျေဂျေးခေါင်းထဲ ? ပေါင်းများစွာလည်း ဖြစ်နေပြီး ရင်တွေလည်း အရမ်းခုန်နေမိသည်။

ဂျေဂျေးတို့ စားပွဲနားကို တဖြည်းဖြည်းလျှောက်လာသော ဂျောင်ဝန်း။

"ဂျောင်ဝန်းလေး ခုဏက "ကိုကို" လို့ ကိုယ့်ကိုခေါ်လိုက်တာ.."

"ဒီမှာဗျ ပြောရမှာတော့ အားနာပေမယ့် ကိုကိုက လူလွတ်မဟုတ်ပါဘူး။ ဒီလူကြီး အစ်မကို ဘယ်လိုတွေပြောထားလဲတော့မသိပေမယ့် ကိုကိုက ကျွန်တော့်ချစ်သူပါ။ ပိုင်ရှင်ကျွန်တော်ရှိတာမလို့ အခုကတည်းက နောက်ဆုတ်ရင် အချိန်မှီပါသေးတယ်"

ဂျေဂျေးပြောနေသမျှကို ဂရုမစိုက်ဘဲ ​ရှေ့ကိုသာ အားပြုပြီး စကားတွေဇွတ်ပြောနေသော ဂျောင်ဝန်း။

"အယ်.. ဘာတွေ.. ဟုတ်ဘူးလေ။ ဂျောင်ဝန်းလေး သူက.."

"ကျွန်တော်ပြောလို့မပြီးသေးဘူး ကိုပတ်ဂျုံဆောင်း။ ခင်ဗျား ခဏနေ"

"ဟုတ်"

ထဟောက်တော့လည်း ငြိမ်ရသူမှာ ဂျေဂျေးပါပင်။ အာမခံရဲဘူး ခြောက်ချက်အကုတ်ခံရမှာ ကြောက်ပါသည်။

"အဲ့ကြောင့် ကျွန်တော်ပြောချင်တာက.. "

"မောင်လေး ခဏ.. ခဏ"

ဂျောင်ဝန်းဆက်ပြောမယ့်စကားကို တားဆီးလာသော တစ်ဖက်ကအစ်မ။

"အဟင်း ဟင်း ဟားဟား"

ပြီးတော့ ရုတ်တရက်ကြီး ထရယ်လာတဲ့ ထိုအမျိုးသမီး။ ဘာများထဖြစ်တာပါလိမ့်? ဂျောင်ဝန်းပြောတာကို မယုံတဲ့သဘောလား ဘာလဲ??

"အော် ဂျေဂျေး ဂျေဂျေး။ အခုတော့ နင့်ကို အလွန်မထင်တော့ပါဘူး။ ငါသာဆိုလည်း အာခံတွင်းထဲ ငုံထားမတတ်ဖြစ်မိမှာပဲ။ ကြည့်ပါဦး အူယားစရာလေး။ စကားပြောပုံလေးရော ၊ လူလေးရောက ချစ်စရာ"

ဒီတစ်ခါတော့ ခေါင်းထဲ ? တွေများလာရတာ ဂျောင်ဝန်းပေ။ အရှေ့ကအစ်မပြောနေသည်များကို နားမလည်သည်မှာ အမှန်ပင်။ အစ်ကိုဂျေဂျေးအား ကြည့်တော့လည်း သူ့ကိုပြုံးလျက်ကြည့်နေ၏။

"အဟင်း အစ်မကိုယ် အစ်မမိတ်ဆက်မယ်နော်။ အစ်မနာမည် ဆိုယွန်းပါ။ ဂျေဂျေးရဲ့ ငယ်သူငယ်ချင်းပဲ။ မတွေ့တာကြာပြီမလို့ စကားပြောရအောင် အစ်မချိန်းလိုက်လို့ အခုတွေ့ဖြစ်တာပါ"

"အာ..."

အာမေဋိတ်တစ်လုံးသာထွက်မိပါတော့သည်။

"မောင်လေးအကြောင်းကို ခဏခဏကြားနေရတာနဲ့တင် အကုန်သိနေပါပြီ။ လူကိုတော့ အခုမှမြင်ဖူးတာပေါ့။ ဒါပေမယ့် သိထားတာနဲ့လွဲနေတာက ဂျေဂျေးက သူကချည်း ချစ်နေရတာတွေပြောပြနေခဲ့တာ။ ဘယ်ကသာနော် ဂျောင်ဝန်းကလည်း ချစ်ပြီး possessive ဖြစ်တာမှတအားကို"

အားနာလိုက်တာ.. မျက်နှာကို ဘယ်သွားထားရမလဲလည်း မသိတော့ပါဘူး။ ရှက်လည်းရှက်မိပြီး မျက်နှာတွေလည်း ပူမိသည်။ စိတ်အလိုလိုက်ပြီး လုပ်ချင်တာကိုလုပ်ချမိလိုက်တာပါပဲလား။ စိတ်ညစ်လိုက်တာ..

"ဟို.. ဇွတ်တွေပြောလိုက်မိတာ ကျွန်တော်တောင်းပန်ပါတယ် မသိလိုက်လို့ပါ"

"ရပါတယ်" ဂျောင်ဝန်းနဲ့လည်း ရင်းနှီးချင်တာမလို့ အစ်မကို နောက်တွေ့ရင်ခေါ်ပါနော်။ ဒီမှာ အစ်မဖုန်းနံပါတ်ကတ်။ ကဲ ဂျေဂျေး.. ပိုင်ရှင်လာပြီဆိုတော့ ငါလည်း ပြန်တော့မယ်။ ညမှဖုန်းထပ်ဆက်မယ်နော်"

ပိုင်ရှင်နေရာမှာ ဂျောင်ဝန်းအား လက်ညှိုးထိုးလျက် ပြောလာသည်မလို့ လက်ခါကာငြင်းရပြန်သည်။ မသိလို့ အဲ့လိုဆိုလိုမိတာလေလို့ ㅠ

"အာ.. ပိုင်ရှင်ဆိုတာ မဟုတ်.."

"ညကျ အစ်မ ဂျေဂျေးကို တိုင်ပင်စရာလေးရှိတာမလို့ ဖုန်းလေးခဏဆက်မယ်နော် ပိုင်ရှင်လေး။ အခုတော့ ဘိုင်ဘိုင့်"

စနောက်ပြီး ရယ်မောလျက်ထွက်သွားတဲ့ ဆိုယွန်း။ ဂျေဂျေး သူ့အသည်းလေးအား ကြည့်လျက် အူတွေယားမိပြီး အားရပါးရရယ်မိသည်။ ဒါ ဂျောင်ဝန်းလေး သူ့ကိုသဝန်တိုပြီး လုပ်လိုက်တဲ့အရာတွေပါလား။ အဲ့လိုတွေးမိတော့လည်း အသည်းယားပြီးရင်ခုန်ရပြန်ပါသည်။

"ခင်ဗျား ကျွန်တော့်နောက်လိုက်မလာနဲ့"

ပြောပြီးနောက် ဆိုင်မှထထွက်သွားတော့ ဂျောင်ဝန်း။ ကြည်နူးတဲ့အတွေးလေးနဲ့ ရယ်မောနေတုန်း ရင်တွေဗလောင်ဆူမိပြန်သည်။ ဘာများဖြစ်သွားတာပါလိမ့်။ မလိုက်လို့တော့ဘယ်ရမလဲ ? လိုက်ရမယ်..

"ဂျောင်ဝန်း !! ဂျောင်ဝန်းလို့"

"လိုက်မလာနဲ့လို့ ပြောခဲ့တယ်မလား?"

"ဂျောင်ဝန်းရားးး !!!"

လမ်းမကြီးအလယ် အော်ပြီးလိုက်တဲ့သူကလိုက် ၊ လျှောက်နေတဲ့သူက လျှောက်နဲ့။

ချစ်ရသူလေးကို အတင်းအကြပ်မလုပ်ချင်ပေမယ့် ဂျောင်ဝန်း ဒီအခြေအနေဖြစ်တာ အခုမှမြင်ဖူးခြင်းကြောင့် ပြေးလိုက်ပြီး လမ်းသွယ်ဘေးအား ဆွဲခေါ်၍ နံရံနဲ့ ကိုယ့်ကိုယ်ကြားညှပ်ထားမိလိုက်သည်။

"ဖယ်.. မကိုင်နဲ့ ဖယ်လို့"

"ဂျောင်ဝန်း ကိုယ်ပြောတာကိုနားထောင်ပါ.."

ဂျေဂျေးစကားများ လေပေါ်မှာတင် ရပ်သွားမိ၏။ အဓိကက နှုတ်ခမ်းလေးအား ကိုက်လျက် မျက်ရည်ဝဲတက်နေတဲ့မျက်လုံးဖြင့် ကြည့်လာသော ဂျောင်ဝန်းကြောင့်။

"ဂျောင်.. ဂျောင်ဝန်းလေး ဘာ.. ဘာဖြစ်တာလဲ ဟင်?"

"ကျွန်တော်က လှောင်စရာဖြစ်နေတာလား? ရယ်စရာဖြစ်နေတာလားလို့ ဟမ် !!"

"မဟုတ်ရပါဘူး ဂျောင်ဝန်းရယ်။ ဘာလို့အဲ့လိုတွေးရတာလဲ"

"နှစ်ရက်လုံးလည်း လူကိုစာမပို့ဘူး။ အရိပ်ယောင်လည်း မတွေ့ရဘူး။ ပျောက်ချင်းမလှကို ပျောက်နေတာပဲ။ အခု တွေ့တော့ မိန်းကလေးတစ်ယောက်နဲ့ ရယ်မောလို့။ ကျွန်တော်က ဘယ်လိုခံစားပေးရမလဲ ပြော။ အဲ့လိုလုပ်မယ်ဆို ဘာလို့အစကတည်းက ဂရုတွေလာစိုက်ပြနေတာလဲ လူကို။ ခင်ဗျားကို သဝန်တိုစိတ်နဲ့ ဘာမှမမြင်ဘဲ လုပ်မိတဲ့လုပ်ရက်ကို လှောင်နေလိုက်တာများ။ ကျွန်တော်က အဲ့လောက်ရယ်စရာကောင်းတာလား? မုန်းဖို့အရမ်းကောင်းလွန်းတယ် ခင်ဗျား"

မျက်ရည်များကျလျက် ရှိုက်သံများဖြင့် အားယူကာ အော်ပြောနေတဲ့ဂျောင်ဝန်းအား ကြည့်ပြီး ဂျေဂျေးကိုယ်တိုင် မျက်ရည်ကျမိသည်။ အိမ်ကိစ္စတွေနဲ့ အလုပ်ရှုပ်မိတာတွေ ၊ သူငယ်ချင်းဖြစ်သူ အပူကို မျှဝေနေရတာတွေကြောင့် သူ ဂျောင်ဝန်းဆီလုံးဝမလှည့်နိုင်ခဲ့ဘူး။ အမှန် ဆိုယွန်းနဲ့တွေ့ပြီးရင် ဂျောင်ဝန်းကို သွားတွေ့ပြီး propose လုပ်မယ့်အစီအစဥ်ရှိ၏။ ထိုအကြောင်းကို ပြောပြရင်း ဆိုယွန်းနဲ့ရယ်မောနေကြရင်းမှ ဂျောင်ဝန်းက တွေ့ပြီး အထင်လွဲသွားခြင်း။ နားလည်မှုတွေလွဲမှာအောင် သူကလုပ်မိပြီး အမြဲပျော်ရွှင်စေချင်တဲ့သူလေးကို သူကပဲ မျက်ရည်ကျအောင်လုပ်ခဲ့မိတာကို ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံးဖြစ်ရ၏။

ဂျောင်ဝန်းလက်နှစ်ဖက်အားကိုင်၍ မြေကြီးပေါ်ဒူးထောက်ချလိုက်သော ဂျေဂျေး..

"ပတ်.. ပတ်ဂျုံဆောင်း ခင်ဗျားဘာလုပ်တာလဲ ထ.. ထလေ"

လက်နှစ်ဖက်အားကိုင်လျက် ဒူးထောက်ချပြီး ခေါင်းငိုက်စိုက်နေသောသူကြောင့် ပူထူသွားရသည်။ ဘာလုပ်တာလဲ ပတ်ဂျုံဆောင်းရယ် တကယ်ပါပဲ..

"ဂျောင်ဝန်း"

ခေါင်းအားမော့လျက် နူးညံ့သောအသံဖြင့် ဂျောင်ဝန်းနာမည်အား ခေါ်လာသည်။

"ကိုယ်မှားတယ် ဂျောင်ဝန်း။ အရမ်းမှားတယ်။ ဂျောင်ဝန်းကို အမြဲပျော်စေချင်တယ်ဆိုပြီး စိတ်ဆင်းရဲအောင် ကိုယ်ကလုပ်မိတာ။ လှောင်ပြောင်တဲ့စိတ်မျိုး နည်းနည်းလေးတောင် မရှိခဲ့ပါဘူးကွာ။ အသည်းယားပြီး အချစ်တွေပိုနေခဲ့တာပါ။ ကိစ္စအမျိုးမျိုးကြောင့် ဂရုစိုက်မှုတွေ လစ်ဟာကုန်တာကိုလည်း အရမ်းရင်နာမိပါတယ်။ ဘေဘီ သိလား? ကိုယ်က ဖြစ်နိုင်ရင် မင်းအနားမှာပဲ 24/7 ကပ်နေချင်တဲ့ကောင်မျိုးပါ။ စချစ်ခဲ့တဲ့အချိန်ကစပြီး အခုချိန်တိုင် နောက်အနာဂတ်တွေမှာလည်း ကိုယ်က မင်းကို ဒီလိုဒူးထောက်ပြီး အရှုံးပေးမြဲချစ်နေမှာ။ အခုလိုအပြစ်တွေ ထပ်မလုပ်မိအောင်လည်း အချိန်တိုင်းကြိုးစားနေမှာပါ။ အဲ့ကြောင့်.. အဲ့ကြောင့် ထပ်တူကျမယ့် ချစ်ခြင်းမျိုးကို စောင့်နေတဲ့သူမလို့ ဂျောင်ဝန်းဘက်က မမုန်းလိုက်ပါနဲ့လား? ဂျောင်ဝန်းရဲ့ တသီးတခြားသော ချစ်ခြင်းမေတ္တာမျိုးကို ရဖို့ ကိုယ့်ကို အခွင့်အရေးပေးပါဦးလားဟင်??"

မျက်ရည်များဖြင့် ဖွင့်ဟတောင်းခံလာသော အချစ်တစ်ခု။ နှစ်ရက်လောက် အဆက်အသွယ်ပြတ်နေခြင်းကြောင့်ရော့ ၊ မသိဘဲ ​ဇွတ်တွေပြောမိတာလို့ ရှက်မိတာကြောင့်ရော ရောပြီး ရမ်းခဲ့မိတာ။ ကိုယ်တိုင်လည်း ညာလို့မရနေခဲ့ပါ။ အစ်ကိုဂျေဂျေးကို "ကိုကို" ခေါ်နိုင်တဲ့ သတ္တိတွေရလာတဲ့အထိပါ စိတ်ကရှိနေမှန်းသိသာချက်ပဲ။ ပြောရရင် အစ်ကို့ကို လုံးဝဆုံးရှုံးမခံနိုင်တဲ့ ခံစားချက်ပါပင်။

အငိုကိုတိတ်ကာ ဒူးထောက်ထားသောသူအား စကားပြန်လိုက်သည်။

"ရတယ်။ ကိုယ့်ကိုကိုယ်လည်း မညာချင်ဘူး။ ခံစားချက်နဲ့ပတ်သက်ရင် ကျွန်တော်က အမြဲပွင့်လင်းတတ်တာမလို့ ခင်ဗျားကို ကျွန်တော်ရင်ခုန်တယ်။ဟုတ်တယ် ချစ်နေမိတယ်။ အဲ့ကြောင့် ကျွန်တော့်ရဲ့ တသီးတခြားမေတ္တာကို ခင်ဗျားကိုပေးတယ်"

အံ့သြဟန်ဖြင့် ကြည့်လာပြီး ထပ်ပြီး ငိုနေပြန်တဲ့ အစ်ကိုဂျေဂျေး။ ထိုခန္ဓာကိုယ်ကြီးအား မနည်းထူပြီး ထရန်လုပ်ရသည်။ မတ်တပ်ရပ်ပြီးချိန် ဂျောင်ဝန်းအား ခါးမှဆွဲ၍ သူ့ရင်ခွင်ထဲသို့ အတင်းဖက်ချလိုက်သောသူ။ ထို့နောက် အားရပါးရငိုပြန်သည်။ အင်း.. အချစ်ကြီးသလို မျက်ရည်လည်း ကြီးလိုက်တာ။ ဂျောင်ဝန်းလည်း ဝမ်းသာမျက်ရည်ကျမိ၏။ ဖက်တွယ်ထားသောသူရဲ့ကျောပြင်အား ခပ်ဖွဖွပုတ်ပေးလျက် နှစ်သိမ့်ပေးနေမိသည်။

ခဏအကြာမှာ ဖယ်ခွာလိုက်သော ခန္ဓာကိုယ် နှင့် မျက်လုံးအားကြည့်၍ ပြောလိုက်သော ချစ်စကားများ။

"ချစ်တယ်.. ကိုယ် ဂျောင်ဝန်းကိုချစ်တယ်။ ကိုယ့်ရဲ့ တစ်ခုတည်းသော နှလုံးသားတစ်ခုလုံးနဲ့ ချစ်တယ်။ ကိုယ့်ရဲ့ အချစ် ၊ အချိန် ၊ အရာအာလုံးကို ဂျောင်ဝန်းကို အပ်နှံပါတယ်"

"အင်း ခင်ဗျားရဲ့ ပေးအပ်မှုများကို လက်ခံရရှိပါကြောင်း .. ပြီးတော့ ကျွန်တော်ကလည်း ခင်ဗျားကို ချစ်တယ် ကိုကို"

ဂျေဂျေး ဂျောင်ဝန်းနဖူးပြင်အား အမြတ်တနိုးနမ်းရှိုက်လိုက်၏။ ဒီကောင်​လေးရဲ့နှလုံးသားအား အောင်နိုင်ခဲ့ခြင်းက ဂျေဂျေးအတွက် ဘုရားပေးတဲ့ အကောင်းဆုံးဆုလာဘ်ပါပဲ။ နောက်ပိုပြီးတော့ ကိုကိုက ဂရုစိုက်ပြီး အချစ်ပိုပေးပါ့မယ် ဘေဘီ။

ညနေခင်းဆည်းဆာချိန်လေး လမ်းသွယ်လေးတစ်ခုကြား လူသူရှင်းနေသောနေရာလေးမှာ ကောင်လေးနှစ်ယောက် အချစ်များအား အပြန်အလှန်ဖလှယ်ကြတဲ့ ဖြစ်ရပ်လေး တစ်ခုဖြစ်ပွားခဲ့ပါသည်။
___________________________________

butterflies in my stomach >.< ဂျေးဝန်းအတွက် သီးသန့် love line part လေးပေါ့နော် ။ နည်းနည်းတော့ တိုတယ် ။ side couple ပေမယ့် ဒီလိုလေးလည်း လိပ်ပြာပျံစေချင်လို့လေ ဟီး ။ so candydream guysss 🌌⭐


You are reading the story above: TeenFic.Net