Happy Family 🏡 01

Background color
Font
Font size
Line height

Happy Family 🏡 01
Zawgyi

ေအးစိမ့္ေနတဲ့အခန္းထဲမွာ ေခြ်းတလံုးလံုးနဲ႕လူႏွစ္ေယာက္က အျဖဴေရာင္အိပ္ရာခင္းႀကီးေပၚမွာ ေမွးစက္အနားယူေနႀကသည္။

ေခြ်းစို႕ေနတဲ့ နဖူးထက္မွာ ကပ္ေနတဲ့ဆံသားေတြကို တယုတယသတ္ေပးရင္း အနမ္းေပးလိုက္မိေတာ့ မ်က္လံုးမ်ားမွိတ္ထားရင္း ျပံဳးလိုက္တဲ့အျပံဳးတစ္ပြင့္က ဂႏၲဝင္ဆန္လြန္းစြာျဖစ္ေပၚလာခဲ့သည္။

" ငယ့္အျပံဳးေတြက အရမ္းလွတာပဲငယ္ "

" ဒယ္ဒီကေတာ့ေလ မရိုးနိုင္ေအာင္ကို ေျပာေနေတာ့တာပဲ "

" အင္း ... ငယ့္အျပံဳးေတြက ကိုယ့္ကို ဘယ္ေတာ့မွရိုးမသြားေစဘူး။ ျမင္လိုက္တိုင္း အျမဲလတ္ဆတ္ေနျပီး ရင္ခုန္လႈိက္ေမာေစတယ္ "

" ဒယ္ဒီကေတာ့ အသက္ႀကီးေလ ကဲေလပါပဲဗ်ာ "

ပင္းပန္းထားတဲ့အရွိန္တဲ့ မ်က္လံုးမ်ားပင္မဖြင့္နိုင္ေတာ့တဲ့ငယ္က ေလသံတိုးတိုးေလးနဲ႕ ျပန္ေျပာေနပံုက တကယ္စြဲမက္စရာေကာင္းလွသည္။

" အသက္ႀကီးေပမယ့္ မပ်က္စီးသြားတဲ့ အခ်စ္ေတြနဲ႕ ဒီဂရီထပ္တိုးျပီးခ်စ္ခ်င္တာငယ္ "

" ဟက္ ...... ဒယ္ဒီက ဒီဂရီထပ္တိုးခ်စ္ခ်င္ေနေပမယ့္ ငယ့္ကအိပ္ခ်င္ေနျပီ ဘယ္လိုလုပ္မလဲဒယ္ဒီ "

" အိပ္လိုက္ေတာ့ငယ္ ...... ကိုယ္ေဘးမွာရွိတယ္ စိတ္ခ်လက္ခ်အိပ္လိုက္ေတာ့ "

ငယ္နဖူးေလးကို နမ္း ... ငယ့္ခါးသိမ္သိမ္ေလးကို ဆြဲဖက္... ငယ့္တစ္ကိုယ္လံုးကို ရင္ခြင္ထဲထည့္ဖြက္ထားျပီး ေအးခ်မ္းစြာအိပ္စက္လိုက္ျပီးေနာက္ ရင္ခုန္စရာေကာင္းတဲ့ အိမ္မက္ကမၻာထဲမွာ ငယ္နဲ႕အတူ ေပ်ာ္ျမဴးဖို႕ႀကိဳးစားေနတဲ့ ဒီကေမာင္။

**********

" ဒယ္ဒီေရ ...... ဒယ္ဒီငယ္ေလးေရ "

" ဒယ္ဒီေရ ...... ဒယ္ဒီငယ္ေလးေရ "

ဒီကေမာင္သည္ ပူတူးေလးေတြရဲ႕ ႏႈိးစက္သံေႀကာင့္ အိပ္ခ်င္မူးတူးပံုစံနဲ႕ အေျပးအလႊားတံခါးဖြင့္ျပီး အခန္းျပင္ထြက္လိုက္ရသည္။

ထို႔ေနာက္အခန္းတံခါးကို အသာအယာျပန္ပိတ္ျပီး ႏႈတ္ခမ္းေပၚလက္ညိဳးေလးတင္ျပီး ပူတူးေလးေတြကို အသံတိတ္ဖို႔အခ်က္ျပလိုက္သည္။

ပူတူးေလးေတြကလည္း သူတို႕ဒယ္ဒီလုပ္တဲ့အတိုင္း ႏႈတ္ခမ္းေပၚ လက္ညိဳးေလးတင္ျပီး ျငိမ္သက္ေနလိုက္ႀကသည္။

ကေလးေတြလက္ကိုဆြဲျပီး အိမ္ေအာက္ထပ္ကိုေရာက္လာတဲ့ ဒီကေမာင္။

ဒီကေမာင္သည္ ပူတူးေလးေတြကို ခါးေထာက္ျပီး စူပုပ္ပုပ္ရုပ္ေလးနဲ႕မေက်နပ္စြာႀကည့္ေပးေနလိုက္သည္။

ပူတူးေလးေတြကေတာ့ ျပံဳးစိစိရုပ္ေလးေတြနဲ႕ သူတို႕ဒယ္ဒီျဖစ္ေနတဲ့ ပံုေလးကို သူ႔တို႕ဒယ္ဒီနဲ႔အျပိဳင္ သေဘာတက်နဲ႕ ျပန္ျပီး ရပ္ႀကည့္ေနႀကသည္။

" ဒယ္ဒီငယ္ေလးအိပ္ေနတယ္ေလကြာ အေစာႀကီးဘာလို႔လာႏႈိးတာလဲ "

ငယ္အိပ္ရာကနိုးသြားမွာဆိုးတဲ့ ဒီကေမာင္က ပူတူးေလးေတြကိုဆူသလိုေလးေျပာေနေတာ့ ပူတူးေလးေတြက တိုင္ကပ္နာရီကို လက္ညိဳးထိုးျပေလသည္။

နာရီႀကည့္လိုက္ေတာ့ မနက္ဆယ္နာရီခြဲျဖစ္ေနျပီမို႔ ဒီကေမာင္တစ္ေယာက္ ပူတူးေလးေတြေရွ႕မွာ ဖင္ကုတ္ေခါင္းကုတ္ျဖစ္ေနေတာ့သည္။

" အဲ့တာဘာျဖစ္လဲကြာ တစ္ခါတစ္ေလ ေနာက္က်မွထတာဘာျဖစ္လဲ ဘာလို႕လာနိုးတာလဲ "

" ဒီတစ္ပါတ္ထဲမွာ သံုးရက္ရွိေနျပီေလဒယ္ဒီ" ဟုေျပာလိုက္တဲ့ Yေလးေႀကာင့္ ဒီကေမာင္ စဥ္စားသြားရသည္။

စဥ္းစားေနတုန္းမွာပဲ ......

" Zတို႔ကိုက်ေတာ့ ေနမထြက္ခင္အိပ္ရာထရမယ္လို႔ ဒယ္ဒီစည္းကမ္းထုတ္ထားျပီးေတာ့"

" ဒယ္ဒီကိုယ္တိုင္က ဘာလို႔ အိပ္ရာထေနာက္က်ေနတာလဲ ဒယ္ဒီ "

"ညဘက္ေတြမအိပ္ဘူးလားဒယ္ဒီ "

"အသက္ႀကီးမွ က်န္းမာေရးထိခိုက္မယ္ေနာ္ ဒယ္ဒီ"

ပူတူးေလးေတြရဲ႕ တစ္ေယာက္တစ္ခြန္း အေျပာေတြေႀကာင့္ ဒီကေမာင္ ျပန္ေျပာရမယ့္စကားကို အသည္းအသန္ျပန္စဥ္းစားေနရသည္။

" ဒယ္ဒီတို႕ကအသက္ႀကီးျပီေလ အိပ္ခ်ိန္မ်ားမ်ားယူဖို႔လို႕တယ္ ပူတူးေလးေတြက ငယ္ငယ္ေလးေတြပဲရွိေသးေတာ့ ေစာေစာထဖို႔လို႔တယ္ "

" အစ္ကိုေရ ရွင္းျပမေနနဲ႔ ငဂ်စ္ေလးေတြ တမင္ရစ္ေနတာ "

ေနာက္ေဖးကထြက္လာတဲ့ နိုးရာရွင္းအသံႀကားေတာ့ ပူတူးေလးေတြငါးေယာက္လံုး သြားေလးေတြျဖဲျပီး နိုရာရွင္းကိုရယ္ျပေနႀကသည္။

" J တို႕က ခ်စ္လို႔ရစ္တာပါ။ ဒယ္ဒီနဲ႔ဒယ္ဒီငယ္ေလးတို႕ခ်စ္ေနႀကလို႕ အိပ္ရာထေနာက္က်တာ သိပါတယ္ဗ် "

" ဘာ ...... ဒီကေလးေတြ "

ဒီကေမာင္ ရွက္ရမ္းရမ္းျပီး ပူတူးေလးေတြကို လိုက္ရိုက္ေတာ့ ပူတူးေလးေတြကလည္း အိမ္ျပင္သို႕တန္းစီျပီး ရထားတြဲလိုေျပးထြက္သြားႀကေတာ့သည္။

သားအဖေတြ က်ီစယ္ေနတာကိုႀကည့္ျပီး နိုရွာရင္းျပံဳးေနမိစဥ္ ...

"ဦး … နို … ရာ … ရွင္း …"

" ဗ်ာ ...... "

" အဲ့ဒီမွာ ဘာလုပ္ေနတာလဲ "

ခါးေထာက္ျပီး ႏႈတ္ခမ္းစူေနတဲ့ ေဘဘီေပါက္စက နိုးလာတာနဲဲ ႏိုရာရွင္းကို မျမင္ရ၍ စိတ္ဆိုးေနပံုရသည္။

" အယ္ ...... အဲ့တာက ......"

" ေဘဘီေလးေျပာထားတယ္ေလ ေဘဘီေလးနိုးလာရင္ လူႀကီးမ်က္ႏွာကိုအရင္ဆံုးျမင္ခ်င္ပါတယ္လို႕"

" ေဘဘီေလး အဲ့တာကေလ ... ေဘဘီေလးက ေတာ္ေတာ္နဲ႔နိုးမလာေတာ့ ... "

" နိုးမလာေတာ့ ဘာျဖစ္လဲ ... ညကအိပ္ေရးပ်က္ေအာင္ဘယ္သူလုပ္တာလဲ ဒါေလးေတာင္စိတ္မရွည္ဘူးလား ျငိဳျငင္တာလား "

" မဟုတ္ပါဘူး ေဘဘီေလးရယ္။ ေဘဘီေလးစားဖို႕ တစ္ခုခုျပင္ဆင္ေပးခ်င္လို႔ ေဘဘီေလးကိုမေစာင့္ပဲထလိုက္တာပါ။ ေဘဘီေလးကို စိတ္မရွည္မွေတာ့ ထေတာ့ဆိုျပီးအတင္းေခၚနိုးမွာေပါ့ ဟုတ္ဘူးလား "

" အဲ့လိုလား ... နိုနိုးကသိမွသိပဲကို။ အဲ့တာေႀကာင့္ အခ်စ္ဆံုးႀကီးကို ေဘဘီနိုေလးကခ်စ္ေနရ ... "

နိုနိုးတစ္ေယာက္ နိုရာရွင္းကိုဖက္နမ္းဖို႕လုပ္လိုက္တဲ့အခ်ိန္မွာပဲ ဝုန္ဒိုင္းႀကဲျပီး အိမ္ထဲျပန္ေျပးဝင္လာတဲ့ပူတူးေလးေတြေႀကာင့္ လက္ေလးႏွစ္ဖက္က ေလးထဲမွာတင္ တန္းလန္းေလးျဖစ္ေနျပီး ေျပးလႊားေနတဲ့ ပူတူေလးေတြကို ျပဴးတူးေႀကာင္ေတာင္ေလးနဲ႔လိုက္ႀကည့္ေနမိေတာ့သည္။

" ကေလးေတြရွိတဲ့ အိမ္ထဲ ဆင္ဆင္ျခင္ျခင္ေနေပးႀကပါဗ်ိဳ႕ "

Zေလးရဲ႕ ရြတ္ေနွာက္ေနွာက္ေအာ္လိုက္တဲ့အသံေႀကာင့္ ေလထဲမွာတန္းလန္းျဖစ္ေနတဲ့ နိုနိုးရဲ႕လက္ေတြက နိုးရာရွင္းကိုဖက္မလို႔လုပ္ေနရာက ပူတူးေလးေတြကို လိုက္ရိုက္ဖို႔ ျပန္ေျပာင္း ရြယ္လိုက္ျပီး ေျခေထာက္ေတြကလည္း ပူတူးေလးေတြေနာက္သို႕ ေျပးလိုက္ေနေတာ့သည္။

" ရွင္း ... အိမ္ထဲမွာဘာေတြျဖစ္ေနတာလဲ "

အခုမွနိုးလာတဲ့ ေနဦးငယ္သည္ ဆူညံသံေတြေႀကာင့္ သိခ်င္စိတ္ျဖင့္ နိုရာရွင္းလွမ္းကိုေမးလိုက္ေတာ့

" ထံုးစမ္းအတိုင္ေပါ့ ဒယ္ဒီငယ္ေလးရယ္ "

ထို႔ေနာက္ နိုရာရွင္းနဲ႔ေနဦးငယ္တို႕ႏွစ္ေယာက္ ေျပးလႊားေနတဲ့ ဒီကေမာင္ နိုနိုးနဲ႕ပူတူးေလးေတြကိုႀကည့္ျပီး ျပိဳင္တူရယ္မိလိုက္ႀကေတာ့သည္။

ဆူညံသံေတြနဲ႕ျပည့္ႏွက္ေနတဲ့ အိမ္ေလးထဲမွာပဲ ေနာက္ထပ္ ေလာ္စပီကာအသံႀကီးတစ္သံထပ္ထြက္လာခဲ့သည္။

" မနက္စာ ေန႔လည္စာ ေပါင္းစားလို႔ရပါျပီဗ် "

ဆူညံသံအားလံုးကိုေတာင္ လႊမ္းသြားနိုင္တဲ့ေအာ္သံက်ယ္ႀကီးေႀကာင့္ ေျပးလႊားေနတဲ့ သူေတြအကုန္လံုး လႈပ္ရွားမႈေတြကို ရပ္လိုက္ျပီး

" တိုးတိုးသာသာေျပာပါ ေလာ္စပီကာ မ်ိဳးေဗဒါရာ " ဟု ျပိဳင္တူျပန္ေအာ္လိုက္ႀကေတာ့

" ဒီေလာ္စပီကာအသံႀကီး မ်ိဳးေဗဒါဆီကထြက္လာတာ ဘယ္သူ႔ေတြေႀကာင့္ပါလိ္မ့္ " ဟုုျပန္ေမးလာေသာ စားဖိုမွဴးမ်ိဳးေဗဒါေႀကာင့္ အကုန္လံုးျပန္ျပီးတိတ္ဆိတ္သြားႀကေတာ့သည္။

ဆယ္ႏွစ္ေက်ာ္အတြင္းမွာ ......

ဦးဒီကေမာင္ရဲ႕ အလယ္အလတ္စီးပြားေရးလုပ္ငန္းက အႀကီးစားစီးပြားေရးလုပ္ငန္းျဖစ္လာျပီး စီးပြားေရးေလာကမွ နာမည္တစ္လံုးနဲ႔ရပ္တည္လာနိုင္ခဲ့သည္။

ေနဦးငယ္ကလည္း သူဝါသနာပါတဲ့ ကြ်မ္းက်င္တဲ့ ဖက္ရွင္ ဒီဇိုင္နာပညာရွင္အျဖစ္ ဖက္ရွင္ေလာကမွာ နာမည္ႀကီးလာခ့ဲတယ္္။

နိုရာရွင္းနဲ႔ေဟနိုထြန္းကေတာ့ ဒီကေမာင္ရဲ႕ လုပ္ငန္းေတြမွာ အားကိုးရတဲ့ ဘယ္လက္ရံုးနဲ႕ညာလက္ရံုးျဖစ္လာခဲ့တယ္။

ပူတူးေလးေတြကလည္း အလန္းဆန္းဆံုးေသာပန္းေလးေတြအျဖစ္ အရြယ္ေရာက္လာခဲ့ျပီး လူ႔ေလာကႀကီးအေႀကာင္းကို ေလ့လာသင္ယူဖို႕အသင့္ျဖစ္ေနႀကသည္။

ေပ်ာ္စရာေကာင္းတဲ့ အျမႊာေလးတို႔မိသားစုေလးကေတာ့ အရြယ္ေရာက္လာျပီျဖစ္တဲ့ သားပ်ိဳသမီးပ်ိဳေလးေတြေႀကာင့္ ယခင္ အိပ္ျခံငယ္ေလးကေန စံအိမ္က်ယ္ႀကီးထဲသို႕ ေျပာင္းေရြ႕ေနထိုင္ခဲ့ႀကသည္။

ေပ်ာ္စရာေကာင္းတဲ့ မိသားစုေလးမွာ ေနာက္ထပ္ ဘယ္လိုေပ်ာ္စရာေတြ ရွိလာဦးမွာလဲဆိုတာကို .........

( အေစာႀကီးတင္ေပးလို႕ စိတ္ဆိုးသြားရင္ေျပာေနာ္ .........)

T.B.C😘

06:03PM(Sun)
29.08.2021
G14

Happy Family 🏡 01
Unicode

အေးစိမ့်နေတဲ့အခန်းထဲမှာ ချွေးတလုံးလုံးနဲ့လူနှစ်ယောက်က အဖြူရောင်အိပ်ရာခင်းကြီးပေါ်မှာ မှေးစက်အနားယူနေကြသည်။

ချွေးစို့နေတဲ့ နဖူးထက်မှာ ကပ်နေတဲ့ဆံသားတွေကို တယုတယသတ်ပေးရင်း အနမ်းပေးလိုက်မိတော့ မျက်လုံးများမှိတ်ထားရင်း ပြုံးလိုက်တဲ့အပြုံးတစ်ပွင့်က ဂန္တဝင်ဆန်လွန်းစွာဖြစ်ပေါ်လာခဲ့သည်။

" ငယ့်အပြုံးတွေက အရမ်းလှတာပဲငယ် "

" ဒယ်ဒီကတော့လေ မရိုးနိုင်အောင်ကို ပြောနေတော့တာပဲ "

" အင်း ... ငယ့်အပြုံးတွေက ကိုယ့်ကို ဘယ်တော့မှရိုးမသွားစေဘူး။ မြင်လိုက်တိုင်း အမြဲလတ်ဆတ်နေပြီး ရင်ခုန်လှိုက်မောစေတယ် "

" ဒယ်ဒီကတော့ အသက်ကြီးလေ ကဲလေပါပဲဗျာ "

ပင်းပန်းထားတဲ့အရှိန်တဲ့ မျက်လုံးများပင်မဖွင့်နိုင်တော့တဲ့ငယ်က လေသံတိုးတိုးလေးနဲ့ ပြန်ပြောနေပုံက တကယ်စွဲမက်စရာကောင်းလှသည်။

" အသက်ကြီးပေမယ့် မပျက်စီးသွားတဲ့ အချစ်တွေနဲ့ ဒီဂရီထပ်တိုးပြီးချစ်ချင်တာငယ် "

" ဟက် ...... ဒယ်ဒီက ဒီဂရီထပ်တိုးချစ်ချင်နေပေမယ့် ငယ့်ကအိပ်ချင်နေပြီ ဘယ်လိုလုပ်မလဲဒယ်ဒီ "

" အိပ်လိုက်တော့ငယ် ...... ကိုယ်ဘေးမှာရှိတယ် စိတ်ချလက်ချအိပ်လိုက်တော့ "

ငယ်နဖူးလေးကို နမ်း ... ငယ့်ခါးသိမ်သိမ်လေးကို ဆွဲဖက်... ငယ့်တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ဖွက်ထားပြီး အေးချမ်းစွာအိပ်စက်လိုက်ပြီးနောက် ရင်ခုန်စရာကောင်းတဲ့ အိမ်မက်ကမ္ဘာထဲမှာ ငယ်နဲ့အတူ ပျော်မြူးဖို့ကြိုးစားနေတဲ့ ဒီကမောင်။

**********

" ဒယ်ဒီရေ ...... ဒယ်ဒီငယ်လေးရေ "

" ဒယ်ဒီရေ ...... ဒယ်ဒီငယ်လေးရေ "

ဒီကမောင်သည် ပူတူးလေးတွေရဲ့ နှိုးစက်သံကြောင့် အိပ်ချင်မူးတူးပုံစံနဲ့ အပြေးအလွှားတံခါးဖွင့်ပြီး အခန်းပြင်ထွက်လိုက်ရသည်။

ထို့နောက်အခန်းတံခါးကို အသာအယာပြန်ပိတ်ပြီး နှုတ်ခမ်းပေါ်လက်ညိုးလေးတင်ပြီး ပူတူးလေးတွေကို အသံတိတ်ဖို့အချက်ပြလိုက်သည်။

ပူတူးလေးတွေကလည်း သူတို့ဒယ်ဒီလုပ်တဲ့အတိုင်း နှုတ်ခမ်းပေါ် လက်ညိုးလေးတင်ပြီး ငြိမ်သက်နေလိုက်ကြသည်။

ကလေးတွေလက်ကိုဆွဲပြီး အိမ်အောက်ထပ်ကိုရောက်လာတဲ့ ဒီကမောင်။

ဒီကမောင်သည် ပူတူးလေးတွေကို ခါးထောက်ပြီး စူပုပ်ပုပ်ရုပ်လေးနဲ့မကျေနပ်စွာကြည့်ပေးနေလိုက်သည်။

ပူတူးလေးတွေကတော့ ပြုံးစိစိရုပ်လေးတွေနဲ့ သူတို့ဒယ်ဒီဖြစ်နေတဲ့ ပုံလေးကို သူ့တို့ဒယ်ဒီနဲ့အပြိုင် သဘောတကျနဲ့ ပြန်ပြီး ရပ်ကြည့်နေကြသည်။

" ဒယ်ဒီငယ်လေးအိပ်နေတယ်လေကွာ အစောကြီးဘာလို့လာနှိုးတာလဲ "

ငယ်အိပ်ရာကနိုးသွားမှာဆိုးတဲ့ ဒီကမောင်က ပူတူးလေးတွေကိုဆူသလိုလေးပြောနေတော့ ပူတူးလေးတွေက တိုင်ကပ်နာရီကို လက်ညိုးထိုးပြလေသည်။

နာရီကြည့်လိုက်တော့ မနက်ဆယ်နာရီခွဲဖြစ်နေပြီမို့ ဒီကမောင်တစ်ယောက် ပူတူးလေးတွေရှေ့မှာ ဖင်ကုတ်ခေါင်းကုတ်ဖြစ်နေတော့သည်။

" အဲ့တာဘာဖြစ်လဲကွာ တစ်ခါတစ်လေ နောက်ကျမှထတာဘာဖြစ်လဲ ဘာလို့လာနိုးတာလဲ "

" ဒီတစ်ပါတ်ထဲမှာ သုံးရက်ရှိနေပြီလေဒယ်ဒီ" ဟုပြောလိုက်တဲ့ Yလေးကြောင့် ဒီကမောင် စဉ်စားသွားရသည်။

စဉ်းစားနေတုန်းမှာပဲ ......

" Zတို့ကိုကျတော့ နေမထွက်ခင်အိပ်ရာထရမယ်လို့ ဒယ်ဒီစည်းကမ်းထုတ်ထားပြီးတော့"

" ဒယ်ဒီကိုယ်တိုင်က ဘာလို့ အိပ်ရာထနောက်ကျနေတာလဲ ဒယ်ဒီ "

"ညဘက်တွေမအိပ်ဘူးလားဒယ်ဒီ "

"အသက်ကြီးမှ ကျန်းမာရေးထိခိုက်မယ်နော် ဒယ်ဒီ"

ပူတူးလေးတွေရဲ့ တစ်ယောက်တစ်ခွန်း အပြောတွေကြောင့် ဒီကမောင် ပြန်ပြောရမယ့်စကားကို အသည်းအသန်ပြန်စဉ်းစားနေရသည်။

" ဒယ်ဒီတို့ကအသက်ကြီးပြီလေ အိပ်ချိန်များများယူဖို့လို့တယ် ပူတူးလေးတွေက ငယ်ငယ်လေးတွေပဲရှိသေးတော့ စောစောထဖို့လို့တယ် "

" အစ်ကိုရေ ရှင်းပြမနေနဲ့ ငဂျစ်လေးတွေ တမင်ရစ်နေတာ "

နောက်ဖေးကထွက်လာတဲ့ နိုးရာရှင်းအသံကြားတော့ ပူတူးလေးတွေငါးယောက်လုံး သွားလေးတွေဖြဲပြီး နိုရာရှင်းကိုရယ်ပြနေကြသည်။

" J တို့က ချစ်လို့ရစ်တာပါ။ ဒယ်ဒီနဲ့ဒယ်ဒီငယ်လေးတို့ချစ်နေကြလို့ အိပ်ရာထနောက်ကျတာ သိပါတယ်ဗျ "

" ဘာ ...... ဒီကလေးတွေ "

ဒီကမောင် ရှက်ရမ်းရမ်းပြီး ပူတူးလေးတွေကို လိုက်ရိုက်တော့ ပူတူးလေးတွေကလည်း အိမ်ပြင်သို့တန်းစီပြီး ရထားတွဲလိုပြေးထွက်သွားကြတော့သည်။

သားအဖတွေ ကျီစယ်နေတာကိုကြည့်ပြီး နိုရှာရင်းပြုံးနေမိစဉ် ...

"ဦး … နို … ရာ … ရှင်း …"

" ဗျာ ...... "

" အဲ့ဒီမှာ ဘာလုပ်နေတာလဲ "

ခါးထောက်ပြီး နှုတ်ခမ်းစူနေတဲ့ ဘေဘီပေါက်စက နိုးလာတာနဲ နိုရာရှင်းကို မမြင်ရ၍ စိတ်ဆိုးနေပုံရသည်။

" အယ် ...... အဲ့တာက ......"

" ဘေဘီလေးပြောထားတယ်လေ ဘေဘီလေးနိုးလာရင် လူကြီးမျက်နှာကိုအရင်ဆုံးမြင်ချင်ပါတယ်လို့"

" ဘေဘီလေး အဲ့တာကလေ ... ဘေဘီလေးက တော်တော်နဲ့နိုးမလာတော့ ... "

" နိုးမလာတော့ ဘာဖြစ်လဲ ... ညကအိပ်ရေးပျက်အောင်ဘယ်သူလုပ်တာလဲ ဒါလေးတောင်စိတ်မရှည်ဘူးလား ငြိုငြင်တာလား "

" မဟုတ်ပါဘူး ဘေဘီလေးရယ်။ ဘေဘီလေးစားဖို့ တစ်ခုခုပြင်ဆင်ပေးချင်လို့ ဘေဘီလေးကိုမစောင့်ပဲထလိုက်တာပါ။ ဘေဘီလေးကို စိတ်မရှည်မှတော့ ထတော့ဆိုပြီးအတင်းခေါ်နိုးမှာပေါ့ ဟုတ်ဘူးလား "

" အဲ့လိုလား ... နိုနိုးကသိမှသိပဲကို။ အဲ့တာကြောင့် အချစ်ဆုံးကြီးကို ဘေဘီနိုလေးကချစ်နေရ ... "

နိုနိုးတစ်ယောက် နိုရာရှင်းကိုဖက်နမ်းဖို့လုပ်လိုက်တဲ့အချိန်မှာပဲ ဝုန်ဒိုင်းကြဲပြီး အိမ်ထဲပြန်ပြေးဝင်လာတဲ့ပူတူးလေးတွေကြောင့် လက်လေးနှစ်ဖက်က လေးထဲမှာတင် တန်းလန်းလေးဖြစ်နေပြီး ပြေးလွှားနေတဲ့ ပူတူလေးတွေကို ပြူးတူးကြောင်တောင်လေးနဲ့လိုက်ကြည့်နေမိတော့သည်။

" ကလေးတွေရှိတဲ့ အိမ်ထဲ ဆင်ဆင်ခြင်ခြင်နေပေးကြပါဗျို့ "

Zလေးရဲ့ ရွတ်နှောက်နှောက်အော်လိုက်တဲ့အသံကြောင့် လေထဲမှာတန်းလန်းဖြစ်နေတဲ့ နိုနိုးရဲ့လက်တွေက နိုးရာရှင်းကိုဖက်မလို့လုပ်နေရာက ပူတူးလေးတွေကို လိုက်ရိုက်ဖို့ ပြန်ပြောင်း ရွယ်လိုက်ပြီး ခြေထောက်တွေကလည်း ပူတူးလေးတွေနောက်သို့ ပြေးလိုက်နေတော့သည်။

" ရှင်း ... အိမ်ထဲမှာဘာတွေဖြစ်နေတာလဲ "

အခုမှနိုးလာတဲ့ နေဦးငယ်သည် ဆူညံသံတွေကြောင့် သိချင်စိတ်ဖြင့် နိုရာရှင်းလှမ်းကိုမေးလိုက်တော့

" ထုံးစမ်းအတိုင်ပေါ့ ဒယ်ဒီငယ်လေးရယ် "

ထို့နောက် နိုရာရှင်းနဲ့နေဦးငယ်တို့နှစ်ယောက် ပြေးလွှားနေတဲ့ ဒီကမောင် နိုနိုးနဲ့ပူတူးလေးတွေကိုကြည့်ပြီး ပြိုင်တူရယ်မိလိုက်ကြတော့သည်။

ဆူညံသံတွေနဲ့ပြည့်နှက်နေတဲ့ အိမ်လေးထဲမှာပဲ နောက်ထပ် လော်စပီကာအသံကြီးတစ်သံထပ်ထွက်လာခဲ့သည်။

" မနက်စာ နေ့လည်စာ ပေါင်းစားလို့ရပါပြီဗျ "

ဆူညံသံအားလုံးကိုတောင် လွှမ်းသွားနိုင်တဲ့အော်သံကျယ်ကြီးကြောင့် ပြေးလွှားနေတဲ့ သူတွေအကုန်လုံး လှုပ်ရှားမှုတွေကို ရပ်လိုက်ပြီး

" တိုးတိုးသာသာပြောပါ လော်စပီကာ မျိုးဗေဒါရာ " ဟု ပြိုင်တူပြန်အော်လိုက်ကြတော့

" ဒီလော်စပီကာအသံကြီး မျိုးဗေဒါဆီကထွက်လာတာ ဘယ်သူ့တွေကြောင့်ပါလ်ိမ့် " ဟုပြန်မေးလာသော စားဖိုမှူးမျိုးဗေဒါကြောင့် အကုန်လုံးပြန်ပြီးတိတ်ဆိတ်သွားကြတော့သည်။

ဆယ်နှစ်ကျော်အတွင်းမှာ ......

ဦးဒီကမောင်ရဲ့ အလယ်အလတ်စီးပွားရေးလုပ်ငန်းက အကြီးစားစီးပွားရေးလုပ်ငန်းဖြစ်လာပြီး စီးပွားရေးလောကမှ နာမည်တစ်လုံးနဲ့ရပ်တည်လာနိုင်ခဲ့သည်။

နေဦးငယ်ကလည်း သူဝါသနာပါတဲ့ ကျွမ်းကျင်တဲ့ ဖက်ရှင် ဒီဇိုင်နာပညာရှင်အဖြစ် ဖက်ရှင်လောကမှာ နာမည်ကြီးလာခဲ့တယ်။

နိုရာရှင်းနဲ့ဟေနိုထွန်းကတော့ ဒီကမောင်ရဲ့ လုပ်ငန်းတွေမှာ အားကိုးရတဲ့ ဘယ်လက်ရုံးနဲ့ညာလက်ရုံးဖြစ်လာခဲ့တယ်။

ပူတူးလေးတွေကလည်း အလန်းဆန်းဆုံးသောပန်းလေးတွေအဖြစ် အရွယ်ရောက်လာခဲ့ပြီး လူ့လောကကြီးအကြောင်းကို လေ့လာသင်ယူဖို့အသင့်ဖြစ်နေကြသည်။

ပျော်စရာကောင်းတဲ့ အမြွှာလေးတို့မိသားစုလေးကတော့ အရွယ်ရောက်လာပြီဖြစ်တဲ့ သားပျိုသမီးပျိုလေးတွေကြောင့် ယခင် အိပ်ခြံငယ်လေးကနေ စံအိမ်ကျယ်ကြီးထဲသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။

ပျော်စရာကောင်းတဲ့ မိသားစုလေးမှာ နောက်ထပ် ဘယ်လိုပျော်စရာတွေ ရှိလာဦးမှာလဲဆိုတာကို .........

( အစောကြီးတင်ပေးလို့ စိတ်ဆိုးသွားရင်ပြောနော် .........)

T.B.C😘

06:03PM(Sun)

29.08.2021
G14




You are reading the story above: TeenFic.Net