" ငါ အာ့အတွဲကို ကြည့်လိုကိုမရဘူး
တယောက်က အကြီးတွေ ၊ အငယ်တွေပြောလိုက်
နောက်တယောက်က ညီအကိုလိုပြောလိုက်နဲ့
တကယ်ကို ငတုံးတွေ~~
ငါမသွားနိုင်ဘူး vip မကလို
Vvipအနေနဲ့ဖိတ်ဖိတ် လုံးဝ မသွားနိုင်ဘူး!!"
နမ်ဂျွန်းရဲ့အထင်မှားကာ ပြောလိုက်မိတဲ့
စကားတစုကြောင့် သတိရတိုင်း ပေါက်ကွဲပြနေတဲ့ ဂျောင်ဂုဟာ ဒီနေ့လည်း companyမသွားခင်
အပ်ကြောင်းထပ်နေပြန်သည်။
ဒါကြောင့် ဂျင်မျက်နှာလေးမဲ့လာကာ။
" မသွားပါနဲ့~~ မသွားပါနဲ့
သူဠေးက ခဏခဏ အလိုနေရာမျိုးတွေသွားဖူးနေကြမို့ မသွားရလည်း ဘယ်လိုမှ မနေဘူးလေ "
" မင်းပြောချင်တာက!!"
" ကျတော်ကတော့
သွားမယ်လို !!"
" မသွားရပါဘူး ၊ ငါမသွားသလို မင်းလည်းမသွားရဘူး !!"
" ဟာ အလိုလုပ်လိုမရဘူးလေ !!"
"ဘာလိုမရရမှာလဲ ၊ ငါက မင်းယောက်ကျား
အာတာမို့ မင်းကငါစကားနားထောင်ရမယ်
ကဲ မြန်မြနါ နက်တိုင်စည်းပေး !!"
ဂျောင်ကု သူလက်ထဲက နက်တိုင်ကို ဆူပုတ်နေတဲ့ သူအရှေ့က ကောင်လေးလက်ထဲထည့်ပေးလိုက်တော့ *သူမှ တခါမှမစည်းဘူးတာ*ဟု
နှုတ်ခမ် းတတောင်လောက်ထော်ကာ ပြောလာပေမယ့် စည်းတက်သလိုစည်းဟုသာ ပြောလိုက်မိတော့။
" ဟင် ဒီလိုများလား?"
ခြေဖျားလေးထောက်ကာ မမှီမကမ်းဖြင့်
နက်တိုင်ချည်ပေးနေသူလေးက နက်တိုင်ပေါ်၌သာအာရုံစုနေလိုထင်~~ သူဆိုက်ကြည့်နေမိသည်ကိုပင် သိပုံမပေါ် ။
မျက်လုံးလေးတွေအရောင်တောက်စွာဖြင့်
ကြိုးစားပမ်းစား ချည်ပေးနေရှာသည်။
" အာ ~~ ရပြီ!!"
သူတောင်မချည်တက်သည့်ပုံစံဖြင့် ချည်ပေးလာရင်း သဘောတကျရယ်လာတဲ့ကောင်လေးကို
ကြည့်ရင်း ကြည့်ရင်းက စိတ်တွေမထိန်းနိုင်တော့လို လက်မှစောင့်ဆွဲကာ အနားသို့ ဆွဲကပ်လိုက်လေတော့။
" ဘာ ဘာဖြစ်လိုလဲ!!"
အတုန်တုန်အရီရီလေးနဲ့မေးလာလို ဟသွားတဲ့နှုတ်ခမ်းဖူးလေးကို သူတဖက်သတ်ဆန်စွာ နမ်းရှိုက်မိလေတော့ တကိုယ်လုံးတုန်တက်သွားတာများ။
ခါးလေးကို ဆွဲပွေ့ရင်း ခန္ဓာကိုယ်ခြင်းနီးကပ်စေကာ ရင်ခုန်သံေတွကို နှလုံးသားခြင်း နားထောင်စေတော့ ကောင်လေးက အတင်းရုန်းလာသည်။
ဒါကြောင့် နှုတ်ခမ်းခြင်းဖယ်ခွာသွားရပေမယ့်
ခါးလေးကို တင်းကြပ်စွာဖက်ထားကာ
ပန်းသွေးရောင်သမ်းနေတဲ့မျက်နှာလေးကို ကျန်လက်တဖက်ဖြင့် ဆွဲမော့လိုက်သည်။
" မင်းလိမ်နေခဲ့တာမလား~~ မင်းက
ကင်မ်ဆော့ဂျင်မလား!! ဟုတ်တယ်မလား
မင်းကိုယ့်ကိုအရူးလုပ်နေတာမလား !!!"
"......."
" ကိုယ်မျက်လုံးကိုကြည့် !!"
မျက်တောင်ကိုပုတ်ခတ် ၊ ပုတ်ခတ်လုပ်ရင်း
အကြည့်ခြင်းမဆုံစေတဲ့ ကောင်လေးကြောင့်
မျက်နှာလေးကို ခပ်ဖွဖွဆွဲလှည့် ရင်း
ခိုင်းစေမိတော့။
" ဒီနှုတ်ခမ်းတွေ ၊ ဒီအထိအတွေက
မှားစရာ အကြောင်းမရှိဘူးမလား~~
မင်းက ကင်မါဆော့ဂျင်မလား!!!"
" သူဠေးးး~~~ "
" ဂျွန်လိုပဲခေါ်~~
မင်းခေါ်နေကြအတိုင်းပဲခေါ်လို
မဟုတ်ရင် နောက်တခေါက်ဆွဲနမ်းပြစ်မှာနော်
ဂျွန်ဆော့ဂျင်!!!"
ခန္ဓာကိုယ်လေးကိုဆွဲယမ်းကာ ပြောမိလိုက်လေတော့ သူကိုပြန်ဆိုက်ကြည့်လာတဲ့မျက်ဝန်းတွေနဲ့အတူ နှုတ်ခမ်းက ဖွင့်ဟလာသည့် စကားလုံးတွေက။
" ဒဏ်ကြေးတောင်းတော့မှာ!!"
"ဘယ်လို?"
" အခုချိန်ကစပြီး ကျတော်အသားကိုထိရင်
ဒဏ်ကြေးတောင်းတော့မှာမို့ လွှတ်ပေးလိုက်
ကျတော်နဲ့ခင်ဗျား သဘောတူထားတဲ့အထဲ
ဒီလိုအနေအထားတွေထိ မပါထားဘူး
အရင်တခေါက်တွေက ကျတော်~~ ကျတော်ဘက်ကပါ~~ အဟမ်း~~
နည်းနည်းစိတ်လွှတ်မိသွားလို
ကိစ္စမရှိတော့ပေမယ့် ထပ်ပြီးတော့ မရဘူး
ဂျွန်ဂျောင်ကုရှီ!!
ခင်ဗျားယောက်ကျားကို သတိရတိုင်းသာ
ကျတော်ကို လာနမ်းမယ်ဆို ကျတော်ဘဝကြီးက
ရုပ်ကသာ
သူကိုကြောက်နေသလိုဟန်ပြနေပေမယ့် နှုတ်က
မပွင့်တပွင့်
ပြောလာသည့်စကားတွေကတော့ သူကို ခြိမ်းခြောက် နေသည့်စကားတွေချည်းသာ။
" ဒါဆို ကျတော်စကားကို သဘောပေါက်တယ်လို မှတ် ပြီမို့ သွားလိုက်ပါအုန်းမယ် "
ပြောချင်ရာပြောပြီး အခန်းထဲက ရှောင်ပြေးဖို့ကြံနေတဲ့ ကောင်လေးကြောင့် အကျီစကိုပြန်စောင့်ဆွဲထားကာ။
" အကယ်၍ ငါက မင်းလက်တွေေရာ၊
ခြေတွေပါ တုတ်ပြီး ကုတင်ပေါ်တင်လိုက်မယ်ဆို ဒဏ်ကြေးက
ဘယ်လောက်လဲ!!"
_________________ see you next episode
Daily update ဖြစ်ချင်လို တိုတိုနဲ့မြန်မြန်ပဲ အပ်လိုက်ပြီရော
Feedback.....👀👀
You are reading the story above: TeenFic.Net