(Unicode)
"CCTV Room ကဝန်ထမ်းကို သူတို့ရှာတွေ့သွားကြပြီ Boss"
("ဘာကွ!! မင်းကိုသေချာရှင်းပစ်ဖို့ ငါပြောထားတယ်လေ")
"ကျွန်တော်လည်းရှင်းပစ်ဖို့ နုံခိုင်ကိုခေါ်လိုက်တာ Boss...ဒါပေမယ့် သူကပိုက်ဆံပဲထပ်တောင်းနေတာ၊ သူနဲ့ဖုန်းပြောနေတဲ့အချိန်မှာပဲ သူ့ကိုမိသွားတာ Boss"
("တောက်! တော်တော်သောက်သုံးမကျတဲ့ကောင်! မင်းကိုအလုပ်လေးတစ်ခုခိုင်းတာတောင် ဖြစ်မြောက်အောင်မလုပ်နိုင်ဘူး")
"ကျွန်တော်တောင်းပန်ပါတယ် Boss"
("တော်စမ်း! အခု မင်းငါနဲ့ပြောပြီးတာနဲ့ SIM Card ကိုချိုးပစ်လိုက်တော့၊ မင်းကိုထောက်လှမ်းလို့မရအောင် ငါဆက်မလုပ်ပေးနိုင်တော့ဘူး...တစ်ခုမှတ်ထား၊ မင်းကိုဖမ်းမိလို့ ငါ့အကြောင်းထည့်ပြောတာနဲ့ မင်းမိသားစုအားလုံး အရှင်မကျန်ဘူး...")
တီ-တီ-တီ-တီ
ဖုန်းလိုင်းပြတ်တောက်သွားပြီ။ နုံခိုင်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုက အိုဟောင်းနေတဲ့ပျဉ်ထောင်အိမ်လေးမှ လူတစ်ယောက်။ Boss လို့ သူခေါ်တဲ့ ပါဝါကြီးတဲ့သူဌေးကြီးတစ်ယောက်ရဲ့သစ္စာခံတပည့်ဟာ ပြင်သစ်ပန်းချီဆရာ Leo ကို သူ့ Boss ရဲ့ညွှန်ကြားချက်အရ ရှင်းပစ်ခဲ့ပြီးပြီ။ CCTV Room ကဝန်ထမ်းကို နှုတ်ပိတ်ဖို့စေခိုင်းတာကိုလည်း မငြင်းမဆိုကြိုးစားပေးဖို့ပြင်နေချိန်မှာ Interpol ဘက်က လက်ဦးမှုရသွားသည်။ အခု... ဒါတွေအားလုံးကို သူတစ်ယောက်တည်းခေါင်းခံရပေမည်။ ဒါဟာလည်း သူတို့လောကရဲ့တပည့်ကျင့်ဝတ်။
🥀🥀
နုံခိုင်မြို့သို့သွားရာကားလမ်းမရှိကားတစ်စီးပေါ်တွင် ဟန်နွေးဟာ ပုံတူပန်းချီဆရာနဲ့အတူ အလုပ်များလျက်ရှိသည်။ သူမြင်ခဲ့တဲ့လူက ထောင်ထောင်မောင်းမောင်း သန်သန်စွမ်းစွမ်းနဲ့ ခွန်အားအတော်ကြီးတဲ့လူဖြစ်သည်။ Mask တပ်ထားတာကြောင့် နှာခေါင်း၊ ပါးစပ်နဲ့ မေးရိုးကျပုံတွေကို ဟန်နွေးမမြင်။ မျက်လုံးတွေကတော့ အတော်လေးကြောက်ဖို့ကောင်းပြီး မာထန်နေပုံပေါက်သည်။
"ကျွန်တော်ခဏနားလို့ရမလား"
"ရပါတယ်...ခဏနေမှဆက်ကြတာပေါ့"
ဟန်နွေးက သက်ပြင်းခိုးလေးရှိုက်ပြီး ပြင်ပဝန်းကျင်ကို ငေးကြည့်လိုက်သည်။ မိုးလေးတွေက တဖွဲဖွဲကျနေပြီး သစ်တောဧရိယာတွေဟာ စိမ်းလန်းလို့နေသည်။
သူခေါင်းတွေမူးဝေနေသည်။ အရမ်းလည်းအိပ်ချင်နေသည်။ ညက တစ်ညလုံးနီးပါး စိတ်ဖတ်ခဲ့ရတာကြောင့် အင်အားတွေခမ်းခြောက်နေသည်။ မနက်ကျတော့ မထချင်ဘဲထပြီး Interpol ဘက်လာခဲ့တာ ချမ်းထက်ခေါင်ကို လွမ်းလာလို့။ ဒါပေမယ့် မတွေ့လိုက်ရတော့ မောနေတဲ့ရင်ခွင်ဟာ ဟိုက်လို့ပင်သွားသည်။ ထို့ကြောင့် အခုတော့ အေးအေးဆေးဆေးအနားယူချင်သည်။ ဘာရယ်မဟုတ် ပင်ပန်းနွမ်းနယ်နေမိတာကြောင့် ပုံတူဆက်မပြောနိုင်တော့မှာတော့ စိုးရိမ်၏။
"ကျွန်တော်မြင်တာပြောရရင် အမည်ဖော်မရတဲ့ဒီပန်းချီမှာဆွဲထားတာက TH တဲ့... TH ဆိုတာသေချာတယ်၊ Leo ချန်ထားခဲ့ချင်တဲ့သဲလွန်စက TH ဆိုတာသေချာတယ်"
ဟန်နွေးထပ်မံကြိုးစားပြီး အဖြေထုတ်ပေးသည်။ ဌာနမှူးကတော့ ကျေးဇူးတင်စွာဖြင့် အမှုတွဲကို ထပ်ဖြည့်ရေးနေသည်။
"TH"
တဖြည်းဖြည်းနဲ့နေကျချိန်တောင်ရောက်လာပြီ။ မိုးရိပ်တွေလည်းဆင်နေပြီး ဒီညမိုးကြီးနိုင်ချေရှိသည်။ မကြာခင်တော့ နုံခိုင်မြို့ထဲသို့ဝင်လာပြီ။ ညနေ၄နာရီထိုးချိန်မှာတော့ ဌာနမှူးဟာ သူ နုံခိုင်ရောက်ပြီဖြစ်ကြောင်း အဖွဲ့အားအသိပေးလိုက်သည်။
နုံခိုင်ရောက်ပြီဆိုတော့ ဟန်နွေးစိတ်ထဲ ဘာရယ်မဟုတ် စတင်နွေးထွေးလာသည်။ ဒီမြို့မှာ ချမ်းထက်ခေါင်ရှိနေတယ်ဆိုတဲ့အသိကပဲ သူ့ကိုနွေးထွေးစေတယ်ထင်၏။ အပြင်ပန်းအရတော့ တည်ကြည်စွာနေရပေမယ့် စိတ်ထဲမှာတော့ ပျော်ရွှင်မှုတွေနဲ့ ခုန်ပေါက်နေမိသည်။
"ခေါင်းဆောင်...ဌာနမှူးက ဒီကိုရောက်လာပြီတဲ့"
အဖွဲ့သားတစ်ယောက်ကလာအသိပေးသော်လည်း ချမ်းထက်ခေါင် ဘာမှပြန်မဖြေဖြစ်။ ဌာနမှူး ဒီကိုလာမယ်ဆိုတာ သူကြိုတင်ခန့်မှန်းထားပြီး သူ့ကိုဖုန်းဆက်တုန်းကလည်း တမင်တကာမကိုင်ခဲ့ပေ။ အခုလိုတွေ ဆက်ဆံရေးတင်းမာလာတာကလည်း ဟန်နွေးကြောင့်လို့ ချမ်းထက်ခေါင် တစ်ယူသန်မှတ်သည်။
"အတိအကျပြော...ငါစိတ်သိပ်မရှည်ဘူး"
CCTV Room ကဝန်ထမ်းဟာ ပုံတူပန်းချီဆရာကို တရားခံရဲ့ခန့်မှန်းပုံကြမ်းအား ပြောပြနေခြင်းဖြစ်သည်။ သို့သော် ချမ်းထက်ခေါင်က စိတ်မရှည်။ အခုလိုညနေရောက်လာတာတောင် ပုံက အတိအကျမရသေးလို့ ဒေါသထွက်ပြီး ဆွဲထိုးချင်စိတ်တွေတဖွားဖွားဖြစ်နေသည်။
"အချိန်ဆွဲဖို့မကြံနဲ့...ဒီပစ္စတိုက ကျည်ထွက်တယ်...မင်းမှတ်ထား"
ချမ်းထက်ခေါင်ကအံကြိတ်ကာ ဝန်ထမ်းရဲ့နဖူးကို ပစ္စတိုနဲ့ထုနှက်ပြီး ထိုနေရာမှထွက်သွားသည်။ သူ့အနေနဲ့ တရားခံဖမ်းနိုင်ဖို့ စိတ်အားထက်သန်နေသလို သူ့ခန္ဓာကိုယ်ရဲ့ဟော်မုန်းတောင့်တမှုကိုလည်း အပြင်းအထန်တိုက်ခိုက်နေရသည်။
"ဒီအချိန်မှာ မင်းကိုလိုအပ်တယ် Dew"
🥀🥀
ညနေ၅နာရီ... နုံခိုင်မြို့မှာနေဝင်သွားပြီး မိုးစက်တွေတဖွဲဖွဲကျဆင်းလာသည်။ မြို့ထဲမှာတော့ မိုးစက်တွေကြောင့် ရီဝေနေတဲ့နုံခိုင်ဟာ အိပ်မက်ဆန်စွာလှလျက်ရှိသည်။
"ပုံကြမ်းရပြီခေါင်းဆောင်"
စာရွက်ပေါ်ကပုံဟာထင်ထင်ရှားရှား။
"ဒီပုံကို Local ဘက်ကိုဖြန့်ထား...ဒီည သူ့ကိုရှာရမယ်၊ မင်းတို့အားလုံး ငါနဲ့လိုက်ခဲ့"
ချမ်းထက်ခေါင်နဲ့အဖွဲ့သားတွေက တရားခံဖမ်းမိဖို့ အပြေးအလွှားလှုပ်ရှားနေကြသည်။ ထိုစဉ်မှာ သူတို့တည်းခိုရာနေရာသို့ ဌာနမှူးတို့ရောက်လာကြသည်။ ဟန်နွေးလည်း အနောက်ကနေ အူကြောင်ကြောင်နဲ့ပါလာသည်။
"အစ်ကို"
ချမ်းထက်ခေါင်က အဖွဲ့သားတွေကိုညွှန်ကြားပြီး ကားပေါ်တက်သွားတာကို ဟန်နွေးမြင်လိုက်ရသည်။ အရေးတကြီးဖြစ်နေပုံရတဲ့ချမ်းထက်ခေါင်ကို သူ့မြင်ကွင်းကပျောက်ကွယ်သွားတဲ့အထိ ဟန်နွေးလှမ်းကြည့်နေခဲ့သည်။
"ဆရာဟန်နွေးလည်းပါလာတာကိုး"
"ဟုတ်တယ်...ဒါက ဆရာဟန်နွေးမြင်ခဲ့တဲ့ Leo စိတ်ထဲက တရားခံ"
"ဟာ အတူတူပဲ"
"တူတယ်...ဘာလဲ"
"အခုလေးတင် ခေါင်းဆောင်နဲ့အတူ အဖွဲ့သားတွေ တရားခံသွားဖမ်းကြတယ်ဌာနမှူး...ဖမ်းမိတဲ့ CCTV Room ကဝန်ထမ်းရဲ့ပြောပြချက်အရ ထွက်လာတဲ့ပုံကြမ်းနဲ့သွားရှာကြတာပါ"
"ဘာလဲ...ငါ့ကိုဘာတစ်ခုမှ Report မတင်ကြဘူး"
ထိုအခါမှ တစ်ခုခုကိုသတိရဟန်နဲ့ အဖွဲ့သားတစ်ယောက်က ပါးစပ်ကိုလက်နဲ့အုပ်လိုက်မိသည်။ နုံခိုင်ကအကြောင်းတွေကို ဌာနမှူးအား ပေးမသိရဆိုတဲ့ သူတို့ခေါင်းဆောင်ချမ်းထက်ခေါင်ရဲ့အမိန့်ကြောင့် သူတို့အားလုံး မသိချင်ယောင်ဆောင်နေခဲ့ရာမှ အခုတော့ သူပါအဆူခံရတော့မည်။ ဒါ့ကြောင့်မျက်နှာပျက်သွားတဲ့အပေါ် ဌာနမှူးက သဘောပေါက်လိုက်၏။
"Chan...Chan...တော်တော်ခေါင်းမာတဲ့ကောင်"
ဟန်နွေးကတော့ ပြုံးမိပါသည်။ ချမ်းထက်ခေါင်က သူ့ကိုရော၊ ဌာနမှူးကိုရော အမြင်မကြည်တော့တာ သူသိသည်။ မြင်လိုက်တဲ့အချိန်တိုင်း စိတ်ရှူပ်ထွေးဟန်နဲ့ တွန့်ချိုးထားတဲ့မျက်ခုံးတွေဟာ သူ့ကိုအလိုမရှိမှန်းခံစားကြည့်လို့ရသည်။ ဘယ်တော့မဆို ပြတ်သားတဲ့မျက်ဝန်းတွေနဲ့ကြည့်တတ်တဲ့ချမ်းထက်ခေါင်ဆီမှာ ဖုံးကွယ်ထားတဲ့စိတ်ဒဏ်ရာရှိတယ်ဆိုတာ ထိုမျက်ဝန်းတွေကိုမြင်တာနဲ့ ဟန်နွေးတန်းသိခဲ့သည်။
"ဆရာဟန်နွေး...တရားခံကိုမိလာတဲ့အချိန်အထိ နုံခိုင်မှာဆက်ရှိပေးနေပါဦး၊ ဆရာဟန်နွေးကပဲ တရားခံအစစ် ဟုတ် မဟုတ်ဆိုတာ အတည်ပြုနိုင်မှာမို့လို့ပါ"
"စိတ်ချပါဌာနမှူး...ကျွန်တော် ဒီမှာပဲရှိနေပါ့မယ်"
ဌာနမှူးရဲ့တောင်းဆိုချက်ကို ဟန်နွေးက နှစ်သက်စွာလက်ခံသည်။ ဒီနုံခိုင်မှာ ချမ်းထက်ခေါင်ရှိနေသမျှကာလပတ်လုံး သူလည်းရှိနေမည်ဆိုတာ သိပ်ကိုသေချာပါ၏။
🥀🥀
"သူ့ဖုန်းကိုထောက်လှမ်းတာဘာထူးလဲ"
"လွန်ခဲ့တဲ့နာရီဝက်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ Location ပေါ်တယ်ခေါင်းဆောင်"
"အဖွဲ့ခွဲပြီးသွားမယ်...မင်းတို့အားလုံး ငါနဲ့အဲ့ရပ်ကွက်ကိုလိုက်ခဲ့...ကျန်တဲ့လူတွေက အဲ့ရပ်ကွက်အနီးဝန်းကျင်နဲ့ နာရီဝက်အတွင်းသွားရင်ရောက်နိုင်မယ့်နေရာမှန်သမျှ ဖြန့်ရှာ၊ မြို့အဝင်အထွက်ဂိတ်တွေမှာ ပုံကြမ်းပေးပြီး တင်းတင်းကျပ်ကျပ်စစ်ခိုင်း"
"ဟုတ်ကဲ့ခေါင်းဆောင်"
ချမ်းထက်ခေါင်ရဲ့ညွှန်ကြားချက်တွေဟာ အကွက်စိပ်လှသည်။ Interpol မှာအလုပ်ဝင်ခဲ့တဲ့၅နှစ်အတွင်းမှာ ချမ်းထက်ခေါင်မဖော်နိုင်ခဲ့တဲ့အမှုမရှိခဲ့။ ဒီတစ်ကြိမ် တရားခံဖမ်းနိုင်ခဲ့ရင် ရာထူးတိုးနိုင်တဲ့အနေအထားအထိရှိသည်။
"ခေါင်းဆောင်...ဆရာဟန်နွေးမြင်တဲ့ Leo စိတ်ထဲကတရားခံမျက်နှာပုံကြမ်းတဲ့"
အဖွဲ့သားတစ်ယောက်က ချမ်းထက်ခေါင်ကိုပြသည်။ သို့ပေမယ့် ချမ်းထက်ခေါင်က လုံးဝမကြည့်ဘဲ...
"ကြည့်စရာမလိုဘူး...သူ့အကူအညီမပါဘဲ တရားခံဖမ်းနိုင်တယ်"
မိမိကိုယ်ကိုဂုဏ်ယူကျေနပ်တဲ့အပြုံးမျိုး ချမ်းထက်ခေါင်ပြုံးသည်။ ဟန်နွေးပုံကြမ်းမပေးခင်ကတည်းက တရားခံရဲ့မျက်နှာကို သူ့နည်းသူဟန်နဲ့ ရအောင်ဖော်ထုတ်ခဲ့ပြီးပြီ။ ဒါ့ကြောင့် ဒီပွဲမှာ သူနိုင်သည်ဟု မှတ်ယူလေသည်။
မကြာမီမှာပင် နုံခိုင်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုဆီ ရောက်လာကြပြီ။ လူနေအိမ်ခြေလည်းသိပ်မရှိသလို မီးရောင်လည်း ပျပျသာမြင်ရသည်။ လူနေရပ်ကွက်လိုမျိုးမစည်ကားဘဲ စွန့်ပစ်စက်ရုံအဟောင်းတွေနဲ့ ကျိုးတို့ကျဲတဲပျဉ်ထောင်အိမ်တွေသာရှိသည်။ ချမ်းထက်ခေါင်တို့ကားရပ်တာနဲ့ လေလွင့်ခွေးတစ်အုပ်က စူးစူးဝါးဝါးထိုးဟောင်ကြသည်။
ချမ်းထက်ခေါင်တို့အဖွဲ့ဟာ အမှောင်ထုပြိုကွဲရန် ဓာတ်မီးသုံးပြီးတရားခံကိုရှာသည်။ တရားခံဟာ အချိန်အရွေး နေရာစုံကပေါ်လာနိုင်တာမို့လို့ ခြေသံလုံလုံနဲ့ သတိကြီးကြီးထားသည်။ ချမ်းထက်ခေါင်က လက်ဟန်ပြကာ နှစ်ယောက်တစ်တွဲစီ လူခွဲရှာရန်ပြောပြီး သူကိုယ်တိုင်တော့ တစ်ယောက်တည်းရှာရန်သွားသည်။
ချမ်းထက်ခေါင်ဟာ ညာဘက်လက်မှာပစ္စတိုကိုချိန်လျက်ကိုင်ထားပြီး ဘယ်ဘက်လက်ကတော့ ဓာတ်မီးထွန်းကာ ပျဉ်ထောင်အိမ်တစ်ခုထဲသို့ ဝင်သွားသည်။ မီးထိုးကြည့်ရသလောက် အားလုံးရှင်းနေသည်။ အောက်ဘက်ကိုကြည့်တော့ အချိုးခံထားရတဲ့ SIM Card တစ်ခုကိုတွေ့သည်။ ထိုအခါ ဘောင်းဘီအိတ်ကပ်ထဲကလက်အိတ်ကိုယူကာ ထို Card ကိုကောက်ယူသိမ်းဆည်းလိုက်သည်။ ဒါဟာလည်း သက်သေတစ်ခုဖြစ်လာနိုင်သည်။ ထိုစဉ်တွင် အနောက်ကနေ ခြေသံသိပ်သိပ်တစ်ခုကိုကြားလိုက်ရသည်။ ချမ်းထက်ခေါင်က တစ်ဖက်သို့လှည့်ပြီး ခုခံမည်အပြု...
"အစ်ကို သတိထား!" ဟူသောအသံနဲ့ 'ဒုတ်!' ဟူသော တုံးသောလက်နက်ဖြင့်ရိုက်သံဟာ ရှေ့ဆင့်နောက်ဆင့် ပြတ်သားစွာထွက်ပေါ်လာသည်။ ရုတ်တရက်အဖြစ်အပျက်တွေကို ချမ်းထက်ခေါင်သတိမမူမိသူပမာဖြစ်သွားရချိန်တွင် သူ့ရင်ခွင်ထဲ၌ လူတစ်ယောက်ဟာ လဲပြိုကျလာသည်။ ပြီးတာ့ သူ့လက်ထဲကဓာတ်မီးဟာ အောက်သို့ပြုတ်သွားသည်။ ပြင်ပကနေ မလင်းတလင်းမြင်ရတဲ့မီးရောင်ရဲ့အကူအညီနဲ့ ရန်လိုနေတဲ့လူတစ်ယောက်ကို ထပ်မြင်လိုက်ရသည်။
သူက ပစ္စတိုကိုချိန်လိုက်သော် သူ့မျက်စိရှေ့မှာမြင်နေရတဲ့တတိယလူက ဓားတိုတစ်ချောင်းထုတ်ကာ ရန်ပြုတိုက်ခိုက်ဖို့လုပ်သည်။ ချမ်းထက်ခေါင်က သူ့ရင်ခွင်ထဲကလူရဲ့ခါးကိုပွေ့ကာ စွေ့ခနဲရှောင်ရှားသည်။
"မင်း Leo ကိုသတ်တာမလား!"
ချမ်းထက်ခေါင်ကအော်မေးသည်။ တတိယလူဟာ ပုံကြမ်းစာရွက်နှစ်ခုဆီက တူညီတဲ့ပုံကြမ်းပိုင်ရှင်။ ထိုလူဟာ အန္တရာယ်ပြုဖို့သာတာစူနေတာကြောင့် ချမ်းထက်ခေါင်က သူ့ရင်ခွင်ထဲမှာ မေ့တစ်ဝက် သတိရတစ်ဝက်ဖြစ်နေတဲ့လူကို အနီးအနားမှာချထားလိုက်သည်။
ဓားတိုဟာ ချမ်းထက်ခေါင်ဆီပြေးဝင်လာသည်။ အောင်မြင်စွာရှောင်ရှားလိုက်နိုင်ပြီး ဓားတိုကိုလုဖို့ကြိုးစားသည်။ ပစ္စတိုဟာလည်း တိုက်ခိုက်နေတဲ့အချိန် လွတ်ကျသွားပြီး ပြန်ကောက်ဖို့အတွက် လိုအပ်တဲ့မီးရောင်မရှိသလို ပြုတ်ကျနေတဲ့ဓာတ်မီးကိုလည်း ကောက်ပြီး အသုံးပြုလို့မရပေ။ ဇွဲကြီးစွာနဲ့ သူ့ကိုတိုက်ခိုက်နေတဲ့တရားခံကိုသာ ပြန်လည်တုံ့ပြန်နေရသည်။
ခွန်အားချင်းညီတဲ့လူနှစ်ယောက်... ဓားတိုတစ်ချောင်း... အပြန်အလှန်လုနေရင်း အော်ဟစ်သံတွေဟာ ဆူညံနေသည်။ ချမ်းထက်ခေါင်က ထိုလူရဲ့ဗိုက်ကိုဒူးနဲ့ကန်လိုက်သည်။ ထိုလူ ခြေတစ်လှမ်းနောက်ဆုတ်သွားချိန်မှာ ဓားတိုကိုအလျင်အမြန်လုယူနိုင်လိုက်သည်။ လက်နက်မဲ့သွားတဲ့ထိုလူဟာ ချမ်းထက်ခေါင်ကို လက်သီးဖြင့်ထိုးဖို့ အရှိန်ဖြင့်လာသည်။ ချမ်းထက်ခေါင်ကရှောင်ရှားပြီး သူ့ကိုထိုးမယ့်လက်ကိုဆောင့်ဆွဲကာ ထိုလူ့မျက်နှာကို တံတောင်ဖြင့်ထိုးလိုက်သည်။ နှာခေါင်းမှ သွေးတွေစီးကျလာသောအခါ ထိုလူဟာ အနည်းငယ်အင်အားကုန်သယောင်ဖြစ်နေပြီး ချမ်းထက်ခေါင်ကတော့ အလျှော့မပေးဘဲ ထိုလူ့ကို နောက်ပြန်ကန်ချက်ဖြင့်ကန်ပစ်လိုက်သည်။ ထိုလူဟာ တစ်ပတ်လည်ပြီး ကြမ်းပြင်ပေါ်သို့ပစ်လဲကျသွားသောအခါ ချမ်းထက်ခေါင်က တက်ခွကာ မျက်နှာကို လေးချက်ဆက်တိုက်ထိုးသည်။
"ခေါင်းဆောင်!"
ချမ်းထက်ခေါင်ရဲ့လက်ထဲမှာ ထိုလူမလှုပ်နိုင်တဲ့အချိန်မှသာ အဖွဲ့သားတွေရောက်လာကြသည်။ သတိရှိနေသေးတဲ့တရားခံကို အဖွဲ့သားတွေက ဆွဲထူကာ ချုပ်လိုက်သည်။ ဘာစကားမှမပြော... ဘာအသံမှမပြုဘဲ ဆိတ်ငြိမ်စွာပင် အဖမ်းခံတဲ့ထိုလူ။
"ရှေ့နေခေါ်တာတွေ နှုတ်ဆိတ်နေတာတွေ ငါစိတ်မဝင်စားဘူး...လူသတ်ခဲ့တဲ့ကောင်က အခြေခံလူ့အခွင့်အရေးတွေနဲ့မတန်ဘူး၊ ပေါက်ကရတွေဖြေမယ်ကြံရင် ဘယ်သူ့မှမသိလိုက်ဘဲ မင်းဇာတ်သိမ်းသွားရမယ်"
ချမ်းထက်ခေါင်က မာမာထန်ထန်သတိပေးခြိမ်းခြောက်လိုက်သည်။ စုံထောက်ဖြစ်ပြီး ဒီလိုမျိုး ခြိမ်းခြောက်မှုတွေပြောဆိုတာသဘာဝမကျပေမယ့် ချမ်းထက်ခေါင်အတွက်ကတော့ပုံမှန်ဖြစ်နေသလို အဖွဲ့သားတွေအတွက်ကလည်း အသားကျနေပါပြီ။
"ခေါင်းဆောင်ဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ဘူး...ဟာ နေဦး...ဟိုတစ်ယောက်..."
ထိုအခါမှ သူ့ကိုယ်စား အရိုက်ခံပေးတဲ့လူကို သတိရသွားပြီး သွားကြည့်သည်။ ခုနက သဲသဲကွဲကွဲမမြင်လိုက်ရ၍ ဘယ်သူမှန်းမသေချာတာကြောင့် ဓာတ်မီးဖွင့်ကာ မျက်နှာကြည့်တော့...
"ဆရာဟန်နွေး"
အဖွဲ့သားဆီမှ အသံထွက်ပေါ်လာသည်။ ချမ်းထက်ခေါင်ကတော့ တိတ်ဆိတ်သွားရသည်။
"နေပါဦး...ဆရာဟန်နွေးက ဘာလို့ဒီကိုရောက်နေတာလဲ...ခေါင်းဆောင် သူ့ခေါင်းအောက်မှာသွေးတွေလားမသိဘူး"
"ဟမ်"
ချမ်းထက်ခေါင်က ဟန်နွေးကိုထူမ,ပြီး ခေါင်းအနောက်ကိုကိုင်ကြည့်တော့ ဆံပင်ရှည်တွေကြားထဲကနေ ပျစ်ချွဲတဲ့သွေးတွေဟာ သူ့လက်ဖဝါးမှာကပ်ပါလာသည်။
"ဆေးရုံသွားမယ်"
သတိလုံးဝမေ့မြောနေတဲ့ဟန်နွေးကို ချမ်းထက်ခေါင်က ချီလိုက်သည်။ သူ့လက်မောင်းတွေကြားထဲ ပျော့ပျောင်းစွာပါလာပြီး ခန္ဓာကိုယ်ချင်းထိကပ်နေတဲ့အချိန် ဟန်နွေးရဲ့နှလုံးခုန်သံကို ခံစားမိလိုက်၏။ ထို့နောက် ဆေးရုံသွားမယ့်ကားပေါ် သူကိုယ်တိုင်တင်ပေးပြီး တရားခံပါတဲ့ကားပေါ်လိုက်မသွားဘဲ ဟန်နွေးကို ပိုက်လျက်ပင် ဆေးရုံအထိ လိုက်လာသည်။ ကားမောင်းပေးတဲ့အဖွဲ့သားတစ်ယောက်ကတော့ ချမ်းထက်ခေါင်ရဲ့အပြုအမူတွေကို အံ့အားသင့်နေသည်။
ကားပေါ်ရောက်တော့ ချမ်းထက်ခေါင်က ဂျာကင်ကိုချွတ်၍ ပေါင်ပေါ်ခေါက်တင်ကာ ဟန်နွေးရဲ့ခေါင်းကို သူ့ပေါင်ပေါ်ကဂျာကင်ပေါ်တင်လိုက်ပြီး သွေးထွက်လွန်ခြင်းကို ကာကွယ်ပေးနေသည်။ ဆေးရုံသွားရာ လမ်းတစ်လျှောက်မှာ ချမ်းထက်ခေါင်ရဲ့စိတ်ဟာ ဆုပ်နစ်ငြိမ်သက်နေသည်။ သူ့ပေါင်ပေါ်မှာခေါင်းအုံးထားတဲ့ဟန်နွေးကိုကြည့်လိုက်တော့ အသက်မျှဉ်းမျှဉ်းမှန်မှန်ရှူကာ မေ့မြောနေသည်။
"အစ်ကို သတိထား!" နားစည်ထံ ပဲ့တင်ရိုက်လာတဲ့အသံ။ ဘယ်တုန်းကရောက်နေတာလဲ... ဘာအတွက်ရောက်နေတာလဲ... အရေးအကြီးဆုံးအချက်က ဘာလို့ သူ့အစား အရိုက်ခံရတာလဲ...။ အခန့်မသင့်ရင် သေသွားနိုင်တဲ့အထိ ဦးခေါင်းဆိုတာအန္တရာယ်ကြီးသည်။ ဘာအတွက် ဒီလိုလုပ်ခဲ့ရတာလဲ... ကိုယ့်ကိုကိုယ်စတေးပြီး သူ့အစားအရိုက်ခံရအောင် ကိုယ်က သူ့အပေါ် ကျေးဇူးပြုနေသူလည်းမဟုတ်။ အမြဲတစေ ထိခိုက်နာကျင်အောင်ပဲလုပ်နေမိတာကို သူဘယ်လိုများ ကိုယ်စားအရိုက်ခံပေးတာလဲ...။
ချမ်းထက်ခေါင်ရဲ့ခေါင်းထဲမှာ မေးခွန်းတွေဟာ အသည်းအသန်ပြေးလွှားသည်။ လူသတ်တရားခံကိုမေးခွန်းတွေမေးချင်တာထက် သူ့အစားအရိုက်ခံပေးတဲ့ဟန်နွေးကိုသာ အပြင်းအထန်လှုပ်နှိုးကာ မေးပစ်လိုက်ချင်သည်။
ကားပြတင်းပေါက်ကနေ အပြင်ကိုကြည့်တော့ နုံခိုင်မြို့ဟာ မိုးတဖွဲဖွဲတွေကြားထဲမှာ လှပနေတုန်းပင်ဖြစ်သည်။
🥀🥀
အပြုံးပန်း
[ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ Love you all🤍]
AN
အပိုင်း၈အထိတောင်ရောက်လာပြီ။ အပြုံးရေးတာလေးကို သဘောကျရဲ့လားရှင်။ လာဖတ်ကြတဲ့သူ နည်းသေးပေမယ့် အပြုံး အကောင်းဆုံးကြိုးစားသွားပါ့မယ်နော်။ လိုအပ်တာရှိရင် ဝေဖန်ပေးနိုင်ပါတယ်နော်။]
##################################################
(Zawgyi)
"CCTV Room ကဝန္ထမ္းကို သူတို႔ရွာေတြ႕သြားၾကၿပီ Boss"
("ဘာကြ!! မင္းကိုေသခ်ာရွင္းပစ္ဖို႔ ငါေျပာထားတယ္ေလ")
"ကြၽန္ေတာ္လည္းရွင္းပစ္ဖို႔ ႏုံခိုင္ကိုေခၚလိုက္တာ Boss...ဒါေပမယ့္ သူကပိုက္ဆံပဲထပ္ေတာင္းေနတာ၊ သူနဲ႔ဖုန္းေျပာေနတဲ့အခ်ိန္မွာပဲ သူ႔ကိုမိသြားတာ Boss"
("ေတာက္! ေတာ္ေတာ္ေသာက္သုံးမက်တဲ့ေကာင္! မင္းကိုအလုပ္ေလးတစ္ခုခိုင္းတာေတာင္ ျဖစ္ေျမာက္ေအာင္မလုပ္ႏိုင္ဘူး")
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ Boss"
("ေတာ္စမ္း! အခု မင္းငါနဲ႔ေျပာၿပီးတာနဲ႔ SIM Card ကိုခ်ိဳးပစ္လိုက္ေတာ့၊ မင္းကိုေထာက္လွမ္းလို႔မရေအာင္ ငါဆက္မလုပ္ေပးႏိုင္ေတာ့ဘူး...တစ္ခုမွတ္ထား၊ မင္းကိုဖမ္းမိလို႔ ငါ့အေၾကာင္းထည့္ေျပာတာနဲ႔ မင္းမိသားစုအားလုံး အရွင္မက်န္ဘူး...")
တီ-တီ-တီ-တီ
ဖုန္းလိုင္းျပတ္ေတာက္သြားၿပီ။ ႏုံခိုင္ၿမိဳ႕ရဲ႕ဆင္ေျခဖုံးရပ္ကြက္တစ္ခုက အိုေဟာင္းေနတဲ့ပ်ဥ္ေထာင္အိမ္ေလးမွ လူတစ္ေယာက္။ Boss လို႔ သူေခၚတဲ့ ပါဝါႀကီးတဲ့သူေဌးႀကီးတစ္ေယာက္ရဲ႕သစၥာခံတပည့္ဟာ ျပင္သစ္ပန္းခ်ီဆရာ Leo ကို သူ႔ Boss ရဲ႕ၫႊန္ၾကားခ်က္အရ ရွင္းပစ္ခဲ့ၿပီးၿပီ။ CCTV Room ကဝန္ထမ္းကို ႏႈတ္ပိတ္ဖို႔ေစခိုင္းတာကိုလည္း မျငင္းမဆိုႀကိဳးစားေပးဖို႔ျပင္ေနခ်ိန္မွာ Interpol ဘက္က လက္ဦးမႈရသြားသည္။ အခု... ဒါေတြအားလုံးကို သူတစ္ေယာက္တည္းေခါင္းခံရေပမည္။ ဒါဟာလည္း သူတို႔ေလာကရဲ႕တပည့္က်င့္ဝတ္။
🥀🥀
ႏုံခိုင္ၿမိဳ႕သို႔သြားရာကားလမ္းမရွိကားတစ္စီးေပၚတြင္ ဟန္ေႏြးဟာ ပုံတူပန္းခ်ီဆရာနဲ႔အတူ အလုပ္မ်ားလ်က္ရွိသည္။ သူျမင္ခဲ့တဲ့လူက ေထာင္ေထာင္ေမာင္းေမာင္း သန္သန္စြမ္းစြမ္းနဲ႔ ခြန္အားအေတာ္ႀကီးတဲ့လူျဖစ္သည္။ Mask တပ္ထားတာေၾကာင့္ ႏွာေခါင္း၊ ပါးစပ္နဲ႔ ေမး႐ိုးက်ပုံေတြကို ဟန္ေႏြးမျမင္။ မ်က္လုံးေတြကေတာ့ အေတာ္ေလးေၾကာက္ဖို႔ေကာင္းၿပီး မာထန္ေနပုံေပါက္သည္။
"ကြၽန္ေတာ္ခဏနားလို႔ရမလား"
"ရပါတယ္...ခဏေနမွဆက္ၾကတာေပါ့"
ဟန္ေႏြးက သက္ျပင္းခိုးေလးရႈိက္ၿပီး ျပင္ပဝန္းက်င္ကို ေငးၾကည့္လိုက္သည္။ မိုးေလးေတြက တဖြဲဖြဲက်ေနၿပီး သစ္ေတာဧရိယာေတြဟာ စိမ္းလန္းလို႔ေနသည္။
သူေခါင္းေတြမူးေဝေနသည္။ အရမ္းလည္းအိပ္ခ်င္ေနသည္။ ညက တစ္ညလုံးနီးပါး စိတ္ဖတ္ခဲ့ရတာေၾကာင့္ အင္အားေတြခမ္းေျခာက္ေနသည္။ မနက္က်ေတာ့ မထခ်င္ဘဲထၿပီး Interpol ဘက္လာခဲ့တာ ခ်မ္းထက္ေခါင္ကို လြမ္းလာလို႔။ ဒါေပမယ့္ မေတြ႕လိုက္ရေတာ့ ေမာေနတဲ့ရင္ခြင္ဟာ ဟိုက္လို႔ပင္သြားသည္။ ထို႔ေၾကာင့္ အခုေတာ့ ေအးေအးေဆးေဆးအနားယူခ်င္သည္။ ဘာရယ္မဟုတ္ ပင္ပန္းႏြမ္းနယ္ေနမိတာေၾကာင့္ ပုံတူဆက္မေျပာႏိုင္ေတာ့မွာေတာ့ စိုးရိမ္၏။
"ကြၽန္ေတာ္ျမင္တာေျပာရရင္ အမည္ေဖာ္မရတဲ့ဒီပန္းခ်ီမွာဆြဲထားတာက TH တဲ့... TH ဆိုတာေသခ်ာတယ္၊ Leo ခ်န္ထားခဲ့ခ်င္တဲ့သဲလြန္စက TH ဆိုတာေသခ်ာတယ္"
ဟန္ေႏြးထပ္မံႀကိဳးစားၿပီး အေျဖထုတ္ေပးသည္။ ဌာနမႉးကေတာ့ ေက်းဇူးတင္စြာျဖင့္ အမႈတြဲကို ထပ္ျဖည့္ေရးေနသည္။
"TH"
တျဖည္းျဖည္းနဲ႔ေနက်ခ်ိန္ေတာင္ေရာက္လာၿပီ။ မိုးရိပ္ေတြလည္းဆင္ေနၿပီး ဒီညမိုးႀကီးႏိုင္ေခ်ရွိသည္။ မၾကာခင္ေတာ့ ႏုံခိုင္ၿမိဳ႕ထဲသို႔ဝင္လာၿပီ။ ညေန၄နာရီထိုးခ်ိန္မွာေတာ့ ဌာနမႉးဟာ သူ ႏုံခိုင္ေရာက္ၿပီျဖစ္ေၾကာင္း အဖြဲ႕အားအသိေပးလိုက္သည္။
ႏုံခိုင္ေရာက္ၿပီဆိုေတာ့ ဟန္ေႏြးစိတ္ထဲ ဘာရယ္မဟုတ္ စတင္ေႏြးေထြးလာသည္။ ဒီၿမိဳ႕မွာ ခ်မ္းထက္ေခါင္ရွိေနတယ္ဆိုတဲ့အသိကပဲ သူ႔ကိုေႏြးေထြးေစတယ္ထင္၏။ အျပင္ပန္းအရေတာ့ တည္ၾကည္စြာေနရေပမယ့္ စိတ္ထဲမွာေတာ့ ေပ်ာ္႐ႊင္မႈေတြနဲ႔ ခုန္ေပါက္ေနမိသည္။
"ေခါင္းေဆာင္...ဌာနမႉးက ဒီကိုေရာက္လာၿပီတဲ့"
အဖြဲ႕သားတစ္ေယာက္ကလာအသိေပးေသာ္လည္း ခ်မ္းထက္ေခါင္ ဘာမွျပန္မေျဖျဖစ္။ ဌာနမႉး ဒီကိုလာမယ္ဆိုတာ သူႀကိဳတင္ခန္႔မွန္းထားၿပီး သူ႔ကိုဖုန္းဆက္တုန္းကလည္း တမင္တကာမကိုင္ခဲ့ေပ။ အခုလိုေတြ ဆက္ဆံေရးတင္းမာလာတာကလည္း ဟန္ေႏြးေၾကာင့္လို႔ ခ်မ္းထက္ေခါင္ တစ္ယူသန္မွတ္သည္။
"အတိအက်ေျပာ...ငါစိတ္သိပ္မရွည္ဘူး"
CCTV Room ကဝန္ထမ္းဟာ ပုံတူပန္းခ်ီဆရာကို တရားခံရဲ႕ခန္႔မွန္းပုံၾကမ္းအား ေျပာျပေနျခင္းျဖစ္သည္။ သို႔ေသာ္ ခ်မ္းထက္ေခါင္က စိတ္မရွည္။ အခုလိုညေနေရာက္လာတာေတာင္ ပုံက အတိအက်မရေသးလို႔ ေဒါသထြက္ၿပီး ဆြဲထိုးခ်င္စိတ္ေတြတဖြားဖြားျဖစ္ေနသည္။
"အခ်ိန္ဆြဲဖို႔မႀကံနဲ႔...ဒီပစၥတိုက က်ည္ထြက္တယ္...မင္းမွတ္ထား"
ခ်မ္းထက္ေခါင္ကအံႀကိတ္ကာ ဝန္ထမ္းရဲ႕နဖူးကို ပစၥတိုနဲ႔ထုႏွက္ၿပီး ထိုေနရာမွထြက္သြားသည္။ သူ႔အေနနဲ႔ တရားခံဖမ္းႏိုင္ဖို႔ စိတ္အားထက္သန္ေနသလို သူ႔ခႏၶာကိုယ္ရဲ႕ေဟာ္မုန္းေတာင့္တမႈကိုလည္း အျပင္းအထန္တိုက္ခိုက္ေနရသည္။
"ဒီအခ်ိန္မွာ မင္းကိုလိုအပ္တယ္ Dew"
🥀🥀
ညေန၅နာရီ... ႏုံခိုင္ၿမိဳ႕မွာေနဝင္သြားၿပီး မိုးစက္ေတြတဖြဲဖြဲက်ဆင္းလာသည္။ ၿမိဳ႕ထဲမွာေတာ့ မိုးစက္ေတြေၾကာင့္ ရီေဝေနတဲ့ႏုံခိုင္ဟာ အိပ္မက္ဆန္စြာလွလ်က္ရွိသည္။
"ပုံၾကမ္းရၿပီေခါင္းေဆာင္"
စာ႐ြက္ေပၚကပုံဟာထင္ထင္ရွားရွား။
"ဒီပုံကို Local ဘက္ကိုျဖန္႔ထား...ဒီည သူ႔ကိုရွာရမယ္၊ မင္းတို႔အားလုံး ငါနဲ႔လိုက္ခဲ့"
ခ်မ္းထက္ေခါင္နဲ႔အဖြဲ႕သားေတြက တရားခံဖမ္းမိဖို႔ အေျပးအလႊားလႈပ္ရွားေနၾကသည္။ ထိုစဥ္မွာ သူတို႔တည္းခိုရာေနရာသို႔ ဌာနမႉးတို႔ေရာက္လာၾကသည္။ ဟန္ေႏြးလည္း အေနာက္ကေန အူေၾကာင္ေၾကာင္နဲ႔ပါလာသည္။
"အစ္ကို"
ခ်မ္းထက္ေခါင္က အဖြဲ႕သားေတြကိုၫႊန္ၾကားၿပီး ကားေပၚတက္သြားတာကို ဟန္ေႏြးျမင္လိုက္ရသည္။ အေရးတႀကီးျဖစ္ေနပုံရတဲ့ခ်မ္းထက္ေခါင္ကို သူ႔ျမင္ကြင္းကေပ်ာက္ကြယ္သြားတဲ့အထိ ဟန္ေႏြးလွမ္းၾကည့္ေနခဲ့သည္။
"ဆရာဟန္ေႏြးလည္းပါလာတာကိုး"
"ဟုတ္တယ္...ဒါက ဆရာဟန္ေႏြးျမင္ခဲ့တဲ့ Leo စိတ္ထဲက တရားခံ"
"ဟာ အတူတူပဲ"
"တူတယ္...ဘာလဲ"
"အခုေလးတင္ ေခါင္းေဆာင္နဲ႔အတူ အဖြဲ႕သားေတြ တရားခံသြားဖမ္းၾကတယ္ဌာနမႉး...ဖမ္းမိတဲ့ CCTV Room ကဝန္ထမ္းရဲ႕ေျပာျပခ်က္အရ ထြက္လာတဲ့ပုံၾကမ္းနဲ႔သြားရွာၾကတာပါ"
"ဘာလဲ...ငါ့ကိုဘာတစ္ခုမွ Report မတင္ၾကဘူး"
ထိုအခါမွ တစ္ခုခုကိုသတိရဟန္နဲ႔ အဖြဲ႕သားတစ္ေယာက္က ပါးစပ္ကိုလက္နဲ႔အုပ္လိုက္မိသည္။ ႏုံခိုင္ကအေၾကာင္းေတြကို ဌာနမႉးအား ေပးမသိရဆိုတဲ့ သူတို႔ေခါင္းေဆာင္ခ်မ္းထက္ေခါင္ရဲ႕အမိန္႔ေၾကာင့္ သူတို႔အားလုံး မသိခ်င္ေယာင္ေဆာင္ေနခဲ့ရာမွ အခုေတာ့ သူပါအဆူခံရေတာ့မည္။ ဒါ့ေၾကာင့္မ်က္ႏွာပ်က္သြားတဲ့အေပၚ ဌာနမႉးက သေဘာေပါက္လိုက္၏။
"Chan...Chan...ေတာ္ေတာ္ေခါင္းမာတဲ့ေကာင္"
ဟန္ေႏြးကေတာ့ ၿပဳံးမိပါသည္။ ခ်မ္းထက္ေခါင္က သူ႔ကိုေရာ၊ ဌာနမႉးကိုေရာ အျမင္မၾကည္ေတာ့တာ သူသိသည္။ ျမင္လိုက္တဲ့အခ်ိန္တိုင္း စိတ္ရွဴပ္ေထြးဟန္နဲ႔ တြန္႔ခ်ိဳးထားတဲ့မ်က္ခုံးေတြဟာ သူ႔ကိုအလိုမရွိမွန္းခံစားၾကည့္လို႔ရသည္။ ဘယ္ေတာ့မဆို ျပတ္သားတဲ့မ်က္ဝန္းေတြနဲ႔ၾကည့္တတ္တဲ့ခ်မ္းထက္ေခါင္ဆီမွာ ဖုံးကြယ္ထားတဲ့စိတ္ဒဏ္ရာရွိတယ္ဆိုတာ ထိုမ်က္ဝန္းေတြကိုျမင္တာနဲ႔ ဟန္ေႏြးတန္းသိခဲ့သည္။
"ဆရာဟန္ေႏြး...တရားခံကိုမိလာတဲ့အခ်ိန္အထိ ႏုံခိုင္မွာဆက္ရွိေပးေနပါဦး၊ ဆရာဟန္ေႏြးကပဲ တရားခံအစစ္ ဟုတ္ မဟုတ္ဆိုတာ အတည္ျပဳႏိုင္မွာမို႔လို႔ပါ"
"စိတ္ခ်ပါဌာနမႉး...ကြၽန္ေတာ္ ဒီမွာပဲရွိေနပါ့မယ္"
ဌာနမႉးရဲ႕ေတာင္းဆိုခ်က္ကို ဟန္ေႏြးက ႏွစ္သက္စြာလက္ခံသည္။ ဒီႏုံခိုင္မွာ ခ်မ္းထက္ေခါင္ရွိေနသမွ်ကာလပတ္လုံး သူလည္းရွိေနမည္ဆိုတာ သိပ္ကိုေသခ်ာပါ၏။
🥀🥀
"သူ႔ဖုန္းကိုေထာက္လွမ္းတာဘာထူးလဲ"
"လြန္ခဲ့တဲ့နာရီဝက္က ဆင္ေျခဖုံးရပ္ကြက္တစ္ခုမွာ Location ေပၚတယ္ေခါင္းေဆာင္"
"အဖြဲ႕ခြဲၿပီးသြားမယ္...မင္းတို႔အားလုံး ငါနဲ႔အဲ့ရပ္ကြက္ကိုလိုက္ခဲ့...က်န္တဲ့လူေတြက အဲ့ရပ္ကြက္အနီးဝန္းက်င္နဲ႔ နာရီဝက္အတြင္းသြားရင္ေရာက္ႏိုင္မယ့္ေနရာမွန္သမွ် ျဖန္႔ရွာ၊ ၿမိဳ႕အဝင္အထြက္ဂိတ္ေတြမွာ ပုံၾကမ္းေပးၿပီး တင္းတင္းက်ပ္က်ပ္စစ္ခိုင္း"
"ဟုတ္ကဲ့ေခါင္းေဆာင္"
ခ်မ္းထက္ေခါင္ရဲ႕ၫႊန္ၾကားခ်က္ေတြဟာ အကြက္စိပ္လွသည္။ Interpol မွာအလုပ္ဝင္ခဲ့တဲ့၅ႏွစ္အတြင္းမွာ ခ်မ္းထက္ေခါင္မေဖာ္ႏိုင္ခဲ့တဲ့အမႈမရွိခဲ့။ ဒီတစ္ႀကိမ္ တရားခံဖမ္းႏိုင္ခဲ့ရင္ ရာထူးတိုးႏိုင္တဲ့အေနအထားအထိရွိသည္။
"ေခါင္းေဆာင္...ဆရာဟန္ေႏြးျမင္တဲ့ Leo စိတ္ထဲကတရားခံမ်က္ႏွာပုံၾကမ္းတဲ့"
အဖြဲ႕သားတစ္ေယာက္က ခ်မ္းထက္ေခါင္ကိုျပသည္။ သို႔ေပမယ့္ ခ်မ္းထက္ေခါင္က လုံးဝမၾကည့္ဘဲ...
"ၾကည့္စရာမလိုဘူး...သူ႔အကူအညီမပါဘဲ တရားခံဖမ္းႏိုင္တယ္"
မိမိကိုယ္ကိုဂုဏ္ယူေက်နပ္တဲ့အၿပဳံးမ်ိဳး ခ်မ္းထက္ေခါင္ၿပဳံးသည္။ ဟန္ေႏြးပုံၾကမ္းမေပးခင္ကတည္းက တရားခံရဲ႕မ်က္ႏွာကို သူ႔နည္းသူဟန္နဲ႔ ရေအာင္ေဖာ္ထုတ္ခဲ့ၿပီးၿပီ။ ဒါ့ေၾကာင့္ ဒီပြဲမွာ သူႏိုင္သည္ဟု မွတ္ယူေလသည္။
မၾကာမီမွာပင္ ႏုံခိုင္ၿမိဳ႕ရဲ႕ဆင္ေျခဖုံးရပ္ကြက္တစ္ခုဆီ ေရာက္လာၾကၿပီ။ လူေနအိမ္ေျခလည္းသိပ္မရွိသလို မီးေရာင္လည္း ပ်ပ်သာျမင္ရသည္။ လူေနရပ္ကြက္လိုမ်ိဳးမစည္ကားဘဲ စြန္႔ပစ္စက္႐ုံအေဟာင္းေတြနဲ႔ က်ိဳးတို႔က်ဲတဲပ်ဥ္ေထာင္အိမ္ေတြသာရွိသည္။ ခ်မ္းထက္ေခါင္တို႔ကားရပ္တာနဲ႔ ေလလြင့္ေခြးတစ္အုပ္က စူးစူးဝါးဝါးထိုးေဟာင္ၾကသည္။
ခ်မ္းထက္ေခါင္တို႔အဖြဲ႕ဟာ အေမွာင္ထုၿပိဳကြဲရန္ ဓာတ္မီးသုံးၿပီးတရားခံကိုရွာသည္။ တရားခံဟာ အခ်ိန္အေ႐ြး
You are reading the story above: TeenFic.Net