အုံ့မှိုင်းနေတဲ့ရာသီဉတုကြောင့် နဂိုကမကြည်မလင်ဖြစ်နေတဲ့စိတ်ကိုပိုမိုနောက်ကျိစေသည်။
စိတ်ရှိတိုင်းသာဆို အိပ်ယာပေါ်လဲနေလိုက်ချင်ပေမယ့် အလုပ်ကိစ္စရှိသေးတာကြောင့်
ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်လိုက်သည်။
မနေ့ညထဲကမကြည့်ရသေးတဲ့ ဖိုင်တွဲလေးကို
ကိုင်ရင်းအောက်ဆင်းလာတော့ ဒေါ်ကြီးက
မနက်စာအသင့်ဖြစ်ကြောင်းပြောလာလေသည်။
"ကျတော် လမ်းမှာပဲစားလိုက်တော့မယ်
ဒေါ်ကြီး!!
"အခုတလောညလည်းမအိပ်ဘူးမလား
မနေ့ညက တညလုံးမီးဖွင့်ထားတာ ဒေါ်ကြီးတွေ့တယ် "
သူဘာမှပြန်မဖြေမိပါ ။
အလုပ်ကိစ္စတွေရှိပါလျက်ထိုထဲအာရုံနစ်လိုမရဘဲ အတွေးတချို့ကပေါ်ပေါ်လာသည်။
ထိုအတွေးတွေကပဲ
သူ့အိပ်ရေးတွေကိုယူဆောင်သွားကြသည်။
"အခုတလော ညစာလည်းမစား ၊ မနက်စာလည်းမစားနဲ့ရောဂါဖြစ်လိမ့်မယ် ၊ ဒါလေးမဆိုစားသွားပါအုန်း ဂျောင်ကုလေးရယ်"
ပါမုန့်နှင့်နွားနို့ဗူးလေးကို လက်ထဲအတင်းထည့်ပေးလာတာမို့ မစားဖြစ်မှာသိပေမယ့် ယူလိုက်ကာ အိမ်အပြင်ထွက်ရန်ပြင်ချိန်။
ဧည်ခန်းထက်က ပန်းချီကားဆီအာရုံရောက်သွားမိသည်။
"ဒေါ်ကြီး ဒီပန်းချီကားက ဘာလို့ ဒီရောက်နေရတာလဲ?
"ဂျောင်ကုလေးတို့ မဂ်လာဓာတ်ပုံကို
ဆော့ဂျင်လေးတို့အကိုက ဖြုတ်ယူသွားပြီလေ အာတာကြောင့် ဂိုထောင်ထဲက အဆင်ပြေမယ့် ပန်းချီကားလေး ထုတ်ချိတ်ထားတာ ~~ ဂျောင်ကုလေး မကြိုက်လိုလား!!"
သူခေါင်းသာခါပြမိရင်း ကားရှိရာသို့ထွက်လာစဉ် ထိုဧည်ခန်းထက်မှာ နေရာယူခဲ့ဖူးသော ဓာတ်ပုံလေးကို ပြန်မြင်ယောင်လာသည်။
ဆော့ဂျင်နှင့် ပတ်သတ်သည့်အရာမှန်သမျှကို ထယ်ယောင်းသိမ်းဆည်းသွားခဲ့ပေမယ့်
သူထံ၌ဘယ်လိုမှသိမ်းဆည်းလိုမရခဲ့တဲ့အရာတွေကျန်ရှိနေခဲ့သေးပါသည်။
လူတယောက်မရှိတော့မှ သူရဲ့အပြုအမူတွေ
လုပ်ရပ်တွေ ၊အပြောအဆိုတွေနဲ့
သူရဲ့ကောင်းခြင်းတွေကို ပြန်တမ်းတမိတာ၊ မြင်ယောင်လာမိခဲ့တာက
သတိရခြင်းများလား?
ဒါမှမဟုတ် နောင်တတွေများလား?
ဆော့ဂျင်ပျောက်ဆုံးသည့်ဟုသာ မှတ်ယူထားသည်ဆိုသော
ထယ်ယောင်းဆီက သတင်းတွေ အမြဲမျှော်နေခဲ့ပေမယ့် အခုဆို ထယ်ယောင်းက
လက်လျော့သွားလေပြီ။
ဆော့ဂျင်အတွက်အထိမ်းအမှတ်နေရာလေး
ဖန်တီးပေးလာခဲ့သလို နှလုံးအားနည်းသည့်
ခင်ပွန်းဖြစ်သူ ဟိုဆော့အား ဆေးကုသမူခံယူရန် နိုင်ငံခြားသို့ထွက်သွားလိုက်လေပြီ။
၆လ ~~ ယခုဆို ၆လဟုသော
သို့ပေမယ့် သူအာရုံထဲ အသိထဲ
အမြဲလိုလိုဝင်လာဆဲ ၊ တွေးမိနေဆဲ ပင်။
"သူဠေး ဟိုအရှေ့ဆို ရောက်ပါပြီ!!'
အတွင်းရေးမှူးလီ၏ စကားသံကြားခါမှ
သူ seosanက အပန်းဖြေအိမ်ရာ စီမံကိန်းမြေ
နေရာကို သွားကြည့်နေကြောင်း သတိရသွားသည်။
"ဪအင်းး ၊ ငါဒီနားကပဲ
လမ်း ဆင်းလိုက်တော့မယ်!!"
လွှင့်နေတဲ့စိတ်တွေကိုစုစည်းရင်း လက်ထဲ ဖိုင်တွဲလေးကိုင်ကာ ကားပေါ်ကဆင်းလာခဲ့တော့ပင်လယ်ဘက်က လေနုအေးလေးတွေက သူကိုဆီးကြိုလာသည်။
ကုန်းတက်လေးဖြစ်သည့်လမ်းလေးအတိုင်းတက်လာချိန် ရာသီဉတုက အုံမှိုင်နေဆဲကနေ
မိုးဖွဲလေးတွေပင်ကျလာခဲ့သည်။
ဒါကြောင့် စိတ်ရှုပ်စွာဖြင့် စုပ်သပ်မိရင်း
စိမံကိန်းနေရာက ယာယီတဲလေးဆီ
သို့ခပ်မြန်မြန်ေလးပြေးသွားလိုက်ရသည်။
"တောင်းပန်ပါတယ် သူဠေး
ကျတော် ထီးရှာတာကြာသွားတယ်!"
အနောက်မှပြေးလိုက်လာပြီး
သူအကျီမှာကပ်နေတဲ့ မိုးစက်တွေကိုခါပေးလာတဲ့ အတွင်းရေးမှူးလီကြောင့်။
"ရတယ် အတွင်းရေးမှူးလီ
အလုပ်ကိစ္စပဲဆက်ပြောရအောင်!!"
ထိုယာယီတဲလေးမှာ ထိုင်ပြီးမြေနေရာကိစ္စဆွေးနွေးနေရင်းက မိုးစဲသွားသည်မို့ ထိုနေရာမှ ထွက်ကာ တိုးချဲ့မည့် မြေနေရာကို လိုက်ကြည့်မိတော့သည်။
"အာ့တော့ ကန့်ကွက်သူတွေက
ဆိုင်ခန်းပိုင်ရှင်တွေပေါ့ !!"
"မဟုတ်ပါဘူး ပိုင်ရှင်တွေဆီကကျတော်တို့ဝယ်ပြီးပါပြီ ၊အခုက ငှားရမ်းထားတဲ့သူတွေက ပြသာနာလုပ်နေကြတာပါ
သူတို့ငှားရမ်းထားတဲ့အချိန်မပြည့်သေးဘဲ
ဖယ်ခိုင်းတယ်ဆိုပြီး ပိုင်ရှင်တွေဆီမသောင်းကျန်းဘဲ ကျတော်တို့ကို လာမဲနေတာပါ
အာ့ထဲအဆိုးဆုံးက ဂန်းမီလန်း ဆိုတဲ့အဘွား
အာ့နေရာက သူ့အပိုင်လိုပြောပေမယ့်
ဘာအထောက်အထားမှမရှိပြန်ဘူး
ဒါကြောင့်ဖယ်ခိုင်းတော့ သူအိမ်ကိုအတင်းလုပါတယ်ဆိုပြီး သောင်းကျန်းတာဗျာ~~လုံးဝပွဲ~~ လူကြီးသူမကို hight hope group ကလူတွေက ရိုင်းရိုင်းဆိုင်းဆိုင်းပြုမူပါတယ်ဆိုပြီး~~"
သူထက်အရပ်ပုတဲ့
အတွင်းရေးမှူးလီက သူကိုထီးဆောင်းပေးရတာ အခက်အခဲဖြစ်နေတာမို့ သူသာယူဆောင်းလိုက်ရင်း။
"အာ့တော့ ဒီဆိုင်ခန်းနေရာတွေက တိုးချဲ
ကားပါကင် အတွက် သီးသန့်ပေါ့ !!"
အတွင်းရေးမှူးလီကိုသူသိချင်သမျှမေးမြန်းနေတုန်း နှာခေါင်းထဲတိုးဝင်လာတဲ့ အရသာရှိမယ့် ရနံ့လေး။
ဒီရနံ့လေးကြောင့် နံနက်စာမစားခဲ့တဲ့
ဗိုက်ကအသံပြုလာသည်။
"အဟမ်း ဒါဆို ကားပါကင်~~"
"သူဠေး !"
"ဘာလဲ!!
"သူဠေး
နောက်ဆုံးတော့ သူအာရုံတွေလွှင့်နေခြင်းက
ဗိုက်ဆာနေခြင်းကြောင့်ဖြစ်မည်ဟု ယူဆကာ အနီးအနားက စားသောက်ဆိုင်လေးတဆိုင်သို့ဝင်လာခဲ့ကြသညါ။
ပင်လယ်နှင့်နီးသည်မို့ လတ်ဆတ်လှသည့်
ပင်လယ်စာဟင်းချိုကိုမှာလိုက်ရင်း တခြားအရံဟင်းတွေကိုသူရွေးနေတုန်း အတွင်းရေးမှူးလီက ဆိုင်ရှင်အဒေါ်ကြီးကို
သူနဲ့မိတ်ဆက်ပေးလာသည်။
"တကယ်ပဲ ဟဲဟိုး ပိုင်ရှင် သူဠေး?"
"ဟဲဟိုး မဟုတ်ပါဘူး ဒေါ်ကြီးရဲ့
ဟိုက်ဟုတ်
(Hight hope )"
"အာ့ မောင်ရင်ပြောတဲ့နမည်ရဲ့ သူဠေးလား?
ဝါးးး ချောလိုက်တာ!!"
ပဲပင်ပေါက်ခြွေနေသည့် အဒေါ်ကြီးတွေကပင် သူမျက်နှာကိုသေချာကြည့်လာလို့
အတွင်းရေးမှူးလီကို အံကြိတ်ပြလိုက်မိတော့သည်။
"စိတ်မပူပါနဲ့ သူဠေး
သူတို့က သူဠေးကိုသောကျနေကြတာပါ
စီမံကိန်းနေရာမှာလည်းသူတို့အိမ်တွေ ၊ ဆိုင်တွေမှာမပါဘူးလေ ၊ အာတာကြောင်ါ
စီမံကိန်းသာပြီးရင် ဖျက်ခံရတဲ့ဆိုင်တွေအစားပါ သူတို့က ပိုရောင်းရမှာမို့ ပျော်နေကြတာ!!"
"အတွင်းရေးမှူးလီ ခင်ဗျား တော်တော်လျှာရှည်တာပဲ!!"
"တောင်းပန်ပါတယ်"
သူတို့နှစ်ယောက် အသံတိုးတိုးဖြင့် ပြောနေတုန်း သူတို့အနားအုံလာတဲ့ အဒေါ်ကြီး သုံးယောက်က သူကိုအင်တာဖျူးလာကြသည်။
"သူဠေးနမည်ကဘာလဲဟင်!!"
"အိမ်ထောင်ရောကျပြီးလား?
ချစ်သူတွေဘာတွေရော ရှိလား?"
" အသားအရည်ကဖြူဝင်းပြီး
မျက်နှာပေါက်ကလည်း ယောက်ကျားပီသလိုက်တာ ~~ သူဠေးလေးကတကယ်လူချောပဲ ~~ "
"ဒီမှာဗျ~~ ကျတော် ..."
"အဒေါ်ကြီးတို့ ကျတော်တို့သူဠေးက
ဗိုက်အရမ်းဆာလာလို သူကိုစားခွင့်ပေးလိုက်ပါနော်~~ သိချင်တာတွေကို ကျတော်နောက်ကျ ဖြေပေးပါ့မယ်!!"
သူပေါက်ကွဲတော့မည်ကိုသိသည့် အတွင်းရေးမှူးလီက ကြားထဲဝင်ပြောလာခါမှ
ဘာမှထပ်မပြောလာဘဲ
သူအရှေ့မှာဝင်ထိုငိသွားကြတဲ့ အဒေါ်ကြီးတွေဟာ သူရယ်ပြနေကြပြန်သည်။
*ကျစ်***
သူဟင်းချိုလေးကို တခွန်းမျှသာ သောက်ရသေး ထပ်ကြားလာရပြန်တဲ့ အသံဆူဆူညံ့ညံ့။
"ဟဲ့ သူများဆိုင်ရှေ့ဘာလာလုပ်တာလဲ?"
"ဘာလာလုပ်ရမှာလဲ လက်ကမ်းစာစောင်လာကပ်တာပေါ့ ~~မမြင်ဘူးလား?"
"နင်ရူးနေလား? နင်တို့စားသောက်ဆိုင် ကြေငြာကို ငါတို့စားသောက်ဆိုင်အရှေ့မှာလာကပ်ရတယ်လို!!"
"ဒါတော့ ဒေါ်ကြီးလက်ရာ ဒေါ်ကြီး
ယုံကြည်မူရှိရင်ရတာပဲ~~ အာတာမို့
မိတ်ပျက်စရာမှမလိုတာ!!"
"နင်တို့မြေးအဘွားနှစ်ယောက်လုံး ရူးသွားကြပြီပဲ!!"
"မရူးဘဲနေပါ့မလား
အိမ်ရော ၊ ဆိုင်ရော ဘာလျော်ကြေးမှ မရဘဲ
ဖယ်ပေးရတော့မယ့် အခြေအနေဖြစ်နေတာလေ ~~ ကျတော်နေရာမှာ ဒေါ်ကြီးဆိုရင်ရော မရူးဘဲနေမလား!!"
Lady:1"စွာလိုက်တာဟယ်!! "
Lady:2"ဟုတ်ပ လူကြီးကို တခွန်းမကျန်ခံပြောနေတာ !!"
"ခံပြောတာမဟုတ်ဘူး ၊ ရှင်းပြနေတာ
ခံပြောတာနဲ့ ရှင်းပြတာ မတူကြောင်း
ဘယ်လိုပြောပြရမှန်းတောင်မသိတော့ဘူး !!"
"ဘာမှမပြောနဲ့တော့ သွားတော့ သွား !!"
"သွားပါ့မယ် အခုအရမ်းမောလာလို ရေတခွက်လောက်တိုက်ပါလား!!"
"နင်က ငါကိုစွာပြီးမောသွားပြီပေါ့လေ
"ဒေါ်ကြီးက စိတ်ပုတ်လိုက်
ကျတော်ကလေ ရေငတ်ရင် ကိုလာပဲသောက်တာ ၊ အခုဒီလိုအခြေအနေကြောင့်ရေသောက်နေရတာ~~ နေပါအုန်း ကိုလာရောသိကြရဲ့လား ဟား ဟားး !!"
ဆိုင်အပေါက်ဝမှ ကြားနေရတဲ့ စကားသံတွေထဲ သူရင်းနှီးနေသည့်အသံလေးကြောင့် ဇက်လှည်ပြီးပါကြည့်မိတော့
ဆိုင်ရှင်အဒေါ်ကြီးနဲ့ ရန်တွေနေသည်က
မိုးကာအပြာလေးနဲ့ကောင်လေးတယောက် ။
"နင်ငါတို့ကို ရန်လာမလုပ်နဲ့
လုပ်ချင်ရင် ဟိုမှာ ဟဲဟိုး မဟုတ်ပါဘူး
ဟိုက်ဟုတ်ဂရုက သူဠေးရောက်နေတယ်
သူကို သွားပြောချည်း!!"
သေရော!!
သူခေါင်းလွဲချလာတဲ့ အဒေါ်ကြီးကြောင့်
ထိုမိုးကာအကြီးကြီး နဲ့ကောင်လေးက ခေါင်းစွပ်ကိုအနောက်သိုလှန်ချရင်း
သူဘက်လှည့်ကြည့်လာသည်။
"သူဠေးရေ ~~ကျတော်တောင်းပန်ပါတယ်
ကျတော် မိတ်မဆက်ပေးသင့်ဘူး အဟင့်!!"
အတွင်းရေးမှူးလီရဲ့စကားသံကသူနားထဲမကြားတကြားဖြစ် နေခဲ့သလို သူနှုတိကရေရွတ်မိခဲ့သည်က။
"ဆော့~~ဆော့ဂျင်?"
ပိတုန်းရောင်ဆံသားတွေထဲ
ခရမ်းနုရောင်ဆံသားတွေရောယှက်ကာရှိနေသော ဆံပင်ရှည်ရှည်လေးတွေနဲ့
အရင်ကထက်ပိန်ကျသွားသယောင်ရှိသည့်မျက်နှာလေးကလွဲရင် ထိုကောင်လေးက
ဆော့ဂျင်မှဆော့ဂျင်အစစ်ပင်။
ထိုကောင်လေး၏ မျက်ဝန်းတွေဟာ
ကြည်တောက်ပြီး မျှော်လင့်ချက်အပြည့်ရှိနေသလို
တက်ကြွသော ခြေလှမ်းတွေဖြင့် သူဆီဦးတည်လာခဲ့သည်။
________see you next episode ❤️
မနေ့ညက ရေးပြီး မအပ်လိုက်ရသေးတာလေး။
အရှေ့တပိုင်းမှာ ငိုအောင်လုပ်မိလို ပြန်ချော့တာ ဟဲဟဲ~~ ငိုသွားတယ်ဆိုတဲ့ ချစ်တို့ကို
ရွိုင်ရယ်ဒီ မတိုက်ဘူး ~~ ကိုလာတိုက်မယ်
သောက်မလား 🙃🙃
ခွက်မရှိတဲ့အတွဲကိုတော့ ပလစ်လိုက်ရအောင် 🙃
You are reading the story above: TeenFic.Net