CUTEST

Background color
Font
Font size
Line height

ဒီနေ့ဟာ ၃ ရက်မြောက်နေ့ ။ 

ဆောင်းဟွန်းတစ်ယောက် ထုံးစံအတိုင်း နံနက် ၆ နာရီကျော်တာနဲ့ ကင်းလှည့်ထွက်ပေမဲ့ မျှော်နေတဲ့ မျက်နှာလေးကို မတွေ့ရတာ ၇၂ နာရီကျော်ခဲ့ပြီ ။ 

Jersey ကလေးဟာ အခုချိန်လောက်ဆို ဂျယ်ယွန်းရဲ့ အဝတ်ဗီရိုထဲမှာ ရှိနေမလား ။ ကြမ်းပြင်ပေါ်မှာ အထီးကျန်စွာ ပုံကျနေမလား ဆိုတာ ဆောင်းဟွန်း ရူးလောက်အောင် သိချင်နေပါသည် ။ 

ဖွင့်ပြောမိခြင်းကို မှားသွားသလို ခံစားရသည်မှာ အကြိမ်ကြိမ်အခါခါ ။ လေးလေးနက်နက်တွေးကြည့်ပါက တစ်စုံတစ်ယောက်ကိုသဘောကျမိခြင်းဟာ အပြစ်တစ်ခုမှ မဟုတ်ခဲ့ပဲလေ ။ မှားသည် ၊ မှန်သည် ဆိုတာမရှိပေ ။ 

သို့သော် သူ့ရဲ့ ခံစားချက်တွေဟာ ကောင်လေးအတွက် တုံ့ပြန်မှုတစ်စုံတစ်ရာမရှိနိုင်တဲ့ ဝန်ခံချက်တစ်ခုသာဖြစ်နေခဲ့ရင်တော့ ဂျယ်ယွန်းနေရာမှာ သူသာဆို စိတ်အနှောင့်အယှက် ဖြစ်မိမှာ အမှန်ပင် ။ ဂျယ်ယွန်း စိတ်ညစ်ရတဲ့ကိစ္စဆိုရင် ဘယ်အရာမဆို အမှား တစ်ခုပဲဟု ဆောင်းဟွန်းက ယူဆသည် ။ 

ဒါကြောင့်မို့ ဂျယ်ယွန်းက သူ့ကို တမင် ရှောင်နေတာမျိုးဆိုရင်ရော ..? 

အတောမသတ်နိုင်တဲ့ ရင်ထဲက ပူလောင်မှုမီးစလေးဟာ အချိန်ကြာလေ မီးတောက်ကြီးလာလေဖြစ်သည် ။ အုံ့မှိုင်းနေတတ်သော ဂျင်ဂျူမြို့လေးရဲ့ ရာသီဥတုလေးတောင် ဆောင်းဟွန်းရင်ထဲက အပူမီးလာဟပ်သလား မပြောတတ်ပါ ၊ ဒီနေ့မှာ သာမန်နေ့တွေထက် အပူချိန်တိုးလေရဲ့ ။ 

နာရီကို ကြည့်သောအခါ နေ့လယ်စာစားချိန်အပြီးတွင် တစ်ဖြတ် ကင်းလှည့်ရမည့် တာဝန်ချိန်တောင်ရောက်လာခဲ့ပြီ ။ ယနေ့ ဂျင်ဂျူမြို့ဟာ ပုံမှန်ထက်ခြောက်ကပ်နေသည် ။ မြို့သူမြို့သားတွေ ၊ စခန်းက စီနီယာတွေ အတွက် အထွေအထူးမဟုတ်လှတဲ့ ရက်ကလေးတစ်ရက် ဖြစ်နေနိုင်ပါသည် ။ ဆောင်းဟွန်းအတွက်တော့ တစ်ရက်ထက်တစ်ရက် စိုးရိမ်စိတ်တွေနဲ့ ပင်ပန်းစပြုလာတဲ့ ပျော်စရာမကောင်းသော နွေရာသီအစပါပင် ။


ဆောင်းဟွန်းရဲ့  စက်ဘီးလေးသည် ဓာတ်တိုင် တစ်ခု၏ အကွယ်တွင် ထိုးရပ်သွားသည် ။ နေမင်းဟာ ၁နာရီ လက်တံငယ် တည့်တည့်အချိန်တွင် အင်အားကြီးမားနေသည့်တိုင် ဆောင်းဟွန်း ယူနီဖောင်းအောက်မှ တီရှပ်လေးတွင် ချွေးတွေ စိုရွှဲစပြုလာသည်ကို ခံစားမိသည် ။ 

တစ်ချိန်တည်းမှာပဲ လက်ပတ်နာရီမှ စက္ကန့်တံတွေ တကျက်ကျက်ရွေ့လျားနေခြင်းကို သတိထားမိခဲ့သည် ။ လူ့ဘုံလောကဟာ သူ့အတွက် တိတ်ဆိတ်နေသော မြက်ခင်းပြင်ကျယ်ကြီးလို အေးချမ်းသွားရပါရဲ့ ။ အကြောင်းပြချက်ဟာ အဆန်းတကြယ်တော့မဟုတ်လှ ။ အခဲလွန်နေတဲ့ ရေခဲမုန့်ဘူးကို ဇွန်းနဲ့ တဂျစ်ဂျစ် ခြစ်နေတဲ့ ကောင်လေးတစ်ယောက်ကြောင့်တဲ့လေ .. ။ 


မတရားလိုက်တာ ဂျယ်ယွန်းရယ် .. ကိုယ့် ကမ္ဘာရဲ့ စိမ်းလန်းခြင်း .. ခြောက်သွေ့ခြင်းက မင်းအပေါ်မူတည်နေရတယ်လို့  ။  


၇၇ နာရီ နဲ့ ၃၀ မိနစ်ကျော် .. 

ခိုးစားရတဲ့ ပန်းသီးက ပိုအရသာရှိတယ်လို့ သူများတွေက ပြောကြသည် ။ ထိုနည်း၎င်းပါပဲ ။ ဓာတ်တိုင်အကွယ်က လှမ်းမြင်ရတဲ့ ခပ်သေးသေးပုံရိပ်ကလေးကို ဆောင်းဟွန်းမှာ ကြည့်မဝဖြစ်ရသည် ။ 

စည်းတစ်ခုရှိလာပြီ ဆိုရင်တစ်လှမ်း ပိုတိုးချင်ကြရဲ့ လူတွေရဲ့ သဘာဝဟာ ဘုရားက ဖန်ဆင်းထားခြင်းမရှိတဲ့ စမ်းသက်ချက်တစ်ခုအနေနဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေခဲ့သလားမသိပါ ။ နောက်ဆုတ်လိုက်ရတော့မလား ဆိုတဲ့ဝိုးတဝါး မေးခွန်းတွေ တွေးမိလာသည့်နောက်တွင် သူဟာ ဂျယ်ယွန်းကို ထင်ထားတာထက် ပိုချစ်မိကြောင်း သိလာသည် ။ 


" အရာရှိပတ် အဲ့တာ အဘွားရဲ့ ခွေးလေးပါ စောင့်ဖမ်းပေးထားပါဦး " 

နားရွက်အုပ်အုပ်နဲ့ နေရောင်ထဲမှာ ရွှေအိုရောင်လို တောက်ပြီး လှုပ်စိလှုပ်စိ ပြေးနေတဲ့ လသားအရွယ် Golden retriever လေးတစ်ကောင်ဟာ ဆောင်းဟွန်းဆီ ဦးတည်လာနေသည် ။ 

သူ့ပိုင်ရှင်ဘွားဘွားက နေ့တိုင်း မြို့ထဲမှာသွားလာနေလို့ ခင်နေပြီဖြစ်တဲ့ ဘွားဘွားမို့ ခွေးလေးနောက်ကို အမှီပြေးလိုက်နိုင်စွမ်းမရှိတာကို ဆောင်းဟွန်း သဘောပေါက်လိုက်သည် ။ ဒါကြောင့် ပြေးဆော့ချင်တိုင်းဆော့နေတဲ့ ခပ်ဆိုးဆိုးလေးကို စောင့်ဖမ်းရင်းပွေ့ချီကာ " ဟေ့ကောင်လေး ငြိမ်ငြိမ်နေရမယ် " ဟု တစ်ချက် ဆူလိုက်ရသည် ။ 

လျှာတစ်ထုတ်ထုတ်နှင့် ငြိမ်သွားတော့လည်း ဆောင်းဟွန်းတောင် ဆူမိလို့ ဆွံ့အသွားရသည် ။ မျက်နှာငယ်လေးနဲ့ ဘွားဘွားကို စောင့်နေပြန်တော့ ဆောင်းဟွန်းကပဲ မနေနိုင် ။ ခေါင်းကို ခပ်ဖွဖွပွတ်ပေးမှ ဒင်းက ဇိမ်ခံနေသည် ။ 

" ဒီ့ထက်ကြီးလာရင် ဂျင်ဂျူမြို့မှာ မင်းအကဲဆုံးဖြစ်လာမှာလား " 


ဘွားဘွား ရင်ခွင်ထဲပြန်လည်ရောက်ရှိသွားတဲ့ အဆိုးလေးကို စ လိုက်တော့ ဘွားဘွားက အမောတကောလိုက်လာရပေမဲ့ ပင်ပန်းဟန်မရှိဘဲ ရယ်နေရသည် ။ 

" ဒီကလေးလေးက ခပ်ဆိုးဆိုးလေးပေမဲ့လည်း ချစ်နေရတာပါပဲကွယ် " 


" ဒီကလေးလေးက ခပ်ဆိုးဆိုးလေးပေမဲ့လည်း ချစ်နေရတာပါပဲကွယ် " ဟုတ်ပါရဲ့ လေ ။ သံယောဇဉ်တစ်ခုဖြစ်လာတဲ့နောက် လူတစ်ယောက် ၊ တစ်စုံတစ်ခုကို တွယ်ငြိသွားဖို့ဆိုတာ လောကကြီးမှာ အလွယ်ကူဆုံး အလုပ်ဖြစ်သွားတော့တာပဲ ။ ဆိုးပေမဲ့လည်း ချစ်မိသွားရတယ်တဲ့ ။ သိပ်ဟုတ်တာပေါ့ .. ချစ်ခြင်းတရားမှာ သတ်မှတ်ချက်တွေမှ မရှိတာ ။ 

အကောင်ပေါက်ကလေးကို အစပြုလျက် ဂျယ်ယွန်းအကြောင်းကိုပါ တွေးမိရင်း ဘွားဘွားရဲ့ ကျေးဇူးတင်စကားတွေကြောင့် ဆောင်းဟွန်း ပြန်နှုတ်ဆက်လိုက်သည် ။ စက်ဘီးလေးရှိရာကို ပြန်ပြေးသွားပြီး မျက်လုံးတစ်ချက်ဝှေ့ကြည့်မိရာ အခုနက ဒန်းပေါ်မှာ ရေခဲမုန့်စားနေတဲ့ ဂျစ်တူးကလေး မရှိတော့ချေ ။ 

ဘွားဘွားရဲ့ အော်သံက အနည်းငယ်ကျယ်သွားတာမို့ သူ့နာမည်ကိုကြားလို့ အထဲဝင်သွားတာများလား လို့ တွေးမိတော့ ရုတ်တရက် ဝမ်းနည်းမိသည် ။ ၇၇ နာရီ နဲ့ ၃၀ မိနစ် စောင့်ပြီးမှ သူ့မျက်နှာလေးကို မိနစ်ပိုင်းသာတစ်ခါမြင်ခွင့်ရှိမယ်ဆိုရင် ဒီနှုန်းဟာ ဆောင်းဟွန်းအတွက်တော့ အရှင်လတ်လတ်ငရဲကျတာနဲ့ မကွာခြား ။ 

စက်ဘီးချိန်းကြိုးစစ်သလိုနှင့် ထိုနေရာမှာ ရစ်သီရစ်သီလုပ်နေမိပါသေးသည် ။ 

နှလုံးသားထဲမှာ ဂျယ်ယွန်းရှိနေကြောင်းလက်ခံလိုက်တဲ့ အချိန်ကစလို့ လွန်ခဲ့တဲ့ ၁ လ ကျော်လောက်ကလို တစ်ရက်ကုန်သွားတိုင်း ပြက္ခဒိန် ကြက်ခြေခတ်ခြစ်တာမျိုးကို မလုပ်ဖြစ်တော့ပေ ။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် မေ့သွားတတ်သည်လေ ။  

သူက ဒီကို ၃ လ ပဲ ရောက်လာရတယ် ဆိုတဲ့ အမှန်တရားဟာ အရင်လို ၂၄ နာရီပြည့်တိုင်း လက်ချိုးရေလို့ကောင်းတဲ့ ပျော်စရာကိစ္စတစ်ခုမဟုတ်တော့ဘဲ တစ်သက်လုံး မေ့ပစ်လိုက်ချင်တဲ့ အကြောက်တရားတစ်ခု ဖြစ်လာခဲ့သည် ။ 


" ဒီနေ့ဘာလို့ ရင်တွေနာနေရတာပါလိမ့် ။ အစာမကြေလို့များလား " 


စစ်ဆေးရေးခန်းထဲ ခဏခဏ ဝင်ရတုန်းကတောင် မျက်ရည်တစ်ချက်မဝဲခဲ့တဲ့ သူဟာ အခုတော့ စက်ဘီးကို ခပ်မြန်မြန်တွန်းရင်း တရစပ်ကျလာတဲ့ မျက်ရည်ပူတွေကို ဘာမှ မဖြစ်သလို ပုတ်ထုတ်ပစ်ရသည် ။ 

ဧည့်သည်က အချိန်တန်ရင်အိမ်ပြန်ရမယ် .. ဒါက ဥပဒေ ထက် လေးနက်တဲ့ လူကျင့်ဝတ်တစ်ခုပဲ ။ 


📅📅 ~~


ည ၁၁ နာရီဝန်းကျင် ။ 


နေဝင်သွားတာနဲ့ အအေးဓာတ်ပိုလာတဲ့ မြို့ကလေးတွင် ပုရစ်အော်သံ တစ်စွန်းတစ်စ ကြားရသည် ။ စခန်းနဲ့ ခပ်နီးနီးမှာရှိတဲ့ ဆောင်းဟွန်းရဲ့ တိုက်ခန်းဟာ ဂျယ်ယွန်းနေတဲ့ ရပ်ကွက်လေးနဲ့တော့ အလှမ်းဝေးပါသည် ။ 

ညဘက်တွင် ကောင်းကင်ဟာ အပြာရင့်ရောင်သန်းနေလျက် တိမ်ရိပ်တွေ ထူထပ်နေသည် ။ ရေတွက်ဖို့ရာကြယ်စင်တွေတော့ ထင်သလောက်မလင်းနေခဲ့ ။ 

လူခြေတိတ်ချိန်မို့ နံရံပေါ်က နာရီလည်သံက အခုချိန်တွင် အကျယ်လောင်ဆုံးဖြစ်နေသည် ။ နေ့လယ်တုန်းက ဂျယ်ယွန်းမျက်နှာကို မြင်တော့ တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့တာကို သတိရမိတော့ ဆောင်းဟွန်းရဲ့ နှုတ်ခမ်းထောင့်လေး ကွေးသွားခဲ့သည် ။ 

တွေးစရာတွေ တနင့်တပိုးမို့ အရင်လို စိတ်နဲ့သာဆို စိတ်ညစ်မခံဘဲ အိပ်ရေးဝအောင် စောအိပ်မိမှာ သေချာသည် ။ ညဘက် အမှုလိုက်ရမယ့် ရက်တွေလည်း မရှိတာကြောင့် ညနေခင်း ကော်ဖီ မသောက်ဖြစ်တော့တာ ၁ လ အကြာတွင် ပထမဆုံးအကြိမ် ဒီည ကော်ဖီ သောက်ဖြစ်ခဲ့ပါသည် ။ 

ဆောင်းဟွန်းက အသက်နဲ့ လောင်းကြေးထပ်ပြီး တရားခံဖမ်းရတဲ့ အလုပ်မှာတောင် စိတ်ကိုအရှင်းဆုံးထားတတ်တဲ့သူမျိုး ။ အများကြီး လျှောက်တွေးမနေဘဲ လုပ်ချင်တာကို လုပ်ပစ်တတ်တဲ့သူမျိုး ။ အဲ့ဒီ့လိုလူဟာ အခုလက်ရှိ ပတ်ဆောင်းဟွန်းနဲ့ ဆန့်ကျင်ဘက် ။ 

" ၁ လကျော် နီးပါးကျန်သေးတာပဲ .. ဒီညတော့ ဂျယ်ယွန်းအကြောင်းကိုပဲ တွေးပြီး အိပ်လိုက်လို့ရတယ်မလား " 

ကောင်းကင်တွေ လျှပ်စီးလေး ဖြတ်ပြေးသွားသည်မို့ ရုတ်တရက် မျက်တောင်တစ်ချက်ခတ်ခတ်မိသည် ။ မိုးနတ်မင်းရဲ့ အဖြေလို့ ယူဆကာ ဗလာဖြစ်နေသော ကော်ဖီခွက်ကို ဆေးကြောပြီး အိပ်ရာဝင်မည်ဟုဆုံးဖြတ်လိုက်သည် ။ ချက်ချင်းအိပ်ဖြစ်မှာတော့ မဟုတ်သေး .. 


** Phone Ringing ** 


ဖုန်းသံပိတ်ထားသောကြောင့် တဝီဝီမြည်ကာ တုန်ခါနေသော ဖုန်းသံကို ရေသံကြောင့် တော်တော်နဲ့မကြားရ ။ 


" အော .. ဂယူဟျောင်း .. ညဘက်ကြီး ဘာဖြစ်လို့လဲ " 


ဂယူဟျောင်းက သောက်ထားပုံပေါ်သည် ။ ဖုန်းထဲတွင် ဆောင်းဟွန်းရဲ့ တာဝန် ၃ လ ကို လျှော့ပေါ့လိုက်ပြီ ဖြစ်ကြောင်းကို ငိုသံစွက်ကာ ပြောနေသည် ။ 

ဂျင်ဂျူမြို့ကို ရောက်ခါစတုန်းက ပတ်ဆောင်းဟွန်းသာဆို ဒီသတင်းကြောင့် ပျော်လွန်းလို့ အခုချက်ချင်းအထုတ်သိမ်းကာ ဆိုးလ်ကို ပြန်ဖြစ်လောက်ပါ၏ ။ အခုတော့ ဆောင်းဟွန်းရင်ထဲ ထိတ်သွားသည် ။ ရင်ဆိုင်ဖို့ ပြင်ဆင်နေရဆဲဖြစ်တဲ့အကြောက်တရားကို တစ်စုံတစ်ယောက်က လက်တို့လိုက်သည့်နှယ် ။ 

" ဟျောင်း .. မငိုပါနဲ့ ၊ သောက်ထားတာလား ။ ဘေးမှာ ဆူဘင်းဟျောင်းတို့ရောရှိနေလား တစ်ယောက်တည်း အဆင်ပြေရဲ့လား " 

" ဆောင်းဟွန်း .. ဆောင်းဟွန်းနား .. ဟျောင်းကြောင့် ဟျောင်းကြောင့် ဖြစ်တာ " 

" ဘယ်ကသာ ဟျောင်းကြောင့် ဖြစ်ရမှာလဲဗျာ , မဟုတ်ပါဘူး ။ စိတ်မကောင်းမဖြစ်နဲ့တော့နော် ကျွန်တော်လည်း ဒီမှာ အဆင်ပြေတယ် တကယ်ပါဗျာ " 

" Jigsaw လူသတ် သမား .. လွတ်သွားပြီ " 

" ဗျာ .." 

" Jigsaw လူသတ်သမား မင်းဖမ်းလိုက်တဲ့ လူသတ်သမား လွတ်သွားတာ ၂ ပတ်ကျော်ကြာပြီလို့ .. မင်း မနက်ဖြန် ပြန်လာခဲ့ဖို့ အထက်က အမိန့်ရတယ် ။ အခုအချိန်မှာ အန္တရာယ်အရှိဆုံးက မင်းပဲ " 

" ... " 

ဦးနှောက်က ထိုသတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ မမှတ်သားနိုင်သေး ။ ဒီနေ့မှ မိနစ်ပိုင်းလောက်ပဲ မြင်လိုက်ရတဲ့ ဂျင်ဂျူမြို့ရဲ့ခပ်ဆိုးဆိုးကောင်လေးကို မနက်ဖြန် ၊ သဘက်ခါ အပြီးမေ့ပစ်လိုက်ရတော့မယ် ဆိုတဲ့ အသိတရားကြောင့် ရင်ထဲက ကျပ်သိပ်မှုတွေဟာ အထိန်းအကွပ်မဲ့စွာ ပေါက်ထွက်လာသည် ။ ဆောင်းဟွန်း ဖုန်းထဲက ဂယူဟျောင်းရဲ့အသံကို အာရုံမရတော့ပေ ။ 


အိမ်စီးဖိနပ်နဲ့ ယိမ်းယိုင်ကာ ပြေးနေသည့်သူ့ပုံစံသည် အရူးတစ်ယောက်နှင့် တူကောင်းတူနိုင်သည် ။ စက်ဘီးကို စခန်းမှာ ထားခဲ့မိတာမို့ သူ့တိုက်ခန်းကနေ ဂျယ်ယွန်းတို့ရပ်ကွက်ထဲကို ရောက်ဖို့ ၁၅ မိနစ်လောက်ပြေးရမည် ။ 

မှောင်မဲနေသည့် မြို့ကလေးတွင် လမ်းမီးတိုင်အလင်းသာ သူ့ကို လမ်းပြသည် ။ တစ်အိမ် နှစ်အိမ်လောက်သာ မီးလင်းနေကြပြီး စောစောအိပ်တဲ့ မြို့ကလေးဟု ဆောင်းဟွန်း အမည်ပေးထားခဲ့တဲ့ ဂျင်ဂျူမြို့ရဲ့ ညခင်းအချိန်ဟာ လိုတာထက်ပိုပြီး အထီးကျန်တဲ့ပုံပေါ်နေသည် ။ 

အခုနက တွေ့လိုက်တဲ့ လျှပ်စီးတစ်ချက်သည် မိုးနတ်မင်းရဲ့အဖြေဟုတ်ခဲ့ဟန်မတူ ။ မိုးနတ်မင်းက အချက်ပြခဲ့သည် ။ ဒီညဟာ ဆောင်းဟွန်း မျက်ရည်မိုးခ ရမယ့် ည မှန်း ကြိုသိခဲ့ပါလျှင် နေ့ခင်းက golden retriever လေး သူရှိတဲ့နေရာဆီ ထွက်ပြေးမလာဖို့ ဆုတောင်းခဲ့မိမှာသေချာသည် ။ 

အဲ့ဒီ့ကောင်လေးကို ဦးနှောက်ထဲမှာ တစ်သက်လုံးစာအတွက် တစ်ခါတည်း မှတ်ထားဖို့က မိနစ်ပိုင်းနဲ့ မလုံလောက်ပဲကိုး ။ လုံလောက်ခဲ့ရင်တောင် သရဲဘောကြောင်တဲ့သူအနေနဲ့ ဂျယ်ယွန်းမသိအောင် ဆိုးလ်ကို တစ်ကိုယ်ကောင်းဆန်ဆန် ပြန်သွားဖြစ်ခဲ့မှာ ။ 

မိုးဖွဲလေးများ စရွာလာသည် ။ ထီးမပါတဲ့သူဟာ သာမန် ရှပ်အင်္ကျီအပါးတစ်ထည်နဲ့ ခပ်လျော့လျော့ ခဲရောင်ဘောင်းဘီ တစ်ထည်သာဝတ်ထားသည် ။ အအေးဓာတ်က ဆိုးလ်နဲ့ သိပ်မကွာတာမို့ ပါးစပ်နဲ့အသက်ရှူထုတ်လိုက်တိုင်း ရေခဲငွေ့တွေ ထွက်လို့နေပြီ ။ 


မိုးနည်းနည်းသည်းသည့်အချိန်တွင် ဂျယ်ယွန်းရဲ့ ခြံရှေ့သို့ရောက်သည် ။ ခြံတံခါးရှေ့က လူခေါ်ဘဲလ်ကို တီးဖြစ်ဖို့ စဉ်းစားမိတာ ဘယ်လောက်ကြာသွားမှန်းမသိ ။ သူ့တစ်ကိုယ်လုံး မိုးရေတွေ ရွှဲကာ ခြေတွေ ၊ လက်တွေ ထုံလာခါမှ အရဲစွန့်ပြီး လူခေါ်ဘဲလ်ကို တီးဖြစ်ခဲ့ပါသည် ။ 


ဘယ်လောက်မှ မကြာခင် ထီးတစ်လက်နဲ့ အိမ်ထဲက ပြေးထွက်လာတဲ့ ဂျယ်ယွန်းဟာ ခြံတံခါးကို အမြန်တွန်းဖွင့်ပြီး သူ့ကို ထီးလာမိုးသည် ။ အနီးကပ်မှ တွေ့လိုက်ရသည်မှာ ကောင်လေးက သူပေးထားတဲ့ PE Jersey လေးကို ဝတ်ထားတာမို့ ရင်ထဲ နွေးခနဲ ။ 

" ခင်ဗျား ရူးနေလား ညကြီးမင်းကြီး မိုးရွာနေတာကို .. လသာနေတယ် မှတ်နေလား " 

သူ့လက်ကို မြှောက်ကာ ထီးမိုးပေးရင်း မော့ကြည့်နေတဲ့ ဂျယ်ယွန်းရဲ့ မျက်လုံးတွေက နေ့လယ်က golden retriever လေးလို တလက်လက်ရယ် ။ 

" ရဲပေါက်စ .. နာရီကိုလည်း ကြည့်ဦး ဒါ အိပ်ချိန်ဗျ "


ဆောင်းဟွန်းမြင်ဖူးတယ် ။ လူတွေက သူတို့ရဲ့ အားအနည်းဆုံးအချိန်မှာ ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ရဲ့ ရင်ခွင်ထဲမှာ ကွယ်ပြီး တခြားသူတွေ မမြင်အောင် ပုန်းလေ့ရှိတယ် ။ မူလတန်းတုန်းက ဘေးက သူငယ်ချင်း သင်္ချာမဖြေနိုင်တုန်းက ကျောင်းဆင်းတော့ သူ့မေမေကို ပြေးဖက်ပြီး ငိုသလိုမျိုး ၊ ဖေဖေ မဆုံးခင်က တစ်ခါတလေ မေမေ့ကို အကြာကြီး ပွေ့ဖက်ထားဖူးသလိုမျိုးပေါ့ ။ 

" ဟာ .. ဟိတ်လူ .. ခင်ဗျား ..ဘာ " 

ဆောင်းဟွန်းလည်း အဲ့လိုမျိုး တခြားသူတွေ မမြင်အောင် ပုန်းကွယ်နေဖူးတာပဲ ။ ဖေဖေဆုံးသွားတုန်းက မေမေ့ရင်ခွင်ထဲ အကြာကြီး ငိုခဲ့တုန်းက အခုလိုမျိုး.. နွေးထွေးနေခဲ့တယ် ။ 


///


လူအိပ်ချိန် ခြံရှေ့ရောက်လာပြီး မိုးရေတွေ အရွှဲသားနဲ့ ရဲပေါက်စကိုတွေ့တော့ အိပ်ချင်နေတဲ့ မျက်လုံးတွေတောင်ပြူးကျယ်သွားရသည် ။ ဒီလူဟာ အတော်လည်း တတ်နိုင်တဲ့သူ ။ ကိုယ့်မှာ သူ့ကို မျက်လုံးချင်းမဆုံရဲလို့ အရင်လို မြို့ထဲမှာ ရန်တောင်မဖြစ်တော့ဘဲ အိမ်တွင်းအောင်းနေတာကို ထွက်မတွေ့ဘဲ မနေနိုင်အောင် လုပ်နိုင်တဲ့လူ ။ 

တစ်ကိုယ်လုံး ချမ်းတုန်နေပြီး စက်ဘီးလည်းပါလာပုံမရတဲ့ ထိုလူကို သနားလည်း သနားမိသည် ။ သူ့ကို ထီးမိုးပေးတော့ မျက်နှာမှာလည်း မိုးရေတွေ စိုရွှဲလို့ တစ်ကိုယ်လုံး ကြွက်စုတ်နဲ့တူနေပြီ ။ 

" ခင်ဗျား ရူးနေလား ညကြီးမင်းကြီး မိုးရွာနေတာကို .. လသာနေတယ် မှတ်နေလား " 

တကယ်ဆို နေ့လယ်ကတည်းက အခုလို အနီးကပ်မြင်ချင်နေခဲ့တာ ။ အများကြီး သတိရနေခဲ့တာပေါ့ ။ ခက်ခက်ခဲခဲ လုပ်ကြံဖန်တီးပြီး နေ့တိုင်း ရအောင် တွေ့ရတဲ့အရာရှိပတ်ကို ရှောင်နေရတာ ၃ ရက်ရှိပြီမို့ ဂျယ်ယွန်းလည်း လွမ်းတတ်နေတာ သေချာပါသည် ။  


" ရဲပေါက်စ .. နာရီကိုလည်း ကြည့်ဦး ဒါ အိပ်ချိန်ဗျ " 

 ကျွန်တော်က တုံးအ လို့ပါ ခင်ဗျားရယ် ။ အချစ်ပေးတိုင်း အချစ်ပြန်ရတဲ့ ဆက်ဆံရေးမျိုးကို မကြုံခဲ့ဖူးတာမို့ ခင်ဗျားရဲ့ အချစ်ကို ဘယ်လိုတုံ့ပြန်ရမလဲ မသိခဲ့တာ ။ ကျွန်တော်သိတဲ့အချစ်က နေ့တိုင်း တွေ့နေရရင် အဆင်ပြေတယ် ၊ လုံလောက်တယ်လို့ ခံယူထားခဲ့တာမို့  ။ 


" ဟာ .. ဟိတ်လူ .. ခင်ဗျား ..ဘာ " 


ထီးကိုင်ထားတဲ့ သူ့လက်တစ်ဖက်ဟာ ထီးလက်ကိုင်ကို ကျစ်နေအောင် ဆုပ်လိုက်မိသည် ။ အသိမပေးဘဲ သူ့ကို လာဖက်တဲ့ ထိုလူကြောင့် ရင်တုန်လွန်ပြီး အမောဖောက်သွားရင် ဒုက္ခရောက်ရချည်ရဲ့ ။ 

ခင်ဗျားဟာ သိပ်ကို ပျောက်ကျားစစ်ကျွမ်းကျင်တဲ့လူပဲ ။ ပထမဆုံးတွေ့တဲ့တစ်ခေါက်မှာတင် ပင်လယ်ပြာ ရေမွှေးနံ့နဲ့အတူ ကျွန်တော့်နှလုံးသားထဲကို အကြောင်းမကြားဘဲ ဝင်လာခဲ့သလို အခုတစ်ခေါက်မှာလည်း ... 


" ဒီစကားကို ကိုယ်အခုမှ မပြောလိုက်ရရင် တစ်သက်လုံးနောင်တ ရနေတော့မယ်ထင်တယ် " 

ထီးပေါ် တင်လာသော မိုးကျသံတညံညံကြောင့် ရဲပေါက်စရဲ့အသံဟာ တိုးလွန်းသည် ။ သူ့အရပ်ကြီးနဲ့ ဂျယ်ယွန်း ကို အတင်းလာဖက်ပြီး ခါးကိုပါ သူ့လက်နှစ်ဖက်နဲ့ ပွေ့လိုက်တာမို့ ဂျယ်ယွန်းက သူ့ရင်ခွင်ထဲပြန်ရောက်ပြီး အပေါ်ပင် မြောက်တက်သွားကာ ခြေဖျားထောက်ထားရသည် ။ 

" ချစ်တယ် ဂျယ်ယွန်း .. မင်းကို သိပ်ချစ်တယ် " 

" ဗျာ .. " 

သွယ်ဝိုက်ပြီး ဖွင့်ပြောတာတောင် ဂျယ်ယွန်းမှာ ရှက်လှပြီကို အခုလိုကြီး တိုက်ရိုက်ဖွင့်ပြောတော့ ဂျယ်ယွန်း တုန်တုန်ရီရီနှင့် ထီးလေးကို လွှတ်ချလိုက်မိသည် ။ အကျိုးဆက်အနေနဲ့ သူရော ရဲပေါက်စရော မိုးရေတွေနဲ့ မိတ်ဆက်ရလေပြီ ။ 

" မနက်ဖြန် ကိုယ် ဆိုးလ်ကို ပြန်တော့မယ် " 

လျှပ်စီးတစ်ခုနှင့် မိုးခြိမ်းသံခပ်ကျယ်ကျယ်ကြောင့် ထိတ်လန့်သွားခြင်းမဟုတ်ဘဲ ဂျယ်ယွန်း သူ့ရင်ခွင်ထဲက အမြန် ရုန်းလိုက်မိသည် ။ 

ဒုတိယအကြိမ် ပြန်ကြည့်မိတော့မှ ရဲပေါက်စရဲ့ မျက်နှာမှာ ရှိနေတာ မိုးရေတွေမှ မဟုတ်ပဲ ။ 


✨✨✨ 


( Recommended bgm တွေလည်း နားထောင်ကြည့်ကြပါနော် အရမ်းကောင်းပါတယ် ) 

hihihi နောက်တစ်ပိုင်း or နှစ်ပိုင်းလောက်ရေးမှ ပြီးမယ်ထင်ပါတယ် ။ ၄ လလောက် ရပ်ပြီးမှ ပြန်ရေးရတာမို့ ဖတ်ရတာ ထောက်နေရင် ဆောရီးပါနော် 😣 အမှန်က ဒီတစ်ပိုင်းဆို final လုပ်ထားတာ သူတို့ကြားထဲက feeling ကို ပိုပြီးပြောပြချင်လို့ ဒီတစ်ပိုင်းကိုနည်းနည်း detail ကျကျရေးကြည့်ထားပါတယ် ။ အထူးသဖြင့် ဆောင်းဟွန်းရဲ့ စိတ်နေသဘောထားလေး ပေါ်မယ်ထင်ပါတယ် ။ ခုထိ စောင့်ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် ရှင် ။ 


......


Zawgyi Font 


ဒီေန႔ဟာ ၃ ရက္ေျမာက္ေန႔ ။

ေဆာင္းဟြန္းတစ္ေယာက္ ထုံးစံအတိုင္း နံနက္ ၆ နာရီေက်ာ္တာနဲ႔ ကင္းလွည့္ထြက္ေပမဲ့ ေမၽွာ္ေနတဲ့ မ်က္ႏွာေလးကို မေတြ႕ရတာ ၇၂ နာရီေက်ာ္ခဲ့ၿပီ ။

Jersey ကေလးဟာ အခုခ်ိန္ေလာက္ဆို ဂ်ယ္ယြန္းရဲ့ အဝတ္ဗီရိုထဲမွာ ရွိေနမလား ။ ၾကမ္းျပင္ေပၚမွာ အထီးက်န္စြာ ပုံက်ေနမလား ဆိုတာ ေဆာင္းဟြန္း ႐ူးေလာက္ေအာင္ သိခ်င္ေနပါသည္ ။

ဖြင့္ေျပာမိျခင္းကို မွားသြားသလို ခံစားရသည္မွာ အႀကိမ္ႀကိမ္အခါခါ ။ ေလးေလးနက္နက္ေတြးၾကည့္ပါက တစ္စုံတစ္ေယာက္ကိုသေဘာက်မိျခင္းဟာ အျပစ္တစ္ခုမွ မဟုတ္ခဲ့ပဲေလ ။ မွားသည္ ၊ မွန္သည္ ဆိုတာမရွိေပ ။

သို႔ေသာ္ သူ႔ရဲ့ ခံစားခ်က္ေတြဟာ ေကာင္ေလးအတြက္ တုံ႔ျပန္မွုတစ္စုံတစ္ရာမရွိနိုင္တဲ့ ဝန္ခံခ်က္တစ္ခုသာျဖစ္ေနခဲ့ရင္ေတာ့ ဂ်ယ္ယြန္းေနရာမွာ သူသာဆို စိတ္အေႏွာင့္အယွက္ ျဖစ္မိမွာ အမွန္ပင္ ။ ဂ်ယ္ယြန္း စိတ္ညစ္ရတဲ့ကိစၥဆိုရင္ ဘယ္အရာမဆို အမွား တစ္ခုပဲဟု ေဆာင္းဟြန္းက ယူဆသည္ ။

ဒါေၾကာင့္မို႔ ဂ်ယ္ယြန္းက သူ႔ကို တမင္ ေရွာင္ေနတာမ်ိဳးဆိုရင္ေရာ ..?

အေတာမသတ္နိုင္တဲ့ ရင္ထဲက ပူေလာင္မွုမီးစေလးဟာ အခ်ိန္ၾကာေလ မီးေတာက္ႀကီးလာေလျဖစ္သည္ ။ အုံ႔မွိုင္းေနတတ္ေသာ ဂ်င္ဂ်ဴၿမိဳ႕ေလးရဲ့ ရာသီဥတုေလးေတာင္ ေဆာင္းဟြန္းရင္ထဲက အပူမီးလာဟပ္သလား မေျပာတတ္ပါ ၊ ဒီေန႔မွာ သာမန္ေန႔ေတြထက္ အပူခ်ိန္တိုးေလရဲ့ ။

နာရီကို ၾကည့္ေသာအခါ ေန႔လယ္စာစားခ်ိန္အၿပီးတြင္ တစ္ျဖတ္ ကင္းလွည့္ရမည့္ တာဝန္ခ်ိန္ေတာင္ေရာက္လာခဲ့ၿပီ ။ ယေန႔ ဂ်င္ဂ်ဴၿမိဳ႕ဟာ ပုံမွန္ထက္ေျခာက္ကပ္ေနသည္ ။ ၿမိဳ႕သူၿမိဳ႕သားေတြ ၊ စခန္းက စီနီယာေတြ အတြက္ အေထြအထူးမဟုတ္လွတဲ့ ရက္ကေလးတစ္ရက္ ျဖစ္ေနနိုင္ပါသည္ ။ ေဆာင္းဟြန္းအတြက္ေတာ့ တစ္ရက္ထက္တစ္ရက္ စိုးရိမ္စိတ္ေတြနဲ႔ ပင္ပန္းစျပဳလာတဲ့ ေပ်ာ္စရာမေကာင္းေသာ ေႏြရာသီအစပါပင္ ။

ေဆာင္းဟြန္းရဲ့ စက္ဘီးေလးသည္ ဓာတ္တိုင္ တစ္ခု၏ အကြယ္တြင္ ထိုးရပ္သြားသည္ ။ ေနမင္းဟာ ၁နာရီ လက္တံငယ္ တည့္တည့္အခ်ိန္တြင္ အင္အားႀကီးမားေနသည့္တိုင္ ေဆာင္းဟြန္း ယူနီေဖာင္းေအာက္မွ တီရွပ္ေလးတြင္ ေခၽြးေတြ စိုရႊဲစျပဳလာသည္ကို ခံစားမိသည္ ။

တစ္ခ်ိန္တည္းမွာပဲ လက္ပတ္နာရီမွ စကၠန႔္တံေတြ တက်က္က်က္ေရြ႕လ်ားေနျခင္းကို သတိထားမိခဲ့သည္ ။ လူ႔ဘုံေလာကဟာ သူ႔အတြက္ တိတ္ဆိတ္ေနေသာ ျမက္ခင္းျပင္က်ယ္ႀကီးလို ေအးခ်မ္းသြားရပါရဲ့ ။ အေၾကာင္းျပခ်က္ဟာ အဆန္းတၾကယ္ေတာ့မဟုတ္လွ ။ အခဲလြန္ေနတဲ့ ေရခဲမုန႔္ဘူးကို ဇြန္းနဲ႔ တဂ်စ္ဂ်စ္ ျခစ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ေၾကာင့္တဲ့ေလ .. ။

မတရားလိုက္တာ ဂ်ယ္ယြန္းရယ္ .. ကိုယ့္ ကမၻာရဲ့ စိမ္းလန္းျခင္း .. ေျခာက္ေသြ႕ျခင္းက မင္းအေပၚမူတည္ေနရတယ္လို႔ ။

၇၇ နာရီ နဲ႔ ၃၀ မိနစ္ေက်ာ္ ..

ခိုးစားရတဲ့ ပန္းသီးက ပိုအရသာရွိတယ္လို႔ သူမ်ားေတြက ေျပာၾကသည္ ။ ထိုနည္း၎ပါပဲ ။ ဓာတ္တိုင္အကြယ္က လွမ္းျမင္ရတဲ့ ခပ္ေသးေသးပုံရိပ္ကေလးကို ေဆာင္းဟြန္းမွာ ၾကည့္မဝျဖစ္ရသည္ ။

စည္းတစ္ခုရွိလာၿပီ ဆိုရင္တစ္လွမ္း ပိုတိုးခ်င္ၾကရဲ့ လူေတြရဲ့ သဘာဝဟာ ဘုရားက ဖန္ဆင္းထားျခင္းမရွိတဲ့ စမ္းသက္ခ်က္တစ္ခုအေနနဲ႔ ႏွလုံးသားထဲမွာ ကိန္းေအာင္းေနခဲ့သလားမသိပါ ။ ေနာက္ဆုတ္လိုက္ရေတာ့မလား ဆိုတဲ့ဝိုးတဝါး ေမးခြန္းေတြ ေတြးမိလာသည့္ေနာက္တြင္ သူဟာ ဂ်ယ္ယြန္းကို ထင္ထားတာထက္ ပိုခ်စ္မိေၾကာင္း သိလာသည္ ။

" အရာရွိပတ္ အဲ့တာ အဘြားရဲ့ ေခြးေလးပါ ေစာင့္ဖမ္းေပးထားပါဦး "

နားရြက္အုပ္အုပ္နဲ႔ ေနေရာင္ထဲမွာ ေရႊအိုေရာင္လို ေတာက္ၿပီး လွုပ္စိလွုပ္စိ ေျပးေနတဲ့ လသားအရြယ္ Golden retriever ေလးတစ္ေကာင္ဟာ ေဆာင္းဟြန္းဆီ ဦးတည္လာေနသည္ ။

သူ႔ပိုင္ရွင္ဘြားဘြားက ေန႔တိုင္း ၿမိဳ႕ထဲမွာသြားလာေနလို႔ ခင္ေနၿပီျဖစ္တဲ့ ဘြားဘြားမို႔ ေခြးေလးေနာက္ကို အမွီေျပးလိုက္နိုင္စြမ္းမရွိတာကို ေဆာင္းဟြန္း သေဘာေပါက္လိုက္သည္ ။ ဒါေၾကာင့္ ေျပးေဆာ့ခ်င္တိုင္းေဆာ့ေနတဲ့ ခပ္ဆိုးဆိုးေလးကို ေစာင့္ဖမ္းရင္းေပြ႕ခ်ီကာ " ေဟ့ေကာင္ေလး ၿငိမ္ၿငိမ္ေနရမယ္ " ဟု တစ္ခ်က္ ဆူလိုက္ရသည္ ။

လၽွာတစ္ထုတ္ထုတ္ႏွင့္ ၿငိမ္သြားေတာ့လည္း ေဆာင္းဟြန္းေတာင္ ဆူမိလို႔ ဆြံ့အသြားရသည္ ။ မ်က္ႏွာငယ္ေလးနဲ႔ ဘြားဘြားကို ေစာင့္ေနျပန္ေတာ့ ေဆာင္းဟြန္းကပဲ မေနနိုင္ ။ ေခါင္းကို ခပ္ဖြဖြပြတ္ေပးမွ ဒင္းက ဇိမ္ခံေနသည္ ။

" ဒီ့ထက္ႀကီးလာရင္ ဂ်င္ဂ်ဴၿမိဳ႕မွာ မင္းအကဲဆုံးျဖစ္လာမွာလား "

ဘြားဘြား ရင္ခြင္ထဲျပန္လည္ေရာက္ရွိသြားတဲ့ အဆိုးေလးကို စ လိုက္ေတာ့ ဘြားဘြားက အေမာတေကာလိုက္လာရေပမဲ့ ပင္ပန္းဟန္မရွိဘဲ ရယ္ေနရသည္ ။

" ဒီကေလးေလးက ခပ္ဆိုးဆိုးေလးေပမဲ့လည္း ခ်စ္ေနရတာပါပဲကြယ္ "

" ဒီကေလးေလးက ခပ္ဆိုးဆိုးေလးေပမဲ့လည္း ခ်စ္ေနရတာပါပဲကြယ္ " ဟုတ္ပါရဲ့ ေလ ။ သံေယာဇဥ္တစ္ခုျဖစ္လာတဲ့ေနာက္ လူတစ္ေယာက္ ၊ တစ္စုံတစ္ခုကို တြယ္ၿငိသြားဖို႔ဆိုတာ ေလာကႀကီးမွာ အလြယ္ကူဆုံး အလုပ္ျဖစ္သြားေတာ့တာပဲ ။ ဆိုးေပမဲ့လည္း ခ်စ္မိသြားရတယ္တဲ့ ။ သိပ္ဟုတ္တာေပါ့ .. ခ်စ္ျခင္းတရားမွာ သတ္မွတ္ခ်က္ေတြမွ မရွိတာ ။

အေကာင္ေပါက္ကေလးကို အစျပဳလ်က္ ဂ်ယ္ယြန္းအေၾကာင္းကိုပါ ေတြးမိရင္း ဘြားဘြားရဲ့ ေက်းဇူးတင္စကားေတြေၾကာင့္ ေဆာင္းဟြန္း ျပန္ႏွုတ္ဆက္လိုက္သည္ ။ စက္ဘီးေလးရွိရာကို ျပန္ေျပးသြားၿပီး မ်က္လုံးတစ္ခ်က္ေဝွ႕ၾကည့္မိရာ အခုနက ဒန္းေပၚမွာ ေရခဲမုန႔္စားေနတဲ့ ဂ်စ္တူးကေလး မရွိေတာ့ေခ် ။

ဘြားဘြားရဲ့ ေအာ္သံက အနည္းငယ္က်ယ္သြားတာမို႔ သူ႔နာမည္ကိုၾကားလို႔ အထဲဝင္သြားတာမ်ားလား လို႔ ေတြးမိေတာ့ ႐ုတ္တရက္ ဝမ္းနည္းမိသည္ ။ ၇၇ နာရီ နဲ႔ ၃၀ မိနစ္ ေစာင့္ၿပီးမွ သူ႔မ်က္ႏွာေလးကို မိနစ္ပိုင္းသာတစ္ခါျမင္ခြင့္ရွိမယ္ဆိုရင္ ဒီႏွုန္းဟာ ေဆာင္းဟြန္းအတြက္ေတာ့ အရွင္လတ္လတ္ငရဲက်တာနဲ႔ မကြာျခား ။

စက္ဘီးခ်ိန္းႀကိဳးစစ္သလိုႏွင့္ ထိုေနရာမွာ ရစ္သီရစ္သီလုပ္ေနမိပါေသးသည္ ။

ႏွလုံးသားထဲမွာ ဂ်ယ္ယြန္းရွိေနေၾကာင္းလက္ခံလိုက္တဲ့ အခ်ိန္ကစလို႔ လြန္ခဲ့တဲ့ ၁ လ ေက်ာ္ေလာက္ကလို တစ္ရက္ကုန္သြားတိုင္း ျပကၡဒိန္ ၾကက္ေျခခတ္ျခစ္တာမ်ိဳးကို မလုပ္ျဖစ္ေတာ့ေပ ။ ဒါေၾကာင့္လည္း ကိုယ့္ကိုယ္ကိုယ္ ေမ့သြားတတ္သည္ေလ ။

သူက ဒီကို ၃ လ ပဲ ေရာက္လာရတယ္ ဆိုတဲ့ အမွန္တရားဟာ အရင္လို ၂၄ နာရီျပည့္တိုင္း လက္ခ်ိဳးေရလို႔ေကာင္းတဲ့ ေပ်ာ္စရာကိစၥတစ္ခုမဟုတ္ေတာ့ဘဲ တစ္သက္လုံး ေမ့ပစ္လိုက္ခ်င္တဲ့ အေၾကာက္တရားတစ္ခု ျဖစ္လာခဲ့သည္ ။

" ဒီေန႔ဘာလို႔ ရင္ေတြနာေနရတာပါလိမ့္ ။ အစာမေၾကလို႔မ်ားလား "

စစ္ေဆးေရးခန္းထဲ ခဏခဏ ဝင္ရတုန္းကေတာင္ မ်က္ရည္တစ္ခ်က္မဝဲခဲ့တဲ့ သူဟာ အခုေတာ့ စက္ဘီးကို ခပ္ျမန္ျမန္တြန္းရင္း တရစပ္က်လာတဲ့ မ်က္ရည္ပူေတြကို ဘာမွ မျဖစ္သလို ပုတ္ထုတ္ပစ္ရသည္ ။

ဧည့္သည္က အခ်ိန္တန္ရင္အိမ္ျပန္ရမယ္ .. ဒါက ဥပေဒ ထက္ ေလးနက္တဲ့ လူက်င့္ဝတ္တစ္ခုပဲ ။

📅📅 ~~

ည ၁၁ နာရီဝန္းက်င္ ။

ေနဝင္သြားတာနဲ႔ အေအးဓာတ္ပိုလာတဲ့ ၿမိဳ႕ကေလးတြင္ ပုရစ္ေအာ္သံ တစ္စြန္းတစ္စ ၾကားရသည္ ။ စခန္းနဲ႔ ခပ္နီးနီးမွာရွိတဲ့ ေဆာင္းဟြန္းရဲ့ တိုက္ခန္းဟာ ဂ်ယ္ယြန္းေနတဲ့ ရပ္ကြက္ေလးနဲ႔ေတာ့ အလွမ္းေဝးပါသည္ ။

ညဘက္တြင္ ေကာင္းကင္ဟာ အျပာရင့္ေရာင္သန္းေနလ်က္ တိမ္ရိပ္ေတြ ထူထပ္ေနသည္ ။ ေရတြက္ဖို႔ရာၾကယ္စင္ေတြေတာ့ ထင္သေလာက္မလင္းေနခဲ့ ။

လူေျခတိတ္ခ်ိန္မို႔ နံရံေပၚက နာရီလည္သံက အခုခ်ိန္တြင္ အက်ယ္ေလာင္ဆုံးျဖစ္ေနသည္ ။ ေန႔လယ္တုန္းက ဂ်ယ္ယြန္းမ်က္ႏွာကို ျမင္ေတာ့ တျခားဘာကိုမွ ဂ႐ုမစိုက္နိုင္ေတာ့တာကို သတိရမိေတာ့ ေဆာင္းဟြန္းရဲ့ ႏွုတ္ခမ္းေထာင့္ေလး ေကြးသြားခဲ့သည္ ။

ေတြးစရာေတြ တနင့္တပိုးမို႔ အရင္လို စိတ္နဲ႔သာဆို စိတ္ညစ္မခံဘဲ အိပ္ေရးဝေအာင္ ေစာအိပ္မိမွာ ေသခ်ာသည္ ။ ညဘက္

You are reading the story above: TeenFic.Net