စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]
အပိုင်း(၃၁)
"ကိုကို... နောက်အပတ်ကျ ကိုစည်သူအားတယ်တဲ့
ပန်ဆု သွားတွေ့ပြီး အကျိုးအကြောင်းပြောလိုက်တော့မယ်နော်"
"အလုပ်ပြန်ဝင်ဖို့မကြံနဲ့ ပန်ဆု"
မနက် နိုးလာကတည်းက သူ့နားမကပ်ဘဲ ဆိုဖာပေါ်မှာသာထိုင်ပြီး
အလုပ်လုပ်နေတဲ့ ကိုဖြိုးဆီက စကားကို ပန်ဆု သိပ်နားမလည်တာနှင့်.
"ကိုကို ကိုယ်တိုင်ဘဲ ဘေဘီ့ကို ခွင့်ပြုခဲ့တာလေ"
"ခွင့်ပြုပေးတယ်ဆိုတိုင်း လုပ်ခိုင်းတာမှမဟုတ်တာ..
ငါပြောတဲ့ စကားတိုင်း မင်း အတည်ယူစရာလား...
တခါတလေလည်း လိမ်ညာတာတွေတော့ ပါမှာပေါ့"
ပန်ဆု အရမ်းအံ့သြသွားတာကြောင့် ဘာစကားမျှပင် ထွက်မလာတော့ဘဲ ဒီတိုင်း မှင်သက်ကာ ကိုဖြိုး ကိုစိုက်ကြည့်နေမိလေသည်။
အတွေးထဲမှာလည်း မနေ့ညက ကိုဖြိုး..ပေး ခဲ့ဖူးတဲ့ ကတိနှင့်
သူ့ကို အတန်တန်ပြောခဲ့သော 'ချစ်တယ်' ဆိုသည့် စကားများသာ...
ဒါတွေက လိမ်ညာမှုတွေဘဲလား...
အကုန်လုံး သူ့ကိုလိမ်ညာခဲ့တာလား...
ရင်ထဲ နာကျင်မှုတွေကြောင့် သူ့ရဲ့ရင်ဘတ်တွေပင် အောင့်လာရလေသည်။
သူ့ကို နှစ်ချီပြီး စိတ်ဆင်းရဲမှု ပေးခဲ့ရုံသာမကဘဲ
အခုတော့ သူ့ကိုလိမ်ညာပြီးတော့ပါ သူ့ရဲ့ ဘဝကို အချိုသတ်ပြီး ယူသွားခဲ့လေပြီ...
ဘာကြောင့်များ.. ဘာကြောင့်များ... သူ့အပေါ် ဒီလိုလုပ်နိုင်ရက်တာလဲ...
"ဘုတ်..."
"ပန်ဆု...!!"
မှန်တင်ခုံမှာထိုင်နေရင်းကနေ မေ့လဲကျသွားတဲ့ ပန်ဆုကို သူစိုးရိမ်တကြီးဖြင့် အနားနားသို့ အမြန်ပြေးသွားကာ...
အိပ်ယာပေါ် ကိုတင်ပေးလိုက်ပြီး... သူမန်နေဂျာကိုဖုန်းဆက်ကာ ဆရာဝန် ချက်ချင်းငှားပေးဖို့ ပြောလိုက်လေသည်။
ဘာလို့ ဒီလိုဖြစ်သွားရတာလဲ...
ဆရာဝန်ရောက်လာပြီး သေချာစမ်းသပ်ကာ ဆေးထိုးပေးပြီးတာနှင့် ပန်ဆု ရဲ့ အခြေအနေကိုမေးကြည့်တော့...
"ကျွန်တော်တော့ Stress ကြောင့်ဖြစ်တာလို့ထင်တယ်
ဆရာဝန်ဆီက စကားကို သူမယုံချင်..
ပန်ဆုဆီမှာ Stress မှမရှိတာ.. ဘာကြောင့် ဒီလို ဖြစ်ရမှာလဲ...
အဟာရချို့တဲ့ တာကြောင့်ဘဲ ဟု သူ့ကိုယ်သူ ကောက်ချချလိုက်တော့သည်...
ညနေပင်စောင်းလာလေပြီ ပန်ဆုက နိုးမလာသေး..
အလုပ်မှာလည်း အာရုံမရောက်နိုင်တော့မို့ ပန်ဆုဘေးနားမှာသာ ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေလိုက်သည်။
သူ့အလုပ်ကိုတော့ သူ့မန်နေဂျာကို သာလက်လွှဲထားလိုက်ရတော့သည်။
လှလိုက်တာ...မင်းလို ပန်းလှလှလေးကို ခူးခွင့်ရတာ ငါတကယ်ပျော်တယ်ပန်ဆု... မင်းကို ငါ မလိုချင်ခဲ့တဲ့ အချိန်တွေမှာ ငါ့ကိုယ်တိုင်ကဘာဖြစ်ချင်နေခဲ့မှန်း စဥ်းစားလို့ကိုမရတော့ဘူး...
မင်း လို မိန်းမကို ရလို့လည်း ငါတကယ်ကျေနပ်တယ်...
မင်းနဲ့ မိသားစုတစ်ခုထူထောင်မယ်...
မင်းနဲ့ အတူတူ အိုမင်းသွားမယ်... ဒါ ငါလိုချင်တဲ့ ဆန္ဒဘဲ...
သူကြည့်နေရင်းကနေ မျက်တောင်လေးတွေ လှုပ်ခတ် လှုပ်ခတ်ဖြစ်လာတာမို့ သူထိုင်နေရာကနေ ထလိုက်ပြီးပန်ဆုအနားသွားကာ..
"မိန်းမ..ရရဲ့လား အဆင်ပြေရဲ့လား"
နိုးနိုးချင်း လုံးဝမမြင်ချင်လောက်အောင် ရွံရှာနေမိတဲ့ သူရဲ့ မျက်နှာကို မြင်လိုက်ရတာမို့ အိပ်နေရာကနေ ထလိုက်ပြီး... လက်က ရှိရှိသမျှ အားဖြင့်.. အားကုန်လွှဲရိုက်လိုက်ကာ...
ဖြန်း.......
"မလာနဲ့ ငါ့အနား... မကပ်ခဲ့နဲ့"
နိုးနိုးလာချင်း သူ့ကို အတင်းမောင်းထုတ်နေတာမို့ သားခန့်အံ့သြနေမိလေသည်။ ရုပ်ကိုကြည့်လိုက်တော့လည်း သူ့ကို မုန်းတီးနေသည့် ပုံစံ...
"ဘာဖြစ်တာလဲ ပန်ဆု.. ငါဘာလုပ်မိလို့လဲ"
ပန်ဆုရဲ့လက်ကို ကိုင်မယ်လုပ်လိုက်တော့ လက်ကို အတင်းရုတ်သိမ်းကာ...
အောက်နှုတ်ခမ်း ကိုဖိကိုက်ရင်း... မျက်ရည်တွေကျလျက်ဖြင့်...
"နင် ငါ့အသားကိုထပ်ထိမယ်မကြံနဲ့... ငါရွံတယ်... နင့်ကို ငါရွံတယ်...
မုန်းတယ်!!!!!"
အသားကုန် အော်ပစ်ကာ... ငိုယိုနေတာမို့ သားခန့် အံ့သြနေရုံကလွဲရင် ဘာတတ်နိုင်သေးလို့လဲ...
"ငါ ဘာလုပ်လို့လဲ..မင်း ကို အလုပ်ပြန်မဝင်ခိုင်းလို့ အဲ့လိုဖြစ်နေတာလား...ပန်ဆု...
ဟန်... အဲ့ကိစ္စက အဲ့လောက်အထိဖြစ်စရာလိုလို့လား...
ဒါလေးကြောင့်ဘဲ လို့ထင်နေပုံပါဘဲ...
"အတ္တသမား... တစ်ကိုယ်ကောင်းသမား...
ကိုယ့်အတွက်ဘဲ ကိုယ်ကြည့်တတ်တဲ့ ရွံစရာကောင်...
နင့်ကို မုန်းတယ်သိလား မုန်းတယ်!!"
"မပြောနဲ့.. အဲ့ဒီမုန်းတယ်ဆိုတဲ့ စကားမျိုးမပြောခဲ့နဲ့ ပန်ဆုမေ.."
"ဟင်း... မုန်းတယ် မုန်းတယ်... နင့်ကို အရမ်းမုန်းတယ်...
သေလောက်အောင်မုန်းတယ်!! ခန့်သုတဖြိုး"
"မင်းကွာ..."
သူ့စိတ်သူထိန်းနေပေမယ့် ဖြတ်ခနဲဆို လွှတ်ထွက်သွားတဲ့ အချိန်ခဏတာအတောအတွင်းလေးဟာ သူ့လက်ဟာ ပန်ဆုကိုရိုက်ဖို့ရွယ်လျက်သားလေး ဖြစ်သွားလေသည်။
သတိကပ်ကပ်ချင်း ပြန်ရုတ်သိမ်းလိုက်ပေမယ့်လည်း...
ပန်ဆု မေကတော့ သူ့ကိုပိုပြီးနာကျည်းသွားပြီထင်ပါရဲ့...
"ဟင်းဟင်း... အရမ်းရီရတာဘဲ ကိုခန့်သုတဖြိုး..
တရားကျဖို့ကောင်းလိုက်တာ... မာယာများရတာနဲ့ လိမ်ညာရတာနဲ့ သွေးဆောင်ဖြားယောင်းရတာနဲ့ ရှင်တော့ နတ်ပြည်တတ်ဦးမယ်
ရှင့်လို ယောက်ျားမျိုး ဒီတစ်သက်မလိုဘူး.... "
"မင်းတော်တော့နော် ပန်ဆု"
"မတော်နိုင်ဘူး!!... ရှင့်အတွက် ပေးဆပ်ခဲ့တဲ့ အချိန်တွေ... ရှင့်အတွက် ပေးဆပ်ခဲ့တဲ့ ဒီခန္ဓာ ကိုယ် ကို အရမ်းနှမြောတယ်...
အောက်တန်းစားကောင်!!"
ဖြန်း......
သွားပြီ... သူ့စိတ်သူမထိန်းနိုင်လိုက်တော့ဘူး...
သူ့ရဲ့လက်က ပန်ဆုပါးပေါ်ကို ရောက်သွားခဲ့လေပြီ...
မျက်ရည်တွေ ကျလျက် ပါးကိုကိုင်ကာ... သူ့ကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေမှာ... နာကျည်းချက်ပေါင်းများစွာဖြင့်...
"ကိုတောင်းပန်ပါတယ်...နော် ပန်ဆု.. ကိုတကယ့်ကို..."
"မလိုဘူး ကိုခန့်သုတဖြိုး အရမ်းနောက်ကျသွားပြီ..."
ငိုချချင်လောက်အောင် ရင်ထဲမှာ နင့်နေအောင်ခံစားနေရပေမယ့်လည်း သားခန့် အောင့်အီးလျက် မြိုသိပ်ထားဆဲ...
သူ့ကိုယ်သူ ထိုးပစ်ချင်ပေမယ့်လည်း ပန်ဆုရှေ့မှာတော့မလုပ်ချင်...
"Boss ကျွန်တော် ကြားဝင်လို့မကောင်းပေမယ့်... တောင်းပန်ပါတယ်...
ဆရာကတော် တစ်ယောက်တည်းနေပါစေ..boss ထွက်ခဲ့လိုက်ပါ"
အခန်းအပြင်ကနေ ပြောလာခဲ့တဲ့ သူ့မန်နေဂျာရဲ့ စကား ကိုလက်မခံချင်ပေမယ့်လည်း ပန်ဆုရဲ့ အခြေအနေက သူ့ကိုမမြင်ချင်တဲ့အခြေအနေကြောင့် သူထွက်ခဲ့လိုက်တော့သည်။
ဧည့်ခန်းက ဆိုဖာပေါ်မှာထိုင်ပြီး...
"ငါ အမှားအကြီးကြီး လုပ်လိုက်မိပြီ...
ငါ့ကို ဒီတစ်သက်သူကျေနပ်နိုင်ပါ့မလား"
မျက်ရည်တွေ ပြိုကျလာလေပြီ... တော်ပြီ မထိန်းထားချင်တော့ဘူး..
ပြိုလဲချင်သလောက်ပြိုလဲလိုက်စမ်းကွာ... ထိန်းမထားတော့ဘူး မင်းတို့လည်း ပြိုကျချင်နေတာ ကြာလောက်ရောပေါ့....
ပန်ဆုရဲ့ လမ်းခွဲခဲ့တဲ့ နှစ်တွေ ကတည်းက သူ့ကိုယ်သူမြိုသိပ်ရင်း
သူ့ကိုယ်သူလိမ်ညာရင်း ဖြင့် နေနေခဲ့တုန်းက မျက်ဝန်းအိမ်ကနေ ထွက်မလာအောင် ထိန်းသိမ်းထားခဲ့တဲ့ မျက်ရည်တွေကို လွှတ်ချလိုက်တော့သည်။
အရာရာအဆင်ပြေပြီ ထင်တဲ့ အခါကျမှ ဒါ ဘယ်လိုဖြစ်ရတာလဲကွာ...
တောက်စ်... စောက်သုံးမကျလိုက်တာ ခန့်သုတဖြိုးရာ...
သူ့ကိုယ်သူ အပြစ်တင်ကြိမ်းမောင်းလျက်....
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
You are reading the story above: TeenFic.Net