39

Background color
Font
Font size
Line height

ဂျင်ကျေးဇူးနဲ့သူအခု driver ဖြစ်နေရကာ
ဟိုအတွဲရဲ့ စေ့စပ်ပွဲကိုသွားနေရချေပြီ။
အနောက်ခန်းမှာထိုင်ကြတဲ့
ကင်မ်နှစ်ကောင်သားက
အိမ်က အနေအထားနဲ့ ကွဲခြားစွာ
ရယ်ရယ်မောမောဖြစ်နေပြန်တာမို့ သူမကျေနပ်ပါ။

အိမ်မှာတုန်းကလို ထပ်ပြီး အော်ဟစ် ၊ ငိုကြွေးကြရင် ကောင်းမယ်လို တွေးမိပေမယ့် ဂျင်မျက်ရည်ကျလာမှာကိုတော့မလိုလားပါ။

Jk : ဂျင် အရှေ့ခန်းမှာလာထိုင်ပါလား
ကိုယ်ကားမောင်းရတာ အိပ်ငိုက်လာလို!!"

တတွတ်တွတ်ပြောလိုက် ရယ်လိုက်မောဖြစ်နေတာကို အနောက်ကြည့်မှန်ကတဆင့် ကြည့်ရင်း
မနေနိုင်သည့်အဆုံး သူကျန်ဖန်ကာ စကားရှာလေတော့ ။

TH: ငါလာထိုင်ပေးမယ် !!"

Jk: မင်းကဘာလုပ်ဖို့လာမှာလဲ မလာနဲ့ !!

TH: နေသိပ်မကောင်းချင်သေးတဲ့ ဂျင်လေးကိုကြ ဘာလို့အရှေ့ခန်းခေါ်လဲ ?

Jk: ကင်ဆော့ဂျင်က ငါ ယောက်ကျားလေ
ငါယောက်ကျား ငါခေါ်တာ ဘာဖြစ်လဲ?"

TH: ကင်မ်ဆော့ဂျင်က ငါညီဆိုတာကိုရော
မေ့ချင်နေတာလား ?
ငါညီကို ပင်ပန်းအောင်လုပ်တာ ကြည့်မနေနိုင်ဘူး"

တယောက်တခွန်းကနေ များလာတဲါစကားတွေကြောင့် ကြားထဲက စိတ်မရှည်တော့တဲ့ ဆော့ဂျင် ထအော်လာသည်က။

" နှစ်ယောက်လုံးတောါပါတော့ ... ကားကို
ကျတော်ပဲမောင်းတော့မယ်!!"

ဆော့ဂျင်ပြောတုန်းကလည်းပြောလိုက်မိတယ်
သူမှကားမမောင်းတက်ပဲ ၊
ဒါပေမယ့် ကားမောင်းတဲ့နေရာကို ဝင်ယူလိုက်တော့ ချောချောချူချူနဲ့ မောင်းနိုင်သွားတာများ။

တခုတော့ရှိတယ် သူခေါင်းတွေကိုက်လာပြန်ပြီ။

ဂျောင်ကု ထယ်ယောင်းနဲ့အနောက်ခန်းမှာ တူတူထိုင်နေရတာမို့ မျက်မှောင်ကြီးကုတ်လိုနေသည်။
အဖျကိသမားကင်မ်ထယ်ယောင်း
သူသာရောက်မလာရင် သူနဲ့ဆော့ဂျင်စကားတွေအများကြီးပြောလိုရမှာ။

ဖြစ်ပျက်ခဲ့တဲ့အခိုက်အတန်လေးတွေကို
အသေးစိတ်ပြန်ပြောရင်း အနှီးကောင်လေးကို
ရှက်လာတဲ့အထိ သူစနောက်မိတော့မှာ ။

ဒီလိုနဲ့သူတို့နှစ်ယောက်အနေအထားပိုပိုပြီး
နီးစပ်သွားရင်း သူ ခံစားချက်တွေလည်းဖွင့်ဟကြတော့မှာ။

ဒီကောင်လေးကို ဆော့ဂျင်နဲ့တူလိုသဘောကျမိသွားတာလား? ဒီကောင်လေးဖြစ်နေလို သဘောကျသွားတာလား မသဲကွဲပေမယ့်
သူရင်ထဲကတနေရာမှာ
တော့ ထိုအနှီးလူသားရောက်နေပြီဆိုသာ
သူလက်ခံလိုက်ပါပြိ။

ဒီကောင်လေးဘက်ကလည်း
သူအပေါ်စိတ်ရှိနေတာ သေချာပေါက်။
အတူနေမိတဲ့အချိန်တုန်းကလည်း ထိုကောင်လေးဘက်က စတင်လာတာဖြစ်သလို
သူကိုစိတ်မကြွကြွလာအောင် ဒင်းလေးပဲ ထပ်ပြီးမြူဆွယ်ပြန်နေတာ ။

သူတွေးရင်းနဲ့ မျက်နှာက ပြုံးဖီးလာလေတုန်း
ကင်မ်ထယ်ယောင်းရဲ့မျက်နှာကိုမြင်မိသွားလေတော့ မေးငေါ့ပြီးသာ ရန်ထောင်ပြလိုက်မိသည်။

ဒီအချိန်သူဆီဝင်လာတဲ့ ဖုန်းနပါတ်အစိမ်းတခု။

" Yahh ဖုန်းမကိုင်ဘူးလား?"

" ငါဖုန်း ငါဟာငါကိုင်ချင်ကိုင်မယ်
ငါသောက်ကြောင်း !!"

" နားညီးတယ် ခဝေးကောင်ရဲ့ "

ဆော့ဂျင်ရှိနေတာကြောင့် အသံတိတ်ရန်ဖြစ်နေရင်းက ဖုန်းကိုလက်ခံဖြေကြားလိုက်လေတော့
နားထဲကြားလာရသည့်အသံပိုင်ရှင်က။

" ဂျွန်~~ "

________

ညနေစောင်းလောက်မှ resort လေးကိုရောက်လို
သူတို့ခရီးပမ်းနေကြချေပြီ။ အထူးသဖြင့် ကားမောင်းလာခဲ့တဲ့ ဆော့ဂျင် ခရီးဒဏ်ထက်
မူးနောက်လာတဲ့ ခေါင်းကြောင့်
လာကြို နှုတ်ဆက်တဲ့ သူတွေကိုတောင်

ရဲ့ရဲ့လေးသာ ပြုံးပြနိုင်ခဲ့မိသည်။

" ဂျင်လေး အဆင်ပြေရဲ့လား?"

" ပြေပါတယ် ကိုကို
ဂျင် ခေါင်းနည်းနည်းမူးနေလို!!"

" ဟိုကောင်ကိုကားမောင်းခိုင်းရင်ရသားနဲ့
ဂျင်လေးက အစားမောင်းပေးလိုက်ရတော့
ပင်ပန်းပြီပေါ့ ~~ ကဲလာ ကမ်းခြေဘက် ခဏ
လမ်းလျှောက်ကြမလား!!"

လက်လေးဆုပ်ကိုင်ကာ ကမ်းခြေဘက်ဦးတည်သွားတဲ့ နှစ်ယောက်ကြောင့်
ခရီးဆောင်အိတ်တွေနဲ့ ဂျောင်ကုတယောက်တိုင်ပတ်လိုနေသည်။

"ဒါဘယ်သွားနေကြတာလဲ ဒင်းတို့က
ငါက အလုပ်သမားထင်‌ေနတာလား?
ငါကအိတ်တွေလိုက်ကြည့်ပေးနေရအောင် ~ငါကဘာလဲ ~  မသိဘူးကွာ
သယ်ချင်တဲ့သူသယ်ပြီး ပို့ချင်တဲ့နေရာပို့ကွာ~~ "

" Yahhh ဘယ်သွားနေကြတာလဲ
Yahhh !!"

ဂျောင်ကု မနေနိုင်သည့်အဆုံး အနောက်က လိုက်လာခဲ့လေတော့  ဆော့ဂျင်က ဝင်လုဆဲဆဲဖြစ်နေတဲ့ နေလုံးကြီးကိုငေးနေရင်းက သူဘက်လှည့်ကြည့်လာသလို ။

" အားးးး ~~ !!"

ခေါင်းကိုဖိကိုင်ရင်း ညည်းညူလာတော့ ထယ်ယောင်း ခန္ဓာကိုယ်လေးကို ထိန်းကိုင်ထားရင်း စိုးရိမ်တကြီးဖြစ်နေတုန်း
အနားရောက်လာတဲ့ဂျောင်ကု က
ကင်မ်ထယ်ယောင်းကို အပြစ်တင်တော့သည်။

" ပင်ပန်းနေတဲ့သူကို အနားမယူခိုင်းဘဲ
ကမ်းခြေခေါ်လာရတယ်လို မင်းဦးနှောက်ရောရှိသေးရဲ့လား ကင်မ်ထယ်ယောင်း !!"

" ကိုကိုကို့ မအော်ပါနဲ့
ကျတော် ခေါင်းကိုက်တာ ကိုကိုနဲ့မှမဆိုင်တာ "

" မင်းပင်ပန်းနေတယ်လေ အနားယူရ~~ "

" ဘယ်သူပြောလဲ ကျတော်ပင်ပန်းတယ်လို
ဂျီဂျီ ပွဲကိုတက်ဖို့ ကျတော်မှာ
အားတွေအပြည့်ပဲ~~ "

" အားတွေအပြည့်~~ ဟုတ်လိုလား?"

ဂျောင်ကု အဓိပ္ပာယ်တမျိုးပါတဲ့ မေးခွန်းကို
နားမလည်တဲ့ ဆော့ဂျင်က ခေါင်းသာငြိမ့်ပြလိုက်ရင်း ကျတော်ခန္ဓာကိုယ်အကြောင်း ခင်ဗျားကဘယ်လောက်သိလိုလဲဟု ခပ်စွာစွာ ပြန်မေးလိုက်ပေမယ့် သူအနားကပ်ကာ ဂျောင်ကု ပြန်ဖြေလာတဲ့စကားကြောင့် မျက်နှာတခုလုံး သွေးရောင်သမ်းသွားရသည်။

" ဒါဆို ဘာလို့ အရင်အိပ်ပျော်သွားရတာလဲ
ဂျွန်ဆော့ဂျင် ?"

" အာတာ အာတာက~~ "

" ရောက်လာကြပြီလား~~ ကျေးဇူးပါပဲ လာပေးလို!!"

ဂျီမင်းရောက်လာသည်မို့ စကားလှမ်းကြောင်းလွဲသွားကြသလို နောက်မှထပ်ရောက်လာတဲ့
ကင်မ်နမ်ဂျွန်းက လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလာပေမယ့် ဂျွန်ဂျောင်ကုတို့ ချေနေပြန်သည်။

"ဂျွန်~~"

ဒီအချိန်သူတို့အနားထပ်ရောက်လာတဲ့ အမျိုးသမီးတဦး~~

သူတို့အားလုံးသူမရှိရာသို့ အရူရောက်မိသွားလေတော့ ခပ်ပြုံးပြုံးလေးနဲ့သူမက နှုတ်ဆက်စကားပြောလာခဲ့သည်။

" ဟန်နီကဒီresort မှာ မန်နေဂျာလေ
ဂျွန်ရဲ့~~
ဧကန္တဂျွန်တို့က
ဒီကဘော့စ်တို့ စေ့စပ်ပွဲလာတာလား?"

" Wow ဟန်နီနဲ့ ဂျောင်ကုရှီတို့က အသိတွေ့လား?"

" သိရုံတင်ဘယ်ကမလဲ
သိပ်ကိုရင်းနှီးခဲ့ကြတာ ဟုတ်တယ်မလား ဂျွန်"

ဂျီမင်းက ကြားထဲက ဝင်ပြောလာရင်းက
အခြေအနေကိုအကဲခတ်လေတော့
ဆော့ဂျင်တယောက် ပြူးကြောင်ကြောင်လေးနဲ့ကြည်ါနေရှာသည်။

" ဟို'~ နမ်ဂျွန်းရှီ ကျတော်တို့အရင်သွားနှင်ကြမလား~~ ဂျောင်ကုက အသိနဲ့စကားပြောလိုရအောင်လေ~~"


ဆော့ဂျင်လက်ကိုတွဲရင်း ထယ်ယောင်းက
စကားစပြောလာလေတော့ ကျန်တဲ့သူတွေအကုန်လက်ခံလိုက်ရင်း resort ရှိရာသို့ဦးတည်သွားလေတော့~~ ဂျောင်ကုပါ သူမကို ထားကာ
အနောက်ကလိုက်ဖို့ပြင်သည်။

သို့ပေမယ့် သူလက်ကိုဆွဲထားတဲ့သူမက

" ဂျွန်~~ ဟန်နီကို တကယ်ပဲ
အဆက်သွယ်ဖြတ်လိုက်ပြီလားဟင်!!
ဖုန်းတွေလည်းမကိုင် ၊ အတွေ့လည်းမခံ~~ "

" မင်းနဲ့ငါက အရင်ထဲက ပြီးခဲ့ပြီးသားပါ
ဘာကို အခုထိ ဓာတ်ပြားဟောင်း လာဖွင့်ချင်နေရတာလဲ?'

" ဟန်နီဘက်က အဆုံးမသတ်
နိုင်သေးတာ ဂျွန်မသိချင်ဟန်ဆောင်နေတာမလား?
ဂျွန်အာတာကိုသိလား ဟန်နီအခုထိ တယောက်ထဲဆိုတာ
နောက်ပြီး ဂျွန်လည်းအခုထိ '~ "

" ငါက အိမ်ထောင်သည် !!"

" ဟန်နီတို့စခဲ့တဲ့အချိန်ကလည်း
ဂျွန်ကအိမ်ထောင်သည်ပဲဟာ~'
ဘာတွေကွာခြားသွားလိုလဲ~~
ဪ  အခု ဂျွန်ဘေးမှာ
ခင်ပွန်းမဟုတ်တဲ့ အစားထိုးလေးရောက်နေတာကိုလား? 
ဟန်နီသူကိုဂရုမစိုက်ပါဘူး
တကယ်အစစ်တုန်းကတောင် ဂျွန်ကသူအပေါ်စိတ်မရှိခဲ့တာ အတုအယောင်လေးကတော့
ရှိတယ်လိုတောင် ဂျွန်ထင်မှာ မဟုတ်ဘူးမလား!!"

" ဒီမှာ ဟန်နိ~~ "


" ဂျွန်~~~ "


ဒီအချိန်သူတို့အနောက်ဘက်က ကြားလိုက်ရတဲ့ခေါ်သံလေးကြောင့် သူအလန့်ျကြားဖြစ်ကာ
ကြည့်မိလေတော့~~ ဂျင်

ဂျင်ကဘယ်အချိန်ထဲကရောက်နေတာလဲ?

" ဂျင်~~ ဘာ ဘာဖြစ်လို့လဲ? "

" ကျတော်တို့ ကျွန်းကိုသွားမလို

အတာအသိလာပေးတာ!!"

" ခဏလေး မင်းမူးနေ~~
မဟုတ်ဘူး ကိုယ်လိုက်ခဲ့မယ် "

" ဟင်းအင်းး ၊ ဧည့်သည်ရှိနေတာ
စကားပြောလိုက်ပါ~~ ကျတော်တို့သွားပြီးပြန်လာခဲ့မယ်!!!"

သူစကားပြန်ကိုတောင်မစောင့်ဘဲ ထွက်သွားတဲ့ဂျင်ရဲ့ကျောပြင်ကိုကြည့်ပြီး သူတခုခု
ရတက်မအေးသလို ခံစားရသည်မို့ သူလိုက်သွားရန် ဆုံးဖြတ်လိုက်ပေမယ့် သူလက်ကိုဆွဲထားပြန်တဲ့သူမ။

" ဘာဖြစ်ပြန်တာလဲမင်းးး !!!"

" Wow ဂျွန်ဒေါသထွက်နေပါလား
ဧကန္တ ဂျွန်ခင်ပွန်းနဲ့တူတဲ့ ကောင်လေး မျက်နှာမြင်လိုက်ရလိုများလား?

" မင်းးး!!"

" အရင်ဆို ဟန်နီဆီရောက်လာတိုင်း
အာ့ကောင်လေးကြောင့် ဘယ်လိုစိတ်ရှုပ်ရတာ
ခေါင်းကိုက်ရတာတွေ ခဏခဏပြောပြီး
ပေါက်ကွဲတက်တယ်လေ~~
တခါတလေဆို အာ့ကောင်လေးနမညိနဲ့ ညည်းညူးတက်သေးတာ~~
ဟန်နီနဲ့အတူရှိနေပြီးလေ~~ "

" ငါ အရင်တုန်းက ဂျွန်ဂျောင်ကု မဟုတ်တော့ဘူး
သူကလည်း ကင်မ်ဆော့ဂျင်အစစ်လို~~ "

" ဟန်နီ အကုန်သိထားတာမို့ လိမ်ဖို့မကြိုးစားပါနဲ့
ဂျွန်ရယ်~~
ဒါနဲ့လေ ဟန်နီနားမလည်ဘူးသိလား
ကောင်လေးကိုမချစ်ခဲ့ဘဲ ရုပ်‌တူတဲ့ကောင်လေးကိုရှာပြီးအနားမှာခေါ်ထားရတာလဲ
လူတွေသာ ဒီအမှန်တရားကိုသိရင် ဂျွန်ကို~' "

"ဟန်နီ~~ မင်းပါးစပ်ကိုပိတ်လိုက်တော့!!!"

ဂျောင်ကု ဒေါသထွက်လာသည်မို့
လည်ချောင်းရ်ုးထောင်သည်အထိ အော်ဟစ်မိလိုက်လေတုန်း ခပ်သဲ့သဲ့ကြားလာရတဲ့ စကားသံ~~ တဖြေးဖြေး ပိုကြားလာရတဲ့ လူတချို့ရဲ့စကားသံတွေက။

~~ ကျွန်းဘက်သွားတဲ့ မော်တော်ဘုတ်‌မှောက်သွားပြီ~~~

~~ ကယ်ဆယ်ရေး ခေါ်~~
မော်တော်ဘုတ်မှောက်သွားပြီကွ~~

_________ see you next episode 🌧️


You are reading the story above: TeenFic.Net