(၁၁)

Background color
Font
Font size
Line height

အဖေတို့အိမ်ကအပြန်လမ်းမှာ ရှောင်းကျန့်
က အလာတုန်းကထက် ပိုတိတ်ဆိတ်ပြီး
ကားကိုသာ ဂရုစိုက်ပြီးမောင်းနေတယ်။

" ကျန့်ကော "

" ဟင် ပြောလေ ရိပေါ်"

"မနက်ဖြန်နားရက်ထပ်ရှိသေးတယ် ဘာလုပ်ချင်လဲလို့ မေးမလို့"

"အဟွန်း ကိုယ်လုပ်ချင်တာ ရှိတယ် မင်းက လိုက်လျောနိုင်ပါ့မလား ရိပေါ်"

"ဘာ ဘာ လုပ်ချင်တာလဲ ပြော ပြောလေ ကျွန်တော်တတ်နိုင်တာဆို မငြင်းပါဘူး"

"ဟဟ ဘာတွေတွေးနေတာလဲ Baby!
ကိုယ်ပြောချင်တာက မနက်ဖြန် တစ်ရက်လုံး မင်းနဲ့အတူရှိချင်တယ် ဈေးလည်း
အတူဝယ်ပြီး ချက်စားမလား အားဟွမ်
လည်းခေါ်ကြမယ်လေ ကောင်းလား"

ရှောင်းကျန့်ရဲ့တောင်းဆိုမှုက တကယ့်ကို အရိုးရှင်းဆုံးမို့ ရိပေါ်ရင်ကို သိမ့်ခနဲ။

"ဟုတ် ကျွန်တော်လည်း သဘောကျပါ
တယ် အဲတာကို"

ရှောင်းကျန့်က ကားမောင်းနေရင်းကနေ
ရိပေါ်လက်ကို အသာလေး ဆုပ်ကိုင်ထားတယ်။ သူ့လက်နွေးနွေးက ရိပေါ်ရင်ကို
လည်း နွေးစေမလား။

-----------------
"အလိမ်အညာတွေ မုန်းတယ် အား...
စိတ်တိုလိုက်တာ တကယ်ဘဲ အား....."

ရိပေါ်တို့ ပြန်သွားကတည်းက ရှောင်မင် အခန်းထဲဝင်ပြီး ဒေါသတွေပေါက်ကွဲနေတာ။
သောင်းကြမ်းနေတာ မဟုတ်တော့ အောက်ထပ်က အဖေလည်း ကြားဟန်မတူ။

မနက်လင်းလင်းချင်း အလုပ်သွားဖို့ အပြင်ထွက်လာခဲ့လိုက်တယ်။ အလုပ်ဆီမောင်းနေပေမဲ့ ရောက်လာတာက စူးရန်အိမ်ရှေ့။

လီမင် သက်ပြင်းတစ်ချက်ချပြီး စူးရန်ကို ဖုန်းခေါ်လိုက်တယ်။ ဘယ်လိုစိတ်နဲ့မောင်းလာလဲ မသိပေမဲ့ ရောက်လာပြီးလည်း မပြန်ချင်။

" ဟယ်လို ရှောင်မင် မောနင်း"

" မောနင်း စူးရန် နိုးပြီလား နိုးရင် တံခါးဖွင့်ပေးအုံး ကျွန်တော် အပြင်မှာ"

" ဟုတ်လား လာပြီ လာပြီ"

" တို့ကိုတွေ့ချင်လို့လား အလုပ်ကိစ္စလား"

ရှောင်မင်က မဖြေဘူး။ စူးရန်လည်း မသိချင်ယောင်ဆောင်လိုက်ပြီး...

"ကော်ဖီ ‌သောက်မယ်မလား ခေါက်ဆွဲတော့
ရှိတယ် နံရိုးပြုတ်နဲ့ စားမလား ရှောင်မင်"

" ကော်ဖီဘဲသောက်မယ်"

စားပွဲမှာ အတူထိုင်ကြရင်း.....စကားပြောကြပြီးတဲ့နောက် လီမင်က..

"အရင်တစ်ခါ မေးထားတာလေ .... အဲတာ
စူးရန်ကို ကျွန်တော် ......

---------------------

ရိပေါ် အခန်းထဲ ရှောင်းကျန့်ရောက်နေတာ။

"ဝမ်ရိပေါ် စာတွေဘဲ ဖတ်နေလား ငါလည်းဖက်ခံချင်တယ်လေ ရိပေါ်လို့..."

ရိပေါ်က ရှောင်းကျန့်ကို ဟာသကြီးပါလား
ဆိုတဲ့ အကြည့်နဲ့ လှည့်ကြည့်လိုက်ပြီး...

" ကျန့်ကောက ကလေးလား ဟဟ"

"ဝွန်း ကလေး မဟုတ်လဲ အဖက်ခံချင်တယ်လေလို့ နော် နော် ..."

ရှောင်းကျန့်ကပြောရင်းနဲ့ ရိပေါ်ကုတင်ဘေး
က စားပွဲအံဆွဲထဲက ဖန်ဂေါ်လီလုံး အဖြူလေးတွေချည်းထည့်ထားတဲ့ ဘူးထဲကနေ ဂေါ်လီတစ်လုံး ယူပြီး ရိပေါ်ဆီ ပစ်လိုက်တယ်။

"အဲတာတွေကို မကိုင်နဲ့ အဲတာအဲလို
ဆော့စရာ မဟုတ်ဘူး"

ရိပေါ်က ထလာပြီး ရှူးရှူးရှားရှားနဲ့ ပြောရင်း အံဆွဲကို ဆောင့်ပိတ်ပစ်လိုက်တယ်။

ရှောင်းကျန့်က အံ့ဩသွားပြီး...

"မင်းကလဲ ငါတစ်ခုဘဲ နှိုက်တာပါ ဒီမှာ အများကြီးလေ ဟုတ်တယ်ဟုတ်"

"ဘာဖြစ်ဖြစ် လုံးဝမကိုင်နဲ့ဗျာ မကြိုက်ဘူး ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေကိုင်တာ
လုံးဝမကြိုက်ဘူး ခင်ဗျားသိထားပေး
သိပ်စပ်စုလွန်းတာဘဲ ရှောင်းကျန့်

ရှောင်းကျန့်က ကုတင်ပေါ်ကနေ ထပြီး
အခန်းထဲက ချက်ချင်းထွက်သွားတယ်။

----------------

" ဟယ်လို အဖေ "

" ဟင် ဟုတ်လား အဲလိုဆို သားပြန်လာခဲ့
မယ် မကြာဘူးနော်"

ရိပေါ် အိမ်ပြ‌န်ရောက်တော့ .... အဖေက အခန်းထဲမှာ နားနေတယ်။ ရှောင်မင်လည်း
ရှိနေတယ်။

" အဖေ အိပ်တာကြာပြီလား ရှောင်မင်"

"မကြာသေးဘူး ခုနလေးတင်ဘဲ။ ဆန်ပြုတ်စားပြီး အိပ်သွားတာ"

"အင်း နားပါစေ ကိုကိုစောင့်ပေးလိုက်မယ် ရှောင်မင်လည်း နားလေ"

ရိပေါ် သူ့အခန်းသူ ပြန်ပြီး အဝတ်လဲတယ်။ တံခါးခေါက်သံနဲ့အတူ ရှောင်မင်ဝင်လာပြီး
တဲ့နောက်..

" ကျွန်တော်တို့ စကားပြောရအောင် ကိုကို"

" အင်း ပြောမယ်လေ"

ရှောင်မင် ရိပေါ် ကုတင်မှာ ထိုင်ရင်းကနေ ဘေးတစောင်းလေး လှဲအိပ်လိုက်တယ်။

"ကျွန်တော် နောက်ဆို ကိုကို့အငွေ့အသက်
တွေ မရနိုင်တော့ဘူးနော် ဝမ်းနည်းလိုက်
တာ ကိုကိုရယ်"

"ကျွန်တော်လေ အထက်တန်းကျောင်းသားဘဝကတည်းက ကိုကိုနဲ့ချစ်ကြရင်
ဆိုတဲ့ စိတ်ကူးနဲ့ ရူးခဲ့ရတာ အချိန်တိုင်းဘဲ တက္ကသိုလ်တက်ရင်းလဲ စိတ်ကူးယဉ်ခဲ့
တာဘဲ ကိုကို သိလား ခုရော ခုထိလည်း စိတ်ကူးယဉ်ချင်နေတုန်းဘဲ ကိုကို"

"ဒါပေမဲ့ ခုတော့ နားလည်သလို ရှိလာပါပြီ
ကိုကိုက ကျွန်တော့်ကို ဘယ်တုန်းကမှ
မရွေးချယ်ခဲ့ဘူး ဆိုတာကိုလေ နောက်ဆုံးတော့ စိတ်ကူးယဉ်ခွင့်လေးတောင် မပေး
တော့ဘဲ ဒေါက်တာရှောင်းကို အိမ်ထိ
ခေါ်လာပြီး အဖေနဲ့ မိတ်ဆက်ပေးတယ်
အ..ဟင်း..ရယ်ရတယ်နော် ကိုကိုက
သိပ်ရက်စက်တာဘဲ ကျွန်တော့်ကိုလည်း
သိပ်နိုင်စားတာပါဘဲလား ကိုကိုရေ"

ပြောရင်းနဲ့ ရှောင်မင်မျက်ရည်‌ကျတယ်။

" လီမင်ရေ ဟုတ်တယ် ငါက ရက်စက်တတ်သူပါ ဒါကြောင့် မင်းမှန်ပါတယ်"

ရိပေါ်က ဒီတစ်ခွန်းဘဲ ဝင်ပြောတယ်။

"ဘာ ဝမ်ရိပေါ် ခုတော့ ဝန်ခံပြီပေါ့ ဟုတ်လား ဒါဆို ဘာလို့ ချစ်သလို ဟန်ဆောင်ခဲ့လဲ အကြင်နာပိုဟန်တွေ ပြခဲ့လဲ မေတ္တာတွေ
မထွေးနိုင် မအန်နိုင်သလို နေပြခဲ့လဲ ခင်ဗျား
ကလေ"

လီမင်က ဒေါသတွေထွက်လွန်းလို့ အသား
တွေရော အသံတွေရော တုန်လာတယ်။

"အင်း အားလုံးက ငါ့အပြစ်တွေပါဘဲ
ငါ့အပြစ်တွေလို့ဘဲထားလိုက်ပါ"

"ကိုကို့ ခင်ဗျား ဘာဖြစ်နေတာလဲ အဲဒီ
ရှောင်းကျန့်ကို တကယ်ကြီး ကြိုက်
နေတာလား ဖြေ ခင်ဗျား ဖြေ"

"ဟင့်အင်း ငါမသိဘူး မသိဘူး မမေးနဲ့
သူ့ကိုလည်း အားနာလို့ ရူးတော့မလိုဘဲ"

"ကိုကိုက ဝေခွဲမရဖြစ်နေတာလား အဲတာဆို ကျွန်တော်ရှင်းပြမယ် အဖေ့ကို အားနာလို့ ကျွန်တော့်ကို ငြင်းပြီး အစားထိုးလိုက်တာလား ဟုတ်တယ်မလား တကယ်က
ကျွန်တော့်ကို ချစ်နေတာ မဟုတ်လား
ဟင် ကိုကို"

" အဲလောက်မရိုးရှင်းဘူး ရှောင်မင်"

"ဟားဟား ဝမ်ရိပေါ် ခင်ဗျားက ဘာလဲဗျာ ဘာဖြစ်ချင်မှန်းကို မသိတာ ခင်ဗျား"

လီမင်က သူ့ဒေါသတွေကို လျှော့ချလိုက်ပြီး

"ကိုကို ကျွန်တော်လေ ကိုကိုနဲ့ အငြင်းမပွားချင်ပါဘူး ဒါပေမဲ့ ကိုကို့ကို မဖြစ်နေ ပြောပြ
ရမှာ တစ်ခုရှိတယ်"

"အင်း ပြောလေ ကိုကိုနားထောင်နေတယ်"

"စူးရန်နဲ့ ကျွန်တော် ချစ်နေကြပြီမို့ ဖွင့်ပြောဖူးတဲ့ ကိစ္စကို မရှိခဲ့သလို သဘောထားလိုက်ရအောင်နော်"

" ဝမ်းသာပါတယ် ရှောင်မင်ပျော်ရွှင်ပါစေ"

"အင်းပါ ကိုကို့ဆုတောင်းကလည်း အသက်
မပါလိုက်တာ။ စိတ်မဆိုးနဲ့တော့ အဖေ့ကို သွားကြည့်လိုက်အုံး... ကျွန်တော် နားတော့မယ်နော်"

လီမင်ထွက်သွားပြီးတဲ့နောက် ရိပေါ်
ထိန်းထားတဲ့ မျက်ရည်တွေ တာကျိုး
သလိုကျလာတယ်။

မင်းမနာကျင်ရဘူးဆိုရင် ဘယ်လို စွပ်စွဲချက်မျိုးကိုမဆို ကိုကို ခံနိုင်ပါတယ်လေ။

________________________

ဆက်ရန်

Thanks for reading, voating and comment.

Reading List လေးတွေထဲ ထည့်ပေးကြတာ တွေ့ရပါတယ်။ ပျော်လိုက်တာ🥰

ရင်ခုန်စရာ Zhanyi Love ဆိုတဲ့ ချစ်စရာ RL လေးလည်း တွေ့မိပါတယ်လို့ 😍😍😍

















You are reading the story above: TeenFic.Net