"ကိုကို လာမဲ့ တနင်္လာ တစ်ရက်လုံး
ကျွန်တော့်ကို ပေးရမယ်နော်"
ထမင်းစားနေရင်း လီမင်ပြော
လိုက်တယ်။
"ရှောင်မင် ကိုကိုက ဂျူတီရှိချင်
ရှိနိုင်တယ်ကွ"
"ဟာ မရဘူး ကျွန်တော်အလုပ်ဝင်ဖို့ ပထမဆုံးရက်လေ"
"အော် ဘာလိုလိုနဲ့ ငါတို့ရှောင်မင်အလုပ်ဝင်ရတော့မယ်နော် အချိန်တွေကုန်တာမြန်လိုက်တာ"
ပါးပါးက ထမင်းစားရင်းနဲ့
ဝင်ပြောပြီး သူတို့နှစ်ယောက်ကို
ငေးကြည့်လာတယ်။
" ပါး ရှောင်မင် လူကြီးဖြစ်လာတာ ဝမ်းသာရမှာပေါ့ ပါးရယ်"
ပါးမျက်နှာပေါ်က ဝမ်းနည်းရိပ်တွေ လျော့ပါးသွားဖို့ ရိပေါ် နှစ်သိမ့်ပေး
လိုက်တယ်။
"ကဲပါ ရှောင်မင်ရယ် ကိုကို
မအားရင်ပါး လိုက်ပို့မယ်နော်"
ရှောင်မင်က နှာခေါင်းရှုံ့လိုက်ပြီး
"မရဘူး ကိုကိုဘဲ သူ မပါရင်
မသွားဘူး"
ပြောပြီးတော့ ထမင်းဝိုင်းကနေ
ထထွက်သွားတယ်။
" ရိပေါ် သား အဆင်ပြေပါ့မလား"
"သား ကြိုးစားကြည့်ပါ့မယ် ဂျူတီ
လဲဖို့လေ အဆင်ပြေမှာပါ စိတ်မပူနဲ့နော် ပါး"
ထမင်းစားပြီးတော့ ရိပေါ်ခမျာ
ဆေးရုံပြန်ဖို့ အလောတကြီး
ပြင်ရတယ်။ ဆယ်နာရီရထားကို
မီမှ မနက်ဂျူတီဝင်နိုင်မှာ။
"သားပြန်ပြီနော် ညနေစာ
စားကောင်းတယ်
ကျေးဇူးတင်ပါတယ် ပါး"
အိမ်ပေါက်ဝအထိ လိုက်ပို့ပေးတဲ့
ပါးကို နှုတ်ဆက်ပြီး ပြေးရတယ်။ ကောက်တေးလေးကိုတော့
surprise လုပ်ပြီး ချော့မှာမို့
ထားခဲ့လိုက်တယ်။
ရထားနှစ်လိုင်းပြောင်းစီးရတာကြောင့်
ရိပေါ် ဆေးရုံနားနေဆောင်ပြန်
ရောက်တော့ ည ဆယ့်နှစ်ခွဲလုပြီ။
ရွှမ်းဟွမ် ပြန်မရောက်သေးဘူးဆို
တော့ လူနာများနေတာလား။
စဉ်းစားရင်း အိပ်ပျော်သွားတယ်။
-Phone Ringing-
" ဟယ်လို အားဟွမ်"
"ရိပေါ် မင်းပြန်ရောက်ရင်
လာခဲ့တော့ ဒါဘဲဟေ့"
နှစ်နာရီလောက်ဘဲ အိပ်ရပြီး
အားဟွမ်ကို ကူဖို့ ထပြေးရပြီ။
အရေးပေါ် ဌာန တာဝန်ကျတဲ့
ဆရာဝန်ရဲ့ ဘဝက မလွယ်ကူ။
လူနာအသက်ကို ကယ်နိုင်ဖို့သာ
ပဓာန ကျတာမို့ အိပ်နေရင်း
စားနေရင်း ရယ်လို့ ရွေးချယ်
နေဖို့ မရှိပါဘူး။
ရွှမ်းဟွမ်က ရိပေါ်ကိုမြင်တော့..
"ရိပေါ် Threator 1 မှာ ခွဲဖို့ ပြင်နေပြီ Prof: ကျန်း လာမှာမို့ မင်းသွားလိုက်တော့ "
ဓာတ်လှေကားသုံးချိန်ကို မရတာကြောင့် သုံးလွှာထိ ရိပေါ် ပြေးတက်သွားလိုက်တယ်။
အရေးပေါ် ခွဲဖို့ရောက်လာတဲ့ လူနာ
သုံးယောက်မို့ တာဝန်ကျ ဆရာဝန်နဲ့ သူနာပြုတွေ အကုန်ပျာယာခတ်ကုန်ကြတယ်။
Prof ကျန်း ခွဲစိတ်တာ ပြီးတော့
မနက် ငါးနာရီ ခွဲပြီ။
"ရိပေါ် လူနာဗိုက်ကိုတော့ မင်းဘဲ
ပိတ်ပေးလိုက်တော့ ပြီးတော့ အူကို
မင်းချုပ်တာ ငါသဘောကျတယ်ဟေ့
ငါ့ထက်တောင် သပ်ရပ်သေး"
"ဟုတ်ကဲ့ ဆက်လုပ်လိုက်ပါ့မယ် ကျေးဇူးပါ Prof ကျွန်တော်
အများကြီး ကြိုးစားပါ့မယ်"
Prof ခွဲစိတ်ခန်းထဲကထွက်တော့
ရိပေါ် လေပူတစ်ချက် မှုတ်ထုတ်
လိုက်ပြီး...
"သူနာပြုအုပ် ကျွန်တော့်ကို
သင်ပေးပါအုံး စပြီနော်"
"ဒေါက်တာဝမ် အဲလောက်နှိမ့်ချဖို့
မလိုပါဘူးနော်"
သူနာပြုအုပ်က ရယ်ရင်းနဲ့ ပြောလာ
ပြီး ရိပေါ်ကို ခွဲစိတ်တာ အပြီးသတ်
စေဖို့ ကူညီခဲ့တယ်။
လူနာကို ICU ထဲထိရောက်အောင်
ပို့ပြီးတော့ မနက် ခုနှစ်နာရီ။
"ဝှါး အား ... ရိပေါ် မင်းပြီးပြီးလား"
အားဟွမ်က သမ်းရင်းမေးတယ်။
"အင်း ပြီးပြီ ထင်တာဘဲ လောလောဆယ် ကော်ဖီသွား
သောက်ရအောင် ငါ့ခေါင်းထဲက အဆန်ချောင်သလိုကြီး"
"အဲတာ မင်းငါ့ကို ဘာမှဝယ်
မကျွေးသေးလို့ မြန်မြန်ဝယ်
ကျွေးလိုက် ဟားဟား"
ရိပေါ် အားဟွမ်နဲ့ ထိုးရင်းကန်ရင်း
ကန်တင်းရောက်လာတယ်။
"အားဟွမ် တနင်္လာနေ့ မင်းနားရက်
မလား"
"ဂျူတီလှယ်ဖို့လား ခုသောက်နေတဲ့ ကော်ဖီရယ် ချောကလက်ကိတ်ရယ် ဘီယာတိုက်ရင်လှယ်ပေးမယ် ဟဲဟဲ"
"နည်းလိုက်တာ ငါးပေါင်းပါထပ်
ဝယ်ကျွေးမယ်..."
ရွှမ်းဟွမ်က ရိပေါ်ကို မယုံသလိုက်ကြည့်လိုက်ရင်း....
"ဘာလုပ်မို့လဲ Date လား ဘယ်သူလဲ
ချောလား ငါလဲလိုက်ချင်တယ်
သူ့သူငယ်ချင်းနဲ့ ငါနဲ့
တစ်ခါတည်း ချိတ်ပေး"
"အေး အေး နှာခေါင်းကို အဲလိုပတ်
ဘူးတာတောင် အတွဲမရဘူး "
ရိပေါ်က မဲ့ရွဲ့ပြောလိုက်တော့...
"နေလေ မလှယ်ဘူး ဟေ့ကောင်"
"ဈေးကိုင်မနေနဲ့ သွားစရာရှိလို့ အရေးကြီးတယ်"
"ဝမ်ရိပေါ် အရေးကြီးတာ
မင်းအတွက် ဘာလဲ ငါ့ပြောပြ"
" အင်း အရေးကြီးတာရှိတယ်"
ရိပေါ်က ပြုံးလိုက်ပြီး ကော်ဖီကုန်အောင်သောက်လိုက်တယ်။
" သွားစို့ အားဟွမ် ကျေးဇူးကွာ"
မနက်ကိုးနာရီမှာ ဌာနမှူး Prof
Round တယ်။
" ရိပေါ် ကုတင် ၅၅ လူနာအခြေအနေ"
"ဟုတ်ကဲ့ ဌာနမှူး သူက -- ခွဲစိတ်ထားတာပါ ။ လက်ရှိမှာ သွေးတွင်းသကြားဓာတ်လည်း များနေလို့ -- ဆေးပေးထားပါတယ်။ အနာကျက်တာလည်း နှေးနေလို့ -- ဆေး ပေးထားပါတယ်"
"ကောင်းပြီ အနာကို လေးနာရီခြား
တစ်ကြိမ် ပိုးသတ်ပြီး ခုဆေး
ပမာဏ သုံးရက်ဆက် On လိုက်"
နေ့လည်မှ ဖုန်းကိုကြည့်ဖို့
အခွင့်ရတော ရှောင်မင်များ
ဖုန်းဆက်ထားလား အမြန်ဖွင့်
ကြည့်မိတယ်။
-ဝမ်ရိပေါ်.. ဖုန်းဆက်ပါ-
အဆိုးလေးက စာပို့တာတောင်
မာရေကြောရေလေး။
ရိပေါ်က ချက်ချင်းဖုန်းခေါ်တယ်။ အတော်လေးကြာမှ....
"ပြော ဝမ်ရိပေါ် ပြန်သွားတာ
နှုတ်မဆက်ဘဲ တစ်ရက်ကြာမှ
ပြောမှ ဖုန်းခေါ်တာ ဘာကြောင့်လဲ"
"အင်းပါ ရှောင်မင်ရယ် ကိုကိုက
အရေးပေါ်လူနာတွေနဲ့ တာဝန်ကျ
နေလို့ပါ ဖုန်းကို မဖြေအားတာ
စိတ်ကတော့ အမြဲရှိပါတယ် "
လီမင်က ကျေနပ်စွာ ပြုံးလိုက်သော်လည်း..
"နောက်ဆို ခွင့်မလွှတ်ဘူး
အလုပ်ကို လိုက်ပို့မှာမလား
"အဆင်ပြေတယ် ကိုကို
လာကြိုမယ်နော် ဟုတ်ပြီလား"
" ပြီးရော ဒါဘဲ"
ဖုန်းချပြီးနောက် လီမင်က
အိပ်ယာမှာ လူးလှိမ့်ပြီး
တဟီးဟီးရယ်တယ်။
ကိုကို့ဘဝမှာ သူသာ ပထမ
ဖြစ်ကိုဖြစ်နေရမှာ။
_____________
တနင်္လာ မနက်ခင်း ခုနှစ်နာရီမှာ
ရိပေါ် အိမ်ပြန်ရောက်တယ်။
"ဟာ ငါ့သား အစောကြီးပါလား
ဘယ်ချိန်ထွက်လာလဲ"
"မနက် ငါးနာရီ ဂျူတီထွက်ပြီး
တန်းလာလိုက်တာ ပါး ရှောင်မင်
မနိုးသေးဘူးလား"
"သားဘဲ နိုးလိုက်တော့ ပါးက ဆန်ပြုတ်နဲ့ မနက်စာ ပြင်နေပြီ"
ရိပေါ်က အပေါ်ထပ် တက်ရင်း
ရှောင်မင့်ကို နိုးဖို့ အခန်းတံခါး
ခေါက်ဖို့ ပြင်တုန်း...
" ဝင်ခဲ့ ရိပေါ်"
ရိပေါ်က လန့်သွားပြီ အထဲဝင်
သွားရင်း....
"ရှောင်မင် ပါး ကြားသွားရင်
ဆူခံရလိမ့်လေ အဲလိုမခေါ်နဲ့လေ"
လီမင်က တခစ်ခစ်ရယ်ရင်း ..
"မကြားပါဘူး ပါးက အဲလောက်
နားမပါးပါဘူး"
"အေးပါ ထတော့ ရေချိုးပြင်ဆင် မနက်စာ စားပြီး သွားကြစို့ "
" ထူပေး" လီမင်က ကလေးလို လက်လှမ်းတယ်။
" ကဲ ထထ သခင်လေး"
ရိပေါ်က ထူပေးတော့ လီမင်က
သူ့ကို သိုင်းဖက်ထားပြီးထတယ်။
"ကဲ လုပ်တော့ ကိုကိုလည်း
ရေသွားချိုးမယ်"
ခပ်သွက်သွက် ထွက်သွားတဲ့ ရိပေါ် နောက်ကျောကို ကျေနပ်စွာပြုံးကြည့်လိုက်
မိတယ်။
ကားမောင်းလာကြရင်း...
"ကိုကို ညနေအလုပ်ပြီးရင် အလည်သွားကြမယ်နော်"
"ရှောင်မင် ကိုကိုက နေ့တစ်ပိုင်းဘဲ
အားတယ် သုံးနာရီ ပြန်ဝင်ရမှာ
အဲတာကြောင့် နောက်ခါကျမှ
လည်မယ်နော်"
"ပြီးရောလေ"
စူပုပ်ပုပ်နဲ့ ရှောင်မင်က သိပ်ကျေနပ်ပုံ
မရဘူး။
ညပိုင်းရိပေါ် ဖုန်းခေါ်တော့ ...
"အားလီတို့နဲ့ Bar သွားမလို့
ချိန်းထားတယ်"
" မနားတော့ဘူးလား ရှောင်မင်"
"နိုး သောက်မယ် ကဲအုံးမယ်
အပြင်က ထွက်ကြဖို့ မလွယ်ဘူး"
" အေးပါ အဲတာဆို ဂရုစိုက်နော် "
" အင်း စိတ်မပူနဲ့ ဘိုင့်"
ပါးက ဘားတွေမှာ သောက်တာ
မကြိုက်တော့ သိပ်မသွားဖြစ်ဘူး။
ဒါကြောင့် လီမင်က ရိပေါ်ကို cover ယူပြီး အပြတ်ကဲဖို့ကြံတာရယ်။
--------------
"ဟ ရိပေါ် သုံးနာရီမှဝင်ရမှာကို အစောကြီးပြန်လာတာလား"
ရွှမ်းဟွမ်ကို သုံးနာရီထက် နောက်ကျရင် ပိုစောင့်ပေးဖို့ ရိပေါ်မှာခဲ့တာ။
"အင်း အဲလိုဘဲ မင်းနားလေ
အားဟွမ် ငါ ဝင်မယ်"
" အေးအေး"
လူနာနဲ့ ဆေးတွေကို ဂရုစိုက်စစ်နေ
ပေမဲ့ ရိပေါ် စိတ်တွေက ရှောင်မင့်
ဆီမှာ။
-----------
" ဝေ့ အားမင် ရိပေါ်ကောရော
ပါဘူးလားဟ"
"မင်းလည်း ငါ့မြင်တာတောင် မပါတဲ့သူ မေးနေသေး"
" ဟီး.ငါက ကောကိုတွေ့ချင်တာကိုး"
" လ စကားပြောနေလိုက် "
လီမင်က ပြောပြီးနောက် ခပ်ပြင်းပြင်းတစ်ခွက် ကောက်မော့ပြီး dance floor ကို ဆင်းသွားတယ်။
တေးဂီတ မြူးမြူးနဲ့ အယ်ကိုဟော
က သူ့စိတ်ကို ပူပြင်းတက်ကြွဖို့ အထောက်အကူပေးလာတယ်။
သူငယ်ချင်းတစ်သိုက်နဲ့ အားပါး
တရ ပျော်ပါးပြီး သိပ်မမူးခင် လီမင်ပြန်ဖို့
ပြင်တယ်။ ပါးက မူးလာရင်
သူ့ကို ရစရာမရှိအောင်ဆူမှာ။
" အားလီ ငါပြန်နှင့်ပြီနော်"
" အေးပါ တစ်ယောက်ထဲ ဖြစ်လား"
" ရတယ် အေးဆေး ဘိုင့်ဘိုင်"
အားလီတို့ကို နှုတ်ဆက်ပြီး
တံခါးဝအရောက်..
" အမေ့...."
အာမေဋိတ် အသံနဲ့အတူ
သူ့နောက်ကျောကို နွေးထွေးတဲ့
လက်တစ်ခု ဆွဲလာတယ်။
ဟန်ချက်မထိန်းနိုင်ဘဲ.....
လီမင်ရော လာဆွဲတဲ့ မိန်းကလေး
ရော လဲကျသွားတယ်။
"အို .. ရှင်ကလည်း ဘာကြောင့်
မထိန်းရတာလဲ.."
မိန်းကလေးက ရှက်ကိုးရှက်ကန်းနဲ့
ထဖို့ပြင်တော့ ဒေါက်ဖိနပ်အချွန်က
ကျိုးသွားတာကြောင့် ထပ်လဲကျ
ပြန်တယ်။
လီမင်က ထလိုက်ပြီး မိန်းကလေးဆီ လက်လှမ်းပေးရင်း...
"ဆွဲပြီး ထလိုက်ပါ ပြန်လဲကျရင် ထိခိုက်မိ
လိမ့်မယ်"
မိန်းကလေးက သူ့လက်ကို ဆွဲပြီး
ထရပ်ရင်း...
"အပြင်ဘက်အထိ တွဲပေးပါ..ကျွန်မ ခြေထောက်က နာနေလို့"
ကပ်ပြီး ပြောလာတယ်။
မိန်းကလေးရဲ့ နောက်ကျောကနေ
ခပ်ဖွဖွ ထိန်းပေးရင်း အပြင်ထွက်
လာခဲ့တယ်။ မူးချင်နေတဲ့ စိတ်လေးတောင် ဘယ်ရောက်သွားမှန်းမသိ။
အိမ်တံခါးဖွင့်ဝင်တော့...
"ရှောင်မင်လား"
" ဟုတ်ကဲ့ ပါး"
"နောက်ကျတယ် နားတော့"
ထူးဆန်းစွာနဲ့ ပါးက မဆူပါလား။
ထားပါ ဘာဖြစ်ဖြစ်ကောင်းတာဘဲ။
မဆူတော့လည်း အိပ်ရတာပေါ့။
ခြေလက်သန့်စင်ပြီး အိပ်ယာပေါ်ရောက်တော့ ကိုကို့ကို သတိရမိတယ်။
ဒါပေမဲ့ စိတ်ကောက်ချင်သေးတာကြောင့်
ဒီတိုင်းဘဲထားလိုက်တယ်။
ကိုကိုကတော့ သူ့ဆီစာတွေပို့ထားတာတွေ့သားဘဲ။ တမင်ပြန်မပို့ဘဲထားလိုက်တာ။
(ရှောင်မင် ပြန်ရောက်ပြီလား။
ကိုကို့ကို စာပြန်ပါအုံး စိတ်ပူလို့)
ကြည့်နေတုန်းရိပေါ်ဆီက နောက်ထပ်
စာဝင်လာတော့...
( ရောက်ပြီ အိပ်ပြီ)
စာပြန်ပြီးနောက် ဖုန်းကို စက်ပိတ်ပစ်လိုက်တယ်။
တစ်နေကုန် စာလည်း မပြန်။
ဖုန်းလည်းမကိုင်လို့ ရိပေါ်က စိတ်ပူနေ
ရတာတွေ ည ဆယ့်တစ်နာရီမှ
ငြိမ်းရတယ်။
အဆိုးလေးရယ် ကိုကို မင်းကိုသိပ်စိတ်ပူနေရတယ်ဆိုတာ သိရဲ့လား။
---------------
ဆက်ရန်....
You are reading the story above: TeenFic.Net