Unicode
နေ့ရက်တွေရှည်ကြာလာပြီး Jungkook သည်လဲ Vante နဲ့အတော်လေးအဆင်ပြေနေပြီဟုပြောရမည်။
Vante နဲ့တစ်ခါစကားများဖူးပြီးသည့်နောက် jungkook ကပဲစိတ်လျှော့ကာ သူပြောသမျှခေါင်းညိမ့်လက်ခံပေးလိုက်သည်မို့ ရက်ပိုင်းအတွင်း အတော်လေးအဆင်ပြေလာခဲ့သည်။
Vante နဲ့ခင်တဲ့ ဒီလတွေအတွင်း သူ့ဘက်ကသာစကားတွေအများကြီးပြောဖြစ်ပေမဲ့ ယခုမှာတော့ Vante ဘက်ကလဲ သူ့ကိုစိမ်းသက်မနေခဲ့တော့။
အနမ်းကိုလဲမေ့ထားခဲ့ပြီး Vante စိတ်တိုင်းကျနေခွင့်ပေးကာ သူကတော့ Vante ဘေးကလိုတာမှန်သမျှဖြည့်စည်းပေးနေတက်သည်။
" သားငယ် ဒီကိုလာခဲ့ "
ဧည့်ခန်းထဲဖြတ်လျှောက်လာချိန် သခင်မခေါ်သံကြောင့် သွားနေရင်းမှခြေလှမ်းတွေကိုလှည့်လာရသည်။
" ပြောစရာရှိလို့လား သခင်မ "
Jungkook မေးလိုက်တော့သခင်မက တည်တင်းနေတဲ့မျက်နှာထားဖြင့် ..
" သာမာန်လူတွေနဲ့ အပေါင်းအသင်းလုပ်နေတယ်ဆိုတာဟုတ်လား "
ထိုစကားကြောင့် jungkook မျက်မှောင်တို့ကျုံ့မိကာ အနောက်ပါးဆီရပ်နေသည့်သက်တော်စောင့်တွေထံ သူ့အကြည့်တွေရောက်ရှိသွားရသည်။
" ဘယ်သူ့ကိုမှအပြစ်ရှာဖို့မတွေးနဲ့ သား၊ မေမေပြောတာဟုတ်သလား "
Jungkook လက်သီးကိုသာတင်းတင်းဆုတ်လျှက် ..
" ဟုတ်ပါတယ် "
" မေမေဘာပြောထားသလဲ၊ သာမာန်လူတွေနဲ့အပေါင်းအသင်းမလုပ်ဖို့လေ .. မင်းနားမထောင်ဘူးပဲ "
" ..... "
" သူတို့လိုလူမျိုးတွေက မင်းကိုတော်ဝင်မျိုးနွယ်ကသခင်လေးမှန်းသိနေလို့ကပ်ကြတာ၊ မင်းခင်သလိုစိတ်နှစ်ပြီးခင်ကြမယ်များထင်နေသလား "
" သူက သခင်မထင်သလိုမဟုတ်ဘူး .. "
" Jungkook မင်းအခုမေမေ့စကားကိုလွန်ဆန်နေတာလား? "
သခင်မအသံဟာ ဒေါသစွက်သံရောလာလေတော့ ငြင်းဆန်ရန်ပြင်နေသည့် သူ့စကားလုံးတွေတိတ်သွားရသည်။
" Crafts ဌာနက Vante .. မျိုးရိုးကဘာမှန်းမသိ၊ ဘယ်လိုနေရာမျိုးကပေါက်ဖွားလာခဲ့တဲ့ကောင်လေးမှန်းမသိ၊ Drömland ရဲ့ Crafts ဌာနလေးမှာသာတက်နေကြောင်းသိရတဲ့ ဒီလိုလူမျိုးကိုမှမင်းဘယ်လိုအတွေးနဲ့ အပေါင်းအသင်းလုပ်နေခဲ့ရသလဲ! "
သခင်မအပြောကြောင့် သူအနည်းငယ်တော့တုန်လှုပ်သွားရသည်။
အနှေးနဲ့အမြန်သိသွားနိုင်မည်ဆိုပေမဲ့ Vante ရဲ့အတန်းတွေကိုပါသိနေတာကတော့ မြန်လွန်းသည်။
ပြီးတော့ .. သူကလဲဒီရက်ပိုင်း Vante နောက်တကောက်ကောက်လိုက်နေမိတာမို့ သခင်မသိသွားတာလဲဖြစ်နိုင်သည်။
သူမဆင်ခြင်လို့သိသွားရသည်ပဲ ..။
" တောင်းပန်ပါတယ် "
ဖြေရှင်းချက်ပြန်မပေးပါပဲ တောင်းပန်စကားဆိုလိုက်တော့ သခင်မကကျေနပ်ပုံမရ။
" တောင်းပန်တဲ့အစား သူနဲ့အဆက်အသွယ်ဖြတ်တာကိုလိုချင်တယ် "
" သခင်မ! .. "
ဒါတော့ Jungkook မလုပ်နိုင်။
Vante နဲ့သိတာတအားကိုကြာပေမဲ့ Vante ဘက်ကလိုလိုလားလားစကားပြန်ပြောလာအောင် သူဘယ်လောက်ထိကြိုးစားခဲ့ရတာမို့လဲ။
ဆယ်ခွန်းတစ်ခွန်းသာ အမြဲပြန်ပြောတက်တဲ့ Vante ဆီက တန်ပြန်စကားတွေကြားရဖို့ စောင့်နေခဲ့တာ ရက်ပိုင်းလေးပဲမဟုတ်တော့။
သူ့ရဲ့စိုးရိမ်တကြီးတားမြစ်သံကြောင့် သခင်မကတစ်ချက်ပြုံးသည် ..။
" Jungkook .. မင်းတောင်မေမေ့ကို ဒီလိုတွေလွန်ဆန်တက်နေပြီပဲ "
" သခင်မ ... "
ချက်ချင်းဆိုသလို သခင်မဟာမတ်တပ်ရပ်သားအနေအထားမှ ဆိုဖာပေါ်ထိုင်ချလိုက်ရင်း မျက်ဝန်းတွေဟာ jungkook ကိုကြည့်မနေတော့။
" သားငယ် ... "
" ..... "
" မင်းနဲ့အဲ့ဒီကောင်လေးအကြောင်းကြားလိုက်ရုံနဲ့တင် မေမေစိတ်မချမ်းသာဖြစ်ရတယ်၊ သားကတော်ဝင်မျိုးနွယ်ကသခင်လေးတစ်ယောက်ပါ .. တော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်နေတဲ့အတွက် သားရဲ့ဘေးမှာ မမြင်နိုင်တဲ့အန္တရာယ်တွေအများကြီးရှိနေတယ်၊ သာမာန်လူတွေကိုလွယ်လွယ်ယုံလို့ မဖြစ်ဘူး "
သခင်မရဲ့ ခက်ထန်နေရာမှ ဆွေးမြေ့နေသည့်ပုံရိပ်ကြောင့် jungkook ခြေမကိုင်မိလက်မကိုင်မိဖြစ်ရသည်။
သူသခင်မကို စိတ်မကောင်းဖြစ်အောင်တစ်ခါမှမလုပ်ဖူးဘူး။
" ဒါပေမဲ့ သခင်မ .. Vante က လူကောင်းတစ်ယောက်ဆိုတာကျွန်တော်ကျိန်ပြောရဲပါတယ် "
ထိုင်နေသည့်သခင်မအနားသွားကာ တိုးလျှလျှပြောလိုက်တော့ သခင်မဟာလက်မခံနိုင်သလိုခေါင်းခါပြလာသည်။
" မေမေတော့မယုံနိုင်ဘူးသား၊ သာမာန်လူတွေနဲ့ပတ်သတ်လာရင် မေမေဘာတစ်ခုကိုမှယုံမှာမဟုတ်ဘူး။ မေမေစိတ်ဒုက္ခရောက်နေတဲ့ပုံရိပ်ကိုမမြင်ချင်ရင် သားငယ်သူ့ကိုထပ်ပြီးမပတ်သတ်နဲ့ "
Jungkook ဘယ်လိုပင်ပြောပြောသခင်မလက်မခံနိုင်ဘူးဆိုတာ သေချာပေါက်ကျိန်းသေနေခဲ့ပြီ။
သခင်မစိတ်ဒုက္ခရောက်အောင် သူမလုပ်ချင်ဘူး .. သူ့ကြောင့်လဲ သခင်မကဘယ်တုန်းကမှစိတ်ဒုက္ခရောက်တာမျိုးမဖြစ်ဖူးဘူး ..။
" ကျွန်တော်နားလည်ပါပြီ "
ခေါင်းငုံ့ကာပြောလိုက်တော့ သခင်မက စက္ကန့်ပိုင်းလောက်ကညှိုးငယ်နေသည့်မျက်နှာပုံရိပ်မျိုးနဲ့မဟုတ်တော့ပဲ သူ့စကားကြောင့် ဝမ်းမြောက်သွားရသလို ..။
သို့ပေမဲ့ သခင်မပြောသလို Vante ကိုတော့ မပတ်သတ်ဖို့သူမလုပ်နိုင်ဘူး ..။
" Royal အိမ်တော်နဲ့တွေ့ဆုံပွဲရှိတယ် သား "
" Royal? .."
" အင်း .. အနားနီးရင်မေမေသတိပေးမယ်၊ ပြီးတော့ .. Ellie နဲ့သူငယ်ချင်းတွေမဟုတ်လား? "
" ဟုတ် "
Ellie နဲ့ Jungkook ခင်တာကိုသခင်မဘယ်လိုသိနေသလဲ ထုတ်မမေးတော့။
Vante ကိုတောင်ဘယ်ဌာနကလူမှန်းသိနေတာပဲလေ။
" Ellie နဲ့ဒီထက်ပိုပြီးရင်းနှီးအောင်နေ .. Royal နဲ့ Brilliant ကြားပူးပေါင်းမှုတစ်ခုခုရှိလာအောင်လို့ "
သခင်မရဲ့ထိန်ချန်လွန်းတဲ့စကားတွေကို Jungkook နားမလည်ပေမဲ့ အခုချိန်မှာသူဘာကိုမှထုတ်မမေးချင်တော့။
Vante ကိုစိမ်းသက်လိုက်ဖို့တွေးမိရုံနဲ့ သူ့စိတ်တွေဟာအဆင်မပြေတော့ပေ။
ရှေ့ဆက်ပြီး သူစဥ်းစားမိတာဟာ သခင်မ,မသိအောင် Vante နဲ့အတူရှိရဖို့ပင်။
Vante ဘက်ကလဲ သူ့အပေါ်နားလည်ပေးမယ်မျှော်လင့်မိလျှက်။
**
" Jungkook "
ကျောင်းခန်းထဲသို့ဝင်ရန်ခြေလှမ်းပြင်လိုက်စဥ် အနောက်မှလှမ်းခေါ်သံကြောင့် သူ့ခြေလှမ်းတွေရပ်သွားရသည်။
ဒါဘယ်သူ့အသံလဲ သူသိနေတာ ..။
လှည့်ကြည့်လိုက်တော့ သူထင်နေသလို Vante ဟာသူ့ကိုကြည့်ရင်း တစ်ခုခုပြောစရာရှိနေသလို ..။
" အော? "
" ပေးစရာရှိလို့ Jungkook "
ပြောရင်းနဲ့ သူ့ရှေ့ကမ်းပေးလာတဲ့ စာအိတ်ခပ်လှလှလေး။
Jungkook စိတ်ရှိတိုင်းဆို စကားတွေအများကြီးပြန်ပြောရင်းယူပြစ်လိုက်ပြီပေမဲ့ သူ့ဘေးမှာ သခင်မရဲ့သက်တော်စောင့်တွေရှိနေတာ။
" ယူလေ "
နောက်ထပ်တစ်ကြိမ်သူ့ထံထိုးပေးလာသည့် ထိုစာအိတ်လေးကိုကြည့်ရင်း Jungkook လက်သီးတင်းတင်းဆုတ်ရင်း ..
" ကျွန်တော်လက်မခံပါဘူး "
" ဘယ်လို? "
" သူစိမ်းတစ်ယောက်ကပေးတဲ့ပစ္စည်းကို ကျွန်တော်လက်မခံပါဘူး "
သူ့စကားကြောင့် Vante မျက်ခုံးတွေသိသိသာသာတွန့်ချိုးသွားခဲ့သည်။
" သူစိမ်း? ... "
" အင်း "
Jungkook နှုတ်ခမ်းကသာထိုသို့အေးစက်စက်ပြောနေပေမဲ့ မျက်ဝန်းတွေကတော့ တောင်းပန်တိုးလျှိုးတဲ့အကြည့်တို့ဖြင့်ကြည့်နေမိသည်။
နှုတ်ခမ်းထက်မှဘာစကားမှထွက်မလာပေမဲ့ သူ့မျက်ဝန်းတွေကတစ်ဆင့် Vante နားလည်အောင်ရှင်းပြနေခဲ့ပါသည်။
Vante ကသူ့ကိုမျက်မှောင်ကျုံ့ကာကြည့်နေရင်း အနောက်ပါးဆီရှိနေသည့်သက်တော်စောင့်တွေဆီ အကြည့်တစ်ချက်ဝှေ့သွားကာ ခဏကြာမှအဓိပ္ပါယ်ပါပါပြုံးလာခဲ့ရင်း ..
" ကောင်းပြီ .. "
" ..... "
ထိုစကားကိုပြောရင်း Jungkook မျက်နှာနားတိုးလာကာ jungkook မျက်ဝန်းတွေဆီတစ်သတ်မတ်ထဲစိုက်ကြည့်လာသည်..။
" သူစိမ်းဆိုလဲ ... သူစိမ်းပေါ့ "
အေးစက်စက်အကြည့်တို့ဟာ Jungkook ဆီရောက်လာခဲ့ရင်း Vante ဟာကမ်းပေးထားသည့် စာအိတ်ကိုပြန်ယူသွားရင်း ထိုနေရာမှလှည့်ထွက်သွားခဲ့သည်။
သူပြောသမျှက ဟန်ဆောင်မှုတွေဖြစ်ကြောင်းရှင်းပြကာ ပြေးလိုက်သွားချင်သည့်ခြေထောက်တွေကိုထိန်းချုပ်ပြီး သူ့ခြေလှမ်းတွေကို အတန်းဆီကိုသာဦးတည်လိုက်တော့သည်။
Vante သူ့ကိုစိတ်ဆိုးသွားခဲ့ပြီထင်၏။
သူသေချာလေးချော့ရပါအုံးမည် ..။
**
နန်းတော်ကြီးသဖွယ်ကြီးမားလှတဲ့ အဆောက်အဦးကြီးထဲ တစ်စုံတစ်ယောက်ကိုစောင့်နေမိသည်။
" သခင်မ .. သူလာလောက်ပါတယ်နော် "
Brilliant သခင်မနဲ့ နံဘေးမှာအတူရှိနေသည်ဟာ Ballet Ellie ပါပဲ။
" တော်ဝင်မျိုးနွယ်တွေကခေါ်လာတာပဲ .. သူ မလာနိုင်စရာအကြောင်းမရှိပါဘူး "
မောက်မာခက်ထန်တဲ့အသွင်နဲ့ အထက်စီးလေသံကြောင့် Ellie တစ်ချက်ပြုံးမိသည်။
ပြီးတော့ .. Brilliant အိမ်တော်နဲ့ Royal အိမ်တော်ရဲ့ပူးပေါင်းမှုတစ်ခုအတွက် .. သူနဲ့ Ian ဟာထိန်းမြှားလက်ထပ်ကြရလိမ့်မည်။
ဒီလိုတွေဖြစ်လာအောင်လဲ သူကိုယ်တိုင်စီစဥ်ခဲ့တာ .. Ian ကိုသူမဟုတ်တဲ့ ဘယ်သူ့လက်ထဲမှထည့်မပေးနိုင်ဘူး၊ တော်ဝင်မျိုးနွယ်ဖြစ်တဲ့ သူနဲ့ပဲ Ian လက်ထပ်ဖို့ဟာပိုသင့်တော်သည်။
Ian နဲ့လက်ထပ်ရမည်ကိုတွေးမိရုံနဲ့ သူ့မျက်နှာဟာပန်းရောင်သန်းလာရသည်။
ဒီလက်ထပ်ပွဲကို Jeon Ian ဟာမသိသေးပေမဲ့လို့ပေါ့။
တစ်ဖက်မှသခင်မဟာလဲ သူတို့ရောက်နှင့်နေသည့်တိုင် အခုချိန်ထိရောက်မလာသေးတဲ့ ထိုကောင်လေးကြောင့် စိတ်တိုစပြုနေလေပြီ။
တော်ဝင်မျိုးနွယ်က ဒီလိုကောင်လေးတစ်ယောက်ကိုပြန်စောင့်နေရတာဟာ အဓိပ္ပါယ်မရှိဘူး။
နာရီကိုကြည့်လိုက်တော့ ချိန်းဆိုထားသည့်အချိန်ရောက်ဖို့ စက္ကန့်ပိုင်းအလို။
" သခင်မ .. ဟိုမှာလာပြီ "
Ellie ရဲ့စကားကြောင့် အဝင်ဝဆီလှမ်းကြည့်လိုက်တော့ သူ့မျက်ခုံးတွေပင့်တက်သွားရသည်။
နီညိုရောင်ဆံနွယ်တွေနဲ့ တည်တင်းနေတဲ့အသွင် ..။
ဘေးပတ်ပတ်လည်ကိုအကြည့်တို့ဝေ့ဝဲမနေပဲ ထိုကောင်လေးဟာသူတို့ရှိရာဆီသာ တန်းမတ်စွာလာနေခဲ့သည်။
အနားရောက်သည်နှင့် အနည်းငယ်ဦးညွတ်ကာနှုတ်ဆက်လာသည်မို့ သူ့မျက်နှာကိုမော်ချီထားလိုက်ရသည်။
ထိုင်ခုံမှာဝင်ထိုင်လိုက်သည်နှင့် နာရီကိုတစ်ချက်ကြည့်လိုက်တော့ ချိန်းထားသည့်အချိန်နှင့်ကွက်တိပင်။
" တော်ဝင်မျိုးနွယ်တွေကို မင်းကမိနစ်ပိုင်းကြာတဲ့အထိစောင့်ခိုင်းထားတာ၊ လေးစားမှုမရှိဘူး "
ထိုစကားကတော့ Ellie ထံမှဖြစ်သည်။
Ellie ဟာလဲထိုကောင်လေးနဲ့ မတည့်သည်ဟုသတင်းကြားထားသည်မို့ ရောက်ရောက်ချင်းမှာပဲ Ellie ကရန်လိုနေတာ။
" ချိန်းထားတဲ့အချိန်အတိုင်းနောက်မကျပဲရောက်လာတာက လေးစားမှုမရှိတာလား၊ တိကျမှုရှိတာလား Ballet Ellie ကမခွဲတက်ဘူးပဲ "
" မင်း! .. "
" ခေါ်ရတဲ့အကြောင်းအရင်းကိုပြောပါ "
Ellie ပြောမည့်စကားတို့ကိုနားမထောင်ပဲ ထိုကောင်လေးကသူ့ထံကြည့်လာရင်း ပြတ်သားစွာပြောလာသည်။
တော်ဝင်မျိုးနွယ်ဆိုပြီးလဲ မျက်နှာချိုသွေးပြီးနာခံတက်တာမျိုးမရှိဘူးပဲ။
သာမာန်မဟုတ်တဲ့ ရုပ်ရည်မျိုးကြောင့် Drömland မှာနာမည်ရနေတာကလွဲလို့ ဘာမှအထင်ကြီးစရာမရှိသည်ဟုထင်၏။
သို့ပေမဲ့ .. ဒီကောင်လေးကိုသူမြင်ဖူးသလိုလိုရှိနေတာ။
" Ian နဲ့ပတ်သတ်နေတယ်ကြားတယ် "
သူပြောလိုက်တဲ့စကားကြောင့် ထိုကောင်လေးဟာမျက်နှာတစ်ချက်ပျက်ခြင်းမရှိ။
" သားငယ်ကိုတော့သတိပေးပြီးပေမဲ့ .. ဒီဘက်ကိုလဲပြောသင့်တယ်ထင်လို့ခေါ်လိုက်တာ "
စူးရှတဲ့မျက်ဝန်းတွေဟာ သူ့ထံသို့စက္ကန့်မလပ်စိုက်ကြည့်နေခဲ့ပြီး ထိုစကားကြောင့် နှုတ်ခမ်းတွန့်ရုံခပ်စစပြုံးလာသည်။
" Brilliant အိမ်တော်က သခင်မ? .. "
" သိသွားပြီပဲ "
ဂုဏ်ပုဒ်ကိုထုတ်ဖော်လိုက်ခံလိုက်ရသည်မို့ သူ့စိတ်တွေကကျေနပ်သွားရသည်။
" သာမာန်လူတစ်ယောက်နဲ့ တော်ဝင်မျိုးနွယ်တွေဟာ ဘယ်လိုမှမအပ်စပ်နိုင်ကြောင်းမင်းလဲနားလည်မှာပေါ့၊ Ian ဟာကိုယ်မွေးထားတဲ့တစ်ဦးတည်းသောသား .. Brilliant ရဲ့အဖိုးတန်လို့ပြောရလောက်တဲ့အထိ သူကတန်ဖိုးကြီးတယ် .. ဒါကြောင့် .. "
" အဓိကအကြောင်းအရင်းကိုပဲပြောပါ "
ဆိုလိုရင်းကိုတိုက်ရိုက်မပြောချင်သည်မို့ သူ့ဘက်ကကွေ့ဝှိုက်ကာနားလည်စေရန်ပြောနေသော်လဲ ထိုကောင်လေးဖြတ်ပြောလာသည့်စကားကြောင့် သူ့နှုတ်ခမ်းသားတို့တည်တင်းသွားသည်။
" ဟုတ်ပြီလေ ..၊ မင်းကိုခေါ်လိုက်ရတဲ့ရည်ရွယ်ချက်က Jeon Ian အနားနောက်ထပ်ကပ်တွယ်မနေဖို့ပဲ "
သူ့စကားကြောင့် ထိုကောင်လေးဟာကြားသည်ဆိုရုံမျှအသံဖြင့်တစ်ချက်ရယ်သည်။
" Brilliant သခင်လေးကိုသေချာလဲမေးကြည့်စမ်းပါဦးသခင်မ .. သူကကပ်တာလား၊ ကျွန်တော်ကကပ်တာလားဆိုတာလေ .. "
တကယ်ကိုအကြောက်အလန့်ရှိမနေတဲ့အသွင် ..။
ကျောထောက်နောက်ခံဟာ ဘယ်လောက်ထိကြီးမားနေလို့ ဒီကောင်လေးဟာအကြောက်အလန့်မရှိရသည်လဲ။
" Ian ဘက်ကစကပ်တာတော့မဖြစ်နိုင်ဘူးပဲ .. Ian က သာမာန်လူတန်းစားတွေနဲ့ပေါင်းသင်းလေ့မရှိဘူး။ ပြီးတော့ .. သာမာန်လူတန်းစားအဆင့်နဲ့ Brilliant အိမ်တော်ကသခင်လေးက သူငယ်ချင်းတွေဖြစ်နေတယ်ဆိုရင်လဲ နားထောင်လို့မကောင်းဘူးလေ "
Ellie ရဲ့အဆင့်အတန်းခွဲခြားပြလိုက်တဲ့စကားတွေကြား ထိုကောင်လေးရဲ့မျက်နှာထားဟာတည်တင်းသွားမှုမရှိပဲ ခနဲ့သလို၊လှောင်သလိုအနေအထားဖြင့် စားပွဲပေါ်မှကော်ဖီကိုယူရင်းတစ်ငုံသောက်ကာ ..
" ဒီလိုဆိုရင်လဲ ကိုယ့်လူကိုယ်သေချာထိန်းမှပေါ့ "
ကော်ဖီရဲ့အရသာကြောင့် သူ့မျက်နှာပထမဆုံးပျက်သွားသည်။
တစ်လျှောက်လုံးစကားပြောလာခဲ့ရင်း သူတို့စကားတွေကိုတော့ သူ့မျက်နှာတည်တင်းတင်းဟာတစ်ချက်မပျက်ကာနားထောင်နေခဲ့ပြီး ဒီကော်ဖီလေးတစ်ခွက်နဲ့မှ မျက်နှာပျက်သွားခဲ့တာ။
" Jeon Ian နဲ့မရင်းနှီးချင်ခဲ့သလို၊ သူ့ရဲ့ကပ်တွယ်မှုတွေကိုလဲသဘောတွေ့မနေခဲ့ဘူး။ ဒါကိုသိလား .. Brilliant ရဲ့တစ်ဦးတည်းသောသခင်လေးကသာ ကျွန်တော့်နောက်တစ်ကောက်ကောက်လိုက်နေခဲ့တာလေ။ ဥပမာ .. Ballet Ellie က Jeon Ian နောက်အရှက်မရှိလိုက်နေခဲ့သလိုမျိုးပေါ့ ... စိတ်ရှုပ်စရာကောင်းအောင် "
" သာမာန်အတန်းစားကလူပါးဝလို့! "
Ellie ထံမှဒေါသမထိန်းနိုင်သလို စကားတွေထွက်လာသည့်အပြင် သူ့လက်ကိုပါမြှောက်ရင်း ထိုကောင်လေးအားရိုက်ဖို့ပြင်နေသည်မို့ Ellie လက်ကိုသူဝင်ဟန့်လိုက်ရသည်။
သူနဲ့ Ellie ကသာအမူအရာတွေပျက်နေခဲ့ပေမဲ့ ထိုကောင်လေးကတော့ တကယ်ကိုဘာကိုမှဂရုမစိုက်သည့်နှယ် သူ့ကိုရိုက်ဖို့လက်ရွယ်လိုက်သည့် Ellie ကိုပင်မျက်တောင်တစ်ချက်မခတ်ပဲစိုက်ကြည့်နေခဲ့သည်။
ဘယ်လိုပဲစိတ်တိုနေပါစေ တော်ဝင်မျိုးနွယ်တွေဟာ စိတ်လိုက်မာန်ပါမလုပ်ရဘူး။
" မင်းစကားတွေသိပ်လွန်တယ်၊ တော်ဝင်မျိုးနွယ်ကိုသာမာန်လူတန်းစားကဒီလိုမျိုးပြောပိုင်ခွင့်မရှိဘူး။ ပြန်တောင်းပန်ပါ "
" ဒီအတွက်တော့စိတ်မကောင်းပါဘူး .. ကျွန်တော်က ဘယ်သူ့ကိုမှတောင်းပန်တက်တဲ့အကျင့်မရှိဘူး၊ တောင်းပန်စရာလဲမလိုဘူးလေ၊ ဒီကိုတွေ့ဖို့စခေါ်တာ ကျွန်တော်မဟုတ်ပဲ သခင်မတို့ပဲကို "
စူးရှတည်တင်းတဲ့သူ့ရဲ့အသွင်က ဒီလိုအချိန်မှာတောင်တကယ်ကြည့်ကောင်းနေခဲ့တာ။
ဒါကြောင့်ပဲ Jungkook သူ့ကိုခင်တွယ်မိသွားရတာဖြစ်မည်။
သူမသားဟာ သူမနဲ့သိပ်တူသည်လေ .. စက်ရုပ်တစ်ရုပ်လို ဒီလိုလူတွေကိုသာသဘောကျတက်တာ။
အတွေးနယ်ချဲ့မိနေရင်းမှ ထိုကောင်လေးဟာ သူပြောချင်သည့်စကားတို့ကိုပြောသွားရင်း ထိုင်ခုံမှထရပ်ကာ ..
" တွေ့ခွင့်ပေးထားတဲ့အချိန်ပြည့်သွားပြီမို့ ကျွန်တော်ပြန်မယ်၊ စကားဝိုင်းကဘာအဓိပ္ပါယ်မရှိပေမဲ့ ခါးသက်တဲ့ကော်ဖီတစ်ငုံကတော့ ကျွန်တော့်စိတ်ထဲရောက်ခဲ့ပါတယ် "
ခေါင်းငုံ့သည်ဆိုရုံမျှသူ့ထံအရိုအသေပေးကာ ထွက်သွားဖို့ပြင်သည်။
" အာ .. ဒါနဲ့၊ Jeon Jungkook ကိုအခုကစပြီးသေချာလေးဖွက်ထားစေချင်တယ်။ သာမာန်လူတွေကသိပ်မယုံရဘူးလေ "
" ..... "
" ပြီးတော့ မင်း ... "
Ellie ဘက်သို့လှည့်ကာပြောလိုက်သည့်အခိုက်မှာပဲ သူကဝတ်ထားသည့် အနက်ရောင် pants ရဲ့အိတ်ကပ်ထဲလက်ထည့်လိုက်ပြီး Ellie ကိုအပေါ်စီးမှနေ၍ ခေါင်းအနည်းစောင်း၍ကြည့်ကာ ..
" မင်းပြောခဲ့တဲ့ 'အဆင့်အတန်း' ဆိုတဲ့စကားလုံးအတွက် နောင်တမရနဲ့ "
ထိုမျှပြောကာ အဓိပ္ပါယ်ပါပါတစ်ချက်ပြုံးရင်း စားပွဲဝိုင်းမှလှည့်ထွက်သွားခဲ့သည်။
ထိုစကားအစား သူတအံ့တသြကျန်နေခဲ့တာဟာ သူမသားကို ထိုကောင်လေးခေါ်သွားတဲ့နာမ်စား။
မကြာသေးခင်အချိန်က ထိန်းချုပ်ထားမိတဲ့ Ellie လက်အစုံကိုထိုအခါမှလွှတ်ပေးလိုက်သည်။
ဒါတောင် Ellie ဟာ ရှုးရှူးရှားရှားဖြစ်နေဆဲ။
ထွက်သွားသည့်ကျောပြင်ဆီ မျက်လုံးတစ်ချက်လှန်ကြည့်ကာပြုံးလိုက်မိသည်။
တကယ်ကိုခေါင်းမာလွန်းတဲ့ကောင်လေးပဲ ..။
**
' သူတို့အချင်းချင်းကသိနေကြတာလား '
' သခင်မပါရောက်နေတော့ သာမာန်မဟုတ်လောက်ဘူး '
' Ellie ပုံစံကပိုင်ဆိုင်ကြောင်းပြနေသလိုပဲ '
နံဘေးဆီမှတီးတိုးပြောသံတွေကြောင့် သူ့မျက်ခုံးတွေဟာ အလိုမကျသလိုတွန့်ချိုးသွားရသည်။
Brilliant သခင်မအပါအဝင် Jungkook နဲ့ Ellie ကပါအတူတွဲကာကျောင်းဝန်းထဲဝင်လာနေတာဖြစ်တာမို့ ထိုသို့တီးတိုးပြောသံတွေကိုကြားနေရတာဖြစ်သည်။
သခင်မနဲ့ Ellie ဟာပြုံးနေပေမဲ့ Jungkook ကတော့ဟန်ဆောင်ပြုံးလိုက်ဖို့ပင်စိတ်မပါခဲ့။
Ellie နဲ့ သခင်မကဘယ်တုန်းကဒီလောက်အထိရင်းနှီးသွားရတာလဲ။
စိတ်ရှုပ်စွာလျှောက်လာရင်းမှ သူတို့နဲ့မလှမ်းမကမ်းမှာရှိနေသည့် သူ ..။
သူဝတ်နေကြပုံစံအတိုင်းသာ ဝတ်ထားခဲ့ပြီး လက်ထဲ၌လဲစာအုပ်တစ်အုပ်ဟာမပါမဖြစ်ရှိနေသေးသည်။
Jungkook မျက်လုံးတွေအရောင်လက်သွားသည့်အခိုက်မှာပဲ သခင်မကချက်ချင်းဆိုသလို Ellie နဲ့ Jungkook ကိုလက်ချင်းချိတ်စေသည်။
ထိုအရာကြောင့် Jungkook သူ့လက်တွေကိုရုန်းလိုက်ပေမဲ့ သခင်မကရုန်းခွင့်မပြု။
သခင်မအပြုအမူကြောင့် jungkook ကမနှစ်မြို့ပေမဲ့ Ellie ကတော့ အောင်နိုင်သူတစ်ယောက်နှယ် Vante ထံမသိမသာပြုံးပြနေခဲ့သည်။
Jungkook အရှေ့မှ Vante နဲ့မျက်လုံးချင်းဆုံနေမိပေမဲ့ သူတို့နားလျှောက်လာသည့် Vante ကအနားရောက်သည်နှင့် တစ်ချက်ပြုံးကာ jungkook ဘေးမှသူစိမ်းဆန်ဆန်ပင်ဖြတ်သွားခဲ့သည်။
Vante နဲ့ဒီရက်ပိုင်းတွေမှာ သူတွေ့ချိန်မရှိခဲ့ ..။
တွေ့ချိန်မရှိတာထက် သခင်မရဲ့သက်တော်စောင့်တွေက သူ့ကိုမျက်ခြေမပျက်စောင့်ကြည့်နေခဲ့တာ။
တောင်းပန်ဖို့အတွက်အခွင့်အရေးလဲမရခဲ့သလို ရှင်းပြလိုက်ဖို့လဲ သူ့မှာအခြေအနေမဟန်ခဲ့ဘူး။
ယောက်ျားလေးတစ်ယောက်ဟာ ဒီလိုအစောင့်အကြပ်တွေကြားရှိနေရသည်ဆိုတာက အဲ့ဒီယောက်ျားဟာအားနည်းနေသည်ဖြစ်လို့ပဲ။
Jungkook Vante ရှေ့မှာအားနည်းတဲ့သူမဖြစ်ချင်ဘူး ..။
ဒီလိုဆိုပေမဲ့ သူဘာမှမတက်နိုင်ဘူး။
Jungkook ကသာသက်ပြင်းတစ်ချချဖြစ်နေပေမဲ့ Ellie ကတော့ကွဲပြားစွာ ..။
သူ့စိတ်ထဲတွေးနေခဲ့သည်ဟာ သခင်မရဲ့သတိပေးမှုကြောင့် သူတို့နဲ့မျက်နှာချင်းမဆိုင်နိုင်ပဲလှည့်ထွက်သွားသည်ဆိုရုံသာ။
သို့ပေမဲ့ သူမသိခဲ့တဲ့ထိုခြေလှမ်းတွေဟာ အရှုံးပေးလိုက်သည်မဟုတ်ပဲ အောင်နိုင်မှုရယူဖို့ ခြေလှမ်းပျိုးနေခြင်းသာ ..။
နေ့လယ်အတန်းဆင်းချိန်။
ဌာနတွင်းမှခိုးထွက်လာသည့် Jungkook က Vante ရှိရာဌာနဘက်သို့ပုန်းလျှိုးကွယ်လျှိုးရောက်လာတော့သည်။
သက်တော်စောင့်တွေမမြင်ခင်မှာ သူ Vante နဲ့စကားပြောဖို့လိုသည်။
Vante နဲ့သူစိမ်းဆန်ဆန်နေလိုက်ဖို့က သူ့အတွက်မဖြစ်နိုင်။
သခင်မပြောသလို မပတ်သတ်ပဲနေကြည့်ပေမဲ့ အဆင်မပြေ .. jungkook သူ့နားမှာသာရှိနေချင်သည်။
Crafts အတန်းပြီးသည်နှင့် အထဲမှအလျှိုလျှိုထွက်လာသည့်လူတွေကြား တစ်ယောက်သောသူကိုလိုက်ရှာနေမိသည်။
" Vante .. "
အညိုရောင်အက်ျီလေးဝတ်ထားသည့် Vante ဟာတကယ်ကိုလှသည်။
Jungkook ကိုမြင်တော့ ယခင်ကလိုအနည်းငယ်ပင်ပြုံးပြချင်းမရှိတော့ပဲ အေးစက်စက်အကြည့်တွေဖြင့်သာလှည့်ထွက်ဖို့ပြင်သည်။
" ခဏ .. ခဏလေးပဲ .. Vante .. "
ဆွဲကိုင်ထားသည့်လက်ကို စူးစိုက်စွာကြည့်နေပေမဲ့ သူလွှတ်မပေးမိ။
သစ်ပင်အကွယ်တစ်နေရာအရောက် ဆွဲထားမိသည့် Vante လက်ကိုလွှတ်ရင်း သူ့ထံသို့ကြည့်လိုက်မိတော့ တကယ်ကိုအေးစက်စက်ပါပဲ။
" Vante .. "
" ပြောစရာရှိတယ်ဆိုပြော .. ကိုယ့်မှာမင်းကိုပေးဖို့အချိန်ပိုမရှိဘူး "
တကယ်ကို Vante ကသူ့ကိုစိမ်းသက်ပြစ်လိုက်တာ ..။
ဒီလိုဖြစ်အောင်လဲ သူကပဲလုပ်ထားမိတာမို့ သူ့အပြစ်လဲမကင်းပါပဲလေ။
" ကျွန်တော်ရှင်းပြချင်လို့ Vante .. အဲ့နေ့ကတည်းကရှင်းပြချင်ပေမဲ့ ကျွန်တော်အခွင့်အရေးမရခဲ့လို့ပါ "
" ..... "
" အဲ့နေ့ကတကယ်ကိုသခင်မလူတွေကကျွန်တော့်အနားရှိနေခဲ့တာ၊ သခင်မကသာမာန်လူတွေနဲ့ ပေါင်းသင်းတာမျိုးမကြိုက်တာမို့ ကျွန်တော်ဟန်ဆောင်ပြလိုက်ရုံပါ။ Vante ကိုအဲ့လိုတွေပြောဖို့ကကျွန်တော့်စိတ်ရင်းမဟုတ်ခဲ့ပါဘူး "
Jungkook ကသာအသည်းအသန်ရှင်းပြနေပေမဲ့ သူကတော့ထိုအတိုင်းသာ မထူးဆန်းသလိုကြည့်နေခဲ့သည်။
စိတ်ဆိုးပြီးတစ်ခုခုပြောလိုက်တာမျိုးကို jungkook ခံနိုင်ပေမဲ့ ဒီလိုစိမ်းသက်နေတာမျိုးကိုတော့ သူမခံနိုင်ပါ။
" သာမာန်လူတွေနဲ့ပေါင်းသင်းတာမျိုးမကြိုက်ရင် ကိုယ့်ကိုလာမပေါင်းနဲ့ "
" ကျွန်တော်မှမနေနိုင်တာ ... "
ထုတ်ပြောမိလိုက်တဲ့ထိုစကား။
မလိမ်ညာပဲထုတ်ပြောမိလိုက်ပေမဲ့ သူပြောတာအမှန်ပင်။
Vante နဲ့စကားမပြောပဲမနေနိုင်ဘူး။
" Jungkook "
" အော .. "
" မင်းကိုယ့်ကိုကြိုက်နေတာလား? "
ထုတ်မေးလာသည့်ထိုစကားကြောင့် jungkook လက်တွေအေးစက်လာရသည်။
မသိဘူး .. ဒီအမေးအတွက်သူ့မှာအဖြေမရှိဘူး ..။
Vante နဲ့ရင်းနှီးချင်ပြီး နေ့တိုင်းလိုလိုစကားတွေအများကြီးပြောချင်သည်။
ဒါဟာ ကြိုက်နေသည်လား၊ ခင်တွယ်ရုံသက်သက်လားသူမဝေခွဲတက်ဘူး ..။
သူနဲ့ Vante ကဒီအတိုင်းသူငယ်ချင်းတွေပဲ။
" မ .. မဟုတ်ဘူး ..၊ Vante နဲ့ကျွန်တော်ကသူငယ်ချင်း .. တွေ "
အဆုံးသတ်မှာတိုးလျှသွားသည့်သူ့အသံကြောင့် Vante နှုတ်ခမ်းထက်အပြုံးလှလှလေးဖြစ်တည်သွားရသည်။
" ဟုတ်ပါပြီ၊ အဲ့တော့ မင်းကကိုယ်နဲ့ခိုးကြောင်ခိုးဝှက်ပေါင်းမယ်ပေါ့? "
Vante ပြောတာမှန်ပေမဲ့ သူဘာကိုမဝံ့မရဲဖြစ်နေသလဲမသိပဲ အပြစ်သားတစ်ယောက်လိုခေါင်းကိုသာငုံ့ထားမိသည်။
" ကောင်းပြီလေ "
" ..... "
လက်ခံလိုက်တာလား ..။
Vante ကလက်ခံလိုက်တာမဟုတ်လား။
မာနကြီးတဲ့ Vante ကို jungkook ပြောလိုက်တဲ့စကားတွေကြောင့် ပြန်ခေါ်ရ၊ချော့ရခက်မယ်ထင်ထားခဲ့တာ ..။
Vante က သူ့ကိုတကယ်ကြီးအလွယ်လေးခွင့်လွှတ်ပေးခဲ့တာပဲ။
Jungkook ဘယ်လောက်ပင်ဝမ်းသာမိသွားသလဲမသိ .. Vante သူ့ဘေးကဖြတ်သွားတော့မှပြေးလိုက်ဖို့သတိရသည်။
" ဒါကိုနေ့တိုင်းဖတ်နေတာလား Vante "
ဘေးချင်းကပ်ကာလျှောက်လာရင်း သူ့လက်ထဲမှစာအုပ်ကိုမသိမသာကြည့်လိုက်တော့ Romeo,Juliet ..
" အော .. ကိုယ့်အကြိုက်ပဲလေ "
" ဘာလို့လဲ ဒါကသေကွဲကွဲကြတာကြီး "
နှာခေါင်းရှုံ့ကာပြောလာတဲ့သူ့အပြောကြောင့် Vante က ပြုံးသည်ဆိုရုံမျှပြုံးသည်။
" သိပ်ချစ်ကြတဲ့လူနှစ်ယောက်ပေါင်းဖက်ခွင့်မရပဲသေကွဲကွဲကြတာကိုက ကိုယ့်အကြိုက်ဖြစ်နေတာလေ .. ထူးဆန်းတယ်မလား၊ ကိုယ်က ဇာတ်ဆောင်နှစ်ယောက် ပေါင်းဖက်တာမျိုးတွေဆိုသိပ်ကြိုက်လေ့မရှိဘူး "
" ..... "
" ရှင်းရှင်းပြောရရင် ကိုယ့်ဇာတ်လမ်းကိုလဲ ဒီပုံပြင်ထဲက Romeo,Juliet လိုဖြစ်ဖို့ဆုတောင်းတယ် .. အဟွန်းဘယ်လိုလာမယ်မသိသေးပေမဲ့ပေါ့ "
အဝေးတစ်နေရာကိုဦးတည်ကြည့်ကာ ပြောလာသည့် Vante စကားတွေ ..။
ထူးဆန်းနေတာ ...
ဘာလို့များ Vante က ဒီပုံပြင်လိုဖြစ်ချင်ရတာလဲ ..။
နှစ်ဦးသားယှဥ်ကာလျှောက်လာရင်းမှာပဲ သူတို့ကြားတိတ်ဆိတ်သွားခဲ့သည်။
တစ်ယောက်ချင်းစီရဲ့စိတ်ထဲမှာတော့ ခန့်မှန်းမရသည့်အတွေးကိုယ်စီဖြင့် ..။
Jungkook သူ့နံဘေးအတူတွဲလျှောက်နေသည့် Vante လက်ထဲမှထိုစာအုပ်ကိုကြည့်ရင်းမျက်မှောင်ကျုံ့မိသည်။
သူကတော့မဖြစ်ချင်ဘူး .. Vante နဲ့ပတ်သတ်ပြီးသူ့စိတ်သူသေချာမသိသေးပေမဲ့ သူနဲ့ Vante ဇာတ်လမ်းကို Romeo,Juliet လိုအဖြစ်မခံချင်ဘူး ...။
သာမာန်ကောင်လေးနဲ့ တော်ဝင်မျိုးနွယ်ကြားဖြစ်နေရင်တောင် Vante နဲ့ခွဲရတာမျိုးသူမကြုံချင်ဘူး ..။
**
" Jungkook မင်းအတွက်လက်ဆောင်ဗူးပါတယ်၊
You are reading the story above: TeenFic.Net