Park 27

Background color
Font
Font size
Line height

စိမ်းစိမ်းစိုစိုဖြင့် အုတ်မှိုင်းနေသောခရေပင်တို့သည် အတန်းလိုက်စီစီရီရီ။ဆောင်းတစ်ဖြစ်လည်း လေထုထဲမြူမှုန်များရစ်သိုင်းနေသည်။နေရောင်ဖျော့ဖျော့ကလွဲ အရာအရာ မှုန်ရီလို့ရှိသေးသည်။ နေရောင်ဖျော့ဖျော့ကြောင့် ကျောက်စလစ်ခဲဖြူဖြူလေးများသည် တစ်လင်းလင်း။ တရားနာခြင်းပြီးပြီမို့ ပြန်ခြင်သူကပြန် နေခြင်သူကနေနှင့် လူတို့ဟာပုံမှန်ပင်။ခရေပင်လမ်းထဲ
ခပ်စိတ်စိတ် လမ်းလျှောက်နေသူနှစ်ယောက်ကြားလည်းပုံမှန်။

"ကြည့်ပါအုံး နုဖတ်နေတာပဲ

နှောင်းတော်ဝင်က သူကိုယ်တိုင်ထိုးပေးထားတဲ့သိုးမွှေးအနွေးထည်လေးအားကြည့်ကာ ပြောသည်။ဂွမ်းလုံးလေးလိုဖြူဥနေသော ကိုယ်နှင့် ပန်းနုရောင်အနွေးထည်လေးသည် ပနံသင့်လျှက်။သူ့ဘဝ၌ ပန်းရောင်အနွယ်ဝင်အား ဘယ်သောအခါမှ မကြိုက်ခဲ့ဖူးဖူး။

ပန်းရောင်သည် ပျော့ညံ့သည် ကလေးဆန်သည် နူးညံ့လွန်းသည် ဟုမြင်သောကြောင့်ပင်။သို့သော် သူ့ရှေ့ရှိ ပန်းနုရောင်ပုံရိပ်လေးကိုတော့ ဘဝမှာ ပထမဦးဆုံးအကြိမ် လှသည် ရိုးရှင်းသည် သိမ်မွေ့သည် အေးချမ်းသည်ဟုမြင်ဖူးတာပင်။
ခါးသပ်လှတဲ့ အရာတွေတောင်မင်းနဲ့တွေ့ရင် ချိုမြိန်သွားတာမျိုး။

"အဟင်း! ကိုယ့်ရဲ့သကြားခဲလေး

နှောင်းတော်ဝင်၏ အတွေးတို့က အပြင်သို့
လျှံထွက်လာသည်။ထို့နောက် ဘာစကားမှမဆိုတော့ဘဲ လက်ပိုက်ကာ ပြုံးပြုံးကြီး ငုံ့ကြည့်နေသည်။အကြည့်လွဲသွားခြင်းမရှိစွာ တစ်စိုက်မတ်မတ်ကြည့် နေသောမျက်ဝန်းတို့က မျက်တောင်ခပ်ရဲ့လားမသိ။အကြင်နွယ်မှာ ပေါ်တင်အကြည့်ခံနေရသည်မို့ အငွေ့ပင်ပြန်ခြင်သလို။ပြန်ပဲကြည့်ရမလား ခေါင်းဘဲလွှဲနေရမလားမသိ မျက်လုံးက
တောင်ရောက်လိုက်မြောက်ရောက်လိုက်။
ပါးတွေပင်ရဲလာကာ လက်ဖြင့်ဂုတ်ပိုးတွေကို ပွတ်သပ်နေမိသည်။ဘာလုပ်ရမလည်း ဒီလိုကြီးတော့ မကြည့်နဲ့လေရှင်။

ရှက်နေသူအမျိုးသမီးအား ထပ်၍ စခြင်လာသောကြောင့် နှောင်းတော်ဝင်သည် ခပ်ချည်ချည်ပြုံးလိုက်သည်။ခါးကိုအနည်းငယ်ကိုင်းလိုက်ပြီးအနှီးမျက်နှာနားထိတိုးကပ်သွားလိုက်သည်။နီးကပ်သွားသော မျက်နှာနှစ်စုံသည် 3လက်မလောက်သာ ကွာဝေး၍ တစ်ယောက်ဝင်သက်ထွက်သက်တိုင်းကို ခံစားရသည်။အကြင်နွယ်မှာတောင့်တောင့်ကြီး မျက်လုံးများဝိုင်းကာ မော့ကြည့်နေမိသည်။အသက်ပင်ရဲရဲမရှုရဲ။

နှောင်းတော်ဝင်က ပို၍တိုးကပ်သွားပြီးမျက်ဝန်းတို့ကိုတည့်တည် စိုက်ကြည့်သည်။ပို၍ပို၍ ဝိုင်းဆက်သွားသောမျက်ဝန်းတို့နှင့်အတူ အကြင်နွယ်မျက်နှာက ရဲတက်လျက်။နှောင်းတော်ဝင်၏ မျက်ဝန်းတို့သည် အကြင်နွယ်၏ မျက်ဝန်းတို့မှတဆင့် နှုတ်ခမ်းပါစီသို့ အကြည့်ပို့သည်။သူ့နှုတ်ခမ်းအားစိုက်ကြည့်နေသော နှောင်း"ကြောင့် အကြင်နွယ်မှာ
ရှက်ရှက်ဖြင့် အောက်နှုတ်ခမ်းကို
ဖွဖွဖိကိုက်မိသည်။နှောင်းတော်ဝင်က
ခတ္တမျှသာကြည့်၍ ပြီတီတီဖြင့် အကြင်နွယ်၏မျက်ဝန်းတို့ကို ထပ်ကြည့်သည်။ထို့နောက်

"အဟင်း! ရှက်နေပြန်ပြီ

"နှောင်းကရှင်......

အကြင်နွယ်မှာ အရှက်လွန်စွာ သူ့ရှေ့ရှိကိုယ်အားတွန်းဖယ်လိုက်သည်။နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်က နှောင်းတော်ဝင်က တစ်ဟားဟားရယ်သည်။

"အဟားဟားဟား ဘယ်နှယ့်လုပ်ရပါ့
လုံးချေပစ် လိုက်ခြင်တယ်

"နှောင်း" ညီမကို စနေတာလား

"အူယားနေတာ

"......

"ဒီနေ့က တန်ဆောင်းမုန်းလပြည့်နေလည်းဖြစ်သလို သူခိုးကြီးနေ့လည်းဖြစ်တယ် အကြင်"ဘာအစီအစဉ်ရှိလည်း

"ကလေးတွေနဲ့ ပန့်သကူကောက်မယ်လေ

အကြင်နွယ်၏ တက်တက်ကြွကြွ အသံလေးသည် ဒီနေ့ဖို့ အားခဲထားပုံ။မျက်ဝန်းတို့ကအစ အရောင်လဲ့နေပြီး ပိုင်နိုင်စွာပြုံးလျက်။ ဒီလိုနေ့မျိုးမှာ ပန့်သကူကောက်သလို ရင်းနှီးတဲ့သူ တွေကို ကျမ်းမာပါစေချမ်းသာပါစေ ရွှေအိုးကြီးလည်းတွေ့ပါစေ ငွေအိုးကြီးလည်းတွေ့ပါစေဟူ၍ အပျော်မုန့်ဖိုးတောင်းကြသေးသည်။နှောင်းတော်ဝင်က ပြုံးပြုံးလေးပဲကြည့်နေသည်။

"ကိုယ်က ပန့်သကူမကောက်ဘူး

နှောင်းတော်ဝင်၏ ခပ်အေးအေးစကားသံအဆုံး အကြင်နွယ်မျက်နှာက ညိုးငယ်ကျသွားသည်။သူအစကတည်းကတွေးထားတယ် ဆိုပင်မဲ့အခုလိုမျိုးကြီးဆိုတော့ စိတ်ထဲမကောင်း။နှောင်း"ပန့်သကူကောက်မည်ဟု သူမတွေးထား အကြောင်းက နှောင်း"လိုလူမျိုးက ဒီလိုနေ့မျိုးမှာတောင် အိမ်ထဲမှာပဲ အပေါင်းအဖော်တွေနဲ့ အေးအေးဆေးဆေးနေမဲ့သူတွေလေ။

နှောင်း"ကတည်ငြိမ်ပြီး ရင့်ကျက်တဲ့မိန်းကလေး အထက်တန်းစား မိသားစုက မွေးဖွားလာသူမို့ဒီလိုကိစ္စတွေလုပ်ဖြစ်မှာလည်းမဟုတ်။သူတို့လို သာမာန်လူတန်းစားနဲ့ ယှဉ်ရင် အတွေးအခေါ်ရော အပြုအမူရောကအစ ကွာခြားတယ်။သူနဲ့အတူရှိနေတဲ့ အချိန်တွေဆိုရင်တောင် အရာရာကိုလိုက်ညှိပြီး နေနေတယ်ဆိုတာ သူမမသိစရာအကြောင်းမရှိ။ နောက်ပြီး စည်းစနစ်တကျနဲ့ ပြုမူတက်‌သူတွေမို့ ဒီလိုမျိုးတွေ လုပ်ဖြစ်မှာလည်းမဟုတ်။

"ဟုတ်

"ဒါပင်မဲ့ စောင့်နေမယ်

"ဟင်

"ကိုယ်တို့လမ်းထဲကို လာခဲ့ ကလေးတွေများများနဲ့လာနော် အကြင်ရဲ့ သူငယ်ချင်းဆိုတဲ့
တစ်ယောက်ပါခေါ်လာခဲ့ လာရင်လည်းနွေးနွေးထွေးထွေးလာ အနွေးထည်ထူထူဝတ် ဆံပင်လေးလည်းစီးလာခဲ့

နှောင်းတော်ဝင်၏ တစ်ရပ်ဆက် အမှာများကြား အကြင်နွယ်မှာ တော်တော်နဲ့သဘောမပေါက်။ထိုအရာကို နှောင်းတော်ဝင်ကသိစွာ

"ကိုယ့် ကလေးလေးကို မုန့်ဖိုးပေးခြင်လို့

နာမ်စားအမျိုးမျိုးဖြင့်နှောင်းတော်ဝင်မှာ
အူတစ်ယားယား။အကြင်နွယ်က အခုထိနားမလည်သေး။နှောင်းတော်ဝင်က ပန့်သကူမကောက်ဖူးဆိုရင်တောင် အကြင်နွယ်ကိုတွေ့ခြင်တယ်။အကယ်၍သူက ပန့်သကူကောက်ခြင်တယ်လို့ ပြောမယ်ဆိုရင်တောင် အိမ်ကခွင့်ပြုမည်မဟုတ် အထူးသဖြင့် အဘွား။သို့သော် နှစ်စဉ်နှစ်တိုင်း ပန့်သကူတော့ပြစ်သည်။ဆန်၊ဆီ၊ဆေး၊ဆား၊ကြက်သွန်၊ငွေ စသဖြင့်အများအပြား ပန့်သကူပြစ်လေ့ရှိတယ်။ဒါကလည်း မောင်မိုးကိုခိုင်းတာပင်။ထို့ကြောင့် သူညကြီးအိမ်အပြင်ထွက်ဖြစ်မည်မဟုတ်။သို့သော် ခြံထဲထိတော့ဆင်းလို့ရလေသည်။

နောက်ပြီး ပန့်သကူပြစ်ယုံတင်မကဘဲ မချစ်တို့ မောင်းမိုးတို့ ဒေါ်ဂျွမ်းတို့ကို ငွေပေးထားပြီး ခြံရှေ့လာကန်တော့ကျသည့်ကလေးတွေ မုန့်ဖိုးလာတောင်းကျသည့် ကလေးတွေကို ပေးလေ့ရှိသည်။ထို့ကြောင့် သူလည်းဒီလိုနေ့မျိုးမှာညတောင် အေးအေးလူလူအိမ်ထဲနေဖြစ်တာပင်။သို့သော်ဒီနှစ်ကမတူ သူ့မှာချစ်သူရှိနေပြီ အခွင့်သင့်ရင်သင့်သလို တွေ့ရမှာပဲ။

"ကိုယ်ခြံရှေ့မှာရှိနေမယ် အကြင်ရဲ့  နော်

"ဒါဆို နှောင်း"နဲ့ တွေ့ရမှာပေါ့

အကြင်နွယ်က မရဲတရဲဆိုလေသည်။မတွေ့ခြင်လို့တော့မဟုတ် တွေ့ပြီးရင်မခွဲနိုင်မှာစိုးလို့သာ။နောက်ပြီး နှောင်း"အိမ်ကလူတွေ သူတို့တွေဘယ်လိုမြင်မလည်း။အခုထိမသိကြသေးဘူးဆိုရင်တောင် သိသွားကြရင်ရော သူနှောင်း"ကိုပိုင်ဆိုင်ဖို့ တွေးမထားပင်မဲ့ ‌‌စောစောတော့မဝေးခြင်။နောက်ပြီးနှောင်း"သူမေးခြင်မိရဲ့ ဘယ်အထိများချစ်သွားမလည်းလို့လေ နောက်ပြီးဘယ်အချိန်ကြဝေးကြမလည်းလို့ပေါ့။ဒါပင်မဲ့ အမေးရပ်ခဲ့ စိတ်အနှောက်အယှပ်မဖြစ်စေခြင်ဘူးလေ။

"ဒါပေါ့ ကိုယ်နဲ့တွေ့ရမှာပေါ့

".......

"ကိုယ်ကမင်းကို အများကြီးချစ်တာအကြင်ရဲ့နှောင်းတော်ဝင်"ဆိုတဲ့တည်ရှိမှုက
မပြောက်ကွယ်မခြင်း အကြင်နွယ်" မင်းကိုပဲချစ်သွားမှာ နောက်ပြီး နှလုံးသားထဲသိမ်းထားမှာ အမြဲတမ်းကိုယ်တို့က အတူရှိနေသလိုမျိုးလေ။

နှောင်းတော်ဝင်က ပြုံးကာပြန်ပြောသည်။
မမေးသော်လည်းသိနေသော စကားသံကြောင့်စစ်မှန်သောအဖြေကိုသူဆိုခြင်းဖြစ်သည်။ဘယ်အထိချစ်သွားမလည်းဆို သေတဲ့အထိချစ်သွားမည် ဘယ်အချိန်ဝေးကြမလည်းမေးရင် ဘယ်တော့မှမဝေးပါဘူးလို့ဖြေမည်။ မင်းကကိုယ်နှလုံးသားထဲ အမြဲရှိနေမဲ့သူလေ။

ထို့နောက် နွေးနွေးထွေးထွေးဝတ်လာခဲ့ဖို့ ကလေးများများ အဖော်များများနဲ့ လာခဲ့ဖို့

ပန့်သကူနေ့ဆိုပင်မဲ့လည်း အပြင်မှာအကြာကြီးမနေဖို့ ရာသီဥတုအေးတာမို့ သိပ်ကြာကြာ အပြင်မှာမနေဖို့ စသဖြင့် တစ်စီတစ်တန်းကြီးမှာလေသည်။အကြင်နွယ်က ပြုံးပြုံးကြီးနားထောင်နေလေရဲ့။
သူ့မှာ ထပ်လည်းမေးခွန်းမရှိတော့သလို ‌အဖြေလည်းမလိုတော့ သူ့အမျိုးသမီးက တိကျတဲ့အဖြေကိုပေးပြီးသွားပြီလေ ဘာမှထပ်မလိုတော့ပါဘူး။

~~~~

"ကိုသက်ဆွေ

မင်းမြူသည် အိမ်အပြန်လမ်းအတွက်
ကားမောင်းနေ‌သူ ကိုသက်ဆွေအားခေါ်လိုက်သည်။ကားထဲ၌သူရယ် မချစ်ရယ် ထိုအမျိုးသားရယ်ပဲရှိလေသည်။သူခေါ်တော့ ကိုသက်ဆွေက တစ်ချက်လှည့်ကြည့်သည်။ထို့နောက် ပြုံးပြပြီးကားကိုဆက်မောင်းသည်။

"အချစ်မှာ ကာကွယ်ပေးခြင်း ပါလား

"ဗျာ

မေးလာသောမေးခွန်းကြောင့် ကိုသက်ဆွေကြောင်သွားယုံတင်မက နောက်ခန်းကမချစ်ကပါ ခေါင်းထောင်ကြည့်လာလေသည်။မင်းမြူကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် ကိုသက်ဆွေ၏ မျက်လုံးများကို ကြည့်နေသည်။သူ့မှာကွေ့ပတ်မေးဖို့ စိတ်ကူးမရှိ။သူသိခြင်တဲ့အရာက လိုခြင်တဲ့အဖြေရှိရမည်။ဒါကအရေးကြီးသည်။

ကိုသက်ဆွေသည် ခတ္တ ကြောင်သွားတာမှန်သော်လည်း သူ့အားကြည့်နေသော မျက်ဝန်းထဲမှ သိလိုစိတ်ကိုအတိုင်းသာမြင်နေရသည်။ပြင်းပြသော မျက်ဝန်းတို့သည် အဖြေကိုမျှော်လင့်တကြီးရှိသည်။ထိုအချက်သည် သူ့ဦး‌နှောက်ကိုနိုးဆော်လာသည်။သူ့ဦးနှောက်မှတစ်ဆင့် နှလုံးသားကိုတီးခတ်သည်။နှလုံးသားကနှိုးဆော်တော့ အပြုံးများကဖြစ်တည်လာသည်။ကိုသက်ဆွေသည် ခေါင်းဆက်ဆက်ငြိမ့်ကာ ကားလမ်းကြောင်းကိုပြန်ကြည့်သည်။သူ့ဦးနှောက်ထဲ အရာအချို့ကဖြတ်ပြေးနေသည်။နောက်ပြီးဖြေဖို့အဖြေ အတိအကျရှိသည်။

သူ့အတွေးထဲ ညီမတော်ဝင်ကနေရာယူသည်။သိမ်မွေ့မနေသော်လည်း အေးချမ်းသော အမျိုးသမီး။အနေအေးသော်လည်း
မာန်ပြင်းသောအမျိုးသမီး။စကားကိုလိုရင်းပဲပြောတက်သော အမျိုးသမီး။ငယ်စဉ်ကတည်းက သူမြတ်နိုးလာရသောအမျိုးသမီး။တောင်းဆိုခြင်းမရှိခဲ့သောစကားတွေဟာ အမိန့်သံစွတ်လို့သူ့အပေါ်၌ ခပ်တန်းတန်းသာဆက်ဆံသောအမျိုးသမီး။ထိုအခြင်းအရာတို့သည်ကပင်
သူ့စိတ်ထဲတစ်ဆဆ နေရာယူလို့လာခဲ့သည်။

မြတ်နိုးချင်းကစတော့ ချစ်ခြင်းမှာအဆုံးသက်သည်။သူသည် ထိုအမျိုးသမီးအား သိပ်ချစ်လှပါသည်။ချစ်လို့လည်း အရိပ်တစ်ကြည့်ကြည့် ကြည့်နေခဲ့ရသည်လေ။အမြဲမျက်နှာလေးရွှင်စေခြင်လို့ သူတက်နိုင်သလောက် စိတ်အနှောက်အယှပ်ဖြစ်အောင်မလုပ်ခဲ့။ညီမတော်ဝင်မသိတာက ကိုသက်ဆွေဆိုတာ ညီမတော်ဝင် ထားရာနေစေရာသွားမည်ဆိုတာ။စောဒကလည်းတက်မှာမဟုတ်သလို အမြဲတမ်းလိုက်ရောနေမည်ဆိုတာ။

စိတ်ကလေးညိုးသွားမှာစိုးလို့ တစ်ထစ်ခြင်း
ဆင်းပေးခဲ့‌တဲ့ လှေကားထစ်တွေဟာ အစွန်းကိုရောက်လို့ အခုဆိုလှမ်း‌မျှော် ကြည့်နေရတဲ့အဖြစ်။သို့သော် သူ့ကြောင့် စိတ်ကလေးအေးသွားတာမြင်ရင် လောဘဆိုတာ ဘယ်ဂျောင်ရောက်သွားမှန်းမသိ။ချစ်လို့ပိုင်ဆိုင်ခြင်လားမေးရင် ပိုင်ဆိုင်ခြင်တာပေါ့ ဒါပင်မဲ့ မပိုင်ဆိုင်ရလည်းဖြစ်လေသည်။အပိုင်ရမှချစ်တာမဟုတ်ပါဘူး အပိုင်မရလည်း ဘေးကနေ စောက်ရှောက်ပေးရင်းနေသွားတာကလည်း ချစ်တာပါပဲ။ဒါကသူ့ရဲ့ ချစ်ပုံချစ်နည်းပေါ့။လှမ်းလာခဲ့လို့ပြောရင် လှမ်းလာမည် မလာနဲ့လို့ပြောရင် နေခဲ့မည်ဖြစ်သည်။

"ကိုသက်ဆွေ ဖြေကြည့်ပါအုံး

"ကျတော့်အတွက်ကတော့ ပါတာပေါ့ဗျာ။
အမြဲစိတ်ချမ်းသာစေခြင်လို့ စိတ်အနှောက်အယှက် မပေးတာကလည်း ကာကွယ်ခြင်းတစ်မျိုးပေါ့။

ကိုသက်ဆွေ၏ဖြေသံအဆုံးမင်းမြူသည်
တစ်ချက်တွေဝေသွားသည်။သူ့ရှေ့ရှိကိုသက်ဆွေသည် အစွမ်းကုန်ပြုံးနေသည်။အရှုံးပေးသည်ဟူသော ဆောင်ပုဒ်ကိုပါလှစ်ဟစ်ပြနေသလို။ထို့နောက် ကားတံခါး ပေါက်မှတဆင့် အပြင်မြင်ကွင်းတို့ကြည့်ရင်း မှိုင်တွေတွေတွေးတောနေမိသည်။အမြဲစိတ်ချမ်းသာအောင် လုပ်ပေးနိုင်ရင် ကာကွယ်ခြင်းပဲပေါ့လေ။အမြဲစိတ်ချမ်းသာစေခြင်ရင်.......?

မင်းမြူသည် နှစ်နှစ်ကာကာပြုံးလာသည်။ သူလိုခြင်သည့် အဖြေကိုရလိုက်သလိုမျိုး ပိုင်ပိုင်နိုင်နိုင်ပြုံးသည်။အမြဲစိတ်ချမ်းသာစေဖို့အတွက် သူကကာကွယ်ပေးသွားပါ့မည်။တစ်ဖက်လူက မလိုခြင်ရင်တောင်မှပေါ့။

~~~~

Roykanonမြို့ရဲ့ ဇီဝပန်းခြံကြီးသည် ပန်းမျိုးစုံဖြင့် နတ်ဘုံအလား။လေညှင်းတစ်ချက်ဝေ့တိုင်း လေထုထဲ တိုးဝင်လာတဲ့ ပန်းရနံ့တို့ဟာ စိတ်ကြည်လင်စရာ။ထိုထဲကမှ နေကြာပန်းခင်းကြီးသည် နေဝင်ချိန်နီး လိမ္မော်ရောင် ကောင်ကင်ကြီးအောက်မျက်စိတစ်ဆုံး။ငွာငွားငွင့်ငွင့်ပွင့်နေကြသော နေကြာပန်းတို့ဟာလည်း ကောင်းကင်ကြီးနဲ့အပြိုင်လှနေကြသည်။ထိုနေကြာပန်းခင်းကြီးရှေ့မျက်နှာမူကာ ရပ်နေကြသော လူနှစ်ယောက်။တစ်ယောက်က လက်မောင်းအားဖက်ထားကာ ပုခုံးပေါ်ခေါင်းလေးမှီတွယ်လျက်ရှိသည်။လက်တစ်ဖက်ကလည်း နေကြာပန်းစီးကြီးကိုပိုက်ထားသေးသည်။

"နေကြာတွေကလှတယ်နော်

သိမ်သိမ်မွေ့မွေ့ထွက်လာသော စကားသံသည် ချိုချိုသာသာ။

"အင်းလှတယ်

"နေကြာတွေကိုကြိုက်လား

"ဟင့်အင် မကြိုက်ဘူး

"ဘာလို့လည်း

"မစောင့်ဆိုင်းခြင်လို့

ဖြေလာသော စကားသံလေးသည် တည်တည်ငြိမ်ငြိမ်။ချစ်ရသူသည် ပြုံးသည်။သို့သော် ခပ်တွေတွေရယ်။

"ဒါပင်မဲ့ တန်ဖိုးထားတယ်

ဆက်ပြောလာသောသူသည် နေကြာပန်းခင်းကြီးအား မျက်နှာမူလျက်ပင်။

"စစ်မှန်တဲ့ အချစ်က စောင့်ဆိုင်းရလည်းဖြစ်တာမို့လို့လေ သူချစ်ချစ်မချစ်ချစ် ကိုယ်ကချစ်နေရရင်ပြီးတာမို့လို့ ဝေးနေပါစေ အမြဲဆိုလည်း စောင့်ဆိုင်းနိုင်တယ်။ဘာကိုမှမျှော်လင့်ခြင်းမရှိတဲ့ စောင့်ဆိုင်းခြင်းကို နေကြာတွေကသင်ပေးသွားတယ်။

ထိုအခါချစ်ရသူက ခေါင်းတစ်ငြိမ့်ငြိမ့်ပြုံးသည်။ထို့နောက် သူမပုခုံးအား ခပ်ဖွဖွနမ်းသည်။သူမလည်း ဆံနွယ်လေးအားမြတ်နိုးဖွယ် နမ်းလိုက်သည်။

"နှောင်း" ညီမက သိပ်ချစ်တာနော်

နေဝင်ချိန်လိမ္မော်ရောင် ကောင်းကင်ကြီးက နောက်ခံထား၍ နေကြာပန်းခင်းကြီးအရှေ့
သူ့ဘေးရှိ မိန်းမပျိုလေးကဆိုသည်။ကြည်လင်နေသော မျက်နှာနှင့်အတူ ပြုံးပြနေသော မျက်နှာသည် နေဝင်ချိန်နှင့်အတူ တောက်ပလှသည်။သူ့အားနှစ်နှစ်ကာကာပြုံးပြနေသည် မိန်းမပျိုလေးအား သူမသည်လည်း စိတ်အေးချမ်းစွာကြည့်ရှုနေမိသည်။ထို့နောက် ရှေ့တည့်တည့်သို့ရပ်လိုက်ကာ မိန်းမပျိုလေး၏ပါးတစ်ဖက်အား
လက်တစ်ဖက်ဖြင့်အုပ်ကိုင်၍

"ကိုယ်လည်း မင်းကိုချစ်တယ်

သူမသည် ကြည်နူးစွာဆိုနေသလို သူ့အ‌ချစ်သည်လည်း ပြုံးနေခဲ့သည်။နှစ်နှစ်ကာကာပြုံးနေသော အပြုံးတို့သည်လက်ဆက်လှသည်။ထို့နောက် ရုတ်တရပ်ဆိုသလို လှိမ့်စင်းကျလာသော မျက်ရည်စီးကြောင်းများ။ထို့အပြင် ရဲတက်လာသောပါးတစ်ဖက်ဟာ အပူပြင်းပြင်းဖြင့်ထိမိလိုက်သလို တောက်လောင်လျက်။သူမသည် စိုးရိမ်တစ်ကြီးပြာပြာသလဲ ကြည့်မိသည်။သူ့အချစ်သည် သူ့လက်ထဲမှရုန်းထွက်ကာ  မီးကင်ထားသလို ရဲနေတဲ့ ပါးအားကိုင်ကာသူ့အားအလန့်တစ်ကြားကြည့်လာသည်။ထို့နောက် ရှိုက်ကြီးတစ်ငင် ငိုကာ နောက်သို့ ဆုတ်လေသည်။

သူမသည် ရုတ်တရပ်ဖြစ်ပျတ်သွားသည့် အရာတွေကိုဂရုမထားမိသေး။ရဲနေတဲ့ ပါးလေးအား အလန့်တကြားကြည့်နေမိသည်။ထို့နောက်ပြာပြာသလဲ အနည်းငယ်လှမ်းသွားသော သူ့အချစ်ဆီသို့ သွားလိုက်သည်။တိုးကပ်သွားတော့ ဆုတ်ခွာသွားသည့် ကိုယ်ငယ်လေးသည် အနားမလာစေခြင်ဘူးထင်။ဒေါသတစ်ကြီး သူမအားပြန်ကြည့်လာသည်။စိတ်နာနေသဖွယ် ကြည့်နေသောမျက်ဝန်းတို့သည် မျက်ရည်များနှင့်အတူရဲတက်နေကာ စိမ်းသက်လှသည်။

ထိုအကြည့်များကြောင့် သူမသည် တောင်းပန်စကားတစ်တွတ်တွတ်ဆိုကာ ငိုနေမိသည်။သူမကြောင့် သူ့မကြောင့် သူ့အချစ်ပူလောင်နေရသည်မလား။ထို့အပြင် သူမကို စိမ်းသက်သက်ကြည့်နေတဲ့ အကြည့်တွေ။
မလိုခြင် သူမ"မလိုခြင် မမုန်းပါနဲ့
မမုန်းစမ်းနဲ့။ကမ္ဘာပျတ်သလို ဖြစ်နေသောသူမသည် ရှေ့ရှိကိုယ်လေးအားအမိအရဆွဲကာ မျက်ရည်များအားသုတ်ပေးနေမိသည်။သို့သော် သူ့လက်နှင့်ထိသမျှ နေရာတိုင်းသည် အပူလောင်နေသဖွယ် ရဲတက်လာခဲ့သည်။နာကျင်မှုတွေထပ်ပေးနေမိပြန်သည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် အချစ်ရယ်

"သွားစမ်း

ဒေါသတစ်ကြီးအော်သံနှင့်အတူ သူမအားတွန်းချလိုက်သောကြောင့် မြေပြင်ပေါ်သို့ ဖင်ထိုင်ရပ်ကျသွားသည်။ဝမ်းနည်းဝမ်းနည်းမိသလို အံ့ဩလွန်း၍မော့ကြည့်လိုက်တော့ နာနာကျဉ်းကျဉ်းကြည့်နေသော မျက်ဝန်းတစ်စုံနှင့်ဆုံသည်။သူ့အချစ်က သူ့ကိုဒီလိုမျိုး တစ်ခါမှမဆက်ဆံခဲ့ဖူးသောကြောင့် သူမသည်တုန်လှုပ်နေမိသည်။

ပါးတွေနားတွေအပြင် လက်မောင်းတွေပါ အပူလောင်နေသလို ရဲတက်နေသော ကိုယ်အားကြည့်၍ သူမသည် ရှိုက်ကြီးတစ်ငင်ငိုချမိသည်။သူ့ကိုမုန်းသွားပြီများလား။သူ့အဲ့လိုဖြစ်စေခြင်လို့မဟုတ်ပါဘူး မရည်ရွယ်ပါဘူး မနာစေခြင်ခဲ့ပါဘူး။

စိတ်လွတ်နေသဖွယ်သူမသည် ခေါင်းတွေရမ်းနေမိသည်။လက်အုတ်ချီကာ သူ့အချစ်အား ဦးချမတက်ကိုတောင်းပန်နေသည်။သို့သော် စိတ်နာနေသဖွယ်အကြည့်ကြောင့် သူ့ကြောင့်ဆိုသည့်စိတ်နှင့် ကိုယ့်ပါးကိုလှိမ့်ချနေမိသည်။

"အားးးးး ငါ့ကြောင့် ငါ့ကြောင့်

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် အချစ်ရယ် အဲ့လိုမကြည့်ပါနဲ့ အဲ့လိုမကြည့်စမ်းပါနဲ့ အဲ့လိုတွေမလုပ်ပါနဲ့

"ဒါတွေက ဘယ်သူ့ကြောင့် ဖြစ်လာတာလည်း ဟမ်!

ထပ်ပြီး‌ထွက်လာသော အသံကြောင့် သူမသည်မျက်ရည်များစီကျကာ ရင်ဘက်အားလက်ဖြင့်ဖိထား၍ မော့ကြည့်နေမိသည်။သူ့ရင်ဘက်တွေ စုတ်ပြတ်သက်နေအောင် နာကျင်နေပြီ။စုတ်ဖြဲပြစ်ခြင်အောင် လဲသေသွားခြင်လောက်အောင်နာကျင်နေပြီဖြစ်သည်။သူ့ရှေ့ရှိမိန်းကလေးသည်လည်း နာနာကျဉ်းကျဉ်းကို စိုက်ကြည့်နေတာဖြစ်သည်။ထို့အကြည့်များသည် သူ့ကိုတစ်ဆဆအသက်ခြွေနေခြင်းဖြစ်သည်။

"ကိုယ်....

"မြင်လား ကျမနာကျင်နေရာတာကို မြင်လား
အဲ့တာ နှောင်း"ရှင့်ကြောင့်ပဲ အားလုံး
ရှင့်ကြောင့်ပဲ

"ရှင့်ကြောင့်ကျမနာကျင်နေရတာ
ရှင်ရောက်လာခဲ့လို့

"ရှင့်ကိုစိတ်နာတယ် စိတ်သိပ်နာတယ်။

မျက်ရည်များကျကာ ဒေါသတစ်ကြီးအော်ပြောနေသော မျက်ဝန်းများထဲတွင် ချစ်ခြင်းဟူ၍တစ်စိုးတစ်စိတောင်မရှိ။ရန်လိုခြင်များသာ ကိန်းအောင်းနေ‌၍ စိတ်ပျတ်လွန်းစွာကြည့်နေသော အငွေ့များသာရှိသည်။သူ‌ကြောင့် နာကျင်နေရတာတဲ့လား သူသွားခဲ့လို့ သူရောက်လာခဲ့လို့.....။ထို့နောက် ဘိုင်းခနဲဆိုသလို သူ့အားပြစ်ပေါက်လိုက်သော နေကြာပန်းစီးကြီးဟာ ညိုးနွမ်းခြောက်သွေ့ကာ ပုံပျတ်လျက်။ယခင်က

စိမ်းစိုနေသော နေကြာပန်းခြင်းကြီးဟာ အခုတော့တစ်ခင်းလုံး ခြောက်သွေ့နေကာမြေပြင်သို့ ငိုက်စိုက်လျက်။သူမသည် အကြောက်အလန့်ကြည့်နေမိသည် သူမကြောင့် အရာအာလုံးပျတ်စီးသွားတာလား သူမကြောင့်အခုလို။ထို့နောက် ချာကနဲ လှည့်ထွက်သွားသော ချစ်ရသူကို အရူးမီးဝိုင်းလို‌ ခြေထောက်အားပြေးဆွဲမိရင်း တစ်တွတ်တွတ်တောင်းပန်စကားဆိုမိတော့ အေးစပ်စပ်ငုံ့ကြည့်လာသော မျက်နှာသေ။ထို့နောက်

"တောင်းပန်ပါတယ် နာကျင်နေရတာမို့ လက်လွှတ်လိုက်တော့ နောက်ပြီး မစောင့်နဲ့တော့

ထွက်ကျလာသော အေးစပ်စပ်စကားအဆုံး
ဖမ်းဆွဲထားသော လက်တွေဟာ အင်အားလျော့ကာ ပြေကျသွားသည်။ လက်လွှတ်လိုက်တော့တဲ့အသက်မဲ့နေသောမျက်ဝန်းများကလည်း လမ်းဆုံးပြီဟုပြောနေသည်။ ခေါင်းငိုက်စိုက်ကျ၍ မျက်ရည်များစီးကျကာ ရှိုက်သံပင်ထွက်မလာတော့‌ချေ။လှည့်ထွက်သွားသောသူဟာ အချုပ်အနှောင်ကင်းစွာ လှည့်မကြည့်ဘဲထွက်သွားလေပြီ။အချိန်တိုအတွင်းမှာ ပြောက်ကွယ်သွားသောနောက်ကျောပြင်အားသူ့မှာနောက်ဆုံးမျှော်လင့်ချက်ဖြင့် မျှော်ကြည့်မိသည်။လုံးလုံးပြောက်ကွယ်သွားသော အရိပ်ကလေးအဆုံး သူမခပ်ဖျော့ဖျော့ပြုံးလိုက်ပါသည်။

"ကိုယ့်ကောင်မလေးကတော်လိုက်တာ အနှောင်အဖွဲ့တွေ ကင်းသွားနိုင်လို့လေ

ထို့နောက် မျက်ရည်များစီးကျလျက်ပဲ ခပ်ဖျော့ဖျော့ပြုံးနေမိရင်း တစ်စတစ်စ သူ့စီသို့ဦးတည်လာသော အလင်းတန်းကြီးနှင့်အတူ သူမလည်းပြောက်ကွယ်သွားလေတော့သည်။

~~~~

"ဟင်းးးးးးးး

သက်ပြင်းချလိုက်သံနှင့်အတူ ပွင့်ဟလာသော မျက်ဝန်းတို့ဟာ မှုန်ရီလျက် အရာရာဝါးတားကာရှင်းရှင်းလင်းလင်းမမြင်ရ။ပါးပြင်တစ်လျှောက်‌ လည်း စိုစိုစိစိနှင့် ငိုနေမိခြင်းဖြစ်သည်။နှောင်းတော်ဝင်သည် သူ့အပေါ်တည့်တည့်ရှိ မျက်နှာကျက်ဖြူဖြူအား ခပ်တွေတွေကြည့်နေမိသည်။မျက်ရည်တွေကိုတော့ မသုတ်မိ။သူအိမ်မတ်မတ်နေခဲ့တာပဲ။နေ့ခင်းဘက်ကြီး အိပ်ပျော်သွားလို့ ကယောင်ကချာတွေမတ်နေတာပဲ။တကယ်မဟုတ်ဘူးဘဲ။ဒါပင်မဲ့သူရင်ဘက်တွေ အောင့်သက်နေတယ် ရင်ကွဲနာကျသလိုမျိုး။အိမ်မတ်က လက်တွေ့ဆန်နေသလိုမျိုး။

နှောင်းတော်ဝင်က နိုးနေသည့်တိုင် အိပ်ယာထဲမှာလှဲလျက်ပဲ မျက်နှာကျက်ကို အကြောင်းမဲ့ကြည့်နေမိသည်။ထို့နောက်အိပ်ယာအခင်းများအား ဆုတ်ကိုင်လိုက်ပြီး မျက်ရည်များအသွင်သွင်စီးကျလာသည်။သူကြောက်နေပါသည် အိမ်မတ်ထဲကလိုသူက ထိုမိန်းကလေးကို နာကျင်စေမှာကို
သူသေမတက်ကြောက်နေမိပါသည်။သူ့ကြောင့် သူ့ကြောင့်ပျတ်စီးကုန်မှာကိုသူကြောက်သည်။

သူအနားကိုရောက်လာခဲ့မိလို့ နာကျင်ရတာတဲ့ထိုစကားကို စိတ်ထဲအကြိမ်ကြိမ်ပြန်ကြားရောင်နေမိသည်။နောက်ပြီး လက်လွှတ်လိုက်တော့တဲ့သူရူးတော့မှာပဲ။ထို့နောက် ‌သက်ပြင်းလေးလေးချကာမျက်ရည်များကို လက်ဖဝါးဖြင့်ဖိသုတ်လိုက်သည်။အိမ်မတ်ပဲလေ အိမ်မတ်ပါပဲဆောင်းတွင်းအိမ်မတ် ကယောက်ကယက်တဲ့လေ။ဟုတ်မှာပါ ဟုတ်မှာပါ။ထို့နောက်ထလိုက်ကာ အရင်ဆုံး အသက်ဝဝရှု၍ပုံမှန်အတိုင်းပဲနေလိုက်တော့သည်။

~~~~

"မချစ်ရေ ဒီမယ်ဇီလီဖူးပြုတ်တွေက သုတ်မှာလားကွဲ့ ဒေါ်ကြီးသုတ်လိုက်ရမလား

ဒေါ်ဂျွမ်းက အုတ်ဆောင်းအောက်က မယ်ဇီဖူးပြုတ်တွေ အဆာပလာတွေကိုကြည့်ပြီးမေးသည်။

"အယ်!ထားလိုက် ဒေါ်ကြီး မမလေးက သူကိုယ်တိုင်လုပ်မယ်တဲ့

"အော်အေးအေး

မချစ်က ဆွမ်းချိုင့်တွေဆေးနေရင်း ပြောလေသည်။ထို့နောက် ရေဆင်အောင်သုတ်ကာ ပန်းကန်စဉ်ပေါ်တင်လိုက်သည်။မီးဖိုချောင်ထဲ တံမြက်စည်းဘာညာလှည်းရင်း မျက်နှာလေးကကြည်လင်နေသည်။ထို့နောက် မမလေး မယ်ဇီဖူးတွေသုတ်ရင် အဆင်သင့်ဖြစ်နေဖို့ မြေပဲဆန်တွေထောင်းရသေးသည်။စိတ်ထဲ၌လည်း မမလေးလက်ရာစားရတဲ့သူကတော့ ကံကောင်းတာပဲလို့ တွေးနေမိသေးသည်။မမလေးဆိုတာ ထမင်းဟင်းချက်တက်တာတောင် ဝင်ချက်တာမဟုတ်
တက်ရင်ပြီးရော ဝါသနာမပါတာမို့လို့တဲ့လေ။အခုလိုမျိုး သူကိုယ်တိုင် လုပ်ပေးပုံရ အတော်ချစ်တဲ့ပုံ။

"အော်မမလေး

မချစ်သည် ကမူးကရှုးဝင်လာသော
နှောင်းတော်ဝင်အားကြည့်၍ခေါ်လိုက်သည်။
ခပ်ရဲရဲမျက်ဝန်းတို့သည် အခုမှ အိပ်ယာထ
ကာစမို့ထင်သည်။သို့သော် နှောင်းတော်ဝင်က မျက်နှာသေနဲ့တစ်ချက်သာ ကြည့်၍ ရေခရားထဲမှရေအား တစ်ခွက်အပြည့်ငဲ့ကာ မော့သောက်လိုက်သည်။အရှိန်လွန်၍ ရေအချို့က နှုတ်ခမ်းထောင့်မှစီကျလာလေသည်။ထို့နောက် လက်ခုံဖြင့်နှုတ်ခမ်းထောင့်အား သုတ်လိုက်တာ မျက်မှောင်တို့ကကျုံ့ထားသည်။မချစ်သည် မဆီမဆိုင် သထွေးတစ်ချက်မြိုချမိလေသည်။

ထို့နောက် နှောင်းတော်ဝင်က ခုံတစ်ခု၌ဝင်ထိုင်၍ စားပွဲပေါ်လက်တံတောင်တို့ထောက်ကာ နှာဖူးကို လက်သီးဆုပ်များနှင့်ထိထားသည်။မျက်လွှာများကို မှိတ်ချထားကာ ငြိမ်ငြိမ်လေးထိုင်သည်။မချစ်မှာသာ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိ။‌ဒေါ်ဂျွမ်းကတော့ ဘယ်ကတည်းက ထွက်သွားပြီလည်းမသိ။ဒေါ်ဂျွမ်းသည် မမလေးဆို ‌အတော်ရှိန်ပါသည်။ထို့ကြောင့် မမလေးနား ကြာကြာမနေရဲ။

"မချစ် သံပုရာရည်တစ်ခွက် ဖျော်လိုက်ပါ

‌နှောင်းတော်ဝင်က မျက်ဝန်းများ မှိတ်ချထားလျက်ပဲပြောသည်။မချစ်လည်း ခေါင်းအမြန်
ညိမ့်လိုက်ကာ သံပုရာရည်ဖျော်ရသည်။
တအားကြီးချည်မသွားစေဖို့လည်း သတိထားရသေးသည်။မမလေးက သံပုရာရည်သာသောက်တာ ချည်ရင်လုံးဝမကြိုက်။ဂျီးကလည်း များတက်ပါသေး။

"ရပြီ မမလေး

ဘေးနားချပေးတော့ သံပုရည် တစ်ခွက်လုံးကို မော့ချပြန်သည်။အစေ့များကိုပါ ဝါးစားပြစ်လာမသိ ထွေးမထုပ်။မချစ်မှာ အံ့အားသင့်နေမိသည်။ပြီးတော့လည်း ဘာစကားမှမပြောဘဲ
ခုံကိုမှီထိုင်နေသေးသည်။

"မမလေး တစ်ခုခုဖြစ်လို့လား

သူမမေးနေသော်လည်း မကြားသော မမလေးသည် ခုံကိုမှီရင်း တွေးလျက်ငေးလျက်ရှိသည်။မျက်မှောင်တို့ ကျုံ့မနေတော့သော်လည်း ခေါင်းတို့ကိုမော့ထားကာ မျက်နှာကျက်ကိုတွေတွေကြီးကြည့်နေသည်။ပြီးတော့ လက်ဖဝါးဖြင့်မျက်လုံးတို့ကို ဖုံးလိုက်သေးသည်။

"မမလေး

"အင်းးးးး

ခပ်အပ်အပ်ထွက်လာသော အသံသည် စိတ်မပါခြင်းတို့စွပ်လျက်။

"တစ်ခုခုများဖြစ်လို့လား

"အဟင်း

ဘာမှပြန်မဖြေပဲ ခနဲ့တဲ့တဲ့ နှောင်းတော်ဝင်က
ပြုံးသည်။ပူစပ်နေသောမျက်လုံးတို့ကို အားယူဖွင့်၍ ပေါ့ပျတ်ပျတ်လေးပြုံးနေသော်လည်းမျက်ဝန်းတို့က ကြေကွဲနေသည်။
သူ့မှာဖြေစရာရှိသည် သို့သော် မဖြေခြင်။
တစ်ခုခုဖြစ်လို့လားတဲ့ မဖြစ်ပါဘူးလို့လည်း
မပြောခြင် အခါကြီးရက်ကြီး သူမလိမ်ခြင်။
ကိစ္စအကြီးကြီးဖြစ်သွားတယ်လို့တော့ အော်ပြောလိုက်ခြင်သည်။သို့သော် နှုတ်စိတ်၍သာ နေလိုက်တော့သည်။

"ဟို မယ်ဇလီဖူးသုတ်တော့မလား မချစ်ပြင်ပေးထားတယ်

နှောင်းတော်ဝင်က သူ့ရှေ့အုပ်ဆောင်းအတွင်း
ရှိပန်းကန်များကို ကြည့်လိုက်သည်။ထို့နောက်

"မချစ်ပဲသုတ်လိုက်တော့

ထိုသို့ဆိုကာ အပြင်သို့ပြန်ထွက်သွားလေသည်။မချစ်သည်ကြောင်တောင်တောင်လေးကျန်နေခဲ့တော့သည်။မမလေးကိုယ်တိုင် အားတက်သရော လုပ်မယ်လို့ ပြောသွားခဲ့တာမဟုတ်လား အခုကြဘာလို့။စဉ်းစားမရအောင်ရှိလေသည်။

နှောင်းတော်ဝင်သည် ဘယ်လိုစိတ်နဲ့များလုပ်နိုင်ပါ့။သူ့နားထဲ သူ့ကြောင့်ဆိုသည် စကားသာ တစ်ဝဲလည်လည်။ငါ့ကြောင့် ဆိုသည့်စိတ်နဲ့ ထိုမိန်းကလေးနဲ့ပတ်သတ်သည့် မည်သည့်ကိစ္စကိုမဆို မလုပ်ဆောင်နိုင်တော့။ထိုအိမ်မတ်ထဲမှာသာ သူ့ကြောင့် ဆိုတာနဲ့တင်လုံလောက်ပါပြီ အပြင်မှာတော့ အဲ့လိုမဖြစ်စေခြင်။သူ့ကြောင့်နဲ့ မထိခိုက်‌စေခြင်။

~~~~

မှောင်မဲနေသော လမ်းတို့သည် လရောင်ထိန်ထိန်အောက် ရှင်းရှင်းလင်းလင်း။လပြည့်ဝန်းကြီးကသာလို့ လမ်းတစ်လျှောက် ရေနံစီမီးခွက်လေးများကိုင်ကာ သွားလာနေသောသူတို့ဟာ ပိုးစုန်းကြူးလေးများသဖွယ်။ဟိုအုပ်စု ဒီအုပ်စုဖြင့်လေထုအေးအေးထဲ အာငွေ့နွေးနွေးတို့ ရောယှပ်သွားသည်ထိ အားလုံးဟာ ‌တပျော်တပါးဖြစ်နေကြသည်။ လမ်းတစ်လျှောက် ကိုယ့်အဖွဲ့နှင့် ကလေးလူကြီး စုံစုံလင်လင်ဖြင့် ပန့်သကူလိုက်ကောက်နေကြသည်။

နေ့ထူးနေ့မြတ်လည်း ဖြစ်သည်မို့ ရက်ကွက်စေတီများ၌ အမျိုးသမီးတို့စုပြီးဝတ်ရွတ်နေကြသံများလည်းကြားရသည်။အိမ်တိုင်လိုလို ဖယောင်းတိုင်းများ

You are reading the story above: TeenFic.Net

#gl