(၆)

Background color
Font
Font size
Line height

"ရိပေါ် ... ဟိုမှာကြည့်ပါအုံးကွာ ငါတို့
ပရော်ဖက်ဆာရဲ့ သန့်ပြန့်နေမှုကြီးကို
ဝေါ့ တကယ်ဘဲ ရုပ်လေးမှ အားမနာ
စားနေတာလား သွတ်နေတာလားမကွဲဘူး "

ပရော်ဖက်ဆာ ရှောင်းကျန့်က ဆေးရုံ
ကန်တင်းမှာ ထမင်းစားနေတာ။

" ရှူး ငါတို့ကို မမြင်ခင် လစ်ရအောင် လာ လာ"

ရိပေါ်နဲ့ ရွှမ်းဟွမ်က ရှောင်းကျန့် မမြင်ခင် လစ်မလို့ ကြံတယ်။

"ဟေ့ ‌ဝမ် နဲ့ ရွှမ်း လာလာ ငါ့ဘေးမှာ နေရာလွတ်တယ်"

" ရိပေါ် မင်းကိုခေါ်နေတာ သွားလိုက်"

"မဟုတ်ဘူး ရွှမ်းတဲ့ ငါသေချာကြားတယ်
မင်းကိုခေါ်နေတာကွ"

သူတို့နှစ်ယောက် တွန်းထိုးနေတုန်း
ရှောင်းကျန့်က ထပြီး ခေါ်တယ်။

" ဟေး လာလေ နှစ်ယောက်လုံး"

ထမင်းစားချိန်မှာ ပြဿနာနဲ့တည့်တည့်
တိုးတာဘဲကွာ။ စိတ်ညစ်ညစ်နဲ့ဝင်ထိုင်ရ
တော့တာဘဲ။

"အစားနည်းလိုက်ကြတာ ဘာလဲ ဝိတ်ချတာလား တော်ရုံလုပ်နော် ငါတို့အလုပ်က ပင်ပန်းတယ် အဲဒီတော့ စားမှဖြစ်မှာ"

ရှောင်းကျန့်က ပြောလည်းပြော စားလည်း
စားနေတယ်။

"ဟို ပရော်ဖက်ဆာ ဒီအသားပြား
ကြော်လေးစားအုံးမလား" အားဟွမ်က
ရွဲ့ပြီး လောကွတ်လုပ်တာ။

"ဟင် မင်းမစားဘူးလား ပေးပေး ငါစားမယ် ဟူး အသားတွေစားတာများသွားပြီကွ အီးပါရင် ပိုပြီး ပုပ်အုံးမယ် ငါမနေ့က ဝမ်းချုပ်နေတာကွ "

ရွှမ်းဟွမ်က မျက်ဆံလှန်ပြီး မေ့လဲကျတော့
မလို လုပ်ပြတယ် သောက်ကျိုးနည်း
စားသောက်နေရင်းနဲ့ကိုကွာ။

အဲဒီနေ့က ရိပေါ်တို့ နှစ်ယောက်လုံး ပရော်ဖက်ဆာနဲ့အတူ ပျို့ရင်း အန်ရင်း ထမင်းစား
ခဲ့ရတယ်။

ရွှမ်းဟွမ်ဆိုတဲ့ကောင်က ဘယ်က အလေအပေသတင်းတွေကြားလာတာလဲ ဘာတဲ့
ပရော်ဖက်ဆာ အသစ်က အင်မတန်အသန့်ကြိုက်တဲ့ လူပျိုကြီးတဲ့။ ကြည့်ပါအုံး
ပဲဟင်းရည်က ဂျူတီကုတ်ပေါ်ကျပြီး
ပေသွားတာကို လက်ညှိုး တံတွေးဆွတ်ပြီး ပွတ်တယ်။ ပြီးတော့ အဲ့လက်နဲ့ ဟိုဟာ
ကိုင်စား ဒီဟာကိုင်စားနဲ့။

---------------
ညဂျူတီက အေးဆေးဖြစ်နေတော့
ရိပေါ်လည်း အလုပ်စားပွဲမှာဘဲ
ထိုင်ဖြစ်တယ်။

ရှောင်မင်နဲ့ အတူတွေ့ရတဲ့ အမျိုးသမီးက ဘယ်သူလဲဆိုတာ သူသိချင်လိုက်တာ။

သူ့စိတ်ထဲက မဖြူစင်နိုင်တော့တဲ့
ခံစားချက်တွေကို ရှောင်မင်သိအောင်
ဘယ်လိုမှလည်း ပြောမထွက်ရက်ဘူး။
အဖေ့ကိုလည်း အားနာတယ်။
တစ်ဦးတည်းသောသားဖြစ်တဲ့
ရှောင်မင့် အပေါ် အဖေ့မျှော်လင့်ချက်
တွေက ကြီးမားတယ်။ မျိုးရိုးကိုလည်း ထိန်းသိမ်းရအုံးမှာလေ။

သူ့ဘက်မှာ ရှိနေပေးမယ်လို့ အဖေပြောခဲ့
ပေမယ့် အဲဒီစကားအပေါ် ရိပေါ်က
ချမနင်းရက်ခဲ့ပါဘူး။ ‌

ဒါကြောင့် သူဘာသာထိန်းသိမ်းရင်း တစ်လနေရင် ပြန်ခဲ့မယ်ဆိုပြီး ခုထိ အိမ်မှာပြန်မနေ
ဖြစ်ဘူး။ မနေတာ အကောင်းဆုံးပါ။

တွေးလေလေ မွန်းကြပ်လေလေ။

" ကျွီ " တံခါးဖွင့်သံကြောင့် ရိပေါ်
အတွေးစတို့ ပြတ်တောက်သွားတယ်။

" ပရော်ဖက်ဆာ မပြန်သေးတာလာခင်ဗျ"

"ပြန်လာတာ မင်းကိုလွမ်းလို့"

ပရော်ဖက်ဆာရှောင်းရဲ့စကားကြောင့်
ဟိုနေ့ကကိစ္စကို သတိရပြီး ရိပေါ် နားရွက်
နီရပြီ။

"ထိုင်ဦးမလား ကော်ဖီ‌ဖျော်လိုက်ရမလား"

"အင်းဖျော်လိုက် မင်းအရသာလေး
သိရတာပေါ့ ရိပေါ်"

" ဗျာ ဘာတွေပြော....."

"ဟား ဟား ဝမ်ရိပေါ်ရှက်တာ ချစ်စရာကြီးဟေ့ ချစ်စရာကြီးဟ"

တဟားဟားရယ်နေတဲ့သူကို ရိပေါ်
ကျောပေးပြီး ကော်ဖီဖျော်နေလိုက်တယ်။
ဘယ့်နှယ် လူတစ်ယောက်လုံးရှေ့ထားပြီး စကားတွေက မလွတ်တလွတ်။

"လာလေ မတ်တပ်ကြီး အတူထိုင်စကား
ပြောကြစို့ ဝမ်ရိပေါ်"

"ရပါတယ် ထိုင်ပါ ကျွန်တော် ညောင်းနေလို့ ရပ်နေလိုက်မယ်"

"အင်း....ရိပေါ် မင်းကိုပြောပြချင်တာရှိတယ်"

"ဟုတ် ပရော်ဖက်ဆာ"

"အချစ်ကို အချစ်လို့ဘဲ မြင်စေချင်တယ် လွတ်လပ်စွာချစ်ခွင့်လည်းရှိတယ်
တစ်ခုဘဲ အချစ်မှာ ကျင့်ဝတ်သိက္ခာ
တွေထည့်စဉ်းစားရင်တော့ ဘောင်အတွင်း
ကနေဘဲ ချစ်နိုင်အောင် ကြိုးစားကြ
ရတော့တယ်"

"ပရော်ဖက်ဆာရော ချစ်ဖူးလား လွတ်လွတ်လပ်လပ်ရော ဘောင်အတွင်းကရော"

"အမယ် စကားတွေဘာတွေ ပြောလို့ပါလား ဝမ်ရိပေါ်  မင်းနဲ့ငါ သိတာ ၃လနီးပါး ရှိပြီ အလုပ်ကလွဲရင် စိတ်လိုလက်ရ ဒီတစ်ခါဘဲ မေးဖူးတာ သိလား"

"ချစ်ဖူးတာပေါ့ လစာထုတ်ရင် လွတ်လွတ်လပ်လပ်ချစ်တယ် ကုန်ခါနီးရင် ဘောင်ထဲက ချစ်တယ် အစားအသောက်တွေပေါ့ကွာ"

" ဟား ဟား  ပရော်ဖက်ဆာကလည်း ပြောရော့မယ် ဟားဟား"

ရိပေါ် ပေါ့ပါးစွာ ရယ်နေတာကို ရှောင်းကျန့်က  ငေးကြည့်တယ်။ ပြီးတော့ ရုတ်တရက်
ထလာပြီး ရယ်နေတဲ့ နှုတ်ခမ်းလေးတွေကို အပိုင်သိမ်းပစ်လိုက်တော့တယ်။

ရိပေါ်က သူ့ကိုအတင်းတွန်းပစ်လိုက်တယ်။ သူနမ်းလိုက်တဲ့ နှုတ်ခမ်းကို အကျီနဲ့ ဖိသုတ်
ပစ်ပြီး စူးစူးရဲရဲ စိုက်ကြည့်လာတယ်။

"ခွပ်" လက်သီးပြင်းပြင်းကြောင့်
ရှောင်းကျန့် မျက်နှာ လည်ထွက်သွားတယ်။

"ရှောင်းကျန့် ခင်ဗျားက ဘာလဲ ဘာဖြစ်လို့ လုပ်ရတာလဲ အထင်သေးတာလား လက်တည့်စမ်းတာလား ခင်ဗျား"

" ဟင့်အင်း ကော်ဖီသောက်တာလေ"

" တော်ပါ မုန်းဖို့ကောင်းလိုက်တာခင်ဗျား"

ရိပေါ်က ပြောပြီး အခန်းထဲက ဝုန်းဒိုင်းဆို ထွက်သွားတယ်။

လက်သီးက ပြင်းလိုက်တာ။ မင်းရင်ထဲက တစ်စုံတစ်ယောက်ကို သဘောကျနေတာလဲ အဲလို ပြင်းထန်စွာ လှုံ့ဆော်ပေးမှ ဖွင့်အံကျလာမှာလား ဝမ်ရိပေါ်။

-----------
" ဟယ်လို ကိုကို"

" ရှောင်မင် ပြောလေ"

"ကျွန်တော် ကိုကို့အဆောင်ရှေ့ရောက်နေတာ ထွက်လာမလား တွေ့ချင်လို့ "

"လာပြီ ခုလာပြီ ခဏလေးစောင့်ပေး
ရှောင်မင် နော်"

ရိပေါ် ကားနားရောက်တော့ ရှောင်မင်က နောက်ခန်းထဲမှာ ရွှေ့ထိုင်နေတာ။

" လာ ကိုကိုလည်း နောက်မှာထိုင်"

ရိပေါ် ထိုင်ပြီးပြီးချင်း လီမင်က သူ့ရင်ခွင်ထဲ တိုးဝင်လာတယ်။

" ဟင် ရှောင်မင် ဘာဖြစ်..."

"ကိုကို ဒီလိုလေးနေပေးပါ ခဏဘဲ" ရိပေါ် တွန်းမထုတ်ရက်ခဲ့ပါဘူး။ ဆံပင်လေးတွေကို သပ်ပေးတော့ လီမင်က သက်ပြင်းချတယ်။

"ကိုကို ရှောင်မင့်ကို ချစ်တယ်မလား ဘာလို့ဖွင့်မပြောရတာလဲ ကိုကိုရယ်"

" ဟင် ရှောင်မင် ဘယ်လို....."

"ဘယ်လိုသိတာလဲ မေးမလို့လား ဒိုင်ယာရီမှာ ချရေးထားတာ အားလုံးဖတ်ပြီးသွားတာကြာပေါ့ ကိုကိုဖွင့်ပြောလာမလားဆိုပြီး စောင့်နေတာ တက္ကသိုလ် စတက်ကတည်းက"

"စောင့်ရင်းနဲ့ ရည်းစားတွေလည်း တွဲမိကုန်တယ် ကိုကိုရယ် ဒါပေမဲ့ ရှောင်မင်က ကိုကို့
ကိုဘဲ ချစ်တာထင်ပါရဲ့ မေ့လို့ကို မရဘူး ခုတော့ ကိုကိုက ရှောင်မင့်ကို အလိုမရှိတော့
ဘူးမလား မုန်းပြီမလား ဒါကြောင့် အိမ်မပြန်တာမလား အဟင့် ဟင့်"

လီမင့်ဆီက ရှိုက်သံက ရိပေါ်နားထဲ သံရည်လောင်းသလိုပါဘဲ။

"မဟုတ်ဘူး ရှောင်မင် မမုန်းဘူး မုန်းလို့ မဟုတ်ဘူး .... ကိုကိုက .... ကိုကိုက မင်းကို သိပ်..... ဟာကွာ မငိုပါနဲ့"

ရိပေါ် လီမင့်ကို တင်းကြပ်စွာပွေ့ဖက်ထား
မိတယ်။ တစ်ဘက်မှာ တစ်သက်စာ ကျေးဇူးတရားတွေ တစ်ဘက်မှာ နှလုံးသား။

အပူမီးကြောင့် ဦးနှောက်တို့ပြာကျတော့မလိုပါဘဲလား.......။

ရင်ခွင်ထဲက ထွက်ပြီး လီမင်က သူ့ကို
ကြည့်လာတယ်။

" ဖြေပါ ကျွန်တော့်ကို ချစ်တယ်လို့ "

" ရှောင်မင် ခဏလေး..."

" ဟာ ဘာလဲကိုကိုရာ အချိန်တွေ ဆွဲတာလား တကယ်ဘဲ ဘာဖြစ်ချင်နေတာလဲ"

"အဖေ အဖေ့ကို ဘယ်လိုပြောရမလဲ သူက မင်းအပေါ်မှာ အများကြီး မျှော်လင့်ထားတာ ရှောင်မင်သာ ယောက်ျားတစ်ယောက်နဲ့
တွဲမယ်ဆိုရင် သူစိတ်ထိခိုက်သွားမှာ"

"ဒီမှာ ကိုကို ဘဝဆိုတာ ကိုယ့်ဘာသာ လျှောက်လှမ်းရတာလေ ကျေးဇူးတရားက သပ်သပ် အချစ်က သပ်သပ်မဟုတ်ဘူးလားလို့ ဒေါက်တာကြီးရဲ့"

" ရှောင်မင် အဖေက ..….."

"တော်ပြီ နားလည်ပြီ ကိုကို မရှင်းနဲ့တော့
တစ်လ အချိန်ပေးမယ် အဖေ့ကို ပြောပြလိုက် ပြီးရင် ကျွန်တော့ကို အဖြေပေး ကျွန်တော်သွားတော့မယ်နော် "

မပြန်ခင် လီမင်က ရိပေါ်နှုတ်ခမ်းကို ဖိကပ်
နမ်းပြီးတော့ အောက်နှုတ်ခမ်းကို လျှာနဲ့ အသာအယာလေး လျက်ပစ်တယ်။

ထို့နောက် ရိပေါ်ကို ထားခဲ့ပြီး ကားမောင်းထွက်သွားတယ်။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာက.......။

____________

ဆက်ရန်






































You are reading the story above: TeenFic.Net