အောက်ထပ်မှာ သန့်ရှင်းရေးသမားတွေရောက်နေသောကြောင့် အပေါ်ထပ်က ဧည်ခန့်သဖွယ်လုပ်ထားသည့်နေရာလေးမှာ သူတို့နံနက်စာစားဖြစ်ခဲ့ကြသည်။
ဒေါ်ကြီးလုပ်ပေးတဲ့မုန့်တွေက အကုန်လံုးလိုလို အရသာရှိလွန်းတာမို့ သူအားရပါးရ
စားသောက်ခဲ့လိုက်သည်။
"အာလောက်တောင် အရသာရှိလား!!"
"အွန်းး ဒေါ်ကြီးး မုန့်တွေကရှယ်ပဲ !!
အဘွားလုပ်ပေးထားတက်ပိုကောင်းတယ်!!
အာတာကြောင့် ကျတော်အခုလို~~ အဟွတ်~~အဟွတ်~~"
ပါးစပ်ထဲမုန့်အပြည့်နဲ့ စကားပြောနေတုန်း
သူကိုစူးစူးဆိုက်ဆိုက်ကြည့်နေတဲ့ သူဠေးကြောင့် စားလက်စ မုန့်ပင်သီးသွားရတော့သည်။
"မင်းမုန့်တွေ ဘယ်သူမှလုမစားမှာမို့
ဖြေးဖြေးခြင်းစားးး!!!"
ရေခွက်လေးကမ်းပေးလာတဲ့ သူဠေးရဲ့စကားကြောင့် ရှက်ရှက်နဲ့မျက်လုံးတွေမှိတ်သွားမ
တက်ပြုံးပြရင်း ရေခွက်ကို လှမ်းယူလိုက်သည်။
ဂျန်းဂျင်ဝူရေ
မင်းကိုတော့ သူဠေးက အစားပုတ်လို
ထင်သွားပြန်ပြီ။
"ဒေါ်ကြီး ဒါဆို ကျတော်တို့သွားလိုက်အုန်းမယ်"
သူဝတ်ထားတဲ့ pajamas အပေါ်က ကုတ်အရှည်တထည်သာ ထပ်ဝတ်လာစေတဲ့ သူဠေးက သူကိုခေါ်ပြီး အပြင်သွားဖို့လုပ်နေတာကြောင့် ဒေါ်ကြီးကို နှုတ်ဆက်ပြီး အနောက်ကလိုက်ခဲ့ရသည်။
"ဟို သူဠေး ဘယ် သွား ဖို့လဲ ?"
သူကို ကားတံခါးဖွင့်ပေးတဲ့သူဠေးကို မအူမလည်ဖြင့်မေးမိတော့ သူဝတ်ထားသည့်အကျီကို မေးငေါ့ပြသည်။
"ဒီလို ပုံစံနဲ့ အမြဲနေမလိုလား?
ကဲတက် အကျီဝယ်ဖို့သွားရအောင်!!"
"ဪ !!အကျီဝယ်ဖို့လား !!'
သူခေါင်းတငြိမိ့ငြိမ့်ဖြင့် ရှည်နေတဲ့ ဘောင်းဘီစကို မ,ကာ ကားပေါ်တက်လိုက်သည်။
ကားစမောင်းလာသည့် တလျှောက်လုံး သူ
မမြင်ဘူးသည့် ပတ်ဝန်းကျင်အနေအထားတွေကို အံဩတကြီးလိုက်ကြည့်နေမိသလို ပါးစပ်ကလည်း အသံပေါင်းစုံထွက်လာမိတော့သည်။
"ဝါးးး အာ့တိုက်ကအမြင့်ကြီးပဲ
ဘယ်နထပ်တောင်လည်း ရေလိုတောင်မရဘူး!!"
"ဝါးး နှစ်ထပ်ဘတ်စ်ကားး
မိုက်လိုက်တာ!!
ဟိုစားသောက်ဆိုင်ကိုကြည့်ပါအုန်း လုံးဝ
အလန်းပဲ
အိမ်ခေါင်းမိုးက အောက်ရောက်နေတာ ဟားဟားးး !!"
လက်ညိုးတထိုးထိုးဖြင့် တယောက်ထဲ ပြောနေရတာအားမရလို သူဘက်လှည်ါပြီး ပြောလာပြန်တဲ့ ဂျင် ။
သူဘာမှမပြောဘဲ လှည့်ကြည့်မိလိုက်တော့
ရယ်နေတာတွေတန့်သွားကာ ကားမှန်ထဲ ခေါင်းဝင်မတက်ဖြစ်နေတဲ့ အနေအထားကိုပြင်ပြီး ထိုင်ခုံပေါ်မှာ သေချာထိုင်လာခဲ့သည်။
"တောင်းပန်ပါတယ်!!"
"ဘာအတွက်လဲ?"
"နားညီးအောင်လုပ်မိလို!!"
ခါးပတ်ကြိုးလေးကို ဆုပ်ကိုင်ရင်း ကျန်လက်တဖက်
ကားလော့ချသည်ခလုတ်ကို ဖွင့်လိုက်ပိတ်လုပ်နေပြန်တာကြောင့်
သူလော့ခလုတ်ကိုနိုပ်ချလိုက်ကာ။
"ရောက်ခါနီးပြီမို့ ငြိမ်ငြိမ်လေးနေ!!"
သူလေသံမာသွားလိုထင် အကျီဆိုင်ထဲဝင်လာသည်တိုင် မျက်နှာငယ်လေးနဲ့ ကုတ်ကုတ်
လေးလိုက်လာတာမို့။
"ဂျင် မင်းသဘောကျတဲ့ အကျီ ရွေး!!"
"ဗျာ!!"
မျက်နှာထက် ဝဲကျနေသည် ဆံပင်လေးတွေသပ်ချနေတဲ့ ဂျင်ဟာ မျက်နှာသစ်ခဲ့ရုံကလွဲရင် ဘာမှ လိမ်းဖီးထားခြင်းမရှိပေမယ့်
ကြည်လင်နေတဲ့ မျက်နှာလေးနဲ့ ခပ်ရဲရဲဖြစ်နေတဲ့နှုတ်ခမ်းဖူးဖူးလေးရှိနေခြင်းက
သူစကားကြောင့် ဘေးကအကျီတွေကိုလိုက်ကြည့်နေတဲ့ ဂျင်ဟာ မျက်လုံးလေးပြူးသွားလို အကြောင်းအရင်းကိုမေးမိတော့
ဈေးအရမ်းများတယ်တဲ့လေ။
"ဂျင် ငါကဘယ်သူလဲ မသိဘူးလား?"
"ကင်မ်ဆော့ဂျင် ခင်ပွန်းး
မ မဟုတ်ဘူး ကျတော် ခင်ပွန်း !!"
"အာတာမှန်သလို hight hope group
ရဲ့ သူဠေး !!
သူစကားကြောင့် ဇက်လေးပွတ်လာတဲ့
ဂျင်က ခေါင်းလေးငြိမ့်ပြလာသလို
"အာ့ ဟုတ် ဟုတ်ကဲ့!!"
"ဒီဆိုင်ကပဲ မင်းအတွက် လိုတာမှန်သမျှ
ဝယ်မှာမို့ ၊ ဈေးနှုန်းကဒ်ပြား လိုက်မကြည့်ဘဲ
ကြိုက်တာပဲရွေးခဲ့!!"
ဂျင်ကို ထိုနေရာမှာရွေးစေရင်း suitတွေရှိသည့် နေရာဘက်သို့သူထွက်လာလိုက်သည်။
အရောင်အသွေးအစုံအလင်ရှိသည့် ကုတ်လေးတေွကို သူလိုက်ကြည့်အပြီး ဝတ်စုံလေး တစုံအရှေ့ သူခြေလှမ်းတွေ ရပ်တန့်သွားသည်။
"မဂ်လာပါရှင့်
မဂ်လာဝတ်စုံရွေးမလိုလားရှင့်?"
ဝန်ထမ်းကောင်မလေးရဲ့စကားကြားမှ
သူကြည့်နေတာ မဂ်လာဝတ်စုံလေးမှန်းသိသွားမိလို အနောက်မှာ ကျန်ခဲ့တဲ့ ဂျင်ဘက်ကိုလှည့်ကြည့်မိသည်။
ဒင်းက မျက်မှန်တွေတလက်ပြီး
တလက်ကောက်တက်ရင်း မှန်အရှေ့မှာ ပိုစ့်တွေအမျိုးမျိုးပေးနေတာ။
သူကိုတောင် အာရုံထဲမရှိဘူး။
"ရွေးလိုပြိးပြိလား?"
"ဗျာ!!!"
သူကိုမြင်မှ အလန့်တကြားဖြစ်သွားပုံရတဲ့
ဆော့ဂျင်ဟာ တပ်ထားတဲ့ မျက်မှန်ကိုအလျင်အမြန်ချွတ်လာခဲ့သလို
နောက်ပြန်ဆောင်းထားတဲ့ ဦးထုပ်လေးကိုလည်း ချွတ်လာခဲ့သည်။
"ရွေး ရွေးပြီးပါပြီ!!"
Short pants သုံးလေးထည်နဲ့ ကာတွန်းရုပ်ပါတဲ့ တီရှပ်နှစ်ထည် ကို ကိုင်ပြလာသည်ကို
မို့သေချာကြည့်လိုက်ပြီး။
"Short pants ဝတ်မလိုလား?"
"အင်းးး "
ခေါင်းကိုတဆက်ဆက်ငြိမိ့ပြလာတာမို့
ထိုထဲက တစ်စုံကိုသွားလဲခိုင်းလိုက်မိသည်။
မကြာပါ ပန်ဒါပုံပါ တီရှပ်လေးနဲ့
ဒူးအထက်ရောက်နေသည့် ဘောင်းဘီလေးဝတ်ကာ ထွက်လာတဲ့ ဂျင်။
"ဘောင်းဘီက အရမ်းတိုနေတယ်မထင်ဘူးလား!!"
သူအမေးကို ပဲများချင်နေတဲ့
ဂျင်က မကြား ၊ကိုယ်လုံးပေါ် မှန်အရှေ့ပြေးသွားရင်း သဘောတကျကြည့်နေတော့တာ။
ထိုအပြုအမူကြောင့် စိတ်ထဲ ထောင်းခနဲဖြစ်သွားမိလို ရွေးထားတဲ့ Short pants မှန်သမျှ
ထားပြစ်လိုက်သည်။
သူကိုလစ်လျူရူတဲ့ ဒင်းကို ပြန်ကလဲ့စားချေရမယ်။ သူအတွေးမဆုံးသေး မှန်အရှေ့က
ကိုယ်တော်ချောဆီကမသဲမကွဲ စကားအချို့ကြားလိုက်ရလို။
"ဘာလဲ!!"
မကျေမခြမ်းဖြင့်သူပြန်ဖြေမိပေမယ့် ခြေလှမ်းတွေက ထိုကောင်လေးအနား ရောက်သွားမိသည်။
"ဘာလဲလို့!!"
"Yahh ဒီ အကျီလေးက ချစ်ဖို့မကောင်းဘူးလား တကယ်ကို ချစ်စရာလေး!!"
သိုးအရုပ်လေးပါသည့် တီရှပ်လေးကို ကိုင်ရင်း ခုန်ဆွခုန်ဆွဖြစ်နေတဲ့
ဂျင်က သူကိုမကြည့်ဘဲ လှန်းရိုက်လာသည်။
"ဟင် !! သူဠေးး!"
သူကိုရိုက်ပြီးမှ လန့်သွားပုံရတဲ့ဂျင်ကို
"တောင်းပန်ပါတယ်~~ သူဠေးကို
သူငယ်ချင်းအထင်နဲ့~~ !!
ကျတော် အကျီသွားလဲလိုက်တော့မယ်နော်!!"
" ဒီအကျီနဲ့ လဲလာခဲ့!!"
သိုးရုပ်ပုံပါသည့်အကျီလေးကို သူကိုင်ရင်းပြောတော့ မျက်လုံးအရောင်တောက်သွားတဲ့ကောင်းလေးဟာ အတော်ကိုပျော်ရွှင်သွားပုံ။
ဒီအပြုံးလေးကို ကြည့်ရင်း သူပါလိုက်ပြုံးမိသလို ခုနက စိတ်ပေါက်ပေါက်နဲ့ ထားရစ်ခဲ့မိတဲ့ short pants လေးတွေကို ငွေရှင်းကောင်တာပေါ်တင်ပေးလိုက်သလို။
"ဒီ အရုပ်ပုံပါတဲ့ တီရှပ်တွေရော ၊ hoodie တွေရော
အရောင်စုံလည်းထည့်ပေးပါ!!"
"အရောင်စုံ?"
"အင်းး ၊ပြီးတော့ ဒီမျက်မှန်နဲ့ ဦးထုပ်လေးရော ၊
"ကောင်လေးတော့ သဘောကျနေတော့မှာပဲ!!"
သူအမှာစာကိုလက်ခံနေသည်အရောင်းဝန်ထမ်းကောင်မလေးက အားကျသည့်ဟန်လေးဖြင့်ပြောလာလေတော့။
"ကောင်လေးမဟုတ်ပါဘူး !!"
"အာ့ တောင်းပန်~~
"ခင်ပွန်းပါ ကျတော်ခင်ပွန်း !!"
Black cardsလေးကို ထုတ်ပေးရင်း
ထိုစကားကိုသူကိုသူတောင်မသိဘဲ ပြောမိလိုက်ချိန် သူကိုယ်သူ ဂုဏ်ယူမိနေသယောင်
ခံစားနေမိသည်။
---------------
"ဂျင် စားလေ!!"
ဝယ်စရာရှိတာတွေဝယ်အပြီး နေလည်စာစားချိန်သို့ ရောက်လာလေတော့ အနားမှာရှိတဲ့
နမည်ကြီးစားသောက်ချိန်တဆိုင်မှာ ဝင်စားဖြစ်ခဲ့ကြသည်။
ဟင်းပွဲတချို့အရှေ့သို့ရောက်လာပေမယ့်
အခုထိ တစက်မထိသေးတဲ့ ဂျင်ကို သူစားဖို့ထုတ်ပြောလာရတော့သည်။
"ဟို သူဠေးး
ဒီစားသောက်ဆိုင်က ထူးခြားတယ်နော်!!"
"ဘာလို့လဲ?"
"နှစ်ယောက်ထဲစားတာကို
အခန်းကအရမ်းကျယ်လွန်းနေတယ်
~~ ပြီးတော့ ဘာမီနူးကဒ်မှလည်း လာမချပေးဘူးနော် !!"
" Vvip roomမို့ မီနူးက ကိုယ်စိတ်ကြိုက်မှာလိုရတယ်!!"
"ဪ!!!!!"
သူစကားအဆူံး အသံရှည်စွဲကာ ဖြေလာတဲ့
ကောင်လေးက အခုထိ အခန်းအနေအထားကို ကြည့်လိုမဝသေးပုံ။
"အရင်က ကျတော်တို့ဒီကို ခဏခဏ
လာဖူးတယ်ထင်တယ် ဟုတ်လား ဟင်?
အိမ်ပြန်ပြီးတောင် ညစာ အတူမစားခဲ့ဖူးတဲ့သူ
ဂျင်ရဲ့စကားကို ဘာမှ အဖြေမပေးနိုင်ခဲ့ပါ။
"မဟုတ်ဘူးလား?
ဒါဆို ဟို အစ်မ တယောက် ဘာလို့ ကြည့်နေ
ပါလိမ့်?"
"ဘယ်အစ်မလဲ?
"ခုနက အခန်းထဲမဝင်ခင် သူဠေး ဝိတ်တာ
ကောင်လေးနဲ့စကားပြောနေတုန်း အစ်မတယောက်က ကျတော်ကို သိနေတဲ့ပုံစံနဲ့ကြည့်နေခဲ့တာ ~~ အာတာကြောင့် ပြုံးပြမိလိုက်သေးတယ်!!"
သူစကားအဆုံး အတွေးများသွားပုံရတဲ့
သူဠေးကို ကြောင်တောင်တောင်လေးဖြင့်သာ
ပြန်ကြည့်နေတုန်း ပင်လယ်စာ ဟင်းချိုပွဲကြီးက ရောက်လာခဲ့သည်။
"ဝါးးးး ပုစွန်အကြီးကြီးးး !!"
ဝိတ်တာတွေရှိနေသေးသည်ကိုပင်မေ့ပြီး
ပုစွန်ဘယ်လောက်ကြီးကြောင်း ထအော်မိပြီးမှ လေသံကိုထိန်းလိုက်ရသည်။
"အဟမ်းးး ကျတော်ကမ်းခြေဘက်မှာနေဖူး
ပေမယ့် ဒီလောက်ကြီးတာ မမြင်ဘူးလိုပါ အဟမ်း!!"
အားရပါးရစားသောက်လာတဲ့ ကောင်လေးက
သူရှိနေသည်ကိုပင် မေ့သွားပုံရသည်။
ထိုကောင်လေးက ဆော့ဂျင်ဖြစ်ခဲ့လျှင်
အတိတ်ကကိစ္စတွေကိုမေ့ကာ တစ်ကစပြီးသူပြန်လည်စတင်ချင်မိသည်။
မနက်တခင်းလုံးကို အဝတ်အစားနှင့်
လိုအပ်သည့် ပစ္စည်းများကို ရွေးအပြီးေတာါ့ ညနေခင်းတွင် အိမ်သုံးပစ္စည်းတွေအစုံအလင်ရနိုင်သည် mall တခုသို့ ဂျင်ကို
ခေါ်လာခဲ့လိုက်သည်။
"ဆော့ဂျင်!!"
"ဗျာ ဗျ!!"
"
အိမ်သုံးပစ္စည်းတချို့က အကြောင်းအမျိုးမျိုးကြောင့် မရှိတော့လို အသစ်ဝယ်မှရမယ်
ဒါကြောင့် မင်းက ကြိုက်တာရွေး !!"
"အိမ်သုံးပစွည်းဆိုတာ ဘယ်ဟာမျိုးကို!!"
"မင်း စိတ်ထဲရှိတာအကုန်ဝယ်ရအောင်!!"
"အာတာက ကျေတာ်သိပ်မသိဘူးရယ်
အဒေါ်ကြီးကို ဝယ်ခိုင်းတာက ပိုအဆင်ပြေ!!
"ဟင်အင်းး မင်းပဲရွေး!!"
"ဒါ ဒါဆို သွားပွတ်တံ!!!
မနက်က ကျတော်သူများဟာနဲ့ သွားတိုက်ခဲ့ရလို!!
အိမ်သုံးပစွည်း သွားပွတ်တံ ဝယ်ရမယ်
သွားပွတ်တံကိုဉီးစွာပြောလာတဲ့သူစကားကြောင့် သူဠေးက ပြုံးရယ်လာခဲ့သည်။
သူဠေးဆီက ပထမဆုံး မြင်ဖူးခဲ့တဲ့
အပြုံးကြောင့် သူငေးခနဲဖြစ်သွားမိပေမယ့်
ခေါင်းထဲတိုးဝင်လာသည့် အကြောင်းအရာတခုကြောင့် ။
~~ ကိုယ်တို့လက်ထက်ရအောင်~~
~~ မင်းအစ်ကိုနဲ့ ကိုယ်တွေ့ချင်တယ်~~
"ဂျင် ဘာဖြစ်လို့လဲ!! အဆင်ပြေရဲ့လား?
ထိုးကိုက်လာတဲ့ ခေါင်းတွေကို ဖိကိုင်ရင်း
*အဆင်ပြေပါတယ်*လို
ဟန်ဆောင်ကာ ပြုံးပြခဲ့ပေမယ့် သူမျက်နှာမှာ ချွေးစီးတွေကြောင့် လိမ်လိုမရခဲ့။
"မင်းခေါင်းမူးနေပြန်တာပဲ!
ရွေးစရာတွေ နောက်မှရွေးတော့ အခု အိမ်ပြန်ရအောင်!!"
သူကိုယ်ကိုတွဲရင်း ကားပါကင်ကိုထွက်လာခဲ့သူဠေးနဲ့သူကို လူတယောက်က ဓာတ်ပုံခိုးရိုက်လိုက်တာကိုသူ မြင်ပေမယ့် ခေါင်းမူးနေတာကြောင့် သူဠေးကိုမပြောပြမိလိုက်ပါ။
~~ ကင်မ်ဆော့ဂျင်မှာ အစ်ကို ရှိနေခဲ့တာလား?~~
~~~~~~~see you next episode ❤️
30.10.20
မနေ့က ညကအပ်ပေးဖို့ပါပဲ
တညနေလုံး စိတ်အခြေအနေမကောင်းလို။
သူတကယ် ဟန်ဆောင်ကောင်းတယ် 🤧
You are reading the story above: TeenFic.Net