¹

Background color
Font
Font size
Line height

အန္တရာယ်တွင်းထဲ ဆွဲချတာငါတို့ကိုယ်တိုင်ပဲလား?

♪hidden in the sand by tally hall♪

သာယာကြည်လင်သောနေခင်းလေးတစ်ခုတွင်....

“ဟ!! တကယ်ကြီးလှည့်သွားတယ်ဟ” sunghoonတစ်ယောက်တအြံတသြ ထပြောလိုက်တယ်။

“ရား! ငါတိုလည်းမျက်စိ ပါပါတယ်ဟ မင်းကလည်း လာနောက်.. ” sunooတစ်ယောက် အမြင်မကြည်တဲ့အသံနဲ့ပြောလိုက်တယ်။

“ရှုး!! တိုးတိုးနေကျ ဆရာမ ကြားပြီလာဆူအုန်းမယ်” jungwon တစ်ယောက်အတန်းခေါင်းဆောင်ပီပီ သတိပေးလိုက်တယ်။

ဘာလိုဆရာမ ကြားရင်ဆူခံရမလဲ??

ဘာလိုလဲဆိုတော့ ကျောင်းနောက်ဆုံးချိန်မှ သူတိုတွေ သရဲခေါ်ပြီး yes or no ကစားနေကြတာကြောင့် ဆရာမဆီက အပြစ်ပေးခံရမှကြောက်နေကြတယ်။ နောက်ဆုံးအတန်းကို ဆရာ မဝင်တာကြောင့် သူတို 7 ယောက် သရဲခေါ်ပြီး ကစားဖိုဆုံးဖြတ်ခဲ့ကြတယ်။ အစက sunooရယ် jakeရယ် ကန့်ကွက်ခဲ့ပေမယ့် ဆော့မဲ့သူ များတာကြောင့်
မသက်သာတဲ့အဆုံး ဝင်ပါခဲ့ရတယ်။ ကျန်တဲ့ကျောင်းသား တွေက ဝင်မပါခဲ့ ။ သူတိုအဖွဲ့က7ယောက်ထည်း စက်ဝိုင်းပုံစံထိုင်ကာ ဆော့နေကြတယ်။ စစဆော့ချင်းတုန်းက နည်းလမ်းတိုင်းခေါ်ခဲ့ကြပေးမယ့် ဘာမှမဖြစ်လာခဲ့။ မိနစ်အနည်းငယ်ကြာလာသောအခါ လက်မလျော့ခင် နောက်ဆုံးတစ်ခေါက်ဆိုပြီး ထပ်မေးခဲ့ကြသတည်း။ “အကယ်၍ ရှိနေရင် အရိပ်ယောင်ပြပါ” ဆိုပြီး။။။။။။။ ဒါပေမယ့် ဒီတစ်ချိန်မှာ ပြတင်းပေါက်ကနေ လေပြင်းတစ်ချက် တိုက်ကာ ခဲတံက စတင်လှုပ်ရှားလာခဲ့တယ်... ဖြေးဖြေးချင်းဆီလှည့်ရာကနေ တဖြေးဖြေး အရှိန်မြန်လာခဲ့တယ်။ အဖွဲ့သား အားလုံး တွေ ပါးစပ်အဟောင်းသား ဘာမှမပြောဘဲ ငေးကြည့်နေခဲ့ကြတယ် ။ သူတိုမြင်နေရတဲ့အရာကိုမယုံကြည်နိုင်ခဲ့ သလို လေတိုက်ရင်တောင် အဲလိုမျိုးလှည့်ဖိုက လုံးဝမဖြစ်နိုင်။

ခဲတံက ‘yes’ ဆိုတဲ့နေရာမှရပ်သွားခဲ့တယ်။ အဖွဲ့သားအကုန်လုံး တအြံတသြ ကြောက်တဲ့သူကကြောက်၊ မျက်လုံးကိုမှန်ရဲ့လားလို့ စစ်ဆေးနေတဲ့သူကစစ်၊ လေတိုက်တာများလားစဥ်းစားနေသူကစဥ်းစား၊ ဆက်မဆော့ချင်ဘူးပြောတဲ့သူကပြော နဲ့တစ်ယောက်တစ်ပေါက်စီဖြစ်နေကြကုန်ရော။

အတန်းသားတစ်ချို့ကလည်း ထူးဆန်းစွာ သူတိုဘာဖြစ်နေကြလဲဆို ပြီး ထိုအရာကို ငေးကြည့်နေကြတယ်။ အဲချိန်မှာ အဖွဲ့ခေါင်းဆောင်ရော အတန်းခေါင်ဆောင်ဖြစ်တဲ့  jungwon က အသိစိတ်ကပ်ဖို့အောလိုက်ရော။

“ရား!! အကုန် ဆက်မေးစရာရှိတာမေး ရန်ဖြစ်မနေကြနဲ့” ဆိုပြီး အော်လိုက်တော့မှာ ငြိမ်သက်သွားကြတယ်။ ထိုအချိန်တွင် sunghoonမှ “ဘယ်ကလာတာလဲ?? အဝေးကြီးကလာတာလား?” လိုမေးလိုက်တာပေါ့။ ခဲတံက ရုတ်တရက်ဆိုသလို ‘no’ ဆိုတဲ့နေရာကို ရောက်သွားခဲ့တယ်။ တစ်ဖွဲ့သားလုံး ချက်ချင်းပဲ ကြက်သိမ်းထသွားခဲ့ကြတယ်။

“အဲတာဆိုရင် ဒီကျောင်းအနီးကလား” လို jungwonက မနေနိုင်တဲ့အဆုံးထမေးလိုက်တယ်။ ‘yes’ ဆိုတဲ့သဏ္ဌာန် ဘက်ကိုပြန်လှည့်ခဲ့တယ်။ ပါးစပ်အဟောင်းသား ပွင့်လျက် “နတ်ဆိုးလား? မကောင်းတဲ့သရဲလား” လို heeseung က မေးလိုက်တယ်။ ကောင်ကင်းကြီးက လျှပ်တပျက် ဆို့သလို မှောင်မိုက်သွားခဲ့ပြီး လေပြင်းတွေ ဆက်တိုက်ဆိုသလို တိုက်လာခဲ့တယ်။ ဒီတစ်ခေါက်ကျတော့ခဲတံက yes နဲ့ no နေရာမှမကျဘဲ အဆက်မပြတ် အရှိန်ပြင်းစွာ လှည့်နေခဲ့တယ်။ လေပြင်းအရမ်းတိုက်နေတာ ကြောင့် လိုက်ကာ များ လွှင့်ပြီး စာရွက်များလည်း ရုတ်ရုတ်သည်းသည်းဖြစ်ကာ မြေပြင်ပေါ်သိုပြုတ်ကျလာခဲ့တယ်။

“ရား အဲမေးခွန်း ကိုမကြိုက်ဘူး ထင်တယ် ပြန်တောင်ပန်းရအောင်။” jungwon မှ အမိန့်ပေးတဲ့အခါ niki မှလွဲလို့ အကုန်ဦးညွတ်တောင်ပန်းလိုက်ကြတယ်။ nikiဆီက အသံတိုးတိုးလေးနဲ့ ရယ်သံထွက်လာတဲ့နောက် “အာ့ဆို ဒီထဲကလူတစ်ယောက်ကိုရွေးရမယ်ဆိုရင် ဘယ်သူရွေးမှလဲ” ဆိုပြီး niki က နောက်ပြောင်သလို မေးလိုက်တယ်။ ခဲတံမှ ဆက်တိုက်လှည့်နေရာ ကနေ ခဲတံထိပ်ဘက်က sunooနေရာမှ ရုတ်တရက်ဆိုသလို ရပ်သွားခဲ့တယ်။ sunooအပါအဝင် အကုန်လုံးအရမ်းထိတ်လန့်သွားခဲ့တယ်။

ချက်ချင်းဆိုသလို အရမ်းကြောက်လန့်နေတဲ့ jakeကခဲတံကိုကောက်ယူကာ နှစ်ပိုင်း ချိုးပြီး အဝေးကိုလွတ်ပစ်လိုက်တယ်။ “ရား ဘာလုပ်တာလဲ?? ဂိမ်းမပြီးသေးပဲနဲ့ အဲလိုရပ်လိုမှမရတာ !!! မင်းကွာ!! ” jay က စိတ်ဆိုးဆိုးနဲ့ ထအော်လိုက်ရော။ “အေးလေ!! ပြန်မပို့လိုက်ရရင်  အန္တရာယ် ဖြစ်မယ်ဆိုတာ မင်းမသိဘူးလား?? ” sunghoonက ဝင်ပြောတော့ jungwonနဲ့ heeseungကဝင်ထောက်ခံရော။

“ဘာပဲဖြစ်ဖြစ် ခဲတံ ချိုးပြီးသွားပြီးပဲ။ ဂိမ်းပြီပြီး.. နောက်အဲလိုဆက်မဆော့ရအောင်..." jake က ကြောက်တာရော၊ စိတ်မသန့်တာကြောင့် ရပ်ဖိုပြောလိုက်တယ်။ ကျောင်းပြန်ချိန်ရောက်ပြီးမိုလို sunooမှအပ ကျောင်းသားများအားလုံး အခန်းအပြင်ဘက်သို့ပြေးထွက်သွားကြတယ်။

“ရား! ဘာတွေစဥ်းစားနေတာလဲ? မင်းကြောက်နေသေးတာလား? ” heeseungက စနောက်သလို မေးလိုက်ရော..“မဟုတ်ပါဘူး hyungကလည်း.... ”ဆိုပြီး sunoo နှုတ်ခမ်းကြီးထောကာ ပြောလိုက်လေတယ်.. “စတာ! စတာပါ ! ဟားဟား။ အာ့ဆိုပြန်ရအောင်လေ.. အကုန်လုံးထွက်သွားပြီး မင်းနဲ့ငါ ပဲကျန်တော့တာ ” heeseung ကပြောရင်း သူ့လွယ်အိတ်ကိုကောက်လွယ်ကာ အပြင်ထွက်ဖို့ လက်လှန်ပေးလိုက်တယ်။ “သွားကြရအောင် !” ဆိုပြီး heeseung လက်ကို ကိုင်ကာ အပြင်ထွက်သွားကြတယ်။

ကျောင်းအပြင် ဘက်sunoo နှင် heeseung ရောက်လာဖို့  enhypen members များစောင့်နေကြတည်း။ မှောင်မိုက်နေသောကောင်းကင်ကြီးက အရင်ကနဲ့မတူ.. နွေရာသီရောက်တော့မယ်ဆိုပေမယ် ဒီနေ့မှ ကောင်းကင်ကြီးက မိုက်မှောင်နေခဲ့တယ်..................

“ရား ဘာလုပ်နေတာလဲ မြန်မြန်လာလေ!! ” jayက  စိတ်မရှည်တော့တဲ့အဆုံး အောပြီးပြောပါလေရော..
“လာပြီလာပြီ!! မင်းတို့ကလည်း.. စိတ်ကြီးပဲ” heeseung နဲ့ sunoo တို့ enhypenရှိရာဆီမြန်မြန် လမ်းလျောက်လာခဲ့တယ်။

“ဒီနေ့ ငါတိုဘယ်သွားကြမလဲ?” nikiက စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။ “ရား ရုပ်ရှင်သွားကြည့်ရအောင်!! ” heeseung က ပြောလိုက်တော့ အကုန်လုံးက သဘောတူညီတဲ့အနေနဲ့ ခေါင်းငြိမ့်ကြတယ်။ အားလုံး ရုပ်ရှင်ရုံကို သွားဖို့ ထွက်သွားတဲ့အခါမှ sunoo တစ်ယောက် မတ်တပ်ကြီးရပ်ကာ ကျန်နေခဲ့တယ်။

“ရား Kim sunoo ဘာရပ်လုပ်နေတာလဲ??? သွားမယ်လေ!! ” jungwon ကစိတ်မရှည်စွာ ပြောလိုက်ရော။ အဖွဲ့သားများလည်း sunooအဖြေကိုစောင့်နေကြတယ်။

“ရားမင်းတို့ပဲ သွားကြတော့ ငါဒီနေ့ နေလိုသိပ်မကောင်းလို့ အိမ်အရင်ပြန်တော့မယ်.. ” sunoo ပြုံးကာ ပြောလိုက်ရော။ “အာ အဲ့တာဆိုလည်း မင်း ဂရုစိုက်ကွာ။ ငါတို့သွားနှင့်ပြီးနော်!! ” sunghoon ပြောပြီးနောက် enhypen members တို့နဲ့ sunoo တို့လမ်းခွဲကာ နှုတ်ဆက်ခဲ့ကြတယ်။

ဆောနူလ် အိမ်နှင့် ကျောင်းက မဝေး။ ရွာပုံစံ ဖြစ်တာကြောင့်အိမ်ပြန်လမ်းတွင် အဆောက်အဦး တစ်ခုမှမရှိ။လယ်ကွင်းမြေယာများ အချို့နဲ့ မြက်ပင်စိမ်းကြီးများသာရှိ၏။

အိမ်ပြန်လမ်းတစ်လျှောက် ဆောနူလ် တစ်ယောက် စိတ်အဆင်မပြေခဲ့။ သူရဲ့စိတ်ထဲမှ ခုနက အဖြစ်အပျက်ကို ဆက်တိုက်ဆိုသလို တွေးနေမိခဲ့တယ်။ကောင်းကင်ကြီးက မှောင်မိုက်ကာ လေပြင်းများဖြင့် မိုးရွာတော့မည့်အလား ပုံစံဖြစ်နေခဲ့တယ်။ လေများမှာလည်း မုန်တိုင်းတိုက်ခတ်နေသည့်အလား ပြင်းပြင်းထန်ထန် တိုးဝေ့နေခဲ့သည်။

ဘာလို အဲခဲတံက ငါဘက်ကိုကျတာလဲ" သူဆက်တိုက် တွေးရင် လမ်းလျှောက်လာခဲ့တယ်။ အတွေးထဲမှ သူကို လှမ်းခေါ်တာမကြားအောင်ပင် နှစ်မြောနေခဲ့မိ။

“hyung!! Hyung!!” အဝေးကအသံတစ်ခုကြောင့် sunoo လမ်းလျှောက်ရာကနေ ရပ်တမ်းသွားခဲ့သည်။ အဲချိန်မှာ ထပ်ပြီး “oppa”အသံကိုပိုကျယ်စွာကြားရတဲ့အခါ အသံလာရာ လှည့်ကြည့်တော့ အရင်က သူဖြတ်သွားနေကြ အဆောင်နေရာဖြစ်နေခဲ့တယ်။

အဲအဆောင်ကြီးက စွန့်ပစ်အဆောင်ဆိုလည်းမမှားဘူး။ သူနေတဲ့အိမ်နဲ့ ကျောင်းရဲ့အကြားမှ ရှိတဲ့ တစ်ခုတည်းသော အဆောက်အဦးကြီး ။ အမှန်ဆိုရင် အဲအဆောက်အဦးကြီးက လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီတုန်းက ဒီနေရာတစ်ဝန်လုံး မီးစွဲခဲ့ပေမယ့် ကျန်ရှိနေတဲ့တစ်ခုတည်းသော အဆောက်အဦးကြီးပေါ့။ ခြံဝန်းကျင်က ကျောင်းဘောလုံးကွင်း နီးပါကျယ်ပေမယ့် အပင်အနည်းအငယ်မျှမရှိ။ မြက်ခင်းများမှလည်း ခြောက်သွေ့နေပြီး အဆောက်အဦးဝန်ကျင်းမှ စွန့်ပစ်ပစ္စည်းကလွဲ၍ ဘာမှမရှိ။ သို့သော် မျက်လုံးနဲ့မြင်နေရတာ မယုံနိုင်အောင်ပင် မီးလောင်ထားသောအဆောက်အဦးပျက်ကြီးက အခုဆို အကောင်းပတိအတိုင်း။ အပင်များအချို့နှင့် ယခင်က လူမရှိသောနေရာတွင် ယခုလူများစွာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြတယ်။ ကလေးများလည်း ပျော်ပျော်ရွှင်ရွှင် ရယ်မောဆော့ကစားနေကြပြီး မှောင်မိုက်နေခဲ့တဲ့ အဆောက်အဦး တစ်ခုလုံးက ယခုအခါတွင် မီးများဖြင့် ထိန်းလင်းနေခဲ့တယ်။

“hyung! Oppa!!” ကလေး3ယောက်က ဆောနူလ်ရှိ ပြေးလာခဲ့ပြီ“oppa!!အတူကစားကြရအောင်!!နော်နော်!”   ဆိုပြီး အဲ့ထဲက ကလေးမလေးက ကျွန်တော်လက်ကိုဆွဲကာ သူတိုနဲ့အတူလိုက်လာဖို့ ပြောရော။ ကျွန်တော်လည်း မငြင်းရက်တဲ့ အဆုံးသူတို့နဲ့အတူ လိုက်သွားခဲ့တယ်။

အဲခြံထဲကို ဝင်လာတော့ လူတွေအများကြီး ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနေတဲ့ပုံ၊ လူအများစု ချစ်ချစ်ခင်ခင် စည်း"လုံး"နေတဲ့ပုံ ကြောင့် ဆောနူးလ်တစ်ယောက် သူတောင်မသိဘဲ ပြုံးမိလိုက်တယ်။

oppa အထဲဝင်ရအောင်!! မုန့်အတူစားကြမယ်!ရေး!!” ကလေးတွေက အတင်းဆွဲခေါ်တာကြောင့် အိမ်အထဲကို ရောက်သွားခဲ့တယ်။ အိမ်ထဲမှ လူများစည်းကားစွာ စကားပြောနေခဲ့ကြတယ်။

သူရောက်လာပြီ!!တီတီဦးဦးတို့!” လိုအဲကလေးတစ်ပြိုင်နက် အော်တာနဲ့အတူ..  အဲချိန် သူတို့ ခေါင်းတွေ ကြောက်ဖို့ကောင်းအောင် တစ်ပြိုင်နက်ထဲ ဆောနူးလ် ဘက်ဆီ လှည်ခဲ့တယ်။ သာမန်လူအကြည့် မဟုတ်ဘဲ မျက်လုံးမှာ နီရဲ၍ ပြူးကာ အကုန်လုံး ကျွန်တော်ကို စိုက်ကြည့်နေခဲ့တယ်။ ဖွင့်ထားတဲ့ မီးတွေအကုန် ဝိုင်ယာလျှော့ဂ် ဖြစ်သလို အလင်းများ တဖြပ်ဖြပ် ဖြစ်နေခဲ့တယ်။ အဲလိုဖြစ်နေတဲ့အချိန် လူတွေအကုန်လုံး ပုံမှန်အသားရေကနေ မီးလောင်ထားပြီး စုတ်ပြတ်သတ်နေတဲ့ အသားရေများကဲ့သိုတဖြည်းဖြည်း သွေးများထွက်ကာ ကွာကျလာခဲ့တယ်။

ဆောနူးလ်အရမ်းကြောက်နေတဲ့အချိန်  သူလက်ဖြင့်ချိတ်ထားသော ကလေးများလည်း ထိုနည်းတူစွာ မီးလောင်ထားသကဲ့သို့ အရေခွံများ နီရဲပြီး ပြဲလှန်နေခဲ့တယ်။ အလွန်တရာကြောက်လွန်းတာကြောင့် အဲကလေးတွေရဲ့လက်များကို ဖယ်ချကာ အပြင်ပြန်ထွက်ဖို့ အနောက်လှည့်ခဲ့တယ်။ ကံဆိုးစွာ တံခါးနားရောက်ခန့်နီးချိန်မှ ခုနကဖွင့်လျက်ရှိနေတဲ့တံခါးက ချက်ချင်းဆိုသလို ပိတ်သွားပြီ တခန်းလုံး အမှောင်ကျသွားခဲ့တယ်။ နေ့လည်ဖြစ်တာကြောင့် အလင်းအနည်းငယ်ဖြင့်တံခါးရှိရာဆီ အမြန်ပြေးပြီး တံခါးဖွင့်ဖိုကြိုးစားခဲ့ပေမယ့် သော့ခေတ်ထားသလိို တံခါးလုံးဝဖွင့်မရခဲ့။

ကယ်ကြပါအုန်း!!ဒီမှလူပိတ်မိနေလို့!! ကယ်ကြပါ!! ” ဆောနူးလ်တစ်ယောက် အရူးတစ်ယောက်လို တံခါးကိုထုပြီး ပြောခဲ့ရော။ သူအနောက်မှ ခုနကလူတွေမတ်တပ်ရပ်ပြီးစိုက်ကြည့်နေတာကို သိပေမယ့် ကြောက်လို့လှည့်မကြည့်ရဲ။
မတတ်နိုင်တဲ့အဆုံး ဖြေးဖြေးချင်းဆီ အနောက်ဘက်ကို လှည့်လိုက်တဲ့အခါ အဲလူတွေရဲ့ခန္ဓာကိုယ်က ရစရာမရှိအောင် ဆုတ်ပြတ်နေပြီး ကျွန်တော်ကိုကြောက်ဖိုကောင်းတဲ့အပြုံးများဖြင့် အဲလူတွေအားလုံး ပြုံးပြနေခဲ့တယ်။

အဲချိန်မှပဲ ရုတ်တရက်ကြီး ဆောနူးလ်တစ်ယောက် ခြေထောက်ကိုဆွဲခံလိုက်ရတာကြောင့် မြေပြင်ပေါ်သို ပလပ်လှန် ကျသွားလေရော။ အဲချိန်မှခုနက မီးလောင်ထားတဲ့ လူတွေအကုန်သူကို ဝိုင်းကာ သူမျက်နှာဆီကိုဖြေးဖြေးချင်းဆီ ကပ်လာခဲ့လေတယ်။

“မလုပ်ပါနဲ့ တောင်းပန်းပါတယ်အားးးးး..... ”

To be continued..

ကယ်ဖတ်လိုကောင်းကြရဲ့လားရင်? အကယ်၍ အမှားများပါရှိပါက ဒီနေရာမှတောင်းပန်းပါတယ်ရှင့်။ ပထမဦးဆုံးသရဲပုံပြင်ဆိုတော့ အကြံရော ပုံပြင် story line ကော အဓိပ္ပါယ်မရှိသလို ဖြစ်နေရင်တောင်ပန်းပါတယ် နော်။ အကယ်၍ ဖတ်လိုကောင်းတယ်ဆိုရင် voteနဲ့ follow ဖို့မမေ့ပါနဲ့နော်!! ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်’

From~           
~Kim ttatta🖤


You are reading the story above: TeenFic.Net