🍇EP (57)🍇ကျန်းလီကျစ်ရဲ့ တိတ်တိတ်ပုန်းသား

Background color
Font
Font size
Line height

Darkness.

(57)
[ကျန်းလီကျစ်ရဲ့ တိတ်တိတ်ပုန်းသား]

လက်ရှိနေရာတွင် အဆောက်အဦတွေကို တည်ဆောင်ဖို့အတွက် ဆောက်လုပ်ရေး အဖွဲ့က သူတို့ဘာသာ အစီအစဉ်တွေ ချနေပြီ။ ကျူရန့် ပထမဆုံး ခေါ်လာသူတွေက ခေါင်းဆောင်တွေ များသည်။

ဒါကြောင့် ထိုလူတွေဟာ အဆောက်အအုံ အတွက် နေရာတွေကို ရေးဆွဲရင်း အလုပ်ရှုပ်နေကြသည်။ ဒီနေ့က ကျူရန့် လူအယောက် ၅၀ ကို နောက်တစ်ကြိမ်ထပ်မံ သွားခေါ်မှာပဲ ဖြစ်သည်။

အစီအရင် မပြည့်စုံမှုကြောင့် အာကာသ လမ်းကြောင်းကနေ တစ်နေ့တစ်ကြိမ်သာ အစီအရင်နဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်လေသည်။ ကျူရန့် အစီအရင်ထဲ သွားခါနီးအထိ ဝမ်ချန်း အိပ်ယာထဲက မထသေးပေ။

ရုတ်တရက် သူ့နှာခေါင်းကို တစ်ယောက်ယောက် လာထိတာကြောင့် ဇတ်ဆို လန့်နိုးသွားသည်။ ဝမ်ချန်း မျက်လုံး ဖွင့်ကြည့်လိုက်တော့ ညှို့အားကောင်းတဲ့ မျက်ဝန်းတွေနဲ့ ဆုံသွား၏။

"ခင်ဗျား သွားတော့မှာလား?"

"အင်း မင်းမထချင်သေးရင် ဆက်အိပ်နေလိုက်ဦး... ကိုယ် လင်ကျိုရန်းကို နေ့လယ်စာအတွက် မှာထားခဲ့တယ် ပြီးတော့ ဆောင်းဝင်လာပြီ ကိုယ်မင်းအတွက် အနွေးထည်တွေ ယူလာပေးမယ်.."

"အွန်း"

ဝမ်ချန်း စောင်လေးခြုံကာ ပြန်ကွေးသွားသည်။ တဖြည်းဖြည်း မှတ်မိလာပုံအရ မနေ့ညက သူတို့တဲကို ပြန်ရောက်တော့လည်း အချစ်ပွဲ နွှဲခဲ့သေး၏။ ဒါကြောင့် အရမ်းပင်ပန်းပြီး အခုထိ မထချင်သေးတာ ဖြစ်နိုင်သည်။

သို့သော် ကျူရန့် သွားခါနီးတွင် ဝမ်ချန်းထကာ အနမ်းတစ်ပွင့် ပေးလိုက်သေးသည်။

"မြန်မြန် ပြန်လာခဲ့"

"စိတ်ချ!"

ကျူရန့် ထွက်သွားတော့ ဝမ်ချန်းလည်း စောင်ထဲ ပြန်ကွေးနေလိုက်သည်။

တစ်ဖက်မှာတော့ လင်းကျိုရန်းသည် ကျားဝူနဲ့အတူ ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ ရေးဆွဲထားတဲ့ အဆောက်အအုံ ပုံတွေကို ကြည့်ရှုနေသည်။ ဒီကမ္ဘာက ရှေးခေတ်ဆန်တဲ့ နတ်ဘုရားတွေ ရှိတာကြောင့် အိမ်တွေကိုလည်း ရှေးဆန်တဲ့ ဒီဇိုင်းမျိုးပါအောင် ရေးဆွဲထားကြသည်။

ကျန်းရှီက ပတ်ဝန်းကျင်ကို မကြာခဏ ကင်းလှည့်ပေးနေကာ ရှစ်လော့ကလည်း ကျွန်းပေါ်က စားလို့ရတဲ့ သီးပင်စားပင်တွေကို အမျိုးသမီး အုပ်စုနဲ့အတူ လိုက်လံစုစည်းနေသည်။

နေ့လယ်လောက်ရောက်မှ ဝမ်ချန်း တဲထဲက ထွက်လာခဲ့သည်။ ကျူရန့်ကတော့ ပြန်မရောက်သေးပေ။ နေ့လယ်စာ စားပြီးတော့ ဝမ်ချန်းနဲ့ လင်းကျိုရန်းတို့ ကမ်းခြေဘက်ကို ထွက်လာခဲ့၏။

သူ့အဖေ ကျန်းလီကျစ်က အကာအကွယ် အစီအရင်ကို ဘယ်လိုလုပ်ခဲ့လဲတော့ မသိပေမယ့် ကမ်းခြေဘက်ကနေ အကာအကွယ် အစီအရင်ကို ချိုးဖျက်ချင်တဲ့ လူတွေ ရှိနေတယ်လို့ သူ့စိတ်က ခံစားနေရသည်။

"ဝမ်ချန်း... ငါတို့ ကျားဝူတို့ကို လှမ်းမခေါ်သင့်ဘူးလား?"

"ပြဿနာ မရှိပါဘူး... ငါ့စိတ်ထဲ ဘယ်သူမှ ဒီအစီအရင်ကို မချိုးဖျက်နိုင်ဘူးလို့ ခံစားနေရတယ်... ဘယ်သူ လာကျူးကျော်နေလဲ သွားကြည့်ရုံပဲ"

"......"

ဝမ်ချန်းက တောရိုင်းသင်္ဘော အရွက်တွေကို ရှင်းရင်း ပြောလိုက်သည်။ သို့သော် လင်းကျိုရန်းက လေထုမူမမှန်မှုကို နည်းနည်းလေးမှ မခံစားမိတာကြောင့် ဆက်မေးလိုက်သည်။

"ဒါပေမဲ့ ငါတို့ကမှ ကမ္ဘာ့အပြင်ကနေ ကျူးကျော်လာတဲ့ လူတွေ မဟုတ်ဘူးလား?"

"ဒါ ငါ့အဖေပိုင်တဲ့ ကျွန်းလေ... အခုငါ့ကို ပေးထားတော့ သေချာပေါက် ငါ့အပိုင်ပဲပေါ့ ပြီးတော့ ငါ့အဖေ ကျန်းလီကျစ် ပုံစံကို ကြည့်ရတာ သူ့မှာ ရန်သူတွေ ဝိုင်းနေတဲ့ပုံပဲ... အဲဒါကြောင့် အစွမ်းထက်ဆုံး အစီအရင်နဲ့ ဒီကျွန်းကို ဖုံးသွားတာ... အခုရောက်လာတဲ့ ဧည့်သည်က ငါ့အဖေ ကျန်းလီကျစ်ရဲ့ ရန်သူတွေ ဟုတ်မဟုတ် သွားကြည့်ရအောင်"

ပြောရင်းဆိုရင်း ကမ်းခြေဘက်ကို ရောက်လာသည်။ ကမ်းခြေနဲ့ ခပ်လှမ်းလှမ်းက ပင်လယ်ပြင်မှာ အစီအရင်ကို ထုရိုက်နေတဲ့ လူတစ်စုကို တွေ့ရလေသည်။

သူတို့က လေပေါ်မှာ ပျံဝဲနေကြပြီး ဘယ်လောက် ရိုက်ရိုက် မအက်ကွဲနိုင်တဲ့ အစီအရင်ကို အားရှိပါးရှိ ရိုက်နေကြ၏။ သူတို့က ကျွန်းထဲကို အသည်းအသန် တိုးဝင်တော့မယ့် အတိုင်းပင်။

ဝမ်ချန်းတို့ တစ်ယောက်နဲ့ တစ်ယောက် တစ်ချက်ကြည့်ကာ ခြေထောက်အောက်မှာ အစီအရင်တည်၍ ထိုလူတွေဆီ ပျံသန်းသွားလိုက်သည်။ တစ်ဖက်လူတွေလည်း သူတို့နှစ်ယောက် ပြေးလာတာကို တွေ့တော့ တိုက်ခိုက်နေတာကို ရပ်လိုက်ကြသည်။

ဝမ်ချန်းတို့လည်း အစီအရင် အနီးက ကျောက်ဆောင်ပေါ်မှာ ရပ်လိုက်သည်။ တစ်ဖက်လူတွေက အဆင့်မြင့် ကျင့်ကြံသူတွေ ဖြစ်နိုင်၏။ ၎င်းတို့က လေထုထဲမှာ အတားအဆီးမဲ့ ရပ်တန့်နေကာ လူလတ်ပိုင်း သုံးယောက်နဲ့ အသက်ကြီးပိုင်းက တစ်ယောက် ​ဖြစ်လေသည်။

သူတို့က ဝမ်ချန်းတို့ရဲ့ အဝတ်အစားနဲ့ ပုံသဏ္ဌာန်ကို မြင်တော့ အတော်လေး အံ့ဩသွားကြပေမယ့် ခဏအတွင်း သူတို့ အမူအရာတွေကို ပြန်ထိန်းလိုက်ကြသည်။

"ဟမ့်... တကယ် တခြားကမ္ဘာက လူတွေ ရောက်လာတာကိုး.... ကောင်လေး မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး မင်းတို့ ဒီကျွန်းပေါ်ကနေ အမြန်ဆုံး ထွက်သွားကြ... "

ဝမ်ချန်း မဲ့ပြုံးလေး ပြုံးလိုက်သည်။

"ဒါက ခင်ဗျားအိမ်လား? ကျုပ် တစ်ကျွန်းလုံးကို ပတ်ကြည့်ပြီးသွားပြီ အိမ်နဲ့တူတာ တစ်ခုမှ မတွေ့ဘူးနော်?"

"ဒီကျွန်းက မကြာခင်မှာ ငါတို့သိမ်းပိုက်တော့မှာ... မသေချင်ရင် အခုကတည်းက ထွက်သွား​တာ အကောင်းဆုံးပဲ"

သက်ကြီးပိုင်း အဘိုးကြီးက ဆိုလေ၏။ ဝမ်ချန်းလည်း ရှေ့ကို ခြေလှမ်း အနည်းငယ် တိုးကာ ထိုအဘိုးကြီးကို စေ့စေ့ စိုက်ကြည့်လိုက်သည်။ ရုတ်တရက် အဘိုးကြီးက သူ့ကိုမြင်တော့ အထိတ်တလန့် ဖြစ်သွားတာကို သတိထားမိလိုက်သည်။

ဒါက သူဟာ ကျန်းလီကျစ်နဲ့ တူနေတာကြောင့် ဖြစ်နိုင်သည်။ ကျန်းလီကျစ်နဲ့ တူနေတဲ့ သူ့ကိုမြင်တာနဲ့ လန့်သွားတယ် ဆိုတော့ သူတို့ ကျန်းလီကျစ်ကို အတော်လေး သတိထားနေကြပုံပင်။

"မင်း!"

ဝမ်ချန်းလည်း မျက်ခုံးပင့်ပြလိုက်သည်။

"ဘာလဲ? ကြောက်နေတာလား?"

ထိုအချိန်တွင် လူလတ်ပိုင်း တစ်ယောက်က အဘိုးကြီးကို အနောက်ကနေ အသာဆွဲရင်း အနားကပ်ပြောလိုက်သည်။

"သခင်ကြီး... ဒီကောင်လေးက ကျန်းလီကျစ်ရဲ့ တိတ်တိတ်ပုန်း သားဆိုတာ သေချာတယ်!"

နောက်တစ်ယောက်ကပါ။

"ဟုတ်တယ်... ကျုပ်တို့သာ သူ့ကိုဖမ်းခေါ်သွားပြီး ကျန်းလီကျစ်ရဲ့ဆရာ အရှင်ယွီရှင်းရှေ့ ချပြလိုက်ရင် သူတို့ဆရာတပည့် သေချာပေါက် စိတ်ဝမ်းကွဲသွားလိမ့်မယ်"

"အဲဒါတော့ အမှန်ပဲ! အရှင်ယွီရှင်းက အညှာအတာ ကင်းမဲ့တယ်... သူ့တပည့်မှာ တိတ်တိတ်ပုန်း သားရှိနေရင် ဘယ်တော့မှ ခွင့်မလွှတ်လောက်ဘူး"

ဝမ်ချန်း မျက်လုံးပြူးသွားသလို လင်းကျိုရန်းမှာလည်း တအံ့တသြလေး ဖြစ်သွားသည်။ အစီအရင်က ကြားထဲမှာ ခြားထားပြီး တစ်ဖက်လူတွေက ခပ်တိုးတိုးလေး ဆွေးနွေးနေကြပေမယ့် သူတို့လည်း ကျင့်ကြံသူတွေ ဖြစ်နေပြီမလို့ အကြားအာရုံက အတော်လေး ကောင်းနေပြီ။

သူတို့ရဲ့ စကားကနေတစ်ဆင့် နတ်ဘုရားယွီရှင်းနဲ့ ကျန်းလီကျစ်ရဲ့ ဆက်ဆံရေးကို လူတွေ လုံးဝ မသိကြဘူး ဆိုတာကို ဝမ်ချန်းတို့ နားလည်လိုက်သည်။ ဒါ့အပြင် သူတို့က ကျန်းလီကျစ်ကို မနိုင်လို့ မိမိကိုပါ ဓားစာခံ လုပ်ချင်နေတာ ဖြစ်ကြောင်း သဘောပေါက်သွားသည်။

ဝမ်ချန်း လင်းကျိုရန်းကို လှည့်ကြည့်လိုက်ကာ။

"စိတ်ဝင်စားစရာ ကောင်းသားပဲ!"

"မင်း အစီအရင်ရဲ့ အပြင်ဘက်ကို ထွက်သွားဖို့တော့ မစဥ်းစားလိုက်နဲ့"

"ဒါပေါ့!"

ထိုစဥ် ခေါင်းဆောင် အဘိုးကြီးရဲ့ အသံကို ကြားလိုက်ရသည်။

"သူသာ ကျန်းလီကျစ်ရဲ့ သားအစစ်ဆိုရင် ဒီအစီအရင်က သေချာပေါက် ကျန်းလီကျစ် ချခဲ့တာပဲ ဖြစ်မယ်... ငါတို့အကုန်လုံး ပေါင်းတာတောင် ဒီအစီအရင်ကို မချိုးဖျက်နိုင်ဘူး ပြီးတော့ ကျန်းလီကျစ်ရဲ့ ဆရာတူအစ်ကိုက ဒဏ္ဍာရီအင်ပါယာမှာ နံပါတ်တစ် အစီအရင်ပညာရှင်ပဲ.. ဒီထဲမှာ သူ့စွမ်းအင်တွေလည်း ပေါင်းထည့်ထားလောက်တယ်"

အဘိုးကြီးရဲ့ စကားကြောင့် ကျန်လူသုံးယောက်လည်း တုံ့ဆိုင်းသွားကြသည်။ သူတို့က လက်သီးတွေကိုသာ တင်းတင်းဆုပ်လျက် အလွန်အမင်း အခက်တွေ့သွားပုံပေါ်၏။

ဝမ်ချန်း သူတို့ရဲ့ အမူအရာတွေကို သတိထား၍ စောင့်ကြည့်နေသည်။ သို့သော် အစီအရင်ကို အသည်းအသန် ထုရိုက်နေခဲ့တဲ့ ထိုလေးယောက်က ရုတ်တရက်ကြီး လှည့်ထွက်ပြေးသွားမယ်လို့တော့ မမျှော်လင့်ထားပေ။

"အာ....."

လင်းကျိုရန်း - "ဘာဖြစ်သွားတာလဲ?"

ဝမ်ချန်းလည်း အံ့အားသင့်သွားကာ။

"ဟေ့လူတွေ နေဦးလေ... ခင်ဗျားတို့ ကျုပ်ကို လာဖမ်းကြတာ မဟုတ်ဘူးလား? ဟေ့! အမ် ပြေးတာ အမြှီးတောင် မမြင်ရတော့ဘူး"

"သွားရအောင်... သူတို့လည်း သွားပြီ"

"သူတို့ငါ့အဖေကို အဲ့လောက်တောင် ကြောက်ကြတာလား?"

ကမ်းခြေကနေ တောထဲ ပြန်ဝင်လာရင်း ဝမ်ချန်းမှ ပြောလိုက်သည်။ သူတို့နှစ်ယောက်ရဲ့ လက်ထဲမှာတော့ ဝင်းမှည့်နေတဲ့ ငှက်ပျောခိုင်တွေကို ဆွဲယူလာကြသည်။

လင်းကျိုရန်းက သူ့စကားကြောင့် ပြန်ကြည့်လာကာ ပြုံးလိုက်သည်။

"ဖြစ်နိုင်တယ်.... ဒါပေမဲ့ သူတို့ကမင်းကို တိတ်တိတ်ပုန်း သားလို့ပဲ ထင်နေကြတာဆိုတော့ မင်းအဖေတွေက ဒီကိစ္စကို သေသေချာချာ ဖုံးကွယ်ထားလို့ပဲ ဖြစ်မယ်... ငါတို့လည်း စကားမလွန်သွားတာ အကောင်းဆုံးပဲ"

"ငါ နားလည်ပါတယ်"

"အမ် ဟိုမှာ ငှက်ပျောသီးတွေ ထပ်တွေ့ပြန်ပြီ ငါတို့ ထပ်ခူးသွားရအောင်"

"အိုကေ"

........

သူတို့ စခန်းကို ပြန်ရောက်တော့ ကျူရန့်လည်း လူတစ်အုပ်ကို ခေါ်ကာ ပြန်ရောက်နေပြီ။ ကျားဝူကို မေးကြည့်လိုက်တော့ ကျူရန့် တဲထဲမှာ အနားယူနေတယ်လို့ ဆို၏။

ကျားဝူက ငှက်ပျောသီးတွေကို အားလုံးကို ဝေမျှပေးဖို့ ရှစ်လော့တို့ အမျိုးသမီးအဖွဲ့ကို တာဝန်ပေးလိုက်သည်။ ထို့နောက် သူကတော့ သူ့ကိုမပြောဘဲ ရုတ်တရက် ပျောက်သွားတဲ့ လင်းကျိုရန်းကို အပြစ်ပေးဖို့ တဲထဲကို ဆွဲခေါ်သွားသည်။

လင်းကျိုရန်း သူ့နှုတ်ခမ်းတွေ ပူထူသွားတဲ့အထိ အနမ်းခံလိုက်ရ၏။ ကျားဝူက သူ့တစ်ကိုယ်လုံးကို ပွေ့ဖက် သိမ်းပိုက်ထားကာ တစ်ဆက်တည်း မလှုပ်နိုင်အောင်လည်း ချုပ်ထားသေးသည်။

နောက်ဆုံး သူတို့နှစ်ယောက် ခွဲခွာလိုက်တဲ့အခါ ငွေရောင် ကြိုးမျှင်လေးတွေ ထွက်ပေါ်လာသည်။ အရှက်သည်းတတ်တဲ့ လင်းကျိုရန်းမှာ တစ်ကိုယ်လုံး အငွေ့ပျံတော့မတတ် နီရဲနေချေပြီ။

"ကျား ကျားဝူ... တော်လောက်ပြီ!"

"မင်း ညကလည်း ကိုယ့်ကိုနမ်းခွင့် မပေးဘူး"

"ဒါပေမဲ့ မင်းအိပ်ခါနီးတုန်းက နမ်းလိုက်တာပဲလေ... အခုက ငါတို့နှစ်ယောက် ချစ်ကြည်နူးနေဖို့ အချိန် အများကြီး မရှိဘူး... ငါတခြားလူတွေ တဲဆောက်တာကို သွားကူပေးရဦးမယ်"

"ကိုယ်သိပါတယ်... ကိုယ်ခဏလောက် အမောဖြေဦးမယ်"

ပြောရင်း သူ လင်းကျိုရန်းကို နူးနူးညံ့ညံ့လေး ပွေ့ဖက်လိုက်လေ၏။

တစ်ဖက်မှာတော့ ဝမ်ချန်းသည် ဒီတစ်ခေါက် ဝမ်ပါးပါးနဲ့ ဝမ်မားမားတို့ ပါလာတာကြောင့် လူသားမိဘနှစ်ပါးကို နှုတ်ဆက်ရင်း ပထမဆုံး တည်ဆောက်မည့် တောင်တစ်သောင်းခန်းမ အကြောင်း ဆွေးနွေးနေခဲ့သည်။

ဆွေးနွေးပြီးလို့ တဲကို ပြန်ရောက်တော့ ညမိုးချုပ်နေပြီ။ ကျူရန့်နဲ့အတူ စားဖို့ ညစာကိုပါယူရင်း တဲထဲကို ဝင်လာခဲ့သည်။

"ပြန်လာပြီလား?"

ကျူရန့်က ကုတင်ပေါ်မှာ ခြေတစ်ဖက်ကွေးလျက် ထိုင်နေကာ ဝင်လာသူအား စူးစူးနစ်နစ် စိုက်ကြည့်နေသည်။ ဝမ်ချန်းလည်း ညစာနဲ့အတူ ကုတင်ဘေး လျှောက်သွား၏။

"ကျွန်တော် ညစာယူလာတယ်"

"ခန္ဓာကိုယ်က သက်သာရဲ့လား?"

"ခင်ဗျား ကျွန်တော့်ကို ငပျော့များ ထင်နေလား? နေ့လယ် အိပ်ယာနိုးကတည်းက သက်သာသွားပြီ... ဒီနေ့ တံခါးလာခေါက်တဲ့ ဧည့်သည်တချို့နဲ့ တွေ့သေးတယ်"

"အိုး ဟုတ်လား? အခြေအနေက??"

"ကျွန်တော့်ကို မြင်တာနဲ့ ထွက်ပြေးသွားတာပဲ!"

ကျူရန့် ချစ်သူလေး ပေးလာတဲ့ ညစာကိုယူရင်း ပြုံးလိုက်တော့သည်။





Darkness.

(57)
[က်န္းလီက်စ္ရဲ႕ တိတ္တိတ္ပုန္းသား]

လက္ရွိေနရာတြင္ အေဆာက္အဦေတြကို တည္ေဆာင္ဖို႔အတြက္ ေဆာက္လုပ္ေရး အဖြဲ႕က သူတို႔ဘာသာ အစီအစဥ္ေတြ ခ်ေနၿပီ။ က်ဴရန့္ ပထမဆုံး ေခၚလာသူေတြက ေခါင္းေဆာင္ေတြ မ်ားသည္။

ဒါေၾကာင့္ ထိုလူေတြဟာ အေဆာက္အအုံ အတြက္ ေနရာေတြကို ေရးဆြဲရင္း အလုပ္ရႈပ္ေနၾကသည္။ ဒီေန႕က က်ဴရန့္ လူအေယာက္ ၅၀ ကို ေနာက္တစ္ႀကိမ္ထပ္မံ သြားေခၚမွာပဲ ျဖစ္သည္။

အစီအရင္ မျပည့္စုံမႈေၾကာင့္ အာကာသ လမ္းေၾကာင္းကေန တစ္ေန႕တစ္ႀကိမ္သာ အစီအရင္နဲ႕ ျဖတ္သန္းနိုင္မွာ ျဖစ္ေလသည္။ က်ဴရန့္ အစီအရင္ထဲ သြားခါနီးအထိ ဝမ္ခ်န္း အိပ္ယာထဲက မထေသးေပ။

႐ုတ္တရက္ သူ႕ႏွာေခါင္းကို တစ္ေယာက္ေယာက္ လာထိတာေၾကာင့္ ဇတ္ဆို လန့္နိုးသြားသည္။ ဝမ္ခ်န္း မ်က္လုံး ဖြင့္ၾကည့္လိုက္ေတာ့ ညွို႔အားေကာင္းတဲ့ မ်က္ဝန္းေတြနဲ႕ ဆုံသြား၏။

"ခင္ဗ်ား သြားေတာ့မွာလား?"

"အင္း မင္းမထခ်င္ေသးရင္ ဆက္အိပ္ေနလိုက္ဦး... ကိုယ္ လင္က်ိဳရန္းကို ေန႕လယ္စာအတြက္ မွာထားခဲ့တယ္ ၿပီးေတာ့ ေဆာင္းဝင္လာၿပီ ကိုယ္မင္းအတြက္ အႏြေးထည္ေတြ ယူလာေပးမယ္.."

"အြန္း"

ဝမ္ခ်န္း ေစာင္ေလးၿခဳံကာ ျပန္ေကြးသြားသည္။ တျဖည္းျဖည္း မွတ္မိလာပုံအရ မေန႕ညက သူတို႔တဲကို ျပန္ေရာက္ေတာ့လည္း အခ်စ္ပြဲ ႏႊဲခဲ့ေသး၏။ ဒါေၾကာင့္ အရမ္းပင္ပန္းၿပီး အခုထိ မထခ်င္ေသးတာ ျဖစ္နိုင္သည္။

သို႔ေသာ္ က်ဴရန့္ သြားခါနီးတြင္ ဝမ္ခ်န္းထကာ အနမ္းတစ္ပြင့္ ေပးလိုက္ေသးသည္။

"ျမန္ျမန္ ျပန္လာခဲ့"

"စိတ္ခ်!"

က်ဴရန့္ ထြက္သြားေတာ့ ဝမ္ခ်န္းလည္း ေစာင္ထဲ ျပန္ေကြးေနလိုက္သည္။

တစ္ဖက္မွာေတာ့ လင္းက်ိဳရန္းသည္ က်ားဝူနဲ႕အတူ ေဆာက္လုပ္ေရး အင္ဂ်င္နီယာေတြ ေရးဆြဲထားတဲ့ အေဆာက္အအုံ ပုံေတြကို ၾကည့္ရႈေနသည္။ ဒီကမၻာက ေရွးေခတ္ဆန္တဲ့ နတ္ဘုရားေတြ ရွိတာေၾကာင့္ အိမ္ေတြကိုလည္း ေရွးဆန္တဲ့ ဒီဇိုင္းမ်ိဳးပါေအာင္ ေရးဆြဲထားၾကသည္။

က်န္းရွီက ပတ္ဝန္းက်င္ကို မၾကာခဏ ကင္းလွည့္ေပးေနကာ ရွစ္ေလာ့ကလည္း ကြၽန္းေပၚက စားလို႔ရတဲ့ သီးပင္စားပင္ေတြကို အမ်ိဳးသမီး အုပ္စုနဲ႕အတူ လိုက္လံစုစည္းေနသည္။

ေန႕လယ္ေလာက္ေရာက္မွ ဝမ္ခ်န္း တဲထဲက ထြက္လာခဲ့သည္။ က်ဴရန့္ကေတာ့ ျပန္မေရာက္ေသးေပ။ ေန႕လယ္စာ စားၿပီးေတာ့ ဝမ္ခ်န္းနဲ႕ လင္းက်ိဳရန္းတို႔ ကမ္းေျခဘက္ကို ထြက္လာခဲ့၏။

သူ႕အေဖ က်န္းလီက်စ္က အကာအကြယ္ အစီအရင္ကို ဘယ္လိုလုပ္ခဲ့လဲေတာ့ မသိေပမယ့္ ကမ္းေျခဘက္ကေန အကာအကြယ္ အစီအရင္ကို ခ်ိဳးဖ်က္ခ်င္တဲ့ လူေတြ ရွိေနတယ္လို႔ သူ႕စိတ္က ခံစားေနရသည္။

"ဝမ္ခ်န္း... ငါတို႔ က်ားဝူတို႔ကို လွမ္းမေခၚသင့္ဘူးလား?"

"ျပႆနာ မရွိပါဘူး... ငါ့စိတ္ထဲ ဘယ္သူမွ ဒီအစီအရင္ကို မခ်ိဳးဖ်က္နိုင္ဘူးလို႔ ခံစားေနရတယ္... ဘယ္သူ လာက်ဴးေက်ာ္ေနလဲ သြားၾကည့္႐ုံပဲ"

"......"

ဝမ္ခ်န္းက ေတာရိုင္းသေဘၤာ အ႐ြက္ေတြကို ရွင္းရင္း ေျပာလိုက္သည္။ သို႔ေသာ္ လင္းက်ိဳရန္းက ေလထုမူမမွန္မႈကို နည္းနည္းေလးမွ မခံစားမိတာေၾကာင့္ ဆက္ေမးလိုက္သည္။

"ဒါေပမဲ့ ငါတို႔ကမွ ကမၻာ့အျပင္ကေန က်ဴးေက်ာ္လာတဲ့ လူေတြ မဟုတ္ဘူးလား?"

"ဒါ ငါ့အေဖပိုင္တဲ့ ကြၽန္းေလ... အခုငါ့ကို ေပးထားေတာ့ ေသခ်ာေပါက္ ငါ့အပိုင္ပဲေပါ့ ၿပီးေတာ့ ငါ့အေဖ က်န္းလီက်စ္ ပုံစံကို ၾကည့္ရတာ သူ႕မွာ ရန္သူေတြ ဝိုင္းေနတဲ့ပုံပဲ... အဲဒါေၾကာင့္ အစြမ္းထက္ဆုံး အစီအရင္နဲ႕ ဒီကြၽန္းကို ဖုံးသြားတာ... အခုေရာက္လာတဲ့ ဧည့္သည္က ငါ့အေဖ က်န္းလီက်စ္ရဲ႕ ရန္သူေတြ ဟုတ္မဟုတ္ သြားၾကည့္ရေအာင္"

ေျပာရင္းဆိုရင္း ကမ္းေျခဘက္ကို ေရာက္လာသည္။ ကမ္းေျခနဲ႕ ခပ္လွမ္းလွမ္းက ပင္လယ္ျပင္မွာ အစီအရင္ကို ထုရိုက္ေနတဲ့ လူတစ္စုကို ေတြ႕ရေလသည္။

သူတို႔က ေလေပၚမွာ ပ်ံဝဲေနၾကၿပီး ဘယ္ေလာက္ ရိုက္ရိုက္ မအက္ကြဲနိုင္တဲ့ အစီအရင္ကို အားရွိပါးရွိ ရိုက္ေနၾက၏။ သူတို႔က ကြၽန္းထဲကို အသည္းအသန္ တိုးဝင္ေတာ့မယ့္ အတိုင္းပင္။

ဝမ္ခ်န္းတို႔ တစ္ေယာက္နဲ႕ တစ္ေယာက္ တစ္ခ်က္ၾကည့္ကာ ေျခေထာက္ေအာက္မွာ အစီအရင္တည္၍ ထိုလူေတြဆီ ပ်ံသန္းသြားလိုက္သည္။ တစ္ဖက္လူေတြလည္း သူတို႔ႏွစ္ေယာက္ ေျပးလာတာကို ေတြ႕ေတာ့ တိုက္ခိုက္ေနတာကို ရပ္လိုက္ၾကသည္။

ဝမ္ခ်န္းတို႔လည္း အစီအရင္ အနီးက ေက်ာက္ေဆာင္ေပၚမွာ ရပ္လိုက္သည္။ တစ္ဖက္လူေတြက အဆင့္ျမင့္ က်င့္ႀကံသူေတြ ျဖစ္နိုင္၏။ ၎တို႔က ေလထုထဲမွာ အတားအဆီးမဲ့ ရပ္တန့္ေနကာ လူလတ္ပိုင္း သုံးေယာက္နဲ႕ အသက္ႀကီးပိုင္းက တစ္ေယာက္ ျဖစ္ေလသည္။

သူတို႔က ဝမ္ခ်န္းတို႔ရဲ႕ အဝတ္အစားနဲ႕ ပုံသဏၭာန္ကို ျမင္ေတာ့ အေတာ္ေလး အံ့ဩသြားၾကေပမယ့္ ခဏအတြင္း သူတို႔ အမူအရာေတြကို ျပန္ထိန္းလိုက္ၾကသည္။

"ဟမ့္... တကယ္ တျခားကမၻာက လူေတြ ေရာက္လာတာကိုး.... ေကာင္ေလး မင္းဘာသာ ဘယ္သူပဲျဖစ္ျဖစ္ ငါဂ႐ုမစိုက္ဘူး မင္းတို႔ ဒီကြၽန္းေပၚကေန အျမန္ဆုံး ထြက္သြားၾက... "

ဝမ္ခ်န္း မဲ့ၿပဳံးေလး ၿပဳံးလိုက္သည္။

"ဒါက ခင္ဗ်ားအိမ္လား? က်ဳပ္ တစ္ကြၽန္းလုံးကို ပတ္ၾကည့္ၿပီးသြားၿပီ အိမ္နဲ႕တူတာ တစ္ခုမွ မေတြ႕ဘူးေနာ္?"

"ဒီကြၽန္းက မၾကာခင္မွာ ငါတို႔သိမ္းပိုက္ေတာ့မွာ... မေသခ်င္ရင္ အခုကတည္းက ထြက္သြားတာ အေကာင္းဆုံးပဲ"

သက္ႀကီးပိုင္း အဘိုးႀကီးက ဆိုေလ၏။ ဝမ္ခ်န္းလည္း ေရွ႕ကို ေျခလွမ္း အနည္းငယ္ တိုးကာ ထိုအဘိုးႀကီးကို ေစ့ေစ့ စိုက္ၾကည့္လိုက္သည္။ ႐ုတ္တရက္ အဘိုးႀကီးက သူ႕ကိုျမင္ေတာ့ အထိတ္တလန့္ ျဖစ္သြားတာကို သတိထားမိလိုက္သည္။

ဒါက သူဟာ က်န္းလီက်စ္နဲ႕ တူေနတာေၾကာင့္ ျဖစ္နိုင္သည္။ က်န္းလီက်စ္နဲ႕ တူေနတဲ့ သူ႕ကိုျမင္တာနဲ႕ လန့္သြားတယ္ ဆိုေတာ့ သူတို႔ က်န္းလီက်စ္ကို အေတာ္ေလး သတိထားေနၾကပုံပင္။

"မင္း!"

ဝမ္ခ်န္းလည္း မ်က္ခုံးပင့္ျပလိုက္သည္။

"ဘာလဲ? ေၾကာက္ေနတာလား?"

ထိုအခ်ိန္တြင္ လူလတ္ပိုင္း တစ္ေယာက္က အဘိုးႀကီးကို အေနာက္ကေန အသာဆြဲရင္း အနားကပ္ေျပာလိုက္သည္။

"သခင္ႀကီး... ဒီေကာင္ေလးက က်န္းလီက်စ္ရဲ႕ တိတ္တိတ္ပုန္း သားဆိုတာ ေသခ်ာတယ္!"

ေနာက္တစ္ေယာက္ကပါ။

"ဟုတ္တယ္... က်ဳပ္တို႔သာ သူ႕ကိုဖမ္းေခၚသြားၿပီး က်န္းလီက်စ္ရဲ႕ဆရာ အရွင္ယြီရွင္းေရွ႕ ခ်ျပလိုက္ရင္ သူတို႔ဆရာတပည့္ ေသခ်ာေပါက္ စိတ္ဝမ္းကြဲသြားလိမ့္မယ္"

"အဲဒါေတာ့ အမွန္ပဲ! အရွင္ယြီရွင္းက အညွာအတာ ကင္းမဲ့တယ္... သူ႕တပည့္မွာ တိတ္တိတ္ပုန္း သားရွိေနရင္ ဘယ္ေတာ့မွ ခြင့္မလႊတ္ေလာက္ဘူး"

ဝမ္ခ်န္း မ်က္လုံးျပဴးသြားသလို လင္းက်ိဳရန္းမွာလည္း တအံ့တၾသေလး ျဖစ္သြားသည္။ အစီအရင္က ၾကားထဲမွာ ျခားထားၿပီး တစ္ဖက္လူေတြက ခပ္တိုးတိုးေလး ေဆြးႏြေးေနၾကေပမယ့္ သူတို႔လည္း က်င့္ႀကံသူေတြ ျဖစ္ေနၿပီမလို႔ အၾကားအာ႐ုံက အေတာ္ေလး ေကာင္းေနၿပီ။

သူတို႔ရဲ႕ စကားကေနတစ္ဆင့္ နတ္ဘုရားယြီရွင္းနဲ႕ က်န္းလီက်စ္ရဲ႕ ဆက္ဆံေရးကို လူေတြ လုံးဝ မသိၾကဘူး ဆိုတာကို ဝမ္ခ်န္းတို႔ နားလည္လိုက္သည္။ ဒါ့အျပင္ သူတို႔က က်န္းလီက်စ္ကို မနိုင္လို႔ မိမိကိုပါ ဓားစာခံ လုပ္ခ်င္ေနတာ ျဖစ္ေၾကာင္း သေဘာေပါက္သြားသည္။

ဝမ္ခ်န္း လင္းက်ိဳရန္းကို လွည့္ၾကည့္လိုက္ကာ။

"စိတ္ဝင္စားစရာ ေကာင္းသားပဲ!"

"မင္း အစီအရင္ရဲ႕ အျပင္ဘက္ကို ထြက္သြားဖို႔ေတာ့ မစဥ္းစားလိုက္နဲ႕"

"ဒါေပါ့!"

ထိုစဥ္ ေခါင္းေဆာင္ အဘိုးႀကီးရဲ႕ အသံကို ၾကားလိုက္ရသည္။

"သူသာ က်န္းလီက်စ္ရဲ႕ သားအစစ္ဆိုရင္ ဒီအစီအရင္က ေသခ်ာေပါက္ က်န္းလီက်စ္ ခ်ခဲ့တာပဲ ျဖစ္မယ္... ငါတို႔အကုန္လုံး ေပါင္းတာေတာင္ ဒီအစီအရင္ကို မခ်ိဳးဖ်က္နိုင္ဘူး ၿပီးေတာ့ က်န္းလီက်စ္ရဲ႕ ဆရာတူအစ္ကိုက ဒ႑ာရီအင္ပါယာမွာ နံပါတ္တစ္ အစီအရင္ပညာရွင္ပဲ.. ဒီထဲမွာ သူ႕စြမ္းအင္ေတြလည္း ေပါင္းထည့္ထားေလာက္တယ္"

အဘိုးႀကီးရဲ႕ စကားေၾကာင့္ က်န္လူသုံးေယာက္လည္း တုံ႕ဆိုင္းသြားၾကသည္။ သူတို႔က လက္သီးေတြကိုသာ တင္းတင္းဆုပ္လ်က္ အလြန္အမင္း အခက္ေတြ႕သြားပုံေပၚ၏။

ဝမ္ခ်န္း သူတို႔ရဲ႕ အမူအရာေတြကို သတိထား၍ ေစာင့္ၾကည့္ေနသည္။ သို႔ေသာ္ အစီအရင္ကို အသည္းအသန္ ထုရိုက္ေနခဲ့တဲ့ ထိုေလးေယာက္က ႐ုတ္တရက္ႀကီး လွည့္ထြက္ေျပးသြားမယ္လို႔ေတာ့ မေမွ်ာ္လင့္ထားေပ။

"အာ....."

လင္းက်ိဳရန္း - "ဘာျဖစ္သြားတာလဲ?"

ဝမ္ခ်န္းလည္း အံ့အားသင့္သြားကာ။

"ေဟ့လူေတြ ေနဦးေလ... ခင္ဗ်ားတို႔ က်ဳပ္ကို လာဖမ္းၾကတာ မဟုတ္ဘူးလား? ေဟ့! အမ္ ေျပးတာ အျမႇီးေတာင္ မျမင္ရေတာ့ဘူး"

"သြားရေအာင္... သူတို႔လည္း သြားၿပီ"

"သူတို႔ငါ့အေဖကို အဲ့ေလာက္ေတာင္ ေၾကာက္ၾကတာလား?"

ကမ္းေျခကေန ေတာထဲ ျပန္ဝင္လာရင္း ဝမ္ခ်န္းမွ ေျပာလိုက္သည္။ သူတို႔ႏွစ္ေယာက္ရဲ႕ လက္ထဲမွာေတာ့ ဝင္းမွည့္ေနတဲ့ ငွက္ေပ်ာခိုင္ေတြကို ဆြဲယူလာၾကသည္။

လင္းက်ိဳရန္းက သူ႕စကားေၾကာင့္ ျပန္ၾကည့္လာကာ ၿပဳံးလိုက္သည္။

"ျဖစ္နိုင္တယ္.... ဒါေပမဲ့ သူတို႔ကမင္းကို တိတ္တိတ္ပုန္း သားလို႔ပဲ ထင္ေနၾကတာဆိုေတာ့ မင္းအေဖေတြက ဒီကိစၥကို ေသေသခ်ာခ်ာ ဖုံးကြယ္ထားလို႔ပဲ ျဖစ္မယ္... ငါတို႔လည္း စကားမလြန္သြားတာ အေကာင္းဆုံးပဲ"

"ငါ နားလည္ပါတယ္"

"အမ္ ဟိုမွာ ငွက္ေပ်ာသီးေတြ ထပ္ေတြ႕ျပန္ၿပီ ငါတို႔ ထပ္ခူးသြားရေအာင္"

"အိုေက"

........

သူတို႔ စခန္းကို ျပန္ေရာက္ေတာ့ က်ဴရန့္လည္း လူတစ္အုပ္ကို ေခၚကာ ျပန္ေရာက္ေနၿပီ။ က်ားဝူကို ေမးၾကည့္လိုက္ေတာ့ က်ဴရန့္ တဲထဲမွာ အနားယူေနတယ္လို႔ ဆို၏။

က်ားဝူက ငွက္ေပ်ာသီးေတြကို အားလုံးကို ေဝမွ်ေပးဖို႔ ရွစ္ေလာ့တို႔ အမ်ိဳးသမီးအဖြဲ႕ကို တာဝန္ေပးလိုက္သည္။ ထို႔ေနာက္ သူကေတာ့ သူ႕ကိုမေျပာဘဲ ႐ုတ္တရက္ ေပ်ာက္သြားတဲ့ လင္းက်ိဳရန္းကို အျပစ္ေပးဖို႔ တဲထဲကို ဆြဲေခၚသြားသည္။

လင္းက်ိဳရန္း သူ႕ႏႈတ္ခမ္းေတြ ပူထူသြားတဲ့အထိ အနမ္းခံလိုက္ရ၏။ က်ားဝူက သူ႕တစ္ကိုယ္လုံးကို ေပြ႕ဖက္ သိမ္းပိုက္ထားကာ တစ္ဆက္တည္း မလႈပ္နိုင္ေအာင္လည္း ခ်ဳပ္ထားေသးသည္။

ေနာက္ဆုံး သူတို႔ႏွစ္ေယာက္ ခြဲခြာလိုက္တဲ့အခါ ေငြေရာင္ ႀကိဳးမွ်င္ေလးေတြ ထြက္ေပၚလာသည္။ အရွက္သည္းတတ္တဲ့ လင္းက်ိဳရန္းမွာ တစ္ကိုယ္လုံး အေငြ႕ပ်ံေတာ့မတတ္ နီရဲေနေခ်ၿပီ။

"က်ား က်ားဝူ... ေတာ္ေလာက္ၿပီ!"

"မင္း ညကလည္း ကိုယ့္ကိုနမ္းခြင့္ မေပးဘူး"

"ဒါေပမဲ့ မင္းအိပ္ခါနီးတုန္းက နမ္းလိုက္တာပဲေလ... အခုက ငါတို႔ႏွစ္ေယာက္ ခ်စ္ၾကည္ႏူးေနဖို႔ အခ်ိန္ အမ်ားႀကီး မရွိဘူး... ငါတျခားလူေတြ တဲေဆာက္တာကို သြားကူေပးရဦးမယ္"

"ကိုယ္သိပါတယ္... ကိုယ္ခဏေလာက္ အေမာေျဖဦးမယ္"

ေျပာရင္း သူ လင္းက်ိဳရန္းကို ႏူးႏူးညံ့ညံ့ေလး ေပြ႕ဖက္လိုက္ေလ၏။

တစ္ဖက္မွာေတာ့ ဝမ္ခ်န္းသည္ ဒီတစ္ေခါက္ ဝမ္ပါးပါးနဲ႕ ဝမ္မားမားတို႔ ပါလာတာေၾကာင့္ လူသားမိဘႏွစ္ပါးကို ႏႈတ္ဆက္ရင္း ပထမဆုံး တည္ေဆာက္မည့္ ေတာင္တစ္ေသာင္းခန္းမ အေၾကာင္း ေဆြးႏြေးေနခဲ့သည္။

ေဆြးႏြေးၿပီးလို႔ တဲကို ျပန္ေရာက္ေတာ့ ညမိုးခ်ဳပ္ေနၿပီ။ က်ဴရန့္နဲ႕အတူ စားဖို႔ ညစာကိုပါယူရင္း တဲထဲကို ဝင္လာခဲ့သည္။

"ျပန္လာၿပီလား?"

က်ဴရန့္က ကုတင္ေပၚမွာ ေျခတစ္ဖက္ေကြးလ်က္ ထိုင္ေနကာ ဝင္လာသူအား စူးစူးနစ္နစ္ စိုက္ၾကည့္ေနသည္။ ဝမ္ခ်န္းလည္း ညစာနဲ႕အတူ ကုတင္ေဘး ေလွ်ာက္သြား၏။

"ကြၽန္ေတာ္ ညစာယူလာတယ္"

"ခႏၶာကိုယ္က သက္သာရဲ႕လား?"

"ခင္ဗ်ား ကြၽန္ေတာ့္ကို ငေပ်ာ့မ်ား ထင္ေနလား? ေန႕လယ္ အိပ္ယာနိုးကတည္းက သက္သာသြားၿပီ... ဒီေန႕ တံခါးလာေခါက္တဲ့ ဧည့္သည္တခ်ိဳ႕နဲ႕ ေတြ႕ေသးတယ္"

"အိုး ဟုတ္လား? အေျခအေနက??"

"ကြၽန္ေတာ့္ကို ျမင္တာနဲ႕ ထြက္ေျပးသြားတာပဲ!"

က်ဴရန့္ ခ်စ္သူေလး ေပးလာတဲ့ ညစာကိုယူရင္း ၿပဳံးလိုက္ေတာ့သည္။


You are reading the story above: TeenFic.Net

#bl #romance