MET = MELT

Background color
Font
Font size
Line height

" ဟေး ရဲပေါက်စ "

ကင်းလှည့်ကားတောင်မဟုတ်ဘဲ စက်ဘီးလေးနဲ့ မနက်ပိုင်းတစ်ပတ်ပတ်တုန်း လှမ်းရန်စတဲ့အသံကြောင့် ဆောင်းဟွန်း အသက်ပြင်းပြင်းရှူလိုက်သည် ။ ဂျင်ဂျူကိုရောက်မှ တစ်ရက်ကုန်ဆုံးဖို့ ၃၆ နာရီလောက်ကြာနေသလိုထင်ရသည် ။ အများကြီး ဖြတ်ကျော်လိုက်ရသလို ထင်ရသော်လည်း ဆောင်းဟွန်း ဂျင်ဂျူကိုရောက်နေတာ ဒီနေ့ဆို ၇ ရက်မြောက်သာရှိသေးသည် ။

" အရာရှိ ပတ် လို့ ခေါ်နိုင်တယ် ။ မင်းတို့ ခေါ်ချင်သလို ခေါ်ရအောင် ငါက မင်းတို့ သူငယ်ချင်းမဟုတ်ဘူး "

ဟိုတစ်နေ့က ဆံပင်ဖွာဖွာနဲ့ခေါင်းဆောင်ဆိုသူက သူ့ကို တွေ့တိုင်း " ရဲပေါက်စ " လို့ ခေါ်သည် ။ ဆောင်းဟွန်းက ဌာနပြောင်းလာကြောင်းကို သိပုံမရဘဲ နယ်ပြောင်းလာတဲ့ ရဲဝန်ထမ်းအသစ်လေးလို့ ထင်နေပုံရသည် ။ ဂျင်ဂျူတစ်မြို့လုံးကို လက်ဝါးကြီးအုပ်ထားသလိုမျိုး ၊ စခန်းတစ်ခုလုံးကတောင် အရေးယူဖို့ တွန့်ဆုတ်နေရသလိုမျိုး ဆောင်းဟွန်းကိုလည်း သူတို့က အာဏာပြချင်တာ အသိသာကြီး ။

" အရာရှိပတ် !! အရာရှိကြီး .. အိုး ကြောက်လိုက်တာ ဗျာ ကျွန်တော့်ကို လက်ထိပ်မခတ်ပါနဲ့နော် မဖမ်းပါနဲ့နော် ကြောက်လို့ပါ အဟက် ထွီ "

အထက်တန်းကျောင်းသားလို့ ထင်ရတဲ့ မျက်နှာနဲ့မလိုက်အောင် မိုက်ရူးရဲဆန်ကာ အမြင်ကတ်ဖွယ်ကောင်းလှတဲ့ ကောင်လေးက သူ့ နှစ်ကိုယ်စာလောက်ရှိတဲ့ လူမိုက် ၃ ယောက်လောက်ရဲ့ ခေါင်းဆောင်ဖြစ်နေသည် ။ အချုပ်ခန်း အတူတူဝင်ခဲ့တဲ့လူတွေနဲ့လည်း မတူပေ ။ တကယ်ပဲ ဒီကောင်လေးက လူမိုက်ဂိုဏ်းထောင်ထားတာများလား ။ ဂျင်ဂျူမြို့ရဲ့ အန္တရာယ်လေးတွေ ။

" မင်းတို့ကို အာရုံမစိုက်နိုင်ဘူး ငါ့မှာ အလုပ်တွေရှိသေးတယ် "

ဆောင်းဟွန်း သည်းခံလိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မည် ။ ပြဿနာရှာထားလို့ ရောက်လာရတဲ့နေရာမှာ ပြဿနာ ထပ်ရှာရင် ဒီ့ထက်ဝေးတဲ့နေရာသွားဖို့သာရှိတော့သည် ။

" ဂျင်ဂျူတစ်ပတ်ပတ်ပြီး အချိန်ကုန်ရတဲ့အလုပ်မလား ။ ဒီမြို့မှာ ခင်ဗျားတို့ကို အလုပ်ပေးနိုင်တဲ့သူက ဒီမှာလေ "

စိတ်မြန်တဲ့သူက အတတ်နိုင်ဆုံး စိတ်လျှော့ထားခဲ့ပါသော်လည်း ရှင်းမ်ဂျယ်ယွန်း ဆိုတဲ့ ဆံပင်ဖွာဖွာနဲ့ ခပ်ဆိုးဆိုးကောင်လေးဟာ ဆောင်းဟွန်းကို စိတ်အနှောင့်အယှက်ပေးဖို့ ဂျင်ဂျူမြို့မှာ ကြိုတင်စောင့်မျှော်နေခဲ့သလို ထင်ရသည် ။

ဆောင်းဟွန်းကို ခနဲ့စကားဆိုပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြတော့ သူ့နောက်လိုက်တွေက တဟားဟားလိုက်ရယ်သည် ။ သူ့စကားက မှားတော့မမှားပေ ။ ဂျင်ဂျူမြို့ ရဲစခန်းလေးက သူတို့အုပ်စုသာ မရှိရင်အေးချမ်းပါသည် ။ နေ့တိုင်း ဘာအမှုမှ များများစားစားမရှိလို့ ဆောင်းဟွန်းတောင် နားရက်ရထားသလို ခံစားရသည်အထိ အေးချမ်းသာယာတဲ့ မြို့ကလေးဖြစ်သည် ။

သူတို့စကားကိုအရေးမစိုက်ဘဲ စက်ဘီးကိုဆက်မောင်းတော့ အောင်နိုင်သူအပြုံးနဲ့ ညစ်ကျယ်ကျယ် ဆက်ရယ်နေပြီး ဆောင်းဟွန်းရဲ့လမ်းကို ဆက်လက်ပိတ်ပင်ခြင်းမရှိပါချေ ။

" အရာရှိပတ် ခင်ဗျားကို ကျွန်တော် အလုပ်ပေးမယ် .. စခန်းမှာ ပြန်ပြီး အေးဆေးစောင့်နေလိုက် "

စက်ဘီးပေါ်က ဆောင်းဟွန်းမှာတော့ မျက်ခုံးကို တွန့်ချိုးလျက် ခြေနင်းကိုသာ ပိုအားထည့်ကာ နင်းလိုက်သည် ။ ဒီကောင်လေးက အရွယ်နဲ့မလိုက်အောင် လူမိုက်လုပ်ချင်သည် ။ ပုံစံက ဆောင်းဟွန်းထက်တောင်ငယ်ချင်ငယ်ဦးမည် ။ အများဆုံးရှိ အသက် ၂၁ .. ၂၂ ပေါ့ ။ သူဆို အဲ့ကောင်လေးအရွယ်မှာ ဆူဘင်းဟျောင်းနောက်ကို တကောက်ကောက်လိုက်ပြီး မှုခင်းအတွေ့အကြုံ စယူနေပြီ ။

" ဒီခေတ်ကလေး တွေ မလွယ်ချက်ပဲ "

-

-

-

#ဂျင်ဂျူမြို့လူမိုက်ကိုလျှော့တွက်မိသောအမှား

ဆိုးလ်မြို့ထက်ဆိုင်ရင် ကားအသွားအလာနည်းသော မြို့ငယ်လေးဟာ သဘောကောင်းသောမြို့ခံတွေနဲ့ နေရတာ အေးအေးဆေးဆေးရှိသည် ။ ဟိုကလေးခေါင်းဆောင်လူမိုက် အုပ်စုက လွဲလို့ပေါ့ ။ ငြိမ်းချမ်းလွန်းလို့ ခက်ရချည်ရဲ့ ။ လှုပ်ရှားသွားလာနေရပြီး အလုပ်ရှုပ်နေရတာကို ကြိုက်တဲ့ဆောင်းဟွန်းအတွက် မှုခင်းနည်းတဲ့ ဤမြို့လေးဟာ ကြာကြာနေရင်တော့ ပျင်းရိဖွယ်ကောင်းလာမှာသေချာသည် ။

ဒါတွေက ဆောင်းဟွန်းရဲ့ စိတ်ကူးသက်သက်သာ ဖြစ်နေခဲ့သည် ။ တစ်ပတ်နီးပါး အရာအားလုံး ပုံမှန်ပဲမဟုတ်လား ။ နေ့တွင်းချင်း ဂျင်ဂျူမြို့လေးက ဘာလို့ အလုပ်များတဲ့ မြို့ကလေးဖြစ်သွားရတာလဲ ။ ဆောင်းဟွန်းတစ်ယောက်တည်းအတွက် သီးသန့် ဖြစ်လာတဲ့ အလုပ်ကိစ္စတွေဟာ တမနက်ခင်းမှာတင် အမြောက်အများ ။

" အရာရှိပတ် လမ်းပျောက်နေတဲ့ ဘွားဘွားကို လိုက်ပို့ပေးရမယ်ထင်တယ် "

" အရာရှိပတ် မြို့တွင်းမှာ လိုအပ်ရင် အကူအညီပေးဖို့ လက်ကမ်းစာစောင်တွေ ကပ်ပေးပါဦး "

" အရာရှိပတ် စခန်းရှေ့ တံမြက်စည်းလေးလှည်းပါဦး "

ဒီအလုပ်တွေအထိ ဆောင်းဟွန်း လက်ခံနိုင်သေးသည် ။ ဒါတွေက နယ်ပြောင်းမိန့်ကျလာကတည်းက ကြိုတွက်ထားပြီးသား ဆောင်းဟွန်းရဲ့ တာဝန်တွေပါပဲ ။ ဆိုးလ်မှာ မှုခင်းစုံထောက်လုပ်ရတာထက် ပိုသက်သာတယ်ပြောရမည် ။ ဒါပေမဲ့ ..

" အရာရှိပတ် ရှင်းမ်ဂျယ်ယွန်းတို့ ရပ်ကွက်မှာ ရန်ဖြစ်လို့တဲ့ ။ ကောင်လေးက ခြံထဲမှာ ဘောလုံးကစားရင်း တခြား အိမ်က မှန်ကို ခွဲလည်း ခွဲသေးတယ် ။ သူကလည်း ရန်ရှာသေးတယ်တဲ့ "

>>>>>

" အရာရှိပတ် ရှင်းမ်ဂျယ်ယွန်းက သူတို့ရပ်ကွက်ထိပ်က ပဲခေါက်ဆွဲဆိုင်ပိုင်ရှင်နဲ့ ရန်ဖြစ်လို့တဲ့ ။ သွားပေးပါဦး "

>>>>>

" အရာရှိပတ် !! ရှင်းမ်ဂျယ်ယွန်းက .. "

>>>>>

" ရှင်းမ်ဂျယ်ယွန်းဆိုတဲ့ကောင်လေးကလေ .."

>>>>>

" အရာရှိပတ် " " အရာရှိ ပတ်ဆောင်းဟွန်း "

" ထပ်ပြီး ရှင်းမ်ဂျယ်ယွန်းပဲလား "

>>>>>

ဂျင်ဂျူမြို့ကို ရောက်လာတာ ၁ လ တိတိပြည့်တဲ့နေ့ ။

ဆောင်းဟွန်းကိုယ့်ဘဝကိုယ် သံသယရှိလာသည် ။ တချို့သောညတွေမှာ ချက်ချင်း အိပ်မပျော်နိုင်ဘဲ တောင်တောင်အီအီစဉ်းစားမိသည် ။

ဆောင်းဟွန်းဆိုတဲ့ သူဟာ ဂျင်ဂျူမြို့ကို စခန်းပြောင်းလာရတာ တရားခံကို သေနတ်သုံးမိတဲ့ပြစ်ဒဏ်ကြောင့် ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား ။ ရှင်းမ်ဂျယ်ယွန်း ဆိုတဲ့ ကောင်လေးရဲ့ နေ့စဉ် ရှာသမျှ ပြဿနာတွေကို ရှင်းပေးဖို့ သက်သက် ဂျင်ဂျူကိုရောက်လာရတာများလား ။

" ရှင်းမ်ဂျယ်ယွန်း ဒီနေ့ အေးဆေးနေမယ် ဆိုရင် အရင်နေ့တွေလို ရာသီဥတု အုံ့မှိုင်းပြီး နေလို့ကောင်းနေပါစေ "

စရောက်တဲ့နေ့ကတည်းက တိမ်ထူသောရာသီဥတုလေးရှိတဲ့ ဂျင်ဂျူမြို့လေးတောင် ဆောင်းဟွန်းရဲ့ ဆုတောင်းစကားကြောင့် ထို့နေ့တစ်နေ့လုံး နေပူသည် ။

တစ်လတင်းတင်းပြည့်တဲ့နေ့မှာ ရှင်းမ်ဂျယ်ယွန်းမျက်နှာကို မြင်ရတာ ဘယ်နှခါမြောက်ရှိပြီလဲ ဆိုတာကို ဆောင်းဟွန်း သေချာပင်မသိတော့ ။ အနည်းဆုံး တစ်ရက် ၂ ခါနှင့်အထက် တွေ့ဖြစ်သည် ။ မနက်ပိုင်းကောင်လေးဘက်က တစ်ခုခု ပြဿနာရှာပြီး စခန်းကိုရောက်လာတတ်သည် ။ မဟုတ်ရင်လည်း ဆောင်းဟွန်းကိုယ်တိုင် သူ အခင်းဖြစ်တဲ့နေရာကို လိုက်ကာ ဝင်ဆွဲရသည် ။

တစ်မြို့လုံးမှာ ရှင်းမ်ဂျယ်ယွန်းနဲ့ ရန်မဖြစ်ဖူးတဲ့သူ ဆိုတာ မရှိသလောက်ရှားပါသည် ။ ဒီကောင်လေးနဲ့ တွေ့မှ မာပိုရဲစခန်းရဲ့ စိတ်မြန်လက်မြန်ရှိလှပါချည်ရဲ့ ဆိုသော ဆောင်းဟွန်းတောင်လက်မြှောက်အရှုံးပေးရပါသည် ။ ရှင်းမ်ဂျယ်ယွန်းဆိုတဲ့ကောင်လေးက အသက်ကသာ ၂၀ ကျော်လေးရှိသေးတာ စကားထက် လက်က အရင် ရှေ့ရောက်နေတတ်တဲ့သူမျိုး ။

ရုတ်ချည်းဆိုသလို ဆောင်းဟွန်းဟာ သူ့ဝေယျာဝစ္စတွေအကုန်လိုက်လုပ်ပေးရတဲ့ကိုယ်ပိုင်အတွင်းရေးမှူးလေးဖြစ်သွားသလိုပင် ။ စခန်းကလည်း သိသိသာသာ ဘက်လိုက်လွန်းသည် ။ သူတို့ မနိုင်တဲ့ လူဆိုးကောင်လေး ရှင်းမ်ဂျယ်ယွန်းနဲ့ပက်သက်သမျှဆို အသစ်ရောက်လာတဲ့ ဆောင်းဟွန်းနဲ့ပဲ လက်လွှဲပေးကြသည် ။

" ဘာလို့ နေ့တိုင်း ရန်လိုနေရတာလဲ " ဆိုတဲ့‌မေးခွန်းကိုဆောင်းဟွန်းမေးကြည့်ဖူးသည် ။ ထိုအခါ လူဆိုးကောင်လေးက " ခင်ဗျားကို အလုပ်ပေးတာလေ " ဆိုတဲ့စကားတစ်ခွန်းကိုသာ အမြဲဖြေတတ်သည် ။

-

-

" ရဲပေါက်စလေး ဒီနေ့ ကင်းလှည့်စောလှချည်လား "

မနက် ၇ နာရီ စခန်းမှ ထွက်ပြီး ဂျင်ဂျူတစ်ပတ်ပတ်ရတာဟာ ဆောင်းဟွန်းအတွက် နေ့တစ်နေ့ရဲ့ပထမဆုံးတာဝန်ဖြစ်သည် ။ ဒီနေ့တော့ စောနိုးနေတာမို့ ၆ နာရီ ခွဲကတည်းက ထွက်လာခဲ့သည် ။ ဟိုကောင်လေးအိမ်ဘက်ကိုရောက်တော့ လှည့်မကြည့်ဖို့ကြိုးစားသော်လည်း ခြံထဲက လှမ်းခေါ်တဲ့အသံကြောင့် ဆောင်းဟွန်း မသိချင်ယောင်မဆောင်နိုင် ။

သာမန် တစ်ထပ်အိမ်လေးတွေသာရှိတဲ့ ဆိတ်ငြိမ်ရပ်ကွက်ကလေးထဲမှာ တစ်လုံးထဲသော နှစ်ထပ်အိမ်က ဂျင်ဂျူမြို့လူမိုက်ကလေးရဲ့ အိမ်ဖြစ်သည် ။ သူ့အဖွဲ့သားတွေကိုတော့ အိမ်ထဲမှာပေးအိပ်လေ့မရှိဘူးဟုသိရသည် ။ မိဘဆွေမျိုးလည်းမရှိဘဲ ဒီအိမ်ကြီးထဲမှာ တစ်ယောက်တည်း နေရဲတဲ့ ကောင်လေးက တကယ်ပဲ ဘာကိုမှကြောက်တတ်ပုံမရပါချေ ။

" ရဲပေါက်စလေးလို့ မခေါ်နဲ့လို့ ပြောထားတယ်လေ ငါ့မှာ နာမည်ရှိတယ် ။ နာမည်မခေါ်ချင်ရင်တောင် အရာရှိပတ်လို့ ခေါ်ရမယ် ဆိုတာ မင်းနားမလည်ဘူးလား "

" အရာရှိပတ် .. အင်း အဲ့လိုတော့မခေါ်ချင်ပါဘူး ။ သူများတွေက ရဲ ဝတ်စုံဝတ်ထားတဲ့သူမြင်ရင် ဘာအပြစ်မှမလုပ်ထားလည်း ကြောက်ကြလို့ ခင်ဗျားတို့အကြိုက်လိုက်ခေါ်တာနေမှာပေါ့ ။ ကျွန်တော်ကတော့ ဘာကိုမှ မကြောက်တာမို့ ခေါ်ချင်သလို ခေါ်မှာပဲ "

" ပြောရခက်လိုက်တာ ငါက မင်းထက် အသက်ကြီးတဲ့သူနော် "

နေ့တိုင်းနီးပါး တွေ့နေရသော်လည်း ဆောင်းဟွန်း နဲ့ ဒီကောင်လေးနဲ့ သင့်သင့်မြတ်မြတ် တစ်ရက်မှ မရှိသေး ။ ရှင်းမ်ဂျယ်ယွန်းရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်ကို မြင်ပြီး ဆောင်းဟွန်း ပိုမို မခံချင်ဖြစ်ရသည် ။ သူ့ထက် ၂ နှစ်ကျော်ငယ်တဲ့ကောင်လေးက သူ့ကို မခန့်လေးစားလုပ်နေတာမို့ ခံပြင်းစရာကောင်းလွန်းသည်လေ ။

" ခင်ဗျား စက်ဘီး နဲ့ ကျွန်တော် ဘယ်သူ ပိုမြန်လဲ ပြိုင်မလား "

" အရေးမပါတာတွေ တော်လိုက်တော့ ။ ငါ့မှာ အလုပ်ရှိသေးတယ် "

" 1 ! 2 ! 3 ! "

သူ့စကားတစ်ခွန်းဆိုတစ်ခွန်း အာဏာပြချက်က လွန်ပါရော ။ ခွင့်တောင်းတာလည်းမဟုတ် ၊ ညှိနှိုင်းတာလည်းမဟုတ်တဲ့ အသိပေးချက်လေးတစ်ခုရယ်နဲ့ ပြိုင်ပွဲတစ်ခုကို လွယ်လွယ်သတ်မှတ်လိုက်သည် ။ တစ်ခါတလေတော့လည်း အဲ့ဒီ့ကောင်လေးက တဇွတ်ထိုးဆန်တာလား ၊ ကလေးဆန်တာလားဆိုတာ ဝေခွဲရခက်သည် ။

အသွေးထဲအသားထဲက မိုက်ကန်းနေတာမျိုးထက် ငယ်သူမို့ တမင် ဆိုးသွမ်းနေတာမျိုးဖြစ်ရမည် ။ လောကကြီးထဲကို ခြေစုံပစ်ဝင်ခါစအရွယ်မှာ အရွဲ့တိုက်ချင်နေတဲ့ လူမိုက်ကလေးကို ဆောင်းဟွန်းဘက်က ပြုပြင်ပေးနိုင်လောက်မလားဆိုတဲ့ မျှော်လင့်ချက်ကလေးဟာ ပမာဏ နည်းလွန်းပါသည် ။ ဒါပေမဲ့ ၂ လအတွင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှကြိုမသိနိုင်ဘူးမဟုတ်လား ။

" စခန်းက စက်ဘီးလေးက ဟောင်းပေမဲ့ ကောင်းသေးတယ် "

အမှီလိုက်ရင်း အားကစားဝတ်စုံပြည့်ဝတ်ထားကာ တဟုန်ထိုးပြေးနေတဲ့ ဂျယ်ယွန်းကို ကျော်တက်လိုက်တော့ မျက်စောင်းတစ်ချက်ထိုးခံရသည် ။ မကျေနပ်ချက်ကြောင့်တွန့်ကွေးသွားတဲ့အပေါ်နှုတ်ခမ်းကြောင့် ပါးမို့မို့တွေ ဖောင်းတက်လာတာကို ဆောင်းဟွန်းမြင်လိုက်ပါသေးသည် ။ အဲ့ဒီ့ ကလေးလိုလို ကောင်လေးက ဂျင်ဂျူတစ်မြို့လုံးကို ကမောက်ကမ ဖြစ်အောင် မွှေနှောက်နေတဲ့ လူမိုက်လေးဆိုတာ မျက်မြင်တွေ့နေလို့သာ ယုံရသည် ။

" ငါ နိုင်သွားတာမလို့ ရဲပေါက်စလို့ မခေါ်နဲ့တော့ "

" နိုင်တဲ့သူက ဘာလုပ်ရမယ်လို့ ကျွန်တော် ပြောမိလို့လား ရဲပေါက်စရယ် "

" ဒါက ညစ်တာပဲ ။ ဒီနေရာမှာ မင်းသာ နိုင်သွားရင် နေ့တိုင်း မင်းသွားချင်တဲ့နေရာတွေကို စက်ဘီးနဲ့တောင် နင်းပို့ပေးရလောက်တယ် "

ထိုအခါ ဂျယ်ယွန်းက သဘောကျစွာရယ်သည် ။ ဆောင်းဟွန်းဖြင့် သေချာမမြင်ဖူးလို့ ငေးခနဲရယ် ။ နှစ်ခြိုက်စွာ ပြုံးရယ်လိုက်တော့မှ ကောင်လေးရဲ့ သွားတက်လို့မခေါ်နိုင်တဲ့ ခပ်ချွန်ချွန်သွားစွယ်လေးတွေနဲ့ အချိုးကျတဲ့ နှုတ်ခမ်းထောင့်စွန်းလေး နှစ်ဖက်ကို ဆောင်းဟွန်း အသေးစိတ်မြင်ဖူးတော့သည် ။

သို့သော် စက္ကန့်ပိုင်းလောက်သာ မြင်ခွင့်ရှိပြီး ပုံမှန်အတိုင်း ရုပ်တည်သွားပြန်သော ရှင်းမ်ဂျယ်ယွန်းဟာ တစ်ခါလေးပြုံးဖို့ကို ဒီလောက်တောင် တွန့်တိုတတ်ပြန်သည် ။

ထိုရက်ကစပြီး တာဝန်ချိန် မနက် ၇ နာရီကို ဆောင်းဟွန်း လျစ်လျူရှုပြီး ဝီရိယရှိတဲ့ အရာရှိပတ် အဖြစ် နာရီဝက်စောပြီး ကင်းလှည့်ထွက်ရတာကို ဓာတ်ကျလာသည် ။

🤍🤍

ထိုကောင်လေး ဂျင်ဂျူရဲစခန်းမှာ ပြဿနာနေ့တိုင်းလာရှာတုန်းကတော့ ထွက်ပြေးချင်စိတ်ပေါက်သည်အထိ စိတ်ရှုပ်ခဲ့ဖူးပါသည် ။ တစ်လတိတိ ကောင်လေးရဲ့ ဒဏ်ကိုခံပြီးနောက်မှာ ဂျင်ဂျူမြို့လေးက ဆောင်းဟွန်းဖြစ်စေချင်သလို အေးချမ်းလာခဲ့သည် ။

အကြောင်းပြချက်တစ်ခုမဟုတ်တစ်ခုနဲ့ ရန်ဖြစ်ပြီး စခန်းကိုရောက်လာတတ်တဲ့ တစ်ဦးတည်းသော လူမိုက်ကလေး ငြိမ်နေသောအခါ ဆောင်းဟွန်း ရင်ထဲ ဘယ်လိုခံစားရမှန်းမသိ ။ ပျော်သင့်သည်မဟုတ်လား ။ ဂျယ်ယွန်းသာ ရန်မဖြစ်ရင် အားလုံးက တစ်စည်းတလုံးရှိပြီး စခန်းတစ်ခုလုံးလည်း အလုပ်မရှုပ်တော့ဘူးလေ ။

" ဟူး ! "

ဆိုးလ်မှာတုန်းက တစ်နေရာနဲ့တစ်နေရာ အမြန်ကူးရပြီး အမှုလိုက်ရသောအခါ ပင်ပန်းလွန်းလို့ သက်ပြင်းခဏခဏချရသည် ။ ဂျင်ဂျူမှာတော့ ခြောက်ကပ်နေလွန်းလို့ ၊ လုပ်စရာအလုပ်မရှိလို့ သက်ပြင်းချရသည် ။

" ကင်းလှည့်မသွားဘူးလား အရာရှိပတ် "

" ဗျာ .. "

တစ်နေကုန် မှိုင်နေတဲ့ မျက်နှာလေးခမျာ ကင်းလှည့်သွားရမယ် ဆိုတဲ့အသံကိုကြားရင် ဝင်းပသွားတတ်တာကို အရာရှိဦးလေးကြီးပင် သတိထားမိနေပြီလား မပြောတတ် ။ တစ်ခါတလေ ဆောင်းဟွန်းကို တစ်ရက် ၃ ခါ ထက်ပိုပြီးကင်းလှည့်သွားဖို့ တိုက်တွန်းတတ်သည် ။ ဆောင်းဟွန်းရဲ့ အလုပ်က ဒါလေးပဲ ရှိတော့သည်လေ ။

ဆောင်းဟွန်းရဲ့ ဦးတည်ရာက ဆိတ်ငြိမ်ရပ်ကွက်ရဲ့ တစ်လုံးတည်းသော​ နှစ်ထပ်အိမ်လေး ဖြစ်သည် ။ ခြံတံခါးလေးက လူတစ်ရပ်ကျော်ရုံသာမို့ အထဲကိုလှမ်းမြင်ရသည် ။ ခြံထဲက ဒန်းလေးပေါ်တွင် သက်တောင့်သက်သာဖြစ်အောင် ထိုင်နေသော ဂျယ်ယွန်းက သူ့ကို တွေ့တော့ အတိတ်ဟောင်းက ရန်သူကို တွေ့လိုက်သလို မဲ့ပြုံးလေးပြုံးပြသည် ။

" အခုတလော လိမ္မာနေတာပဲ "

" ဖြစ်ရတယ်ဗျာ .. ကျွန်တော်နေမကောင်းလို့ ရန်မဖြစ်နိုင်တာ "

ခြံရှေ့မှာ သူနဲ့ မျက်နှာချင်းဆိုင်ရပ်နေသော ဂျယ်ယွန်းဟာ အရင်နေ့တွေလို ခပ်စွာစွာဖြစ်မနေဘဲ မလန်းမဆန်းနှင့် မျက်နှာလေးတောင် ချောင်ကျသွားသလားလို့ ။

" ဟုတ်လား "

ခြံတံခါးမဖွင့်ရသေးခင် ခြံစည်းရိုးကြားသို့ လက်ထည့်ပြီး ကောင်လေးကို ကိုယ်ပူစမ်းဖို့ လက်က ရွယ်လိုက်သည့် အပြုအမူ ။ အလိုအလျောက်ဖြစ်လာတဲ့ ဒီအပြုအမူကို ဆောင်းဟွန်းအား မည်သူက ခိုင်းစေလိုက်သနည်း ။ ကိုယ်ကိုယ်တိုင်ပင် စမ်းတဝါးဝါးဖြစ်သွားတာ အမှန်ပင် ။ သတိရလိုက်တဲ့အချိန်မှာ သူလက်က ခြံစည်းရိုးကြားထဲက ကျော်ပြီး ခပ်နွေးနွေးဖြစ်နေတဲ့ ကောင်လေးရဲ့ နှဖူးပြင်ပေါ်သို့ ရောက်နှင့်နေပြီ ။

" ဆောရီး .. မရည်ရွယ်ပါဘူး "

" ရပါတယ် ကျွန်တော် .. ခြံတံခါး ဖွင့်ပေးမှာပေါ့ "

ဂျင်ဂျူမြို့ရဲ့ လူမိုက်ကလေးလည်း ဒီနေ့ မူမမှန်သလို ဆောင်းဟွန်းလည်း ကိုယ့်နှုတ်ခမ်းကိုယ် မသိမသာကိုက်ကာရှက်ကိုးရှက်ကန်းဖြစ်ရသည် ။ သူတို့ရဲ့ ဆက်ဆံရေးက ရဲနဲ့ လူမိုက် ဆက်ဆံရေး .. ဘယ်သူပဲ ကြည့်ကြည့် သူငယ်ချင်းဖြစ်ဖို့ဆိုတာ ဆန့်ကျင်ဘက်ပဲ ။

" နေမကောင်းရင် ဆေးသောက်ရမှာပေါ့ ။ ဘာဆေးတွေသောက်ထားလဲ ။ ဆေးခန်းရောမပြဘူးလား ။ အဖျားရောတက်သေးလား "

လူတကာနဲ့ မတည့်တဲ့ လူဆိုးလေးဟာ သူ စနောက်ပြီး ခေါ်နေကြ ရဲပေါက်စလေးကို မြင်တော့ ခပ်နွေးနွေးဖြစ်နေတဲ့ ခန္ဓာကိုယ်ကိုတောင် အဖျားတွေအများကြီးတက်ပါစေလို့ ဆုတောင်းမိပါသတဲ့ ။ ငိုက်ငိုက်စောင်းထားတဲ့ရဲဦးထုပ်အောက်က ဖြူစင်တဲ့သူ့မျက်ဝန်းတွေကို မသိမသာ ကျက်မှတ်ထားရင်း ဖျားနေတာကို ပျော်နေမိတဲ့ ရူးကြောင်ကြောင်အခိုက်အတန့်တွေကို တတ်နိုင်သမျှ ဖုံးကွယ်ထားရပါသေးသည် ။

စတွေ့ကတည်းက ထို ခပ်ချေချေ အရာရှိလေးအပေါ် ခံစားချက်တွေ ထွေပြားခဲ့ရတာ သူတစ်ယောက်သာသိပါသည် ။ စခန်းက လူကို နေ့တိုင်းတွေ့ရဖို့ ရန်တွေဖြစ်ခဲ့ရတာ နည်းတာမှမဟုတ်တာလေ ။

ကျွန်တော်က သူများတွေနဲ့ဆိုရင် အဆိုးအပေအတေ လူမိုက်တစ်ယောက်ပါ ။ ခင်ဗျားရှေ့မှာဆိုရင်တော့ ဂရုစိုက်ခံရဖို့အတွက် အားနည်းတဲ့လူတစ်ယောက်အဖြစ်ရှိနေရလည်း ဖြစ်ပါတယ် ။ သန်မာချင်ယောင်ဆောင်ထားပေမဲ့ ကျွန်တော်လည်း ချစ်တဲ့သူက စိတ်ပူပေးတာမျိုးကို လိုချင်ပါတယ် ။ ဒါဟာ အရာရှိတစ်ယောက်ကို သဘောကျမိတဲ့ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရဲ့ လောဘလို့ပဲ ဆိုရမလား ။

အခါအခွင့်သင့်ရင် ပြောပြခွင့်ရချင်ပါသေးတယ် ။ ခင်ဗျားက ရဲဝတ်စုံနဲ့ သိပ်ကို ကြည့်ကောင်းကြောင်းနဲ့ ကျွန်တော့်ကို ကိုယ်ပူစမ်းပေးတဲ့ခင်ဗျားရဲ့ပုံစံကလည်း ရင်ခုန်စရာကောင်းအောင် ချစ်ဖို့ကောင်းတယ် ဆိုတဲ့ အကြောင်းတွေကိုပေါ့ ။

....

Zawgyi Font

" ေဟး ရဲေပါက္စ "

ကင္းလွည့္ကားေတာင္မဟုတ္ဘဲ စက္ဘီးေလးနဲ႔ မနက္ပိုင္းတစ္ပတ္ပတ္တုန္း လွမ္းရန္စတဲ့အသံေၾကာင့္ ေဆာင္းဟြန္း အသက္ျပင္းျပင္းရႉလိုက္သည္ ။ ဂ်င္ဂ်ဴကိုေရာက္မွ တစ္ရက္ကုန္ဆုံးဖို႔ ၃၆ နာရီေလာက္ၾကာေနသလိုထင္ရသည္ ။ အမ်ားႀကီး ျဖတ္ေက်ာ္လိုက္ရသလို ထင္ရေသာ္လည္း ေဆာင္းဟြန္း ဂ်င္ဂ်ဴကိုေရာက္ေနတာ ဒီေန႔ဆို ၇ ရက္ေျမာက္သာရွိေသးသည္ ။

" အရာရွိ ပတ္ လို႔ ေခၚနိုင္တယ္ ။ မင္းတို႔ ေခၚခ်င္သလို ေခၚရေအာင္ ငါက မင္းတို႔ သူငယ္ခ်င္းမဟုတ္ဘူး "

ဟိုတစ္ေန႔က ဆံပင္ဖြာဖြာနဲ႔ေခါင္းေဆာင္ဆိုသူက သူ႔ကို ေတြ႕တိုင္း " ရဲေပါက္စ " လို႔ ေခၚသည္ ။ ေဆာင္းဟြန္းက ဌာနေျပာင္းလာေၾကာင္းကို သိပုံမရဘဲ နယ္ေျပာင္းလာတဲ့ ရဲဝန္ထမ္းအသစ္ေလးလို႔ ထင္ေနပုံရသည္ ။ ဂ်င္ဂ်ဴတစ္ၿမိဳ႕လုံးကို လက္ဝါးႀကီးအုပ္ထားသလိုမ်ိဳး ၊ စခန္းတစ္ခုလုံးကေတာင္ အေရးယူဖို႔ တြန႔္ဆုတ္ေနရသလိုမ်ိဳး ေဆာင္းဟြန္းကိုလည္း သူတို႔က အာဏာျပခ်င္တာ အသိသာႀကီး ။

" အရာရွိပတ္ !! အရာရွိႀကီး .. အိုး ေၾကာက္လိုက္တာ ဗ်ာ ကၽြန္ေတာ့္ကို လက္ထိပ္မခတ္ပါနဲ႔ေနာ္ မဖမ္းပါနဲ႔ေနာ္ ေၾကာက္လို႔ပါ အဟက္ ထြီ "

အထက္တန္းေက်ာင္းသားလို႔ ထင္ရတဲ့ မ်က္ႏွာနဲ႔မလိုက္ေအာင္ မိုက္႐ူးရဲဆန္ကာ အျမင္ကတ္ဖြယ္ေကာင္းလွတဲ့ ေကာင္ေလးက သူ႔ ႏွစ္ကိုယ္စာေလာက္ရွိတဲ့ လူမိုက္ ၃ ေယာက္ေလာက္ရဲ့ ေခါင္းေဆာင္ျဖစ္ေနသည္ ။ အခ်ဳပ္ခန္း အတူတူဝင္ခဲ့တဲ့လူေတြနဲ႔လည္း မတူေပ ။ တကယ္ပဲ ဒီေကာင္ေလးက လူမိုက္ဂိုဏ္းေထာင္ထားတာမ်ားလား ။ ဂ်င္ဂ်ဴၿမိဳ႕ရဲ့ အႏၲရာယ္ေလးေတြ ။

" မင္းတို႔ကို အာ႐ုံမစိုက္နိုင္ဘူး ငါ့မွာ အလုပ္ေတြရွိေသးတယ္ "

ေဆာင္းဟြန္း သည္းခံလိုက္တာ အေကာင္းဆုံးျဖစ္ပါလိမ့္မည္ ။ ျပႆနာရွာထားလို႔ ေရာက္လာရတဲ့ေနရာမွာ ျပႆနာ ထပ္ရွာရင္ ဒီ့ထက္ေဝးတဲ့ေနရာသြားဖို႔သာရွိေတာ့သည္ ။

" ဂ်င္ဂ်ဴတစ္ပတ္ပတ္ၿပီး အခ်ိန္ကုန္ရတဲ့အလုပ္မလား ။ ဒီၿမိဳ႕မွာ ခင္ဗ်ားတို႔ကို အလုပ္ေပးနိုင္တဲ့သူက ဒီမွာေလ "

စိတ္ျမန္တဲ့သူက အတတ္နိုင္ဆုံး စိတ္ေလၽွာ့ထားခဲ့ပါေသာ္လည္း ရွင္းမ္ဂ်ယ္ယြန္း ဆိုတဲ့ ဆံပင္ဖြာဖြာနဲ႔ ခပ္ဆိုးဆိုးေကာင္ေလးဟာ ေဆာင္းဟြန္းကို စိတ္အေႏွာင့္အယွက္ေပးဖို႔ ဂ်င္ဂ်ဴၿမိဳ႕မွာ ႀကိဳတင္ေစာင့္ေမၽွာ္ေနခဲ့သလို ထင္ရသည္ ။

ေဆာင္းဟြန္းကို ခနဲ႔စကားဆိုၿပီး သူ႔ကိုယ္သူ လက္ညႇိုးထိုးျပေတာ့ သူ႔ေနာက္လိုက္ေတြက တဟားဟားလိုက္ရယ္သည္ ။ သူ႔စကားက မွားေတာ့မမွားေပ ။ ဂ်င္ဂ်ဴၿမိဳ႕ ရဲစခန္းေလးက သူတို႔အုပ္စုသာ မရွိရင္ေအးခ်မ္းပါသည္ ။ ေန႔တိုင္း ဘာအမႈမွ မ်ားမ်ားစားစားမရွိလို႔ ေဆာင္းဟြန္းေတာင္ နားရက္ရထားသလို ခံစားရသည္အထိ ေအးခ်မ္းသာယာတဲ့ ၿမိဳ႕ကေလးျဖစ္သည္ ။

သူတို႔စကားကိုအေရးမစိုက္ဘဲ စက္ဘီးကိုဆက္ေမာင္းေတာ့ ေအာင္နိုင္သူအျပဳံးနဲ႔ ညစ္က်ယ္က်ယ္ ဆက္ရယ္ေနၿပီး ေဆာင္းဟြန္းရဲ့လမ္းကို ဆက္လက္ပိတ္ပင္ျခင္းမရွိပါေခ် ။

" အရာရွိပတ္ ခင္ဗ်ားကို ကၽြန္ေတာ္ အလုပ္ေပးမယ္ .. စခန္းမွာ ျပန္ၿပီး ေအးေဆးေစာင့္ေနလိုက္ "

စက္ဘီးေပၚက ေဆာင္းဟြန္းမွာေတာ့ မ်က္ခုံးကို တြန႔္ခ်ိဳးလ်က္ ေျခနင္းကိုသာ ပိုအားထည့္ကာ နင္းလိုက္သည္ ။ ဒီေကာင္ေလးက အရြယ္နဲ႔မလိုက္ေအာင္ လူမိုက္လုပ္ခ်င္သည္ ။ ပုံစံက ေဆာင္းဟြန္းထက္ေတာင္ငယ္ခ်င္ငယ္ဦးမည္ ။ အမ်ားဆုံးရွိ အသက္ ၂၁ .. ၂၂ ေပါ့ ။ သူဆို အဲ့ေကာင္ေလးအရြယ္မွာ ဆူဘင္းေဟ်ာင္းေနာက္ကို တေကာက္ေကာက္လိုက္ၿပီး မႈခင္းအေတြ႕အၾကဳံ စယူေနၿပီ ။

" ဒီေခတ္ကေလး ေတြ မလြယ္ခ်က္ပဲ "

-

-

-

#ဂ်င္ဂ်ဴၿမိဳ႕လူမိုက္ကိုေလၽွာ့တြက္မိေသာအမွား

ဆိုးလ္ၿမိဳ႕ထက္ဆိုင္ရင္ ကားအသြားအလာနည္းေသာ ၿမိဳ႕ငယ္ေလးဟာ သေဘာေကာင္းေသာၿမိဳ႕ခံေတြနဲ႔ ေနရတာ ေအးေအးေဆးေဆးရွိသည္ ။ ဟိုကေလးေခါင္းေဆာင္လူမိုက္ အုပ္စုက လြဲလို႔ေပါ့ ။ ၿငိမ္းခ်မ္းလြန္းလို႔ ခက္ရခ်ည္ရဲ့ ။ လႈပ္ရွားသြားလာေနရၿပီး အလုပ္ရႈပ္ေနရတာကို ႀကိဳက္တဲ့ေဆာင္းဟြန္းအတြက္ မႈခင္းနည္းတဲ့ ဤၿမိဳ႕ေလးဟာ ၾကာၾကာေနရင္ေတာ့ ပ်င္းရိဖြယ္ေကာင္းလာမွာေသခ်ာသည္ ။

ဒါေတြက ေဆာင္းဟြန္းရဲ့ စိတ္ကူးသက္သက္သာ ျဖစ္ေနခဲ့သည္ ။ တစ္ပတ္နီးပါး အရာအားလုံး ပုံမွန္ပဲမဟုတ္လား ။ ေန႔တြင္းခ်င္း ဂ်င္ဂ်ဴၿမိဳ႕ေလးက ဘာလို႔ အလုပ္မ်ားတဲ့ ၿမိဳ႕ကေလးျဖစ္သြားရတာလဲ ။ ေဆာင္းဟြန္းတစ္ေယာက္တည္းအတြက္ သီးသန႔္ ျဖစ္လာတဲ့ အလုပ္ကိစၥေတြဟာ တမနက္ခင္းမွာတင္ အေျမာက္အမ်ား ။

" အရာရွိပတ္ လမ္းေပ်ာက္ေနတဲ့ ဘြားဘြားကို လိုက္ပို႔ေပးရမယ္ထင္တယ္ "

" အရာရွိပတ္ ၿမိဳ႕တြင္းမွာ လိုအပ္ရင္ အကူအညီေပးဖို႔ လက္ကမ္းစာေစာင္ေတြ ကပ္ေပးပါဦး "

" အရာရွိပတ္ စခန္းေရွ႕ တံျမက္စည္းေလးလွည္းပါဦး "

ဒီအလုပ္ေတြအထိ ေဆာင္းဟြန္း လက္ခံနိုင္ေသးသည္ ။ ဒါေတြက နယ္ေျပာင္းမိန႔္က်လာကတည္းက ႀကိဳတြက္ထားၿပီးသား ေဆာင္းဟြန္းရဲ့ တာဝန္ေတြပါပဲ ။ ဆိုးလ္မွာ မႈခင္းစုံေထာက္လုပ္ရတာထက္ ပိုသက္သာတယ္ေျပာရမည္ ။ ဒါေပမဲ့ ..

" အရာရွိပတ္ ရွင္းမ္ဂ်ယ္ယြန္းတို႔ ရပ္ကြက္မွာ ရန္ျဖစ္လို႔တဲ့ ။ ေကာင္ေလးက ၿခံထဲမွာ ေဘာလုံးကစားရင္း တျခား အိမ္က မွန္ကို ခြဲလည္း ခြဲေသးတယ္ ။ သူကလည္း ရန္ရွာေသးတယ္တဲ့ "

>>>>>

" အရာရွိပတ္ ရွင္းမ္ဂ်ယ္ယြန္းက သူတို႔ရပ္ကြက္ထိပ္က ပဲေခါက္ဆြဲဆိုင္ပိုင္ရွင္နဲ႔ ရန္ျဖစ္လို႔တဲ့ ။ သြားေပးပါဦး "

>>>>>

" အရာရွိပတ္ !! ရွင္းမ္ဂ်ယ္ယြန္းက .. "

>>>>>

" ရွင္းမ္ဂ်ယ္ယြန္းဆိုတဲ့ေကာင္ေလးကေလ .."

>>>>>

" အရာရွိပတ္ " " အရာရွိ ပတ္ေဆာင္းဟြန္း "

" ထပ္ၿပီး ရွင္းမ္ဂ်ယ္ယြန္းပဲလား "

>>>>>

ဂ်င္ဂ်ဴၿမိဳ႕ကို ေရာက္လာတာ ၁ လ တိတိျပည့္တဲ့ေန႔ ။

ေဆာင္းဟြန္းကိုယ့္ဘဝကိုယ္ သံသယရွိလာသည္ ။ တခ်ိဳ႕ေသာညေတြမွာ ခ်က္ခ်င္း အိပ္မေပ်ာ္နိုင္ဘဲ ေတာင္ေတာင္အီအီစဥ္းစားမိသည္ ။

ေဆာင္းဟြန္းဆိုတဲ့ သူဟာ ဂ်င္ဂ်ဴၿမိဳ႕ကို စခန္းေျပာင္းလာရတာ တရားခံကို ေသနတ္သုံးမိတဲ့ျပစ္ဒဏ္ေၾကာင့္ ဆိုတာ ဟုတ္ေရာဟုတ္ရဲ့လား ။ ရွင္းမ္ဂ်ယ္ယြန္း ဆိုတဲ့ ေကာင္ေလးရဲ့ ေန႔စဥ္ ရွာသမၽွ ျပႆနာေတြကို ရွင္းေပးဖို႔ သက္သက္ ဂ်င္ဂ်ဴကိုေရာက္လာရတာမ်ားလား ။

" ရွင္းမ္ဂ်ယ္ယြန္း ဒီေန႔ ေအးေဆးေနမယ္ ဆိုရင္ အရင္ေန႔ေတြလို ရာသီဥတု အုံ႔မွိုင္းၿပီး ေနလို႔ေကာင္းေနပါေစ "

စေရာက္တဲ့ေန႔ကတည္းက တိမ္ထူေသာရာသီဥတုေလးရွိတဲ့ ဂ်င္ဂ်ဴၿမိဳ႕ေလးေတာင္ ေဆာင္းဟြန္းရဲ့ ဆုေတာင္းစကားေၾကာင့္ ထို႔ေန႔တစ္ေန႔လုံး ေနပူသည္ ။

တစ္လတင္းတင္းျပည့္တဲ့ေန႔မွာ ရွင္းမ္ဂ်ယ္ယြန္းမ်က္ႏွာကို ျမင္ရတာ ဘယ္ႏွခါေျမာက္ရွိၿပီလဲ ဆိုတာကို ေဆာင္းဟြန္း ေသခ်ာပင္မသိေတာ့ ။ အနည္းဆုံး တစ္ရက္ ၂ ခါႏွင့္အထက္ ေတြ႕ျဖစ္သည္ ။ မနက္ပိုင္းေကာင္ေလးဘက္က တစ္ခုခု ျပႆနာရွာၿပီး စခန္းကိုေရာက္လာတတ္သည္ ။ မဟုတ္ရင္လည္း ေဆာင္းဟြန္းကိုယ္တိုင္ သူ အခင္းျဖစ္တဲ့ေနရာကို လိုက္ကာ ဝင္ဆြဲရသည္ ။

တစ္ၿမိဳ႕လုံးမွာ ရွင္းမ္ဂ်ယ္ယြန္းနဲ႔ ရန္မျဖစ္ဖူးတဲ့သူ ဆိုတာ မရွိသေလာက္ရွားပါသည္ ။ ဒီေကာင္ေလးနဲ႔ ေတြ႕မွ မာပိုရဲစခန္းရဲ့ စိတ္ျမန္လက္ျမန္ရွိလွပါခ်ည္ရဲ့ ဆိုေသာ ေဆာင္းဟြန္းေတာင္လက္ေျမႇာက္အရႈံးေပးရပါသည္ ။ ရွင္းမ္ဂ်ယ္ယြန္းဆိုတဲ့ေကာင္ေလးက အသက္ကသာ ၂၀ ေက်ာ္ေလးရွိေသးတာ စကားထက္ လက္က အရင္ ေရွ႕ေရာက္ေနတတ္တဲ့သူမ်ိဳး ။

႐ုတ္ခ်ည္းဆိုသလို ေဆာင္းဟြန္းဟာ သူ႔ေဝယ်ာဝစၥေတြအကုန္လိုက္လုပ္ေပးရတဲ့ကိုယ္ပိုင္အတြင္းေရးမႉးေလးျဖစ္သြားသလိုပင္ ။ စခန္းကလည္း သိသိသာသာ ဘက္လိုက္လြန္းသည္ ။ သူတို႔ မနိုင္တဲ့ လူဆိုးေကာင္ေလး ရွင္းမ္ဂ်ယ္ယြန္းနဲ႔ပက္သက္သမၽွဆို အသစ္ေရာက္လာတဲ့ ေဆာင္းဟြန္းနဲ႔ပဲ လက္လႊဲေပးၾကသည္ ။

" ဘာလို႔ ေန႔တိုင္း ရန္လိုေနရတာလဲ " ဆိုတဲ့‌ေမးခြန္းကိုေဆာင္းဟြန္းေမးၾကည့္ဖူးသည္ ။ ထိုအခါ လူဆိုးေကာင္ေလးက " ခင္ဗ်ားကို အလုပ္ေပးတာေလ " ဆိုတဲ့စကားတစ္ခြန္းကိုသာ အျမဲေျဖတတ္သည္ ။

-

-

" ရဲေပါက္စေလး ဒီေန႔ ကင္းလွည့္ေစာလွခ်ည္လား "

မနက္ ၇ နာရီ စခန္းမွ ထြက္ၿပီး ဂ်င္ဂ်ဴတစ္ပတ္ပတ္ရတာဟာ ေဆာင္းဟြန္းအတြက္ ေန႔တစ္ေန႔ရဲ့ပထမဆုံးတာဝန္ျဖစ္သည္ ။ ဒီေန႔ေတာ့ ေစာနိုးေနတာမို႔ ၆ နာရီ ခြဲကတည္းက ထြက္လာခဲ့သည္ ။ ဟိုေကာင္ေလးအိမ္ဘက္ကိုေရာက္ေတာ့ လွည့္မၾကည့္ဖို႔ႀကိဳးစားေသာ္လည္း ၿခံထဲက လွမ္းေခၚတဲ့အသံေၾကာင့္ ေဆာင္းဟြန္း မသိခ်င္ေယာင္မေဆာင္နိုင္ ။

သာမန္ တစ္ထပ္အိမ္ေလးေတြသာရွိတဲ့ ဆိတ္ၿငိမ္ရပ္ကြက္ကေလးထဲမွာ တစ္လုံးထဲေသာ ႏွစ္ထပ္အိမ္က ဂ်င္ဂ်ဴၿမိဳ႕လူမိုက္ကေလးရဲ့ အိမ္ျဖစ္သည္ ။ သူ႔အဖြဲ႕သားေတြကိုေတာ့

You are reading the story above: TeenFic.Net